ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

စိတ်ချမ်းသာမှုကို ဥစ္စာနဲ့မဝယ်နိုင်

[3column][content]
ရှေးဟောင်းဒသနတစ်ခု ရှိပါတယ်။ စိတ်ချမ်းသာပျော်ရွှင်မှုကို ဥစ္စာနဲ့မဝယ်နိုင်ဘူး။ ဒါကို ခေတ်သစ်သုတေသနက ထောက်ခံလိုက်ပါပြီ။ ဘဝမှာ လက်တွဲဖော်ရှိခြင်းဟာ ဥစ္စာရှာဖွေစုဆောင်းတာထက် စိတ်ချမ်းသာပီတိကို ပေးစွမ်းနိုင်တယ်တဲ့။

အချစ်ကို ဖန်တီးခြင်းနဲ့ စိတ်ချမ်းသာအောင်နေခြင်းဟာ သာယာကြည်နူးဖွယ်ရာဘဝကို ဖွင့်ပေးနိုင်တဲ့ အကြီးဆုံး သော့ ဖြစ်တယ်လို့ လန်ဒန်ဘောဂဗေဒတက္ကသိုလ် သုတေသနအဖွဲ့က ရည်ညွန်းထားပါတယ်။

လေ့လာစမ်းစစ်ချက်အရ ဖော်ပြပါအချက်နှစ်ချက်က ဝင်ငွေ၊ လခ ကောင်းတဲ့ လုပ်ငန်းထက် လူသားကို ပျော်ရွှင်ကြည်နူးမှု ပိုပေးစွမ်းနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

ဒီသုတေသနဟာ တစ်ကမ္ဘာလုံးကို ခြုံငုံပြီး ရှာဖွေစမ်းစစ်ခြင်းဖြစ်တဲ့အတွက် ကမ္ဘာ့နေရာအသီးသီးမှ လူအယောက်နှစ်ရာကို ခေါ်ယူ သုတေသနပြုခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးမျိုးသော အလုပ်တွေဟာ သာယာကြည်နူးမှုကို ဘယ်လိုပေးနိုင်သလဲဆိုတာကို စမ်းသပ်ရှာဖွေခဲ့ခြင်း ဖြစ်ပါတယ်။

နောက်ဆုံးမှာ သုတေသနမှတ်တမ်းအရ သိရတာက (၀) မှ (၁၀) ယောက်အတွင်း လူတွေဟာ ဝင်ငွေများစွာ ရရှိခြင်းက သူတို့ကို ၂ ရာခိုင်နှုန်းထက် ပိုပြီးစိတ်ချမ်းသာမှု မပေးနိုင်ခဲ့ဘူး ဆိုတာပါပဲ။
[/content][content]
သို့ပေမဲ့လည်း လူတိုင်းဟာ ဝင်ငွေများစွာ ရရှိဖို့ကိုပဲ အာရုံထားအလေးပေးနေကြပါတယ်။ ဝင်ငွေများစွာ ရှိခြင်းက လူတို့ကို ဘက်စုံ စိတ်ချမ်းသာမှု မပေးစွမ်းနိုင်လောက်အောင် ထိရောက်မှုက အလွန်အားနည်းပါတယ်လို့ သုတေသနက မှတ်တမ်းတင်ပါတယ်။

နောက်တစ်ဖက်မှာ သိရတာက အလုပ်လက်မဲ့ဖြစ်ခြင်းဟာ အလုပ်လက်မဲ့ ဖြစ်နေတဲ့ လူရဲ့ပျော်ရွှင်မှုကို ပျမ်းမျှအားဖြင့် (၇) ရာခိုင်နှုန်းလောက် လျော့ကျစေတယ်။ အဲဒီလို အလုပ်လက်မဲ့ဖြစ်ခြင်းက အလုပ်လုပ်နေတဲ့လူတွေကြားမှာလည်း ထိတ်လန့်စိုးရိမ်မှုတွေ၊ အနေအထိုင်မဖြောင့်မှုတွေကို ဖန်တီးပေးလိုက်တယ်။  ပြီးတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို ဂယက်ရိုက်စေပါတယ်။

သုတေသနက တွေ့တဲ့နောက်တစ်ချက်ကတော့ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှု၊ ဆောက်တည်ရာမရ ဖြစ်မှုတွေ၊ စိတ်ညစ်မှုတွေဟာ အများအားဖြင့် အလုပ်လက်မဲ့ ဖြစ်ခြင်းကနေ ပြန့်ပွားလာပါတယ်တဲ့။ အဲဒါတွေက (၇) ရာခိုင်နှုန်းလောက် သာယာပျော်ရွှင်မှုကို လျော့နည်းစေတယ်။

ဘဝမှာ အဖော်ရှိခြင်းက (၆) ရာခိုင်နှုန်းလောက် သာယာကြည်နူးမှုကို တိုးစေပြီး ခွဲခွာနေရလို့ ဒါမှမဟုတ် သေဆုံးသွားလို့ အဖော်မဲ့နေခြင်းကလည်း ဒီအတိုင်းအတာမျှ သာယာပျော်ရွှင်မှုကို လျော့နည်းစေတယ်လို့လည်း ဆိုထားပါသေးတယ်။
[/content][content]
သုတေသီများက သူတို့အမြင်ကို အောက်ပါအတိုင်း တင်ပြလိုက်ပါတယ်။ လူတွေဟာ သူတို့အပေါ် ချစ်ခင်သူတွေကို လိုအပ်ကြပြီး သူတို့နဲ့ မှန်မှန်လေး ပတ်သက်ဆက်နွှယ်ပြီးနေဖို့လည်း လိုအပ်ပါတယ်။ ပျော်ရွှင်သာယာမှုနှင့်စိတ်ချမ်းသာမှုဟာ မိမိရှင်သန်နေထိုင်လျက်ရှိတဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။

လွတ်လပ်မှုဟာလည်း  ပျော်ရွှင်သာယာမှုကို ဖန်တီးရာမှာ အဓိက ကျတဲ့နေရာမှ ပါဝင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်သာယာတဲ့ ဘဝကို လိုလားမြတ်နိုးသူတွေဟာ အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်တဲ့ နိုင်ငံကို မထောက်ခံ ကြဘူးလို့လည်း လေ့လာသုတေသနပြုသူတွေက ဆက်လက်ပြောကြားပါတယ်။

သုတေသနပြုချက်ကို အချုပ်တင်ပြရမယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ပျော်ရွှင်မှုနဲ့၊ စိတ်ဆင်းရဲမှုကို ပုံဖော်တဲ့ အရေးပါဆုံးသော အရာတွေကတော့ လူမှုဆက်ဆံရေး၊ ခန္ဓာရဲ့ကျန်းမာရေး၊ စိတ်၏ချမ်းသာမှုတို့ ပဲဖြစ်ပါတယ်။ ဒါတွေဟာ သာယာတဲ့ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ အခြေခံအသစ်တစ်ခု ဖြစ်ပါတယ်။ ပိုက်ဆံကြွယ်ဝတဲ့ ပတ်ဝန်းကျင်တည်ဆောက်ဖို့ဟာ အခြေခံမဟုတ်ပါဘူး။

ဒေသတွင်းအကြမ်းဖက်မှုတွေ၊ ပရိပက္ခတွေ၊ မူးယစ်ဆေးစွဲမှုတွေ၊ စိတ်သောကနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်မှုတွေ၊ လူငယ်တွေရဲ့အထီးကျန်မှုတွေ စတဲ့ ပြသနာတွေဟာ အဓိက ဂရုစိုက်ပြီး ဖြေရှင်းရမဲ့ပြသနာတွေပဲ ဖြစ်ပါတယ်။

MMO-002/17 © အလင်းမျက်ဝန်း
[/content][/3column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat