12/29/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

[2column][content]
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က ဆီးရီးယားအစိုးရ၊ ရုရှားနဲ့ အီရန်နိုင်ငံတွေကို အလပ်ပိုမြို့က ရာဇဝတ်မှုတွေအတွက် “ အရှက်မရှိကြဘူးလား ” လို့ မေးခွန်းထုတ်လိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြုလုပ်ခဲ့တဲ့ အရေးပေါ်အစည်းအဝေးမှာ အမေရိကန်သံအမတ်ကြီးက “ အာဆက်အစိုးရ၊ ရရှားနဲ့ အီရန်တို့ရဲ့ စစ်တပ်တွေနဲ့ ရှင်တို့ ကျောထောက်နောက်ခံပေးနေတဲ့ တပ်ဖွဲ့တွေဟာ ရာဇဝတ်မှုတွေ ကျူးလွန်နေကြတယ်။ ရှင်တို့ကျဲခဲ့တဲ့ ဗုံးတွေ လက်နက်တွေနဲ့ ဝေဟင်တိုက်ခိုက်မှုတွေဟာ အလက်ပိုမြို့ထဲက ရှင်တို့သတ်ကွင်းထဲမှာ ပိတ်မိနေတဲ့ ပြည်သူထောင်ပေါင်းများစွာရဲ့ အသက်တွေကို နှုတ်ယူခံနေရတယ်။ ဒါဟာ ရှင်တို့ ထောင်ဖမ်းထားတဲ့ ကျော့ကွင်းပဲ။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ သုံးခုကနေ ပြည်သူတွေကို အခုလို ချောင်ပိတ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်နေတာကို ရှင်တို့ မရှက်ကြဘူးလား။ ရှင်တို့ အနေနဲ့ ရှက်သင့်တယ်နော် ” လို့ သူမက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

“ ရက်စက်မှုတွေကို ရပ်တန့်ပစ်ရမဲ့အစား နောက်ထပ် စစ်ဆင်ရေးလုပ်ဖို့တောင် ရှင်တို့ ပြင်ဆင်နေကြတယ်။ ရှင်တို့တွေ တစ်ကယ်ဘဲ မရှက်တက်ကြတာလား။ ရှင်တို့တွေ တစ်ကယ်ပဲ ရှက်တက်တဲ့ စိတ်မရှိကြဘူးလား ” လို့ သူမက ဆက်တိုက် မေးခွန်းတွေ ထုတ်သွားခဲ့ပါတယ်။
[/content][content]
“ ပြည်သူတွေကို တစ်ကယ်ပဲ နင်တို့မရက်စက်ခဲ့ကြလို့လား။ အပြစ်မဲ့ကလေးတွေ အသတ်ခံနေရတာ နင်တို့တာဝန်မကင်းဘူးလို့ မခံစားမိကြဘူးလား။ နည်းနည်းလေးတောင် နင်တို့ မစိုးရိမ်မိကြဘူးလား။ မလိမ်ဘဲနေဖို့ မဖြစ်နိုင်ကြတော့ဘူးလား။ အမှန်တရားကို နားမလည်ကြဘူးလား ” လို့ သူမက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။

အလက်ပိုမြို့အတွင်းကို အာဆက်အစိုးရထောက်ခံတဲ့စစ်တပ်တွေ အတင်းဝင်ရောက်လာတာကြောင့် ပြည်သူ့အခြေပြု ခုခံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားစဉ် အပြစ်မဲ့ပြည်သူ အမြောက်အမြား သေကြေခဲ့ရတဲ့အကြောင်း ခိုင်မာတဲ့ အထောက်အထားများစွာကို လုံခြုံရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးမှာ ရရှိခဲ့ပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆိုပါတယ်။

“ တနလာင်္နေ့ညက အလပ်ပိုမှာ ရပ်ကွက် (၄) ခု အတွင်း အာဆက်အစိုးရတပ်တွေရဲ့ ဝင်ရောက်ပစ်ခတ်မှုများကြောင့် လက်နက်ကိုင် မဟုတ်တဲ့ ပြည်သူ (၈၂) ယောက်လောက် အပစ်ခံခဲ့ရတဲ့ အထောက်အထားပေါင်း (၆) ခု ကို မိမိတို့ ရရှိထားခဲ့တယ် ” လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာရုံးချုပ်မှ Rupert Colville ကလည်း ဆိုပါတယ်။

