12/17/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ယနေ့ခေတ် သိပ္ပံပညာရှင်တွေဟာ ရှေးပဝေသဏီအရင်က ရေရင်းမြစ်တစ်ခုကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဆိုပါရေရင်းမြစ်ကြီးဟာ အနည်းဆုံး နှစ်ပေါင်း (၂) ဘီလီယံလောက် ရှိနေပြီ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံရဲ့ ဒေသတစ်ခုဖြစ်တဲ့ အွန်တာဒီယူးအနီးရှိ ကဒ်မိုင်းဒေသမှာ ရေရင်းမြစ်တစ်ခုကို ၂၀၁၃ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလတုန်းက တွေ့ရှိခဲ့တဲ့ ရေရင်းမြစ်ဟောင်းကြီးဟာ နှစ်ပေါင်း (၁) ဘီလီယံခွဲလောက်အရင်ကရေလို့ ခန့်မှန်းအတည်ပြုခဲ့ပေမဲ့ အခုအခါမှာ အဆိုပါနေရာရဲ့ နက်ရှိုင်းမှုကို သေချာလေ့လာစမ်းစစ်ပြီးနောက် သိရှိလိုက်တာက နှစ်ပေါင်း (၁) ဘီလီယံခွဲထက် ပိုရှေးကျတဲ့ မြေပထဝီအောက်က ရေရင်းမြစ်ကြီးပဲ ဖြစ်နေပါတယ်။

အဆိုပါ ရှေးအကျဆုံးသော ရေရင်းမြစ်ကြီးကို ရှာဖွေတွေ့ရှိချိန် ၂၀၁၃ ခုနှစ်က အဲဒီနေရာရဲ့ အနက်ဟာ (၂.၄) ကီလိုမီတာ မြေအောက်လိုဏ်ခေါင်းမှာ ရှိနေခဲ့တယ်ဆိုပေမဲ့ အဲဒီလိုဏ်ခေါင်းရဲ့ အနက်ဟာ တကယ့်တော့ (၃.၁) ကီလိုမီတာအထိ ရှိနေပါတယ်။ ဒါကြောင့် ဒီအနက်ဟာ တစ်ကမ္ဘာလုံးမှာ အနက်ဆုံးသော လိုဏ်ခေါင်းပဲ ဖြစ်ပါတယ်။

အဆိုပါ ရေရင်းမြစ်ကြီးကို တိုရန်တိုတက္ကသိုလ်ရဲ့ ကျွမ်းကျင်ပညာရှင်ကြီးတွေက ရှာဖွေတွေ့ရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။

“ ၂၀၁၃ ခုနှစ်မှာတုန်းက ကျနော်တို့ဟာ ဒီရေရင်းမြစ်ကြီး နှစ်ဘယ်လောက်ရှေးကျနေပြီလဲ၊ ရေအနက် ဘယ်လောက်ထိရှိလဲ ဆိုတာကို သိချင်နေခဲ့ကြပါတယ်။ ဒါကြောင့် နက်သည်ထက်အနက်ကို ရောက်အောင် သွားခဲ့ကြပါတယ်။ နောက်ပြီး ကျနော်တို့ဟာ တွင်းတူးတဲ့လုပ်ငန်းလုပ်နေစဉ်အတွင်း မြေရဲ့ အနက်ထဲမှာ ဆက်တိုက်ဆိုသလို ရှေ့ရောက်နေကြောင်းကိုလည်း သိရှိလိုက်ရပါတယ် ” လို့ သူတို့က ပြောပြကြပါတယ်။

အခုအခါမှာတော့ လေ့လာမှုအသစ်က မြေပြင်အောက် ၃ ကီလိုမီတာအနက်မှာ ဖြစ်တယ်ဆိုတာပါပဲ။ “ အဆိုပါအနက်အတိုင်းအတာဟာ ခန့်မှန်းထားတာထက်တောင် ပိုပြီးနက်နေပါတယ် ” လို့ ကျွမ်းကျင်ပညာရှင်ကြီးတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

၎င်းတို့က ဆက်ပြီး အခုလိုပဲ ပြောပြသွားပါတယ်။ “ လူတွေဟာ ဒီရေရင်းမြစ်ကို အောက်အဝီစိ ကျောက်ဆောင်တစ်ခုအောက်မှာ ရှိနေတတ်တဲ့ အလွန်နည်းတဲ့ ရေလောက်ပဲလို့ မှတ်ယူနေကြပါတယ်။ ဒါပေမဲ့လည်း တကယ်တော့ ဒါဟာ တစ်မိနစ်ကို ရေလီတာပေါင်း မြောက်မြားစွာ စီးထွက်နေတဲ့ သာမန် ထင်မှတ်ထားတာထက် ပိုများတဲ့ အရည်ထုထည်ပမာဏ ဖြစ်နေပါတယ်။ မြေလွှာအောက်ခြေ အဝီစိရှိရေဟာ များသောအားဖြင့် မြေပေါ်ရှိရေနဲ့ နှိုင်းယှဉ်ရင် ရေစီးအားနည်းလေ့ရှိပါတယ်။ ဒါပေမဲ့လည်း ဒီရေရင်းမြစ်ဟာ တစ်မိနစ်မှာ နှစ်လီတာနှုန်းစီးအားနဲ့ စီးတွေနေပါတယ်။ ”

ရေမှာရှိနေတဲ့အစိတ်အပိုင်းတွေကို လေ့လာစမ်းစစ်ပြီး သုတေသီတွေက ဒီရေရင်းမြစ်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂) ဘီလီယံအရင်က ရှိခဲ့တာလို့ပဲ အတည်ပြု ဖော်ပြခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » DAWN TV


အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ သမ္မတအိုဘာမားရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အခုလို ပြင်းထန်စွာ သတိပေး ပြောကြားလိုက်ပါတယ်။

“ အာဆဒ်နဲ့သူ့ရဲ့ မဟာမိတ်တွေဟာ ဆီးရီးယားမှာ သွေးချောင်းစီးစေတဲ့ အဓိကတရားခံတွေပဲ ဖြစ်တယ်။ ”

ဒီနှစ်အဆုံးပိုင်း အိမ်ဖြူတော်မှာ ကျင်းပတဲ့ သမ္မတအိုဘာမားရဲ့ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲအတွင်း ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အခုလို ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ အလပ်ပိုအရှေ့ပိုင်းမှာဖြစ်နေတဲ့ သွေးချောင်းစီးတိုက်ပွဲတွေနဲ့ အပြစ်မဲ့မြို့သူမြို့သားတွေ သေကြေနေရတာဟာ ဆီးရီးယားအာဏာရှင် အာဆဒ်နဲ့ သူ့ရဲ့ အဓိကမဟာမိတ်တွေဖြစ်တဲ့ ရရှားနဲ့ အီရန်တို့ကြောင့်ပဲ ဖြစ်ပါတယ်။ ”

တစ်ဆက်တည်းပဲ တရုတ်နဲ့ပတ်သက်ပြီးတော့လည်း သမ္မတအိုဘားမားက အခုလို ပြောကြားသွားပါတယ်။

“ ဒေါ်နယ်ထရမ့်ဟာ တရုတ်ရဲ့ ပေါ်လစီတွေကို သုံးသပ်ကြည့်ရှုတာ အကြောင်း မဟုတ်ပေမဲ့ အဲဒါရဲ့ ရလဒ်တွေကိုတော့ သတိထားသင့်ပါတယ်။ ”

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV


အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရရှားက ဟက်လုပ်ခဲ့တာ သေချာတယ်လို့ သမ္မတအိုဘားမားက အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုရတဲ့အထိ စုံစမ်းစစ်ဆေးဖို့ကိုလည်း သူက ထရမ့်ကို ဖိအားပေးခဲ့ပါတယ်။

“ အမေရိကန်ဟာ မိမိရဲ့တန်ဖိုးတွေကို စွန့်လွှတ်လိုက်မယ်ဆိုရင် သေးငယ်ချည့်နဲ့တဲ့ ရရှားလိုနိုင်ငံလေးက အမေရိကကို ထိခိုက်အောင် လုပ်နိုင်သွားပါလိမ့်မယ်။ ” လို့ သမ္မတအိုဘားမားက ပြောဆိုသွားခဲ့ပါတယ်။

ဒီနှစ်အဆုံးပိုင်း အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ သမ္မတအိုဘာမားရဲ့ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရရှားက ဝင်နှောင့်ယှက်ခဲ့တာ သေချာပါတယ်။ ရရှားမှာက ပူတင်ရဲ့ သဘောဆန္ဒမပါဘဲ ဘာမှ မဖြစ်နိုင်ပါဘူး။ ဒီလို ဟက်လုပ်တာဟာ သိပ်ဆိုးရွားလွန်းပါတယ်။ ဒါကြောင့် ဒီကိစ္စမှာလည်း ပူတင်ရဲ့သဘောဆန္ဒပါခဲ့တယ်ဆိုတာ သေချာပါတယ်။ ဒီကိစ္စကို သုံးသပ်ပြီးတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ တခြားဖက်က အနှောင့်အယှက် ပယောဂ မပါခဲ့ဘူးဆိုတာကို သမ္မတသစ်လုပ်မယ့် ထရမ့်က သေချာအောင် လုပ်ပြနိုင်ရပါလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ် ” လို့ သမ္မတအိုဘားမားက ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

ဒီ့မတိုင်ခင်က ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဟီလာရီကလင်တန်ကလည်း F.B.I ရဲ့အစီရင်ခံစာနဲ့ ရရှားရဲ့ ဟက်လုပ်မှုကြောင့် သူမ ရှုံးနိမ့်ရတာပါလို့ ပြောခဲ့ပါသေးတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV

လက်ရှိ တဲလ်အဗစ်မြို့တော်ရှိ အစ္စရေးဆိုင်ရာ အမေရိကန်သံရုံး (ဓာတ်ပုံ»GEO TV)

ပါလတ်စ်တိုင်း အကြီးအကဲတစ်ဦးက သမ္မတသစ်ဒေါ်နယ်ထရမ့်အား အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို မိမိတို့ပိုင်နက်ဖြစ်တဲ့ မြင့်မြတ်သော ကုဒ်စ်မြို့တော် (ဂျေရုစလင်မြို့တော်) သို့ ရွှေ့ပြောင်းခြင်း မပြုဖို့ သတိပေးပြောကြားလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်စည်းရုံးစဉ်ကာလတုန်းက အမေရိကန်သံရုံးကို ဂျေရုစလင်မြို့တော်မှာ ရွှေ့ပြောင်းဖွင့်လှစ်မယ်လို့ ပြောကြားခဲ့တာကြောင့် ပါလတ်စ်တိုင်း လွတ်မြောက်ရေးအဖွဲ့အစည်းရဲ့ အကြီးတန်းအရာရှိ စွာအိဗ်အရကာသ်က ဒေါ်နယ်ထရမ့် ကို အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

“ တကယ်လို့ အမေရိကန်သံရုံးကို ကုဒ်စ်မြို့တော်ဆီ ရွှေ့ပြောင်းလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေ အချည်းနှီး ဖြစ်သွားမှာဖြစ်ပြီး တင်းမာမှုတွေသာ ပိုတိုးလာစေလိမ့်မယ် ” လို့ အလေးအနက် သတိပေးပြောကြား လိုက်ပါတယ်။

“ ဒီလို ရွှေ့ပြောင်းခြင်းဟာ အမေရိကန်ရဲ့ရပ်တည်ချက်ကို ပြောင်းလဲပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဝါရှင်တန်ဟာ နှစ်ပေါင်းများစွာကတည်းက အစ္စရေးတို့ရဲ့ ဂျေရုစလင် ကျူးကျော်အိမ်ရာဆောက်လုပ်မှုတွေကို တရားမဝင်ဘူးလို့ သတ်မှတ်ထားခဲ့ပါတယ် ” လို့လည်း သူက ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ နိုင်ငံရေးကျွမ်းကျင်ပညာရှင်တွေက အခုလို ဆိုကြပါတယ်။ သံရုံးရွှေ့ပြောင်းဖို့ ကိစ္စကို ဒေါ်နယ်ထရမ့်သာ ဆုံးဖြတ်ချက် ချလိုက်မယ်ဆိုရင်တော့ ဒါဟာ မတရားကျူးကျော်မြေပေါ်ကနေ အစ္စရေးတွေကို ဆုတ်ခွာပေးဖို့ အဆက်မပြတ် ကြိုးပမ်းခဲ့ပါတယ်ဆိုတဲ့ အမေရိကန်တို့ရဲ့ကြိုးစားမှုတွေဟာ သဲထဲရေသွန်ဖြစ်စေမှာ အသေအချာပဲလို့ သုံးသပ်ကြပါတယ်။

သမ္မတ အိုဘာမားဟာ သူ့ရဲ့သမ္မတသက်တမ်း တစ်လျှောက်လုံး ဒီအချက်ကို ဇောင်းပေးပြောကြားခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဒေသတွင်း ပြသနာဖြေရှင်းနည်းဟာ ဒီနှစ်နိုင်ငံအနေနဲ့ (၁၉၆၇) ခုနှစ်ကတည်းက နှစ်ဦးသဘောတူညီခဲ့ပြီးသား ကတိကဝတ်တွေကို လိုက်နာခြင်းသာ ဖြစ်ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat