12/05/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

Advertisement
Welcome Sponsor's Advertisements here, Now you can call to +95 94500 22857

 » ဆက်သွယ်ရန် « 
High Trust Trading Co.,Ltd.
အမှတ် (၂၃-ဘီ)၊ ၄-လွှာ (ဝဲ)၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ (၁၆၆) လမ်းထောင့်၊
(တာမွေအဝိုင်းထိပ်အနီး)၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
(ဖုန်း) 0973198482, 09262954859
Facebook Page - www.facebook.com/halalcosmeticmm


Advertisement
Welcome to your advertisements here, Now you can call to +95 94500 22857


လူမှုကွန်ယက် twitter ပေါ်မှာ ဆော်ဒီနိုင်ငံမှ တက်ကြွလှုပ်ရှားသူတွေဟာ ပညာရေးဝန်ကြီး အီစာထံ “ သင့်အတွက်သတင်းစကား ” ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။

Tweet ပေါင်း (၆၃၀၀၀) ကျော်နဲ့အတူ သူတို့ရဲ့ တောင်းဆိုချက်တွေကို ပညာရေးဝန်ကြီး အဟ်မဒ်အီစာထံ တင်ပြခဲ့တယ်လို့ အိုကာသတင်းစာက ဆိုပါတယ်။

ကျက်စာပညာရေးထက် လက်တွေ့အသုံးချနိုင်တဲ့ ပညာရေးမျိုးကို ပိုပြီးအလေးပေးဖို့နဲ့ ကျောင်းတော်တော်များများမှာ ပြည့်စုံမှုမရှိသေးတဲ့ လက်တွေ့ခန်း အလုပ်ရုံတွေ တည်ထောင်ပေးဖို့ twitter အသုံးပြုသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဖင်လန်နိုင်ငံက တက္ကသိုလ်တွေဟာ ဘာကြောင့် ကမ္ဘာ့နံပါတ် (၁) ဖြစ်နေရတာလဲ။ ဖင်လန်နိုင်ငံက ကျောင်းသားတွေကတော့ ဘာကြောင့် နံပါတ်(၁) ကျောင်းသားတွေ ဖြစ်နေရတာလဲလို့လည်း တချို့က မေးခွန်းထုတ်ခဲ့ကြပါတယ်။

ခါလိဒ်ရှမီရီဆိုတဲ့ အကောင့်ပိုင်ရှင်က “ ကျောင်းတွေမှာ လက်တွေ့ကျတဲ့ သင်ကြားမှုနဲ့ သင်ပြဖို့ အရည်အချင်းပြည့်မီတဲ့ ပုဂ္ဂိုလ်တွေ လိုအပ်ပါတယ် ” လို့ ဆိုပါတယ်။

တချို့တွေက ပညာရေးထောက်အပံ့ပစ္စည်းတွေ စီမံပေးဖို့၊ အားကစားကွင်းတွေ ကောင်းအောင်လုပ်ပေးဖို့၊ ကျောင်းသားသမဂ္ဂတွေဖွဲ့စည်းပေးဖို့၊ တစ်ဦးနဲ့တစ်ဦး လက်တွေ့ဆွေးနွေးပွဲ ဘာသာရပ်တွ ပြဋ္ဌာန်းဖို့ တောင်းဆိုပြီး ကျောင်းကို အိမ်ပုံစံသာ သွင်းပေးပြီး အကျဉ်းထောင်ပုံစံမသွင်းဖို့ ပညာရေးဝန်ကြီးကို တောင်းဆိုခဲ့ကြပါတယ်။

ဗလ်စမ်ဆိုတဲ့ အမျိုးသမီးရဲ့ အကြံပြုတောင်းဆိုထားချက်ကတော့ “ အတန်းတိုင်းမှာ လူမှုဆက်ဆံရေးဆိုင်ရာ စာရိတ္တဘာသာရပ်ကို ထည့်သွင်းပေးပါ။ ဘာကြောင့်လဲဆိုတော့ ဒီမျိုးဆက်သစ်လူငယ် အများစုဟာ ဆက်ဆံရာနဲ့ စကားပြောဆိုရမှာ လိမ္မာယဉ်ကျေးမှု မရှိကြဘူး။ သူတို့ရဲ့ အပြုအမူတွေဟာ ရိုင်းပါတယ်။ ”

ကိုးကား » Al-Jazeera
သတင်း © အလင်းမျက်ဝန်း


ပါကစ္စတန်နိုင်ငံ မြို့တော် ကရာချီရဲ့ ဖိုင်စွလ်လမ်းမကြီးပေါ်က ဂျိုနဟ်ဆေးရုံနဲ့ကပ်လျက်မှာရှိတဲ့ ဟော်တယ်မှာ ညက မီးလောင်မှုဖြစ်ပွားခဲ့လို့ (၁၁) ဦးသေဆုံးပြီး (၇၀) ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူ (၃၀) ဟာ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပြီး သေဆုံးသူများထဲမှာ အမျိုးသမီး (၄) ဦးနဲ့ ဆရာဝန် (၃) ဦးတို့လည်း ပါဝင်နေပါတယ်။

လက်ရှိအခြေအနေမှာတော့ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ဟော်တယ်ရဲ့အတွင်းကိုလည်း ဝင်ရောက်ရှင်းလင်းနိုင်ပြီလို့ သိရပါတယ်။

မီးလောင်စဉ် ဟော်တယ်အတွင်းမှာ နိုင်ငံခြားသားတွေလည်း ရှိနေတယ်လို့ ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပေမယ့် ဆေးရုံတာဝန်ရှိသူတွေကတော့ သေဆုံးသူတွေထဲမှာ နိုင်ငံခြားသားတွေ မပါဝင်ဘူးလို့ ပြောပါတယ်။

မီးလောင်ကျွမ်းမှုဟာ ဟော်တယ်ရဲ့ (၆)လွှာမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအများစုဟာ အသက်ရှူကြပ်တာကြောင့်ဖြစ်ပြီး အချို့ကတော့ မီးလောင်ကျွမ်းကာ သေဆုံးခဲ့ကြတာပါ။

မီးသတ်ကား (၃) စီးနဲ့ (၃) နာရီခန့်ကြာအောင် အဆက်မပြတ် မီးငြိမ်းသတ်ခဲ့ကြပြီးနောက် မီးညွန့်ကျိုးသွားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံကျော် ခရစ်ကတ်ကစားသမား စိုဟိုင်ဒ် မက်စူဒ် အပါအဝင် အခြားကစားသမားတွေလည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။ ကစားသမားတစ်ဦးဖြစ်တဲ့ ယာစင်မုရ်သသွာကတော့ အဆောက်အဦးရဲ့ အထပ်တစ်ခုကနေ ခုံချလိုက်တာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကိုးကား » GEO TV
သတင်း © အလင်းမျက်ဝန်း


ဖင်လန်နိုင်ငံတွင် ပစ်ခတ်မှုကြောင့် မြို့တော်ဝန်အမျိုးသမီးနှင့်အတူ အမျိုးသမီးသတင်းထောက်နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ပစ်ခတ်မှုဟာ အမာသရာဒေသ၊ စားသောက်ဆိုင်တစ်ဆိုင်အနီးမှာ ဖြစ်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့အဆိုအရ သိရပါတယ်။

ထိုနေရာမှာ အခင်းမဖြစ်ခင်ကတည်းက စောင့်ကြည့်နေတဲ့ လက်ဖြောင့်သေနတ်သမားဟာ မြို့တော်ဝန်အမျိုးသမီးနဲ့ အမျိုးသမီးသတင်းထောက်နှစ်ဦးရဲ့ ဦးခေါင်းတွေကို စနိုက်ပါနဲ့ ချိန်ရွယ်ပြီး အသေအချာ ပစ်ခတ်ခဲ့တာကြောင့် (၃) ဦး စလုံးဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြပါတယ်။

အဆိုပါ တရားခံကိုတော့ ဖမ်းမိထားပြီး စစ်ဆေးမေးမြန်းနေပြီလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ကိုးကား » GEO TV
သတင်း © အလင်းမျက်ဝန်း

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat