Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မြန်ကောင်းလွယ် ငါးခဲပတ် မွှေးမွှေးလေး လုပ်စားရအောင်

အလင်းမျက်ဝန်းရဲ့ ဟလာလ်စားသောက်ဖွယ်ကဏ္ဍအတွက် အခုလို အေးချမ်းလှတဲ့ ရာသီဥတုနဲ့ လိုက်ဖက်ညီတဲ့ အစားအသောက်လေးတစ်ခုဖြစ်တဲ့ ပူရှိန်းရှိန်းနဲ့ မွှေးကြိုင်တဲ့ ငါးခဲပတ် ပြုလုပ်နည်းလေးကို တင်ဆက်ပေးသွားပါမယ်။

အခုလို ငါးခဲပတ် မွှေးမွှေးလေးကို အေးချမ်းတဲ့ ဆောင်းရာသီမှာ ညနေစာအဖြစ် ထမင်း၊ မုန်ညင်းရွက်ဟင်းချိုပူပူလေး၊ မုန့်လာဥနီသုပ် အစရှိတာတွေနဲ့ တွဲဖက်စားသုံးလိုက်တဲ့အခါမှာ ငါးခဲပတ်ရဲ့ချဉ်စပ် အရသာလေးနဲ့ ပူရှိန်းရှိန်း ဖြစ်နေတဲ့အချိန် မုန်ညင်းရွက် ဟင်းချိုပူပူလေးကို ထပ်ပြီးသာက်လိုက်တော့ လျှာပေါ်မှာ စပ်တဲ့အရသာပိုရလာပြီး ရာသီဥတုရဲ့ အအေးဒဏ်ကို ပူရှိန်းရှိန်း အရသာရှိတဲ့ ဓာတ်က တွန်းလှန်လိုက်တော့ သွက်လက်ပေါ့ပါးသွားမှာ သေချာပါတယ်။

ဒီငါးခဲပတ်လေးက လုပ်ရတာလွယ်သလောက် စားလို့လည်း အရမ်းကောင်းလွန်းလို့ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပဲဖြစ်ဖြစ် ဝိုင်းဖွဲ့စားသောက်ကြတဲ့အခါ ချက်ချင်းကိုအကုန်မြန်စေမယ့် မြန်ကောင်းလွယ်ဟင်းတစ်ခွက်ဖြစ်စေသလို ချက်ပြုတ်ရတဲ့ အိမ်ရှင်မတွေအတွက် စိတ်ချမ်းသာစေမယ့် ပီတိအားဆေးတစ်ခွက်လည်း ဖြစ်စေမှာ သေချာပါတယ်။

ပါဝင်ပစ္စည်းများ

လိုအပ်သည့် ပစ္စည်း ထည့်သွင်းရမည့် ပမာဏ
ငါးကြင်း (သို့မဟုတ်) ကကတစ် (အစိတ်သားခန့်) (၁) ကောင်
ချင်း (ဂျင်းစိမ်း) အနည်းငယ်
ဆား အနည်းငယ်
အရသာမှုန့် အနည်းငယ်
စပါးလင် (၁) စည်းခန့်
ပင်စိမ်းရွက် (၁) စည်းခန့်
ကုလားအော်သီး (၂၅) တောင့်ခန့်
ကြက်သွန်ဖြူ အမွှာသေး (၁၀) မွှာခန့်
သံပုရာသီး (၂) လုံး
ခဲပတ် (Aluminium Roll) အသေး (စူပါမားကတ်များနဲ့ကုန်စုံဆိုင်အချို့မှာ အလွယ်တကူ ဝယ်နိုင်) (၁) ရွက်

ပြုလုပ်နည်းအဆင့်ဆင့်

  1. ငါးကို အကြေးခွံနွှာပါ။ ဗိုက်ဖောက်သန့်စင်ပေးပါ။ ဆားဖြင့် သမအောင်နယ်၍ အသားများတင်းစေရန် နေရောင်တွင် ခေတ္တပြပေးထားပါ။ ( ချက်ချင်း လုပ်မစားဖြစ်ပါက အထက်ပါအတိုင်းပြုလုပ်၍ နေရောင်ပြပြီးနောက် ရေခဲသေတ္တာထဲတွင်ဖြစ်စေ/ရေခဲရိုက်၍ဖြစ်စေ သိမ်းဆည်းထားနိုင်ပါသည် )
  2. ငါးကို နေလှမ်းထားစဉ် ဂျင်း၊ စပါးလင်၊ ပင်စိမ်းရွက်၊ ကုလားအော်သီးနှင့် ကြက်သွန်ဖြူတို့ကို ညက်အောင် ကြိတ်ပြီးနောက် ဆား၊ အရသာမှုန့်နှင့် သံပုရာသီးတို့ကို ထည့်၍ အနှစ်လုပ်ပြီး နှပ်ထားပေးပါ။
  3. နှပ်ထားသော အနှစ်များကို ငါးခန္ဓာအပြင်ပိုင်းနှင့် ဝမ်းဗိုက်ထဲတွင် နှံ့စပ်အောင် သုတ်လိမ်း၍ ခဲပတ်ပေါ်သို့ တင်ပါ။
  4. ပိုသော အနှစ်များကို ခဲပတ်ပေါ်တင်ထားသော ငါးပေါ်တွင် အပေါ်အောက် ညီညာအောင် လောင်း၍ ခဲပတ်ကို လုံအောင်ပိတ်ပြီး မီးအေးအေးဖြင့် အပြန်အလှန်လှည့်၍ (၁၅) မိနစ်ခန့် ကင်ပေးပါက အနံ့များမွှေး၍ သင်းလာပါမည်။
  5. ဒါဆို သုံးဆောင်လို့ရပါပြီ။ (အလှအပပြင်ဆင်ချယ်သပုံဖော်မှုတွေကို သံပုရာသီး၊ မုန်လာဥနီ၊ ဖြူ၊ နံနံပင်၊ ကြက်သွန်မြိတ် အစရှိတဲ့ သစ်သီး၊ သစ်ရွက်လေးတွေကို အသုံးပြုပြီး စိတ်ကူးရှိသလို ပုံဖော်ကြည့်လိုက်ပါ။)

စမ်းသပ်ကြည့်ကြပါအုံးနော်။ တကယ်စားလို့ကောင်းတာကြောင့် လက်တို့လိုက်တာပါ။ ဒီတစ်ပတ်ရဲ့ အစီစဉ်တင်ဆက်မှုကို ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ နောက်တစ်ပတ်မှာလည်း အခုလို စားလို့ကောင်းပြီး ထူးထူးဆန်းဆန်းနဲ့ ကျန်းမာရေးနဲ့ ကိုက်ညီစေတဲ့ (ဆီနည်း၊ အချိုမှုန့်မပါ) မြန်ကောင်းလွယ် အစားအသောက်များ ပြင်ဆင် ချက်ပြုတ်နည်းလေးတွေကိုလည်း ဆက်လက်တင်ဆက်ပေးသွားမှာမို့ ဖတ်ရှုအားပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ရှင်။

ဒီတစ်ပတ်ရဲ့ ဟလာလ်စားသောက်ဖွယ်ရာကဏ္ဍကို ဖတ်ရှုအားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း ကောင်းမွန်ပြီး အာဟာရဓာတ်များပြည့်ဝတဲ့ ဟလာလ်အစားအသောက်တွေကို စားသောက်ရင်း ကျန်းမာခြင်းရဲ့ စည်းစိမ်ကို အပြည့်အဝခံစားနိုင်ကြပါစေ။ ဟလာလ်အစားအသောက်များကို စားသောက်ခြင်းဖြင့် ဆုမွန်ဒိုအာတွေ ပြည့်စုံနိုင်ကြပါစေ။ ကျန်းမာပျော်ရွှင်ပြီး သာသနာကို ခေသ်မသ်လုပ်နိုင်စွမ်း ချီးမြှင့်တော်မူပါစေလို့ ဆုမွန်ဒိုအာ ပြုပါတယ်ရှင်။ (အာမီးန်)

မမ @ အလင်းမျက်ဝန်း (© BHF-001/17)

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat