12/26/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

[2column][content]
အိုမန်နိုင်ငံရှိ ခရိုင် (၆၁) ခုရဲ့ ရွေးကောက်ပွဲတွေမှာ အမျိုးသမီးဦးရေ (၂၃) ဦး အမည်စာရင်းတင်သွင်းပြီး ဝင်ရောက် အရွေးခံခဲ့ရာ (၇) ဦး ရွေးကောက်ခံ အနိုင်ရရှိပါတယ်။

ရွေးကောက်ပွဲ ရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က တနင်္ဂနွေနေ့ညနေမှာ ကြေညာပေးသွားခဲ့တာဖြစ်ပြီး အစိုးရပိုင် ရုပ်သံလိုင်းကနေလည်း တင်ဆက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာတော့ အမည်စာရင်းတင်သွင်းခဲ့သူ အမျိုးသမီးဦးရေပေါင်း (၄၆) ဦး မှာ (၄) ဦးသာ အနိုင်ရခဲ့တာကြောင့် ဒီနှစ်အနိုင်ရတဲ့အမျိုးသမီးအရေအတွက်ဟာ ပြီးခဲ့တဲ့အကြိမ်ကထက် ပိုများနေတယ်လို့ ဆိုရပါမယ်။

စုစုပေါင်း အမတ် (၂၀၂) နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့သူ (၇၃၁) ဦး ရှိခဲ့တဲ့အနက်မှာ အမျိုးသမီး (၂၃) ဦးလည်း ပါဝင်ခဲ့ပါတယ်။
[/content][content]
မဲပေးပိုင်ခွင့်ရှိသူ ခြောက်သိန်းနှစ်သောင်းသုံးထောင်ကျော်က မဲပေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတွေရဲ့ ရာခိုင်နှုန်းကိုတော့ မကြေညာခဲ့ပါဘူး။

ဒီရွေးကောက်ပွဲဟာဆိုရင် အိုမန်နိုင်ငံရဲ့သမိုင်းမှာ ဒုတိယအကြိမ်မြောက် အမျိုးသမီးများ ဝင်ရောက်အရွေးခံကြတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

ပထမအကြိမ်ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလက ဖြစ်ပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » قناة الجزيرة
[/content][/2column]

[2column][content]
အစ္စရေးဟာ တစ်ကမ္ဘာလုံးက ဝိုင်းပြီးကန့်ကွက်နေတဲ့ကြားက ကျူးကျော်အိမ်ရာ (၆၅၀၀) ဆောက်လုပ်ရန် အတည်ပြုဖို့ စဉ်းစားထားတယ်လို့ ကြေညာလိုက်ပါတယ်။

အစ္စရေးအစိုးရဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အတည်ပြုပြီးဖြစ်တဲ့ တရားမဝင်အိမ်ရာဆောက်လုပ်မှု ရပ်တန့်ရေးမူကြမ်းအဆိုကို မထီမဲ့မြင်ပြုလိုက်တာဖြစ်ပြီး လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် အင်အားကြီး အမေရိကန် ပြည်ထောင်စုကိုပါ အံတုလိုက်တာပဲ ဖြစ်ပါတယ်။

အစ္စရေးကျူးကျော်မှု ဆန့်ကျင်ရေးမူကြမ်းရဲ့ အဓိကလက်သည်ဟာ အမေရိကန်ဖြစ်တယ်လို့လည်း ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့ပါတယ်။

အရှေ့ဂျေရုစလင်မှာ နောက်ထပ်ကျူးကျော်အိမ်ရာပေါင်း ထောင်နဲ့ချီပြီး ဆောက်လုပ်ဖို့ အစီအစဉ်ကို ၎င်းတို့ဘက်က စတင်ကြွေးကြော်လိုက်ပါပြီ။

ဒီနှစ်အတွင်းမှာတင် အရှေ့ဂျေရုစလင်အတွင်း မူလဌာနပါလတ်စ်တိုင်းအမြောက်အမြားရဲ့ အိမ်တွေကို အဓမ္မ ဝင်ရောက်ဖြိုဖျက်ပြီး အိမ်ရာပေါင်း (၁၅၀၀) ကျော်လောက်ကို တရားမဝင် ကျူးကျော်ဆောက်လုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။
[/content][content]
မတရားသိမ်းပိုက်ခံနယ်မြေ ပါလက်စ်တိုင်းမှာ အစ္စရေးတို့ရဲ့ ကျူးကျော်အိမ်ရာဆောက်လုပ်မှု စီမံကိန်း ရပ်တန့်ရေးမူကြမ်းကို လုံခြုံရေးကောင်စီအတွင်း သမိုင်းဝင် အောင်မြင်မှုရရှိခဲ့ပြီးနောက် အစ္စရေးဟာ အပြင်းအထန် ဒေါသပုန်ထနေခဲ့ပါတယ်။

