12/10/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ထောက်လှမ်းရေးအရာရှိတစ်ယောက်ကို မတရားသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးကို အာဖဂန်တာလီဘန်တွေက လူထုရှေ့မှာ ကြိုးပေးစီရင်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကဘူးရ်မြို့ရဲ့ အနောက်ဘက် ၆၀ ကီလိုမီတာ အကွာမှာရှိတဲ့ Maidan Wardak ပြည်နယ် Chak ဒေသမှာရှိတဲ့ သူ့မိသားစုဆီ လည်ပတ်ဖို့သွားနေတဲ့ Kabul Polytechnic တက္ကသိုလ်က စတုတ္ထနှစ်ကျောင်းသား Faizul Rehman ကို တာလီဘန်စစ်သားတွေက ဖမ်းဆီးခဲ့ကြပါတယ်။

ပြေလည်မှုရအောင် ပြည်နယ်ကလူကြီးပိုင်းတွေက ကြားဝင်စေ့စပ်ဖို့ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ တာလီဘန်တွေဟာ သူ့ကိုသောကြာနေ့က လူထုရှေ့မှာဘဲ ကြိုးပေးကွပ်မျက်လိုက်တာပါလို့ Maidan Wardak ပြည်နယ်ဝန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Abdul Rehman Mangal က စနေနေ့က AFP သတင်းဌာနကို ပြောပြပါတယ်။

ဒီသေသမှာရှိတဲ့ တာလီဘန် ထောက်လှမ်းရေး ခေါင်းဆောင်ကို သတ်ပစ်ခဲ့တယ်ဆိုပြီး စွဲချက်တင် စီရင်ခဲ့ကြတာလို့ သူကပြောပါတယ်။

အာဖဂန်ပြည်ထဲရေးဝန်ကြီးက အဆိုပါစီရင်ကွပ်မျက်မှုကို အတည်ပြုပေးခဲ့ပြီး လုပ်ဆောင်ခဲ့သူတွေကို ဖမ်းဆီးအရေးယူသွားဖို့ စုံစမ်းစစ်ဆေးရေးတွေ စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabiullah Mujahid ကလည်း အဆိုပါဖြစ်ရပ်အတွက် ၎င်းတို့ဘက်ကနေလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ အင်အားကောင်းလာတဲ့ ၂၀၀၁ ခုနှစ်ကတည်းကစပြီး တာလီဘန်တွေဟာ နိုင်ငံခြားနဲ့ အာဖဂန်စစ်တပ်က သူလျှိုတွေလို့ သံသယရှိသူတွေကို ကွပ်မျက်လေ့ရှိပြီး အိမ်ထောင်ရေး ဖောက်ပြန်ခြင်းနဲ့ လက်မထပ်ဘဲ အတူနေခြင်းတို့လို စက်ဆုပ်ဖွယ်ကိစ္စတွေအတွက် လူအများရှေ့မှာ ခဲပေါက်သေဒဏ်ပေးခြင်း (သို့မဟုတ်) ကြိမ်ဒဏ်ပေးခြင်းကဲ့သို့သော ကြမ်းတမ်းတဲ့ ဥပဒေစီရင်ချက်များနဲ့ အရေးယူလေ့ရှိခဲ့ပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Al Jazeera
ဓာတ်ပုံ » Al Jazeera


ရရှားဟာ ဆီးရီးယားအာဏာရှင် ဘရှားအလ်အာဆဒ်ရဲ့ စစ်တပ်ကို ကူညီထောက်ပံ့ပေးနေတဲ့ အကြီးဆုံးသော ပြည်ပပံ့ပိုးသူ ဖြစ်ပါတယ်။

ဆီးရီးယားအရေးကို ရရှားဝင်ရောက်လာခြင်းဟာ ပြည်တွင်းစစ်ကို  ပိုဆိုးသွားစေပြီး ဆီးရီးယား တော်လှန်ရေးသမားတွေကိုလည်း ပိုခေါင်းခက်ထန်သွားစေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Ashton Carter က ယနေ့ ပြောကြားလိုက်ပါတယ်။

ဗာရိန်းနိုင်ငံ မနာမဟ်မြို့မှာ ပြုလုပ်တဲ့ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးဆွေးနွေးပွဲမှာလည်း ဝန်ကြီးကာတာက အခုလိုပဲ ထပ်လောင်း ပြောကြားသွားပါသေးတယ်။

အမေရိကန်ပြည်ထောင်စုဟာ အိုင်အက်စ်နဲ့ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမားတွေကို ထောက်ပံ့တဲ့အနေနဲ့ နောက်ထပ် စစ်သား (၂၀၀) ကို ဆီးရီးယားဒေသကို ထပ်မံပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒီတပ်ဖွဲ့ထဲမှာ အထူးလေ့ကျင့်သင်ကြးထားတဲ့ ကွန်မန်ဒိုတပ်ဖွဲ့၊ စစ်ရေးအကြံပေးများ၊ ဖောက်ခွဲပစ်ခွင်း ကျွမ်းကျင်သူများလည်း ပါဝင်တယ်။

သူတို့ဟာ လက်ရှိ ဆီးရီးယားဒေသမှာ တိုက်ပွဲဝင်နေတဲ့ အမေရိကန် အထူးတပ်ဖွဲ့ (၃၀၀) နဲ့ သွားရောက်ပူးပေါင်းမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ရှင်းပြသွားပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » الجزيرة
ဓာတ်ပုံ » အင်တာနက်


အာဖရိကဒေသရှိ မူရီသာနီးယားနိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာ ကောလိပ်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ကောလိပ်ရဲ့ ပထမဦးဆုံးသော ကင်ဆာပညာရပ်ဆိုင်ရာ ထူးချွန်ဒေါက်တာဘွဲ့ကို တူနီးရှားဆေးကျောင်းသူတစ်ဦး ပြီးမြောက်အောင်မြင်သွားခဲ့ပါတယ်။

သူမရဲ့ အမည်က စာလိမဟ် ဂိရ်ဘာလီ ဖြစ်ပြီး သူမဟာ ဆေးကောလိပ်ရဲ့ ကင်ဆာအထူးကု ဒေါက်တာဘွဲ့ကို ရရှိသွားခဲ့တာ ဖြစ်တယ်လို့ မူရီသာနီးယား သတင်းဋ္ဌာနက ဖော်ပြခဲ့ပါတယ်။

ဒီဆေးကျောင်းသူလေးဟာ ဒေါက်တာမုခ်သာရ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ လည်ချောင်းကင်စာနဲ့ ပတ်သက်ပြီး စာတမ်းပြုစုခဲ့ပါတယ်။

ကောလိပ်ရဲ့ ပညာရေးအာဏာပိုင်တွေဘက်က ဒီစာတမ်းကို လက်ခံလိုက်တဲ့အတွက် သူမဟာ ဒေါက်တာဘွဲ့ကို ရရှိအောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » Sky News Arabia
ဓာတ်ပုံ » Sky News Arabia


ငွေကြေးအတု ထုတ်လုပ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ပလတ်စတစ်ငွေသား ရိုက်နှိပ်ထုတ်ဝေသွားမယ်လို့ မူဒီအစိုးရက ကြေညာလိုက်ပါတယ်။

အိန္ဒိယသုံး ရူပီးငွေ (၁၀) တန် ပလတ်စတစ်ပိုက်ဆံ (၁) ဘီလီယံတန်ဖိုး ရိုက်နှိပ်ဖို့ စတင်ပြင်ဆင်လိုက်ပြီ ဖြစ်ကြောင်း အိန္ဒိယအစိုးရက လွှတ်တော်ကို အသိပေးခဲ့ပါတယ်။

ပလတ်စတစ်ပိုက်ဆံတစ်ရွက်ရဲ့ ပျမ်းမျှသက်တမ်းဟာ (၅) နှစ် ဖြစ်ပြီး အဲဒီပလတ်စတစ်ပိုက်ဆံတွေကို အတုလုပ်ဖို့ အလွန်ခက်ခဲတယ်လို့လည်း ဆိုပါတယ်။

ပလတ်တစ်ငွေဟာ စက္ကူငွေထက် ပါးလွှာပါတယ်။

ပလတ်စတစ်ငွေကြေးကို ကမ္ဘာမှာ ပထမဦးဆုံး စတင် မိတ်ဆက်ခဲ့တဲ့နိုင်ငံကတော့ သြစတေးလျနိုင်ငံပဲ ဖြစ်ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » အင်တာနက်


ယနေ့ကို ကမ္ဘာ့အရပ်ဒေသအားလုံးမှာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ (Human Right Day) အဖြစ် နည်းလမ်းအသွယ်သွယ်နဲ့ စီစဉ်ကျင်းပနေကြပါတယ်။

၁၉၅၀ ခုနှစ်ကတည်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးဟာ ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” အဖြစ် သဘောတူ သတ်မှတ်ခဲ့ကြပါတယ်။

အဆိုပါ ကမ္ဘာ့လူ့အခွင့်အရေးနေ့လို့ သတ်မှတ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ လူတိုင်း တူညီတဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို ထိန်းသိမ်းကာကွယ်ပေးခြင်းနဲ့ သာယာဝပြော ကြည်နူးဖွယ်ကောင်းတဲ့ ဘဝသက်တမ်းတစ်ရပ် တည်ထောင်နိုင်ရေးတို့အတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကို ယုံကြည်မှုရှိရှိ တည်ဆောက်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

ဒီနေ့ကိုအကြောင်းပြုပြီး ကမ္ဘာ့အရပ်ဒေသတွေမှာ သဘောထားအမြင်ဖလှယ်ပွဲတွေ၊ ညီလာခံတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပူးပေါင်းလှုပ်ရှားမှုတွေနဲ့ သုတေသနပြု စာတမ်းဖတ်ပွဲတွေအပြင် အခြားသော အစီအစဉ် အခမ်းအနားများစွာကိုလည်း စီစဉ်ကျင်းပနေကြပါတယ်။

ယနေ့လိုနေ့မျိုးကိုအကြောင်းပြုပြီး ကျင်းပပြုလုပ်နေတဲ့ အခမ်းအနား ထိုင်ဝိုင်းတွေမှာ လူ့အခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေကို ထိန်းချုပ်ဖို့၊ လူသားထုတစ်ရပ်လုံး အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများနဲ့ မသန်စွမ်းသူများကို ၎င်းတို့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့ပတ်သက်ပြီး အသိပညာတိုးပွားမှုတွေရှိလာအောင် မျှဝေတင်ပြကြပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » Equality Myanmar

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat