ယနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် (၁၁) နာရီမှစတင်၍ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း အသက်ပေးစတေးခဲ့ရသူ ရှဟီဒ် အဗ္ဗဒွလ် ဃနီ (ခ) အာဇာနည် ဦးကိုနီနှင့် ကွယ်လွန်သူ အရ်ဝါများအတွက်ရည်စူးပြီး ကျန်ရစ်သူမိသားစုမှ ဇေယာရသ် အားမ်ဒအ်ဝသ် (ကုသိုလ်ပြု စတုဒီသာအလှူတော်) ပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၄၂)လမ်းထိပ်၊ မဟာဗန္ဓုလလမ်းမကြီးပေါ်မှာြုပုလုပ်ကျွေးမွေးခဲ့တဲ့ ၎င်းအားမ်ဒအ်ဝသ်အလှူတော်သို့ လူမျိုး၊ ဘာသာစုံမှ ရာနှင့်ချီသော လူပေါင်းများစွာ လာရောက်၍ အားပေးသုံးဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ယမန်နေ့ (၄-၂-၂၀၁၇) စနေနေ့ကလည်း အဆိုပါနေရာမှာ အကြမ်းဖက်သမားလက်ချက်ကြောင့် သေဆုံးခဲ့ရသူ ရှေ့နေကြီး ဦးကိုနီနှင့် ယာဉ်မောင်း ဦးနေဝင်း တို့အတွက် ရည်စူးပြီး ဆုတောင်းပွဲအခမ်းအနား စတုဒီသာအလှူတော်ကြီးတစ်ခုကို နိုင်ငံရေးအသိုင်းအဝန်းမှ ဦးဆောင်ပြုလုပ်ခဲ့ကြပြီး အစ္စလာမ်ဘာသာဝင်များကလည်း ပူးပေါင်းအားဖြည့်ခဲ့ကြပါတယ်။
Mnews-005/2/17 © အလင်းမျက်ဝန်း
[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/pwn01LT-ZME
[/info]
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။