အာဆက်ထောက်ခံတပ်ဖွဲ့တွေဟာ ကလေးငယ် (၁၀၀) ကျော်လောက် ပိတ်မိနေတဲ့ အဆောက်အဦးကို အပြင်းအထန် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း ၎င်းက ဆိုပါတယ်။

နူးရ်ခါန်း © အလင်းမျက်ဝန်း | ကိုးကား » Independent
[/content][/2column]


ကမ္ဘာပေါ်တွင် ကျားသစ်များ မျိုးတုံးသွားတော့မယ့် အန္တရာယ်ဟာ ပိုကြီးမားလာခဲ့ပါတယ်။ အထူးသဖြင့် အာရှတိုက်အတွင်း ပိုမို သိသာလာပါတယ်။

လန်ဒန်ရဲ့ သတ္တဗေဒအဖွဲ့အစည်းနဲ့ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့အစည်းတို့ရဲ့ စစ်တမ်းတွေအရ ကမ္ဘာမှာ ကျားသစ်ကောင်ရေ စုစုပေါင်း (၇၁၀၀) လောက် သာ ကျန်ရှိပါတော့တယ်။

ကျားသစ်မျိုးတုံးမှုဒဏ် အခံစားရဆုံး တိုက်ဟာ အာရှတိုက်ပဲ ဖြစ်ပါတယ်။ အီရန်နိုင်ငံမှာ ကျားသစ်ကောင်ရေ (၅၀) လောက်ပဲ ကျန်ပါတော့တယ်။ ဇင်ဗာဗွေနိုင်ငံမှာ (၁၀) နှစ်တာ အချိန်ကာလအတောအတွင်း ကျားသစ် အရေအတွက် (၈၅) ရာခိုင်နှုန်းလောက် လျော့နည်းသွားခဲ့ရပါတယ်။

ကျွမ်းကျင်သူတွေရဲ့ ပြောပြချက်အရ ကျားသစ်တွေ မျိုးတုံးသွားရတဲ့ အဓိကအကြောင်းရင်းကတော့ အမဲလိုက်ခံရခြင်း၊ တောများ အလျင်အမြန် ပြုန်းတီးနေခြင်းကြောင့် ဖြစ်ပါတယ်။

တကယ်လို့များ တောဘုရင်လေးတွေ မျိုးမတုံးရအောင် ကယ်တယ်ဖို့ဆိုရင်တော့ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာရှိတဲ့ အစိုးရတွေဟာ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး လေးလေးနက်နက် စဉ်းစားစရာ ဖြစ်သွားပါပြီ။

© အလင်းမျက်ဝန်း | ကိုးကား » GEO TV


တူနီးရှားနိုင်ငံမှာ ခရီးသည်တင် ရထားနဲ့ ဘတ်စ်ကား တိုက်မိတာကြောင့် လူ (၅) ဦး သေဆုံးသွားပါတယ်။

တူနီးရှား အာဏာပိုင်တွေရဲ့ ပြောပြချက်အရ အခင်းဖြစ်ပွားမှုဟာ ဗုဒ္ဓဟူးနေ့ နံနက်မှာ တူနီးရှားမြို့တော်ရဲ့ တောင်ပိုင်း ဆိုင်ယိဒီဖသ်ဟွလ္လာဟ် ဒေသမှာ ဖြစ်ပွားခဲ့တာပါ။

ခရီးသည်တင်ရထားနဲ့ ကုန်ကားတစ်စီးကို ကျော်တက်လာတဲ့ ဘတ်စ်ကားတစ်စီးတို့ တိုက်မိပြီး ဘတ်စ်ကားဟာ နှစ်ပိုင်း ပျက်သွားခဲ့ပါတယ်။

ကနဦး သတင်းအရ အဆိုပါ ယာဉ်တိုက်မှုကြောင့် ကလေးငယ် အပါအဝင် လူပေါင်း (၅) ဦး သေဆုံးသွားခဲ့ပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်သားတွေရဲ့ ပြောပြချက်အရ ဒဏ်ရာရသူ (၅၂) ဦးကို ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါတယ်။

အဆိုပါ ဒဏ်ရာရသူတွေထဲမှာ စစ်သား (၈) ဦးလည်း ပါဝင်နေပါတယ်။

© အလင်းမျက်ဝန်း | ကိုးကား » GEO TV


နယ်သာလန်နိုင်ငံရဲ့ ကိုလမ်ဘက်ဒေသမှာ တည်ရှိတဲ့ အစ္စလာမ့်စင်တာ အဆောက်အဦကို မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ မီးလောင်မှုကြောင့် အဆိုပါ အဆောက်အဦဟာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တောက်လောင်နေတဲ့ မီးညွှန့်တွေကို ခပ်ဝေးဝေးကနေတောင် မြင်တွေ့နေခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ အဆောက်အဦးအတွင်း ရှိနေကြတဲ့ လူတချို့ကိုတော့ ကယ်ဆယ်ရေးတွေက ကြိုးစားကယ်ထုတ်ပေးခဲ့ကြပါတယ်။

မီးလောင်မှုကြီးမားတာကြောင့် အနီးအနားမှာရှိနေတဲ့ အဆောက်အဦးတစ်ချို့ကိုပါ အနည်းငယ် မီးဟက်လောင်ခဲ့တယ်လို့ အရေးပေါ်မီးသတ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

အရင်က ရေကူးကန်အဖြစ် အသုံးပြုခဲ့တဲ့ အဆိုပါအဆောက်အဦးနေရာကို ဒီနှစ်အတွင်းမှာပဲ အစ္စလာမ့်စင်တာက ဦးဆောင်ပြီး ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

© အလင်းမျက်ဝန်း | ကိုးကား » GEO TV

[2column][content]
(၁၉၆၇) ခုနှစ်က အစ္စရေးတို့ ကျူးကျော်သိမ်းပိုက်ထားတဲ့ ဒေသအတွင်း အိမ်ရာသစ်စီမံကိန်းနဲ့ ယင်းအိမ်ရာတွေကို မြို့တော်ပိုင်နက်ထဲ တရားဝင်ထည့်သွင်းရေး စီမံချက်ကို ဂျေရုစလင်မြူနီစပယ်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီစီမံချက်ဟာ ဂျေရုစလင်နဲ့ အနောက်ပိုင်းအခြမ်းမှာ အစ္စရေးကျူးကျော်အိမ်ရာသစ် စီမံကိန်းများ ရပ်ပစ်ဖို့ လုံခြုံရေးကောင်စီက သဘောတူဆုံးဖြတ်ပြီး ရက်အနည်းငယ်သာ ကြာပြီးနောက်မှာ အခုလို ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဂျေရုစလင်မြူနီစပယ်ဟာ အင်္ဂါနေ့က မိမိရဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြခဲ့ပါတယ်။

“ ကျနော်တို့ဟာ နေထိုင်သူအားလုံးအတွက် ဘယ်လိုမှ နစ်နာမှုမရှိဘဲ ဒေသစည်ပင်သာယာရေးနဲ့အညီ မြို့တော်ကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်သွားမှာပါ။ ”

ဒါပေမဲ့ အစ္စရေးက ဂျေရုစလင်တစ်မြို့လုံးကို သူတို့ပဲ ပိုင်တယ်လို့ မှတ်ယူထားတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက သိရှိပြီးသား ဖြစ်ပါတယ်။
[/content][content]
အစ္စရေးရဲ့အိမ်ရာသစ်စီမံကိန်းကို အမေရိကန်ပြည်ထောင်စုကလည်း နောက်အသစ်တစ်ဖန် ထပ်မံရှုတ်ချ လိုက်ပြန်ပါတယ်။

“ မိမိအနေနဲ့ သတင်းစာမှတ်တမ်းတွေအရ  စီမံကိန်းသစ်တွေကို သိလိုက်ရတာပါ ” လို့  အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောသွားပါသေးတယ်။ “ လုံခြုံရေးကောင်စီရဲ့ သဘောတူစာချုပ်ဟာ နှစ်ဖက်စလုံးကို သတိပေးလိုက်တဲ့ ကြိုးစားမှုရော၊ လုပ်ဆောင်ဖို့အတွက် အချက်ပေးခြင်းရော ဖြစ်မယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးကတော့ သူ့ရဲ့ အိမ်ရာသစ်စီမံကိန်း ဆောက်လုပ်ဖို့ ကြိုးစားမှုကြောင့် နှစ်နိုင်ငံကြား ပြဿနာပြေလည်ရေးကို ထိခိုက်မှာ သေချာပါတယ်။ ”

အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံခြားရေးမူဝါဒ ဆက်ဆံမှုအရ အစ္စရေးကို အရင်ကတည်းက အကာအကွယ်ပေးခဲ့ပြီးမှ အခုအခါမှာတော့ မူဝါဒကို ပြောင်းလဲကျင့်သုံး ဆက်ဆံလာတာကြောင့် အိမ်ရာသစ်စီမံကိန်းကိစ္စမှာ အမေရိကန်ဟာ အစ္စရေးဘက်က ကာကွယ်ရပ်တည်တဲ့သဘောအရ ဗီတိုအာဏာကို အသုံးမပြုဘဲ ကြားနေဝါဒကိုသာ လက်ကိုင်ပြုခဲ့တာကို မြင်တွေ့ရပါတယ်။

© အလင်းမျက်ဝန်း | ကိုးကား » سكاي نيوز عربية
[/content][/2column]


အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး စစ်ဖက်ရေးရာ အစ္စလာမ့်မဟာမိတ်အဖွဲ့ကြီးတွင် အိုမန်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

အဆိုပါ မဟာမိတ်အဖွဲ့ကြီးကို ဆော်ဒီနိုင်ငံက ဦးဆောင်ပြီး မနှစ်က ဒီဇင်ဘာမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီသတင်းဌာန (SPA) ရဲ့ အဆိုအရ ဆော်ဒီနိုင်ငံကာကွယ်ရေးဝန်ကြီးနဲ့ အိမ်ရှေ့မင်းသားဖြစ်သူ မုဟမ္မဒ်ဗင်န်စလ်မာန်ဟာ အိုမန်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး စိုင်ယဒ်ဗဒရ်ဗင်စအီးဒ် ထံမှ သဝဏ်လွှာတစ်စောင်ကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ဆော်ဒီသတင်းဌာန SPA ရဲ့ အဆိုပါအရ အဆိုပါသဝဏ်လွှာမှာ “ အိုမန်ဘုရင့်နိုင်ငံတော်သည် အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး စစ်ဖက်ရေးရာ အစ္စလာမ့်မဟာမိတ်အဖွဲ့ကြီးတွင် ပူးပေါင်းပါဝင်လိုက်ကြောင်း ကြေငြာချက် ” ဟူ၍ ရေးသားပါရှိကြောင်း သိရှိရပါတယ်။

ယင်းကြေငြာချက်အရ အိုမန်သည် အဆိုပါမဟာမိတ်အဖွဲ့ကြီးရဲ့ အမှတ်စဉ် (၄၁) မြောက် အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါပြီ။

အစ္စလာမ့်မဟာမိတ်အဖွဲ့ကြီးဟာ စစ်ရေးဆိုင်ရာမဟာမိတ်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့ကြီးကို ဆော်ဒီနိုင်ငံက ဦးဆောင်နေတာ ဖြစ်ပါတယ်။

“ နည်းလမ်းပုံစံမျိုးစုံနဲ့ ပေါ်ပေါက်လာမယ့် အကြမ်းဖက်မှုမှန်သမျှကို တန်ပြန်တိုက်ဖျက်ချေမှုန်းရေး ” ဟာ ယင်းအဖွဲ့ကြီးရဲ့ အဓိက ပင်မရည်ရွယ်ချက်ကြီး ဖြစ်တယ်လို့ ကြေငြာထားပါတယ်။

© အလင်းမျက်ဝန်း | ကိုးကား » العربية

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat