12/31/16

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

အစားထိုးမရနိုင်သော ကမ္ဘာ့ကြယ်တစ်ပွင့် ဆုံးရှုံးရခြင်း


သိန်းပေါင်းများစွာသော ကမ္ဘာအနှံ့မှ သာသနာ့ပညာရှင်များရဲ့ ကျေးဇူးရှင် ဆရာသခင်ကြီး၊ ဆုဒုအာအောင်သော ဆရာသခင်ကြီး၊ သူတော်စင်ကြီးတစ်ပါး၊ ရှိုင်ခွလ်အစ္စလာမ် ဟဇရသ်မောင်ဝ်လာနာ စိုင်ယိဒ် ဟုစိုင်းန်အဟ်မဒ် မဒနီ نور الله مرقده ရဲ့ မွန်မြတ်လှတဲ့ တပည့်ကျော်၊ ရှိုင်ခွလ်ဟဒီးဆ် ဟဇရသ် မောင်ဝ်လာနာ မုဟမ္မဒ် ဇကရီယာဆပ် نور الله مرقده  ရဲ့ မုဂျားဇ် (ကိုယ်စားလှယ်တော်)၊ ဟဇရသ် မောင်ဝ်လာနာ ရှိုင်းခ် အဗ်ဒွလ်ဟက် အအ်ဇွမီ نور الله مرقده ဟာ ဂျုမုအဟ်နေ့ (သောကြာနေ့) ညနေပိုင်းမှာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော် ခံယူသွားပါတယ်။

إِنَّا لِلّهِ وَإِنَّـا إِلَيْهِ رَاجِعونَ

သာသနာ့ဦးဆောင်၊ ဂျမီအသွလ်အိုလမာ သာသနာ့ပညာရှင်ကြီးများအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဟဇရသ်မောင်ဝ်လာနာ စိုင်ယိဒ် မဟ်မူးဒ် အဆ်အဒ် မဒနီဆပ်က အဆိုပါ ဆရာသခင်ကြီးရဲ့ ကွယ်လွန်အနိစ္စသတင်းအပေါ် အလွန်ဝမ်းနည်းကြေကွဲစို့နင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အခုလို တိုက်တွန်းခဲ့ပါတယ်။

“ သာသနာ့ကျောင်းကြီးကျောင်းငယ်များ၊ အစ္စလာမ့်အဖွဲ့အစည်များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ အိုလမာ သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ လုပ်ဖော်ကိုင်ဖက် ချစ်မိတ်ဆွေများ၊ အဖွဲ့ဝင်များ၊ ဗလီအသီးသီးမှ ရှေ့ဆောင်အိမာမ်များ၊ သဗ်လီးဂ်ဂျမာအသ်အဖွဲ့မှ ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ ခါန်ကာများနဲ့အဆက်အနွယ်ရှိကြသူများအားလုံးကို အီစွာလေ့ဆဝါးဗ်အတွက် ဆုမွန်ဒုအာပြုပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ”

ယနေ့ (၃၁-၁၂-၂၀၁၆) စနေနေ့ နေ့လယ် ဇုဟိုရ်စွလာသ်အပြီးမှာ အိန္ဒိယနိုင်ငံ၊ ဒါရုလ်အုလူးမ်၊ ဒေယိုဗန်ဒ်ကျောင်းတော်ကြီးဝင်းအတွင်းမှာပဲ ဂျနာဇဟ်နမားဇ်ဖတ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအဝန်းမှ အာလင်မ်ပညာရှင်ကြီးများ၊ သာသနာ့ကျောင်းသားများ မြောက်မြားစွာ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

© အလင်းမျက်ဝန်း



ကမ္ဘာ့နိုင်ငံပေါင်း (၈၀) ကျော်မှ ဟဂ်ျကိုယ်စားလှယ်များပါဝင်တဲ့ ညီလာခံကြီးသို့ အီရန်နိုင်ငံမှ ကိုယ်စားလှယ်ကိုလည်း ဆော်ဒီနိုင်ငံက ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖိတ်ကြားမှုကိုအခြေခံပြီး ဆော်ဒီနိုင်ငံဟာ အီရန်ဟာဂျီများအပါအဝင် ကမ္ဘာတစ်ခုလုံးမှ ဟာဂျီများကို လှိုက်လှဲစွာကြိုဆိုပါတယ်လို့ ဆော်ဒီဟဂ်ျနှင့်အွမ်ရဟ်ရေးရာဝန်ကြီး မုဟမ္မဒ်ဘန်သန်က ပြောကြားခဲ့ပါတယ်။

“ ဆော်ဒီနိုင်ငံဟာ နိုင်ငံသားနဲ့ လမ်းစဉ်ဝါဒများကို မျက်ကွယ်ပြုပြီး ကမ္ဘာတစ်ဝှန်းမှ ဟာဂျီတွေကို ကြိုဆိုနေပါတယ် ” လို့ ဟဂ်ျနှင့်အွမ္မရဟ်ရေးရာဝန်ကြီးက အလ်ဂျဇီရားသတင်းဌာနနဲ့ သီးသန့်ပြောဆိုချိန်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

© အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة

ယနေ့ (၃၁-၁၂-၂၀၁၆) (စနေနေ့) သည် အစ္စလာမ့်သက္ကရာဇ် (ဟစ်ဂ်ျရီ) ၁၄၃၈ ခုနှစ်၊ ရဗီအွတ်စ်စာနီလ (၁) ရက်နေ့ ဖြစ်ပါကြောင်း အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များ အဖွဲ့ချုပ်၊ ဗဟိုလကြည့်စိစစ်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သတင်းထုတ်ပြန်ကြေငြာချက်ကို စာအမှတ် (အ.ဖ/၀၇၆/၂၀၁၆) ဖြင့် ဓမ္မသတ်မှူးချုပ် ရှိုက်ခွလ်ဟဒီးဆ် အလ်ဟာဂ်ျ မောင်ဝ်လာနာ မွဖ်သီ ရှမ်စွတ်ဒိုဟာ (ခ) ဦးဘသိန်း (မဇွာဟိရီ) က လက်မှတ်ရေးထိုး၍ ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

© အလင်းမျက်ဝန်း


အီရတ်နိုင်ငံရဲ့ မြို့တော်ဘဂ်ဒက်မှာ ပေါက်ကွဲမှု (၂) ခု ဆက်တိုက်ဖြစ်ပွားပြီး လူ (၁၈) ဦးလောက် သေဆုံးသွားပါတယ်။

Prass TV ရဲ့ ဖော်ပြချက်အရ မြို့လယ်ခေါင်မှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်သွားတဲ့ ပေါက်ကွဲမှုတွေကြောင့် ပြင်းပြင်းထန်ထန် အသံတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၁၈) ဦး သေဆုံးပြီး (၃၈) ဦး ဒဏ်ရာ ရခဲ့ကြပါတယ်။

ဒဏ်ရာရရှိသူများကို ဆေးရုံတွေမှာ ကယ်ဆယ် ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။

© အလင်းမျက်ဝန်း | ကိုးကား » Daily Pakistan


စပိန်နိုင်ငံနဲ့ အရဗ်နိုင်ငံတွေက ပညာတတ်အသိုင်းအဝိုင်းများဟာ စပိန်နိုင်ငံရဲ့ မြို့တော်မက်ဒရစ်မှာ ပြည်သူတွေအကြား လှုပ်ရှားမှုတစ်ရပ်ကို စတင်လိုက်ကြပါတယ်။

ဒီလှုပ်ရှားမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြို့တော်မက်ဒရစ်ရဲ့ အစ္စလာမ့်သမိုင်း အရင်းမြစ်တွေကို လက်ခံအသိအမှတ်ပြုပေးဖို့ သက်ဆိုင်ရာအစိုးရတွေထံ တောင်းဆိုသွားဖို့ ဖြစ်ပါတယ်။

မက်ဒရစ်မြို့မှာ အစ္စလာမ့်အမွေအနှစ်တွေကို ဖော်ကြူးတဲ့ သက်သေအထောက်အထား အမြောက်အမြား ရှိနေပါလျက်နဲ့ ပြည်သူတွေဟာ သိပ်မသိကြပါဘူး။

စပိန်နိုင်ငံရဲ့ မြို့တော်မက်ဒရစ်ဟာ အစ္စလာမ့်ခေတ်မှာ အုတ်မြစ်ချခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပြီး မွတ်စ်လင်မ် ခေါင်းဆောင် ပထမမုဟမ္မဒ်က တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သမိုင်းလေ့လာသုတသနပြုချက်တွေကလည်း ဒါကို ထောက်ခံထားပါတယ်။

မက်ဒရစ်မြို့မှာ အစ္စလာမ့်အမွေအနှစ် အနည်းငယ်သာ ကျန်ရှိပါတော့တယ်။ ဒီသမိုင်းအမွေအနှစ်တွေဟာ သမိုင်းတစ်လျှောက် လျစ်လျူရှုခြင်း၊ မေ့လျော့ထားခြင်းနဲ့ ဖျောက်ဖျက်ခြင်းတွေကို ခံခဲ့ရတာကြောင့် သမိုင်းစာအုပ်တွေမှာသာမက ခရီးသွားလုပ်ငန်းတွေမှာပါ ဒါတွေကို မိတ်ဆက်ပေးစရာတွေ မရှိတော့ပါဘူး။

မက်ဒရစ်မြို့ဟာ တစ်ချိန်က အစ္စလာမ့်မြို့တော် သွလီသွလားကို ကာကွယ်ပေးတဲ့ စစ်တပ်စခန်းကြီး ဖြစ်ခဲ့ရုံသာမက ဒီမြို့တော်တစ်ဝန်းလုံးမှာ အိုလမာသာသနာ့ပညာရှင်ကြီးတွေ၊ တရားသူကြီးတွေ အမြောက်အမြား ထွန်းကားခဲ့ကြပြီး သူတို့တွေဟာ လူသားအကျိုးပြုပညာရပ်တွေနဲ့ အတွေးအခေါ် အမြောက်အမြားကို တီထွင်ကြံဆခဲ့ကြရာမှာ အလွန်အရေးပါတဲ့ မြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်လို့ လေ့လာသုတေသနပြုချက်အသစ်တွေက အတည်ပြုထားပါတယ်။

မြို့တော်ရဲ့ သမိုင်းအတွက် အလွန်အရေးပါတဲ့ သမိုင်းအထောက်အထားတွေ၊ အချက်အလက်တွေကို ဖျောက်ဖျက်ဖို့ ဘယ်လောက်ပဲ ကြိုးစားခဲ့ကြပါစေ စပိန်နိုင်ငံနဲ့ မြို့တော်သူမြို့တော်သားတွေကို ဒီမြို့ရဲ့ သမိုင်းကြောင်းကို ပြန်လည်အမှတ်ရစေမဲ့ ကြိုးပမ်းမှုတွေ အဆက်မပြတ် လုပ်ဆောင်နေကြတာဖြစ်ပြီး မြို့တော်မက်ဒရစ်မှာ အပြုသဘောဆောင်တဲ့ လက်ခံကြိုဆိုမှုတွေ ရရှိနိုင်တယ်လို့လည်း မျှော်လင့်ရကြောင်း သိရပါတယ်။

© အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat