ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ဗိုလ်အောင်ကျော်လမ်းဗလီတွင် ရှဟီဒီ ဦးကိုနီအတွက် အီစာလေ့စဝါဗ် ခသမ်ရွတ်ဖတ်ပို့သ


الحمد لله

ယမန်နေ့ (၃၁-၁-၂၀၁၇) အင်္ဂါနေ့ည မဂ်ရိဗ်စွလာသ်အပြီးမှ အိရှာဟ်အဇာန်အချိန်ထိ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ အရ်ကာတ္တီ ဗလီဝတ်ကျောင်းတော်ကြီးတွင် ရှဟီဒီ အဗ်ဒွလ်ဂနီ (ခ) အာဇာနည်ကြီး ဦးကိုနီအတွက် ဂျမာအသ်သားများမှ ကျမ်းတော်မြတ် ကုရ်အာန်အား ခသမ်(၃)ကြိမ်တိုင် ဖတ်ရွတ်ပြီးနောက် ဒုအာဆုမွန်တောင်းကာ အီစွာလေ့ဆဝါးဗ်များ ပို့သခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ဗလီကြီးရှိ ဟာဖီးဇ် ကျောင်းသား/သူများ၊ ဆရာများ၊ ဗလီဂေါပကလူကြီးများအပါအဝင် ရောက်ရှိလာတဲ့ ဂျမာအသ်ဝင်များအားလုံးဟာ စိတ်ရောကိုယ်ပါဖြင့် ကုရ်အာန်ဖတ်ရွတ်ခဲ့ကြပါတယ်။

အဆိုပါ ကုရ်အာန်ခသမ်ဖတ်ရွတ်၍ အီစွာလေ့ဆဝါးဗ်ပို့သပြီးနောက် ဒုအာဆုမွန်များ မတောင်းခံမီ ဆရာတော်တစ်ပါးကလည်း ကွယ်လွန်သူ ဆရာကြီးနဲ့ပတ်သက်တဲ့ အောက်မေ့ဖွယ် အမှတ်တရစကားတချို့ကိုလည်း ဝမ်းနည်းစွာနဲ့ ပြေကြားသွားပါတယ်။

ထိုသို့ ပြောကြားရာတွင် ဆရာကြီးကဲ့သို့သော လွန်စွာထက်မြတ်၍ ရဲရင့်သည့်ပညာရှင်မျိုး၊ အစ္စလာမ်ဘာသာဝင်ထဲတွင် ရှိနေခြင်းဟာ အစ္စလာမ့်ဂုဏ်ရည်ဖြစ်ကြောင်း၊ ဆရာကြီးကဲ့သို့သောပုဂ္ဂိုလ် နောက်တစ်ယောက် အစားမရနိုင်ကြောင်း၊ အရာရာကို စွမ်းဆောင်နိုင်တော်မူတဲ့ အလ္လာဟ်အရှင်မြတ်သခင်သည် ဆရာကြီးလိုပညာရှင်မျိုး မြောက်မြားစွာ ပေါ်ထွန်းပေးနိုင်သောကြောင့် မျှော်လင့်မက်ထားပါကြောင်း၊ ဆရာကြီးရဲ့ဖြစ်ရပ်ဆိုးအတွက် အလွန်ဝမ်းနည်းမိကြောင်း စသည်တို့ကို ကြေကွဲစွာနဲ့ ပြောပြသွာခဲ့ပါတယ်။

ပြီးနောက်မှာတော့ ယခုရွတ်ဖတ်လိုက်တဲ့ ကုရ်အာန်ခသမ်တွေကို အလ္လာဟ်အရှင်မြတ်သခင် လက်ခံတော်မူဖို့၊ အမှားအယွင်းများ၊ လျော့နည်းမှုများကို ပလပ်ခွင့်လွှတ်ပေးတော်မူဖို့နဲ့ ယခုဖတ်ရွတ်ခဲ့သော အကျိုးကုသိုလ်စဝါဗ်များအား ဆရာကြီးအတွက်ဖြစ်စေဖို့၊ ဆရာကြီးရဲ့ ကဗရ်ထဲမှာ လင်းဝင်းမှုအတိ ဖြစ်စေတော်မူဖို့၊ စာရင်းအင်းစစ်ဆေးခံရမှုမှ လွတ်မြောက်ခွင့်ပေးသနားတော်မူစေဖို့၊ သုခဘုံရဲ့အခင်း၊ သုခဘုံရဲ့အဝတ်အစားများ ဝတ်ဆင်ရပါစေကြောင်း အစရှိတဲ့ ဆရာကြီးအတွက် လောကုတ္တရာလွတ်မြောက်ရေး ဆုမွန်များအပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းပြီး၊ သာယာဝပြောတဲ့နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ တင့်တယ်စေဖို့အတွက်လည်း ဆုမွန်ဒုအာများ တောင်းခံပေးခဲ့တယ်လို့ သိရပါတယ်။

ကွယ်လွန်သူ ရှဟီဒီ အဗ်ဒွလ်ဂနီ (ခ) အာဇာနည်ကြီး ဦးကိုနီ သည် (၂၉-၁-၂၀၁၇) နေ့က နိုင်ငံ့တာဝန်ဖြင့် ပြည်ပနိုင်ငံတစ်ခုမှ အမိနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိလာစဉ် ရန်ကုန်လေဆိပ်၌ မသမာသူ အကြမ်းဖက်သမားတစ်ဦးမှ သေနတ်ဖြင့် အနီးကပ် ချိန်ရွယ်၍ ပစ်ခတ်လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့သူ ဖြစ်ပါတယ်။

Mnews-001/2/17 © အလင်းမျက်ဝန်း

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat