အီဂျစ်အစ္စလာမ့်နိုင်ငံရဲ့ အစိုးရဌာနဆိုင်ရာအလုပ်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ လူနည်းစု ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ ဝန်ထမ်းတွေကို ဗိုင်သွလ်မက္ကဒိစ် ဗလီဝတ်ကျောင်းတော်ကြီးဆီသို့ သွားရောက်၍ ဘုရားဖူးလည်ပတ်ဖို့အတွက် (၁)လတာ ရက်ရှည်ခွင့်ပေးမယ်တော့မယ်လို့ သိရပါတယ်။
အစိုးရဌာနတွေမှာ အလုပ်လုပ်နေတဲ့ ခရစ်ယာန်ဘာသာဝင် ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ ဘာသာရေးထုံးတမ်းဓလေ့များ ပြုကျင့်ဆောက်တည်နိုင်ဖို့ ဗိုင်သွလ်မက္ကဒိစ် ဗလီဝတ်ကျောင်းကြီးရှိရာကို ဘုရားဖူးသွားရောက်လည်ပတ်လိုပါက လစာခံစားခွင့်နှင့်အတူ ရက်ရှည်ခွင့် (၁)လတိတိ ပေးသွားရမယ်လို့ အီဂျစ်ပြည်ထောင်စုရဲ့ ဗဟိုတရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်မတိုင်မီကလည်း အီဂျစ်နိုင်ငံဟာ လူများစု မွတ်စ်လင်မ် အစိုးရဝန်ထမ်းတွေအတွက် ဟဂ်ျတာဝန်ကျင့်ဆောက်တည်ဖို့ အထက်ပါအတိုင်းပင် လစာနဲ့အတူ (၁) လတာ ရက်ရှည်ခွင့်ကို ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။
Inews-014/2/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။