12/15/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ထင်ရှားကျော်ကြားတဲ့ ပါကစ္စတန် တေးသံရှင်ဟောင်း၊ တေးရေးနှင့် ကဗျာစာဆိုတော် အကျော်အမော် သာသနာပြုပုဂ္ဂိုလ်ကြီး ရှဟီဒီ ဂျိုနိုဒ်ဂျမ်ရှီးဒ်ရဲ့ ဂျနာဇဟ်နမားဇ် ဝတ်ပြုပြီးခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ ဂျနာဇဟ်နမားဇ်ကို ပါကစ္စတန်နိုင်ငံရဲ့ အကျော်အမော် အဓိပတိ သာသနာ့ပညာရှင်ကြီးတစ်ပါးဖြစ်တဲ့ မောင်ဝ်လာနာ သွာရီးက်ဂျမီးလ်ဆပ်ဟာ ထောင်ပေါင်းများစွာသော လူတွေနဲ့အတူ ဦးဆောင်ဝတ်ပြုပေးခဲ့ပါတယ်။

ကရာချီမြို့တော်၊ ကိုရန်ဂီရပ်ကွက်မှာတည်ရှိတဲ့ ကမ္ဘာကျော် “ ဒါရွလ်အုလူးမ် ” အစ္စလာမ့်တက္ကသိုလ်ကြီးရဲ့ သင်္ချိုင်းမှာ မြှုပ်နှံသင်္ဂြိုလ်ပေးခဲ့ပါတယ်။

PIX ဆေးရုံကနေ အစ်ကိုဖြစ်သူ ဟုမာယူန်ဂျမ်ရှီးဒ်က ကွယ်လွန်သူ ညီတော်မောင်ရဲ့ ရုပ်ခန္ဓာကိုယ်အား ပါကစ္စတန်နိုင်ငံအလံတော်ကို လွှမ်းခြုံပြီး AKD ကွင်းပြင်ဆီသို့ ယူဆောင်လာခဲ့ပါတယ်။

အကျော်အမော် ဓမ္မသတ်ပညာရှင် ပါမောက္ခချုပ် မွတ်ဖ်သီ သကီး (အွတ်စ်မာနီ)၊ MQM အဖွဲ့ရဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အကြီးအကဲ ဖာရူးက်စသ်သားရ်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ခွရ်ရှေးဒ်ကုစူရီ၊ ကာကွယ်ရေး ဦးစီးချုပ် အင်န်သွီမာမွလ်ဟက်၊ နာမည်ကျော် ခရစ်ကတ်ကစားသမားဖြစ်တဲ့ မိုဟမ္မဒ် ယူစွတ်ဖ်၊ မိုဟမ္မဒ် ဟဖီးဇ်၊ ဂျမီအသွလ်အစ္စလာမ်အဖွဲ့မှ ဥက္ကဋ္ဌ ဟာဖီးဇ် နအီမွရ် ရဟ်မာန်း၊ PTI  အဖွဲ့ ဥက္ကဋ္ဌ ခိုရမ်ရှေးရ် ဇမာန်း၊ ဖိုင်စွာလ်ဝါဒါ၊ PXP အဖွဲ့ရဲ့ ဒေါက်တာ စွဂီးရ် အဟ်မဒ်၊ နာမည်ကျော် သရုပ်ဆောင်မင်းသားများဖြစ်တဲ့ စိုအူးဒ်၊ နဗီးလ်၊ အဲအ်ဂျားဇ် အတ်စ်လမ်းတို့နဲ့အတူ နာမည်ကြီး အဆိုတော်များအပြင် ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်စုံမှ အထင်ကရ ထိပ်တန်းပုဂ္ဂိုလ်ကျော်ကြီးများဟာ ကွယ်လွန်သူ စာဆိုတော်ကြီး ဂျိုနိုဒ်ဂျမ်ရှီးဒ်ရဲ့ ဂျနာဇဟ် (ဈာပနအခမ်းအနား) မှာ သိုက်သိုက်ဝန်းဝန်း ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဂျနာဇဟ် (ဈာပနအခမ်းအနား) သို့ လာရောက်သူ အရမ်းကို များပြားလွန်းတာကြောင့် လုံခြုံရေးတွေကို တင်းကြပ်စွာ ချထားရပြီး AKD ကွင်းပြင်ကြီးတစ်ခုလုံး ပြည့်လျှံနေပါတယ်။

မသမာသူတွေရဲ့ရန်ပြုခြင်းကနေ ကာကွယ်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့များဟာ အခမ်းအနားမတိုင်ခင် ကွင်းပြင်တစ်ခုလုံးကို ကြိုတင်လုံခြုံရေးရယူခဲ့ပြီး သဲလွန်စရှာဖွေရေး စစ်ခွေးများနဲ့ အဆင့်မြင့်စက်များကို အသုံးပြုပြီး ဗုံးနဲ့ ပေါက်ကွဲစေတဲ့ လုပ်ကြံမှုတွေဖြစ်မလာရအောင် ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးခဲ့ကြပါတယ်။

ဂျနာဇဟ်နမားဇ် ဝတ်မပြုမီ မောင်ဝ်လာနာ သွာရီးက်ဂျမီးလ်ဆပ်ဟာ မျက်ရည်စက်လက်နဲ့ ခပ်တိုတိုမိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ ဂျိုနိုဒ်ဂျမ်ရှီးဒ်နဲ့အတူ လေယာဉ်ပျက်ကျမှုမှာပါဝင်ပြီး ကွယ်လွန်သွားခဲ့တဲ့ ဇနီးသည်နေဟာကိုလည်း လာဟိုးရ်မြို့မှာ ဂျနာဇာဟ်နမားဇ် ဝတ်ပြုခဲ့ပါတယ်။

ဒီဇင်ဘာလ (၇) ရက်နေ့မှာ ပါကစ္စတန်နိုင်ငံ ကျသ်ရာလ်ဒေသကနေ အစ္စလာမ်အာဗာဒ်မြို့တော်ကို ပျံသန်းခဲ့တဲ့ PIA လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ်စဉ် PK661 ပျက်ကျမှုမှာ ဂျိုနိုက်ဒ်ဂျမ်ရှီးဒ်နဲ့အတူ ၎င်းရဲ့ဇနီးအပါအဝင် လိုက်ပါလာတဲ့ လူပေါင်း (၄၇) ဦးစလုံး ကွယ်လွန်သေဆုံးခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » အင်တာနက်

ဆော်ဒီနိုင်ငံလွှတ်တော် (ဓာတ်ပုံ » العربية)

မိမိရဲ့နိုင်ငံအတွင်းမှာ အကြမ်းဖက်ဝါဒနဲ့ ဘာသာရေးအစွန်းရောက်မှုကို ထိထိရောက်ရောက် ရင်ဆိုင်သွားမယ်လို့ ဆော်ဒီဘုရင်စလ်မာန်းက ပြောကြားလိုက်ပါတယ်။

ဆော်ဒီနိုင်ငံ ရိယာဒ်မြို့တော်မှာ ကျင်းပနေတဲ့ သတ္တမအကြိမ်မြောက် လွှတ်တော်အစည်းအဝေးပွဲရဲ့ ပထမအကြိမ် အဖွင့်မိန့်ခွန်းမှာ ဘုရင်ကြီးစလ်မာန်းက အခုလိုပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

“ နိုင်ငံတော်ငြိမ်းချမ်းသာယာရေး၊ ပြည်သူတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြင့်မြတ်တဲ့မြို့တော်ကြီးနှစ်ခုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့အတွက်ဆိုရင် လိုအပ်လာသမျှ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွတ်တဲ့နေရာမှာ နည်းနည်းလေးမှ ဆိုင်းတွခဲ့တာ မရှိပါဘူး။ ” လို့ ဘုရင်ကြီးစလ်မာန်းက ပြောကြားသွားပါတယ်။

“ အကြမ်းဖက်အတွေးအခေါ်နဲ့ ဘာသာရေးအစွန်းရောက်မှုဟာ နိုင်ငံတော်တိုးတက်မှုလမ်းမှာ အဟန့်အတား ဖြစ်ပေါ်စေတဲ့အတွက် ဒါကို မိမိရရ ရင်ဆိုင်တွန်းလှန်းသွားရပါလိမ့်မယ် ” လို့ လည်း ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

ဘုရင်မင်းကြီးစလ်မာန်းဟာ ဗီးရှင်း၂၀၁၃ အပေါ် မီးမောင်းထိုးပြခဲ့ပြီး မိမိရဲ့ ရည်ရွယ်ချက်မှာ နိုင်ငံသားတွေကို ဂုဏ်သိက္ခာရှိရှိနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးရေး၊ စီးပွားရေး ပြုပြင်ပြောင်လဲရေးနဲ့ နိုင်ငံ့သံယံဇာတတွေကို တန်းတူညီမျှ ခွဲခြမ်းပေးနိုင်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆော်ဒီနိုင်ငံအနေနဲ့ အိမ်နီးချင်း ယီမင်နိုင်ငံအပါအဝင် အခြားမည်သည့်နိုင်ငံရဲ့ အတွင်းရေးမှာမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့သလို ဝင်ရောက်စွက်ဖက်ဖို့ ဆန္ဒမရှိပါကြောင်းကိုလည်း မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆော်ဒီနိုင်ငံရဲ့ လွှတ်တော်အမတ်နေရာ (၁၅၀) ရှိတဲ့အနက် (၃) နေရာကို အမျိုးသမီးတွေအတွက် သီးသန့်အဖြစ် ထားရှိပေးထားပြီးလည်း ဖြစ်ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV

ဆော်ဒီနိုင်ငံတော်၏ ဘုရင်မင်းမြတ်ကြီး စလ်မာန်း (ဓာတ်ပုံ » GEO TV)

ဆော်ဒီလွှတ်တော်မှ အမျိုးသမီး ကိုယ်စားလှယ်အမတ်များ (ဓာတ်ပုံ » العربية)

ဆီးရီယားနိုင်ငံ အလပ်ပိုမြို့သားတွေနဲ့ ပြင်သစ်နိုင်ငံဟာ တစ်သားတည်းဖြစ်ကြောင်း ဖော်ညွှန်းဖို့အတွက် လူပေါင်း (၂၀၀၀) ကျော် စုရုံးဆန္ဒပြခဲ့ကြပြီးနောက် ပဲရစ်အာဏာပိုင်တွေက အိဖ်ဖဲလ်မျှော်စင်ရဲ့မီးတွေကို ပိတ်ပေးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ ရရှားသံရုံးရှေ့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။

ဆီးရီးယားအာဏာရှင် အာဆဒ်ရဲ့ စစ်တပ်နဲ့ ရရှားလေယာဉ်တွေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးနေရတဲ့ အလပ်ပိုမြို့နဲ့ ထပ်တူထပ်မျှ ဖြစ်ကြောင်းကို ပြသဖို့အတွက် ပဲရစ်မြို့ အာဏာပိုင်တွေက ကမ္ဘာကျော် အိဖ်ဖဲလ်မျှော်စင်ကြီးကို မီးပိတ်ပြခဲ့ခြင်း ဖြစ်ပါတယ်။

“ ညစဉ်ညတိုင်း မီးအလုံးရေ ထောင်ပေါင်းများစွာနဲ့ ထွန်းလင်းတောက်ပနေလေ့ရှိတဲ့ ဒီကျော်ကြားလှတဲ့ မျှော်စင်ကြီးကို မီးပိတ်လိုက်ရတဲ့ ရည်ရွယ်ချက်က ဆီးရီးယားမှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံး ရပ်တန့်သွားအောင်လုပ်ဖို့ လိုအပ်နေတဲ့အကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကို အသိပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ” လို့ ပဲရစ်မြို့တော်ဝန် အန်အီဒါလေဂူက ပြောပါတယ်။

ဒါဟာဆိုရင် အလင်းရောင်မြို့တော်လို့နာမည်ရတဲ့ ပဲရစ်မြို့တော်ရဲ့ အထင်ကရ အိဖ်ဖဲလ်မျှော်စင်ကြီးကို မီးအမှောင်ကျခဲ့ရတဲ့ ရှားရှားပါးပါး အခြေအနေထဲက တစ်ခုအဖြစ် သတ်မှတ်လို့ရပါတယ်။

ထို့အတူ လူဦးရေ (၂၀၀၀) ကျော်လောက်ဟာ ပိတ်ဆို့ဝန်းရံခံထားရတဲ့ အလပ်ပိုမြို့သားတွေနဲ့ တစ်သားတည်းဖြစ်ကြောင်း ထုတ်ဖော်ဖို့အတွက် မြို့တော်ပဲရစ်မှာ စုရုံးခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အလပ်ပိုမြို့မှာ အပစ်အခတ်တွေ ချက်ချင်းရပ်စဲပေးဖို့၊ အရပ်သားတွေကို ဘေးကင်းတဲ့နေရာတွေကို ထွက်ခွာခွင့်ပြုပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံး ပို့ဆောင်ခွင့်ပေးဖို့ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြကြသူတွေဟာ အလပ်ပိုမြို့သားတွေ ခံစားနေကြရတဲ့ စစ်ဘေးဒုက္ခတွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး အာဏာရှင်အာဆဒ်နဲ့ သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ ရရှားသမ္မတပူတင်တို့ကို စစ်ရာဇဝတ်မှု ကျူးလွန်သူတွေလို့ အော်ဟစ်ပြောဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » الجزيرة
ဓာတ်ပုံ » الجزيرة


အမေရိကန်နိုင်ငံ သမ္မတသစ် ဒေါ်နယ်ထရမ့်က “ အမေရိကန်နိုင်ငံထုတ် ပစ္စည်းတွေကို ဝယ်ယူ အားပေးကြပါ။ အမေရိကန်နိုင်ငံသားတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးမယ်။ ဒါဟာ ကျုပ်ရဲ့ပေါ်လစီပဲ ” လို့ ပြောကြားလိုက်ပါတယ်။

ဒီစကားကို ထရမ့်က ဝစ်ကာစင်န်ပြည်နယ်က ပြိုင်ပွဲတစ်ခုမှာ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းပေါင်း (၇၀၀၀၀) ခုနှစ်သောင်းလောက် ဒေဝါလီခံသွားရပြီ ဖြစ်တာကြောင့် အမေရိကန်နိုင်ငံဟာ နှစ်စဉ် ကန်ဒေါ်လာ (၈၀၀) ဘီလီယံလောက်ထိ စီးပွားရေး ဆုံးရှုံးနစ်နာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် ကုန်ထုတ်လုပ်မှုအပိုင်းကဏ္ဍနဲ့ ဆက်စပ်နေတဲ့ အလုပ်သမား ၃ ပုံ ၁ ပုံလောက်ဟာ အလုပ်လက်မဲ့ဖြစ်ကုန်ကြပြီလို့ သမ္မတသစ် ဒေါ်နယ်ထရမ့်က ဆက်လက်ပြောကြားခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » Geo TV


နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့စစ်တမ်းတွေအရ အနောက်နိုင်ငံတွေမှာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းသက်ဝင်ယုံကြည်မှုဟာ အဆမတန် ပိုမိုများပြားလာနေကြောင်း ညွှန်းဆိုပြသထားပါတယ်။

၎င်းကိန်းဂဏန်းများအနက် လူဦးရေတိုးပွားမှုကြောင့်မဟုတ်ဘဲ မိမိတို့မူလမိရိုးဖလာ ယုံကြည်ကိုးကွယ်မှုကို စွန့်ပယ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ အစ္စလာမ်ဘာသာရဲ့ ငြိမ်းချမ်းတဲ့အရိပ်အောက်ကို ဝင်ရောက်ခိုလှုံလာမှုဟာ ရာခိုင်နှုန်းအရ သိသိသာသာ များပြားလွန်းနေပါတယ်။

လက်တွေ့မှာတော့ အဆိုပါ စစ်တမ်းတွေမှာ ဖော်ပြထားတဲ့အတိုင်းအတာ ပမာဏထက် ပိုများပြားနိုင်သေးကြောင်းလည်း ကိန်းဂဏန်း ညွှန်းဆိုမှုတွေအရ သိရှိရပါတယ်။

၂၀၁၀ မှ ၂၀၅၀ အတွင်း ကမ္ဘာတလွှား အစ္စလာမ်ဘာသာသို့ ကူးပြောင်းသက်ဝင်ယုံကြည်မှုဟာ အမြင့်ဆုံးကိန်းဂဏန်းဖြစ်နေကြောင်း PEW Research Center ရဲ့ ညွှန်းဆိုချက်အရ သိရပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » سكاي نيوز عربية
ဓာတ်ပုံ » PEW

Advertisement
Welcome to your advertisements here, Now you can call to +95 94500 22857

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat