12/27/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


အူရ်ဒူစာပေရဲ့ ကဗျာလင်္ကာအရေးအသားမှာ အကြီးမြတ်ဆုံးနဲ့ ဂန္တဝင်အမြောက်ဆုံးသော လူသားတစ်ဦးအဖြစ် ရာဇဝင်တွင် ကျန်ရစ်သူမှာ အူရ်ဒူကဗျာစာပေရဲ့ ကျေးဇူးရှင်ကြီး မိရ်ဇာဂါလိဗ် ဖြစ်ပါတယ်။

အူရ်ဒူစာပေ အဆင့်အတန်း မြင့်မားပြီး အထွတ်အထိပ် ရောက်ရှိရေးနဲ့ အစဉ်အမြဲ အဓွန့်ရှည် တည်တံ့ရေးအတွက် ဆောင်ရွက်ခဲ့ရာမှာ ဆရာကြီးရဲ့ စွမ်းဆောင်မှုဟာ ယနေ့တိုင် စံနမူနာပြု အတုယူနေရစဲ ဖြစ်ပါတယ်။

အူရ်ဒူနဲ့ ဖာရစီ(ပါရှန်း) စာပေရဲ့ ကြီးကျယ်တဲ့ ကဗျာလင်္ကာဆရာကြီး မိရ်ဇာ အစဒွလ္လာဟ် ဂါလိဗ်ဟာ ၁၇၉၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့မှာ အိန္ဒိယနိုင်ငံ အာဂရဟ်ဒေသမှာ ဖွားမြင်ခဲ့ပါတယ်။ (အာဂရဟ်ဒေသဆိုတာ ယနေ့ ကမ္ဘာ့သမိုင်းရဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့ သားဂ်ျမဟလ်ဘုံနန်းကြီး တည်ရှိရာ ဒေသပါ။)

ငယ်ရွယ်စဉ်ကတည်းက ကဗျာရွတ်ဆိုခြင်းကို ဝါသနာထုံမွှမ်းခဲ့ပါတယ်။ ကလေးဘဝကတည်းက ကဗျာလင်္ကာ ရွတ်ဆိုခဲ့သူပါ။ သူဟာ စံမတူအောင် အရည်အသွေးမှာ တမူထူးခြား တောက်ပြောင်ခဲ့ပါတယ်။

သူ့အချိန်ကာလမှာရှိတဲ့ ရှင်ဘုရင်ဘက်တော်မှ နဂ်ျမုဒ်ဒေါင်လဟ် (ပြည်ထောင်စုကြယ်ပွင့်)၊ ဒဗီးရွလ်မုလ်က် (တိုင်းရေးပြည်ရေးရာကွပ်ကဲရေးမှူး) နဲ့ နေဇွာမေ့ဂျန်ဂ် (တိုက်ပွဲဗျူဟာစီမံရေး) အစရှိတဲ့ ဉာဏပညာရပ်ဆိုင်ရာ ဘွဲ့ထူးတွေကို ပညာရှင်ကြီး ဂါလိဗ် တစ်ဦးတည်းကိုသာ သီးသန့်ဂုဏ်ပြု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

ဂါလိဗ်ရဲ့ ကဗျာလင်္ကာဟာ သူရဲ့ တစ်ကိုယ်တော်ဘဝသက်တမ်းကိုပဲ ကိုယ်စားပြုခဲ့တာ မဟုတ်ဘဲ သူရဲ့ ခေတ်ခါသမယ၊ ရိုးရာဓလေ့နဲ့ ဒေသပတ်ဝန်းကျင်အားလုံးရဲ့ ကြေးမုံတစ်ချပ်လည်း ဖြစ်စေခဲ့ပါတယ်။

ကဗျာလင်္ကာမှာ ဖြစ်ဖြစ်၊ စကားပြေသီကုံးရေးသားရာမှာ ဖြစ်ဖြစ်၊ စာစီစာကုံး ဝါကျအထားအသိုမှာ ဖြစ်ဖြစ်၊ လက်ရေးလက်သား ပန်ချီးကောက်ကြောင်း ရေဆွဲးခြင်းမှာ ဖြစ်ဖြစ် ဂါလိဗ်ဟာ တစ်ကိုယ်တော်၊ ပြိုင်စံရှား၊ သူမတူအောင် သစ်လွင်တောက်ပတဲ့ ရောင်စဉ်တွေကို ဖန်တီးပြခဲ့ပါတယ်။

ဂါလိဗ်ဟာ ခက်ခဲနက်နဲလှပေ့ဆိုတဲ့ အကြောင်းအရာတွေကို အလွန် ရိုးရှင်းလွယ်ကူပြေပြစ်တဲ့ ရှင်းလင်းချက်နဲ့ တင်ပြနိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ဖာရစီ၊ အူရ်ဒူကဗျာရဲ့ ဂန္တဝင်ပြောင်မြောက်အောင် ရေးသားခဲ့သူ ပညာရှင်ကြီး မိရ်ဇာ အစဒွလ္လာဟ် ဂါလိဗ်ရဲ့ ကလောင်တန်ခိုးကြောင့်ပဲ ဒီနေ့ ကမ္ဘာမှာ အူရ်ဒူစာပေဟာ စတုတ္ထမြောက်သော အကြီးကျယ်ဆုံး ဘာသာစကားကြီးတစ်ခုအဖြစ် ရပ်တည်နေပါပြီ။

© အလင်းမျက်ဝန်း | ကိုးကား » GEO TV


ရရှားအစိုးရဟာ တနင်္ဂနွေနေ့က ပင်လယ်နက်တွင်း ပျက်ကျသွားခဲ့တဲ့ ရရှားလေယာဉ်ရဲ့ မှတ်တမ်းသေတ္တာ (Black Box) ကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ ရရှားစစ်လေယာဉ်ဟာ တနင်္ဂနွေနေ့မှာ ပင်လယ်နက်အတွင်း ပျက်ကျသွားပြီး စီးနင်းလိုက်ပါခဲ့တဲ့ ခရီးသည်တွေနဲ့ ၀န်ထမ်းတွေအားလုံး (၉၂) ဦး သေဆုံးသွားခဲ့ပါတယ်။

ရရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပင်လယ်နက်အတွင်းမှာ ပျက်ကျသွားခဲ့တဲ့ ရရှားလေယာဉ်မှာ ပါတဲ့ Black Box ကို ထုတ်ယူရရှိခဲ့တဲ့အကြောင်း အတည်ပြုရင်း ပြောပြသွားပါတယ်။

အဆိုပါမှတ်တမ်းသေတ္တာဟာ ကမ်းခြေနဲ့ တစ်မိုင်အကွာအဝေး ၁၇ မီတာလောက်က နက်ရှိုင်းတဲ့ ပင်လယ်ထဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ရရှားကာကွယ်ရေးဝန်ကြီးဌာနက ပင်လယ်ထဲမှ ထုတ်ယူရရှိခဲ့တဲ့ Black Box ကနေ လေယာဉ်ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းတွေကို သိရှိနိုင်ပါတော့မယ်လို့လည်း ဆက်လက်ပြောကြားသွားပါတယ်။

© အလင်းမျက်ဝန်း | ကိုးကား » GEO TV

ဆွစ်ဇလန်နိုင်ငံ ဇူးရစ်မြို့က အစ္စလာမ့်စင်တာအတွင်း ဝတ်ပြုဆုတောင်းနေသူတွေကို သေနတ်နဲ့ဝင်ပစ်ခဲ့သူဟာ အသက် (၂၄) နှစ် အရွယ်ရှိ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်တဲ့ ဆွစ်ဇလန်နိုင်ငံသားဖြစ်တယ်လို့ ရဲဌာနဘက်က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ဘာကြောင့်တိုက်ခိုက်ခဲ့ရတာလဲဆိုတာကို မသိရပေမယ့် တိုက်ခိုက်သူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်တဲ့လက္ခဏာမျိုး သက်သေတွေ တွေ့ရှိခဲ့ရတယ်လို့ မှုခင်းထောက်လှမ်းရေး ဌာနမှူး Christiane Lentjes Meili က ဆိုပါတယ်။

ဒီလ (၁၉) ရက် တနင်္လာနေ့ ညနေ (၅) နာရီခွဲ အချိန်ခန့်က အစ္စလာမ့်စင်တာထဲကို သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အသက် (၃၀)၊ (၃၅) နဲ့ (၅၆) နှစ် အရွယ်ရှိတဲ့ ဝတ်ပြုနေသူ (၃) ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြပေမယ့် အခုတော့ သက်သာလာပြီဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးဌာနရဲ့ ဌာနမှူးက ပြောပါတယ်။

အဆိုပါလူငယ်ဟာ တနင်္ဂနွေနေ့က ကစားကွင်းတစ်ခုမှာ လူတစ်ယောက်ကို ဓားနဲ့ထိုးခဲ့လို့ ရဲတွေက လိုက်လံရှာဖွေနေတာဖြစ်ပြီး အဆိုပါ ဓားထိုးခံရသူဟာ သူ့သူငယ်ချင်း ဖြစ်ပါတယ်။

အစ္စလာမ့်စင်တာကို တိုက်ခိုက်ပြီး နာရီအနည်းငယ်အကြာမှာပဲ မြို့ရဲ့တစ်နေရာမှာ အလောင်းတစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါအလောင်းဟာ တနင်္ဂနွေနေ့က ဓားထိုးမှုနဲ့ တနင်္လာနေ့က တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သူရဲ့ အလောင်းဖြစ်တယ်လို့ ဒီအင်န်အေစစ်ချက်တွေအရ သိရကြောင်း ရဲတွေက ကြေညာခဲ့ပါတယ်။

အကြမ်းဖက်သူဟာ သူ့ကိုယ်သူ အဆုံးစီရင်သွားတာဖြစ်ပြီး ပြင်ပအဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုမရှိသလို ဂျာမနီနိုင်ငံ ဘာလင်မြို့က တိုက်ခိုက်မှုနဲ့လည်း ဆက်စပ်မှု မရှိဘူးလို့ ဆိုပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း
ကိုးကား » RT

ကုလသမဂ္ဂက နောက်ဆုံးအတည်ပြု ပြဌာန်းလိုက်တဲ့ အစ္စရေး ကျူးကျော်အိမ်ရာ စီမံကိန်းများ ရပ်တန့်ရေးမူကြမ်းကို အပြင်းအထန် ရှုတ်ချခဲ့ပြီး အစ္စရေးနယ်မြေတွေဟာ မတရားသိမ်းပိုက်ထားတာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုလိုက်ပါတယ်။

“ ဘူရာက်နံရံ ( တမန်တော်မြတ် ﷺ ၏ မိအ်ရာဂ်ျ ခရီးစဉ်အတွင်း စီးတော်ယာဉ် ဘူရာက်ကို ချီနှောင်ထားခဲ့သော အက္ကစွာဗလီဝတ်ကျောင်းတော်ကြီးရှိ သမိုင်းဝင် တံတိုင်းနံရံ ) ဟာ မတရားကျူးကျော်ထားတာ မဟုတ်ရပါဘူး။ ဂျေရုစလင် မြို့တော်ဟောင်းမှာရှိတဲ့ ဂျူးရပ်ကွက်တွေရော၊ အခြားနေရာက အိမ်ရာတွေရော အားလုံးဟာ မတရားသိမ်းပိုက်ထားတဲ့ နယ်မြေတွေ မဟုတ်ရပါဘူး ” လို့ မနေ့ညနေက ပြောကြားသွားခဲ့ပါတယ်။

အဆိုပါစကားတွေကို ဝန်ကြီးချုပ် နေတန်ယာဟုက မကြာမီကျင်းပတော့မယ့် ဂျူးပွဲတော် (ဟာနူးကာ) အတွက် ဘူရားက်နံရံပေါ်မှာ လာရောက်မီးထွန်းညှိပေးစဉ် မီဒီယာတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အဆိုပါစကားဟာ မမှန်ကန်တဲ့ မုသားဖြစ်ပြီး အမှန်တရားကို မျက်ကွယ်ပြုကာ မောက်မာ အံတုလိုက်ခြင်းသာ ဖြစ်တယ်လို့ ပြောဆိုပြီး မတ်စ်ဂျိဒိအက္ကစွာ ကျောင်းတော်ကြီးရဲ့ အိမာမ်ဖြစ်သူ ရှိခ် အိက်ရိမဟ်ဆွဗ်ရီ က ပယ်ချလိုက်ပါတယ်။

ဒီဘူရာက်နံရံတော်ကြီးကို ဟာအိသွလ်မမ်ကီ (ငိုကြွေးရသောနံရံ) လို့ ဂျူးလူမျိုးတွေက ခေါ်ဝေါ်ကြပြီး နေ့စဉ် ဒီနေရာမှာ ဝတ်ပြုဖို့ ဂျူးလူမျိုး ထောင်နဲ့ချီပြီး လာရောက်လေ့ ရှိကြပါတယ်။

© အလင်းမျက်ဝန်း | ကိုးကား » الاتحاد العالمي لعلماء المسلمين

[2column][content]
ဆော်ဒီနိုင်ငံအနှံ့အပြားမှာ ရောက်ရှိနေကြတဲ့ ဆီးရီးယားနိုင်ငံသားတွေကို ကူညီကယ်ဆယ်ရေး ကမ်ပိန်းများ ပြုလုပ်ပေးကြဖို့ ဆော်ဒီဘုရင်စလ်မာန်းက တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

ဘုရင်စလ်မာန်းက ဒီကမ်ပိန်းစတင်ဖို့ အမိန့်ထုတ်ပြန်ရခြင်းဟာ ဆီးရီးယားနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ၊ အထူးသဖြင့် အလပ်ပိုနဲ့ အခြားမြို့တွေကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတဲ့ ဒုက္ခသည်တွေဟာ အရမ်းခက်ခဲကြပ်တည်းတဲ့ အခြေအနေမှာ ရှင်သန်ရုန်းကန်နေထိုင်ကြရပြီး သူတို့အတွက် လမ်းစတွေ ပျောက်ဆုံးနေတာကို အကာအကွယ်ပေးဖို့ ရှေးရှုတဲ့အတွက် ဖြစ်တယ်လို့ ဆော်ဒီသတင်းဌာနက ဆိုပါတယ်။

ဒီကမ်ပိန်းကို အထောက်အပံ့ပေးဖို့ ဆော်ဒီငွေကြေး ရီယာလ် သန်းပေါင်း (၁၀၀) သတ်မှတ်လိုက်ကြောင်း ဘုရင်စလ်မာန်းက ကြေညာခဲ့ပါတယ်။

ဒီကမ်ပိန်းကို ဆော်ဒီနိုင်ငံတဝှမ်းမှာ ယနေ့ (အင်္ဂါနေ့) မှစတင်၍ ပြုလုပ်သွားမှာပါ။
[/content][content]
ဘုရင့်တော်ဝင် ကယ်ဆယ်ရေးအဖွဲ့က ဦးဆောင်ကာ အခြားသော အစိုးရမဟုတ်တဲ့ လူသားချင်းစာနာမှု အထောက်အကူပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အစားအသောက်၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းတွေကို စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါကမ်ပိန်းအတွင်း ဘုရင့်တော်ဝင် ကယ်ဆယ်ရေးအဖွဲ့က ဦးဆောင်ပြီးတော့ နာမကျန်းဖြစ်နေသူတွေကို ဆေးဝါးကုသပေးခြင်း၊ နားခိုဖို့ အဆောက်အဦးများ တည်ဆောက်ပေးခြင်းနဲ့ လတ်တလောမှာ အရမ်းအေးတဲ့ ရာသီဥတုဖြစ်နေတာကြောင့် အအေးဒဏ်ခံနိုင်မယ့် ပစ္စည်းတွေကိုလည်း ဝေငှပေးသွားမယ်လို့ သိရပါတယ်။

ဒီကမ်ပိန်းအတွက် ဘုရင်စလ်မာန်းကိုယ်တိုင်က ကနဦး မတည်အလှူတော်ငွေ ရီယာလ် (၁၀) သန်းနဲ့ အိမ်ရှေ့စံ မင်းသား မိုဟမ္မဒ်ဗင်စလ်မာန်း က ရီယာလ် (၈) သန်း တို့ကို အသီးသီး မတည်ထည့်ဝင် လှူဒါန်းခဲ့ကြပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » سكاي نيوز عربية
[/content][/2column]


မနေ့က တနင်္လာနေ့မှာ ဂျာမဏီနိုင်ငံ မြို့တော်ဘာလင်အတွင်း အလပ်ပိုအတွက် ဂျာမန်ပြည်သူများ စုပေါင်းပြီး ဆန္ဒပြပွဲတစ်ရပ် ကျင်းပခဲ့ကြပါတယ်။
[2column][content]
ဆီးရီးယားနိုင်ငံမှာ ဗုံးကြဲတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ စစ်ဘေးသင့် ပြည်သူတွေထံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံး ပို့ဆောင်ပေးကြဖို့ ဆန္ဒပြသူတွေက နိုင်ငံတကာကို တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဆီးရီးယားနိုင်ငံသားတွေခံစားနေကြရတဲ့ ဘေးဒုက္ခတွေနဲ့ပတ်သက်ပြီး ကမ္ဘာကို မီးမောင်းထိုးပြချင်ကြတာပါလို့ ဆန္ဒပြပွဲဦးဆောင်သူ သတင်းထောက် အာနာအလ်ဗူသ်က ပြောကြားခဲ့ပါတယ်။

သူမက ဆက်လက်ပြောကြားခဲ့ပါတာကတော့ “ ဘယ်နိုင်ငံရေး၊ ဘယ်ဘာသာရေးနဲ့ပတ်သက်သူ ဖြေနေပါစေ ကျွန်မတို့ရဲ့ ဒီချီတက်ဆန္ဒပြပွဲမှာ ပူပေါင်းပါဝင် စေချင်ပါတယ်။ မြို့တော်ဘာလင်မြို့ရဲ့ Tempelhof ဆိုတဲ့နေရာကနေ စတင်ချီတက်မှာ ဖြစ်ပါတယ်။ ဒီထဲမှာ ဆီးရီးယားရွှေပြောင်းဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။ ချီတက်ပွဲမှာ လူပေါင်း (၃၀၀၀) လောက် ပါဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”
[/content][content]
“ ကျွန်မတို့တွေဟာ သာမန်အရပ်သားတွေပါ။ ပဋိပက္ခတွေကို ဖြေရှင်းနိုင်စွမ်းတော့ ကျွန်မတို့မှာ မရှိပါဘူး။ ဒါပေမဲ့လည်း အခုဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး လက်ပိုက်ကြည့်နေမှာတော့ မဟုတ်ပါဘူး။ အပြောင်းအလည်းတစ်ခုခု ဖြစ်လာလိမ့်မယ်လို့လည်း ကျွန်မတို့ မျှော်လင့်ပါတယ် ” လို့ သူမက ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

“ နိုင်ငံရေးသမားတွေဟာ ပြည်သူတွေရဲ့သဘောဆန္ဒနဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးကို ပေးရမယ်လို့ ဆုံးဖြတ်ချက် အခိုင်အမာချထားသင့်ပါတယ်။ အဲလိုမှ မလုပ်ရင်တော့ သူတို့တွေက ဘာမှလုပ်ပေးမှာ မဟုတ်ဘူး ” လို့လည်း သူမက ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါတယ်။

© အလင်းမျက်ဝန်း
ကိုးကား » قناة الجزيرة
[/content][/2column]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat