12/19/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


OIC ပြန်ကြားရေးဝန်ကြီးများရဲ့ (၄) ရက်တာ အစည်းအဝေးကို ယနေ့မှစတင်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ကျင်းပနေပါပြီ။

ဂျစ်ဒါမြို့မှာ ကျင်းပနေတဲ့ အဆိုပါအစည်းအဝေးအတွင်း ကဏ္ဍပေါင်းစုံအတွက် ဆွေးနွေးသွားကြမှာဖြစ်ပြီး မူဝါဒရေးရာ ဆုံးဖြတ်တစ်ချို့ကိုလည်း မူကြမ်းအဖြစ် ချမှတ်သွားဖွယ် ရှိပါတယ်။

OIC အဖွဲ့ရဲ့ မီဒီယာကဏ္ဍတွေမှာ အရေးပါပုံကို ထည့်သွင်းဆွေးနွေးကြမှာဖြစ်ပြီး Al-Quds (ဂျေရုစလင်မြို့) နဲ့ ရွှေဝါရောင် အလ်အက်ဆွာဗလီကို ဆက်လက်ထောက်ပံ့သွားမဲ့ အကြောင်းတွေကိုလည်း ဆွေးနွေးဖို့ ရှိနေပါတယ်။

အစ္စလာမ်ကြောက်ရောဂါ (Islamophobia) ကို ရင်ဆိုင်အံတုဖြေရှင်းသွားဖို့ မဟာဗျူဟာမြောက် မီဒီယာကဏ္ဍတစ်ခု တည်ထောင်သွားမဲ့ အစီအစဉ်လည်း ယခုအစည်းအဝေးမှာ ပါဝင်နေပါတယ်။

OIC-2025 လို့ခေါ်တဲ့ မီဒီယာမဟာဗျူဟာမှာ အမျိုးသမီးများ မီဒီယာကဏ္ဍမှာ ပိုမိုပါဝင်လာစေဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး OIC အဖွဲ့ဝင်နိုင်ငံများအပြင် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများနဲ့ပါ ကဏ္ဍပေါင်းစုံ ပိုမိုပူးပေါင်းသွားဖို့ ရှိနေပါတယ်။

အမေရိကနိုင်ငံများအတွက် မီဒီယာအစီအစဉ်တစ်ခု ထုတ်လွှင့်သွားနိုင်ဖို့ကိုလည်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။

အာဖရိကဒေသများနဲ့ မွတ်စ်လင်မ်ကမ္ဘာရဲ့ ထိတွေ့ပတ်သက်မှုတွေကို မီးမောင်းထိုးပြပေးမဲ့ တင်ဆက်မှုမျိုးတွေကို အဆိုပါမီဒီယာ အစီအစဉ်ကနေ ဦးစီးပေးဖော်ပြသွားဖို့ ရည်ရွယ်ပါတယ်။

OIC ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်များကို တင်ပြပေးသွားမယ့် ရုပ်သံချန်နယ်တစ်ခု စတင်နိုင်ဖို့ ဆွေးနွေးကြမှာဖြစ်ပြီး အစ္စလာမ့်မီဒီယာများအပါအဝင် မွတ်စ်လင်မ်မီဒီယာသမားတွေအတွက် အခြားသော နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေက ပေးအပ်နေတဲ့ အောင်မြင်မှုဆုတံဆိပ်မျိုးတွေလည်း ပေးအပ်သွားနိုင်ဖို့ အဆိုပါအစည်းအဝေးအတွင်း ညှိနှိုင်းသွားကြမှာပါ။

OIC အဖွဲ့ဝင်နိုင်ငံများရဲ့ မီဒီယာအဖွဲ့အစည်းများအချင်းချင်း ယဉ်ကျေးမှုဖလှယ်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ပံ့ပိုးအားပေးဖို့ဆိုတဲ့ OIC ရဲ့ မီဒီယာရည်မှန်းချက်တွေကို မဏ္ဍိုင်ပြုထားရှိသွားမယ်လို့ သိရပါတယ်။

အစည်းအဝေးက ပေါ်ထွက်လာမဲ့ ဆုံးဖြတ်ချက်မူဝါဒများကို Jeddah Declaration (ဂျစ်ဒါကြေငြာချက်) ဆိုပြီး ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Arab News


အရဗီဘာသာစကားကို လူပေါင်း သန်း (၄၀၀) ကျော်လောက်က ပြောဆိုသုံးစွဲလျက်ရှိနေပါတယ်။

နှစ်စဉ် ဒီဇင်ဘာလ (၁၈) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အရဗီဘာသာစကားနေ့အဖြစ် ကမ္ဘာမှာ ဂုဏ်ပြုလျက်ရှိပါတယ်။

ယူနက်စ်ကိုအဖွဲ့ကြီးက ဒီဇင်ဘာ (၁၈) ရက်နေ့ကို အရဗီဘာသာစကားအတွက် နေ့အဖြစ် လွန်ခဲ့တဲ့ (၂၀၁၂) ခုနှစ်က စတင်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးက ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်ကို အချက်အလက်အမှတ်စဉ် (၃၁၉၀) ဖြင့် အသိအမှတ်ပြု မော်ကွန်းတင်ပြီးနောက် အပြည်ပြည်ဆိုင်ရာ အရဗီဘာသာစကားနေ့အဖြစ် ဒီရက်စွဲမှာ ကျင်းပလာခဲ့ခြင်း ဖြစ်ပါတယ်။

ယူနက်စ်ကိုအဖွဲ့ကြီးရဲ့ (၁၉၆၀) ခုနှစ် စီမံခန့်ခွဲမှုအစည်းအဝေးအတွင်း မော်ရိုကို၊ ဆော်ဒီ၊ လစ်ဗျား စတဲ့နိုင်ငံတွေရဲ့ အဆိုပြုတောင်းဆိုမှုနဲ့အတူ အရဗီစကားကို ရုံးသုံးဘာသာစကားများနှင့် နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းများတွင်သုံးသော ဘာသားစကားများစာရင်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

အရဗီဘာသာစကားပြောဆိုသော နိုင်ငံများတွင် ကျင်းပသော ဒေသဆိုင်ရာ အစည်းအဝေး ညီလာခံများအတွင်း အရဗီဘာသာစကားကို အသုံးပြုရန်နှင့်  ကတိစာချုပ်ပဋိညာဉ်များ၊ ပုံနှိပ်ထုတ်ဝေသောစာပေ၊ စာတမ်းများကို အရဗီဘာသာသို့ ပြန်ဆိုရန် ယူနက်စ်ကိုက (၁၉၆၀) ခုနှစ်တွင်  အတည်ပြုခဲ့ပါတယ်။

(၁၉၆၆) ခုနှစ်တွင် ယူနီစကို၏ အထွေထွေအစည်းအဝေးများတွင် အရဗီဘာသာသို့ ချက်ချင်းပြန်ဆိုမှု အာမခံများနှင့် အရဗီဘာသာမှ အခြားသော ဘာသာစကားများသို့ ချက်ချင်းဘာသာပြန်ဆိုမှု အာမခံများ အသက်ဝင်ပြီး လည်ပတ်နေပြီ ဖြစ်ပါတယ်။

(၁၉၆၈) ခုနှစ်မှစပြီး အရဗီဘာသာစကားကို စီမံခန့်ခွဲရေးတွက် အဆင့်ဆင့် အသုံးပြု မှီငြမ်းလာခဲ့ခြင်းကြောင့် လုပ်ငန်းဆိုင်ရာ အချက်အလက်များ၊ မော်ကွန်းဝင် ဟောပြောပို့ချမှုများကို စတင်ဘာသာပြန်ဆိုလာခဲ့ပါတယ်။ ထိုအချိန်မှစ၍ အကြောင်းအရာလုပ်ငန်းစဉ်များအား အရဗီဘာသာသို့ ချက်ချင်း ပြန်ဆိုမှုလုပ်ငန်းများ ပေါများလာခဲ့ပါတယ်။

ယူနက်စ်ကိုက ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလတွင် အပြည်ပြည်ဆိုင်ရာ အရဗီဘာသာစကားနေ့ကို ဗွေဆော်ဦးကျင်းပခဲ့ပါတယ်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှာတော့ ယူနက်စ်ကိုရဲ့ လက်အောက်ခံ အရဗီ ယဉ်ကျေးမှုတိုးတက်ရေး နိုင်ငံတကာ စီမံကိန်း အကြံပေးရေးအဖွဲ့ဟာ အပြည်ပြည်ဆိုင်ရာ အရဗီဘာသာ စကားနေ့ကို မိမိတို့ရဲ့ နှစ်စဉ်လုပ်ငန်းအစီအစဉ်အတွင်း ပင်မအချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အရဗီဘာသာစကားကို လူသန်းပေါင်း (၄၀၀) ကျော်က ပြောဆိုသုံးစွဲလျက်ရှိနေပါတယ်။

ဒါ့အပြင် ဒုတိယ ဘာသာစကားအဖြစ် သုံးစွဲသူမှာ သန်းပေါင်း (၁၃၀) ကျော် ရှိနေပါတယ်။

အရဗီဘာသာစကားဟာ စကားလုံးခက်ဆစ်နဲ့ အသုံးအနှုန်းအရ ကြည့်ပါက ကမ္ဘာ့ဘာသာစကားများတွင် ကြွယ်ဝမှုအရှိဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » سكاي نيوز عربية


အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ ၎င်းအစိုးရလက်ထက်မှာ အရေးပါတဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာအတွက် ရီကတ်စ်တိလိရ်စင်န်ဆိုသူကို ခန့်အပ်ဖို့ အမည်တင်သွင်းလိုက်ပါတယ်။

သူဟာ ရရှားနိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ အောဖ်ရှိုးကုမ္ပဏီရဲ့ညွှန်ကြားရေးမှူး ဖြစ်နေပါတယ်။

ဂျာမဏီနိုင်ငံက သတင်းစာတစ်စောင်ဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလောင်း ရီကတ်စ်တိလိရ်စင်န်ဆိုသူဟာ ရရှားနိုင်ငံရှိ အောဖ်ရှိုးကုမ္ပဏီတစ်ခုရဲ့ ညွှန်ကြားရေးမှူးဖြစ်တယ်လို့ စွပ်စွဲရေးသားခဲ့ပါတယ်။

အဆိုပါ အောဖ်ရှိုးရေနံကုမ္ပဏီဟာ ဘဟာမားမှာ ရှိနေပါတယ်။

ဘဟာမားကုမ္ပဏီဟာလည်း အခွန်ရှောင်လေ့ရှိတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ လူသိများတယ်လို့ သိရပါတယ်။

သတင်းတွေမှာ ဖော်ပြချက်အရ ရီကတ်စ်တိလိရ်စင်န်ဟာ ရရှားနိုင်ငံရဲ့ ဂတ်စ်ကုမ္ပဏီမှာ လွန်ခဲ့တဲ့ (၁၈) နှစ်က ညွှန်ကြားရေးမှူး ဖြစ်ခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV


အရှေ့အလယ်ပိုင်းဒေသ တော်တော်များများရဲ့ တည်ငြိမ်အေးချမ်းရေးအပေါ် ခြိမ်းခြောက်လာတဲ့ အီရန်ကို တားဆီးသွားဖို့ အရေးကြီးတယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး  အာဒိလ်ဂျိုဗိုင်းရ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တို့က ကမ္ဘာကို အလေးအနက် ပြောကြားတိုက်တွန်းလိုက်ပါတယ်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အာဒိလ်ဂျိုဗိုင်းရ်က အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ လူမျိုးရေးနဲ့ ဘာသာရေး ပြဿနာမီးတွေ တောက်လောင်လာရအောင် ရည်ရွယ်ချက်ရှိရှိနဲ့ တမင်လုပ်ဆောင်နေတယ်လို့ ဆိုလိုက်ပါတယ်။

တနင်္ဂနွေက ဆော်ဒီနိုင်ငံရဲ့ မြို့တော်ရိယာဒ်မှာ ပြုလုပ်တဲ့ အမေရိကန်နိုင်ငံကြားရေးဝန်ကြီး ကယ်ရီနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီး ဂျိုဗိုင်ရ်က အခုလို ပြောကြားခဲ့ပါတယ်။

“ ယီမင်အပါအဝင် အခြားဒေသတွေမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ အီရန်ရဲ့လုပ်ရပ်တွေကို တားဆီးပေးကြဖို့ ကမ္ဘာ့အသိုင်းအဝိုင်းကို တောင်းဆိုပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီကလည်း “ ဝါရှင်တန်ဟာ အီရန်လိုနိုင်ငံမျိုးကို အရှေ့အလယ်ပိုင်းရဲ့ တည်ငြိမ်အေးချမ်းမှု ဖျက်ဆီးနေတဲ့ အဓိကတရားခံအဖြစ် ရပ်တည်ခွင့်ပေးမှာ မဟုတ်ပါဘူး ” လို့ ပြောကြားခဲ့ပါတယ်။

“ အမေရိကန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းရဲ့ အရေးပါတဲ့ ကဏ္ဍတော်တော်များများကို ဆော်ဒီနိုင်ငံရဲ့ ဦးဆောင်မှုနဲ့ ပူးပေါင်းဖြေရှင်းသွားပါမယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းကြောင့် တန်ဖိုးကြီးမားတဲ့ ရလဒ်တွေ ထွက်ပေါ်လာမှာပါ။ ” လို့ ကယ်ရီက ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

ကယ်ရီက ဆော်ဒီနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ဖို့အတွက် ယီမင်နိုင်ငံမှာ စစ်ပွဲတွေရပ်ပစ်ဖို့ အရေးကြီးကြောင်းနဲ့ ယီမင်နိုင်ငံသားတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အပူတပြင်း လိုအပ်နေကြောင်းကိုလည်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » العربية

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat