12/03/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အရ ယနေ့ (ဒီဇင်ဘာ ၃ ရက်) နေ့ကို “ အပြည်ပြည်ဆိုင်ရာ ပါလက်စ်တိုင်းများနှင့် တစ်သားတည်းသောနေ့ ” အဖြစ် ၁၉၉၇ ခုနှစ်ကတည်းက စတင်သတ်မှတ်ခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နိုင်ငံတကာသို့ ကြေငြာချက်အရ နယူးယောက်၊ ဂျနီဗာ၊ မီယာနာ ဒေသများရှိ ကုလသမဂ္ဂရုံးတွေမှာ အဆိုပါနေ့နဲ့ပတ်သက်တဲ့ အထူးအစီအစဉ်များ၊ အခမ်းအနားများကို ကျင်းပပြုလုပ်လေ့ရှိပြီး အစ္စရေးတို့ရဲ့ မတရားအနိုင်ကျင့်မှု၊ ယုတ်မာပတ်စက်မှုတွေကို ရှုတ်ချဝေဖန်ကာ ပါလက်စတိုင်းလူမျိုးတွေနဲ့ ထပ်တူဖြစ်ကြောင်း၊ အေးအတူပူအမျှ တစ်သားတည်းဖြစ်ကြောင်းတို့ကို ဖော်ထုတ်လေ့ရှိကြပါတယ်။

ယနေ့လိုနေ့ရက်မှာပဲ ပါလက်စတိုင်းနိုင်ငံကို အုပ်ချုပ်မှုအစိုးရနှစ်ရပ်နဲ့ ၁၉၄၇ ခုနှစ်မှာ ခွဲခြားအုပ်ချုပ်မဲ့ ဥပဒေကို ကုလညီလာခံမှာ တင်သွင်းခဲ့ပါတယ်။ အစောပိုင်းမှာတော့ အဆိုပါ ဥပဒေဆုံးဖြတ်ချက်ဟာ မသေမချာ မရေမရာ အနေအထားမျိုး ဖြစ်နေခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ထောက်ခံမဲ ၃၃ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ ၁၀ မဲကတော့ ကြားနေခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မိမိရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာကတော့ -

“ အဲ့ဒီနှစ်ကာလအတွင်းမှာ အစ္စရေးဘက်ကနေ ပါလက်စတိုင်းလူမျိုးတွေရဲ့ အိမ်တွေကို ဖြိုဖျက်ပစ်လိုက်တဲ့ အကြောင်းအရာတွေဟာ ယခင်နှစ်တွေကတည်းက ဖြစ်နေခဲ့ပါတယ်။ ဂါဇာဒေသမှာ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ကူညီတဲ့အဖွဲ့အစည်းတွေ ရှိပါတယ်။ ပါလက်စ်တိုင်းလူမျိုး ၂ သန်းဟာ မရှုမလှဘဝ၊ အိုးအိမ်မဲ့ဘဝနဲ့ ရုန်းကန်လှုပ်ရှားနေရတယ်။ ထောင်ပေါင်းများစွာသော အိုးအိမ်အတည်တကျမရှိတဲ့ ပါလက်စ်တိုင်းလူမျိုးတွေဟာ အစ္စရေးတို့ရဲ့ ဖြိုဖျက်ပစ်လိုက်တဲ့ အိမ်တွေကို အသစ်တစ်ဖန် ပြန်လည်တည်ဆောက်နိုင်ဖို့ မျှော်လင့် စောင့်စားနေကြတယ်။ ”

ကိုးကား » GEO TV
သတင်း © အလင်းမျက်ဝန်း


ဆော်ဒီဘုရင်စာလ်မာန်ဟာ မနေ့က သောကြာနေ့က နိုင်ငံတော်အတိုင်ပင်ခံကောင်စီနဲ့ အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့တွေကို ပြန်လည်ဖွဲ့စည်းဖို့ ဘုရင့်အမိန့်တော်တွေ ထုတ်ပြန်ကြေညာခဲ့ပြီး အလုပ်သမားဝန်ကြီးကိုလည်း တာဝန်မှ ဖယ်ရှားလိုက်ပါတယ်။

အတိုင်ပင်ခံကောင်စီကို အဗ်ဒွလ္လာဗင်န်မုဟမ္မဒ်အာလိရှိုင်ခ်ရဲ့ ကွပ်ကဲမှုအောက်မှာ ပြန်လည်ဖွဲ့စည်းဖို့နဲ့၊ သာသနာ့ပညာရှင်ကြီးများအဖွဲ့ကိုတော့ ဆော်ဒီနိုင်ငံဆိုင်ရာ မွဖ်သီချုပ် အဗ်ဒွလ်အဇီဇီဗင်န်အဗ်ဒွလ္လာဟ်အာလိရှိုင်ခ်ရဲ့ ကွပ်ကွဲမှုအောက်မှာ ပြန်လည်ဖွဲ့စည်းဖို့ ဘုရင့်စလ်မာန်က အသီးသီးအမိန့်ထုတ်ပြန်လိုက်တာပါ။

ထို့အတူ အလုပ်သမားနဲ့ လူမှုတိုးတက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး မုဖ်ရဂ်ျဟွက်ဗာနီကို ဝန်ကြီးရာထူးမှ ထုတ်ပယ်လိုက်ပြီး ၄င်းရဲ့ကိုယ်စား အလီအလ်ဂဖီးစ်ွကို ခန့်အပ်ကြောင်း ဘုရင့်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာဆိုရင် ငါးပတ်တာကာလအတွင်းမှာ ဝန်ကြီးရာထူးကနေ ဖယ်ရှားခြင်းခံလိုက်တဲ့ ဒုတိယမြောက်ဝန်ကြီးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ(၃၁)ရက်နေ့ကလည်း ဘုရင်စလ်မာန်ဟာ ဘဏ္ဍာရေးဝန်ကြီး အိဗ်ရာဟီးမ် ဗင်န်အဗ်ဒွလ်အဇီးဇ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး သူ့အစား မုဟမ္မဒ်ဗင်န်အဗ်ဒွလ္လာဟ်ကို ခန့်အပ်ခဲ့ပါသေးတယ်။

ကိုးကား » Al-Jazeera
သတင်း © အလင်းမျက်ဝန်း


အရဗ်မွတ်စ်လင်မ်အမျိုးသမီးတွေဟာ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ သူမတို့ရဲ့ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေကြောင့် ဆုများချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

ဒါဟာဆိုရင် ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်မှာ ပညာရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနတွေက ကြီးမှူးကျင်းပတဲ့ အရဗ်အမျိုးသမီးဆု နှစ်ပတ်လည် ဆုပေးပွဲအခမ်းအနားမှာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဆုံးဖြတ်ရေးကော်မတီ ဥက္ကဋ္ဌ အလဒဝင်ကူလ်က “ ဒီအခမ်းအနားမှာ အရဗ်မွတ်စ်လင်မ် အမျိုးသမီးတွေကို အထူးဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။ လူမှုဖွံ့ဖြိုးတိုးတက်မှုတွေမှာ သူမတို့ရဲ့ စွမ်းဆောင်ရည်တွေကို ကျနုပ်တို့ ဝန်ခံအတည်ပြုပေးရပါမယ်။ ဘာကြောင့်လဲဆိုတော့ သူမတို့ဟာ လာမဲ့မျိုးဆက်သစ်တွေအတွက် စံပြဖြစ်နေလို့ပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ပညာရေးနယ်ပယ်မှာ ဆုရရှိဆွတ်ခူးသွားသူကတော့ ဆီးရီးယားအရေး တက်ကြွလှုပ်ရှားတဲ့ နိုင်ငံသူ မဇူးန်ရိကာန် ဖြစ်ပါတယ်။

ဆုံးဖြတ်ရေးကော်မတီဟာ မီဒီယာနယ်ပယ်အတွက် ဆုကိုတော့ အလ်ဂျဇီရားသတင်းဌာနက သတင်းတင်ဆက်သူ အီမာန်အိယာဒ်ကို ရွေးချယ်ခဲ့ပါတယ်။

“ ဒါဟာဆိုရင် မီဒီယာနယ်ပယ်က အမျိုးသမီးကို ဂုဏ်ပေးလိုက်ခြင်းနဲ့အတူ အလ်ဂျဇီရာဟ် သတင်းဌာနကိုပါ ဂုဏ်ပြုလိုက်ခြင်း ဖြစ်တယ် ” လို့ လည်း ဆုံးဖြတ်ရေး ကော်မတီက ပြောကြားသွားခဲ့ပါတယ်။

ကိုးကား » Al-Jazeera
သတင်း © အလင်းမျက်ဝန်း

ဆော်ဒီအစိုးရရဲ့ အွမ္မရဟ်ဗီဇာကြေးပြန်အမ်းပေးမဲ့ ဆုံးဖြတ်ချက်အပေါ် HPPCI ခရီးသွားလာရေးကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌဖြစ်သူ မုဟမ္မဒ်ယဟ်ယာယူလာနီက ကြိုဆိုလိုက်ပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး မုဟမ္မဒ်ယဟ်ယာယူလာနီက SYC ခရီးသွားလာရေးဝန်ဆောင်မှုဟာ အွမ္မရဟ်ဗီဇာကြေးသတ်မှတ်ထားမှုကိစ္စကို ဖြေရှင်းပေးဖို့အတွက် ဘက်ပေါင်းစုံက အင်တိုက်အားတိုက်နဲ့ ကြိုးပမ်းခဲ့ရတယ်လို့ ပြောပါတယ်။

ယခုလို ဗီဇာကြေးပြန်အမ်းပေးမဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပြဌာန်းပေးခဲ့တဲ့ ဆော်ဒီအစိုးရကို အထူးပဲ ကျေးဇူးတင်ရှိကြောင်းကိုလည်း ၎င်းက ဆက်လက် ပြောကြားသွားပါတယ်။

ကား » GEO TV
သတင်း © အလင်းမျက်ဝန်း

တစ်ကမ္ဘာလုံး တည်ငြိမ်အေးချမ်းဖို့အတွက် ပါလက်စ်တိုင်းတွေကို အခွင့်အရေးပေးဖို့ အရေးကြီးတယ်လို့ ကုလပါကစ္စတန်အမြဲတမ်းကိုယ်စားလှယ်ပြောကြား


ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မလီဟာလူဒီ (ဓာတ်ပုံ-GEO TV)

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ မလီဟာလူဒီက တစ်ကမ္ဘာလုံး တည်ငြိမ်အေးချမ်းဖို့ဆိုရင် ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးကိုပေးဖို့ အရေးကြီးပါတယ်။ သူတို့ကို အခြေခံ လူ့အခွင့်အရေးတွေပေးဖို့ ငြင်းဆန်ခံနေရခြင်းဟာ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် အတားအဆီး ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

မလီဟာလူဒီဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ သွေးစည်းညီညွတ်ရေးနေ့မှာ ပါလက်စတိုင်းတွေနဲ့ပတ်သက်ပြီး အခုလိုပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

“ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချရပါလိမ့်မယ်။ လုံခြုံရေးကောင်စီရဲ့ ပြဋ္ဌာန်းချက်တွေကို ချက်ချင်းအကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ အဲဒီပြဌာန်းချက်တွေကို အသက်မသွင်းဘူးဆိုရင် လုံခြုံရေးကောင်စီအပေါ် ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။ ”

သူမက အခုလို ဆက်လက်ပြောကြားခဲ့ပါတယ်။

“ ပါကစ္စတန်ဟာ နှစ်ဆယ်ချီကတည်းက ပါလက်စ်တိုင်းသားတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးခဲ့ပါတယ်။ ပါလက်စ်တိုင်းသားတွေ ရထိုက်တဲ့ အခွင့်အရေးကို မပေးဘဲ နောက်ဆိုင်းထားခြင်းအားဖြင့် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ပါလက်စတိုင်းတို့ကို ညီတူမျှတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရပါမယ်။ တချို့နိုင်ငံတွေဟာ ပါလက်စတိုင်းအရေးမှာ ကန့်လန့်လုပ်နေပေမဲ့လည်း ကမ္ဘာ့နိုင့်အများစုကတော့ ပါလက်စတိုင်းအရေးကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ဘက်မှာ ရှိနေကြပါတယ်။ ”

ကိုးကား » GEO TV
သတင်း © အလင်းမျက်ဝန်း

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat