အူရ်ဒူစာပေရဲ့ဖခင်ကြီး၊ အလွန်ကြီးကျယ်ခမ်းနားတဲ့ ကဗျာစာဆိုတော်ကြီး မိရ်ဇာ အစဒွလ္လာဟ်ခါန်း ဂါလိဗ်ရဲ့ ၁၄၈ နှစ်မြောက် အောက်မေ့ဖွယ်နေ့ဟာ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ဖြစ်ပါတယ်။
(၁၁) နှစ်သားအရွယ်မှာ စတင်ပြီး ကဗျာလင်္ကာတွေကို သီဆိုခဲ့တဲ့ ကဗျာစာဆိုတော်ကြီး အစဒွလ္လာဟ်ကိုယ်တိုင်တောင် သိချင်မှသိမယ့် အကြောင်းတစ်ခုကတော့ သူ့ရဲ့ အူရ်ဒူကဗျာစပ်ဆိုသီကုံးမှုတွေဟာ အူရ်ဒူစာပေကို လက်ရှိခေတ်ခါသမယအထိတိုင်အောင် လင်းဝင်းတောက်ပစေခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။
မိရ်ဇာ ဂါလိဗ်ရဲ့ အမည်ရင်းက အစဒွလ္လာဟ်ဗီးဂ်နဲ့ ဖခင်ရဲ့ အမည်က အဗ်ဒွလ္လာဟ်ဗီးဂ်ပါ။
၁၇၉၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့မှာ အာဂရဟ်ဒေသအတွင်း မွေးဖွားခဲ့တဲ့ မိရ်ဇာဟာ ငယ်စဉ်ဘဝမှာပဲ ဖသက်ဆိုး ဘဝနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဘကြီးတော်စပ်သူ မိရ်ဇာ နစ်ွရွလ္လာဟ်ဗီးဂ်က ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပေမဲ့လည်း သူ ရှစ်နှစ်သားအရွယ်မှာ ဘကြီးလည်း ကွယ်လွန်သွားခဲ့ပါတယ်။
စော်ဘွားကြီး အဟ်မဒ်ဗခ်ရှ်ခါန်က မိရ်ဇာရဲ့ ဆွေမျိုးတွေကို အင်္ဂလိပ်တွေဘက်ကနေ လစာအဖြစ် သတ်မှတ်ပေးဆောင်စေခဲ့ပါတယ်။
၁၈၁၀ ခုနှစ်၊ (၁၃) နှစ်သားအရွယ်မှာတော့ ထိုခေတ်ရဲ့ထုံးစံအရ အိမ်ထောင်ကျခဲ့ပါတယ်။
မိရ်ဇာဂါလိဗ်ဟ အူရ်ဒူစာပေရဲ့ အကြီးကျယ်အခမ်းနားဆုံးသော ကဗျာစာဆိုတော်ကြီးတစ်ဦးအဖြစ် မှတ်ယူခံခဲ့ရပါတယ်။
အစောပိုင်းမှာတော့ ဖာရစီနဲ့ ခက်ခဲတဲ့ အူရ်ဒူစာပေတွေကို ကဗျာလင်္ကာတွေ စပ်ဆိုခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အလွန်လွယ်ကူရိုးစင်းတဲ့ ခေတ်စမ်းစာပေ၊ ညက်ညောပြေပြစ်တဲ့ စကားလုံး၊ ဒဿနအတွေးအခေါ် မြော်မြင်မှုတွေနဲ့ လင်္ကာတွေကို စပ်ဆိုခဲ့တဲ့အတွက် ပြိုင်စံရှား အူရ်ဒူစာပေရဲ့ ရှေ့ဆောင်လမ်းပြ ကဗျာလင်္ကာစာပေပညာရှင်ကြီး ဖြစ်ခဲ့ပါတယ်။
သူဟာ အသက် (၇၂) နှစ် အရွယ် ၁၅-၂-၁၈၆၉ နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
SPD-01/2/17 © အလင်းမျက်ဝန်း | ကိုးကား » ARY
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။