![]() |
၂၈-၁-၂၀၁၇ (စနေနေ့) က မီးဘေးသင့်၍ ရှဟီးဒ်ဖြစ်ခဲ့သော ဗစ်တိုးရီးယားဗလီ |
ဇန်နဝါရီလ (၂၈) ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ် ဗစ်တိုးရီးယားမြို့က ဗလီကြီးမီးဘေးသင့်တာဟာ သာမန်မီးလောင်မှုကြောင့် မဟုတ်ဘဲ မီးရှို့ခံခဲ့ရတာဖြစ်တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ဗလီကြီးကို မီးရှို့ခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိရေးအတွက် အကူအညီပေးတဲ့သူကို အမေရိကန်ဒေါ်လာ သုံးသောင်းဆုတော်ငွေချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ဥပဒေအကြံပေးရုံးတော်က ကြေငြာလိုက်ပါတယ်။
“ လွန်ခဲ့တဲ့ နှစ်ပတ်အရင်က တက်ဆက်ပြည်နယ် အုပ်ချုပ်ရေးနယ်မြေအတွင်းမှာ ဗလီတစ်လုံးဟာ ရိုးရိုးမီးသင့်လောင်ကျွမ်းခဲ့တာ မဟုတ်ဘဲ မီးရှို့ခံခဲ့ရပါတယ်။ သူတို့ရဲ့ တင်ပြချက်အရ မီးလောင်ကျွမ်းမှုကြောင့် ဗလီအဆောက်အအုံတစ်ခုလုံး မီးသင့်ပျက်စီးသွားခဲ့ပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ဒေါ်လာ သန်းတစ်ဝက်ကျော် ရှိပါတယ်။ အဲ့ဒီမီးရှိုတဲ့ ရာဇဝတ်သားကို ဖမ်းမိအောင် ကူညီတဲ့သူကို ဒေါ်လာသုံးသောင်း ဆုချီးမြှင့်ပေးပါမယ်။ ” လို့ အဆိုပါရုံးတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရှဟီးဒ်ဖြစ်သွားခဲ့တဲ့ ဗလီဝတ်ကျောင်းတော်ကို ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့ခဲ့တာ ဖြစ်ပေမဲ့ အကြမ်းဖက်မှုမြောက်/မမြောက်ကိုတော့ လတ်တလော အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ အမေရိကန်အစိုးရဘက်က ပြောပါတယ်။
အမေရိကန် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းဘက်ကတော့ ဒီအဖြစ်အပျက်အပေါ် အစွန်းရောက်အကြမ်းဖက်မှုတစ်ခုအဖြစ် ရှုမြင်သုံးသပ်နေကြပါတယ်။
အခင်းဖြစ်ပွားပြီးနောက် FBI အပါအဝင် အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းများဟာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်း ပြုလုပ်ခဲ့ကြပြီး အကြောင်းရင်းကို အမြန်ဆုံး ထုတ်ပြန်ကာ ဆက်လက်ပြီး လုပ်ဆောင်ရမယ့်ကိစ္စတွေကိုလည်း အလေးအနက်ထား၍ လုပ်ဆောင်နေကြတာကို အားရဖွယ် မြင်တွေ့ရပါတယ်။
Inews-018/2/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV
![]() |
အခင်းဖြစ်ပွားပြီးနောက် မြင်တွေ့ရစဉ် |
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။