အဆိုပါ မူကြမ်းကို မဲပေးခဲ့တဲ့နိုင်ငံတွေနဲ့လည်း အစ္စရေးဟာ သံတမန်စစ်စင်ရေးတွေ စတင်ခင်းကျင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူဟာ “ အမေရိကန်က ဒီမူကြမ်းကို လုံခြုံရေးကောင်စီ တင်သွင်းခဲ့ရုံတင် မကဘူး။ ဒီမူကြမ်းကို ဦးဆောင်ရေးဆွဲခဲ့တဲ့ ထိပ်ဆုံးက နိုင်ငံဖြစ်တယ်ဆိုတာ ခိုင်လုံတဲ့ သက်သေအထောက် အထားတွေ ကျုပ်တို့ ရထားတယ် ” လို့ ကြွေးကြော်ခဲ့ပါတယ်။

အိုဘားမားအစိုးရကတော့ အစ္စရေးရဲ့ စွပ်စွဲပြောဆိုချက်ကို ပယ်ချခဲ့ပါတယ်။

သမ္မတသစ် ဒေါ်နယ် ထရမ့်ကတော့ “ ဇန်နဝါရီလ (၂၀) နောက်ပိုင်းကျရင်တော့ အခြေအနေတွေက အစ္စရေးဘက်က မျက်နှာသာရလာပါလိမ့်မယ် ” လို့ ပြောကြားထားပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » GEO TV
[/content][/2column]

[2column][content]
ဆော်ဒီနိုင်ငံ ဂျစ်ဒဟ်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ နိုင်ငံတကာ မဟာစာပေပွဲတော်ကြီးဟာ တနင်္လာနေ့ (ယနေ့) ညနေမှာ  အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။

တက်ရောက်ကြည့်ရှုသူပေါင်း လေးသိန်းလောက်ရှိခဲ့ပြီး ပင်လယ်ကွေ့နိုင်ငံများ၊ အရဗ်နိုင်ငံများ၊ အစ္စလာမ့်နိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံပေါင်း ၃၀ ကို ကိုယ်စားပြုပြီး စာပေတိုက်ပေါင်း ၄၅၀ က စာရင်းဝင် ပြသခဲ့ပါတယ်။

ဆော်ဒီသတင်းဌာနရဲ့ ဖော်ပြချက်အရ အဆိုပါမဟာပွဲတော်ကြီးကို ကျင်းပနိုင်ဖို့ စတုရန်းမီတာ နှစ်သောင်းနှစ်ထောင်လောက်ရှိတဲ့ မြေနေရာကို ငှားရမ်းခဲ့ရတယ်လို့ သိရပါတယ်။

သန်းပေါင်းများစွာသော စာအုပ်စာပေကျမ်းဂန်များ ပါဝင်ခဲ့ပြီး ပညာရေးနယ်ပယ်အသီးသီးမှ အကြောင်းအရာပေါင်း ငါးသိန်းလောက် ပါဝင်ခဲ့ပါတယ်။

စာရေးသူပေါင်း ၂၃၀ လောက်က မိမိတို့ရေးသားပြုစုထားတဲ့ စာအုပ်တွေအပေါ်မှာ အမှတ်တရ လက်မှတ်တွေကို ရေးထိုးပေးခဲ့ကြပါတယ်။

အဆိုပါပွဲတော်ကြီးမှာ ယဉ်ကျေးမှုအစီအစဉ်များအဖြစ် ယဉ်ကျေးမှု၊ အနုပညာ၊ အသိပညာပေး၊ ကဗျာဆရာတွေနဲ့ စာအုပ်တွေရဲ့ သင်္ကေတအုပ်စုများအဖြစ် အထူးအစီအစဉ်များကိုလည်း ထည့်သွင်းခဲ့ပါတယ်။
[/content][content]
ဒါ့အပြင် အတွေးအခေါ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု၊ ဗဟုသုတပိုင်းဆိုင်ရာလှုပ်ရှားမှု၊ အနုပညာနဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုအလေးထားမှုတစ်ခုအဖြစ် ပန်းစီ၊ ပန်းပုစတဲ့ အနုသုခုမပညာရပ်၊ အမျိုးသမီး၊ ကလေး၊ ပြဇာတ်စတဲ့ လူ့အဖွဲ့အစည်းမှာ အမျိုးမျိုးရှိတဲ့ကဏ္ဍတွေကိုလည်း ထည့်သွင်းတင်ဆက်ခဲ့ပါသေးတယ်။

ပြပွဲမှာ စာပေဟောပြောပွဲများ၊ အနုပညာဆိုင်ရာ အစီအစဉ်များ၊ အနုပညာ၊ ဖြန့်ချိရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း စီစဉ်တင်ဆက်ခဲ့ပါတယ်။

ပြပွဲလေ့လာသူများအတွက် စာအုပ်တွေရဲ့ အကြောင်းအရာများကို လွယ်လွယ်ကူကူ ရှာဖွေနိုင်အောင် ခန်းမကြီးအတွင်းမှာ ကွန်ပျုတာပေါင်း ၁၀၀ ထားရှိပေးခဲ့ပါတယ်။

ဖြန့်ချိရေးစာအုပ်တိုက်တွေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့အတွက်လည်း လမ်းပြမြေပုံများကို မျက်နှာမူရာ နေရာတိုင်းမှာ ထားရှိပေးထားပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံသာမက ပြည်ပနိုင်ငံများကပါ ဤပြပွဲကို လာရောက်လေ့လာကြည့်ရှုသူ အမြောက်အမြားအနေနဲ့ ခန်းမကြီးအတွင်းသို့ တစ်ချိန်တည်း လွယ်ကူစွာ ဝင်ရောက်လေ့လာနိုင်ဖို့ ဝင်ပေါက်ကြီး (၆) ခုကိုလည်း ကျယ်ဝန်းစွာ စီစဉ်ခဲ့ပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » سكاي نيوز عربية
[/content][/2column]

အစ္စရေးကျူးကျော်အိမ်ရာ ဆောက်လုပ်မှု ရပ်တန့်ရေး မူကြမ်းအပေါ် ဗီတိုအာဏာအသုံးမပြုသည့်အတွက် အမေရိကန်ကို အစ္စရေး အမျက်ထွက်

[2column][content]
အိုဘားမား အစိုးရအနေနဲ့ ကုလလုံခြုံရေးကောင်စီမှာ အစ္စရေးတွေ မလိုလားတဲ့ ဆန့်ကျင်ဘက်မူကြမ်းအတွက် ဗီတိုအာဏာအသုံးမပြုခဲ့ခြင်းအပေါ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ အမျက်ဒေါသတစ်ချောင်းချောင်း ထွက်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ်က လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ခြင်းနဲ့ ဒီမူကြမ်းကို အတည်ပြုမှုဟာ အမေရိကန်သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ရဲ့ နောက်ကွယ်က လက်ချက်လို့ စွပ်စွဲလိုက်ပါတယ်။

“ သူတို့တွေဟာ ဒီမူကြမ်းကို စတင်ရေးဆွဲခဲ့ပြီး ဒီကိစ္စနောက်ကိုပဲ သဲသဲမဲမဲ လိုက်နေခဲ့ကြတယ်။ နောက်ဆုံး အတည်ပါပြုလိုက်ကြတယ် ” လို့ နေတန်ယာဟုက စွပ်စွဲလိုက်ပါတယ်။

တနင်္ဂနွေနေ့မှာ ခရစ်စမတ်ပွဲတော်ရှိနေပါလျှက် အစ္စရေးဝန်ကြီးချုပ်က အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Daniel Sgapiro ကို ခေါ်ယူပြီး လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာမသုံးခဲ့မှုနဲ့ မဲပေးရာမှာ ဝင်မပါမှုတို့အပေါ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
[/content][content]
ဒါတင်မကသေးပါဘူး။ အဆိုပါမူကြမ်းကို ထောက်ခံမဲပေးခဲ့ကြတဲ့ (၁၄) နိုင်ငံအနက်က (၁၀) နိုင်ငံ ရဲ့သံအမတ်တွေကိုလည်း ခေါ်ယူပြီး အဆိုပါမူကြမ်းအတွက် ထောက်ခံမဲပေးရကောင်းလားလို့ ဆူပူကြိမ်းမောင်းခဲ့ပါသေးတယ်။ ၎င်းခေါ်ယူပြောဆိုခဲ့တဲ့ နိုင်ငံ(၁၀) ခုကတော့ ဗြိတိန်၊ တရုတ်၊ ရရှား၊ ပြင်သစ်၊ အီဂျစ်၊ ဂျပန်၊ အုရုဂွေး၊ စပိန်၊ ယူကရိန်းနဲ့ နယူဇီလန်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာ (၂၃) ရက်၊ သောကြာနေ့က ပါလတ်စ်တိုင်းနယ်မြေပိုက်နက်အား ဂျူးအခြေချရပ်ကွက်များအဖြစ် ကျူးကျော်ဆောက်လုပ်မှုများ ရပ်တန့်ရေးမူကြမ်းကို လုံခြုံရေးကောင်စီမှာ မဲအသာစီးနဲ့ အတည်ပြုလိုက်ပါပြီ။

အဆိုပါ မူကြမ်းထဲမှာ အစ္စရေးကျူးကျော်အိမ်ရာတွေ ဆောက်လုပ်မှုကို ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။

အဆိုပါ မူကြမ်းကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချမပေးခဲ့တဲ့အတွက် အစ္စရေးဟာ ဒေါသအမျက်ချောင်းချောင်း ထွက်နေခဲ့တာ ဖြစ်ပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » GEO TV
[/content][/2column]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat