12/22/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

[4column][content] ဘာလင်မြို့တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ISIL တွေ ကြေညာပြီးနောက် ရဲတွေက သံသယရှိသူကို ဆက်လက်ရှာဖွေနေကြပါတယ်။

တနင်္လာနေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ခရစ်စမတ်ဈေးအတွင်းကို ကုန်တင်ကားနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကတည်းက ISIL ဟာ သူတို့ရဲ့ တိုက်ခိုက်ရေး အဖွဲ့ဝင်တစ်ယောက်က အခုလိုပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ကြေညာခဲ့တာကြောင့် သံသယရှိသူ တစ်ဦး (သို့မဟုတ်) အချို့ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေတဲ့ ဂျာမာနီရဲတွေကို ပိုပြီး အလုပ်ရှုပ်စေခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းအရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ အနောက်နိုင်ငံတွေအပေါ် လက်တုန့်ပြန်တာလို့ ISIL က သူတို့ရဲ့ ကြေညာချက်မှာ ထည့်သွင်းထားပြီး တိုက်ခိုက်သူဘယ်သူလဲဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ [/content][content] တိုက်ခိုက်မှုကြောင့် လူပေါင်း (၁၂) ယောက် အသက်ဆုံးရှုံးခဲ့ရပြီး (၄၈) ယောက်ဒဏ်ရာရခဲ့တဲ့အနက် (၂၄) ယောက်ကိုတော့ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီလို့ ဂျာမနီရဲတွေက ဆိုပါတယ်။

တနင်္လာနေ့ညက အခင်းဖြစ်ပွားရာနေရာအနီးမှာ ရှိနေခဲ့တဲ့ လူတစ်ယောက်ကို ဖမ်းဆီးမေးမြန်းကာ ပြန်လွှတ်ပေးပြီး သိပ်မကြာခင်မှာပဲ ISIL တွေရဲ့ ကြေညာချက် ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ကုန်တင်ကားမောင်းသူဟာ ခရစ်စမတ်ဈေးဝယ်သူတွေကို ဝင်တိုက်ပြီး ကားပေါ်က ခုန်ဆင်းထွက်ပြေးသွားခဲ့လို့ သံသယရှိသူနဲ့ ပုံပန်းသဏ္ဍာန်တူ ပါကစတန်နိုင်ငံသား ဒုက္ခသည်တစ်ယောက်ကို ဖမ်းဆီးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။ [/content][content] ဘာလင်မြို့သူ မြို့သားတွေဟာ ဝမ်းနည်းကြေကွဲနေကြပြီး ဂျာမနီနိုင်ငံအလံတွေကိုလည်း တိုင်တစ်ဝက်လျှော့ချ လွှင့်ထူထားကြပါတယ်။ နိုင်ငံတဝန်းမှ ပြည်သူတွေကလည်း အခင်းဖြစ်ပွားရာနေရာမှာ ပန်းတွေ ဖယောင်းတိုင်တွေ ထွန်းညှိပြီး လာရောက်ဆုတောင်းပေးနေကြပါတယ်။

“ လုံခြုံရေးတာဝန်ရှိသူတွေက စိတ်ပူစရာကောင်းတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ အမည်မသိ အန္တရာယ်ရှိတဲ့ လူတစ်ယောက်ဟာ လက်နက်တွေနဲ့အတူ လွတ်မြောက်နေတာကြောင့် ရဲတွေအတွက် အလွန်စိုးရိမ်စရာ အခြေအနေပါ။ ” လို့ သတင်းထောက်တစ်ယောက်က ပြောပါတယ်။

[/content][content] ခရစ်စမတ်ကာလဖြစ်နေလို့ ကမ္ဘာလှည့်ခရီးသည်တွေ ပိုများတဲ့အချိန်လို့လည်း ဆိုပါတယ်။

ဘာလင်မြို့သူမြို့သားတွေ သတိရှိကြဖို့ ရဲတပ်ဖွဲ့က သတိပေးကြေညာထားပြီး အခင်းဖြစ်ပွားမှုနဲ့ ပတ်သတ်တဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို စုံစမ်းရေးတာဝန်ရှိသူတွေထံ ပို့ပေးဖို့ တောင်းဆိုထားပါတယ်။

ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျာလာမာကယ်လ်က အဆိုပါ တိုက်ခိုက်မှုကို အကြမ်းဖက်မှုလို့ ပြောခဲ့ပြီး ပြည်ထဲရေးဝန်ကြီး Thomes de Maiziene ကတော့ “ အကြမ်းဖက်သူတွေကို ဖမ်းလို့ မမိမချင်း ဘယ်သူမှ အနားနေမှာ မဟုတ်ဘူး ” လို့ ဆိုခဲ့ပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Al Jazeera
ဓာတ်ပုံ » Al Jazeera
[/content][/4column]

[2column][content]တူရ်ကီသမ္မတကြီး အာဒိုဂန်ဟာ ဆီးရီးယားနိုင်ငံသူလေး ဘာနဟ်အာဗိဒါကို သူမရဲ့မိသားစုဝင်တွေနဲ့အတူ ဗုဒ္ဓဟူးနေ့က သမ္မတအိမ်တော်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။

ပိတ်ဆို့ဝန်းရံခံထားရတဲ့ အလပ်ပိုအရှေ့ပိုင်းကနေ မိသားစုနဲ့တကွ ထွက်ခွာလာခဲ့ရတဲ့ ဘာနဟ်အာဗိဒါ လေးက သမ္မတကြီးနဲ့ အခုလို တွေ့ဆုံရတာ အတိုင်းမသိ ဝမ်းမြောက်ပျော်ရွှင်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တူရကီသမ္မတရုံးရဲ့ တွစ်တာစာမျက်နှာပေါ်မှာလည်း ပုံတစ်ပုံတင်ထားတာ တွေ့ရပါတယ်။ အဲဒီပုံထဲမှာ ဘာနဟ်အာဗိဒါလေးဟာ သမ္မတကြီးရဲ့ ပေါင်ပေါ်မှာ မောင်လေးနဲ့အတူ ရင်းရင်းနှီးနှီးနဲ့ထိုင်နေပြီး သူမရဲ့မိသားဝင်တွေဟာ သမ္မတကြီးကတော်နဲ့အတူ ဘေးမှာ ဝန်းရံပြီး ရပ်နေကြပါတယ်။

အဲဒီမဆ်ဆေ့ခ်ျမှာ သမ္မတကြီးအာဒိုဂန်က အလပ်ပိုမြို့သူလေး ဘာနဟ်အာဗိဒါဟာ သူ့မိသားစုနဲ့ သမ္မတ အိမ်တော်ကို အခုလို လာလည်တာ ဝမ်းမြောက်ပျော်ရွှင်မိပါတယ်လို့ ရေးသားထားပါတယ်။ ပြီးတော့ တူရကီဟာ ဆီးရီးယားညီနောင်တွေဘက်က အမြဲရပ်တည်နေပါတယ်လို့လည်း ဆက်လက်ရေးသားထားပါတယ်။ [/content][content]
ဘာနဟ်လေးကလည်း သူမရဲ့ကမ္ဘာတစ်ဝန်းလုံးက Follower ပေါင်း (၃၅၂၀၀၀) လောက် ရှိထားတဲ့ တွစ်တာအကောင့်ရဲ့ စာမျက်နှာပေါ်မှာ တူရကီသမ္မတအာဒိုဂန်နဲ့ “ တွေ့ဆုံရတာ သမီး အရမ်းပျော်တာပဲ ” လို့ ရေးသားထားပါတယ်။

Icon Aleppo ဆိုတဲ့ အမည်နဲ့ ကျော်ကြားလာခဲ့တဲ့ ဘာနဟ်လေးဟာ အင်္ဂါနေ့မှာ ပိတ်ဆို့ ဝန်းရံခံထားရတဲ့ အလပ်ပိုရွာတွေကနေ ရွှေ့ပြောင်းသယ်ယူရေးဘတ်စ်ကားနဲ့ အလပ်ပို အနောက်ဘက်ကို ရောက်ရှိလာခဲ့ပါတယ်။

ဘာနဟ်လေးဟာ လွန်ခဲ့တဲ့ (၃)လလောက်အရင်က သူ့မိခင်အင်္ဂလိပ်စာဆရာမ ဖွာသွေမဟ်ရဲ့ အကူအညီနဲ့ တွစ်တာပေါ်မှာ စာမျက်နှာဖွင့်ခဲ့ပြီး အလပ်ပိုမြို့သားတွေ ကြုံတွေ့ခံစားနေရတဲ့ စစ်ဘေးဒုက္ခတွေကို အဲဒီစာမျက်နှာပေါ်ကနေ အဆက်မပြတ် မက်ဆေ့ခ်ျတင်ရာမှ ကမ္ဘာကျော်ခဲ့တဲ့ အာဂသမီးငယ်လေးတစ်ဦး ဖြစ်ပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » قناة الجزيرة
ဓာတ်ပုံ » قناة الجزيرة
[/content][/2column]


ရရှားသံအမတ်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို တူရ်ကီထောက်လှမ်းရေး အဖွဲ့တွေက စတင်လိုက်ပါပြီ။

ရရှားသံအမတ်ကို လုပ်ကြံသတ်ဖြတ်သူအား အရှင်မဖမ်းဘဲ ဘာကြောင့် ပစ်ခတ်ပြီး အသေဖမ်းခဲ့ရတာလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

တူရကီသမ္မတ အာဒိုဂန်ကတော့ ရရှားသံအမတ်ကို သတ်သွားသူဟာ ဖသ်ဟွလ္လာဂူလန်အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်ဆိုတာ ဘာမှသံသယဖြစ်ဖွယ်ရာ မရှိပါဘူးလို့ ဆိုပါတယ်။

တူရ်ကီမီဒီယာတွေရဲ့ အဆိုအရ တိုက်ခိုက်ရေးသမားဟာ အရင်ဆုံး ခြေထောက်ကို အပစ်ခံခဲ့ရတာလို့လည်း သိရပါတယ်။ ဒါပေမဲ့ သူက ရဲတပ်ဖွဲ့ဝင်တွေကို အဆက်မပြတ် ပြန်လည် ပစ်ခတ်နေခဲ့ပါတယ်။

သေနတ်ပစ်ရင်းနဲ့လည်း မင်းတို့တွေ င့ါကို အရှင်မဖမ်းနိုင်ပါဘူးလို့ အော်ဟစ်ပြောဆိုပြီး ကြုံးဝါးနေခဲ့ပါတယ်။ သူ့ရဲ့အမည်က မောင်လူဒ်မရတ်အလ်သန်သာစ်လို့ သိရှိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ တကယ်တမ်းမှာ ပြန်လည်သင့်မြတ်ကောင်းမွန်လာနေတဲ့ တူရကီနဲ့ ရရှားနိုင်ငံ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ နှစ်နိုင်ငံလုံးက ခံယူထားကြပါတယ်။

တခြားတစ်ဖက်မှာတော့ တိုက်ခိုက်ရေးသမားက ပြန်လည်တုံ့ပြန်ပစ်ခတ်တဲ့အတွက် သူ့ကို အသေပစ်ဖမ်းလိုက်ရတဲ့ ကိစ္စကို သမ္မတအာဒိုဂန်က ထောက်ခံပါတယ်။

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သမ္မတအာဒိုဂန်က ရရှားသံအမတ်ကို သတ်သူဟာ မသ်ဟွလ္လာဂူလန်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ်ရာ မရှိဘူးလို့လည်း ပြောကြားသွားခဲ့ပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » အင်တာနက်


အမေရိကန်နိုင်ငံမှာ မွတ်စ်လင်မ်တွေအပေါ် ဘာသာရေးမုန်းတီးမှုကို အခြေခံတဲ့ ရင်နင့်ဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခု ထပ်မံဖြစ်ပေါ်လာခဲ့ပြန်ပါတယ်။

နယူးယောက်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ အပြင်ဘက်မှာ မွတ်စ်လင်မ်မိန်းကလေးငယ်တစ်ဦးဟာ မျက်နှာပေါ်ကို သောက်လက်စကော်ဖီပူတွေနဲ့ ပက်ခံရတဲ့အပြင် အရိုက်နှက်လည်း ခံလိုက်ရပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ နယူးယောက်မြို့ ဆင်ခြေဖုံးဒေသဖြစ်တဲ့ မင်ဟတန်ဒေသက အဆောက်အဦးတစ်လုံးရဲ့ သတ္တမအထပ်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

ဖြစ်ပွားပုံမှာ (၃၄) နှစ်အရွယ် နေသန်ဂရေး (Nathan Gray) ဆိုသူက (၂၁) နှစ်အရွယ်ရှိ မွတ်စ်လင်မ် မိန်းကလေးငယ်တစ်ဦးကို သောက်လက်စ ကော်ဖီပူတွေနဲ့ မျက်နှာကို ပတ်ဖျန်းခဲ့တဲ့အပြင် မိမိရဲ့ကျောပိုးအိတ်နဲ့လည်း ပြင်းပြင်ထန်ထန် ရိုက်နှက်ခဲ့ပြီး အဆိုပါ မွတ်စ်လင်မ် မိန်းကလေးငယ်ရဲ့ လည်ပင်းကိုလည်း ညှစ်ခဲ့ပါတယ်။ ဒီပြစ်မှုကျူးလွန်တဲ့ နေသန်ကိုတော့ သက်ဆိုင်ရာ ဒေသရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

ဒါဟာဆိုရင် နယူးယောက်မြို့မှာ ယခုရက်သတ္တပတ်အတွင်း မွတ်စ်လင်မ်ဆန့်ကျင်မုန်းတီးရေးကို အခြေခံပြီးဖြစ်တဲ့ တတိယမြောက် ဖြစ်ရပ်တစ်ခုပါ။

ဒီအဖြစ်အပျက်မတိုင်ခင်ကလည်း တာဝန်ကျရဲတစ်ယောက်ဟာ တခြားမွတ်စ်လင်မ်မိန်းကလေးတစ်ဦးကိုလည်း ဘာသာရေးမုန်းတီးမှုအပေါ် အခြေခံပြီး အကြောင်းမဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသေးတယ်။

© အလင်းမျက်ဝန်း
ကိုးကား » GEO TV
သရုပ်ဖော် ဓာတ်ပုံ » အင်တာနက်

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat