12/11/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဦးဆောင်မှုနဲ့ “ အပြည်ပြည်ဆိုင်ရာတောင်တန်းများနေ့ ” အဖြစ် ယနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့ကို သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲများ ကျင်းပပြုလုပ်ကြပါတယ်။

ဒီနေ့ကို စီစဉ်ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တောင်တန်းများကို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဘေးဒဏ်များမှ ကာကွယ်ဖို့နဲ့ တောင်တန်းများ နဂိုမူလသဘာဝအတိုင်း လှပစွာ တည်မြဲနေစေဖို့အတွက် အခြေခံဆောင်ရွက်ချက်များကို ခံစားသိရှိနေစေရန်ဟူ၍ ဖြစ်ပါတယ်။

ဒီဇင်ဘာလ (၁၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့အဖြစ် လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ စတင်သတ်မှတ်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဗဟိုအစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၀၂ ခုနှစ်ကို တောင်တန်းများနှစ်အဖြစ် အတည်ပြုပြဌာန်း သတ်မှတ်ခဲ့ပါတယ်။

အဆိုပါ သတ်မှတ်ပြဌာန်းချက်အရ ကမ္ဘာမြေပေါ်မှ တောင်တန်းများရဲ့ အနေအထားကို အကောင်းဆုံးပြုလုပ်ဖန်တီးဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် အထူးဆောင်ရွက်ချက်များ လိုအပ်ပုံကို လေးလေးနက်နက် ပြုလုပ်စေခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ ပြောပြချက်အရ ခရီးသွားလာခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ တောပြုန်းခြင်းနဲ့ ရာသီဥတုအပြောင်းအလဲများကြောင့် တောင်တန်းများရှိ သဘာဝအလှတရားများဟာ ပျက်စီးနေပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » GEO TV


မြင့်မြတ်တဲ့ ဝတ်ကျောင်းတော်ကြီးနှစ်ခု တည်ရှိရာ ဆော်ဒီဘုရင့်နိုင်ငံသို့ (၃) နှစ်အတွင်း ဒုတိယအကြိမ် အွမ်ရဟ်ဝတ်ပြုရန်လာရောက်သူများအပေါ် သတ်မှတ်ထားတဲ့ Visa အပိုကြေး ရိယာလ် (၂၀၀၀) ပေးဆောင်ရမဲ့ ဥပဒေကို ပြင်ဆင်ပယ်ဖျက်တဲ့ဥပဒေအား ယခုနှစ် ဟစ်ဂ်ျရီ (၁၄၃၈) မှစပြီး အတည်ပြု ပြဌာန်းလိုက်တယ်ဆိုတဲ့အကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနလက်အောက်ရှိ ဟဂ်ျအွမ်ရဟ်ရေးရာအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ အဟ်မဒ်အိဗ်ရာဟီမ်က ပြောကြားလိုက်ပါတယ်။

ဟဂ်ျနဲ့အွမ်ရဟ်ဆိုင်ရာ ဆော်ဒီဝန်ကြီးဌာနဟာ ဒီဥပဒေကိုပြင်ဆင်ပေးဖို့ တောင်းဆိုလာတဲ့ အထူးတောင်းဆိုချက်များကို နားလည်သုံးသပ်ပြီး နက်နက်ရှိုင်းရှိုင်း အလေးထားတဲ့အနေနဲ့သာမက သာမန်လူတွေလည်း အွမ်ရဟ် လုပ်နိုင်စေဖို့အတွက် ဒီဥပဒေကို အတည်ပြုခဲ့တဲ့အကြောင်းကိုလည်း seventh day သတင်းစာကို ၎င်းက သီးသန့်ရှင်းပြသွားခဲ့ပါတယ်။

မက္ကဟ်မှာ အွမ်ရဟ်လုပ်သူတွေကြုံတွေ့ရတဲ့ နေရာဝေးကွာမှုကို ဖြေရှင်းခြင်း အပါအဝင် စည်းကမ်းချက်အသစ်တွေနဲ့အညီ ရုံးဖွင့်ဖို့ လျှောက်လွှာတင်ထားတဲ့ ကုမ္ပဏီတွေကြား အွမ်ရဟ်နဲ့ပတ်သက်တဲ့ စာချုပ်အသစ် ပြန်လည်ချုပ်ဆိုဖို့အတွက် လိုအပ်တဲ့ အခြားကိစ္စတွေကို ဆွေးနွေးပြီးတဲ့နောက် ခရီးသွားလာရေးဝန်ကြီးဌာနက အွမ်ရဟ်ခရီးစဉ်အတွက် သီးခြားသတ်မှတ်ပြဌာန်းထားတဲ့ စည်းကမ်းချက်တွေကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်းလည်း အဆိုပါအတည်ပြုတဲ့ဥပဒေမှာ ပါဝင်ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » اليوم السابع
ဓာတ်ပုံ » اليوم السابع

အေသင်ဗလီသစ်ကြီးရဲ့ နမူနာ ပုံစံ (ဓာတ်ပုံ-အင်တာနက်)
အမျိုးသားရေး အစွန်းရောက်တွေ ကန့်ကွက်နေတဲ့ကြားထဲက ဂရိအစိုးရရဲ့ ဗလီတစ်လုံးတည်ဆောက်ဖို့ အစီအစဉ်ကို ပြီးဆုံးသည့်တိုင် ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ ဂရိနိုင်ငံက မွတ်စ်လင်မ်တွေ မျှော်လင့်နေကြပါတယ်။

အေသင်မြို့ရဲ့ ပထမဆုံးဗလီမှာ သူမနဲ့ မိသားစု အမြန်ဆုံး ဝတ်ပြုခွင့်ရဖို့ အသက် (၄၃) နှစ်အရွယ် Anna Stamou တစ်ယောက် စိတ်လှုပ်ရှားကာ တတ်ကြွနေပါတယ်။

“ စစ်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ကလေးတွေအတွက် ကျမဆုဒိုအာ တောင်းပေးချင်ပါတယ်။ စစ်ပွဲတွေအားလုံး အမြန်ဆုံးရပ်ဖို့ကိုလည်း ဆုတောင်းသွားမှာပါ ” လို့ ဂရိနိုင်ငံ အေသင်မြို့မှာနေတဲ့ ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ သူမက ပြောပါတယ်။

“ ကျမ နေ့တိုင်း နမားဇ်ဝတ်ပြုပြီး ဆုတောင်းပါတယ်။ ဒါပေမဲ့ ဗလီထဲမှာ တောင်းတဲ့ ဆုဒိုအာဟာ အဆပေါင်းများစွာ ပိုမိုထိရောက်စေတယ်လေ ” လို့ လည်း သူမက ထပ်ပြောပါသေးတယ်။

Anna Stamou ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ အစ္စလာမ်ဘာသာကို လေ့လာခဲ့ပြီး သက်ဝင်ယုံကြည်ခဲ့သူ တစ်ဦးပါ။

အေသင်ဗလီသစ်ကြီးရဲ့ နမူနာ ပုံစံငယ် (ဓာတ်ပုံ-အင်တာနက်)
ဂိုဒေါင်အဟောင်းတွေနဲ့ မြေအောက်ခန်းတွေမှာ နှစ်ပေါင်းများစွာ စုပေါင်းဝတ်ပြုခဲ့ကြပြီးနောက် အေသင်မြို့က မွတ်စ်လင်မ်တွေဟာ အစွန်းရောက်တွေရဲ့ ကန့်ကွက်မှုတွေ ရှိနေပေမဲ့ ဗလီတည်ဆောက်သွားမဲ့ အစီအစဉ်ကို အစိုးရက ပြီးဆုံးသည့်တိုင် ဆက်လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဥရောပဒေသက မြို့တော်တွေထဲမှာ အေသင်မြို့ဟာ ဗလီတစ်လုံးမှမရှိတဲ့ တစ်ခုတည်းသောမြို့ဖြစ်ပါတယ်။

(၁၈) ရာစု အစောပိုင်း မတိုင်ခင်အထိ ဂရိနိုင်ငံဟာ အော်တိုမန်အင်ပါယာ (ဟဇရသ်အွမ္မရ်ရဲ့) အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းလေးဆယ်နီးပါး နေခဲ့ရပြီး အခုဗလီတည်ဆောက်မယ်ဆိုရင်တော့ အော်တိုမန်အင်ပါယာခေတ်နောက်ပိုင်း ဥရောပဒေသအစိုးရရဲ့ ထောက်ပံ့မှုနဲ့ တည်ဆောက်တဲ့ ပထမဆုံးသော ဥရောပဗလီလည်း ဖြစ်လာမှာပါ။

အဆိုပါဗလီကို အေသင်မြို့ရဲ့အနောက်ဘက် Votanikos ရပ်ကွက်နားက (၆၀၀) စတုရန်းမီတာ အကျယ်အဝန်းရှိတဲ့ စစ်လက်နက် ဂိုဒေါအဟောင်းတစ်ခုနေရာမှာ တည်ဆောက်သွားမှာဖြစ်ပြီး လူပေါင်း (၃၅၀) ကျော် တစ်ပြိုင်တည်း ဝတ်ပြုနိုင်ကြမှာပါ။

အီဒ်းနမားဇ်ဝတ်ပြုနေကြသော အေသင်မြို့မှ မွတ်စ်လင်မ်များ (ဓာတ်ပုံ-Al Jazeera)
ဗလီအဆောက်အဦးအတွင်းမှာ ဝိုဇူ (ကိုယ်လက်သန့်စင်မှု) ပြုလုပ်နိုင်ဖို့ ရေတံခွန်/ရေပန်းအသေးလေးတစ်ခုကိုလည်း ထည့်သွင်းဖန်တီးထားမှာပါ။

“ ဘာမှ ထူးထူးခြားခြားတော့ ပါမှာမဟုတ်ပါဘူး ” လို့ Anna Stamou ရဲ့ ခင်ပွန်းဖြစ်သူ ဂရိမွတ်စ်လင်မ်အဖွဲ့အစည်း ဥက္ကဋ္ဌ ဖြစ်သူ Naim Elghandour က ပြောပါတယ်။

“ ဒီဗလီ တည်ဆောက်ရေး အစီအစဉ်ဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အရင်က ဗလီရှေ့ဆောင်ဆရာတွေဟာ စေတနာ့ဝန်ထမ်းတွေဖြစ်ကြပြီး သူတို့အတွက် သိပ်ကို အန္တရာယ်များလှပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဂရိနိုင်ငံဟာ ဘာသာမတူတဲ့သူတွေကြားထဲမှာ ပြဿနာကြီးကြီးမားမား မရှိလို့ပါပဲ။ ဗလီတည်ဆောက်ပြီးသွားရင်တော့ အစိုးရရဲ့ တရားဝင်အသိအမှတ်ပြု ဗလီတစ်လုံးရယ် ရှေ့ဆောင်ဆရာရယ်ကို ရတော့မှာပါ ” လို့ ၎င်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။

အေသင်မြို့က မွတ်စ်လင်မ်မဟုတ်တဲ့ လူထုကလည်း ဗလီတည်ဆောက်မှာကို လက်ခံလိုလားနေကြပါတယ်။

“ ကျနော်တို့ဟာ ဒီမိုကရေစီနိုင်ငံပီပီ ကိုးကွယ်မှုဆိုင်ရာ လွတ်လပ်မှု ရှိသင့်ပါတယ် ” လို့ အသက် (၆၂) နှစ်အရွယ် Aggeliki Anagnostopoulou က ပြောပါတယ်။

၎င်းဟာ ဗလီတည်ဆောက်မဲ့ရပ်ကွက်အတွင်းမှာ နေထိုင်သူဖြစ်ပြီး “ ဘာအတွက်ကို ကျနော်က စိုးရိမ်နေရမှာလည်း။ မွတ်စ်လင်မ်ဖြစ်တိုင်း အစွန်းရောက်ဖြစ်နေတာမှ မဟုတ်တာ ” လို့ သူက အယ်လ်ဂျဇီးရားသတင်းထောက်ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဂရိမွတ်စ်လင်မ်အဖွဲ့အစည်းရဲ့ ပြောကြားချက်အရ အေသင်မြို့မှာ နေထိုင်တဲ့ မွတ်စ်လင်မ် (၂) သိန်းကျော်ဟာ အစိုးရအသိအမှတ်မပြုထားတဲ့ နေရာတွေမှာ စုပေါင်းပြီး ဖြစ်သလို ဝတ်ပြုနေကြရပါတယ်။

အများစုသောနေရာတွေဟာ မြေအောက်ခန်းတွေနဲ့ ဂိုဒေါင်ရုံအဟောင်းတွေမှာပါ။

ဒီနှစ်အစောပိုင်းမှာ ဂရိအစိုးရက ဒေါ်လာ (၁.၀၅) သန်း အသုံးပြုပြီး ဗလီဆောက်ခွင့်အား ကုမ္ပဏီတစ်ခုကို ချထားပေးခဲ့ပါတယ်။ နောက်ခြောက်လအတွင်း တည်ဆောက်မှုပြီစီးဖို့ ခန့်မှန်းထားကြပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Al Jazeera
ဓာတ်ပုံ » Al Jazeera


အလ္လာဟ်အရှင်မြတ်နဲ့ တမန်တော်မူစာ (عليه سلم) စကားပြောဆိုခဲ့တဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ အီဂျစ်ဗ်နိုင်ငံမှ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အာရဗ်သတင်းမီဒီယာတွေရဲ့အဆိုအရ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက အလ္လာဟ်အရှင်မြတ်နဲ့ တမန်တော်မူစာ (မိုးဇက်/မောရှေ) ပထမဆုံးစကားပြောဆိုခဲ့တဲ့နေရာကို ရှာဖွေတွေ့ရှိတယ်လို့ ကြေညာလိုက်ကြောင်း သိရှိရတာဖြစ်ပါတယ်။

အီဂျစ်နိုင်ငံမှ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအဗ်ဒွရ်ရဟီးမ်က အီဂျစ်နိုင်ငံရှိ သူရ်စီနာ (သိန) တောင်ပေါ်မှာတည်ရှိတဲ့ စိန့်ကတ်သရင်းကျောင်းနေရာဟာ အလ္လာဟ်အရှင်မြတ်က တမန်တော်မူစာကို တိုက်ရိုက်စကားပြောဆိုခဲ့တဲ့နေရာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သုတေသနပြုချက်တွေအရ အဆိုပါနေရာဟာ အလ္လာဟ်အရှင်မြတ်က တမန်တော်မူစာကို မိမိရောင်ခြည်တော် ပြသလိုက်တဲ့အခါ တမန်တော်မူစာ သတိလစ်မေ့မျောသွားခဲ့တဲ့ နေရာဖြစ်တာ သေချာတယ်လို့ ၎င်းက အခိုင်အမာပြောဆိုခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » GEO TV

Advertisement
Welcome to your advertisements here, Now you can call to +95 94500 22857
http://www.alinmyetwyun.com/2016/12/wardah-halal-cosmetic.html

ယမန်နေ့ ဒီဇင်ဘာ (၁၀) ရက် စနေနေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် လဝကရုံးမှာ နေ့ (၂) နာရီမှ ညနေ (၄း၃၀) နာရီအထိ နှစ်ဖက်ပုဂ္ဂိုလ်များ လွတ်လပ်ရင်းနှီးပွင့်လင်းစွာနဲ့ (၂) နာရီခွဲကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ လဝကအမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့မှ နိုင်ငံသားအထောက်အထားမပြနိုင်သေးသော အစ္စလာမ်ဘာသာဝင်များအား NVC ကတ်ပြားကိုင်ဆောင်ရေးနှင့်ပတ်သက်သည်များကို တက်ရောက်လာသော အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများအား ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးဘက်မှလည်း ဥပဒေအရ နိုင်ငံသားအခွင့်အရေး ရသင့်ရထိုက်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာတွင် ကြန့်ကြာနေမှုများအပါအဝင် လဝကဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့်လုပ်ငန်းများ၌ ကြုံတွေ့နေရသည့်အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာဖြင့် ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါတယ်။

လဝကဦးစီးဌာနဘက်မှလည်း မိမိတို့လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ “ နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေလွယ်ကူစေရန် တိုင်းအဆင့်မှစိစစ်သည့်လုပ်ငန်းစဉ်များအား ခရိုင်အဆင့်သို့ ဖြေလျှော့ပေးထားပြီးဖြစ်ကြောင်းနှင့် အခက်အခဲများအား ခရိုင်ဦးစီးမှူးများထံ တိုက်ရိုက်တင်ပြဆွေးနွေးနိုင်ကြောင်း ” ကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

အဆိုပါဖြေလျှော့မှုအရ ယခင်က ကျောင်းများတွင် အစ္စလာမ်ဘာသာဝင်များအား သွေးနှောဟူ၍သတ်မှတ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် ငြင်းဆန်ခံရမှုများ ရှိခဲ့သော်လည်း ယခုအခါ အများနည်းတူ လွယ်ကူစွာနဲ့ ရရှိနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

NVC ကတ်ပြားများကိုတော့ အစ္စလာမ်ဘာသာဝင်များကိုသာ သီးခြား ကိုင်ဆောင်စေခြင်းမဟုတ်ဘဲ နယ်စပ်ဒေသများ၏ နယ်နိမိတ်ထိစပ်မှု သဘောသဘာဝအရ နှစ်နိုင်ငံလူမျိုးများ ရောထွေးနေခြင်းအပေါ် ဥပဒေအရ စိစစ်ခွဲခြားပေးနိုင်ရန်အတွက် အခိုက်အတန့်ကာလ ကိုင်ဆောင်စေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှ နိုင်ငံသားအထောက်အထားရှိသူ မွတ်စ်လင်မ်များအနေဖြင့် NVC ကိုင်ဆောင်ဖို့ မလိုအပ်ကြောင်းကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ လွန်ခဲ့တဲ့လအနည်းက အသိပေးကြေငြာချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။

ယခုလိုတွေ့ဆုံမှုဟာ ထူးခြားစွာပဲ “ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ ” နဲ့လည်း တိုက်ဆိုင်နေပါတယ်။

သတင်း © အလင်းမျက်ဝန်း
ဓာတ်ပုံ » Ma Toke




တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူးလ်မှာ ယမန်နေ့က ဗုံးပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူဦးရေ (၂၉) ဦးအထိရှိလာပြီး ဒဏ်ရာရရှိသူအရေအတွက်ဟာလည်း (၁၁၆) ဦးလောက် ရှိလာခဲ့ပါတယ်။

သေဆုံးသူ (၂၉) ဦးအနက် (၂၇) ဦးဟာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ တူရကီပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြို့တော်ရဲ့ နေရာအနှံ့က သံသယရှိသူ (၁၀) ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေပြီလို့ အဆိုပါဌာနက တစ်ဆက်တည်း သတင်းထုတ်ပြန်ပါတယ်။

ဒဏ်ရာရသူတွေထဲက (၆) ဦးဟာ စိုးရိမ်ရပြီး၊ (၁၇) ဦးကိုတော့ အရေးပေါ် ခွဲစိတ်ကုသပေးနေရပါတယ်။

ပေါက်ကွဲမှုနှစ်ခုစလုံးမှာ အဝေးထိန်းစနစ်နဲ့ ဗုံးတွေကို ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » အင်တာနက်

ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့ ည (၉) နာရီဝန်းကျင်မှာ တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့လယ်ခေါင်ရှိ ဘက်ရှီတက်ဘောလုံးကွင်းအနီးမှာ ကားဗုံးပေါက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်မှာ ဘက်ရှီတက် ဘောလုံးအသင်းနဲ့ ဘာဆာဘောလုံးအသင်းတို့ရဲ့ ဘောလုံးပွဲအပြီး နှစ်နာရီခန့်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အနည်းဆုံး အယောက် ၂၀ လောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။ ဒဏ်ရာရသူ အများစုဟာ အဓိကရုဏ်းအကြမ်းဖက်မှုထိန်းသိမ်းရေး ရဲတပ်ဖွဲ့များဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဘောလုံးပွဲသို့ ပရိသတ် တစ်သောင်းခွဲကျော်လောက် တက်ရောက်ခဲ့ပေမယ့် ပရိသတ်တွေ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြဘူးလို့ သိရပါတယ်။

အဆိုပါ ကားဗုံးပေါက်မှုဖြစ်စဉ်မှာ လုံခြုံရေးရယူထားတဲ့ အဓိကရုဏ်းအကြမ်းဖက်မှုထိန်းသိမ်းရေးရဲများကို အဓိကပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်ဟာ မြို့လယ်ခေါင်မှာ ဖြစ်ပွားခဲ့တာကြောင့် ကိုယ်တွေ့မျက်မြင် တွေ့ကြုံခဲ့ရသူ မြောက်မြားစွာရှိခဲ့ပါတယ်။

မျက်မြင်ကြုံတွေ့သူတွေကိုယ်တိုင် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေဟာလည်း မိနစ်ပိုင်းအတွင်း လူမှုကွန်ယက်တွေပေါ်ကို ပြန်နှံ့ခဲ့ပါတယ်။

“ ပေါက်ကွဲမှုဟာ နှစ်ခုတောင်ဖြစ်ခဲ့တာပါ။ ပြီးတော့ လုံခြုံရေးယူထားတဲ့ရဲတွေဟာ ဆိုးဆိုးရွားရွားကို ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ် ” လို့ ကိုယ်တွေ့မြင်သူနှစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပြခဲ့ကြပါတယ်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပဲ မီးသတ်ကားတွေ၊ လူနာတင်ယာဉ်တွေနဲ့ ရဲကားတွေရဲ့ အရေးပေါ်အချက်ပေးအသံတွေဟာ ရေခဲမှတ်နီးပါး အေးစက်နေတဲ့ အစ္စတန်ဘူးလ်မြို့ရဲ့ အားလပ်ချိန် စနေနေ့ညတစ်ညဟာ အကျည်းတန်အရုပ်ဆိုးတဲ့ အမဲစက်တစ်ခုအဖြစ် ထင်ကျန်သွားပါတယ်။

ရာဇာ © အလင်းမျက်ဝန်း
ကိုးကား » Mirror


Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat