12/21/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဒီလ (၁၀) ရက် စနေနေ့ (၁၀-၁၂-၂၀၁၆) က ရန်ကုန်မြို့မှာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနဲ့ လဝကအမြဲတမ်းအတွင်းဝန်အဖွဲ့တို့ (၂)နာရီခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ NVC Card ကိစ္စနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့သည့် အခြေအနေများကို အစ္စလာမ်ဘာသာဝင်များသိရှိစေရန် သတင်းထုတ်ပြန် ရှင်းလင်းလိုက်ပါတယ်။

ဒီဇင်ဘာလ (၁၉) ရက်နေ့ ရက်စွဲဖြင့် အဖွဲ့ကြီး(၅)ဖွဲ့မှ ကိုယ်စားပြုပုဂ္ဂိုလ်(၅)ဦး စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ ရည်ညွှန်းချက် (၂) ရပ်ပါ အဆိုပါရှင်းလင်းစာပါ အချက်အလက်များကို မူရင်းထုတ်ပြန်ချက်နှင့်တကွ အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

[info title="Info message" icon="info-circle"]
စာအမှတ် ။   ။ မအဘ/စီမံ/၅၉/၂၀၁၆(အစ-၅)။
ရက်စွဲ ။   ။ (၂၀၁၆)ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်။

သို့
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ အဖွဲ့ခွဲများအားလုံး

အကြောင်းအရာ ။   နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVCard) ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည့် အခြေအနေ ရှင်းလင်း တင်ပြခြင်း။

ရည်ညွှန်းချက် (၁) ။ (၂-၉-၂၀၁၆)ရက်စွဲပါ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ အစ္စလာမ်ဘာသာဝင်များသို့ အသိပေးအကြောင်းကြားစာ

ရည်ညွှန်းချက် (၂) ။ (၁၀-၁၂-၂၀၁၆)ရက်နေ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၌ ကျင်းပသော အစည်းအဝေး

  1. မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြာ Identity Card for National Verification (NV Card) ထုတ်ပေးခြင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးရန်ရှိသဖြင့် ဆွေးနွေးမှုရလဒ်ထွက်ပေါ်လာပြီးမှသာ ၄င်းကိစ္စနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက် ကြပါရန် အစ္စလာမ်ဘာသာဝင်များသို့ ရည်ညွှန်းချက်(၁)ပါစာ ထုတ်ပြန်ခဲ့ပါသည်။

  2. အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး တာဝန်ရှိသူများသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့ကို ရည်ညွှန်းချက်(၂)ပါ အစည်းအဝေး၌ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

  3. ၄င်းအစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်း ပြောကြားရာတွင် -
    • နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူများကို နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) များ ထုတ်ပေးခြင်းဖြစ်ကြောင်း၊
    • မြန်မာနိုင်ငံ၏ နယ်နိမိတ်ထိစပ်မှု သဘောသဘာဝအရ နှစ်နိုင်ငံလူမျိုးများ ရောထွေးနေမှုအပေါ် ဥပဒေအရ စိစစ်ဆဲကာလတွင် နိုင်ငံတွင်းနေထိုင်သူဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးခြင်းပင်ဖြစ်ကြောင်း၊
    • ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း၊
    • စိစစ်ဆဲကာလအတွက် ယာယီကိုင်ဆောင်ရခြင်းဖြစ်သော်ငြားလည်း သက်တမ်းကာလကို သတ်မှတ်၍ မထားကြောင်း ပြောကြားခဲ့ကြပါသည်။

  4. ၄င်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး တာဝန်ရှိသူများက ဆွေးနွေးရာတွင် -
    • နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားသူများကို NV Card ထုတ်ပေးခြင်းအားဖြင့် နောင်တွင် ၄င်းကတ်ပြားကိုင်ဆောင်ထားသူအားလုံးကို သိမ်းကျုံး၍ တရားမဝင် ဝင်ရောက်လာသူများဟု ထင်မှတ်ကာ ပြည်သူများအကြား စိတ်ဝမ်းကွဲစရာ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊
    • ယခင်ကလည်း နိုင်ငံသားစိစစ်ခြင်းကိစ္စကို အပြီးအပြတ် ဆောင်ရွက်ပေးခြင်း မပြုခဲ့ဘဲ ယာယီသက်သေခံကတ်ပြား (White Card) များကို ထုတ်ပေးခဲ့ခြင်းကြောင့် ပြည်သူများအကြား စိတ်ဝမ်းကွဲခဲ့ရပြီး အပြစ်မဲ့သူများ၏ အသက် အိုးအိမ် စည်းစိမ်များ ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးခဲ့ရရုံမျှမက နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေကာ နိုင်ငံဖွံဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့သဖြင့် နိုင်ငံသား ပြည်သူအားလုံး နစ်နာဆုံးရှုံးမှုကြုံတွေ့ခဲ့ရပါကြောင်း၊ 
    • ထို့အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသူများကို NV Card ထုတ်ပေးခြင်းမပြုဘဲ ကျောသားရင်သားမခွဲ တိတိကျကျ မှန်မှန်ကန်ကန် စိစစ်၍ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားဖြစ်သူများကို ကြန့်ကြာမှုမရှိစေဘဲ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရန် လိုအပ်ပါကြောင်း၊ 
    • ယခင် အစိုးရလက်ထက် မိုးပွင့်စီမံချက်ဖြင့်လည်းကောင်း၊ ယခု အစိုးရ လက်ထက် သစ္စာစီမံချက်ဖြင့် လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးရာတွင် အစ္စလာမ်ဘာသာဝင်များကို ချန်လှပ်ထားခဲ့သည့်ကိစ္စနှင့် အစ္စလာမ်ဘာသာဝင်များ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် လည်းကောင်း၊ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းရာတွင် လည်းကောင်း၊ မွေးတိုးစာရင်း ရေးသွင်းရာတွင် လည်းကောင်း ကြန့်ကြာမှုနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ပါသည်။

  5. အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ပြောကြားရာတွင် -
    • နိုင်ငံသား စိစစ်မှု ကြန့်ကြာမှုကြောင့် ပညာသင်ကြားရေးကိစ္စ အခက်အခဲရှိသူများကို ဦးစားပေး စိစစ်ပေးလျက်ရှိကြောင်း၊ 
    • နိုင်ငံသား စိစစ်ခြင်းကိစ္စ၊ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းသည့် ကိစ္စ၊ မွေးတိုး စာရင်းသွင်းသည့်ကိစ္စများကို တိကျမှန်ကန် မြန်ဆန်စေရန် ပြုပြင်ပြောင်းလဲ စီမံချက်ချဆောင်ရွက်နေကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

  6. သို့ဖြစ်ပါ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် ပြည်သူများအကြား စိတ်ဝမ်းကွဲစရာဖြစ်ပေါ်လာစေနိုင်သည့် NV Card ထုတ်ပေးခြင်းကိစ္စနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားဖြစ်သူများ ကြန့်ကြာမှုမရှိစေဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေးကိစ္စနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံတော် အကြီးအကဲများနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်များသိရှိနိုင်ရန် အဖွဲ့ခွဲများမှတစ်ဆင့် ရှင်းလင်းတင်ပြပါသည်။
[/info] [4column][content] [/content][content] [/content][content] [/content][content] [/content][/4column]
မှတ်ချက် » အချက်အလက်များကို Tin Mg Than ဖေ့စ်ဘွက်မှ ရယူခြင်း ဖြစ်ပါသည်

ပျော်ဘွယ်အရဗီတက္ကသိုလ်ကျောင်းတော်ကြီး ( ဓာတ်ပုံ © အလင်းမျက်ဝန်း )

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရင်းတော်ကျေးရွာရှိ မဒီနသွလ်အိုလူးမ် (အစ္စလာမ့်ရေးရာကောလိပ်) မှ စာချဆရာတော်ကြီး မောင်ဝ်လာနာ ဟိုစိုင်းန် (မဒီနီ) သည် ယနေ့ (၂၁-၁၂-၂၀၁၆) ဗုဒ္ဓဟူးနေ့ ညနေ (၅း၃၀) ဝန်းကျင်အချိန်ခန့်တွင် မန္တလေးမြို့၌ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

إِنَّا لِلّهِ وَإِنَّـا إِلَيْهِ رَاجِعونَ

ပန်းနာရင်ကြပ်ဝေဒနာရှိသူ အသက် (၆၆) နှစ်အရွယ် ဆရာတော်ကြီးသည် တာဝန်ထမ်းဆောင်နေသည့် မဒီနသွလ်အိုလူးမ် (ရင်းတော်) ကျောင်းတွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအချိန်၌ အိပ်ယာမှ နိုးထနိုင်ခြင်းမရှိတော့သဖြင့် မိတ္ထီလာမြို့မှတစ်ဆင့် မန္တလေးမြို့သို့ ပြောင်းရွှေ့ကုသပြီးနောက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဆရာသခင်ကြီးသည် ပျော်ဘွယ်မြို့ အရဗီတက္ကသိုလ်ကြီးတွင် (၆) နှစ်ခန့်နှင့် လက်ရှိလုပ်ကိုင်နေသည့် ရင်းတော်ကျောင်းကြီးတွင် (၁၀) နှစ်ခန့် သာသနာ့ပညာရပ်များကို သင်ကြားပေးခဲ့ပြီး ပျော်ဘွယ်မြို့၊ မြို့လယ်ရေပုံးရပ်ဗလီနှင့် မင်းဘူးမြို့ဗလီကြီးများတွင်လည်း ဗလီဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်အခြေခံပညာရေး (ဒီနီယသ်/ပရိယတ္တိ) အဖွဲ့ကြီး၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ယနေ့အချိန်ထိ နှစ်ပေါင်း(၄၀)နီးပါး တာဝန်ယူ ဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။

ဆရာသခင်ကြီး၏ မိုင်ယသ်ကို ပျော်ဘွယ်မြို့၊ မြို့သစ်ရပ်သို့ ယူဆောင်လာနေပြီဖြစ်ပါကြောင်းနှင့် မနက်ဖြန် (၂၂-၁၂-၂၀၁၆) ကြာသပတေးနေ့ ညနေ (၃) နာရီအချိန်တွင် ပျော်ဘွယ်မြို့၊ မကျည်းပင်ကဘာရ်စတာန်၌ ဒဖန်ပြုလုပ်မယ်လို့ အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရပါတယ်။

“ အလ္လာဟ်အရှင်မြတ် ဆရာသခင်ကြီးနှင့်တကွ ကွယ်လွန်သူများအားလုံးအပေါ် ကောင်းချီးမင်္ဂလာများ ပေးသနားတော်မူပါစေရန်နှင့် အသက်ရှင်လျက်ရှိနေသည့် သာသနာ့ကြယ်ပွင့်ကြီးများကို ထိန်းသိမ်းစောင့်ရှောက်ပြီး မြန်မာမွတ်စ်လင်မ်များအတွက် အကျိုးဖြစ်စေတော်မူပါစေ (အာမီးန်) ”

© အလင်းမျက်ဝန်း


ခရစ်စမတ်ဈေးတစ်ခုမှာ လော်ရီကားနဲ့ ဝင်ကြိတ်ခဲ့တာကြောင့် (၄၈) ဦး ဒဏ်ရာရပြီး (၁၂) ဦး သေဆုံးခဲ့ရတဲ့ အင်္ဂါနေ့ညနေခင်းက တိုက်ခိုက်မှုကို ISIS အဖွဲ့က မိမိတို့လက်ချက်ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ ညနေခင်းမှာ ကြေငြာခဲ့ပါတယ်။

ကားမောင်းသူက တိုက်ခိုက်ဖို့ကိုပဲ ရည်ရွယ်ပြီးတော့ လူစုလူဝေးကို တမင်တက်ကြိတ်ခဲ့တယ်လို့ ယုံကြည်ကြောင်း ဂျာမနီရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

(၁၂) ဦး ဟာ ဘရီးဒ်ရှီးဒ်ကွင်းပြင်မှာ သေဆုံးသွားပြီး ကျန် (၄၈) ဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြပါတယ်။ သူတို့ထဲက တချို့ရဲ့ အခြေအနေဟာ စိုးရိမ်ရတယ်လို့ ဂျာမနီ မြို့တော်ရဲတပ်ဖွဲ့က Twitter စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

ကုန်တင်ကားနဲ့ တိုက်ခိုက်တဲ့ ဖြစ်စဉ်ဟာ ISIS တွေ လုပ်ခဲ့တာဖြစ်ကြောင်း ညွန်းဆိုနိုင်တဲ့ အချက်တွေ အများကြီး ရှိနေပါတယ်လို့ ဂျာမနီပြည်ထဲရေးဝန်ကြီးက ရည်ညွန်းပြောဆိုသွားပါတယ်။

ဘာလင်က ခရစ်စမတ်ဈေးကို ကုန်တင်ကားနဲ့ ဝင်ကြိတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသူက မိမိဟာတိုက်ခိုက်မှုနဲ့ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ ဂျာမနီပြည်ထဲရေးဝန်ကြီးသောမက်စ်ဒီမီဇီက အင်္ဂါနေ့မှာ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

အဆိုပါစွပ်စွဲခံထားရသူဟာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလကတည်းက နိုင်ငံအတွင်း ခိုလှုံခွင့်တောင်းခံရင်း ရောက်ရှိလာတဲ့ ပါကစ္စတန်နိုင်ငံသားတစ်ဦး ဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

ဘာလင်းမြို့မှာ အင်္ဂါနေ့က သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြေကွဲတဲ့အနေနဲ့ ခရစ်မတ်ပွဲတော်တွေကို ခမ်းခမ်းနားနား မပြုလုပ်ကြဖို့ ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဂျာမနီအနှံ့အပြားမှာ မကြာမီ ကျင်းပတော့မယ့် ခရစ်မတ်ပွဲတော်တွေနဲ့ တခြားပွဲတော်တွေ အားလုံးမှာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားမယ်လို့လည်း ပြန်ထဲရေးဝန်ကြီးဌာနက တစ်ဆက်တည်း ကြေညာသွားပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » العربية
ဓာတ်ပုံ » العربية


တူရ်ကီနိုင်ငံ မြို့တော်အန်ကာရာမှာ အနုပညာပြပွဲကျင်းပနေစဉ် ရရှားသံအမတ် ပစ်သတ်ခံရခြင်းနဲ့စပ်လျဉ်းပြီး ရရှားသမ္မတ ပူတင်က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။

“ သံအမတ်ကို သတ်ဖြတ်ခြင်းဟာ ပြန်လည်ကောင်းမွန်လာနေတဲ့ ရရှားနဲ့ တူရကီရဲ့ ဆက်ဆံရေးကို တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်တယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

သံအမတ်ကိုသတ်ဖို့ စီစဉ်တဲ့သူနဲ့ လူသတ်သမားကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူတွေဟာ ဘယ်သူလဲဆိုတာ ရအောင်ဖော်ထုတ်သွားမယ်လို့လည်း ရရှားသမ္မတက ပြေကြားလိုက်ပါတယ်။

ရရှားသံအမတ်ကို တိုက်ခိုက်ခဲ့တဲ့သူဟာ တူရကီ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး တိုက်ခိုက်စဉ်က သူဟာ သံအမတ်နောက်မှာပဲ ရပ်နေခဲ့တာပါ။

တိုက်ခိုက်သူဟာ သံအမတ်ကိုပစ်ခတ်ပြီးနောက် “ အလပ်ပိုမြို့ကို မေမေ့ကြနဲ့ ” လို့ ကြွေးကြော်သွားခဲ့တာဖြစ်လို့ ဆီးရီးယားအရေးမှာ ရရှားရဲ့စွက်ဖက်မှုတွေကြောင့် စစ်ကာလတာရှည်ပြီး ကလေးသူငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေ ထောင်ပေါင်းများစွာရဲ့အသက်အိုးအိမ်တွေ ထိခိုက်နစ်နာနေရတဲ့အပေါ် တိုက်ခိုက်သူဟာ အလွန်ကို နာကျည်းနေပုံရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ တိုက်ခိုက်သူကို ပစ်ခတ်ပြီး အသေဖမ်းဆီးခဲ့ပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » GEO TV

[bgallery] [img src="https://2.bp.blogspot.com/-5dv4Qn-QzWc/WFpmvmZfx2I/AAAAAAAAM3c/PwqktrdTJh4Fqb4raXpjXabBSicFfIfIQCLcB/s1600/l_154769_065521_updates.jpg"][/img] [img src="https://2.bp.blogspot.com/-rehRKAYOSz0/WFpmv_qKbcI/AAAAAAAAM3Y/-cMJF_5uLqYEO3tu4OGFjv8zyiGxAMnLgCLcB/s1600/7e173f7f-3ba8-4b09-8494-1f64531c3a3f_16x9_788x442.jpg"][/img] [img src="https://3.bp.blogspot.com/-WEAR-kQJ7CI/WFpmvnZe9ZI/AAAAAAAAM3U/JE3acMp_vCEF6_AXYPpPNuN_Xo4u4DqBQCLcB/s1600/BARJ5pmCIAAYpU4%2B%25281%2529.jpg"][/img] [img src="https://3.bp.blogspot.com/-f4B1dm_S0J0/WFpm4LdgZAI/AAAAAAAAM3k/A0naOhDMU6AE3bcXRSYynmAtU35aS4RYQCLcB/s1600/rafha_snow_saudi_arabia_4.jpg"][/img] [img src="https://1.bp.blogspot.com/-u__hz02opVc/WFpm3-dPLiI/AAAAAAAAM3g/BYeMNKAC-okCXPfJK6kfHA98Agel5UW3gCLcB/s1600/v.png"][/img] [/bgallery]
[2column] [content] ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ မြောက်ပိုင်း နယ်စပ်ဒေသတွေမှာ စီးနှင်းများ အလွန်ထူထပ်စွာ ကျဆင်းနေပါတယ်။

အဆိုပါ စီးနှင်းများကျဆင်းမှုကြောင့် ဒေသတွင်းအပူချိန်ဟာ သုံညဒီဂရီအောက် ရေခဲမှတ်ကိုတောင် ရောက်ရှိခဲ့ပါတယ်။

ဒေသဆိုင်ရာ အစိုးရကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ အဆိုပါစီးနှင်းထူထပ်စွာကျမှုဟာ သွရီးဖ်၊ အရ်အရ်၊ ဂျောင်ဖ်၊ ကရ်ယာသ်နဲ့ ဟာအင်လ်စတဲ့ ဒေသပတ်ဝန်းကျင်က တချို့ဒေသတွေမှာ ဖြစ်ပေါ်နေတာလို့ သိရပါတယ်။
[/content] [content] ဆော်ဒီနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒေသခံလူထုကို ဒီအတောအတွင်း အရေးမကြီးပါက ခရီးမထွက်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

လာမယ့် ၂၄ နာရီအတွင်း နိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတို့မှာ အအေးလွန်ကဲမှု ဖြစ်နေအုံးမှာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွေမှာလည်း ဖုန်မှုန့်ပါဝင်တဲ့ လေအေးတွေ တိုက်ခတ်နိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV | ဓာတ်ပုံ » အင်တာနက်
[/content] [/2column]

[bgallery] [img src="https://1.bp.blogspot.com/-voBwHv-46nI/WFpX9Zx5qxI/AAAAAAAAM24/sgf3FIPefbQ-jwY1UwNMCxdCm60OTuQ9ACLcB/s1600/j2cjvmode6ghnty_gne8-jaoere1-xe-large.jpg"][/img] [img src="https://1.bp.blogspot.com/-GJtRTJbrN10/WFpX9_eFyJI/AAAAAAAAM28/tUz9ePJrtmYg0IGs4HR06fkZ4d9Vdy4VgCLcB/s320/5859cab1cb2c4_21dec_fireworks_1280x720.jpg"][/img] [img src="https://1.bp.blogspot.com/-mSdQfsVcm5U/WFpYGumNLMI/AAAAAAAAM3E/R4Ex86VS5U4GnE1K8vFFZKBPfm_PIQ9qACLcB/s320/1745097732_5256255376001_ba91d5eab569955be5af8484ce5e5ed5-tmb1.jpg"][/img] [img src="https://2.bp.blogspot.com/-w2IoRU2XHVA/WFpX5GOhVlI/AAAAAAAAM20/jTw0_de4JxA9KQZ1jzNi3ucBpCbsHz95gCLcB/s320/18.jpg"][/img] [img src="https://4.bp.blogspot.com/-eOBjSPShgY4/WFpYApUeHrI/AAAAAAAAM3A/EbXXc5kvAzQLlprOWx9edVqVq7GjnjPqACLcB/s320/la-fg-mexico-fireworks-explosion-photos.jpg"][/img] [/bgallery]
မက္ကဆီကိုနိုင်ငံ တူလ်တီပတ်မြို့တော်ရဲ့ မီးရှူးမီးပန်းပစ္စည်းများရောင်းချတဲ့ ဈေးတစ်ခုအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူပေါင်း (၂၉) ဦး သေဆုံးပြီး (၇၀) လောက် ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ဒဏ်ရာရသူ တစ်ချို့ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။
သတင်းမီဒီယာတွေရဲ့ တင်ပြချက်အရ ပေါက်ကွဲမှုတွေ ပြီးတဲ့နောက်မှာ ဈေးကိုပါ မီးလောင်ခဲ့တာကြောင့် မီးငြှိမ်းသတ်ဖို့အတွက် အလျင်အမြန် ကြိုးပမ်းခဲ့ကြရတယ်လို့ သိရပါတယ်။

အဆိုပါ တူလ်တီပတ်မြို့ဟာ မက္ကဆီကိုစီးတီးမြို့တော်ရဲ့ မြောက်ဘက် မိုင် (၂၀) သာ ကွာဝေးတဲ့နေရာမှာ တည်ရှိတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ကူညီရေးလုပ်ငန်းစဉ်များ ပြုလုပ်ဖို့အတွက် စစ်တပ်ကိုပါ အကူအညီ တောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်တို့ ပူးပေါင်းပြီး ဒဏ်ရာရသူတွေကို ချက်ချင်း အလျင်အမြန်ဆေးဝါးကုသမှုပြုနိုင်ဖို့နဲ့ လူသေအလောင်းများကို ခွဲစိတ်စစ်ဆေးဖို့ ဆေးရုံတွေကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ သိရပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ မီးဟာ ဈေးကို အလွန်ပြင်းပြင်းထန်ထန် ကြောက်စရာကောင်းလောက်အောင် လောင်မြိုက်ခဲ့ပြီး မီးခိုးတွေကို ကီလိုမီတာတော်တော်များများ ဝေးကွာတဲ့ နေရာများကနေတောင် မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း © အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » အင်တာနက်

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat