12/09/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


PIA လေယာဉ်ဟာ တောင်တန်းတွေနားမှာ ပျက်ကျပြီး မီးလောင်သွားခဲ့တာကြောင့် လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ဝန်ထမ်းတွေ အပါအဝင် (၄၇) ဦးစလုံး သေဆုံးခဲ့ကြပါတယ်။

လေယာဉ်ဟာ ကျသ်ရာလ်ဒေသကနေ ထွက်ခွာလာရင်း အစ္စလာမ်အာဘဒ်မြို့ကို မရောက်ခင်မှာဘဲ ထိန်းချုပ်ရေးမျှော်စင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။

ခရီးသည် အားလုံးသေဆုံးသွားခဲ့ပြီး အလောင်းတွေကိုတော့ အခင်းဖြစ်ပွားရာနေရာကနေ အိုင်ဗဟ်အာဗာသ်မြို့ အိုင်ယူဆေးဝါးဌာနကို ပို့ဆောင်ခဲ့ပါတယ်။ အခုချိန်ထိ (၅) ဦးကိုသာ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ပါသေးတယ်။

လေယာဉ်ပေါ်မှာ ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံကျော် တေးသံရှင်ဟောင်း၊ တေးရေးနှင့် ကဗျာစာဆိုတော် အကျော်အမော် သာသနာပြုပုဂ္ဂိုလ်တော်ကြီး ဂျိုနိုဒ်ဂျမ်ရှီးဒ်နဲ့ ဇနီးတို့လည်း လိုက်ပါသွားကြတယ်လို့ သိရှိရပါတယ်။

၎င်းတို့ဇနီးမောင်နှံဟာ ကျသ်ရာလ်ဒေသကို (၁၀) ရက်တာ သာသနာပြု တရားအားထုတ်မှု ခရီးစဉ်ထွက်သွားခဲ့ကြတာဖြစ်ပြီး အဆိုပါ လေယာဉ်ဖြင့် အစ္စလာမ်အာဘာသ်ကို ပြန်လာရင်း အခုလို အဖြစ်နဲ့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။

ဂျိုနိုဒ်ဂျမ်ရှီးဒ်ရဲ့အစ်ကို ဟုမာယူန်ဂျမ်ရှီးဒ်ဟာ ညီဖြစ်သူရဲ့ ကြွင်းကျန်ရုပ်ကလပ်ကို ယူဆောင်ဖို့အတွက် ကရာချိမြို့ကနေ ထွက်ခွာသွားပြီလို့လည်း သတင်းရရှိပါတယ်။

အမေရိကန်နိုင်ငံက အဆိုပါလေယာဉ်ပျက်ကျမှုကို အလွန်ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ကူညီကယ်ဆယ်ရေးတွေမှာ တတ်နိုင်သလောက် ပါဝင်မယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » အင်တာနက်


မောင်ဝ်လာနာ သွာရီးက်ဂျမီးလ်ဆပ် (ဓာတ်ပုံ-GEO TV)
ပါကစ္စတန်နိုင်ငံရဲ့ အကျော်အမော် အဓိပတိသာသနာ့ပညာရှင်ကြီးတစ်ပါးဖြစ်တဲ့ မောင်ဝ်လာနာ သွာရီးက်ဂျမီးလ်ဆပ်က သာသနာပြုခရီးထွက်ခွာစဉ် လေယာဉ်ပျက်ကျမှုအတွင်း ပါဝင်သေဆုံးခဲ့တဲ့ မိမိရဲ့ အရင်းနှီးဆုံးနဲ့ အချစ်ဆုံးသော မိတ်ဆွေကြီးဖြစ်သူ ပါကစ္စတန် တေးသံရှင်ဟောင်း၊ တေးရေးနှင့် ကဗျာစာဆိုတော် အကျော်အမော် သာသနာပြုပုဂ္ဂိုလ်ကြီး ဂျိုနိုဒ်ဂျမ်ရှီးဒ်အကြောင်းကို အောက်မေ့တသ သတိတရနဲ့ ရင့်နင့်စွာ ပြောပြခဲ့ပါတယ်။

“ ဂျိုနိုဒ်ဂျမ်ရှီးဒ်က ကျနော့်ကိုလည်း ကျသ်ရာလ်ကိုသွားဖို့ ဖိတ်ခေါ်ခဲ့သေးပါတယ်ဗျ။ ကျသ်ရာလ်ဒေသမှာကလည်း ခရစ်ကတ်ဒိုင်ဟောင်း စအီးဒ်အန္နဝရ်ဦးဆောင်တဲ့ ဂျမာအသ်သာသနာပြုအဖွဲ့လည်း ရောက်နှင့်ပြီးဖြစ်နေတယ် ”

သာသနာ့ပညာရှင်ကြီး မောင်ဝ်လာနာ သွာရီးက်ဂျမီးလ်ဟာ လာဟိုးရ်ဒေသရဲ့ မာဒလ်မြို့မှာရှိတဲ့ ဗလီတစ်လုံးမှာ တရားဟောကြားရင်း မိမိရဲ့ချစ်မိတ်ဆွေကြီး ရှဟီဒီ ဂျိုနိုဒ်ဂျမ်ရှီးဒ်နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကို ပြန်ပြောပြခဲ့ပါတယ်။

ခံစားမှုတွေ ပြည့်နှက်နေတဲ့အသံနဲ့ “ နှစ်ရက်အရင်ကပဲ ဂျိုနိုဒ်ဂျမ်ရှီးဒ်ရဲ့ ဖုန်းလာပါသေးတယ်။ ကျသ်ရာလ်ကို အတူလိုက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အလုပ်များနေလို့ ကျနော် မသွားနိုင်ခဲ့ပါဘူး ” လို့ ပြောပါတယ်။

ကွယ်လွန်သူ ပါကစ္စတန် တေးသံရှင်ဟောင်း ဂျိုနိုဒ်ဂျမ်ရှီးဒ် (ဓာတ်ပုံ-အင်တာနက်)
လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်ကာလတုန်းက ဂျိုနိုဒ်ဂျမ်ရှီးဒ်ကို တီဗွီဖန်သားပြင်ပေါ်မှာ မြူးကြွတဲ့တေးသီချင်းတွေနဲ့ ကခုန်နေတာ မြင်တွေ့ခဲ့ရကြောင်း၊ ကရာချီမြို့မှာပြုလုပ်တဲ့ အစ်ဂ်ျသေမာအ် (သာသနာ့စုရုံးမှု) မှာ မိမိနဲ့တွေ့ဆုံခဲ့ရကြောင်း၊ ၎င်းနောက် သူဟာ တရားအားထုတ်မှုခရီးစဉ်အဖြစ် (၄) လ အချိန်ပေးခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ကွယ်လွန်သေဆုံးသည့်တိုင် သာသနာ့ဘက်တော်သားတစ်ဦး အခိုင်အမာ ဖြစ်လာခဲ့ကြောင်းတို့ကို မောင်ဝ်လာနာ သွာရီးက်ဂျမီးလ်က ပြောပြသွားပါတယ်။

မကြားသေးမီကပဲ ဂျိုနိုဒ်ဂျမ်ရှီးဒ်ဟာ မိမိရဲ့ အတိတ်က မိုက်မဲမှားယွင်းခဲ့မှုတွေကို ပြောပြပြီး ရှိုက်ကြီးတငင်နဲ့ ငိုကြွေးခဲ့သေးကြောင်းကိုလည်း ဆက်လက်ပြောပြခဲ့ပါတယ်။

“ လူသားကို လမ်းမှန်ဆီ ပို့ဆောင်ပေးတာ အလ္လာဟ်အရှင်မြတ်ပဲ ဖြစ်ပါတယ် ” လို့ ပြောကြားပြီး ဗုဒ္ဓဟူးနေ့ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ရရှာသူများအားလုံး ကောင်းရာသုခဘုံရရှိဖို့နဲ့ အပြစ်များမှ (မဂ်ဖိရသ်) လွတ်ငြိမ်းချမ်းသာခွင့်ရှိစေဖို့အတွက် ဆုမွန်ဒိုအာလည်း ပြုပေးခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV

ကွယ်လွန်သူ ပါကစ္စတန် တေးသံရှင်ဟောင်း ဂျိုနိုဒ်ဂျမ်ရှီးဒ် (ဓာတ်ပုံ-အင်တာနက်)

အာကာသယာဉ်မှူးလည်းဖြစ် အမေရိကန်လွှတ်တော် အမတ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဂျွန်ဂလင်ဟာ အသက် ၉၅ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

အိုဟိုင်အိုးပြည်နယ် ကိုလမ်ဘတ်ဆေးရုံကို ခေါ်ဆောင်လာပြီးနောက်မှာ အခုလိုကွယ်လွန်သွားတာဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ ကြေငြာခြင်း မရှိပါဘူး။

သူဟာ အမေရိကန်ရေတပ်ထဲကို ဝင်ရောက်ခဲ့တဲ့နှစ်မှာဘဲ လေယာဉ်မောင်းအလုပ်ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

ဂျွန်ဂလင်းဟာ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ သုံးကြိမ်တိုင်တိုင် ကမ္ဘာမြေကို ပတ်ခဲ့ပြီး သမိုင်းမော်ကွန်းတင်ခဲ့ပါတယ်။

အဲဒီကာလဟာဆိုရင် စစ်အေးတိုက်ပွဲကာလဖြစ်ပြီး ဆိုဖီယက်ပြည်ထောင်စုနဲ့ အမေရိကန်နိုင်ငံတို့ဟာ လပေါ်ကို ပထမဦးဆုံး အာကာသယာဉ်မှူးစေလွှတ်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြတဲ့ အချိန်လည်း ဖြစ်ခဲ့ပါတယ်။

အမေရိကန် အမျိုးသားလေကြောင်းနဲ့ အာကာသအုပ်ချုပ်ရေးအဖွဲ့ကြီး နာဆာက ဂျွန်ဂလင် ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

နာဆာအဖွဲ့ကြီးက ၎င်းတို့ရဲ့တွစ်တာစာမျက်နှာမှာပေါ်မှာ သူဆုံးသွားတဲ့အတွက် ဝမ်းနည်းကြေကွယ်ရကြောင်းနဲ့ သူဟာဆိုရင် စစ်မှန်တဲ့ အမေရိကန်သူရဲကောင်းတစ်ဦးပဲလို့ ဂုဏ်ပြုထားပါတယ်။

အမေရိကန်သမ္မတအိုဘားမားက ဂျွန်ကလင် ကွယ်လွန်သွားတာဟာ အမျိုးသားပြယုဂ်တစ်ခု ဆုံးရှုံးလိုက်ရသလိုပါဘဲလို့ ပြောကြားသွားခဲ့ပါတယ်။

အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်က သူ့ရဲ့တွစ်တာစာမျက်နှာပေါ်မှာ ဂျွန်ဂလင်ကွယ်လွန်သွားတာဟာ အမေရိကန်ပြည်ထောင်စုအတွက် ကြီးကျယ်ခမ်းနားတဲ့ လေသူရဲကောင်းတစ်ဦး ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ်။ သူဟာ သူရဲကောင်းတစ်ဦးဖြစ်ရုံမက တီထွင်ကြံဆတဲ့ ရှေ့မျိုးဆက်သစ်တွေအတွက် စံပြနမူနာလည်း ဖြစ်ပါတယ်လို့ ရေးသားဂုဏ်ပြုထားတာ တွေ့ရပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » الجزيرة


အာရဗ်မဟာမိတ်နိုင်ငံတွေကို အမေရိကန်ဒေါ်လာ (၇) ဘီလီယံတန်ဖိုးရှိတဲ့ ကာကွယ်ရေးသုံး ပစ္စည်းလက်နက်ကိရိယာတွေ ရောင်းချသွားမယ်လို့ အမေရိကန်ဘက်က ဆုံးဖြတ်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဆော်ဒီ၊ ယူအေအီး၊ ကာတာနဲ့ မော်ရိုကို နိုင်ငံတွေကို (၇) ဘီလီယံတန်ဖိုးရှိတဲ့ တိုက်လေယာဉ်တွေနဲ့ ဒုံကျည်တွေအပါအဝင် ကာကွယ်ရေးပစ္စည်းတွေ ရောင်းချသွားဖို့ အတည်ပြုလိုက်ကြောင်း သိရပါတယ်။

သတင်းဌာနတွေရဲ့ အဆိုအရ ဆော်ဒီနိုင်ငံအတွက် ဂျက်တိုက်လေယာဉ် (၄၈) စီး အပါအဝင် အမေရိကန်ဒေါ်လာ (၃.၅) ဘီလီယံ၊ ယူအေအီးနိုင်ငံအတွက် တိုက်လေယာဉ် (၂၅) စီး အပါအဝင် အမေရိကန်ဒေါ်လာ (၃.၅) သန်း အသီးသီး ရာင်းချသွားဖို့ရှိတယ်လို့ သိရပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV

ပါကစ္စတန် ဂျက်တိုက်လေ

ဆော်ဒီ ဂျက်တိုက်လေယာဉ်

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat