12/14/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

The Brookings Institution က အောက်တိုဘာလ (၅) ရက်နေ့မှ (၁၄) ရက်အတွင်း လူပေါင်း (၁၅၂၈) ယောက်ကို မေးမြန်းခဲ့တဲ့ စစ်တမ်းတွေရဲ့ ရလဒ်ကို ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်တမ်းတွေအရ အမေရိကန်ဒီမိုကရက်အများစုက အစ္စရေးဟာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ ဖြေကြားခဲ့ပြီး အစ္စရေးရဲ့မတရားနယ်မြေချဲ့ထွင်မှုကိုလည်း ထိရောက်တဲ့တားဆီးမှုမျိုး (သို့မဟုတ်) စီးပွားရေးပိတ်ပင်မှုမျိုးတွေကို လုပ်သင့်တယ်လို့ ဖြေကြားခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံက ဒီမိုကရက်တွေရဲ့ (၅၅) ရာခိုင်နှုန်း၊ ရီပတ်ပလစ်ကန်တွေရဲ့ (၂၄) ရာခိုင်နှုန်းနဲ့ တသီးပုဂ္ဂလအမြင်ရှိသူတွေ၊ ပါတီစွဲမရှိသူတွေရဲ့ (၄၁) ရာခိုင်နှုန်းက အစ္စရေးတွေဟာ အမေရိကန်နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့ ဖြေကြားခဲ့ကြပါတယ်။

ဂျူးအခြေချနေထိုင်သူတွေဟာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သော်လည်း (၇၆) ရာခိုင်နှုန်းသော အမေရိကန်လူမျိုးတွေကတော့ အစ္စရေးဟာသူတို့အတွက် အရေးပါတဲ့ မဟာမိတ်ဖြစ်တယ်လို့ ဖြေကြားခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း အမေရိကန်ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ စစ်ရေးနဲ့တော်လှမ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အစ္စရေးလိုအပ်တယ်လို့ စစ်တမ်းအရ ဆိုထားပါတယ်။

အစ္စရေးကို မဟာမိတ်လို့သတ်မှတ်တဲ့ထဲမှာ ရီပတ်ပလစ်ကန်တွေဟာ အများဆုံးဖြစ်ပြီး ရီပတ်ပလစ်ကန် (၈၅) ရာခိုင်နှုန်းက မဟာမိတ်လို့ သတ်မှတ်ထားကြပါတယ်။ ဒီမိုကရက် (၇၀) ရာခိုင်နှုန်းနဲ့ ပါတီစွဲ မရှိသူတွေရဲ့ (၆၀) ရာခိုင်နှုန်းကတော့ မဟာမိတ်အဖြစ် သတ်မှတ်ပါတယ်။

အသက် (၅၅) နှစ်နဲ့အထက် အမေရိကန်နိုင်ငံသားတွေဟာ အစ္စရေးကို မဟာမိတ်အဖြစ် သတ်မှတ်ထားပြီး (၁၈) နှစ် မှ (၃၂) နှစ်ကြားက (၇၀) ရာခိုင်နှုန်း၊ (၃၅) နှစ် မှ (၅၄) နှစ်ကြားကတော့ (၇၁) ရာခိုင်နှုန်းအထိ အစ္စရေးကို မဟာမိတ်အဖြစ် သတ်မှတ်ထားကြပါတယ်။

အစ္စရေးရဲ့ မတရားနယ်မြေ ကျူးကျော်ချဲ့ထွင်နေမှုကို ထိရောက်တဲ့ တာဆီးမှုမျိုး (သို့မဟုတ်) စီးပွားရေးပိတ်ပင်မှုမျိုးတွေ ပြုလုပ်ဖို့ ထင်မြင်ချက်ပေးတဲ့ စစ်တမ်းရလဒ်ကတော့ တိုးများလာတာ သေချာပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဒီမိုကရက် (၄၉) ရာခိုင်နှုန်းသာရှိပြီး၊ ယခု (၆၀) ရာခိုင်နှုန်းအထိ အစ္စရေးကို အရေးယူဖို့ ထင်မြင်ချက်ပေးလာကြပါတယ်။

အရေအတွက်နည်းပေမဲ့လည်း ရီပတ်ပလစ်ကန် (၃၁) ရာခိုင်နှုန်းက အစ္စရေးကိုအရေးယူဖို့ ထင်မြင်ချက်ပေးခဲ့ပြီး မနှစ်က (၂၆) ရာခိုင်နှုန်းကသာ ဒီအဆိုကို ထောက်ခံခဲ့ကြတာပါ။

ရီပတ်ပလစ်ကန် (၆၈) ရာခိုင်နှုန်းနဲ့ ပါတီစွဲမရှိသူတွေရဲ့ (၅၄) ရာခိုင်နှုန်းက အမေရိကန်အစိုးရဟာ အစ္စရေးရဲ့ နယ်မြေချဲ့ထွင်နေမှုတွေအပေါ် ထိထိရောက်ရောက် တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » RT


ကုလသမဂ္ဂမှာ ပါကစ္စတန်နိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် မလီဟဟ်လူဒီက တောင်အာရှနိုင်ငံက ပြသနာတွေကို ဖြေရှင်းဖို့အတွက် သံခင်းတမန်ခင်းများများ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှနိုင်ငံတွေမှာ ဖြစ်ပွားလျက်ရှိတဲ့ ပြသနာတွေကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ မိမိတို့ရဲ့ ကိုယ်ကျိုးတွေကို မျက်ကွယ်ပြုပြီး ငြိမ်းချမ်းရေးကိုသာ တည်ဆောက်သင့်ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ မလီဟဟ်လူဒီက ပြောကြားသွားခဲ့ပါတယ်။

“ ပါကစ္စတန်နိုင်ငံဟာ တောင်အာရှရဲ့ ငြိမ်းချမ်းရေးကို လိုလားနေပါတယ်။ ကရှ်မီးရ်အရေးအပါအဝင် အခြားဖြေရှင်းဖို့ လိုအပ်နေတဲ့ အရေးကိစ္စအားလုံးကို နှစ်ဦးနှစ်ဖက် ဆွေးနွေးသွားဖို့လည်း ဆန္ဒရှိနေပါတယ်။ ” လို့ သူမက ဆက်လက်ပြောကြားသွားခဲ့ပါသေးတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့တွေကြားမှာ အချင်းချင်း ဆွေးနွေးညှိနှိုင်းခြင်းကသာ အဲဒီနိုင်ငံမှာ ငြိမ်းချမ်းလမ်းစဉ် ဖြောင့်ဖြူးအောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း သူမက ပြောကြားသွားခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » GEO TV


ခြောက်နှစ်သားအရွယ် အာဖဂန်ကလေးငယ်လေးတစ်ဦးရဲ့ ကမ္ဘာကျော်ဘောလုံးအားကစားသမား မက်စီနဲ့ တွေ့ဆုံချင်တဲ့ အိပ်မက်ဟာ လက်တွေ့ အကောင်အထည် ပေါ်သွားခဲ့ပါပြီ။

အာဂျင်တီနားနိုင်ငံ့လက်ရွေးစင်အသင်းနဲ့၊ ဘာစီလိုနာကလပ်အသင်းတွေရဲ့ တိုက်စစ်မှူးအဖြစ် ပါဝင်ကစားနေတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးအားကစားသမား မက်စီဟာဆိုရင် ဘောလုံးဝါသနာပါတဲ့ မုရ်သဒွာအဟ်မဒ်ဒီ ရဲ့ အရူးသွပ်ဆုံးသော ကစားသမား ဖြစ်ခဲ့ပါတယ်။

ဒီနှစ်ထဲမှာပဲ လူမှုကွန်ရက်တွေမှာ မုရ်သဒွာအဟ်မဒ်ဒီလေးရဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေဟာ အတော်လေး ပျံ့နှံ့သွားခဲ့ပါတယ်။

အဲဒီ ဗွီဒီယိုဖိုင်ထဲမှာ မုရ်သဒွာလေးတစ်ယောက် မက်စီရဲ့ ကျောနံပါတ် 10 နဲ့ အမည်ပါတဲ့ ကျွတ်ကျွတ်အိတ် တီရှပ်ကို ဝတ်ဆင်ပြီး ဘောလုံးကစားနေတာ တွေ့မြင်ခဲ့ရပါတယ်။

ဒီဗွီဒီယိုဖိုင်ကို ဘောလုံးသမား မက်စီ မြင်တွေ့ကြည့်ရှုခဲ့ပြီးနောက်မှာတော့ သူတို့နှစ်ဦးကို တွေ့ဆုံနိုင်ဖို့အတွက် လူမှုကွန်ရက်ပေါ်မှာ တက်ကြွလှုပ်ရှားသူတွေက ကြိုးပမ်းခဲ့ကြပါတယ်။

သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုဟာ ကာတာနိုင်ငံမှာ ကျင်းပလျက်ရှိနေတဲ့ ချစ်ကြည်ရေးကစားပွဲမှာ ဖြစ်ခဲ့ပါတယ်။

မုရ်သဒွာလေးဟာ မက်စီနဲ့အတူ ဘောလုံးကစားကွင်းထဲကို ဝင်ရောက်လာခဲ့ပြီး ဘာစီလိုနာအသင်းသားတွေနဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခွင့် ရခဲ့ပါတယ်။ မက်စီက သူ့အကျီတစ်ထည်ပေါ်မှာ သူကိုယ်တိုင် လက်မှတ်ထိုးပြီး မုရ်သဒွာလေးကို လက်ဆောင်ပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်အရင်က မက်စီနာမည်ပါတဲ့ ကျွတ်ကျွတ်အိတ်တီရှပ်ကို ဝတ်ပြီးကစားခဲ့တဲ့ (၆) နှစ်သား အာဖဂန်ကလေးငယ် မုရ်သဒွာအဟ်မဒ်ဒီလေးဟာ ဒီကနေ့မှာတော့ မက်စီရဲ့အကျီအစစ်ကို ဝတ်ဆင်နေရပါပြီ။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » GEO TV, အင်တာနက်


သြစတေးလျနိုင်ငံမှာ သိပံ္ပပညာရှင်များက စိန်အစစ်ထက် ပိုပြီးမာကျောတဲ့စိန်ကို ဖန်တီးပြုလုပ်နိုင်ခဲ့ပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သိပ္ပံပညာရှင်တွေဟာ စိန်ရဲ့ မာကျောမှုကို ပိုမိုတိုးပွားလာဖို့ ကြိုးစားစွမ်းဆောင်ခဲ့ကြပါတယ်။

ယခုအခါမှာတော့ သြစတေးလျနိုင်ငံရဲ့ သုတေသီကြီးများက စိန်အစစ်ထက်ကို ပိုပြီး မာရည်ကျောရည်ရှိတဲ့ ရှားပါး စိန်တစ်မျိုးကို တီထွင်ဖန်တီးလိုက်နိုင်ခဲ့ကြပါတယ်။ ဒါဟာ စိန်လောကရဲ့ ဗားရှင်းအသစ်တစ်ခု ဖြစ်လာပါတယ်။

Lonsdaleite ဆိုတဲ့ စိန်ဟာ ကမ္ဘာ့အရပ်ဒေသအသီးသီးမှာ တွေ့မြင်နိုင်ပါတယ်။ အဆိုပါ Lonsdaleite စိန်ဟာ တခြားစိန်တွေထက်စာရင် ၅၈% လောက် ပိုပြီး မာကျောပါတယ်။

ယခုအခါ သိပံပညာရှင်ကြီးများက အဆိုပါ Lonsdaleite စိန်ထက် ပိုပြီးမာကျောတဲ့စိန်ကို ဖန်တီးပြုလုပ်လိုက်ကြခြင်းဖြစ်ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » အင်တာနက်


ဒီဇင်ဘာ (၁၃) ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်မှာ လူဦးရေ ၄၀၀၀ ကျော်ကို နိုင်ငံသားမှတ်ပုံတင်စမတ်ကဒ်များ ထုတ်ပေးဖို့ ရှေ့ပြေးစမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

စမတ်ကဒ်ထုတ်ပေးနိုင်ရန်အတွက် အမေရိကန်နည်းပညာကိုအသုံးပြု၍ ပုံစံ(၆၆) အိမ်ထောင်စုဇယားနှင့် ကိုယ်ရေးမှတ်တမ်း အချက်အလက်များကို စာရင်းသွင်းကာ လက်ဗွေနှင့် မျက်လုံးတို့အား စကင်ဖတ်၍ မှတ်တမ်းတင်ရတယ်လို့ သိရပါတယ်။

အဆိုပါ စမတ်ကဒ်မှတ်ပုံတင် (Smart ID) ထုတ်ပေးမည့် အစီအစဉ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရှေ့ပြေးစမ်းသပ်မှု (Pilot Project) အဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ နေပြည်တော်-ပုဗ္ဗသီရိမြို့နယ်နဲ့ မန္တလေး-ချမ်းအေးသာစံမြို့နယ်တို့ရဲ့ အချို့နေရာတွေမှာ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » News Watch
ဓာတ်ပုံ » News Watch


ဒီဇင်ဘာ (၁၃) ရက် မနေ့က မန္တလေးမြို့၊ ၂၇ x ၂၈ ကြား၊ ၈၂ လမ်းပေါ်ရှိ ဂျွန်းဗလီဝင်း အစ္စလာမ်ဘာသာရေးစာသင်ကျောင်းဆောင် အောက်ထပ်တွင် တပ်မတော်နယ်လှည့်ဆေးတပ်ဖွဲ့မှ အစ္စလာမ်ဘာသာဝင်များကို ကျန်းမာရေးကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးထင်အောင်ဝင်းဦးဆောင်တဲ့ တပ်မတော်အရာရှိ အထွေထွေရောဂါ ပါရဂူကြီးများအပါအဝင် အဖွဲ့ဝင်အင်အား (၃၀) ဦးဖြင့် နံနက် (၈) နာရီမှ ညနေ (၄) နာရီ အချိန်အတွင်း လူနာပေါင်း (၂၈၉) ဦးကို အခမဲ့လာရောက်ကုသစစ်ဆေးပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကျန်းမာရေးကူညီစောင့်ရှောက်မှုလုပ်ငန်းစဉ်များအား မန္တလေးတိုင်းဒေသကြီး တပ်နယ်မှူး ဗိုလ်မှူးချုပ်လှဇော်မှ လာရောက်စစ်ဆေးကြည်ရှု အားပေးခဲ့တယ်လို့ သိရပါတယ်။

အလားတူပင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ပါလျှံဗလီကြီးမှာလည်း တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့တယ်လို့ တာချီလိတ်သတင်းအေဂျင်စီက ဖော်ပြသွားပါတယ်။

သတင်း © အလင်းမျက်ဝန်း
ဓာတ်ပုံ » ကိုသားကြီး


Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat