Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ယခုနှစ်ရဲ့ နိုင်ငံတကာ လူသားအကျိုးပြု ဘုရင်ဖိုင်စွလ်ဆု ဆုပေးပွဲအခမ်းအနားကျင်းပပြီးစီး


မွတ်စ်လင်မ်ကမ္ဘာရဲ့ နိုဘယ်ဆုအဖြစ် တင်စားကြတဲ့ နိုင်ငံတကာ ဘုရင်ဖိုင်စွလ်ဆု ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဆော်ဒီနိုင်ငံ ရိယာသ်ွမြို့တော်မှာ ကျင်းပပြီးစီးခဲ့ပါတယ်။

မက္ကဟ်မြို့တော်ဝန်လည်းဖြစ်၊ ကမ္ဘာလုံးဆိုင်ရာ ဖိုင်စွလ်ဘုရင်ဆုဌာနရဲ့ ဥက္ကကြီးလည်းဖြစ်တဲ့ မင်းသားခါလိဒ်အလ်ဖိုင်စွလ်က အစ္စလာမ့်အကျိုးပြုကဏ္ဍ၊ အစ္စလာမ့်ရေးရာလေ့လာသုတေသနကဏ္ဍ၊ အရဗီစကားနဲ့ စာပေကဏ္ဍ၊ ဆေးပညာကဏ္ဍနဲ့ သိပ္ပံကဏ္ဍလို့ခေါ်တဲ့ ကဏ္ဍကြီးငါးခုမှ ဆုရရှိသူတွေရဲ့အမည်စာရင်းကို ကြေညာပေးခဲ့ပါတယ်။

ဒီဆုပေးပွဲအခမ်းအနားဟာဆိုရင် (၃၉) ကြိမ်မြောက် ဆုပေးပွဲအခမ်းအနား ဖြစ်ပါတယ်။

အဆိုပါ ဆုပေးပွဲအခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ အစ္စလာမ့်အကျိုးပြု ဘုရင်ဖိုင်စွလ်ဆုကို ဆော်ဒီဘုရင်ကြီး စလ်မာန်က ရရှိသွားကြောင်း ကြေညာခဲ့ပါတယ်။ ဘုရင်စလ်မာန်ဟာ ကမ္ဘာတဝန်း အစ္စလာမ်နဲ့ မွတ်စ်လင်မ့်ရေးရာ အကျိုးပြုလုပ်ငန်းများမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုတွေကြောင့် ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဖိုင်စွလ်ဘုရင်ဆုဌာနရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာအဗ်ဒွလ်အဇီးဇ်စဗီလ်က အခုလို ပြောကြားခဲ့ပါတယ်။

“ ဆော်ဒီဘုရင်ကြီးစလ်မာန်ဟာ မြင့်မြတ်တဲ့မြို့တော်နှစ်မြို့ကိုလာကြတဲ့ ဧည့်သည်တော်တွေကို အကျိုးပြုလုပ်ငန်း၊ တမန်တော်မြတ်မုဟမ္မဒ် ﷺ ရဲ့ (စီရသ်) ဘဝသမိုင်းအထ္ထုပ္ပတ္တိနဲ့ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်မှုနဲ့ စီရသ်နဲ့ပတ်သက်တဲ့သမိုင်းမြေပုံ ဖြစ်မြောက်ဖို့ ဦးစီးခဲ့ခြင်း၊ လက်တလော အရဗ်တွေနဲ့ ကမ္ဘာ့မွတ်စ်လင်မ်ထုတစ်ရပ်လုံး ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ခက်ခဲ့လှတဲ့အခြေအနေတွေမှာ မွတ်စ်လင်မ်ထုကို စည်းလုံးညီညွတ်မှုရဖို့ ကြိုးပမ်းခဲ့ခြင်း၊ ပါလက်စ်တိုင်းအရေးမှာ သူ့ရဲ့နှစ်နဲ့ချီပြီး ရပ်တည်ခဲ့ပုံများ၊ ဒုက္ခသည်များကို ကူညီပံ့ပိုးခဲ့ပြီး ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို ကူညီနိုင်ဖို့အတွက် ဘုရင်စလ်မာန် လူသားချင်းစာနမှုနာလုပ်ငန်းစဉ်များနဲ့ ကူညီကယ်ဆယ်ရေးဖောင်ဒေးရှင်း တည်ထောင်ခဲ့ခြင်း စတဲ့ ပြောင်မြောက်တဲ့ အစ္စလာမ့်အကျိုးပြုလုပ်ငန်းတွေကြောင့် ဘုရင်ကြီးစလ်မာန်ကို ဒီဆုပေးအပ်ချီးမြှင့်ရခြင်း ဖြစ်ပါတယ်။ ”

အခြားနယ်ပယ်တွေမှာတော့ သုတေသီလေးဦးနဲ့ ပညာရေးဌာနတစ်ခုဟာ ဖိုင်စွလ်ဘုရင်ဆုကို ဆွတ်ခူးရရှိသွားကြပါတယ်။

အစ္စလာမ့်ရေးရာလေ့လာသုတေသနကဏ္ဍရဲ့ဆုကို လဗ်နွန်နိုင်ငံ၊ ယဉ်ကျေးမှုကောလိပ်မှ ဆရာတစ်ပါးဖြစ်သူ ဒေါက်တာရိသ်ွဝါန်စိုင်ယိဒ်က ရရှိသွားခဲ့ပါတယ်။ သူဆုရရှိခဲ့တဲ့ သုတေသန စာတမ်းကတော့ “ ဟိဂ်ျရီ ၉ ခု အထိ မွတ်စ်လင်မ့်ထံမှာရှိတဲ့ နိုင်ငံရေးအတွေးအခါ် ” ဆိုတဲ့ အမည်နဲ့စာတမ်းပဲ ဖြစ်ပါတယ်။

အရဗီစကားနဲ့စာပေကဏ္ဍမှာတော့ “ ပညာရပ်များနှင့် စမ်းသစ်နည်းပညာများကို ဘာသာပြန်ဖြင့်ဖြစ်စေ၊ သုတေတသနလုပ်၍ဖြစ်စေ၊ သင်ကြားရေးဖြင့်ဖြစ်စေ အရဗီမှု ပြုခဲ့ကြသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ” အမည်နဲ့စာတမ်းက ဆုရရှိသွားခဲ့ပါတယ်။ အဆိုပါဆုကို ဂျော်ဒန်နိုင်ငံ အရဗီဘာသာစကားအဖွဲ့ကြီးက ပညာရပ်များနဲ့နည်းပညာများကို အရဗီမူပြုခြင်းနဲ့ သိပ္ပံဝေါဟာရ အမြောက်အမြားကို ဖလှယ်ပေးတဲ့ စွမ်းဆောင်ချက်တွေကြောင့် ဆွတ်ခူးရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဆေးပညာကဏ္ဍမှာတော့ “ Biological treatments in autoimmune disease ” အမည်နဲ့ သုတေသနစာတမ်းပြုစုသူ ပါမောက္ခ Tadamtsu Kishumutu က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ သူဟာ ဂျပန်နိုင်ငံ အိုစာကာတက္ကသိုလ်က ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။

ရူပဗေဒဆိုင်ရာ ဖိုင်စွလ်ဘုရင်ဆုကိုတော့ ဆွဇ်ဇာလန်နိုင်ငံ၊ Basel တက္ကသိုလ်မှ Theoretical Physics ဆရာဒေါက်တာ Daniel Los နဲ့ ဂျာမဏီနိုင်ငံတက္ကသိုလ်တစ်ခုရဲ့ ရူပဗေဒဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ Loris တို့ နှစ်ဦးက ပူးတွဲရရှိသွားခဲ့ကြပါတယ်။

ဆုပေးပွဲအခမ်းအနားအပြီးမှာ ဆုရရှိသူတွေက ဒီဂုဏ်ယူဖွယ်ကောင်းတဲ့ဆုကို ဆွတ်ခူးရရှိတဲ့အပေါ် ဝမ်းသာစကားများ အသီးသီးပြောကြားသွားခဲ့ကြပါတယ်။

ဒီဆုတွေကို ဘုရင်ဖိုင်စွလ်ပရဟိတဌာနက ချီးမြှင့်ပေးတာ ဖြစ်ပါတယ်။

အဆိုပါဌာနကို ဖိုင်စွလ်ဘုရင်ကြီးရဲ့သားသမီးတွေက ဖခင်ကြီးကွယ်လွန်ပြီးနောက် ၁၉၇၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကြပြီး နောက်နှစ်နှစ်အကြာ ၁၉၇၇ ခုနှစ်မှာ ပထမဦးဆုံးအကြိမ် ဆုချီးမြှင့်ခဲ့ကြပါတယ်။

နိုင်ငံတကာဖိုင်စွလ်ဘုရင်ဆု ဆွတ်ခူးရရှိခဲ့သူ (၁၈) ဦး အနက် (၁၇) ဦးဟာ ဒီဆုကို ရရှိပြီးနောက် နိုဘယ်ဆုများကိုပါ ရရှိခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

Inews-0033/17 © အလင်းမျက်ဝန်း | ကိုးကား » صحيفة المواطن الإلكترونية

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat