12/07/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

သေဆုံးသူ Nohemi Gonzalez
(Photo from Google Image)
၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဲရစ်မြို့တိုက်ခိုက်မှုမှာ အပြစ်မဲ့စွာ အသက်သေဆုံးခဲ့ရတဲ့ Nohemi Gonzalez ရဲ့ မိသားစုဝင်တွေဟာ Twitter, Facebook, Google တို့ကို တရားစွဲဆိုလိုက်ပါပြီ။

အကြမ်းဖက်ဝါဒကို အားပေးတဲ့ ဝါဒဖြန့်ချိမှုတွေမှာ ကြော်ငြာတာတွေကို အလိုအလျောက် ပို့ဆောင်ပေးတဲ့ စွဲချက်တွေနဲ့ပါ စွဲဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းအနည်းငယ်အတွင်းမှာပဲ လျင်လျင်မြန်မြန်တိုးပွားလာနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ဝါဒဖြန့်မှုတွေကို လူမှုကွန်ယက်တွေက တားဆီးပိတ်ပင်ဖို့ ပျက်ကွက်ခဲ့တဲ့အပြင် အဆိုပါ အကြမ်းဖက်ဝါဒကို အားပေးတဲ့ ဝါဒဖြန့်ချိမှုတွေမှာ ကြော်ငြာတွေကို အလိုအလျောက် ပို့ဆောင်ပေးနေတယ်လို့ စောဒကတက်မှုတွေ၊ စွပ်စွဲကန့်ကွက်မှုတွေ ဆက်တိုက်ထွက်ပေါ်လာပါတယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ပါးပါးနပ်နပ် အသုံးချပြီး ဝင်ငွေရှာဖွေနေတယ်လို့လည်း ဆိုကြပါတယ်။

ပဲရစ်တိုက်ခိုက်မှုမှာ ရက်စက်စွာ အပစ်ခံခဲ့ရတဲ့ Nohemi Gonzalez ရဲ့ မိသားစုဝင်တွေဟာ လူမှုကွန်ယက်ကုမ္မဏီတွေက အကြမ်းဖက်ဝါဒီတွေကို ထောက်ခံတဲ့ ရေးသားတင်ပြမှု ကြော်ငြာတွေ ထည့်သွင်းလက်ခံခဲ့ကာ အကြမ်းဖက်ဝါဒကို အားပေးခဲ့တယ်လို့စွပ်စွဲပြီး ဇွန်လတည်းက စွဲချက်တင်ထားခဲ့တာပါ။

သူတို့က ကိုယ်တိုင်ရေးသားပြီး တင်ပြတာ မဟုတ်ခဲ့သော်လည်း၊ အကြမ်းဖတ်မှုကို အာပေးတဲ့ ကြော်ငြာတွေကို ကိုယ်တိုင်ဖန်တီးတာ မဟုတ်ခဲ့သော်လည်း ဘယ်နေရာမှာ ဘယ်လိုကြော်ငြာထည့်သွင်းရမယ်ဆိုတဲ့ စနစ်ကိုတော့ ဖန်တီးခဲ့ကြတာပါ။

အကြမ်းဖက်မှုကို လှုံဆော်တဲ့ ရေးသားဖော်ပြမှု ကြော်ငြာတွေကို လက်ခံနေတာကိုက လက်မခံနိုင်စရာပါလို့ Nohemi Gonzalez မိသားစုရဲ့ရှေ့နေ Keith Altman က ပြောပါတယ်။

လူမှုကွန်ယက်ကုမ္မဏီတွေဟာ အကြမ်းဖက်မှု ထောက်ခံသူတွေရဲ့ အကောင့်တွေကို ဖျက်ပစ်ဖို့ အနည်းငယ်လောက်သာ အားထုတ်ခဲ့ကြတယ်လို့ Gonzalez မိသားစုက စွပ်စွဲခဲ့ပါတယ်။

သေဆုံးသူ Nohemi Gonzalez ၏ ဈာပနအတွက် ပြင်ဆင်နေပုံ
( Photo from - Bloomberg Technology )
“ DriftOne00146 ” ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ အကြမ်းဖက်ဝါဒကို ပေါ်ပေါ်တင်တင်ဖြန့်ချိနေပြီး အဲ့ဒီအကောင့်ဟာ ၁၄၅ ကြိမ် ဖယ်ရှားခံခဲ့ရပေမဲ့ ၁၄၆ ကြိမ်မြောက် တွစ်တာပေါ်ကို ပြန်ရောက်လာခဲ့ပါတယ်။

တွစ်တာကုမ္မဏီက အဆိုပါ အကောင့်ကို ဘာကြောင့် အပြီးတိုင် မဖျက်ပစ်ခဲ့ရတာလဲလို့ Gonzalez မိသားစုက မေးခွန်းထုတ်ခဲ့ပါတယ်။

အဆိုပါ စောဒကတက်မှု ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးဖို့ ဖုန်းဆက်မေးမြန်းချက်ကို လူမှုကွန်ယက်တွေက ပြန်လည်ဖြေကြားချင်းမရှိဘဲ အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်မှုတွေကိုလည်း အကြောင်းမပြန်ပါဘူး။

အကြမ်းဖက်သမားတွေ လူမှုကွန်ယက်တွေနဲ့ အဆင့်မြင့်နည်းပညာတွေ အသုံးပြုမှုကိုပိတ်ပင်ဖို့ နည်းပညာကုမ္မဏီတွေကို သမ္မတအိုဘားမားက တောင်းဆိုခဲ့ဘူးပါတယ်။

သြဂုတ်လအထိ အကြမ်းဖက်ဝါဒကို အားပေးထောက်ခံတဲ့အသုံးပြုသူပေါင်း လေးသိန်းခြောက်သောင်းကို ကန့်သတ်ခဲ့ပြီး ဖြစ်တယ်လို့ တွစ်တာကတော့ ပြောပါတယ်။

ကိုးကား » Bloomberg
နူးရ်ခါန်း © အလင်းမျက်ဝန်း

(ဓာတ်ပုံ » Al-Jazeera)

ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက ဒီနှစ်ရဲ့စေတနာ့ဝန်ထမ်းဆုကို လူသားချင်းစာနာထောက်ထားကူညီရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားတဲ့ Islamic Relief Foundation (IRF) အဖွဲ့ရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “ လူ့အသက်ကူညီရေးအစ္စလာမ့်ပရဟိတအဖွဲ့ (ဂျာမနီ) ” ကို ချီးမြှင့်လိုက်ပါတယ်။

အကြောင်းကတော့ သူတို့ဟာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာရှိတဲ့ မွတ်စ်လင်မ်ရွှေ့ပြောင်းဒုက္ခသည်တွေကို ပေါင်းစည်းကူညီပံ့ပိုးပေးခဲ့ကြလို့ ဖြစ်ပါတယ်။

“ ကမ္ဘာလုံးဆိုင်ရာ ပရဟိတနေ့ကို ဂျာမနီကလည်း ရှင်သန်အောင်လုပ်တဲ့အနေနဲ့ ဒီအခမ်းအနားမှာ ကူညီသောလက်ဆိုတဲ့ ဒီဆုကြီးကို အစ္စလာမ် ပရဟိတ အဖွဲ့ခေါင်းဆောင်တွေကို ပေးအပ်ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ” လို့ ဂျာမနီပြည်ထဲရေးဝန်ကြီး သောမတ်ဒီမီဇီက ဆုချီးမြှင့်ပွဲမှာ ပြောကြားသွားပါတယ်။

ဂျာမနီနိုင်ငံမှ ပရဟိတ လုပ်ငန်းစဉ် စီမံကိန်းများကို လုပ်ဆောင်ရာမှာ အပြိုင်အဆိုင်ရှိလှတဲ့ ဒီနှစ်ရဲ့ မှတ်တမ်းဝင်အဖွဲ့အစည်းပေါင်း (၃၅၁) ဖွဲ့ထဲက (၁၁) ဖွဲ့နဲ့အတူ အဆိုပါ လူ့အသက်ကူညီရေးအစ္စလာမ့်ပရဟိတအဖွဲ့ဟာ ဂျာမနီအစိုးရက နိုင်ငံတော်အဆင့်အနေနဲ့ ချီးမြှင့်ပေးခဲ့တဲ့ ဆုကို ရရှိဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

လူ့အသက်ကူညီရေးအစ္စလာမ့်ပရဟိတအဖွဲ့ (ဂျာမနီ) အဖွဲ့က ရရှိခဲ့တဲ့ ဒီဆုရဲ့တန်ဖိုးဟာ ယူရိုငွေပေါင်း (၆) ထောင်လောက် ရှိပါတယ်။

ထို့အတူ ဒီပရဟိတအဖွဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရရဲ့ရံပုံငွေကိုအသုံးချပြီး ဗီဒီယိုတစ်ခုလည်း ရိုက်ကူးထုတ်လွှင့်ပေးခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » Al-Jazeera

Advertisement
Welcome to your advertisements here, Now you can call to +95 94500 22857


ဆော်ဒီနိုင်ငံတရားရုံးက အီရန်နိုင်ငံအတွက် သူလျှိုလုပ်မှုဖြင့် (၁၅) ဦးကို သေဒဏ်ချမှတ်ပြီး အချို့ကိုတော့ ထောင်ဒဏ်ချမှတ် လိုက်ပါတယ်။

အခုပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ လွန်ခဲ့တဲ့ (၃) နှစ် အရင်က ဖမ်းဆီးခံခဲ့ရတဲ့ လူ (၃၀) ဦးထဲမှာ ပါဝင်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလမှာ သူတို့ကို စတင်ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေဟာ ဆော်ဒီနိုင်ငံအတွင်းမှာ ဘာသာရေး မငြိမ်သက်မှုတွေဖြစ်လာအောင် ဖန်တီးလှုံ့ဆော်တဲ့အပြင် ဆော်ဒီနိုင်ငံရဲ့ စီးပွားရေးကို ကမောက်ကမ ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ချက်တွေနဲ့ အီရန်ရဲ့ထောက်ပံ့မှုရယူပြီး သူလျှိုအဖွဲ့တစ်ဖွဲ့ကို လျှို့ဝှက်ဖွဲ့စည်းခဲ့တယ်လို့ ဆော်ဒီအစိုးရက သတင်းထုတ်ပြန်ပါတယ်။

ယခုအမှုမှာ (၂) ဦးဟာ အပြစ်မရှိတဲ့အတွက် တရားရုံးက လွှတ်ပေးခဲ့ပါတယ်။

အပြစ်ရှိသူတွေထဲက အများစုဟာ စစ်သားများဖြစ်ကြပြီး သူတို့တွေဟာ စစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေကို အီရန်ရဲ့ သူလျှိုအဖြစ် လုပ်ဆောင်ခဲ့မှုအတွက် အမှုရင်ဆိုင်နေရသူတွေ ဖြစ်တယ်လို့ ဆော်ဒီနိုင်ငံ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » အင်တာနက်


အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်ရဲ့ မြောက်ဘက်ပိုင်းဒေသမှာရှိတဲ့ အာချေးပြည်နယ်မှာ ယနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

အလားတူပင် လူတချို့ဟာလည်း အဆောက်အဦတွေအောက်မှာ ဖိညှပ်ပိတ်မိနေတယ်လို့ အဆိုပါနယ်မြေဒေသခံ အာဏာပိုင်များက ဆိုပါတယ်။

ငလျင်လှုပ်ခတ်တဲ့ နယ်မြေနဲ့ နီးကပ်တဲ့ ဗီဒီဂျာယာဒေသရဲ့ မြို့တော်ဝန်ကိုယ်စားလှယ်က ဖရန့်ပရက်စ် သတင်းဌာနကို အခုလို ပြောပြသွားပါတယ်။

“ ဆေးရုံရဲ့ ဆေးစစ်ချက်အစီရင်ခံစာတွေရဲ့ ဖော်ပြချက်များအရ အခုချိန်ထိ ကျနော်တို့ဆီမှာ လူပေါင်း ၁၈ ဦး သေဆုံးသွားပါတယ်။ တချို့ဟာ ကလေးငယ်လေးတွေ ဖြစ်ပါတယ်။ ”

အမေရိကန်ဘူမိဗေဒ၊ ဇလဗေဒအဖွဲ့နဲ့ ဆူနာမီဆိုင်ရာ အတ္တလန်တိတ်သမုဒ္ဒရာဌာနချုပ်တွေကလည်း ဆူးမားတြားကျွန်းအနီးနားမှာ လှုပ်ခတ်သွားတဲ့ အဆိုပါ ငလျင်ဟာ အင်အား ၆.၈ အဆင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပြီး ငလျင်ဟာ ဗာန်ဒါအာချေးပြည်နယ် အရှေ့တောင်အရပ် ကီလိုမီတာ ၁၃၀ အကွာမှာ ဖြစ်ပေါ်ကျရောက်ခဲ့တာလို့လည်း အဆိုပါ အမေရိကန်ဘူမိဗေဒအဖွဲ့အစည်းက ဆိုပါတယ်။

ဆူးမားတြားကျွန်းရဲ့ အနောက်ဘက်ဒေသမှာ ဇွန်လအတွင်း လှုပ်ခတ်ခဲ့တဲ့ ၆.၅ အင်အားရှိ ငလျင်ဟာလည်း အဆောက်အဦပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပြီး လူ (၈) ဦးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အတ္တလန်တိတ်သမုဒ္ဒရာရဲ့ မီးတောင်များ ပတ်လည်ဝန်းရံနေတဲ့ ဒေသမျိုးမှာ တည်ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ သမုဒ္ဒရာတလျှောက်က မီးတောင်လိုင်းကြောကြီးပေါ်မှာ ရှိနေပြီး လှိုင်းငလျင်လှုပ်ခတ်မှု၊ ငလျင်ပြတ်ရွေ့လိုင်းများနဲ့ ငလျင်ဖြစ်ပွားရာ ဗဟိုချက်မ နယ်နိမိတ်အတွင်းမှာ ကျရောက်နေပါတယ်။

ဆူးမားတြားကျွန်းမြောက်ဘက်ဒေသမှာရှိတဲ့ အာချေးပြည်နယ်ဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းလှတဲ့ ဆူနာမီလို့ခေါ်တဲ့ ပင်လယ်ပြင်အောက် ငလျင်ကြီးဒဏ်ကိုလည်း ခံစားခဲ့ရတာကြောင့် ပြည်နယ်တစ်ခုလုံး ပျက်စီးသွားခဲ့ဖူးပါတယ်။

အဆိုပါ ဆူနာမီမှာ အင်ဒိုနီးရှားနိုင်ငံက လူပေါင်း တစ်သိန်းခုနစ်သောင်း (၁၇၀၀၀၀) နဲ့ အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းမြို့တွေမှာ လူပေါင်းမြောက်မြားစွာ သေဆုံးခဲ့တယ်လို့ ထင်ရှားခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » Sky News Arabia | ဓာတ်ပုံ » Sky News Arabia




Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat