12/04/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ပြီးခဲ့တဲ့ စနေနေ့မနက်က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့က ဗလီတစ်လုံးထဲကို အမည်မသိ လူရမ်းကားတချို့ ကျူးကျော်ဝင်ရောက်ပြီး ဗလီအတွင်း မီးရှူးမီးပန်းများ ပစ်ဖောက်ကာ မွတ်စ်လင်မ်ဆန့်ကျင်ရေး စာသားများနဲ့ လူမျိုးရေးခွဲခြားတဲ့ (နာဇီ) အမှတ်အသားများကို ဗလီနံရံတွေပေါ်မှာ ရေးမှုတ်သွားခဲ့ကြပါတယ်။ စတော့ဟုမ်းမြို့ရဲ့ Bredäng ဒေသဖတ်မှာရှိတဲ့ ဗလီထဲမှာ မနက်အစောပိုင်းဝတ်ပြုမှု (ဖဂျရ်) အပြီးမှာ ဖြစ်ပွားခဲ့တာပါ။

မွတ်စ်လင်မ်တွေကို သတ်ပစ်လို့ နံရံတွေပေါ်မှာရေးမှုတ်ပြီး ကျူးလွန်သူတွေဟာ ထွက်ပြေးသွားခဲ့တယ်လို့ (SVT) က သတင်းပေးပို့ပါတယ်။ မီးရှူးမီးပန်းတွေ ဖောက်ခဲ့ပြီး ဗလီထဲမှာ မီးခိုးငွေ့တွေနဲ့ ပြည့်နေတယ်လို့ စတော့ဟုမ်းမြို့မွတ်စ်လင်မ်များအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ Orhan Karan က ပြောပါတယ်။

အခင်းဖြစ်ပွားချိန်ဟာ ဝတ်ပြုပြီးတဲ့အချိန်ဖြစ်နေလို့ ဗလီထဲမှာ လူတစ်ယောက်ပဲ ရှိပါတော့တယ်။ ဒဏ်ရာကြီးကြီးမားမား မရခဲ့ပေမဲ့ သူမြင်တွေ့ခဲ့ရတာတွေအတွက် အလွန်အမင်း ထိန့်လန့်ခဲ့ရပါတယ်လို့ ပြောပြပါတယ်။

ဆွီဒင်ရဲဌာနကတော့ အဆိုပါဖြစ်ရပ်ကို အများပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ အမုန်းတရားဆိုင်ရာ ရာဇဝတ်မှုတို့ဖြင့် အမှုဖွင့်ပြီး လိုအပ်တာတွေကို လိုက်လံစုံးစမ်းနေဆဲဖြစ်ပေမဲ့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

တစ်ဦးတည်းသော မျက်မြင်သက်သေရဲ့ ထွက်ဆိုချက်အပေါ် စုံစမ်းစစ်ဆေးနေရတာဖြစ်လို့ လုံလောက်တဲ့ အချက်အလက်တွေ မရသေးဘူးလို့ ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Sven-Erik Olsson က ပြောပါတယ်။

“ ဒါဟာမျှော်လင့်မထားတဲ့ ဖြစ်ရပ်ပါ။ ကျနော်တို့ လူမှုအသိုင်းအဝိုင်းတွေထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ နားမလည်နိုင်တော့ပါဘူး။ ဒီလိုဖြစ်ရပ်တွေဟာ တခြားနိုင်ငံတွေမှာရော ဒီပြည်တွင်းမှာပါ ဖြစ်နေတာပါ။ ကျနော် ဆွီဒင်နိုင်ငံကို အသိအမှတ် မပြုနိုင်တော့ပါဘူး ” လို့ ၁၉၈၅ ခုနှစ်က ဗလီကို စတင်တည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ Tumturk က TT သတင်းဌာနကို ပြောပြသွားပါတယ်။

၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေအတွင်း စံချိန်တင် ဒုက္ခသည် ၂၄၅၀၀၀ လောက် ဆွီဒင်နိုင်ငံမှာ ဝင်ရောက်ခိုလှုံလာပြီးနောက် ဗလီတွေနဲ့ ဒုက္ခသည်စခန်းတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ များလာခဲ့ပါတယ်။

Bredäng ဗလီကိုလည်း အောက်တိုဘာလအတွင်းမှာ ဗလီကိုမီးရှို့ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါသေးတယ်။

မွတ်စ်လင်မ်တက်ကြွလှုပ်ရှားသူတွေဟာ ဗလီလုံခြုံရေးအတွက် လုံခြုံရေးကင်မရာ တပ်ဆင်ခွင့်တောင်းထားခဲ့ပေမဲ့ မြို့အာဏာပိုင်တွေဘက်က ငြင်းဆန်ခဲ့ကြပါတယ်။

ကိုးကား » RT
နူးရ်ခါန်း © အလင်းမျက်ဝန်း


အိန္ဒိယငွေကြေးအကြပ်အတည်းဟာ အိမ်နီးချင်း ပါကစ္စတန် သံတမန်တွေကိုပါ ဂယက်ရိုက်စေခဲ့ပါတယ်။ နယူဒေလီမြို့တော်က ဘဏ်တွေဟာ ပါကစ္စတန်သံတမန်တွေကို ငွေသားပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

သံတမန်တွေကို ဒီလိုဆက်ဆံတာဟာ ဗီယင်နာကွန်ဗင်းရှင်းနဲ့ ဆန့်ကျင်တယ်လို့ စာရေးပြီး ပါကစ္စတန်သံရုံးတာဝန်ရှိသူတွေက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့ကြပါတယ်။

ပါကစ္စတန် သံတမန်တွေက ဘဏ်တွေမှာ ဒေါ်လာငွေနဲ့ အိန္ဒိယငွေကြေးကို လဲလှယ်ရာမှာ ဘဏ်ဝန်ထမ်းတွေဘက်က ငွေသားပေးဖို့မရှိဘူးလို့ လုံးဝငြင်းဆန်ခဲ့ကြတာကြောင့် ပါကစ္စတန်သံအမတ်ကြီးက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံ တရားဝင် တိုင်ကြားခဲ့တယ်လို့ အိန္ဒိယသတင်းတွေအရ သိရပါတယ်။

“ ဘဏ်တွေက အခုလို ငွေသားပေးဖို့ ငြင်းဆန်လိုက်ပြီးတဲ့နောက်မှာ သူတို့ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ ပြီးတော့ ပါကစ္စတန် သံတမန်တွေကို ဒီလိုဆက်ဆံတာဟာလည်း ဗီယင်နာကွန်ဗင်းရှင်းနဲ့ ဆန့်ကျင်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းပေးဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကို စာရေးပြီးတိုင်ကြားထားပါတယ်။ ” လို့ ပါကစ္စတန်သံရုံးက တာဝန်ရှိသူက အခုလိုပြောခဲ့ပါတယ်။

ကိုးကား » GEO TV
သတင်း © အလင်းမျက်ဝန်း


အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ အိန္ဒိယနဲ့ကာတာ နှစ်နိုင်ငံဝန်ကြီးများ တွေ့ဆုံပွဲအတွင်း အီးဗီဇာနဲ့ ဆိုက်ဘာလုံခြုံရေးအပါအဝင် သဘောတူညီချက် (၄) ရပ် အပေါ် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါတယ်။

ကာတာဝန်ကြီးချုပ် ရှိုင်ခ်အဗ်ဒွလ္လာဟ်ခလီဖဟ်ဟာ အိန္ဒိယနိုင်ငံကို မနေ့က ရောက်ရှိလာခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မူဒီက ၄င်းအား နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။

တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာရေးကိစ္စကို အလေးထားဆွေးနွေးခဲ့ကြပြီး အခြားကဏ္ဍတွေမှာလည်း အကူအညီတွေ ထပ်တိုးချဲ့ဖို့အတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ကာတာဝန်ကြီးချုပ်က ကာတာနိုင်ငံမှာ ကာကွယ်ရေး အဆောက်အအုံတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့လည်း အိန္ဒိယနိုင်ငံကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါ့အပြင် ကာကွယ်ရေးနဲ့ လုံခြုံရေး၊ ငွေးကြေးခဝါချမှု၊ အကြမ်းဖက်အဖွဲ့တွေကို ငွေကြေးထောက်ပံ့မှု စတဲ့ကဏ္ဍတွေ ကိုင်တွယ်ရာမှာ အကူအညီပေးရေးကိစ္စတွေကိုပါ ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား » GEO TV
သတင်း © အလင်းမျက်ဝန်း


ကယ်လီဖိုးနီးယားပြည်နယ်က အိမ်တစ်အိမ်မှာ ပါတီပွဲကျင်းပနေစဉ် ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူအယောက်(၄၀)လောက် သေဆုံးဖွယ်ရှိကြောင်း အမေရိကန် ဒေသအာဏာပိုင်တွေက ဆိုပါတယ်။

အမေရိကန်နိုင်ငံ မီဒီယာတွေရဲ့ အဆိုအရ ကယ်လီဖိုနီးယားပြည်နယ် Oakland မြို့မှာ ပါတီပွဲကျင်းပနေတဲ့ အိမ်တစ်အိမ်မှာ မီးထလောင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကုန်လှောင်ရုံမှာ ကပွဲကျင်းပနေစဉ် အခုလို ရုတ်တရက် မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မီးဟာ ချက်ချင်းဆိုသလို တစ်အိမ်လုံးကို လောင်ကျွမ်းသွားခဲ့တာပါ။ သတင်းရရချင်း မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပါတယ်။

ဒေသခံ အာဏာပိုင်တွေကတော့ လောလောဆယ် လူ (၉) ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီး (၂၅) ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ ဒီ (၂၅) ဦး ဟာ မီးလောင်ကျွမ်းပြီး သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့လည်း အာဏာပိုင်တွေက ယူဆနေကြပါတယ်။

ကိုးကား » GEO TV
သတင်း © အလင်းမျက်ဝန်း


အစ္စရေးစစ်တပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းမှာတင် ကလေး (၁၂၀) နဲ့ အမျိုးသမီး (၁၁) ဦးအပါအဝင် ပါလက်စ်တိုင်းလူမျိုး စုစုပေါင်း (၅၂၇) ဦး ကို အဓမ္မဖမ်းဆီးခဲ့တယ်လို့ အစ္စရေးထောင်တွေထဲမှာ ဖမ်းဆီးခံနေရတဲ့ ပါလက်စ်တိုင်းအကျဉ်းသားများရေးရာအဖွဲ့အစည်းတွေက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အကျဉ်းသားများနှင့်လွတ်မြောက်လာသူများရေးရာအဖွဲ့၊ ပါလက်စ်တိုင်းအကျဉ်းသားရေးရာအဖွဲ့နဲ့ လူ့အခွင့်ရေးရာသမာဓိချိန်ခွင်အဖွဲ့ စတဲ့အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒေသခံ ပါလက်စတိုင်းလူမျိုး ဖမ်းဆီးခံရသူဦးရေ (၅၂၇) ဦး ထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ အစီရင်ခံစာမှာ ပါလက်စ်တိုင်းအကျဉ်းသားများ ရင်ဆိုင်တွေ့ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ အတိအကျ ထုတ်ဖော်ထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ အများဆုံးဟာ ဂျေရုစလင်မြို့သားတွေ ဖြစ်ကြပြီး ဒေသခံအရပ်သား (၁၆၃) ဦး နဲ့ ကလေး (၇၄) ဦး အထိ ပါဝင်နေပြီး ဂါဇာကမ်းမြှောင်ဒေသခံ (၁၂) ဦး လည်း ပါဝင်နေပါတယ်။

အစ္စရေးအကျဉ်းစခန်းတွေမှာ ပါလက်စ်တိုင်းအကျဉ်းသား စုစုပေါင်း (၇၀၀၀) လောက်အထိ ရှိနေပြီး အမျိုးသမီးဦးရေ (၄၈) ဦး နဲ့ ယင်းတို့တွင် မိန်းကလေးငယ် (၁၁) ဦး လည်း ပါဝင်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

အကျဉ်းသားများထဲမှာ ကလေးငယ်အရေအတွက် (၃၅၀) ဦးလောက် ရှိနေပြီး အဆိုပါကလေးငယ်တွေကို မဂ်ျဒူအကျဉ်းစခန်းနဲ့ အောင်ဖရ်အကျဉ်းစခန်းတို့မှာ ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။

နိုဝင်ဘာလ (၁) လ တည်း အတွင်းမှာပင် အစ္စရေးတို့ရဲ့ လူသိရှင်ကြားဖမ်းဆီးမှုဟာ (၁၁၁) အထိ ရှိခဲ့ပါတယ်။

ကိုးကား » Islamic News
သတင်း © အလင်းမျက်ဝန်း

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat