ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

စဒမ်ဟူစိန်ကို ကြိုးပေးကွပ်မျက်တာ ဆယ်နှစ်ရှိခဲ့ပေမယ့် အီရတ်မှာတော့ စစ်မီးတွေ တောက်လောင်ဆဲပါ

[3column][content]
ဝါရှင်တန်ပို့စ်သတင်းစာက အီရတ်သမ္မတ စဒမ်ဟူစိန်ကို ကြိုးပေးပြီးဆယ်နှစ်မြောက်အမှတ်တရ ဆောင်းပါးမှာ အခုလို ဆိုထားပါတယ်။

“ စဒမ်ဟူစိန်ကို ကွပ်မျက်ပြီးနောက် အီရတ်နိုင်ငံဟာ ခေတ်သစ်တစ်ခုကို ကြိုဆိုရလိမ့်မယ်လို့ သတ်မှတ်ခဲ့ကြပေမဲ့ အခုတော့ အီရတ်နိုင်ငံဟာ အကြမ်းဖက်မှု၊ မငြိမ်သက်မှုနဲ့ လူမျိုးခွဲခြားရေးနွံထဲမှာ နစ်မြှုပ်နေဆဲပဲ ဖြစ်ပါတယ်။ ”

စာရေးဆရာ ဝီးလ်ဘာဒ်နဝေဘာက သူ့ရဲ့ ဆောင်းပါးမှာ အခုလို ရေးသားထားပါတယ်။ “ ဘဂ်ဒါဒ်စံတော်ချိန် နံနက် ( ၆ ) နာရီ၊ စဒမ်ဟူစိန်ကို ကွပ်မျက်ခဲ့ပြီးချိန်ကစပြီး လောင်မြိုက်ခဲ့တဲ့ ပဋိပက္ခမီးဟာ အခုထိ တဟုန်းဟုန်း တောက်လောင်နေဆဲပါ။ အဲဒီနေ့မှာ စဒမ်ဟူစိန်ကို ဘဂ်ဒါဒ်မြို့ရဲ့ စစ်ထောက်လှမ်းရေးဌာနတစ်ခုမှာ ကြိုးစင်တင်ခဲ့တာ ဖြစ်ပါတယ်။ ”

စာရေးဆရာက အခုလို ဆက်ရေးပါတယ်။

“ စဒမ်ဟာ ပြတ်သားကြံ့ခိုင်ပြီး အကြောက်အရွံ့မရှိသူ တစ်ဦးပါ။ ကြိုးပေးမယ့် အာဏာပါးကွက်သားတွေရဲ့ အော်ဟစ်သံတွေကို မသိကျိုးကျွန်ပြုပြီး အစ္စလာမ့်သက်သေခံချက် သရဏံဂုဏ်နှစ်ခုကိုသာ ရွတ်ဖတ်နေခဲ့တယ်။ ကြိုးပေးခံရတဲ့အချိန် နောက်ဆုံး သူပြောကြားသွားခဲ့တဲ့ စကားကတော့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်တဲ့အရှင်မရှိကြောင်း၊ မုဟမ္မဒ်သခင်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ကျွန်နဲ့ စေတမန်တော်ဖြစ်ကြောင်း သက်သေခံပါတယ်ပဲ ဖြစ်တယ်။ ကြိုးပေးကွပ်မျက်ရာမှာ ဝတ်ရတဲ့ ခေါင်းစွမ်အမဲကိုလည်း ဝတ်ဖို့ သူငြင်းဆန်ခဲ့ပါတယ်။ ”

[/content][content]
စာရေးဆရာက အခုလိုလည်း ပြောထားပါတယ်။

“ စဒမ်ဟူစိန်ကို ကြိုးပေးကွပ်မျက်ပြီး မကြာခင်မှာပဲ လွန်လေတဲ့ အမေရိကန်သမ္မတဟောင်း ဂျောဂ်ျဘုရှ်က အခုလို ပြတ်ပြတ်သားသား ဝန်ခံခဲ့ပါတယ်။ စဒမ်ကို ကွပ်မျက်လိုက်ရုံနဲ့ ချက်ချင်းကြီးတော့ အီရတ်ရဲ့ (၎င်းတို့ အပိုင်းပိုင်း အစိတ်စိတ်အမွှာမွှာ လုပ်ထားတဲ့) လူမျိုးရေး အကြမ်းဖက်မှုတွေ ပြီးဆုံးသွားစေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းပေးမယ့် ဒီမိုကရေစီစနစ်ဆီသို့ ခြေလှမ်းရာမှာနဲ့ အကြမ်းဖက်မှုကို တိုက်ခိုက်ချေမှုန်းရာမှာ မဟာမိတ်ဖြစ်လာဖို့အတွက် အထူးအပံ့အပိုးတော့ ဖြစ်နိုင်ပါတယ်။ ”

စာရေးဆရာက ဆက်လက် ရေးသားပါတယ်။

“ စဒမ်မရှိတော့ရင် အီရတ်နိုင်ငံဟာ ပြောင်းလဲတဲ့၊ အရင်နဲ့မတူတဲ့ ခေတ်တစ်ခေတ်ကို တွေ့မြင်ရလိမ့်မယ်လို့ ခန့်မှန်းသတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီခန့်မှန်းချက်က ဖြစ်မလာခဲ့ပါဘူး။ ဒါတင်မကသေးဘဲ အရင်ကထက်တောင် ပိုဆိုးတဲ့အကြမ်းဖက်မှုတွေ၊ ရက်စက်ညှင်းပမ်းမှုတွေသာ အရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့ပါတော့တယ်။ စဒမ်မရှိပြီးနောက် ဆယ်နှစ်ကြာပြီးတာနဲ့ အီရတ်နိုင်ငံဟာ ပတ်ဝန်းကျင်နိုင်ငံတွေက ငေးမောကြည့်ရလောက်အောင် တိုးတက်မြင့်မားသွားမယ်လို့ ဂျောဂ်ျဘုရှ်က ကတိပေးခဲ့ပြီး (၁၃) နှစ်အကြာမှာတော့ အီရတ်နိုင်ငံအပါအဝင် ကျန်အရှေ့အလယ်ပိုင်းဒေသတချို့ရဲ့ မိုးကုတ်စက်ဝိုင်းမှာ အမြောက်၊ လောင်ချာနဲ့ ခဲယမ်းမီးကျောက်တွေရဲ့ အခိုးအငွေ့တွေက နေအလင်းရောင်ကိုတောင် ဖုံလွှမ်းသွားစေခဲ့ပါတယ်။ ပတ်ဝန်းကျင်းနိုင်ငံတွေက ငေးမောပြီး ကြည့်ယူရလောက်တဲ့ နေရာဆိုလို့ အီရတ်နိုင်ငံမှာ သုဿာန်သင်္ချိုင်းတစ်မျိုးပဲ ရှိပါတော့တယ်။ လက်ရှိလစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆီးရီးယား၊ အီရတ်နိုင်ငံတွေဟာ အလျင်အမြန် စစ်မီးတွေ တောက်လောင်လာခဲ့ပါတယ်။ သိန်းနဲ့ချီတဲ့ လူတွေဟာ အီရတ်နဲ့ ဆီးရီးယားမှာ သေကြေပျက်စီးခဲ့ကြပြီး လူ သန်းပေါင်းများစွာဟာ အိုးအိမ်တွေ စွန့်ခွာပြီး အပြင်ကို ထွက်ပြေးနေကြရပါတယ်။ အဲဒီလောကငရဲပြည်ကနေ ကိုယ်လွတ်ရုန်းထွက်ပြေးကာ ခိုလှုံလာသူတွေကြောင့် ဥရောပနိုင်ငံတွေဟာ ကမောက်ကမ ဖြစ်လာရပါတယ်။ ”
[/content][content]
စာရေးဆရာက ဆက်လက်ရေးသားပါတယ်။

“ အီရတ်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ isis တွေလည်း တစ်နေ့တခြား တိုးပွားလာနေတယ်။ အီရန်ရှီအဟ်တွေလည်း အီရတ်နိုင်ငံအထဲထိ ထိုးဖောက်ဝင်ရောက်ခဲ့ကြတယ်။ သူတို့ကို ယီမင်က ဟူသီသူပုန်တွေနဲ့ ဆီးရီးယားအဆဒ်အစိုးရတို့ကလည်း ကျောနောက်မှ ကျားကန်ပေးထားတယ်။ ”

အီရတ်ကို ပြန်လှည့်ကြည့်တော့ လွန်ခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဒေါ်နယ် Rumsfeld ပြောခဲ့တဲ့စကားကို ဘယ်သူက မေ့နိုင်မှာလဲလို့ စာရေးဆရာက မေးခွန်းထုတ်ထားပါတယ်။

“ ဘာကြောင့်လဲဆိုတော့ သူက အီရတ်စစ်ပွဲဟာ (၅) ရက် ဒါမှမဟုတ် (၅) ပတ် ဒါမှမဟုတ် (၅) လပဲ ကြာမယ်။ အဲဒီထက် ဘယ်လိုမှ မပိုနိုင်ဘူးလို့ အလေးအနက်ပြောခဲ့တာကိုး။ ”

မစ်စစ်ရ်ကို isis စစ်သွေးကြွတွေရဲ့လက်ထဲက ပြန်ကယ်တင်ဖို့ ကြိုးစားမယ်ဆိုရင်လည်း ဒေါ်နယ် Rumfeld ပြောသလောက် ကာလထက် ပိုကြာမယ်လို့ ခန့်မှန်းထားကြပါတယ်။

“ ကိုယ့်နန်းထဲမှာကိုယ့်ဖာသာအကျဉ်းကျနေသူ စဒမ်ဟူစိန်နှင့် သူ့ကိုစောင့်ကြပ်နေသော အမေရိကန်တို့၏ သမိုင်းကဖော်မပြသောအရာ ” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ အထက်ပါ စာရေးဆရာက အခုလို ဆက်လက်ရေးသားပါတယ်။

“ အမေရိကန်စစ်သားအစောင့်တွေကြားမှာ ရှိနေချိန် စဒမ်ဟူစိန် ထပ်ပြန်တလဲလဲ ပြောခဲ့တဲ့စကားကို ပြန်ပြောင်း သတိရနေမိပါတယ်။ အဲဒီစကားကတော့ ငါပြန်လာဖို့ မင်းတို့တွေ ဆုတောင်းကြလိမ့်မယ်တဲ့။ ”

အီရတ်နဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ စစ်နွံထဲနစ်နေတာကို ကြည့်ရင်ပဲ စဒမ်ဟူစိန်ဟာ အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်သွားသလားတောင် အောက်မေ့မိပါတော့တယ်။
MMO-001/17 © အလင်းမျက်ဝန်း
ကိုးကား » قناة الجزيرة
[/content][/3column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat