12/20/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ဆီးရီးယားကို စွန့်ခွာသွားတဲ့ ပြည်သူတွေဟာ အဆောက်အအုံ အကျိုးအပျက်တွေရဲ့ နံရံတွေပေါ်မှာ အာဆဒ်အစိုးရအတွက် သတင်းစကားတွေ ရေးသားပြီး ချန်ထားခဲ့ကြပါတယ်။

အလက်ပိုမြို့ရဲ့ အရှေ့ပိုင်းကို စွန့်ခွာပြီး ထွက်သွားကြဖို့ ပြင်ဆင်နေချိန်မှာပဲ မြို့သူမြို့သားတွေဟာ တစ်နေ့မှာတော့ ဒီက သူတို့အိမ်ဆီကို ပြန်လာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

“ တစ်နေ့ ငါတို့ အိမ်ကို ပြန်လာကြမယ် ” ဆိုတဲ့ စာသားတွေဟာ မြို့ပျက်ကြီးရဲ့ နံရံတွေပေါ်မှာ အများအပြားတွေ့ရပါတယ်။

ဒုက္ခသည်တွေကို သယ်ဆောင်လာတဲ့ ဘက်စ်ကားတွေ သူနာပြုယာဉ်တန်းတွေဟာ အလက်ပိုမြို့ရဲ့အဝေးကို ဦးတည်မောင်းနှင်နေချိန်မှာပဲ ဆီးရီယားလူမျိုးတွေ ချန်ရစ်ခဲ့တဲ့ သတင်းစကားတွေဟာ လူမှုကွန်ယက်တွေပေါ်မှာ စိုးမိုးနေပါပြီ။

“ ငါတို့ အလပ်ပိုကို ပြန်လာကြမှာပါ။ ငါတို့ မင်းဆီကို ပြန်လာခဲ့မယ်နော်။ အပျက်အစီးတွေကြားထဲမှာ လှနေဆဲအလပ်ပိုလေးရေ တစ်နေ့ငါတို့ မင်းနဲ့ပြန်ဆုံကြမှာပါ ” လို့ Obaydah Amer အမည်ရှိ တွစ်တာအသုံးပြုသူတစ်ယောက်က ဝေမျှပေးခဲ့ပါတယ်။

“ အဆောက်အအုံ အပျက်အစီးတွေရဲ့အောက်မှာ အာဆဒ်နဲ့သူအပေါင်းပါတွေကြောင့် အိမ်မက်တွေ၊ ဘဝတွေ မြေမြှုပ်ဖျက်ဆီးခံလိုက်ရတဲ့ မိသားစုများစွာရှိနေပါတယ် ” လို့ Aleppo24 တွစ်တာအကောင့်က ဖော်ပြခဲ့ပါတယ်။

Fatima Said အမည်နဲ့ တွစ်တာအကောင့်ပိုင်ရှင်ကတော့ “ ဒီအဆောက်အအုံအပျက်အစီးတွေက ငါတို့ရဲ့ကြံ့ကြံ့ခံနိုင်မှုနဲ့ နင်တို့ရဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေတွေပဲ ” လို့ ရေးသားခဲ့ပါတယ်။

အချို့ကလည်း သူတို့မွေးရပ်မြေကို စွန့်ခွာဖို့ နှုတ်ဆက်ပြင်ဆင်နေကြပြီး “ နှုတ်ဆက်ပါတယ် အမိမြေရယ်။ တစ်နေ့တော့ တို့တွေ ပြန်လာခဲ့ပါမယ်။ တို့တွေ အသက်တွေကြီးသွားခဲ့ရင်လည်း မွေးရပ်အမိမြေဆီကို ဖြစ်အောင် ပြန်လှမ်းခဲ့ပါ့မယ် ” လို့ ရေးသားထားတဲ့ စာတွေကို အလက်ပိုမြို့အနှံ အဆောက်အဦးပျက် နံရံတွေပေါ်မှာ ကြေကွဲဖွယ်ကောင်းစွာ တွေ့မြင်ရပါတယ်။

“ ငါတို့ရဲ့ မျှော်လင့်ချက်အိပ်မက်တွေဟာ အဆောက်အဦးတွေနဲ့အတူ ဖျက်ဆီးခံလိုက်ရပေမယ့် အဝေးကနေ ငါ့ကိုချစ်မြဲချစ်နေပါ ချစ်သူရယ် ” လို့ Haleem အမည်ရှိ လူငယ်တစ်ယောက်က တူရကီမှာရောက်နေတဲ့ သူ့ချစ်သူကို အလက်ပိုရဲ့ နံရံတစ်ခုပေါ်ကနေ သတင်းပါးခဲ့ပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Middle East Eye


ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အလပ်ပိုမြို့အရေး ဆွေးနွေးဖို့အတွက် ယနေ့အင်္ဂါနေ့မှာ တူရ်ကီ၊ ရရှားနဲ့ အီရန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများဟာ ရရှားနိုင်ငံမှာ အရေးပေါ်တွေ့ဆုံနေကြပါတယ်။

အရဗ်မီဒီယာတစ်ခုရဲ့ တင်ပြချက်အရ မော်စကိုမြို့မှာပြုလုပ်မယ့် အဆိုပါတွေ့ဆုံဆွေးနွေးပွဲအတွင်း စစ်ဘေးဒဏ်အလူးအလိမ့် ခံစားနေရတဲ့ အလပ်ပိုမြို့ကနေ အရပ်သားတွေကို လုံးလုံးလျားလျား ဖယ်ရှားပေးနိုင်ရေးကိစ္စအပေါ် ဦးတည်ပြီးဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

တူရ်ကီနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြည်ပသတင်းဌာနတစ်ခုကို ပြောပြတာကတော့
“ မော်စကိုမြို့မှာဖြစ်မယ့် ဒီဆွေးနွေးပွဲမှာ တစ်ဦးနဲ့တစ်ဦး ရပ်တည်ချက်တွေကို အပြန်အလှန်ဖလှယ်ရာမှာ လက်ခံနားထောင်ဖို့အတွက်တော့ အကူအညီ ဖြစ်စေပါလိမ့်မယ်။ ဒါပေမဲ့လည်း ကြီးကြီးမားမားဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်နိုင်ဖို့အတွက်တော့ သိပ်မျှော်လင့်စရာမရှိပါဘူး။ ”

အခြားတစ်ဖက်မှာတော့ အလပ်ပိုမြို့ကနေ မြို့ခံလူတွေရော တော်လှန်ရေးသမားတွေကိုပါ တိုက်ထုတ်ရှင်းလင်းနေတုန်းပါပဲ။

အခုချိန်ထိ ထောင်ပေါင်းများစွာသော လူတွေဟာ အဲဒီနေရာကနေ စွန့်ခွာနေရဆဲ ဖြစ်ပါတယ်။

သတင်းအမျိုးမျိုး ထွက်ပေါ်နေတာကြောင့် အရေအတွက် အတိအကျကိုတော့ အတည်ပြုဖို့ ခက်ခဲနေပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » Press TV


ဆွစ်ဇလန်နိုင်ငံ ဇိုရရှ်မြို့လယ်ရှိ အစ္စလာမ့်စင်တာတစ်ခုအတွင်းသို့ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် (၃) ဦး ထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီပစ်ခတ်မှုဟာ မြို့လယ်ခေါင်ရှိ ရထားဘူတာရုံးအနီးမှာ တည်ရှိတဲ့ အစ္စလာမ့်ရေးရာ ဗဟိုဌာန စင်တာကြီးအတွင်းမှာ ဖြစ်ခဲ့တာဖြစ်တယ်လို့ ရဲများက ပြောဆိုခဲ့ပါတယ်။

ပစ်ခတ်သူကို ရှာဖွေဖမ်းဆီးဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေဟာ အခင်းဖြစ်ပွားရာနေရာနဲ့ အနီးတဝိုက်ကို ပိတ်စို့ထားပါတယ်။

ဇိုရရှ်မြို့လယ်ရှိ အစ္စလာမ့်စင်တာကို ယခုလို ဦးတည်ပြီး တိုက်ခိုက်ခံခဲ့ရတာဟာ ဥရောပနိုင်ငံတွေမှာ လက်ယာစွန်းဝါဒီတွေ အားကောင်းလာပြီး ရွှေ့ပြောင်းအခြေချ ဒုက္ခသည်တွေအပေါ် စော်ကားနှိမ့်ချခွဲခြားဆက်ဆံမှုတွေ တစ်နေ့တခြား တိုးပွားလာနေတဲ့ ကာလအတွင်းလည်း ဖြစ်နေပါတယ်။

ဥရောပဒေသမှာ အစ္စလာမ့်စင်တာတွေနဲ့ ဗလီတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု၊ ဝင်ရောက်ပစ်ခတ်မှုတွေအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ စော်ကားမှုတွေဟာ အခုနောက်ပိုင်းမှာ ခပ်စိပ်စိပ် ဖြစ်ပွားလာနေပါတယ်။

အဲဒီလို ဖြစ်လာရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အမျိုးဘာသာစိတ် လွန်ကဲခြင်းနဲ့ အစ္စလာမ်ကြောက်ရောဂါတို့ကြောင့်ပဲ ဖြစ်ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » قناة الجزيرة


တူရကီနိုင်ငံဆိုင်ရာ ရရှားသံအမတ် အန်ဒရရေးကာရ်လူးဖ်ဟာ တိုက်ခိုက်ခံရပြီး သေဆုံးသွားပါတယ်။ တူရကီရဲတပ်ဖွဲ့ဝင်များဟာ တိုက်ခိုက်သူကို အပြန်အလှန်ပစ်ခတ်ပြီး အသေပစ်သတ် ဖမ်းဆီးခဲ့ရပါတယ်။

တိုက်ခိုက်သူဟာ မြို့တော်အန်ကာရာမှာ ကျင်းပပြုလုပ်နေတဲ့ အနုပညာပြပွဲအတွင်း အဆိုပါသံအမတ်ရှိနေချိန် သေနတ်နဲ့ ချိန်ရွယ်ပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သံအမတ်ဟာ ၎င်းအနုပညာပြပွဲကို လာရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ရရှားသံအမတ်ကို မြို့နယ်ဆေးရုံသို့ ချက်ချင်းသယ်ဆောင်ပြီး အရေးပေါ်ကုသခဲ့ပေမဲ့ ဒဏ်ရာဟာ ပြင်းထန်လွန်းတာကြောင့် သေဆုံးခဲ့ပါတယ်။

ရရှားသံအမတ် အန်ဒရရေးကာရ်လူးဖ် (ဓာတ်ပုံ-GEO TV)
အဲဒီအတောအတွင်းမှာပဲ တူရကီရဲများကလည်း တိုက်ခိုက်သူကို ဖမ်းဆီးစဉ် အပြန်အလှန် ပစ်ခတ်ကြပြီးနောက် ရဲတပ်ဖွဲ့ဘက်က ၎င်းကိုအသေပစ်ခတ်ခဲ့ပါတယ်။

တိုက်ခိုက်သူဟာ ရရှားရဲ့လုပ်ရပ်အပေါ် နာကျည်းလွန်းတာကြောင့် ယခုလို ပစ်ခတ်ခဲ့ရတာဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

သူဟာ ပစ်ခတ်နေစဉ်အတွင်းမှာပဲ “ အလပ်ပိုမြို့မှာ အပြစ်မဲ့သူတွေ မတရားခံစားနေရတာတွေအတွက် သင်တို့တွေ ကိုယ်ချင်းစာတတ်လာအောင် တန်ပြန်အစားယူပြလိုက်တာပါ ” လို့ ဟစ်အော်ပြောဆိုခဲ့ပါတယ်။

ယင်းတိုက်ခိုက်သူဟာ အသက် (၂၂) နှစ်အရွယ်ရှိ မောင်လူဒ်သွာန်သွားရှ်ဆိုသူဖြစ်ပြီး အိဇ်မီးရ်ဒေသ ရဲကောလိပ်မှ ဘွဲ့ယူကာ အန်ကရဟ်ရဲဌာနမှာ အမှုထမ်းလုပ်ကိုင်ခဲ့ဖူးတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောဆိုပါတယ်။

ဒီကနေ့ (အင်္ဂါနေ့) မှာ ရရှားနိုင်ငံ မြို့တော်မော်စကိုအတွင်း ကျင်းပပြုလုပ်မယ့် ရရှား၊ တူရကီနဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးတွေပါဝင်တဲ့ “ ဆီးရီးယား အလဗ်ပိုမြို့အရေး ဆွေးနွေးပွဲ ” ပြုလုပ်ဖို့ နာရီပိုင်းအလိုမှာပဲ ရရှားသံအမတ်ဟာ အခုလို သေဆုံးခဲ့တာ ဖြစ်ပါတယ်။

တူရကီနိုင်ငံမှာ ရရှားသံအမတ် အခုလို သေဆုံးသွားတဲ့အပေါ် အမေရိကန်ပြည်ထောင်စုကလည်း ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV & سكاي نيوز عربية


ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ အမည်မသိ လူတစ်ဦးက လော်ရီကားနဲ့ လူစည်ကားတဲ့ ဈေးတစ်ခုအတွင်း ဝင်တိုးခဲ့တဲ့အတွက် (၁၂) ဦးသေဆုံးပြီး (၅၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။

ယခုအခါ လော်ရီကားမောင်းသူကို ဖမ်းဆီးထားပြီး အပေါင်းအပါတစ်ဦးကတော့ သေဆုံးသွားပြီလို့ ဘာလင်ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဂျာမဏီပြည်ထဲရေးဝန်ကြီးက အဆိုပါဘာလင်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး “ ထင်ကြေးတွေ အများကြီး မပေးချင်ပါဘူး။ သက်သေတော်တော်များများကတော့ တိုက်ခိုက်တယ်လို့ ရည်ညွှန်းနေကြပါတယ်။ အခင်းဖြစ်ပွားရာနေရာအနီးမှာ သံသယဖြစ်ဖွယ် လူတစ်ဦးကို ဖမ်းမိထားပြီး အဲ့ဒီလူဟာ ကားကိုမောင်းခဲ့တဲ့သူ ဖြစ်နိုင်ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂျာမဏီသတင်းမီဒီယာတွေရဲ့အဆိုအရ အဆိုပါတိုက်ခိုက်မှုဟာ မြို့တော်ဘာလင်ရဲ့ ဈေးတစ်ခုတည်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဈေးဟာ ခရစ်စမတ်ပွဲတော်အတွက် ဈေးဝယ်သူတွေနဲ့ စည်ကားလျက် ရှိနေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်လို့ ဘာလင်ရဲတပ်ဖွဲ့က ဆိုခဲ့ပါတယ်။

မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ ကုန်ပစ္စည်းအပြည့် တင်ဆောင်ထားတဲ့ ကုန်တင်ကားကြီးဟာ တစ်နာရီ (၆၀) ကီလိုမီတာနှုန်းလောက်နဲ့ ဈေးကြီးထဲကို အရှိန်ပြင်းစွာမောင်းနှင်ပြီး ဝင်လာခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်မှာ ဒရိုင်ဘာဟာ ကားကို အရှိန်လျှော့ဖို့ ကြိုးစားတာမျိုးလည်း မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လကလည်း ယခုလို တိုက်ခိုက်မှုမျိုး ပြင်သစ်နိုင်ငံ၊ နီးစ်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာလည်း ယခုလို ကုန်တင်ကားနဲ့ လူထုကို ဝင်တိုးခဲ့တာကြောင့် လူပေါင်း (၈၄) ဦးအထိ သေဆုံးခဲ့ရပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat