12/02/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

အလပ်ပိုမြို့မှာ ဖြစ်ပွားလျက်ရှိတဲ့ တိုက်ပွဲတွေကို ရပ်တန့်အောင် မစွမ်းဆောင်နိုင်တဲ့အပေါ်မှာ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း (၂၀၀) ကျော်က လုံခြုံရေးကောင်စီကို ပြစ်တင်ဝေဖန်လိုက်ပြီး လုံခြုံရေးကောင်စီက မဟုတ်ဘဲ ကုလသမ္မဂအနေနဲ့ ဒီကိစ္စကို အမြန်ဆုံးအကောင်အထည်ဖော် လုပ်ဆောင်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အလားတူဆောင်ရွက်ဖို့ ကနေဒါနိုင်ငံကလည်း ပဏာမခြေလှမ်းကို စတင်လိုက်ပါတယ်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပေါင်း (၂၂၃) ခုဟာ ကြာသပတေးနေ့က တောင်းဆိုလွှာတစ်ခုကို စုပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြပါတယ်။ အဆိုပါ တောင်းဆိုလွှာတွင် လက်မှတ်ရေးထိုးသူများက လုံခြုံရေးကောင်စီဟာ အရှေ့အလပ်ပိုရွာတွေမှာ အစိုးရဗုံးကြဲ တိုက်ခိုက်မှုတွေကို မတားစီးနိုင်တော့တဲ့အဆုံး ဆီးရီးယားတွေကို စွန့်ပစ်လိုက်ပြီလို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

ထို့အပြင် အဆိုပါတောင်းဆိုလွှာမှာ ကုလသမ္မဂအဖွဲ့ဝင် (၁၉၃) နိုင်ငံအား အလပ်ပိုမြို့နဲ့ အခြားဆီးရီးယားဒေသတွေမှာ ဥပဒေမဲ့တိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ ဘာအဟန့်အတားမှ မရှိဘဲ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပို့ဆောင်နိုင်ရေးနဲ့၊ စစ်ရာဇဝတ်ကျူးလွန်နေသူတွေကို ကမ္ဘာ့ခုံရုံးရှေ့မှာ တင်သွင်းနိုင်ရေးတို့ကို တောင်းဆိုဖို့အတွက် အထွေထွေညီလာခံကျင်းပပေးရန် ဆော်သြလိုက်ပါတယ်။

အဆိုပါအဖွဲ့အစည်းများဟာ နိုင်ငံပေါင်း (၄၅) ခုမှာ လုပ်ငန်းများ လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းကြီးများ ဖြစ်ကြပါတယ်။ ထိုအဖွဲ့အစည်းများအတွင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)၊ ကလေးများကို ကယ်တင်ကြ (Save the Children) အဖွဲ့အစည်းတို့အပြင် ဆီးရီးယားအဖွဲ့အစည်း (၆၃) ဖွဲ့ ပါဝင်တယ်လို့ သိရပါတယ်။

အလားတူပဲ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ထုတ်ပြန်တဲ့ကြေညာချက်တစ်ခုမှာ အာဆဒ်အစိုးရနဲ့ ရရှားတပ်တွေဟာ ပြီးခဲ့တဲ့ (၂) လ အတောအတွင်းမှာ အလပ်ပိုမြို့အတွင်း စစ်ရာဇဝတ်မှု အမြောက်အမြားကို ကျူးလွန်ခဲ့ကြတယ်လို့လည်း ဆိုထားပါတယ်။

ဒီအတောအတွင်းမှာပဲ ကနေဒါနိုင်ငံကလည်း ပဏာမခြေလှမ်းအဖြစ် ဆီးရီးယားအရေးနဲ့ စပ်လျဉ်းပြီး အထွေထွေညီလာခံ ကျင်းပနိုင်ရေးအတွက် နိုင်ငံပေါင်း (၇၃) နိုင်ငံရဲ့ သဘောတူညီချက်ကို ရယူနိုင်ခဲ့တဲ့အကြောင်း သိရပါတယ်။

ကိုးကား » Al-Jazeera
သတင်း © အလင်းမျက်ဝန်း

အစိုးရတပ်များ ထိန်းချုပ်ထားရာ အလပ်ပိုမြို့အရှေ့ပိုင်းက ဒုက္ခသည်တစ်ဦး (ဓာတ်ပုံ-ရိုက်တာ)

အမျိုးသမီးများ ဆေးကျောင်းတက်ခြင်းနှင့် ဆေးပညာဖြင့် အလုပ်လုပ်ခြင်းကို အရှက်မဲ့မှုဟု သုံးနှုန်းခဲ့သော ဓမ္မကထိကဆရာကို တာဝန်မှ ဖယ်ရှားပစ်ရန် ဆော်ဒီ တော်ဝင် ဓမ္မသတ်မှူးချုပ်ကြီးပြောကြား


ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ တော်ဝင်ဓမ္မသတ်မှူးချုပ် ရှိခ်အဗ်ဒွလ်အဇီဇီအာလိရှိခ် (ဓာတ်ပုံ-အလ်အရဗီယဟ်)

ဆော်ဒီနိုင်ငံဓမ္မသတ်မှူးချုပ်လည်းဖြစ်၊ သာသနာ့ပညာရှင်ကြီးများ လေ့လာရေးနှင့် ဓမ္မသတ်ဌာနမှူးချုပ်ဖြစ်တဲ့ ရှိခ်အဗ်ဒွလ်အဇီဇီအာလိရှိခ်က သမီးမိန်းကလေးများအား ဆေးကျောင်းထားပြီး ဆေးပညာလိုင်းတွင် အလုပ်လုပ်ခိုင်းခြင်းကို အရှက်မဲ့မှုဟု သုံးနှုန်းပြောဆိုခဲ့သော တရားဟောဆရာ တစ်ဦးကို အပြင်းအထန်ရှုတ်ချလိုက်ပြီး သူ့ရဲ့ဒီစကားဟာ မမှန်ကန်ကြောင်း ဒီစကားပြောဆိုသူဟာ အသိပညာရှိသူ မဖြစ်နိုင်ကြောင်းနဲ့ ဓမ္မကထိကဆရာရဲ့တာဝန်ဟာ အလွန်ကြီးလေးကြောင်း အလေးအနက် ပြောဆိုလိုက်ပါတယ်။

အစ္စလာမ့်ရေးရာဝန်ကြီးဌာနအနေနဲ့ ဒီလိုလူမျိုတွေကို ပြုပြင်ပေးသင့်ပါတယ်။ သူတို့ပြောစကား မှားယွင်းကြောင်း ကြေညာပြီး သူတို့တွေကို ဓမ္မကထိကနေရာကနေ ဖယ်ရှားပစ်သင့်တယ်လို့လည်း ရှိုင်ခ်က တိုက်တွန်းလိုက်ပါတယ်။

မက္ကဟ်မြို့၊ အစ္စလာမ့်ကြွေးကြော်သံ ချန်နယ်လ်က ထုတ်လွှင့်တဲ့ အပတ်စဉ် ဓမ္မသတ်မေးမြန်းခန်းအစီစဉ်ရဲ့ ဆွေးနွေးခန်းမှာ မေးမြန်းလာတဲ့ ဓမ္မသတ်မေးခွန်းတစ်ခုမှာ ရှိုင်ခ်က အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ရှိုင်ခ်က “ ဒါဟာ အန္တရာယ်ကြီးတဲ့ ကြွေးကြော်မှုတစ်ခုပါ။ ဒါမျိုး သူမပြောသင့်ပါဘူး။ ကျနော်တို့ရဲ့ တက္ကသိုလ်ကြီးတွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့အသနားတော်နဲ့ တက္ကသိုလ်တာဝန်ခံတွေရဲ့ စနစ်ကျတဲ့ ထိန်းသိမ်းကွပ်ကွဲမှုကြောင့် ထာဝရ အဓွန့်ရှည် တည်တံ့နေမှာပါ။ ဒီတက္ကသိုလ်မှာ အမျိုးသား၊ အမျိုးသမီး ရောနှောထားခြင်း မရှိဘဲ သီးခြားဟောခန်းတွေ စီစဉ်ထားရှိပါတယ်။ ဒီပုံစံနဲ့လုပ်ဆောင်နေသူတွေကို အရှက်မဲ့သူလို့ ကြေညာလိုက်တဲ့ကိစ္စဟာ မဖြစ်သင့်တဲ့ ကိစ္စပါ။ သူပြောတဲ့ စကားနဲ့ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်ကို ကြောက်သင့်ပါတယ်။ ဒီလို လက်လွတ်စပယ် စကားမျိုးတွေ မပြောသင့်ပါဘူး။ တရားဟောဆရာရဲ့ အဓိက တာဝန်ဟာ လူတွေကို လမ်းညွှန်ပေးဖို့၊ ကောင်းရာညွှန်ကြားပေးဖို့ပါ။ ဒီကြေညာချက်က မှားယွင်းပါတယ်။ ဒီစကားပြောဆိုသူဟာ အသိပညာမရှိတဲ့သူလို့ပဲ ကျနော်ထင်ပါတယ်။ သူပြောတဲ့စကား သူပြန်စဉ်းစားတာ ပိုကောင်းပါလိမ့်မယ်။ ” လို့ ပြောကြားသွားပါတယ်။

ဓမ္မသတ်မှူးချုပ်ဟာ အဆိုပါတရားဟော ဓမ္မကထိဆရာအပါအဝင် သူတို့လိုအယူအဆရှိသူတွေ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြဖို့၊ သူတို့ပြောခဲ့တဲ့စကားနဲ့ပတ်သက်ပြီး အမှားဝန်ချတောင်းပန်ဖို့၊ မှန်ကန်တဲ့လမ်းစဉ်ကို လျှောက်လှမ်းဖို့၊ တရားမဟောခင်အလျင် ကောင်းကောင်းကြိုတင်ပြင်ဆင်ဖို့၊ ပါးစပ်က ပြောလိုက်တဲ့စကားနဲ့ ပတ်သက်ပြီး ကိယာမသ်နေ့မှာ စစ်ကြောခြင်းခံရမှာ ဖြစ်တယ်လို့ ဆုံးမပဲ့ပြင်စကား ဆိုခဲ့ပါသေးတယ်။

တစ်ဆက်တည်းမှာ အစ္စလာမ့်ရေးရာဝန်ကြီးဌာန အနေနဲ့လည်း ဒီလိုတရားဟော ဓမ္မကထိဆရာတွေကို ကြပ်မတ်ပေးဖို့၊ တရားဟောပလ္လင်ရဲ့ တာဝန်ကြီးမားမှုကို သူတို့အား ရှင်းပြပေးဖို့ ဆော်သြခဲ့ပြီး၊ ပြုပြင်လာသူကို ဆက်လက်ထားရှိပြီး မပြုပြင်လာသူကို တာဝန်မှ ဖယ်ရှားပစ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ကိုးကား » အလ်အရဗီယဟ်
သတင်း © အလင်းမျက်ဝန်း

အမျိုးသမီးများ ဆေးကျောင်းတက်ခြင်းနှင့် ဆေးပညာဖြင့် အလုပ်လုပ်ခြင်းကို အရှက်မဲ့မှုဟု သုံးနှုန်းခဲ့သော ဓမ္မကထိကဆရာ (ဓာတ်ပုံ-အလ်အရဗီယဟ်)


မီးလောင်ကျွမ်းမှုကိစ္စမှာ ပါလက်စတိုင်းကို သိက္ခာချလိုက်တဲ့ အစ္စရေးကို ပါလက်စတိုင်း အစိုးရဘက်က ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးနိုင်ငံရဲ့ မြို့အတော်များများကို အကြီးအကျယ် လောင်မြိုက်စေခဲ့တဲ့ မီးကို ငြိမ်းသတ်ရာမှာ ပါဝင်ကူညီခဲ့တဲ့ နိုင်ငံတွေကို ကျေးဇူးတင်သလိုမျိုး မိမိတို့အပေါ် တစ်ပြေးညီတုန့်ပြန်ခြင်း မရှိခဲ့တဲ့အပေါ် ပါလက်စတိုင်းအစိုးရဘက်ကနေ အပြင်းအထန် ကန့်ကွက်လိုက်ကြောင်း Maariv သတင်းစားက ဆိုပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီဌာနက မီးငြိမ်းသတ်ရာမှာ ပါဝင်ကူညီခဲ့ကြတဲ့ မိတ်ဆွေနိုင်ငံတွေကို ကျေးဇူးတင်ကြောင်းသဝဏ်လွှာ တရားဝင်ထုတ်ပြန်ခဲ့ရာမှာ သက်ဆိုင်ရာ နိုင်ငံတိုင်းရဲ့ အမည်ဘေးမှာ နိုင်ငံတော်အလံတွေကိုပါ ပူးတွဲဖော်ပြပေးထားခဲ့ပေမဲ့ အိမ်နီးချင်း ပါလက်စ်တိုင်းနိုင်ငံကိုတော့ အားလုံးရဲ့ အောက်ဆုံးမှာ ဖော်ပြခဲ့ပြီး နိုင်ငံတော်အလံကိုလည်း ပူးတွဲ ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒီအခြေအနေကို အစ္စရေးသတင်းစာက ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေမှာ အထင်းသား တွေ့မြင်နိုင်ပါလိ့မ်မယ်။

အစ္စရေးမီး ကူညီငြိမ်းသတ်ဖို့အတွက် မီးသတ်သမားတွေ စေလွှတ်ပေးဖို့ ပါလက်စ်တိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် အစောပိုင်းမှာတော့ အစ္စရေးသမ္မတဟာ နေတန်ယာဟုကို ပါလက်စ်တိုင်း သမ္မတ မာမွတ်အဗ္ဗာစ်ထံ ဖုန်းနဲ့ဆက်သွယ်ပြီး ကျေးဇူးတင်စကားဆိုဖို့တော့ တွန်းအားပေးစေခဲ့ပါတယ်။ ဒါပေမဲ့ နေတန်ယာဟု ဦးစီးတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပါလက်စ်တိုင်းတွေကို ကျေးဇူးတင်စကားဆိုဖို့နဲ့ သူတို့အလံကို ထည့်ပြဖို့ မသင့်တော်ဘူးလို့ သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့လည်း အစ္စရေးသတင်းစာက ဆိုပါတယ်။

ပါလက်စ်တိုင်းဝန်ကြီးဌာနကတော့ အစ္စရေးရဲ့ ဆက်ဆံပုံဟာ ပါလက်စ်တိုင်းတွေ ဆောင်ရွက်ခဲ့တဲ့ လူသားချင်းစာနာမှုရုပ်ပုံကို ပျက်စီးစေလိုတာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

Maariv  သတင်းစာကလည်း အခုလို ရေးသားဖော်ပြခဲ့ပါသေးတယ်။

ပါလက်စ်တိုင်းအစိုးရကို အစ္စရေးရဲ့သိက္ခာချစော်ကားမှုဟာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကျေးဇူးတင်သဝဏ်လွှာတစ်ခုတည်း မဟုတ်သေးပါဘူး။ ဒီထက်ပိုဆိုးတာကတော့ အစ္စရေးကာကွယ်ရေးဝန်ကြီး အဗိဂ်တိုလီဗာမန်နဲ့ ပညာရေးဝန်ကြီး နုဖ်တာလီ ဗန်နုတ်တို့နှစ်ဦးဟာ မီးငြိမ်းသတ်ရာမှာ ပါဝင်ခဲ့တဲ့ ပါလက်စ်တိုင်းတို့ရဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ရမဲ့အစား သူတို့တွေကို မီးရှို့သူတွေပါလို့ စွပ်စွဲလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ကိုးကား » Al-Jazeera
သတင်း © အလင်းမျက်ဝန်း

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat