Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင်ကြီး ဇေယျကျော်ထင်ဗိုလ်မှူးဘရှင် (၁၀၁) နှစ်မြောက် အခမ်းအနား


မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂနဲ့ပူးပေါင်းကျင်းပတဲ့ ကမ္ဘာသိ၊ မြန်မာ့သမိုင်းပညာရှင်ကြီး ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် (၁၀၁) နှစ်မြောက် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း၊ တော်ဝင်နှင်းဆီခန်းမ (သီရိခန်းမဆောင်) မှာ ယနေ့ ၁၅-၁-၂၀၁၆ တနင်္ဂနွေနေ့ နေ့လယ် (၂း၀၀) နာရီကနေ ညနေ (၅း၀၀) နာရီထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်အကြောင်း အနည်းငယ် ဖော်ပြပေးပါမယ်။

[info title="သမိုင်းသုတေသီ ဗိုလ်မှူးဘရှင်" icon="info-circle"]

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့်နောက် ပြည့်စုံသော မြန်မာနိုင်ငံ သမိုင်းစာစောင်ပြုစုရေးသားရန် လိုအပ်သည့်အပြင် နိုင်ငံ၏သမိုင်းအချက်အလက်များ ရှာမှီးစုဆောင်းရန် အရေးကြီးသည်ကို နိုင်ငံတော်အစိုးရမှ ဂရုပြုမိသောကြောင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ သမိုင်းကော်မရှင်တစ်ရပ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီးက (၁၉၅၅) ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါသည်။

အဖွဲ့ဥက္ကဋ္ဌမှာ ပညာမင်းကြီး စည်သူဦးကောင်းဖြစ်ပြီး အဖွဲ့ဝင်(၉)ဦးတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
  1. ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထင်အောင်
  2. ပါမောက္ခ ဦးမျိုးမင်း
  3. ကျောင်းသုံးစာအုပ် ထုတ်ဝေရာဋ္ဌာန ညွှန်ကြားရေးမှူးဝန် ဦးသိန်းဟန် (ဆရာဇော်ဂျီ)
  4. ဝန်ကြီးချုပ်၏ အတွင်းဝန် ဦးသန့်
  5. ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဦးဘညွန့်
  6. ကထိက ဒေါက်တာ ကျော်သန့်
  7. ဆရာအတတ်သင်ကျောင်းဆိုင်ရာ ညွှန်ကြားရေးဝန် ပါမောက္ခ ဦးဘ
  8. စစ်ရုံးမှ ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်
  9. ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန် ဦးယော (ဆရာဇေယျ)
အမှတ်စ(၈)ယောက်မြောက်အဖွဲ့ဝင် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင်က ရှေးဟောင်းသုတေသနပညာရှင်များ၊ သမိုင်းသုတေသနပညာရှင်များ၏ ချစ်ခင်လေးစားမှုကို ခံရသော နိုင်ငံတကာအဆင့်မီ သမိုင်းသုတေသန ပညာရှင်တစ်ဦး ဖြစ်ခဲ့ပါသည်။ သူ၏ရာထူးအဆင့်ကို အလေးမထား သုတေသနအလုပ်တွင် မွေ့လျော်ပျော်ပိုက်ကာ ရိုးသားနှိမ့်ချစွာ နေတတ်သူမို့ လုပ်ဖော်ကိုင်ဖက်နှင့် မိတ်ဆွေများက ဗိုလ်မှူးဘရှင်ဟူ၍သာ ချစ်စနိုး ခေါ်ခဲ့ကြသည်။

ဆရာရင်းဖြစ်သူ ဆရာကြီးလူးစ် (Prof. G.H.Luce) ကိုယ်တိုင်က သူပြုစုရေးသားသော Old Burma, Early Pagan အမည်ရှိ ဂန္တဝင်စာအုပ်ကြီး၏ အမှာစာတွင် တပည့်ဖြစ်သူကို လေးလေးစားစား လုပ်ဖော်ကိုင်ဖက်အနေဖြင့် ဖော်ပြကာ တစ်ရင်းတစ်နှီး ဗိုလ်မှူးဟူ၍သာ ခေါ်ဝေါ်သုံးနှုန်းထားလေသည်။ တစ်ချိန်တည်းမှာပင် တပည့်ဖြစ်သူ၏ ရာထူးအဆင့်နှင့် အမည်ကို တိုင်းတစ်ပါးသမိုင်းလေ့လာသူတို့ သိရှိစေလို၍ My colleague bohmu (Colonel Ba Shin) since, 1955 when he joined Burma Historical commission…. ဟု ရေးသားခဲ့လေသည်။

ဗိုလ်မှူးဘရှင်သည် တက္ကသိုလ်ကျောင်းသားဘဝတွင် စာပေလောကနှင့် ထိတွေ့နီးစပ်ခဲ့သူ ဖြစ်သည်။ တက္ကသိုလ်ရောက်ပြီး ဝိဇ္ဇာအငယ်တန်းကျောင်းသားဘဝမှ (၁၉၄၁) နှစ်တိုင်အောင် မြန်မာ့အလင်းသတင်းစာနှင့် သူရိယသတင်းစာတို့၏ ယုဒသန်ကျောင်းတိုက် (Judson College) တက္ကသိုလ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သတင်းနှင့်ဆောင်းပါးများကို ရေးသားခဲ့သည်။

(၁၉၆၀) ပြည့်နှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် ရန်ကုန်တက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဆရာကြီး ဦးဖေမောင်တင်အား တင်မြှောက်၍ အဖွဲ့ဝင်အသစ်တချို့ဖြင့် ပြင်ဆင်ဖြည့်စွက်ခဲ့ပါသည်။ အဖွဲ့ဝင်ဟောင်းအနေဖြင့် ဆရာဦးသိန်းဟန်၊ ဆရာဦးဘညွန့်၊ ဒေါက်တာကျော်သက် (၃)ဦးသာကျန်၍ အဖွဲ့ဝင်သစ်များအဖြစ် ဆရာကြီးလူးစ် ရန်ကုန်တက္ကသိုလ်ဘာသာပြန်နှင့် ပုံနှိပ်ထုတ်ဝေရာဌာန စာသင်မှူးဦးဝန် (မင်းသုဝဏ်)၊ ပါမောက္ခချုပ် ဒေါက်တာသာလှ၊ ပါမောက္ခ ဒေါက်တာ ဒေါ်သင်းကြည်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သားရေစည်သူ ဗိုလ်မှူးကြီး ဘသန်း၊ ရာထူးအရ ပညာမင်းကြီး ရှေးဟောင်း သုတေသန ညွှန်ကြားရေးဝန်တို့ ပါလာကြပါသည်။

ကြီးလေးလှသော တာဝန်များကို ထမ်းဆောင်ရန် သမိုင်းခေတ်အပိုင်းအခြားအလိုက် ဆပ်ကော်မရှင်(၅)ခုကို ဖွဲ့စည်းခဲ့ပါသည်။ ဆပ်ကော်မရှင်(က)ဥက္ကဋ္ဌအဖြစ် ဆရာကြီးလူးစ်က ဆောင်ရွက်၍ ပုဂံမင်းဆက်ဆုံးသည့် (အေဒီ ၁၃၆၅) ခန့် အထိ အရှေ့ပိုင်းခေတ်ကို တာဝန်ယူသည်။ ဇေယျကျော်ထင် ဗိုလ်မှူးဘရှင် ဦးစီးသော ဆပ်ကော်မရှင်(ခ)က (အေဒီ ၁၃၆၅) မှ (၁၇၅၂) အလယ်ပိုင်းခေတ်ကို တာဝန်ယူပါသည်။ ဆပ်ကော်မရှင် (က) ဥက္ကဋ္ဌ ပါမောက္ခ ဂျီအိတ်(ခ်ျ)လူစ်သည် ဆပ်ကော်မရှင် (ခ) ဥက္ကဋ္ဌ ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ အကူအညီဖြင့် တရုတ်အထောက်အထားစာရင်းများကို ပြုစုနိုင်ခဲ့ပါသည်။

သမိုင်းကော်မရှင်သည် သူ၏ အဓိကလုပ်ငန်းကြီးနှစ်ရပ်ဖြစ်သော ပြည့်စုံသော မြန်မာနိုင်ငံသမိုင်းစာစောင်ရေးသားပြုစုခြင်းနှင့် မြန်မာနိုင်ငံ သမိုင်းအချက်အလက်များ ရှာမှီးစုဆောင်းခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်နေစဉ်အတောအတွင်း ကော်မရှင်၏ သုတေသနအရာရှိများနှင့် ကျမ်းပြုအရာရှိများ၏ သုတေသနဆောင်းပါးများကို အဓိကဖော်ပြရန် ဖြစ်ပါသည်။

စာစောင်အဖွဲ့ဝင်ငါးဦးတွင် ဗိုလ်မှူးဘရှင်သည် တစ်ဦးအပါအဝင်ဖြစ်ပြီး အတွဲ(၁)၊ စာစောင်(၁)တွင် ပွတ်တိုက်မင်း ဆုတောင်းလင်္ကာကို ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်အမည်ဖြင့်  သုတေသနဆောင်းပါး ရေးသားခဲ့ပါသည်။ ဗိုလ်မှူးဘရှင်သည် မြန်မာ့သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုအနုပညာ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ဗဟုသုတဖြစ်ဖွယ်ဆောင်းပါးပေါင်း မြောက်မြားစွာကို (၁) ကင်းထောက်မောင်၊ (၂) စံအောင်၊ (၃) ဗိုလ်မှူးဉာဏ၊ (၄) တိုင်း ၄ ရဲဘော်ဟောင်း၊ (၅) မောင်ပင်တည်၊ (၆) ဦးဘရှင်၊ (၇) ဒု-ဗိုလ်မှူးကြီးဘရှင်၊ (၈) ဝရီးစံ၊ (၉) သုတေသီ၊ (၁၀) ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်၊ (၁၁) ဘရှင်စသည့် ကလောင်အမည်ကွဲများဖြင့် ရေးသားခဲ့ပါသည်။

အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည့်သူတစ်ဦးဖြစ်သည့်အလျောက် အစ္စလာမ်သာသနာရေးရာကောင်စီ၏ အန်စွာရီသင်တန်းများကို မြန်မာနိုင်ငံ ဒေသအဖွဲ့သင်တန်းများ အမှတ်စဉ် (၁) မှ (၂၈) အထိ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပါဝင်ပို့ချခဲ့သည်။ ဗိုလ်မှူး၏ အထင်ကရလုပ်ဆောင်ချက်တစ်ရပ်မှာ ကျမ်းတော်မြတ်ကုရ်အာန် နှစ် (၁၄၀၀) ပြည့်ကို ဦးစီးဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် အစ္စလာမ်သာသနာရေးကောင်စီဌာနချုပ် အထွေထွေအတွင်းရေးမှူးအဖြစ် သူ၏ နောက်ဆုံးအချိန်အထိ ဆောင်ရွက်သွားခဲ့ပါသည်။

ဤကဲ့သို့ နိုင်ငံတကာအဆင့်မီ သမိုင်းသုတေသီ ဗိုလ်မှူးဘရှင်သည် (၁၉၇၀) ပြည့်နှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့၊ ညနေ ၅း၅၀ နာရီတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ရာ မြန်မာနိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ခဲ့ရပါသည်။
[/info]

ဒီစာတမ်းဟာ ဒီကနေ့ကျင်းပခဲ့တဲ့ အဆိုပါ ဇေယျကျော်ထင်ဗိုလ်မှူးကြီးဘရှင် (၁၀၁) နှစ်ပြည့် အခမ်းအနားမှ ဆောင်းပါးရှင် ဒလဘန်းရေးသားသည့် အမှတ်တရ စာအုပ်မှ ကောက်နုတ်ဖော်ပြရေးသားခြင်း ဖြစ်ပါတယ်။

Mnews-002/17 © အလင်းမျက်ဝန်း

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat