ဘာရိန်းနိုင်ငံရှိ အကျဉ်းထောင်တစ်ခုကို လက်နက်ကိုင်သမားတွေရဲ့ တိုက်ခိုက်တာခံလိုက်ရပြီး အကြမ်းဖက်မှုနဲ့ အပြစ်ဒဏ်ချမှတ်ပြီးသား အကျဉ်းသား (၃) ဦး အပါအဝင် ထောင်သား (၁၀) ဦး လောက် ထွက်ပြေးလွတ်မြောက်သွားပါတယ်။
ဘာရိန်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောပြချက်အရ လူပေါင်း (၄) ယောက် မှ (၅) ယောက် ထိ ပါဝင်တဲ့ လက်နက်ကိုင် အကြမ်းဖက်အုပ်စုတစ်စုက ထောင်ကို စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။
စီးနင်းတိုက်ခိုက်မှုအတွင်း ထောင်မှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်း အဗ်ဒွတ်စ္စလာမ်စိုင်းဖ် အသတ်ခံရပါတယ်။ ထွက်ပြေးသွားတဲ့ အကျဉ်းသားဦးရေဟာ (၁၀) ဦးရှိပြီး အဆိုပါ လွတ်မြောက်အကျဉ်းသား (၁၀) ဦး ထဲမှ (၃) ဦး ဟာ အကြမ်းဖက်မှု ကျူးလွန်တဲ့အမှုတွေကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရပြီးတဲ့သူတွေ ဖြစ်ပါတယ်။
ဘာရိန်းနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အကျဉ်းထောင်အား အခုလို စီးနင်းတိုက်ခိုက်တာကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်အတည်ပြုလိုက်ပြီး တစ်ချိန်တည်းမှာပဲ လုံခြုံရေးတပ်ဖွဲ့ကိုလည်း အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
နိုင်ငံအတွင်း ရှိသမျှသော မြို့တွေရဲ့ အတွင်း၊ အပြင် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ ဆောင်ရွက် ပြုလုပ်နေပြီ ဖြစ်ပါတယ်။
Inews-0006 © အလင်းမျက်ဝန်း | ကိုးကား » GEO TV
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။