12/08/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ Nazer al-Islam Abdul Karim က ဆော်ဒီအာရေးဗီးယားနိုင်ငံမှာရှိတဲ့ ရတနာဆိုင်တစ်ဆိုင်ကို ငေးကြည့်နေမိခဲ့ပါတယ်။

တစ်စုံတစ်ယောက်က သူငေးကြည့်နေပုံကို ဓာတ်ပုံရိုက်ပြီး Instagram မှာ “ ဒီလူဟာ အမှိုက်တွေကိုဘဲ ကြည့်နေဖို့တန်တဲ့လူ ” ဆိုပြီး ရေးတင်ခဲ့ပါတယ်။

Abdullah Al-Qahtani အမည်ရ twitter အသုံးပြုသူတစ်ယောက်က ပို့စ်ကိုမြင်သွားခဲ့ပြီး အဆိုပါသန့်ရှင်းရေးသမားကို ရှာပုံတော် ဖွင့်ခဲ့ပါတယ်။

Instagram မှာ တင်လိုက်တဲ့ပုံကို တွစ်တာပေါ်မှာ ပြန်လည်ဝေမျှပြီး သန့်ရှင်းရေးသမားကို ဝိုင်းရှာပေးကြဖို့ မိတ်ဆွေတွေကို အကူအညီ တောင်းခံခဲ့ပါတယ်။

ရတနာဆိုင်ရဲ့ မှန်ပေါ်မှာပေါ်နေတဲ့ ပုံရိပ်ကိုကြည့်ပြီး အချို့က သန့်ရှင်းရေးသမားကြီးရဲ့ နေထိုင်ရာကို ဖော်ပြပေးခဲ့ကြပါတယ်။

သူ့ကိုဓာတ်ပုံရိုက်သွားတာ သူမသိလိုက်သလို သူ့ကိုလူတွေဝိုင်းရှာနေတာကိုလည်း သူမသိခဲ့ပါဘူး။

“ ကျနော့်တာဝန်အရ ကျနော်ဟာ သန့်ရှင်းရေး လုပ်နေရင်းနဲ့ ရွှေဆိုင်ကို ငေးကြည့်နေမိခဲ့တာပါ။ လက်ဆောင်တွေအတွက် အရမ်းပဲပျော်ရွှင်နေရသလို ကျေးဇူးလည်း အရမ်းကို တင်မိပါတယ် ” လို့ Abdul Karim က CNN ကို ပြောပါတယ်။

အသက် ၃၈ နှစ်အရွယ် Al-Qahtani ကတော့ Abdul Karim အတွက် ဆန်အိတ်တွေနဲ့ ပျားရည် ပို့ပေးထားတယ်လို့ ဆိုပါတယ်။

မိသားစုဆီပြန်ဖို့ အပြန်လက်မှတ်နဲ့အတူ iPhone 7 တစ်လုံး၊ Samsung Galaxy တစ်လုံးစီကိုလည်း လက်ဆောင်ထည့်ပေးလိုက်ပါသေးတယ်။

သူငေးကြည့်နေခဲ့မိတဲ့ ရွှေဆိုင်မှ ကြိုက်နှစ်သက်ရာ ဆွဲကြိုးတွေနဲ့ နားကပ်တွေကို ရွေးချယ်ခွင့်ရခဲ့ပြီး သန့်ရှင်းရေးသမားကြီးနဲ့ သူ့ရဲ့လက်ဆောင်အသစ်တွေကို Al-Qahtani က သူ့ရဲ့ twitter ပေါ်မှာ တင်ခဲ့ပါတယ်။

သူ့ကို ရအောင်ရှာဖို့နဲ့ လက်ဆောင်တွေပေးတဲ့ လူတွေရဲ့ ကြင်နာတက်မှုအတွက်လည်း ကျေနပ်မိပါတယ်လို့ ဆိုပါတယ်။

ကိုးကား » Telegraph
ဓာတ်ပုံ » Telegraph
နူးရ်ခါန်း © အလင်းမျက်ဝန်း


ဓာတ်ပုံ » الجزيرة

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်က စိုမီဒ်စိုနီယန် ပြတိုက်ဟာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က အစ္စလာမ့်ယဉ်ကျေးမှုအမွေအနှစ်များပြတိုက်နဲ့ ပူးပေါင်းပြီးတော့ ပထမဆုံးအကြိမ် ကျမ်းတော်မြတ်ကုရ်အာန်ဆိုင်ရာ အနုပညာပြပွဲကြီးကို အမေရိကန်ပြည်ထောင်စုရဲ့ အကြီးမားဆုံးသော ပွဲတော်အမျိုးအစားအဖြစ်နဲ့ ခင်းကျင်းပြသလိုက်ပါတယ်။

ဒီပြပွဲဟာ လွန်ခဲ့တဲ့လက စတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့အထိ ဆက်တိုက် ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

ပြပွဲမှာ ရှားပါးတဲ့ ရှေးဟောင်း ကုရ်အာန်ကျမ်းစာအုပ်တွေလည်း ပါဝင်ပြီး တချို့သော ရှေးဟောင်း ကုရ်အာန်ကျမ်းစာအုပ်တွေကို တူရကီနိုင်ငံရဲ့ပြင်ပမှာ ခင်းကျင်းပြသမှုဟာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

(၆) နှစ်တာ အချိန်ကာလအသုံးပြုပြီး စနစ်တကျ စီစဉ်ခဲ့တဲ့ ဒီပြပွဲရဲ့ ပြခန်းပြကွက်တွေမှာ ကုရ်အာန် လက်ရေးမူပေါင်း (၆၀) ကျော်လောက်ကို ပြသထားတာဖြစ်ပြီး တူရကီ၊ အာဖဂန်နစ္စတန်၊ အီရန်နဲ့ အရဗ်နိုင်ငံတွေဟာ ယင်းလက်ရေးမူတွေရဲ့ မူလပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။

အဲဒီအထဲမှာ နှစ်ပေါင်း (၁၀၀၀) အရင်က ရေးသားခဲ့တဲ့ လက်ရေးမူကျမ်းကြီးတွေလည်း ပါဝင်နေပါတယ်။

တခြားသော လက်ရေးမူပေါင်းများစွာနဲ့ ရှေးဟောင်း အစ္စလာမ့်အနုပညာလက်ရာတွေအပါအဝင် အစ္စလာမ့် ဗိသုကာ အနုပညာ ပစ္စည်းတွေလည်း စုံလင်စွာ ခင်းကျင်းပြသထားပါတယ်။

လာရောက်ကြည့်ရှုတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကုရ်အာန်ကျမ်းတော်မြတ် ရေးသားပုံတွေနဲ့အတူ အနုပညာဖန်တီးမှုလက်ရာတွေကိုပါ အနီးကပ်လေ့လာကြည့်ရှုနိုင်ဖို့အတွက် ပြပွဲက သေသေချာချာ စီစဉ်ပေးထားပါတယ်။

လာရောက်လေ့လာသူတွေဟာ သူတို့ရဲ့အရှေ့မှာတင် အလွန်လှပတဲ့ လက်ရေးမူတွေနဲ့ အရေးအသားတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ကျမ်းစာအုပ်တစ်အုပ်ထဲမှာတင် ရှေးဟောင်းအနုပညာသင်ကြားရေးကျောင်းတွေအတိုင်း အရေးအသားမျိုးစုံ ခြယ်သနည်းမျိုးစုံနဲ့ ပုံဖော်ထားတာကို အံ့သြစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီပြပွဲကို စီစဉ်ကျင်းပကြတဲ့သူတွေဟာ အမေရိကန်ပြည်ထောင်စုမှာ အရင်က ပြုလုပ်ဖူးတဲ့ ကုရ်အာန်ကျမ်းမြတ်နဲ့ အစ္စလာမ့်အနုပညာတင်ပြတဲ့ပွဲတွေရဲ့ ပုံစံမျိုးနဲ့ မတူအောင် ကွဲပြားစွာ စီစဉ်ထားကြပါတယ်။

ဒါဟာဆိုရင် လူ့ပတ်ဝန်ကျင်မှာ ဖြစ်ပေါ်နေတဲ့ နားလည်လွဲမှားမှုတွေကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါပြပွဲကို  အမေရိကန်ပြည်ထောင်စုမှာ မွတ်စ်လင်မ်တွေနဲ့ ပတ်သက်ပြီး သဘောထား ပြင်းထန်တဲ့ သမ္မတသစ် ဒေါနယ်ထရမ့်အစိုးရရဲ့ အငြင်းပွားဖွယ်ရာ မွတ်စ်လင်မ်ဆန့်ကျင်ရေး မူဝါဒတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေချိန်မျိုးမှာ စီစဉ်လိုက်သလိုလဲ ဖြစ်လာခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » الجزيرة


Advertisement
Welcome to your advertisements here, Now you can call to +95 94500 22857
http://www.alinmyetwyun.com/2016/12/wardah-halal-cosmetic.html

အင်တာနက်ပေါ်က သင့်ရဲ့ ကိုယ်ရေးရာဇဝင်တွေကို ဖျောက်ဖျက်ချင်ပါသလား?

Click တစ်ချက်နှိပ်ရုံနဲ့ သင်ဟာ internet လောကကြီးထဲကနေ လုံးဝပျောက်ကွယ်သွားလို့ရပါပြီ။

သင်ဟာ အင်တာနက်ပေါ်မှာ တစ်ခါမျှ မရှိခဲ့ဖူးသူ (တစ်နည်းအားဖြင့် အင်တာနက်မသုံးခဲ့သူ) တစ်ယောက်ပမာ ဖြစ်သွားအောင် internet ပေါ်က မိမိဖြည့်စွက်ထားမိသမျှသော ကိုယ်ရေးဖိုင် အချက်အလက်တွေအားလုံးကို ဖျောက်ပစ်ဖို့ နည်းလမ်းကို ရှာဖွေနေတယ်ဆိုရင် အခုရရှိပြီမို့ ဝမ်းသာလိုက်ပါ။

ဆွီဒင်ပညာရှင် နှစ်ယောက်ဖြစ်တဲ့ ဝီလီဒဲလ်ဗိုနဲ့ လီနစ်ကွန်ဗက်တို့က deseat.me ကို တီထွင်လိုက်ပါတယ်။ အဲဒါကို အသုံးပြုပြီး သင်ဟာ မိမိကိုယ်ကို အင်တာနက်ပေါ်ကနေ အစအနဖျောက်နိုင်ပါပြီ။

လုပ်ရမှာကတော့ သင်ဟာ Google မှ တစ်ဆင့် ဝင်လိုက်ရုံပါပဲ။ program က သူ့ဟာသူ အလိုအလျောက် သင်သုံးစွဲခဲ့တဲ့အရာတွေကို ဇယားနဲ့ချပေးပါလိမ့်မယ်။ အဲဒီထဲကမှ သင်ဖျောက်ပစ်ချင်တာကို ဖျောက်လို့ရပါတယ်။ ချန်ထားချင်တာကိုလည်း ချန်ထားလို့ရပါတယ်။

“ ကိုယ်ရေးမှတ်တမ်းနဲ့ အချက်အလက်တွေဟာ သိပ်ကို အရေးကြီးတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ” လို့ ပညာရှင်နှစ်ပါးကဆိုပါတယ်။ သူတို့က အခုလို ဆက်ပြောပါတယ်။ “ အစကနေ အဆုံးထိ ကျနော်တို့ဟာ ဒီအပေါ်မှာ ကြိုးစားခဲ့တယ်။ ဒါကြောင့် သင့်ကွန်ပျူတာနဲ့ အလုပ်လုပ်လို့ရအောင် ကျနော်တို့ တည်ဆောက်ခဲ့တာပါ။ သင့်ဆီကနေ ကျနော်တို့ သိရမဲ့တစ်ခုတည်းသောအရာက သင်ဟာ ဘာကို ဖျောက်ပစ်ချင်သလဲဆိုတာပါပဲ။ ”

အဆိုပါ ပညာရှင်နှစ်ပါးက အလေးအနက် ပြောပါတယ်။ သူတို့ဟာ google protocol oauth စနစ်ကို သုံးထားပါတယ်။ သူတို့ရဲ့လုပ်ဆောင်ပုံစနစ်တွေဟာ သုံးစွဲသူရဲ့ ကိုယ်ရေးမှတ်တမ်းတွေကို မထိခိုက်နိုင်တာမို့ ဘယ်သူမှ စိုးရိမ်စရာ မလိုပါဘူး။

Protocol oauth ဟာ လိုင်စင်တင်ပြီးသား နည်းပညာရင်းမြစ်တစ်ခုပါ။ များသောအားဖြင့် သူ့ကို သုံးစွဲသူတွေဟာ အခြား website တွေဆီကို Password လျှို့ဝှက်စာလုံး မပေးဘဲ သွားနိုင်ဖို့အတွက် သုံးစွဲကြပါတယ်။

deseat.me ဟာ email နဲ့ ချိတ်ဆက်ထားတဲ့ သတင်းအချက်တွေကို ဖျောက်ပေးဖို့ပဲ တာဝန်ယူပါတယ်။ ယခုဆို Gmail နဲ့ လည်း အလုပ် လုပ်နေပါတယ်။ ဒါကြောင့် တကယ်လို့များ သင်ဟာ Yahoo ဒါမှမဟုတ် Hotmail ဒါမှမဟုတ် အခြား mail တစ်ခုခုနဲ့ မိမိရဲ့ သတင်းအချက်အလက်တွေကို ချိတ်ဆက်ထားတယ်ဆိုရင်တော့ အဲဒါတွေကို ဒီ deseat.me နဲ့ ဖျောက်လို့ မရနိုင်ပါဘူး။

တကယ်လို့ အသင့်အနေနဲ့ အသင့်ရဲ့ သတင်းအချက်အလက်တွေနဲ့ ကိုယ်ရေးရာဇဝင်တွေကို အင်တာနက်ပေါ်ကနေ အပြီးအပိုင် ဖျောက်ပစ်ချင်နေတယ်ဆိုရင်တော့ အခု သင့်အတွက် အခွင့်အရေးကောင်းတစ်ခု ပေါ်ပေါက်လာပါပြီ။

deseat.me မှာ ဝင်ပြီး ခလုတ်ကလေးတစ်ချက်နှိပ်လိုက်တာနဲ့ သင့်ရဲ့ ဒီဆန္ဒပြည့်ဝ သွားရပါလိမ့်မယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » Al-Jazeera

https://www.deseat.me/ အား မြင်တွေ့ရပုံ (ဓာတ်ပုံ-အလင်းမျက်ဝန်း)


ဂျူးကျူးကျော်အိမ်ရာတွေကို တရားဝင်ပြုလုပ်ဖို့အတွက် ဥပဒေကြမ်းတစ်ရပ်ကို အစ္စရေးပါလီမန်က လက်ခံအတည်ပြုလိုက်ပါတယ်။

အစ္စရေးပါလီမန်အတွင်း ဒီကိစ္စနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ရာမှာ ပါလီမန်အမတ်တွေက ဂျူးကျူးကျော်အိမ်ရာတွေကို တရားဝင်လုပ်ဖို့ ဥပဒေကြမ်းကို အတည်ပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအငြင်းပွားဖွယ်ရာ ဥပဒေကြမ်း အတည်ပြုပြီးသွားပါက ပါလတ်စ်တိုင်းနယ်မြေတွေမှာ တရားမဝင် ကျူးကျော်ဆောက်လုပ်ထားတဲ့ ဂျူးအိမ်ရာ (၄၀၀၀) ကျော်ဟာ တရားဝင်အဖြစ် သတ်မှတ်ခံရတော့မှာ ဖြစ်ပါတယ်။

တစ်ဖက်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စ်တိုင်း သမ္မတ မာမွန်အဗ္ဗာစ်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်ပါတယ်။

ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ ပဲရစ်အပြည်ပြည်ဆိုင်ရာ ထိပ်သီးညီလာခံပွဲမှာ ဖြစ်ဖွယ်ရှိကြောင်း သိရပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » GEO TV


အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူလူဦးရေပေါင်း (၁၂၀) ထိ ရှိသွားခဲ့ပါပြီ။ ပျက်စီးဆုံးရှုံးမှု အရေအတွက်ဟာ ဒီထက် ပိုများလာနိုင်ဖွယ် ရှိပါနေတယ်။ ငလျင်ဒဏ်ရိုက်ခတ်ခံရတဲ့ဒေသတွေမှာ ပြိုကျသွားတဲ့ အဆောက်အဦကြီးတွေ အောက်ကနေ လူတွေကို ယခုထိတိုင် ထုတ်ယူနေရတုန်းပါပဲ။

အင်ဒိုနီးရှားအာဏာပိုင်တွေရဲ့ ပြောပြချက်အရ ထပ်တွေ့ရတဲ့ လူသေအလောင်းတွေကို ထုတ်ယူပြီးနောက်မှာ သေဆုံးသူဦးရေဟာ (၁၀၀) ကျော်သွားခဲ့ပြီ။ သေဆုံးသူတွေအထဲမှာ ကလေးငယ်များလည်း ပါဝင်နေပါတယ်။ လူပေါင်း (၃၆၀) ကျော်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြပါတယ်။

မနေ့က မနက်အစောပိုင်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ ၆.၈ အင်အားရှိတဲ့ မြေငလျင်ကြောင့် အာချေးဒေသဟာ အများဆုံး ထိခိုက်ခဲ့ရပါတယ်။

အဆိုပါ ဒေသမှာ လူနေအိမ်ပေါင်းများစွာနဲ့ ဆိုင်ခန်းများအပါအဝင် ဆေးရုံတွေပါ ပျက်စီးခဲ့ရပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » GEO TV


Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat