မွေးကတည်းက ကိုယ်ခန္ဓာရဲ့ အောက်တစ်ပိုင်း မပါရှိတဲ့ ကာတာနိုင်ငံသား ကမ္ဘာကျော်အာဂလူသားလေး ဂါနင်မ်မိဖ်သာဟ်ဟာ သောကြာနေ့က မက္ကဟ်မြို့တော်ကြီးဆီကို ရောက်ရှိလာခဲ့ပြီးနောက် အွမ်ရဟ် ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ အွမ်ရဟ်ဝတ်ပြုမှုအတွင်းပြုလုပ်တဲ့ သူ့ရဲ့သဝါးဖ်ဟာ တခြားသော ကျန်းမာရေးကောင်းသူတွေ လမ်းလျှောက်ပြီး သဝါးဖ်လုပ်ကြသလို၊ လမ်းမလျှောက်နိုင်သူတွေ တစ်ဦးတစ်ယောက်အကူအညီနဲ့ ဘီးတပ်ကုလားထိုင်မှာထိုင်ပြီး သဝါးဖ်လုပ်ကြသလိုမျိုးတော့ မဟုတ်ခဲ့ပါဘူး။
သူဟာ မွေးရာပါ ကိုယ်အင်္ဂါမစုံလင်တာကို အံတုပြီး တကယ့်အာဂစိတ်ဓာတ်နဲ့ ကြံ့ကြံ့ခံရင်း ကအ်ဗာကျောင်းတော်ကြီးကို လက်နဲ့လမ်းလျှောက်ပြီး ထူးထူးခြားခြား သွဝါးဖ်လုပ်ခဲ့ပါတယ်။
သူရဲ့ Instagram အကောင့်မှာလည်း ကအ်ဗဟ်ကျောင်းတော်ကို သွဝါးဖ်လုပ်ထားတဲ့ ဓာတ်ပုံတွေကို တင်ပြခဲ့လို့ အားပေးခဲ့ကြပါတယ်။
ဂါနင်မ်လေးဟာ သူ့ရဲ့လက်နှစ်ဖက်ကို အားပြုပြီး ကအ်ဗာကျောင်းတော်ကြီးကို သွဝါးဖ်အကြိမ်ပေါင်း (၇) ကြိမ်တိုင် ကြိုးစားပြီး လှည့်ပတ်ခဲ့ပါတယ်။
သောကြာနေ့ မဂ်ရိဗ်စွလာသ်အပြီး ကအ်ဗဟ်ကျောင်းတော်မှာ သွဝါးဖ်လုပ်နေသူတွေဟာ သူ့ရဲ့ဂရုဏာသက်ဖွယ်မြင်ကွင်းကို တွေ့မြင်ခဲ့ကြရပါတယ်။
ဂါနင်မ်လေးဟာ လက်နှစ်ဖက်နဲ့လမ်းလျှောက်ပြီး ကအ်ဗဟ်ကျောင်းတော်ကြီးကို သွဝါးဖ်လုပ် ဖူးမျှော်ချင်ခဲ့တဲ့ သူ့ဘဝရဲ့ အိပ်မက်တစ်ခုကို မက္ကဟ်မြို့တော်ဝန်ကြီး စွလ်သွာန်းဗင်န်စလ်မာန်းက လက်တွေ့မှာ လွယ်ကူစွာ အကောင်အထည်ဖော်နိုင်အောင် ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။
ဂါနင်မ်နဲ့ သူ့မိသားစုဝင်တွေအတွက် လူသူထူထပ်လှတဲ့ ကအ်ဗာကျောင်းတော်ကြီးပရဝုဏ်အတွင်း အလွယ်တကူ သွဝါးဖ်လုပ်နိုင်ဖို့ မက္ကဟ်မြို့တော်ဝန်ကြီး စွလ်သွာန်းဗင်န်စလ်မာန်းက လုံခြုံရေးတာဝန်ယူပေးခဲ့ပါတယ်။
မြို့တော်ဝန်ကြီးက လုံခြုံရေးအဖွဲ့တစ်ဖွဲ့ကို သီးသန့်စီစဉ်ပေးခဲ့တာကြောင့် ဂါနင်မ်နဲ့ သူ့မိသားစုကို မက္ကဟ်မြို့တော်ကြီးဆီ ရောက်ရှိလာတာနဲ့ ကြိုဆိုပြီး အွမ်ရဟ်ပြီးတဲ့အထိ လိုအပ်သမျှကို ၎င်းတို့က ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။
ဒါ့အပြင် သန့်စင်တဲ့ ကျောက်နက်တော်ကြီးကိုလည်း နမ်းရှုံ့ချင်ခဲ့သူ ဂါနင်မ်ရဲ့အိပ်မက်ကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သူ့မိသားစုဝင်တစ်ဦးက ချီမပြီး ကျောက်နက်တော်ကြီးကို အားပါးတရ နမ်းရှုံ့စေခဲ့ပါတယ်။
အဲ့ဒီနေ့က ကအ်ဗာကျောင်းတော်ကြီးရဲ့ ရှေ့ဆောင်အိမာမ် အလှည့်ကျ တာဝန်ကျသူ မာဟိရ်မုအိုင်ကိလီကလည်း ဂါနင်မ်လေးကို ကအ်ဗဟ်ကျောင်းတော်ကြီးအနီးအပါးမှာပဲ ကြိုတင်ရောက်ရှိ၍ တွေ့ဆုံနှုတ်ဆက်ပြီး ဖက်လဲတကင်းနဲ့ အားပေးစကား ပြောကြားခဲ့ပါသေးတယ်။
Inews-0062/17 © အလင်းမျက်ဝန်း | ကိုးကား » العربية
[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/cwXo5-FtACo
[/info]
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။