12/18/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မနှစ်က ဟဂ်ျကာလအတွင်း နှလုံးခွဲစိတ်မှုပေါင်း (၄၂၁) ခုနဲ့ မီးဖွားမှု (၁၄) ခုအပါအဝင် လူပေါင်း (၃) သိန်းခွဲလောက်ကို ဆေးဝါးကုသပေးခဲ့တယ်လို့ မက္ကာဟ်မြို့တော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု တာဝန်ခံတွေက ကြေငြာခဲ့ပါတယ်။

ပြင်ပကုသရေးဌာနတွေမှာ လူနာပေါင်း (၆၈၀၀၀) လောက် လက်ခံကုသပေးခဲ့ပြီး (၄၁၀၀၀) ကျော်ကိုတော့ အရေးပေါ်အခြေအနေနဲ့ ကုသပေးခဲ့ရပါတယ်။ လူနာပေါင်း (၁၉၃၀) ကျော်ကို ကျောက်ကပ်ဆေးကြောပေးခဲ့တဲ့ပါတယ်။ လူနာပေါင်း (၄၂၁၂) လောက်ကို အချိန်ပြည့် လက်ခံကုသပေးနိုင်တဲ့ ကုသရေးစင်တာတွေကိုလည်း (၂၄) နာရီပတ်လုံး ဖွင့်လှစ်ကုသပေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘုရင်ဖိုင်ဇဲလ်ဆေးရုံနဲ့ ဘုရင်အဗ္ဗဒွလ်အဇီးဇ် ဆေးရုံတွေကိုလည်း ကုတင် (၃၀၀) စာလောက် ပိုမိုတိုးချဲ့ခဲ့ပြီး အလ်နူးဟ်ဆေးရုံက အရေးပေါ်ကုသရေးဌာနကိုလည်း ကုတင် (၁၇) လုံး တိုးချဲ့လက်ခံခဲ့ပါတယ်။ အဆိုပါ အလ်နူးဟ်ဆေးရုံမှာပဲ အပူလောင်လူနာ ကုသရေးဌာနကိုလည်း တိုးချဲ့ခဲ့ပြီး လူနာစောင့်နေရာနဲ့ အထူးကြပ်မတ်ဆောင်တွေကိုလည်း တိုးချဲ့ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဟီရာအထွေထွေဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကိုလည်း အဆင့်မြှင့်တင်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။

Ibn Sina ဆေးရုံမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုစင်တာ (၈) ခုကို ထပ်မံတည်ဆောက်ခဲ့ပြီး Ajyad ဆေးရုံကို ကုတင် (၃၀၀) နဲ့ Al-Hujoon ဆေးရုံကို ကုတင် (၂၀၀) စီ ထပ်မံတိုးချဲ့နေပါတယ်။

ဒါ့အပြင် မြင့်မြတ်တဲ့ ကအ်ဗာကျောင်းတော်ကြီးရဲ့ မြောက်ဘက်အပိုင်းမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုစင်တာ (၇) ခုလောက် ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ကုတင် (၅၀၀) ဆံ့ မက္ကာဟ်အထွေထွေဆေးရုံသစ်ကြီးကိုလည်း မကြာခင် ဖွင့်လှစ်သွားမှာဖြစ်ပြီး ကုတင် (၁၀၀) ဆံ့ Al-Jumoom ဆေးရုံသစ်ကိုလည်း ဆက်တိုက် ဖွင့်လှစ်သွားမှာဖြစ်ပြီး ကအ်ဗာကျောင်းတော်ကြီးအနီးမှာလည်း ရွေ့လျားဆေးခန်း (၄) ခုနဲ့ လူပေါင်း (၁၀၀) ကျော်လောက်ကို အလှည့်ကျ ကုသပေးမဲ့ သွားဆေးခန်းတစ်ခုကိုလည်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

Al-Muaisim အရေးပေါ်ဌာနရဲ့ အဆောက်အအုံကိုလည်း တိုးချဲ့သွားမှာဖြစ်ပြီး ဆေးဝါးပစ္စည်းသိုလှောင်ရုံအသစ် (၅) ခုကိုလည်း မက္ကာဟ်မြို့ပေါ်မှာ တည်ဆောက်နေတယ်လို့ သိရပါတယ်။

သွာအစ်ဖ်မြို့မှာလည်း ဆေးခန်းတစ်ရာကျော်ပါဝင်မဲ့ သွားဖက်ဆိုင်ရာ ဆေးရုံနဲ့ကုသရေးစင်တာကြီးတစ်ခုကိုလည်း ဖွင့်လှစ်တော့မယ်လို့ ဆိုပါတယ်။

ကုတင် (၂၀၀) စီ ဆံ့မဲ့ Al-Hawiyah, Al-Kharma နဲ့ Turbah ဆေးရုံတွေအပြင် ကုတင် (၃၀၀) ဆံ့ ကလေးဆေးရုံနဲ့အတူ ကုတင် (၅၀၀) ဆံ့ အထွေထွေဆေးရုံပါဝင်တဲ့ Al-Amal ဆေးရုံကြီးတွေကိုလည်း မက္ကာဟ်မြို့နဲ့အနီးဆုံးမှာ ဖွင့်လှစ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နှလုံးနဲ့ သားဖွား သီးသန့်အထူးကု ဆေးရုံတစ်ရုံကိုလည်း သွာအစ်ဖ်မြို့မှာ ဖွင့်လှစ်သွားအုံးမှာပါ။

ကုတင် (၅၀၀) ဆံ့ ကျန်းမာရေး စောင့်ရှောက်မှုစင်တာ၊ ကုတင် (၂၀၀) ဆံ့ သားဖွားစင်တာတွေ အပါအဝင် ကလေးသီးသန့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာနဲ့ သွားဖက်ဆိုင်ရာ ကုသရေးစင်တာနဲ့ ဆေးခန်းပေါင်း (၅၀) ကျော်ကိုလည်း Qunfudah မြို့မှာ ဖွင့်လှစ်သွားဖို့ စီစဉ်နေပြီး Qunfudah မြို့ အထွေထွေဆေးရုံကြီးကိုလည်း ဆက်လက်ပြင်ဆင်မွမ်းမံသွားမယ်လို့ ဆော်ဒီနိုင်ငံဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Saudi Gazette
ဓာတ်ပုံ » အင်တာနက်

“ အရဗီဘာသာစကားဟာ ယဉ်ကျေးမှုတွေကို ပေါင်းကူးပေးနိုင်ပါတယ်။ ပြီးတော့ အချင်းချင်း နားလည်မှုကို တိုးစေတဲ့ ဗဟုသုတတွေ၊ အတွေးအခေါ်တွေ၊ ယူဆချက်တွေကို ဖြန့်ဝေဖော်ထုတ်နိုင်မဲ့ တကယ့်အကြောင်းခံပဲ ဖြစ်ပါတယ် ” လို့ ယူနက်စ်ကို ဥက္ကဋ္ဌကြီး အီရီနာ ဘိုကိုဖာက ပြောကြားလိုက်ပါတယ်။

“ ပြီးတော့ အပြည်ပြည်ဆိုင်ရာ အရဗီဘာသာစကားနေ့ဟာ လူတွေနေထိုင်တဲ့ ကမ္ဘာ့နေရာအနှံ့အပြားမှာ ယဉ်ကျေးမှုနဲ့ ဘာသာစကား အမျိုးမျိုး တိုးမြှင့်ဖို့ လိုအပ်ကြောင်းကိုလည်း လေးနက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ လူသားမျိုးနွယ်ပိုင်ဆိုင်ထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်ရဲ့ ရင်းမြစ်တစ်ခု ဖြစ်နေလို့ပါ ” လို့လည်း သူမက ဆက်ပြောပါတယ်။

သူမက အရဗီဘာသာစကားဟာ အပြည်ပြည်ဆိုင်ရာ ဖြစ်ကြောင်းကိုလည်း အခုလို ပြောသွားပါသေးတယ်။

“ ကမ္ဘာ့တိုက်ကြီး (၅) တိုက်မှာရှိတဲ့ လူမျိုးစုတွေဟာ မိမိတို့ရဲ့ ဖြစ်တည်မှု၊ ယုံကြည်မှုနဲ့ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသဖို့အတွက် ဒီစကားကို အသုံးပြုနေကြပါတယ်။ ”

နှစ်စဉ် ဒီဇင်ဘာလ (၁၈) ရက်ကို အပြည်ပြည်ဆိုင်ရာ အရဗီဘာသာစကားနေ့ဟု အလေးထားသတ်မှတ်ရတဲ့ အကြောင်းရင်းကတော့ အရဗီဘာသာစကားဟာ သိပ္ပံပညာရပ်များ၊ ကမ္ဘာ့ယဉ်ကျေးမှုများ၊ အထူးသဖြင့် ဒဿနိကဗေဒနှင့် အနုပညာရသစာပေများကို ထုတ်ဖော်ဖြန့်ချိရာတွင် ထဲထဲဝင်ဝင်ဖြင့် ကြီးမားမြောက်မြားစွာ စွမ်းဆောင်ထားပါတယ်။

ယူနက်စ်ကိုက ချီးမြှင့်တဲ့ “ထိန်လင်းဝင်းပဆု” ဟာ အရဗီယဉ်ကျေးမှုနှင့် အနုပညာစာပေကို ကျယ်ကျယ်ဝန်းဝန်း အလုပ်ကျွေးပြုတဲ့ တစ်ကိုယ်တော် စွမ်းဆောင်မှု လုပ်ရပ်များကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ဖြစ်ကြောင်းကိုလည်း သူမက ပြောကြားခဲ့ပါတယ်။

အရဗီဘာသာစကားကို နယ်ပယ်အစုံက အင်တာနက်ကွန်ရက်တွေမှာ၊ အထူးသဖြင့် အဆင့်မြင့်ပညာရေးနှင့် ပညာရေးသုတေသနတွေမှာ ကျယ်ပြန့်လာအောင် ဖြန့်ချိကြဖို့ကိုလည်း သူမက တိုက်တွန်းလိုက်ပါတယ်။

ယူနက်စ်ကိုဟာ ကမ္ဘာရွာကြီးရဲ့အရိပ်အောက်မှာရှိနေတဲ့ ဘာသာစကားမျိုးစုံကို အလေးထားကြောင်းကိုလည်း သူမက အလေးအနက် ပြောပါတယ်။

ဒါ့အပြင် အရဗီဘာသာစကားကို ဖြန့်ချိဖို့နဲ့ အရဗီဘာသာစကားသင်ကြားရေးအစီစဉ်တွေကို တိုးမြှင့်ကြဖို့ ကျောင်းတွေ၊ တက္ကသိုလ်တွေအနေနဲ့ အစွမ်းကုန်ကြိုးစားကြဖို့လည်း ဘိုကိုဖာက တိုက်တွန်းခဲ့ပါတယ်။

“ ဘာကြောင့်လဲ ဆိုတော့ အဲဒါမှ ဆန်းသစ်တီထွင်မှုတွေ၊ သုတေသနတွေဟာ အလုံးအရင်းနဲ့ ပေါ်ထွန်းလာကြမှာ ဖြစ်လို့ပါ ”

အရဗီဘာသာစကားကို ကမ္ဘာတစ်လွှားမှာ ဖြန့်ချိခြင်းဟာ ငြိမ်းချမ်းရေးကို အရှိန်အဟန်မြှင့်တင်ဖို့အတွက် အကောင်းဆုံးသော ကိရိယာတစ်ခုပဲ ဖြစ်တယ်ဆိုတဲ့ အကြောင်း ယူနက်စ်ကို ဥက္ကဋ္ဌကြီးက အခုလို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

“ မြုပ်ကွယ်နေတဲ့ အင်အားစုတွေအားလုံး၊ လျှို့ဝှက်ဖုံးဖိနေတဲ့ ပုလဲတွေအားလုံးကို အကျိုးခံစားနိုင်ဖို့ ကျမတို့ ရဲ့အင်အားတွေကို တစ်ခုတည်းဖြစ်အောင် အမြန်စုကြပါစို့ ”

ကမ္ဘာလုံးဆိုင်ရာ အရဗီဘာသာစကားနေ့အထိမ်းအမှတ်အဖြစ် ပြင်သစ်နိုင်ငံရဲ့ မြို့တော်ပဲရစ်မှာရှိတဲ့ ယူနက်စ်ကို ရုံးချုပ်ကြီးမှာလည်း ကုရ်အာန်ကျမ်းတော်မြတ်ပါ အာယသ်တော်စာပိုဒ်များအပါအဝင် လှပတဲ့ အရဗီစာပန်းချီကားချပ်များကိုလည်း ဝေဝေဆာဆာနဲ့ ချိတ်ဆွဲပြသထားပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » قناة الجزيرة


အမေရိကန်နိုင်ငံ ဘာလတီမိုးမြို့မှာ စလစ်ဖြစ်မှုကြောင့် ကားပေါင်း (၅၅) စီး ဆင့်ကဲတိုက်ခဲ့ပြီး လူနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ဘာလတီမိုးမြို့က မြစ်ကူးချောင်းတံတားတစ်ခုပေါ်မှာ ဆီးနှင်းကျမှုကြောင့် ကားဘီးချော်ရာမှ အခုလို ယာဉ်ပေါင်းများစွာ ဆင်ကဲတိုက်မှုကြီး ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပါတယ်။

အိမ်စီးကားတွေနဲ့ ကုန်တင်ကားတွေဟာ ဆင့်ကဲတိုက်မိခဲ့ကြပြီး ကားနှစ်စီးဟာ တံတားပေါ်ကနေ အောက်ပြုတ်ကျသွားခဲ့ပါတယ်။

ဒေသခံအာဏာပိုင်တွေကတော့ ယာဉ်တိုက်မှုကြောင့် ပျက်စီးသွားခဲ့တဲ့ကားတွေကို တံတားပေါ်ကနေ ဖယ်ရှားပေးလျက်ရှိပါတယ်။

အဲဒီမြစ်ကူးတံတားပေါ်ကနေ လောလောဆယ် ဖြတ်သန်းသွားလာမှု မပြုကြဖို့လည်း မြို့သူမြို့သားတွေကို သတိပေးထားပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » အင်တာနက်


တူရကီအလယ်ပိုင်း၊ ကိုင်စွရီယဟ်မြို့မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် စစ်သား(၁၃)ဦး သေဆုံးပြီး အရပ်သား (၄၈) ဦးလောက် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ဒေသတွင်း တီဗွီသတင်းတွေအရ ဗုံးဖောက်ခွဲမှုဟာ စစ်သားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စင်းကို ပစ်မှတ်ထားခဲ့တာ ဖြစ်ကြောင်းနဲ့ ပေါက်ကွဲစဉ်မှာ အရပ်သားတွေလည်း ဘတ်စ်ကားပေါ်မှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။

ဒေသတွင်း ဆေးရုံတာဝန်ရှိသူတွေကတော့ သူတို့ဆီကို အလောင်းတွေအမြောက်အမြား ရောက်ရှိလာခဲ့ကြောင်းနဲ့ သေဆုံးသူအရေအတွက်ကို အတိအကျ မပြောနိုင်သေးကြောင်း ပြောကြားပါတယ်။

တက္ကသိုလ်ပရိဝုဏ်အနီးမှာ ဘတ်စ်ကားကို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ကျောင်းသူ/သားတွေအပါအဝင် အရပ်သားတွေပါ ပစ်မှတ် ဖြစ်ခဲ့ရပါတယ်။ မီဒီယာတွေရဲ့ အဆိုအရ အဆိုပါ ဘတ်စ်ကားမှာ စစ်သားတွေလည်း လိုက်ပါစီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီအရင်ကလည်း ဒီဇင်ဘာလ (၉) ရက်နေ့က အစ္စတန်ဗူလ်မြို့မှာ ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့လို့ အနည်းဆုံး(၃၈)ဦး သေဆုံးသွားခဲ့ရပါတယ်။

အဲဒီ ပေါက်ကွဲမှုနှစ်ခုစလုံးကို အီရန်ကျောထောက်နောက်ခံပြု ဒေသတွင်း အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ Kurdistan Freedom Falcons (ကာဒ်သူပုန်) အဖွဲ့အစည်းက သူတို့ လက်ချက်ဖြစ်တယ်လို့ ကြေငြာထားပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » အင်တာနက်


IS ခေါင်းဆောင် အဗူဗက်ရ်အလ်ဘဂ်ဒါဒီနဲ့ ပတ်သက်ပြီး သတင်းအတိအကျပေးနိုင်သူကို အမေရိကန် ဒေါ်လာ (၂၅) သန်း ဆုချီးမြှင့်မယ်လို့ အမေရိကန်နိုင်ငံဘက်က ကြေညာလိုက်ပါတယ်။

သတင်းပေးတဲ့သူဟာ အလ်ဘဂ်ဒါဒီ ရှိတဲ့နေရာကို လိုက်လံပြသပေးရမှာဖြစ်ပြီး သူ့ကို ဖမ်းဆီးရာမှာလည်း ပါဝင်ကူညီသွားရမှာ ဖြစ်ပါတယ်။

ဒီ့အရင်က အလ်ဘဂ်ဒါဒီကို ဖမ်းဆီးပေးနိုင်သူအတွက် ဆုကြေးငွေ ဒေါ်လာ (၁၀) သန်း ဆုချီးမြှင့်မယ်လို့ ကြေညာထားခဲ့ပြီး ယခုအခါ တိုးမြှင့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီကြေညာချက်ကို လွန်ခဲ့တဲ့ (၂၀၁၁) ခုနှစ် IS အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ အချိန်တုန်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat