12/24/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

[2column][content]
အသိမ်းဆည်းခံ ပါလက်စ်တိုင်း နယ်မြေတွေပေါ်မှာ ကျူးကျော်ကာ အခြေချအိမ်ရာတွေ တည်ဆောက်နေမှုကို ရပ်တန့်သွားဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

အဆိုပါရပ်တန့်ဖို့အဆိုကို နယူးဇီလန်၊ မလေးရှား၊ ဗင်နီဇွဲလား၊ ဆီနီဂေါနဲ့ အီဂျစ်နိုင်ငံတို့က ပူးပေါင်းတင်သွင်းခဲ့ပြီး အစ္စရေးနဲ့ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့ရဲ့ ဖိအားတွေကြောင့် အီဂျစ်နိုင်ငံက အဆိုကို ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။

အဖွဲ့ဝင် (၁၅) နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ သောကြာနေ့ (မနေ့) က မဲခွဲဆုံးဖြတ်ခဲ့ပြီး (၁၄) နိုင်ငံကတော့ အခြေချအိမ်ရာတွေ တည်ဆောက်မှုကို ရပ်တန့်ဖို့ မဲပေးခဲ့ကြပါတယ်။ အမေရိကန်ကတော့ မဲမပေးဘဲ နေခဲ့ပါတယ်။

အစ္စရေးနိုင်ငံနဲ့ ဒေါ်နယ်ထရမ့်တို့ကတော့ အဆိုပါ မဲခွဲဆုံးဖြတ်မှုကို ဗီတိုအာဏာသုံးပြီး ပယ်ချပေးဖို့ အမေရိကန်နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။

“ နိုင်ငံတကာဥပဒေရဲ့ အောင်ပွဲရတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ အစွန်းရောက် အစ္စရေးတချို့ရဲ့ ကန့်ကွက်မှုတွေကြားကပဲ မျှမျှတတ မဲခွဲဆုံးဖြတ်လိုက်ကြလို့ သမိုင်းရာဇဝင်ရှိခဲ့တဲ့ ပါလက်စ်တိုင်းတွေရဲ့ ယဉ်ကျေးမှု ဘာသာစကားအတွက်လည်း အောင်ပွဲဖြစ်ခဲ့ပါတယ်။ ” လို့ ပါလက်စ်တိုင်း ဦးဆောင်ညွှန်ကြားရေးမှူး Saeb Erekat က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
[/content][content]
“ ကိုယ်တိုင်ကတော့ တစ်ဖက်သတ် ကျူးကျော်အခြေချနေတဲ့ အစ္စရေးနိုင်ငံဟာ သူ့အတွက်တော့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို လိုချင်နေတယ်ဆိုတာ မမျှတပါဘူးဆိုတဲ့အကြောင်း နိုင်ငံတကာက ဆုံးဖြတ်ပေးလိုက်တာပါပဲ။ ၁၉၆၇ ခုနှစ်က သတ်မှတ်ထားတဲ့ နယ်မြေခွဲခြမ်းမှု သဘောတူညီချက်အရ ပါလက်စ်တိုင်းနိုင်ငံနဲ့ အစ္စရေးနိုင်ငံတို့ဟာ အတူယှဉ်တွဲနေထိုင်သွားမှသာ ရေရှည်တည်ငြိမ်ပြီး အတူတကွ တိုးတက်ကြမှာ ဖြစ်ပါတယ် ” လို့ Erekat က ဆိုပါတယ်။

“ စက်ဆုပ်ဖို့ကောင်းတဲ့ အဆိုပါ အစ္စရေးဆန့်ကျင်ရေး ဆုံးဖြတ်ချက်ကို အစ္စရေးနိုင်ငံကတော့ ကန့်ကွက်ပါတယ် ” လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ရုံးက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

“ လာမယ့် ဇန်နဝါရီလ (၂၀) ရက်နေ့ (သူတာဝန်စယူမယ့်အချိန်) ကစပြီး ကုလသမဂ္ဂရဲ့ အခြေအနေတွေဟာ ပြောင်းလဲသွားမှာပါ ” လို့ ဒေါ်နယ်ထရမ့်ကလည်း ကြိုတင်သတိပေး ကြုံးဝါးလိုက်ပါတယ်။

ဒါဟာ ပါလက်စ်တိုင်းနဲ့ အစ္စရေး နယ်မြေခွဲဝေမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ (၈) နှစ်အတွင်း ပထမဆုံးသော ထူးခြားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » Al Jazeera | ဓာတ်ပုံ » အင်တာနက်
[/content][/2column]


လစ်ဗျားလေယာဉ် ပြန်ပေးဆွဲခဲ့တဲ့သူတွေဟာ မော်လ်တာလေးဆိပ်မှာ လက်နက်ချခဲ့ကြပြီး လက်နက်မချခင် မော်လ်တာအစိုးရထံကနေ နိုင်ငံရေး ခိုလှုံခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။

ပြန်ပေးဆွဲသမားတွေဟာ ဒီမတိုင်မီက ကဒါဖီရဲ့သား စိုင်ဖွလ်အစ္စလာမ်ကို လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဗြိတိန်သတင်းမီဒီယာတွေရဲ့ ပြောပြချက်အရ လေယာဉ်ပြန်ပေးဆွဲတဲ့သူတွေထဲက တစ်ဦးရဲ့ နာမည်ဟာ မူစာရှာဟာဖြစ်ပြီး သူက လစ်ဗျားတီဗီချန်နယ်ကို ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မူစာရှာဟာ လစ်ဗျားတီဗီချန်နယ်နဲ့စကားပြောရာမှာ သူ့ကိုသူ အလ်ဖသ်ဟွလ်ဂျဒီးဒ်အဖွဲ့ရဲ့ ခေါင်းဆောင်လို့ မိတ်ဆက်ခဲ့တယ်လို့ ဗြိတိန်သတင်းဌာနက ဆိုပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » GEO TV


ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုက “ မင်းတို့ဟာ တကယ့်စစ်မှန်တဲ့ သူရဲကောင်းတွေ ” လို့ ဆီးရီးယားကလေးတွေကို ပြောကြားပြီး အားပေးလိုက်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်နဲ့ ရီရဲယ်မတ်ဒရစ်ကစားသမား စီရော်နယ်ဒိုဟာ သောကြာနေ့က ဆီးရီးယားကလေးတွေအတွက် ဗွီဒီယိုသဝဏ်လွှာပါးလိုက်ပါတယ်။

အဲဒီရုပ်သံသဝဏ်လွှာမှာ သူက ဆီးရီးယားကလေးတွေကို “ မင်းတို့ကသာ စစ်မှန်တဲ့ သူရဲကောင်းတွေပါ ” လို့ ပြောကြားပြီး မျှော်လင့်ချက်မမဲ့ကြဖို့  တိုက်တွန်းနှိုးဆော်ထားပါတယ်။

လူမှုကွန်ယက် ဖေ့စ်ဘွက်ပေါ်က မိမိရဲ့စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုမှာ ရော်နယ်ဒိုက လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတစ်ခုကို ထောက်ခံကူညီတဲ့အနေနဲ့ အခုလို ပြောကြားထားတာ တွေ့ရပါတယ်။

“ ကြိုဆိုပါတယ်။ ဒါဟာ ဆီးရီးယားကလေးငယ်တွေအတွက် ရည်စူးတဲ့ ရုပ်သံသဝဏ်လွှာပါ။ မင်းတို့လေးတွေ ဒုက္ခအမြောက်အမြား ခံစားနေကြရတာ ငါတို့ သိပါတယ်။ ငါဟာ ကမ္ဘာကျော် အားကစားသမားတစ်ဦးဆိုတာ မှန်ပေမဲ့ မင်းတို့လေးတွေကမှ တကယ့်သူရဲကောင်းအစစ်အမှန်တွေပါ။ မင်းတို့လေးတွေဟာ မျှော်လင့်ချက် မမဲ့လိုက်ကြပါနဲ့။ ကမ္ဘာကြီးက မင်းတို့နဲ့အတူ ရှိနေပါတယ်။ မင်းတို့အရေးကို ငါတို့ အလေးထားပါတယ်။ ငါလည်း မင်းတို့နဲ့အတူ ရှိနေပါ့မယ်။ ”

အခြားတစ်ဖက်မှာတော့ Save The Children (ကလေးများကိုကယ်တင်ကြ) အဖွဲ့ကြီးကလည်း အခုလို ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့နှစ်တွေမှာ သူစိတ်အားထက်သန်တဲ့ကဏ္ဍတွေအတွက် ၎င်းတို့အဖွဲ့အစည်းကြီးနဲ့ ပူးပေါင်းလှုပ်ရှားခဲ့ပါတယ်။ ဆီးရီးယားကလေးငယ်တွေ ခံစားနေရတဲ့ဒုက္ခတွေဟာလည်း သူစိတ်အားထက်သန်ခဲ့တဲ့ ကိစ္စတွေထဲက တစ်ခု ဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ပုံရိပ်နဲ့ ကျော်စောမှုကို လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက စစ်ဘေးဒဏ် ခံစားကြုံတွေ့နေရတဲ့ ဆီးရီးယားကလေးတွေထံကို လူသားချင်းဆိုင်ရာ အကူအညီတွေ ပို့ဆောင်နိုင်ရေးအတွက် အသုံးချခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက ယနေ့အထိ ဆီးရီးယားစစ်ပွဲမှာ လူပေါင်း (၃၁၀၀၀၀) အသက်ဆုံးရှုံးခဲ့ရပြီး အနည်းဆုံး ကလေးဦးရေ (၁၅၀၀၀) လောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက ဆိုထားပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » سكاي نيوز عربية
ဓာတ်ပုံ » အင်တာနက်

[2column][content]
၂၀၁၆ ခုနှစ် အစောပိုင်းကတည်းက ရွှေ့ပြောင်းဒုက္ခသည်ပေါင်း (၅၀၀၀) ကျော်လောက်ဟာ မြေထဲပင်လယ်ကို ဖြတ်ကျော်ဖို့ ကြိုးစားရင်း အသက်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။

လွန်ခဲ့တဲ့ ကြာသပတေးနေ့တုန်းကလည်း နောက်ထပ် လူပေါင်း (၁၀၀) နစ်မြုပ်ခဲ့တဲ့ တုန်လှုပ်ဖွယ်အဖြစ်အပျက်ကြီးနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးရဲ့ လက်အောက်ခံအဖွဲ့ကြီးဖြစ်တဲ့ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ ဝီလ်ယံစပလင်ဒလာ ပြောပြတာကတော့ အီတလီကမ်းခြေစောင့်တပ်ဟာ မြေထဲပင်လယ်ရဲ့ တကယ့်အလယ်ဗဟိုနေရာမှာ ကြာသတေးနေ့က နစ်မြုပ်သွားခဲ့တဲ့ လူပေါင်း (၁၀၀) လောက်ကို ကယ်တင်ရတဲ့ ကယ်တင်မှုပေါင်း (၄) ကြိမ်တိုင် လုပ်ဆောင်ခဲ့ရပါတယ်။

၂၀၁၅ ခုနှစ်မှာ ရေနစ်သေဆုံးသူပေါင်း (၃၇၇၁) ဦး ရှိခဲ့ပေမဲ့ ဒီ ၂၀၁၆ ခုနှစ်မှာတော့ သေဆုံးသူဦးရေဟာ ယခင်နှစ်ထက် ပိုတိုးပွားခဲ့ပြီး သေဆုံးသူပေါင်း (၅၀၀၀) ကျော် အရေအတွက်ထိ မြင့်တက်လာတာဟာ အလွန်ပဲ ဝမ်းနည်းကြေကွဲစရာ ကောင်းတယ်လို့ ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

ဒါဟာဆိုရင် ၂၀၁၆ ခုနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်ကျော်ခဲ့တဲ့ (အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့ရေးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ) သုံးသိန်းခြောက်သောင်းပမာဏရှိတဲ့ လူဦးရေပမာဏမှာ လူဦးရေ ၅၀၀၀ ကျော် နစ်မြုပ်သေဆုံးခြင်းဟာ ၂၀၁၅ ခုနှစ်အတွင်း (ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ထုတ်ပြန်ချက်အရ) ရွှေ့ပြောင်းသူ သန်းချီရှိတဲ့ဦးရေနဲ့စာရင် အလွန်မှကို များပြားတဲ့အရေအတွက် ဖြစ်လာပါတယ်။
[/content][content]
အခုလို သေဆုံးသူဦးရေ ပိုများလာရတဲ့ အကြောင်းရင်းပေါင်း များစွာ ရှိနေပါတယ်။

ဒါတွေဟာ လူမှောင်ခိုကူးဂိုဏ်းတွေရဲ့ အိုဟောင်းပျက်စီးစဖြစ်နေတဲ့ အညံ့စား လှေတွေ၊ သင်္ဘောတွေကို အသုံးပြုကြခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းနဲ့ အာဏာပိုင်တွေ ဖမ်းလို့မမိအောင် ရှောင်တိမ်းဖို့အတွက် မှောင်ခိုသမားတွေရဲ့ စနစ်မကျတဲ့ နည်းဗျူဟာလမ်းညွှန်ကို အသုံးပြု မောင်းနှင်ကြခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်လို့ ၄င်းက ဆက်လက်ပြောကြားသွားပါတယ်။

နမူနာအနေနဲ့ မှောင်ခိုသမားတွေဟာ တစ်ချိန်တည်းမှာပဲ လှေအစီးပေါင်းစွာကို တပြိုင်တည်း လွှတ်လိုက်တဲ့အတွက် ကယ်ဆယ်ရေးလုပ်ရတဲ့နေရာမှာ အလွန်မှ ဒုက္ခအခက်အခဲ ဖြစ်စေပါတယ်။

အဲဒီလိုပါပဲ လစ်ဗျားနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ခိုလှုံသူတွေဟာ ရာသီဥတုဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာတဲ့အပေါ် ဥရောပဘက်ကို မသိမသာ ပြောင်းရွှေ့နေကြတဲ့ ပမာဏဟာ တော်တော်လေးကို များပြားခဲ့ပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » قناة الجزيرة
ဓာတ်ပုံ » قناة الجزيرة
[/content][/2column]


ဘာလင်ရဲ့ ခရစ်စမတ်ဈေးပွဲတော်အတွင်း ထရပ်ကားဖြင့် တိုက်ခိုက်ခဲ့သူအဖြစ် သံသယရှိခံထားရသူ အနီးစ်အလ်အွမ်ရီဟာ အီတလီနိုင်ငံရဲ့ မီလန်မြို့မှာ လုံခြုံရေးတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။

အီတလီရဲ့ ပြည်ထဲရေးဝန်ကြီးဟာ ရောမမြို့မှာ စာနယ်ဇင်းအခမ်းအနားပြုလုပ်ရင်း အနီးစ်အလ်အွမ်ရီ သေဆုံးကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။

မီလန်မှာ ရဲတပ်ဖွဲ့နဲ့ ပစ်ခတ်ရင်း သေဆုံးသွားခဲ့တဲ့သူဟာ ဘာလင်မြို့ရဲ့ ခရစ်မတ်ဈေးပွဲတော်ထဲကို ထရပ်ကားနဲ့ တိုက်ခိုက်ခဲ့သူအဖြစ် သံသယရှိတဲ့သူဖြစ်တယ်ဆိုတာ လုံးဝကို သေချာပါတယ်လို့ သူ့အနေနဲ့ အတည်ပြုပြောကြားသွားပါတယ်။

အနီးစ်အလ်အွမ်ရီကို မီလန်အနီးရှိ ရထားဘူတာရုံတစ်ခုမှာ ရဲက သာမန်စစ်ဆေးမှုပြုဖို့ တားပြီး စိစစ်ရေးကဒ်ပြား တောင်းခံစစ်ဆေးရုံသာ ပြုခဲ့ပါတယ်။

အဲဒီအပေါ် တူနီးရှားနိုင်ငံသားအနီးစ်က ရဲကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီအခါမှာ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ကြတဲ့အပေါ် အနီးစ်ဟာ သေဆုံးသွားခဲ့ပါတယ်။

အီတလီအာဏာပိုင်တွေရဲ့ ပြောပြချက်အရ အဆိုပါ အနီးစ်ဟာ ဘာလင်ရဲ့ ခရစ်မတ်ဈေးပွဲတော်အထဲကို ထရပ်ကားနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့သူသာဖြစ်ကြောင်း ၄င်းရဲ့လက်ဗွေရာနဲ့ ဖမ်းမိသိရှိရပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » GEO TV
ဓာတ်ပုံ » GEO TV

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat