ပါလက်စ်တိုင်း-အစ္စရေး နှစ်နိုင်ငံပြဿနာ ဖြေရှင်းဖို့ နှစ်ပေါင်းများစွာကတည်းက နိုင်ငံကတာအသိုင်းအဝိုင်းဟာ ညီညွတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ အခုတော့ အဲဒီကြိုးပမ်းမှုတွေအတွက် အနှောင့်အယှက်တွေ မြင်နေရတယ်လို့ ပြင်သစ်သမ္မတက ဆိုလိုက်ပါတယ်။
ပဲရစ်မြို့မှာ ကျင်းပလျက်ရှိတဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ ပြင်သစ်သမ္မတဖရန်ဆိုအိုလန်းက မိန့်ခွန်းပြောကြားရင်း ကုဒ်စ် (ဗိုင်သွလ်မုက္ကဒ်တ်စ်) မြို့ကို အမေရိကန်သံရုံး ရွှေ့ပြောင်းလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုတွေကို ထိခိုက်စေနိုင်တယ်လို့ ထရမ့်ကို သတိပေးပြောကြား လိုက်ပါတယ်။
အစ္စရေး ပါလတ်စ်တိုင်း နှစ်နိုင်ငံရဲ့ ပြဿနာကို ညှိနှိုင်းဖြေရှင်းခြင်းကသာ ရှေ့တိုးနိုင်မယ့် တစ်ခုတည်းသော လမ်းစဖြစ်တယ်လို့ သူက ဆိုလိုက်ပါတယ်။
အမေရိကန်သံရုံးကို တဲလ်အဗစ်မြို့ကနေ ဗိုင်သွလ်မုက္ကဒ်တ်စ်မြို့သို့ ရွှေ့ပြောင်းခြင်းဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ထိခိုက်သွားစေလိမ့်မယ်လို့ သူက သတိပေးစကားဆိုလိုက်ပါတယ်။
ဒေါနယ်ထရမ့် ကျမ်းမကျိန်ဆိုမီ ( ၅ ) ရက်အလိုမှာ နိုင်ငံပေါင်း ( ၇၀ ) က ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေဟာ ပဲရစ်မြို့မှာ ညီလာခံတစ်ရပ်ကျင်းပခဲ့ကြပြီး ဒီညီလာခံမှာ ပြောကြားမယ့် အချက်အလက်တွေဟာ သမ္မတသစ်ဒေါ်နယ်ထရမ့်အတွက် ပြင်းထန်တဲ့စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့ တွက်ဆထားကြပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သံရုံးကို တဲလ်အဗစ်မြို့ကနေ ဗိုင်သွလ်မုက္ကဒ်တ်စ်မြို့သို့ ရွှေ့ပြောင်းမယ်လို့ ယခင်က ပြောဆိုခဲ့ပါတယ်။
Inews-0046/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။