March 2017

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား



اَللّٰھُمَّ بَارِکْ لَنَا فِیْ رَجَبَ وَشَعْبَانَ وَبَلِّغْنَا رَمَضَانَ

အို! အလ္လာဟ်အရှင်မြတ်သခင်...
ကျွန်တော်မျိုးတို့အတွက် ရဂျဗ်လမြတ်တွင်လည်းကောင်း၊ ရှအ်ဗာန်လမြတ်တွင်လည်းကောင်း
ကောင်းချီးမင်္ဂလာအဖြာဖြာ ချီးမြှင့်ပေးသနားတော်မူပါ။
ပြီးနောက် ရမ္မသွာန်လမြတ်ဆီသို့လည်း ရောက်ရှိခွင့် ပေးသနားတော်မူပါ။


[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/Vy7M7-IFJow
[/info]


ခရစ်သက္ကရာဇ် ၂၀၁၇ ခုနှစ်၊ မတ်လ (၃၀) ရက် (ကြာသပတေးနေ့) သည် ဟစ်ဂ်ျရီ ၁၄၃၈ ခုနှစ်၏ ရဂျဗ်လ (၁) ရက်နေ့ဖြစ်ပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာ-အစ္စလာမ် သာသနာ့ပညာရှင်များ အဖွဲ့ချုပ်၊ ဗဟိုလကြည့်စိစစ်ရေးကော်မတီမှ သတင်းထုတ်ပြန်ကြေငြာလိုက်ပါတယ်။

သတင်းထုတ်ပြန်ချက်အား အိုလမာ အဖွဲ့ချုပ်၏ ဓမ္မသတ်မှူးချုပ်ဖြစ်သူ ရှိုင်ခွလ်ဟဒီးဆ် အလ်ဟာဂ်ျ မောင်ဝ်လာနာ မွတ်ဖ်သီ ရှမ်စွတ်ဒိုဟာ (ခ) ဦးဘသိန်း (မဇွာဟိရီ) မှ ယနေ့ (၂၉-၃-၂၀၁၇) ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ကြေငြာပေးခြင်း ဖြစ်ပါတယ်။

Mnews-02/3/17 © အလင်းမျက်ဝန်း


ကအ်ဗဟ်ဝတ်ကျောင်းတော်ရဲ့ ထောင့်တစ်နေရာမှာ တည်ရှိနေတဲ့ ကျောက်တုံးကို မွတ်စ်လင်မ်တွေ ကိုးကွယ်ကြတယ်လို့ ဘာသာခြားတချို့ရဲ့ (နားလည်၍ဖြစ်စေ၊ နားမလည်၍ဖြစ်စေ) လှောင်ပြောင်ပြောဆို ရေးသားမှုများအား Facebook လို လူမှုကွန်ယက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်နေကြရပါလိမ့်မယ်။

ဒီလို ကအ်ဗဟ်ဝတ်ကျောင်းတော်ရဲ့ ထောင့်တစ်နေရာက ကျောက်တုံးကို မွတ်စ်လင်မ်တွေ နမ်းရှုံ့နေကြတာဟာ ဘာကြောင့်များပါလဲ...?

အမှန်စင်စစ်ကတော့ အချစ်ပါ...!

ဒီလိုဖတ်လိုက်ရတော့ “ ဘယ်လိုအချစ်လဲ...? ” လို့ မိတ်ဆွေ မေးခွန်းထုတ်ချင်ကောင်း ထုတ်ချင်နေပါလိမ့်မယ်။

အဲဒီအဖြေမပေးခင် တချို့နားမလည်သူတွေရဲ့စောဒက (သို့မဟုတ်) အထင်လွဲတာလေးကို ဦးစွာ ချေပချင်ပါတယ်။

အဲဒါကတော့ ကျနော်တင်ပြခဲ့တဲ့အတိုင်း “ မွတ်စ်လင်မ်တွေဟာ ဒီကျောက်တုံးကို ကိုးကွယ်ကြပါတယ် ” ဆိုတဲ့ အကြောင်းပါပဲ။

သားသမီးကို ချစ်တဲ့မိဘဟာ သားသမီးကို နမ်းရှုံ့လေ့ ရှိပါတယ်။ နောက်ပြီး ကျနော်တို့ပတ်ဝန်းကျင်မှာ တိရစ္ဆာန်ကိုချစ်လို့ နမ်းရှုံ့နေတာကိုလဲ အများအပြား တွေဖူးကြပါလိမ့်မယ်။ ပျောက်ရာကနေ ပြန်တွေ့ရတဲ့ ပစ္စည်းကိုလည်း နမ်းကြတာကိုလဲ တွေ့ဖူးကြုံဖူးကြပါလိမ့်မယ်။

ကဲ… အဲဒီလို နမ်းရှုံ့လိုက်လို့ မိဘက သားသမီးကို ကိုးကွယ်တယ်ဆိုတဲ့ ကောက်ချက်ချရင် မှန်နိုင်ပါ့မလား...? တိရစ္ဆာန်ကို အချစ်နဲ့နမ်းရှုံ့နေလို့ အဲ့တိရစ္ဆာကို ကိုးကွယ်တယ်လို့ ကောက်ချက်ချရင်ရော မှန်ပါ့မလား...? နမ်းမိတဲ့ပစ္စည်းကိုရော ကိုးကွယ်တယ်လို့ ပြောမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား...?

ဒါဆို စာရှုသူအတွက် အဖြေရပြီလို့ ယုံကြည်ပါတယ်။ တကယ်တမ်းတော့ ဒီလို နမ်းရှုံ့မှုဟာ အချစ်သီးသန့်ပါ။ မြတ်နိုးမှုသက်သက်ပါ။ ကိုးကွယ်မှုနဲ့ သက်ဆိုင်ခြင်း အလျဉ်းမရှိပါဘူး။

ဒါဆို “ ဒီကျောက်တုံးကို ဘာလို့ချစ်ရတာလဲ...? ” ဆိုတဲ့ မေးခွန်းမျိုး ထပ်မေးချင်တဲ့သူတွေ ရှိနိုင်ပါလိမ့်မယ်။ တကယ်တော့ ဒီလိုမေးခွန်းမျိုးဟာ ကျနော့်အမြင်အရပြောရရင် အဖြေမှန်သိလို့ ရိုးရိုးတမ်းတမ်း လက်ခံမယ့် သူမျိုးတွေ မေးလေ့ မရှိပါဘူး။ အစ္စလာမ်ကို မေးခွန်းတွေနဲ့ ချောင်ပိတ်ရိုက်မယ်ဆိုတဲ့သူမျိုးတွေကသာ အများပိုင်းမေးလေ့ ရှိနိုင်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်က မိမိဇနီးသည်ကို နမ်းလိုက်တယ်။ သူ့ကို “ ဘာလို့နမ်းတာလဲ...? ” လို့မေးရင် အဖြေရပါလိမ့်မယ်။ ချစ်လို့။ ဒါပေမယ့် “ ဘာလို့ချစ်တာလဲ...? ” လို့ ထပ်ဆင့်ပြီးမေးတာမျိုးဟာ တော်ရုံလူမှုရေးရှိသူတွေ မမေးသင့်ဘူးဆိုတာ နားလည်ပါလိမ့်မယ်။ ဒီလို ပမာပေး ရှင်းပြလိုက်တာကြောင့် အဖြေမရှိဘဲ ရှောင်ကွက်ရှာသွားတယ်လို့ ထင်ကောင် ထင်နိုင်ပါတယ်။

မရှောင်ပါဘူး။ နားလည်အောင် ဆက်ရှင်းပြပါမယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တမန်တော်မြတ် ﷺ နဲ့ အတူရှိနေခဲ့တဲ့ နာမည်ကျော် သာဝကကြီး အွမ္မရ် رضي الله ﺗﻌﺎﻟﯽٰ عنه (အော်တိုမန်အင်ပါယာကို တည်ထောင်သူ) က ရှင်းလင်းပြတ်သားတဲ့ စကားလုံးနဲ့ အခုလို မိန့်ခြွေခဲ့ပြီးသား ဖြစ်ပါတယ်။

သာဝကကြီးအွမ္မရ်ဟာ ကျောက်တုံးနားရပ်ပြီးတော့ “ ငါသိတယ်။ အသင်ဟာ ကျောက်တုံးပဲ။ ကောင်းကျိုးမပေးနိုင်သလို ဆိုးကျိုးလည်း မပေးနိုင်ဘူး။ အကယ်၍သာ ငါချစ်တဲ့ တမန်တော် မိုဟမ္မဒ် ﷺ က အသင့်ကို နမ်းနေလျက်သား မတွေ့မိခဲ့ဘူးဆိုရင် ငါဟာ သင့်ကို အခုလို နမ်းမှာ မဟုတ်ဘူး။ ” လို့ လူအများရှေ့မှာ မိန့်ခြွေပြီးမှ နမ်းရှုံ့ပြခဲ့ပါတယ်။

ဒါကြောင့် အဖြေကတော့ ရှင်းပါတယ်။ ကျနော်တို့ရဲ့ လမ်းပြရှေ့ဆောင် မြတ်တမန် မိုဟမ္မဒ် ﷺ နမ်းရှုံ့ခဲ့လို့ အဲဒီကျောက်တုံးကို ကျနော်တို့လည်း နမ်းရှုံ့နေရခြင်းပဲ ဖြစ်ပါတယ်။ တမန်တော်မြတ်ကို မြတ်နိုးမှုကြောင့် ကျောက်တုံးကိုပါ ချစ်နေကြခြင်း ဖြစ်ပါတယ်။

“ မြတ်တမန်တော်က ဘာလို့ အဲ့ဒီကျောက်တုံးကို နမ်းခဲ့ရတာလဲ...? ” လို့ ထပ်ဆင့်မေးချင်ကောင်း မေးချင်နေပါလိမ့်မယ်။

ဟုတ်ကဲ့ နဗီတမန်တော်ဟာ ဖန်ဆင်းရှင်ရဲ့လင်းဝင်းမှုရောင်ခြည်တော်တွေ ကျရောက်ခြင်းကို သီးခြားအာရုံတစ်ပါးနဲ့ မြင်တွေ့လေ့ရှိပါတယ်။ အဲဒီကျောက်တုံးကို အနမ်းပေးခဲ့တဲ့အချိန်တုန်းက ကျောက်တုံးပေါ်ကို ဖန်ဆင်းရှင်ရဲ့ လင်းဝင်းမှုရောင်ခြည်တော်တွေ ကျရောက်နေတဲ့အချိန်မျိုးဖြစ်တာကြောင့် ဖန်ဆင်းရှင်အား ကြည်ညိုချစ်စိတ်နဲ့ အနမ်းပေးခဲ့ခြင်းမျိုးသာ ဖြစ်ပါတယ်။

ကဲ့... ဒီလောက်ဆို ဘယ်လိုအချစ်လဲဆိုတာကိုလဲ နားလည်ပြီလို့ ယုံကြည်ပါတယ်။

ဒီကျောက်တုံးမဲ (The Black Stone) ကို မွတ်စ်လင်မ်တွေဟာ ဟဂ်ျရေ့အဆ်ဝဒ်လို့ ခေါ်ကြပြီး ကအ်ဗဟ်ဝတ်ကျောင်းတော်ရဲ့ ထောင့်တစ်နေရာမှာ မပြောင်းမရွှေ့ဘဲ တည်ရှိနေပါတယ်။ သောင်းနဲ့ချီတဲ့ နေ့စဉ်ခရီးသွားတွေနဲ့တကွ နှစ်စဉ်သတ်မှတ်တဲ့ကာလအတွင်း တစ်ချိန်တည်းတစ်ပြိုင်တည်း ရောက်လေ့ရှိတဲ့ သန်းပေါင်းများစွာသော ခရီးသွားတွေရှိနေလို့ ဒီကျောက်တုံးကို ထိန်းသိမ်းတဲ့အနေနဲ့ သီးသန့်ပြုလုပ်ထားတဲ့ အလယ်မှာအပေါက်ပါတဲ့ သတ္တုအဖုံးတစ်ခုနဲ့ ဖုံးအုပ်ကာကွယ်ပေးထားတယ်ဆိုတာလည်း ဗဟုသုတအဖြစ် တင်ပြပေးလိုက်ပါတယ်။

အနီးစ် (မြစ်ကြီးနား)
GKM-04/3/17 © အလင်းမျက်ဝန်း


အိန္ဒိယနိုင်ငံ၊ လက်ခနောင်းမြို့က ဆေးရုံကြီးမှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲမေ (၃) ဦးကို ဂျူတီချိန် ဆဲလ်ဖီဆွဲမှုကြောင့် တာဝန်ကနေ ရပ်စဲပစ်လိုက်ပါတယ်။

အဓမ္မပြုကျင့်ခံရပြီးနောက် အက်ဆစ်တွေနဲ့ ပါးစပ်ထဲကို လောင်းထည့်ပြီး နှိပ်စက်အနိုင်ကျင့်ခံထားရတဲ့ အမျိုးသမီးလူနာတစ်ဦး တက်ရောက်ကုသမှုခံယူနေတဲ့ အထူးကြပ်မက်ဆောင် (ICU) အခန်းရဲ့ လုံခြုံရေးအဖြစ် အဆိုပါရဲမေ (၃) ဦးကို တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၎င်းတို့သုံးဦးဟာ အလုပ်ချိန်အတွင်း ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ရမယ့်အစား ပို့စ်အမျိုးမျိုးနဲ့ ဆဲလ်ဖီဆွဲပြီး ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ် တင်နေကြပါတယ်။

၎င်းတို့ရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်မှာ ပလူပျံနေအောင် တွေ့မြင်ရာကစလို့ သက်ဆိုင်ရာအရာရှိတွေက စောင့်ကြည့်ခဲ့ပြီး အပြစ်ရှိတာကြောင့် (၃) ဦးစလုံးကို တာဝန်မှရပ်စဲတဲ့အထိ အရေးယူခဲ့တာ ဖြစ်ပါတယ်။

Inews-018/3/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

အခုတလော လိုင်းပေါ်မှာ MUHAMMAD ဆိုတဲ့ ရုပ်​ရှင်​ဇာတ်ကားကို You Tube ပေါ်ကနေ Trailer နမူနာအပိုင်းတိုလေးတွေကူးလာပြီး အီဂျစ်​ကရိုက်​ကူးတယ်​လို့ ရေးပြီး မျှဝေမှုဟာ အတော်လေး ပျံ့နှံ့လာတာ မြင်တွေ့ရပါတယ်​။

တကယ်တမ်းကတော့ ဒီဇာတ်ကားကို အီရန်​နိုင်ငံက ရိုက်​ကူးခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံက နာမည်ကျော် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Majid Majidi က ရိုက်ကူးခဲ့တာ ဖြစ်ပြီး သူရိုက်​ကူးထုတ်​​လုပ်ရတဲ့ အ​ကြောင်းက​တော့ အ​နောက်​တိုင်းဘက်​ကသူ​တွေ တမန်​​တော်​မြတ် ﷺ အ​ကြောင်းကို သိ​မြင်လာစေဖို့​လို့ ဆိုပါတယ်။

ဒီဇာတ်ကားကို အမေရိကန်​ဒေါ်လာ သန်း (၄၀) ခန့် ကုန်​ကျခံ သုံးစွဲပြီး နှစ်​အတော်​ကြာလောက် အချိန်​ယူ ရိုက်​ကူးခဲ့ကြတာဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။

ကအ်ဗာ​ကျောင်း​တော်​နဲ့ အနီးတဝိုက်​ကို နှစ်​​ပေါင်း (၁၄၀၀) ​ကျော်​လောက်က မြင်ကွင်းမျိုးနဲ့ တွေ့မြင်ရတဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ အီရန်​နိုင်​ငံ တီဟီရန်မြို့ အနီးတဝိုက်​က Qom ဆိုတဲ့ ရွာတစ်​ရွာမှာ အလုံပိတ်​စတူဒီယိုကြီး တည်ဆောက်ပြီး တိတ်တဆိတ်နဲ့ သိုသိုသိပ်သိပ် ရိုက်ကူးခဲ့တာလို့ သိရပါတယ်။

ကျန်တဲ့ ဇာတ်​ဝင်ခန်းတွေကိုတော့ ​တောင်​အာဖရိကမှာ ရိုက်​ကူးခဲ့ပါတယ်​။

အရင်​ကထွက်ရှိခဲ့ဖူးတဲ့ The Message ဇာတ်ကားနဲ့မတူ​အောင် MUHAMMAD ရဲ့ က​လေးဘဝဇာတ်​​ကြောင်းနဲ့အတူ ဖီးလ်​ (ဆင်) နဲ့ အဗာဗီးလ်​ (ငှက်ငယ်) တိုက်​ပွဲကိုလည်း ထည့်​သွင်းရိုက်​ကူးထားပါတယ်​။

ရုပ်ရှင်ကင်မရာကို​တော့ အီတလီကုမ္ပဏီတစ်ခုကို ငှားရမ်းခဲ့ပြီး နောက်ခံတေးဂီတကို​တော့ အိန္ဒိယဂီတမှူး Ar Rahman က (၆) လလောက် ကြိုတင်ပြင်ဆင်ပြီးမှ ဖန်တီးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရိုက်ကူးရာ Qom ဒေသမှ စတူဒီယိုကြီး
ဒီဇာတ်ကားရဲ့ Trailer အပိုင်းတိုကို ကြည့်ရှုမိတာမှာတင် ဇာတ်ဝင်ခန်းတွေဟာ မနှစ်မြို့ဖွယ်ရာတွေ အရမ်းများနေတာကို တွေ့ရပါတယ်။

အရင် The Message မှာတုန်းကတော့ အရိပ်လောက်ပဲ ပြပေမယ့် ဒီဇာတ်ကားမှာတော့ MUHAMMAD နေရာမှာ ပုဂ္ဂိုလ်တစ်ဦးက ကျောပေးကာ သရုပ်ဆောင်ပြထားတာဟာ အကြီးမားဆုံးသော မဖွယ်မရာလို့ ဆိုနိုင်ပါတယ်။

ဇာတ်ကားအမည် ပေးရာမှာလည်း အစ္စလာမ့်ကမ္ဘာကသုံးနှုံးတဲ့ MUHAMMED ဆိုတဲ့အသုံးအနှုံးနဲ့ ကွဲလွဲနေပါတယ်။ (MAD ဆိုတာ ရူးသွပ်သူမှုကို ရည်ညွှန်းတာပါ)

ဒါ့အပြင်​ Wiki (ကမ္ဘာ့စွယ်စုံကျမ်းပါဖော်ပြချက်) ကို ဖတ်​ကြည့်​မိသ​လောက်​မှာ မယ်တော် အာ​မေနာဟ်​သခင်​မအဖြစ် Mina Sadati နဲ့ သမီးတော် ဖွာသွေမာဟ်သခင်​မအဖြစ် Pantea Mehdinia တို့က သရုပ်ဆောင်ထားတယ်​လို့ သိရပါတယ်။

ဒီလို သရုပ်ဆောင်တွေ ထည့်သွင်းရိုက်ကူးဖို့အတွက် အီရန်နိုင်ငံက တစ်ချို့သော စွန္နီခေါင်းဆောင်တွေဆီက အကြံ​ပြုချက်တွေ ရယူခဲ့တယ်လို့ ဖော်ပြထားပေမယ့် စွန္နီအိုလမာ​ သာသနာ့ပညာရှင်တွေရဲ့ သ​ဘောထားအတိအကျကိုတော့ ဖော်ပြမထားပါဘူး။

ဒီဇာတ်ကား ဖြစ်​​မြောက်ရေးအတွက် အီရန်​ရဲ့ နိုင်​ငံ​တော်​အဆင့်​သာမက၊ ရှီယာဘာသာရေးဥသျှောင် အာယာတိုလာ ခိုမေနီရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကလည်း တစ်တပ်တစ်အား ပါဝင်အားပေးထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။

တကယ်ပဲ အခြားကိစ္စတွေမပါဝင်ဘဲ ဖော်ပြထားသလို ရည်ရွယ်ချက်နဲ့ပဲ မှန်မှန်ကန်ကန် ဖြူဖြူစင်စင် ရိုက်ကူးခဲ့တယ်ဆိုရင်တောင် အငြင်းပွားစရာတွေကတော့ အများကြီးရှိနေပါတယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

အနဲကြီး
@ အလင်းမျက်ဝန်း (© MOL-02)


ဒီနေ့ ကျနော်တို့ ဖြတ်သန်းနေရတဲ့ ကာလအပိုင်းအခြား တစ်ခုကို “မီဒီယာခေတ်” လို့ လူအများက လက်ခံထားကြပါတယ်။ ဒီ မီဒီယာခေတ်ကြီးမှာ ရုပ်မြင်သံကြားတွေ၊ ရုပ်ရှင်ရုံတွေ၊ ဂြိုဟ်တုစလောင်းစနစ်တွေ၊ ကွန်ပျူတာတွေ၊ မိုဘိုင်းဖုန်းတွေ စတဲ့ မီဒီယာ အမျိုးမျိုးကနေ ခေတ်မီ ဆန်းသစ်တဲ့ နည်းပညာတွေ အသုံးချပြီး လူသားတွေကို သတင်းအချက်အလက်တွေ အချိန်နဲ့ တစ်ပြေးညီ ပေးပို့တင်ဆက်ပေးနေကြပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ကမ္ဘာကြီးကို အပြောင်းအလဲ ဖြစ်စေခဲ့တာကတော့ ဈေးကွက်ရှာဖွေရေး စီးပွားရေးကြော်ငြာတွေနဲ့ အောင်မြင်လာခဲ့တဲ့ (Television) ရုပ်မြင်သံကြားမီဒီယာတွေပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်တာ ကာလအပိုင်းအခြားမှာတော့ (Internet) ကို အသုံးချပြီး မီဒီယာအမျိုးမျိုးဟာ တစ်ရှိန်ထိုး တိုးတက်လာခဲ့ပါတယ်။

ဒီနေ့ဆိုရင် သတင်း၊ နည်းပညာ၊ တွေ့ဆုံမေးမြန်းခန်း၊ အတွေးအမြင် စတာတွေကို ကမ္ဘာနှင့်အဝှန်း အချိန်တိုအတွင်းမှာ အရောင်အသွေးစုံလင်စွာ ပြည့်ပြည့်စုံစုံ ကြည့်ရှုနားဆင်လို့ ရနေပြီ ဖြစ်ပါတယ်။ အခုလို မီဒီယာတွေ ပေါများလာခြင်းနဲ့အတူ ကျနော်တို့အတွက် ကောင်းကျိုးရော ဆိုးကျိုးပါ မလွှဲသာ မရှောင်သာ ဒွန်တွဲလျက် ရရှိလာပါတယ်။

မီဒီယာကို လူသားတွေ အကျိုးဖြစ်ထွန်းစေဖို့ အသုံးပြုနေကြသူတွေရှိသလို ဒီ မီဒီယာကိုပဲ မမှန်မကန် အသုံးချပြီး လူတွေကို လမ်းမှားဆီ တွန်းပို့နေကြတာတွေကလည်း ဆတူနီးပါး ရှိလာပြန်ပါတယ်။ ဒီခေတ်သမယမှာ လူသားတွေရဲ့ လူနေမှုစနစ်နဲ့ ကိုယ်ကျင့်တရားတွေကို မီဒီယာတွေက ရာခိုင်နှုန်း အတော်များများ လွှမ်းမိုးထားလိုက်နိုင်ပါပြီ။ မီဒီယာတွေက ဒါဟာအမှန်ပါလို့ ဝါဒဖြန့်လိုက်တာနဲ့ တစ်ပြိုင်တည်း လူအများစုကြီးဟာ အမှန်အဖြစ် လက်ခံဖို့ ဝန်မလေးကြတော့ပါဘူး။

ကမ္ဘာကျော် ခေါင်းဆောင်ကြီးတွေ၊ နိုင်ငံတွေရဲ့ အုပ်ချုပ်သူ ခေါင်းဆောင်တွေဟာ မီဒီယာကို အသုံးချပြီး ကျော်ကြားမှုတွေ ဖန်တီးယူခြင်း၊ လူထုအတွင်း ထောက်ခံမှုတွေ ရလာအောင် မိမိကိုယ်ကို အမွှမ်းတင်ရေးသားခြင်းတွေ ပြုလုပ်နေကြပါတယ်။ မီဒီယာမှာ ထင်ရှားကျော်ကြားလာခြင်းဆိုတဲ့ အချက်တစ်ခုတည်းဟာ လူတစ်ယောက်ရဲ့ အနေအထားတစ်ခုကို အရှိန်အဟုန်နဲ့ ပြောင်းလဲပစ်နိုင်တဲ့အထိကို အင်အားကြီးပါတယ်။

ကျနော်တို့ရဲ့ နှစ်ဘဝသခင် ကျေးဇူးတော်ရှင် တမန်တော်မြတ် မိုဟမ္မဒ်  ဟာ နဗီတမန်တော်အဖြစ် ချီးမြှင့်ခြင်းခံရပြီးချိန်က စတင်ကာ ၂၃ နှစ်တာ ကာလအတွင်း အစ္စလာမ်သာသနာတော်ဘက်သို့ ဖိတ်ခေါ်မှုနှင့် သာသနာ့အလုပ်တွေကို မရပ်မနား ကြိုးပမ်းတော်မူခဲ့ပါတယ်။ ကိုယ်တော် ကြိုးပမ်းခဲ့ရတဲ့ ခေတ်သမယမှာ ဒီခေတ်အခါလို ခေတ်မီ ဆက်သွယ်ရေး နည်းစနစ်တွေ မထွန်းကားသေးပေမဲ့ ကိုယ်တော့်ရဲ့ ကိုယ်ကျင့်တရား၊ မှန်ကန်မြင့်မြတ်မှုတွေကို အဓိက ချပြပြီး အစ္စလာမ်ဆိုတဲ့ အမှန်တရားဘက်ကို ဖိတ်ခေါ်ဖို့ ကိုယ်တော့်အပါးတော်မြဲ သာဝကကြီး رضي الله ﺗﻌﺎﻟﯽٰ عنهم တွေဟာ အဲ့ဒီခေတ် ကာလက တစ်ခုတည်းသော ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ မြင်းတွေ၊ ကုလားအုပ်တွေ စီးနင်းပြီး နိုင်ငံအနှံ့အပြားကို သွားရောက်ခဲ့ကြပါတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက် ပန်းတိုင်ဟာ ကျမ်းတော်မြတ်ကုရ်အာန်ပါ အကြောင်းအရာတွေကို အခြေခံပြီး ရှေးယခင် ကျမ်းရပုဂ္ဂိုလ်တွေ (ခရစ်ယာန်နှင့် ယဟူဒီ)၊ ဘာသာမဲ့တွေ၊ ရုပ်တု ဆင်းတုတွေကို ကိုးကွယ်ဆည်းကပ်နေသူတွေ စသဖြင့် အယူဝါဒ အမျိုးမျိုးကျင့်သုံးနေသူတွေကို တွေ့ဆုံရှင်းပြပြီး သောဝ်ဟီးဒ် (တစ်ပါးတည်းသော ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်) ဘက်တော်သို့ ဖိတ်ခေါ်ရန်သာ ဖြစ်တယ်။

ဒီနေ့ မီဒီယာတွေမှာ Model တွေ ရှိသလို ကျနော်တို့ရဲ့ အသန့်ရှင်းဆုံး အမြင့်မြတ်ဆုံး စံပြပုဂ္ဂိုလ်ထူးဟာ တမန်တော်မြတ် မုဟမ္မဒ်  သာ ဖြစ်တယ်။ ကိုယ်တော့် ကိုယ်ကျင့်တရားဟာ ကျနော်တို့ အားကျ အတုယူစရာ ဖြစ်တယ်။ ကိုယ်တော် နေထိုင်သွားလာတဲ့ စံနမူနာဟာ ကျနော်တို့ ဖဝါးထပ်ချပ်မကွာ လိုက်နာကျင့်သုံးရမဲ့ ချစ်မြတ်နိုးစရာ လမ်းစဉ် ဖြစ်တယ်။ ကိုယ်တော့် ရွှေနှုတ်တော်က မိန့်ကြားတဲ့ စကားရပ်တိုင်းဟာ ကျနော့်ဘဝအတွက် ပြီးပြည့်စုံတဲ့ ဘဝလမ်းညွှန်မှု ဖြစ်တယ်။

ဒီနေ့ မီဒီယာတွေမှာ လူအများကြား ထင်ရှားကျော်ကြားသူ၊ ထင်ထင်ရှားရှား ရှိနေသူတွေကို ဆယ်လီဗရစ်တီလို့ခေါ်ဝေါ် သုံးစွဲကြတယ်။

ကျနော်တို့ရဲ့ ဆယ်လီဗရစ်တီတွေဟာ ကိုယ်တော်မြတ်ရဲ့ အပါးတော်မြဲ သာဝကကြီးတွေပဲ ဖြစ်တယ်။ လောကီလူသားတွေက အမည်ကြားရုံမျှနဲ့ رضي الله ﺗﻌﺎﻟﯽٰ عنهم လို့ မေတ္တာပို့ကြသလို ကောင်းကင်တမန်တွေက သူတို့ကို ကြည့်ပြီး သူတို့ရဲ့ အစ္စလာမ် အပေါ်မှာ ခိုင်မာတည်ကြည်စွာ ရပ်တည်ခဲ့ကြပုံတွေကို အံ့သြဘနန်း ဖြစ်ကြရတယ်။ သူတို့ဟာ ကိုယ်တော်မြတ်  ကို အသက်ထက် မကအောင် ချစ်မြတ်နိုးကြတယ်။ အဲ့ဒီအချစ်ကို ကမ္ဘာ့လူသားထု တစ်ရပ်လုံးဆီ ရောက်အောင် ပို့ဆောင်ဖို့ သက်တမ်းတစ်လျှောက်လုံး ကောင်းမွန်လှပတဲ့ ကိုယ်ကျင့်တရားနဲ့ Advertise လုပ်ခဲ့ကြတယ်။

အမှန်တရားကို ဖြန့်ဖြူးတဲ့ အလုပ်နဲ့ လူသားတွေ အကျိုးရှိမဲ့ ပညာရပ်တွေ ပို့ချတဲ့ အလုပ်တွေ လုပ်ခဲ့ကြပြီး လူအများအကြား ကမ္ဘာတည်သရွေ့ ထင်ရှားကျော်ကြားနေမဲ့ Celebrity တွေ ဖြစ်ခဲ့ကြတယ်။

ဒီနေ့ မီဒီယာမှာကျော်ကြားနေတဲ့ Model တွေကို ကြည့်ရှုဖို့ လူတွေဟာ ငွေကုန်ကြေးကျခံ၊ အမျိုးမျိုး အပင်ပန်းခံပြီး သွားရောက်ကြတယ်။ ကိုယ်တော်မြတ်  ရဲ့ အခါသမယမှာ လူတွေဟာ ကိုယ်တော့်ရဲ့ ဂုဏ်သတင်း ကျော်ဇောမှုကို မျက်ဝါး ထင်ထင် မြင်တွေ့လိုတာကြောင့် ကိုယ်တော်မြတ်ထံပါးသို့ ရောက်အောင် လာခဲ့ကြပါတယ်။ ကိုယ်တော့်ရဲ့ မေတ္တာတရားပြည့်ဝတဲ့ စကားလေး နားထောင်ခွင့်ရတာနဲ့ နှလုံးသားတွေ  နူးညံ့သိမ်မွေ့လာကြပြီး ယုံကြည်သူတွေ ဖြစ်လာကြပါတယ်။

သာဝကကြီး အဗူဇရ် ဂဖ်ဖါရီ رضي الله ﺗﻌﺎﻟﯽٰ عنه ဟာ မိုင်ပေါင်းများစွာ ဖြတ်သန်းပြီး ကိုယ်တော်မြတ်  ကို လာရောက် ရှာဖွေခဲ့ပါတယ်။ ကိုယ်တော် ဘယ်မှာရှိမှန်းလဲ မသိခဲ့ရှာပါဘူး။ လမ်းမှာပဲ အိပ်စက်ရရှာပါတယ်။ ကိုယ်တော့်ကို သူလာရှာနေမှန်းသိရင် ရန်ရှာနေသူများရဲ့ ဒုက္ခပေးခြင်း ခံရမယ်ဆိုတာကိုလည်း ကောင်းစွာ သိနေပေမဲ့ နှလုံးသားထဲက မမြင်တွေ့ဖူးပေမဲ့ ချစ်ခင်နေမိတဲ့ ကိုယ်တော့်ကို ချစ်ခင်တဲ့ စိတ်ဟာ ဘယ်အရာကိုမျှ ဒုက္ခလို့ မယူဆတော့တာပဲ ဖြစ်ပါတယ်။

ဒီနေ့ Social Network တွေ ဖြစ်တဲ့ Facebook, Twitter အစရှိတဲ့ မီဒီယာတွေမှာ တစ်နေ့မှာ အိုမင်းမစွမ်း ဖြစ်သွားမယ့်သူတွေ၊ ပျက်စီးဆုံးရှုံးသွားရမယ့် အရာတွေကို အမွှမ်းတင် ဂုဏ်ယူပြောဆိုနေကြမယ့်အစား ကျနော်တို့ရဲ့ Role Model ယူဆောင်လာတဲ့ ကျမ်းတော်မြတ် ကုရ်အာန်ကို Advertise လုပ်ပြီး ကျနော်တို့ရဲ့ Super Star Celebrity တွေရဲ့ အကြောင်းအရာတွေကို လူအများသိအောင် Share ပေးခြင်းဖြင့် ဒီခေတ် မီဒီယာကို ဒီးန်ရဲ့ ဖိတ်ခေါ်သံအဖြင့် ပြောင်းလဲကြပါစို့လား။

Mohammed Naeem
@ အလင်းမျက်ဝန်း (© SPG-01/03/17)


ညီလေးရေ! အစ်ကိုက အစ္စလာမ်ဘာသာကို လေ့လာနေသူပါ။ ညီလေးက အစ္စလာမ်ဘာသာဝင်ဆိုတော့… အစ်ကိုမရှင်းတဲ့ကိစ္စလေးတစ်ခုလောက် မေးမယ်ကွာ။ ညီလေးခွင့်ပြုရင်ပေါ့။

ရပါတယ်ဗျ။ အစ်ကိုမရှင်းမလင်းဖြစ်နေတာကို ပွင့်ပွင့်လင်းလင်းမေးမြန်းပါ။ ကျနော်လည်း တတ်နိုင်သလောက် ဖြေပေးပါ့မယ်။

ညီလေးတို့ အစ္စလာမ်ဘာသာဝင်တွေက မက္ကာဟ်မြို့မှာရှိတဲ့ လေးထောင့်အိမ်မဲလေးကို ကိုးကွယ်ကြတာ မြင်နေရတယ်။ တချို့ကလဲ အဲဒါကို ကိုးကွယ်ကြတယ်လို့ ဆိုကြတယ်။ တချို့ကလဲ မဟုတ်ဘူးလို့ ပြောကြတယ်။ အဲဒါဘယ်လိုလဲဆိုတာ အစ်ကိုသိချင်တယ်။ တိတိကျကျလေး ရှင်းပြနိုင်မလား?

အော်... ဟုတ်ကဲ့။ ရပါတယ်။ ရှင်းပြပါမယ်။

အမှန်တကယ်ကတော့ အဲဒီ လေးထောင့်အိမ်မဲလေးကို မွတ်စ်လင်မ်တွေ ကိုးကွယ်နေတာ မဟုတ်ဘူးဗျ။ အဲ့ဒါကို ကျနော်တို့သာသနာက ခဝပ်မှုပြုဖို့ ဦးတည်ဘက်တစ်ခုအနေနဲ့ သတ်မှတ်ပေးထားရုံသက်သက်ပါ။ ကမ္ဘာ့ဒေသအားလုံးက မွတ်စ်လင်မ်တွေဟာ အဲဒီအိမ်မဲလေးရှိတဲ့ဘက်ကိုလှည့်ပြီး ဖန်ဆင်းရှင် အလ္လာဟ်တစ်ပါးတည်းကို ခဝပ်ဦးညွတ်ကိုးကွယ်နေကြတာပါ။ ကျနော်တို့ အစ္စလာမ်သာသနာမှာ ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်ကလွဲပြီး ဘယ်သူ့ကိုမှ ဦးချခဝပ်လို့ မရပါဘူး။ ဖန်ဆင်ရှင်ကလွဲပြီး အခြားအရာတွေကို ခဝပ်ဦးချခြင်းဟာ အစ္စလာမ်သာသနာမှာ အလွန်ကိုကြီးမားတဲ့ အပြစ်အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီလိုပြစ်မှုမျိုး ကျူးလွန်မိသူကို ဝန်ချတောင်းပန်းမှုမပြုသမျှ ဖန်ဆင်းရှင်ကိုယ်တိုင်က ခွင့်မလွှတ်ဘူးလို့ အကြိမ်ကြိမ် ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ကြေငြာထားပါတယ်ဗျ။ ဒါကြောင့် အဲ့ဒီအိမ်မဲလေးကို ခဝပ်ဦးညွတ်နေမယ်ဆိုရင်လည်း အဲ့ဒီလိုပြစ်မှုမျိုး မြောက်ပါတယ်ဗျ။

အိုခေ ညီလေးရေ။ အစ်ကို တစ်ကယ်မရှင်းလို့ မင်းကိုမေးကြည့်တာနော်။ ညီ တစ်မျိုးမထင်နဲ့ကွာ။

ဟုတ်ကဲ့။ ရပါတယ်ဗျာ။ အစ်ကိုတို့လို ဘာသာခြားတွေ သိချင်တဲ့အကြောင်းအရာတွေကို မေးလာပြီဆိုရင် သဘောပေါက် ရှင်းလင်းနားလည်အောင်ကို ဖြေကြားပေးဖို့ ကျနော်တို့ အစ္စလာမ်ဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်။ ကျနော်နားလည်လက်ခံထားတဲ့ ဘာသာသနာအကြောင်းကို မေးလာရင် ကျနော်က ဖြေကြားပေးရမှာ ထုံးစံပါပဲဗျာ။

အေးပါ။ ကျေးဇူး ညီရေ။ ဒါဆို အစ်ကို ဆက်မေးမယ်ကွာ။

ဟုတ်ကဲ့ မေးပါဗျာ။

မင်းစောစောက ပြောသွားတယ်နော်။ ဒီ Black House အိမ်မဲလေးကို ကိုးကွယ်တာ မဟုတ်ဘူး။ အဲဒီဘက်လှည့်ပြီး ဖန်ဆင်းရှင်ကို အာရုံပြု ကိုးကွယ်ကြတယ်ပေါ့နော်။ ဒါပေမယ့်ကွာ အမြင်ပိုင်းကတော့ ညီတို့က အိမ်မဲလေးကို ကိုးကွယ်နေကြတာပဲလေ။ ဘယ်သူကြည့်ကြည့် ဒါဟာ အိမ်မဲလေးကို ကိုးကွယ်နေတယ်လို့ပဲ ထင်မြင်နိုင်တယ်လေ။ ဒါကြောင့်လဲ တချို့အတော်များများဟာ မင်းတို့ မူစလင်တွေဟာ အိမ်မဲလေးကို ကိုးကွယ်နေကြတယ်လို့ပဲ ဇွတ်ပြောနေကြတယ်။ ဒါကို ပိုပြီး ပီပြင်အောင် ရှင်းပြပေးပါလား။

အော် ဟုတ်ကဲ့။ အစ်ကို။ အဲဒီကိစ္စက Facebook လို လူမှုကွန်ယက်ပေါ်မှာ ပိုပြီး တွေ့မြင်ရသလိုပါပဲ။ ဒါနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ ကျနော့်ဆီမှာ ဥပမာအထောက်အထားတွေ အများကြီးရှိပါတယ်။ အစ်ကိုအချိန်ပေးနိုင်ရင် သေချာရှင်းပြပါမယ်။

အေးပါ။ ဆက်ရှင်းပါအုံးကွာ။ အစ်ကိုအချိန်ပေးရမှာပေါ့။

ပထမဆုံအနေနဲ့ ကျနော်တို့ အသိဉာဏ်က လက်ခံနိုင်မယ့်အချက်တစ်ခုကို ပြောပြမယ်ဗျာ။

ကမ္ဘာပေါ်ရှိတဲ့ ဘယ်လူသားမဆို မိမိအမြတ်တနိုးထား ကိုးကွယ်တဲ့အရာနဲ့ပတ်သက်ပြီး ဒါကိုတော့ မကိုးကွယ်ဘူး။ ဒါက ကိုးကွယ်ထိုက်တဲ့အရာ မဟုတ်ဘူးလို့ ငြင်းဆန်လေ့ မရှိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်က အမြတ်တနိုးထား ကိုးကွယ်နေတာလေ။ အဲဒီတော့ သူ့ရဲ့ကိုးကွယ်ရာကို သူကိုယ်တိုင် ငြင်းဝံ့မှာ မဟုတ်ပါဘူး။


တစ်ကယ်လို့သာ ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေကလည်း ဒီ Black House ကို ကိုးကွယ်ခဲ့ကြမယ်ဆိုရင်… ကျနော်တို့ ပါးစပ်ကနေပဲ မကိုးကွယ်ပါဘူးလို့ ငြင်းဆိုနေစရာအကြောင်း မရှိတော့ပါဘူး။ ဒါကတော့ ငါ့တို့ဘုရားပဲ။ အိမ်မဲဘုရားပါ။ ဘာညာဆိုပြီး ပြောကြမှာပေါ့။


ကျနော်တို့ ဒီအရာကို ငြင်းနေခြင်းက ကိုးကွယ်ခြင်းမဟုတ်လို့ပါပဲ။ ကျနော်ပြောခဲ့သလိုပါပဲ။ ဘယ်လူသားမဆို မိမိကိုးကွယ်ရာကို ငြင်းဆိုလေ့ မရှိတာကြောင့် အခုလို ကျနော်တို့ ကိုးကွယ်ရာမဟုတ်လို့ အတိအလင်းကို ငြင်းဆိုနေပြီဆိုတာကြောင့် ဒါဟာ ကိုးကွယ်ရာအဆင့်အတန်းကို မမီတော့ဘူးလေ။


အဓိက ကတော့ ဒါဟာ ဖန်ဆင်းရှင်ရဲ့ သတ်မှတ်မှုပါ။ ဖန်ဆင်းရှင်က အဲဒီဘက်ကိုလှည့်ပြီး ခဝပ်မှုပြုကြဆိုပြီး ကုရ်အာန်ကျမ်းထဲ အမိန့်ပေး သတ်မှတ်ထားလို့ တစ်ကမ္ဘာလုံးက မွတ်စ်လင်မ်တွေဟာ တူညီတဲ့ ဦးတည်ရာတစ်ခုတည်းဘက်ကိုလှည့်ပြီး ညီညာစွာ ဝတ်ပြုနေကြခြင်းပဲ ဖြစ်ပါတယ်။


ခဏနော်။ ညီလေးဖြေတာကို သဘောကျလို့။ Notes လေးတွေလိုက်လုပ်နေတာ။ မေးရတာ တန်ဖိုးရှိတယ်ကွာ။ အချိန်ကုန်ရကျိုး နပ်မှာပါ။ ကဲ... ဆက်ပြောလို့ရပြီ။

ဟုတ်။ နောက်တစ်ချက်ကတော့ ကျနော်တို့ ခဝပ်နေချိန် ဖန်ဆင်းရှင်ကို အာရုံပြုကြရပါတယ်။ အာရုံပြုတဲ့အခါ အာရုံထဲမှာ Black House ပါမလာဘူးဆိုရင်လဲ ခဝပ်မှုက အထမြောက်ပါတယ်။ တကယ်လို့သာ ဒီ Black House သာ ဘုရားဆိုရင် သူ့ကိုအာရုံထဲမထည့်ဘဲ ခဝပ်မှုပြုနေမယ်ဆိုရင် ခဝပ်မှုက အထမြောက်နိုင်ပါအုံးမလား? ဒါကို အာရုံထဲမှာမရှိဘဲ ခဝပ်မှုအထမြောက်တယ်လို့ဆိုနေတာက Black House ကို မွတ်စ်လင်မ်တွေ ကိုးကွယ်နေတာမဟုတ်ဘူးဆိုတဲ့ အယူအဆပေါ် ထောက်ထားကြည့်နိုင်ပါတယ်။ နောက်ထပ်လဲ ထောက်ထားနိုင်မယ့် အချက်အလက်တွေ ရှိနေပါသေးတယ်။

ညီလေးပြောတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဆက်ပြောကွာ။ အစ်ကိုနားထောင်အုံးမယ်။

တကယ်လို့များ အဲ့ဒီ Black House မရှိတော့ဘူးဆိုကြပါစို့။ ဒါဆိုရင်လဲ အစ္စလာမ်ဘာသာဝင်တွေအပေါ် ဆွလားသ် (ခေါ်) ဝတ်ပြုမှုဟာ တစ်ရက် ၅ ကြိမ် မလုပ်မနေရ အမိန့်က ရှိနေမှာပဲ ဖြစ်ပါတယ်။ တကယ်လို့သာ အိမ်မဲလေးကို မွတ်စ်လင်မ်တွေ ကိုးကွယ်နေတာသာဆိုရင် အဲ့ဒါမရှိတော့ရင် ခဝပ်မှုအမိန့်လဲ ပျက်ပယ်သွားမှာပေါ့။ ဒါပေမယ့် အခုဟာက အဲဒီလိုမှ မဟုတ်တာ။ သူရှိရှိ၊ မရှိရှိ အဲဒီအရပ်မျက်နှာဘက်ကိုလှည့်ပြီး ခဝပ်မှုပြုဖို့ကသာ ကမ္ဘာပျက်တဲ့နေ့ထိ တည်နေမယ့် အမိန့်တော်ပါပဲဗျာ။ ဒီအချက်ကလဲ ထောက်ထားကြည့်လို့ ရရနိုင်မယ်ထင်ပါတယ်။

ဒီလောက်ဆို လုံလောက်ပြီလား? လက်ခံနိုင်ပြီလား အစ်ကို။

အေးကွာ။ ပြောပြနိုင်သေးရင်တော့ ဆက်ပြောပြပါဦး။ အစ်ကိုက လေ့လာနေသူဆိုတော့...

ဟုတ်ကဲ့ပါ။ ကျနော် ဆက်ရှင်းပြပါမယ်အစ်ကို။ ဒါနဲ့ အစ်ကိုက ဘယ်ဘာသာဝင်လဲဆိုတာ သိလို့ရမလား...? ကျနော် အစ်ကို နားလည်လွယ်မယ့် ဥပမာပေးပြချင်လို့ပါ။

အေးပါ။ အစ်ကိုက ထေရဝါရ ဗုဒ္ဓဘာသာဆိုပါတော့ကွာ။

ဒါဆို အစ်ကိုတို့ဟာ ဘုရားဆင်းတုတော်တွေကို ကိုးကွယ်နေတာ မဟုတ်ကြဘူးထင်တယ်။ ဗုဒ္ဓကို အာရုံပြုပြီး ဆင်းတုတော်ကို ကြည်ညိုနေကြတာလို့ ကျနော်မှတ်သားဖူးပါတယ်။

ဟုတ်တာပေါ့ကွာ

ဒါဆိုရင် အစ်ကို့အနေနဲ့ အဲ့ဒီအချက်နဲ့ ယှဉ်တွဲပြီးတော့ သုံးသပ်ကြည့်လိုက်ရင် ရှင်းလင်းသွားလောက်မယ်လို့ ထင်တယ်။

အေးကွာ။ မင်းအဖြေသိပ်ကောင်းတယ်။ ဟား... ဟား... ဟား...။ လုံးဝကို ရှင်းသွားပြီ။ ကျေးဇူးပဲကွာ။ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတဲ့အတွက်။

ဟုတ်ကဲ့ပါအစ်ကို။ ကျနော် ဖြည့်ပြောဖို့ တစ်ခုကျန်နေသေးတယ်ဗျ။ အဲ့ဒါကတော့ အစ်ကိုက အိမ်မဲလေးကို Black House လို့ သုံးလို့ ကျနော်ကလဲ Black House လို့ သုံးပြီး ရှင်းပြပေးလိုက်တာပါ။ အစ်ကိုနားလည်လွယ်အောင်လို့ အလွယ်လိုက်ပြောတာပါ။

တကယ်ဆိုရင် အဲ့ဒီအိမ်ကြီးကို Granite Stone နဲ့ တည်ဆောက်ထားတယ်ဆိုရင် ပိုပြီး မှန်ပါလိမ့်မယ်။ ကတီပါနက်သားနဲ့ အပေါ်ကနေ ကြည့်ကောင်းအောင် လွှမ်းခြုံပေးထားလို့သာ အနက်ရောင်အိမ်တစ်လုံးလို မြင်နေရတာပါ။

အေးပါ။ အေးပါ။ ကျေးဇူးပဲကွာ။ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ရှည်ရှည် ဖြေပြပေးတာ ချီးကျူးတယ်ကွာ။

မင်းအဖြေတွေကို ငါကျေနပ်တယ်။ လွယ်လွယ်နဲ့ နားလည်သွားတယ်။ ပညာရတယ်ကွာ။ ကျေးဇူး။ ကျေးဇူး။

အနီးစ် (မြစ်ကြီးနား) @ အလင်းမျက်ဝန်း © MMS-01


ဘာသာခြားသူများ၏ အယူအဆအားဖြင့်လည်းကောင်း၊ အချို့မွတ်စလင်မ် (မ်) တို့၏ အယူအဆအားဖြင့်လည်းကောင်း အစ္စလာမ်ဘာသာသည် ကျွန်ုပ်တို့ တမန်တော် မုဟမ္မဒ် ﷺ သခင်၏ လက်ထက်တွင် ပေါ်ပေါ်က်လာသော ဘာသာဟု အယူရှိကြလေသည်။

ထို့သို့ကားမဟုတ် အစ္စလာမ်ဘာသာသည် ဤကမ္ဘာလောက လူသားတို့၏အစ အာဒမ် (عليه سلم) သခင် လက်ထက်တော်မှ စတင်၍ ပေါ်ထွန်းလာသော ဘာသာ (ဝါ) ကမ္ဘာဦး ဘာသာကြီးပင် ဖြစ်ပေသည်။

ဘာသာနှင့်သာသနာကို ခွဲခြားသိရှိရန် လိုအပ်ပေသည်။

ယခု ကျွန်ုပ်တို့ ကိုးကွယ်သော ဘာသာကား အစ္စလာမ်ဘာသာ၊ သာသနာကား မုဟမ္မဒ် ﷺ ၏ သာသနာ ဖြစ်သည်။ ထိုနည်းတူ အီစာ (عليه سلم) သခင် (ယေရှု) လက်ထက်တော်ကလည်း ဘာသာကား အစ္စလာမ်၊ သာသနာကား အီစာ၏ သာသနာ ဖြစ်သည်။

ဆိုလိုရင်းမှာ ဘာသာကား မပြောင်း၊ သာသနာ ပြောင်းသည်။ သာသနာပြုပုဂ္ဂိုလ် (ဝါ) စေတမန်တော်များသည် ဘာသာအသစ် ထွင်ကြသူများမဟုတ်။ ထာဝရဘုရားရှင် အလ္လာဟ်အရှင်မြတ် ( الله سبحان و تعالىٰ ) သခင်၏ အမိန်တော်ဖြင့် ဘာသာကို အရောင်တင်သော သာသနာနှင့် ညီအောင် ပြုလုပ်သူများသာ ဖြစ်ကြသည်။

ကမ္ဘာဦးအစ အာဒမ် (عليه سلم) သခင်မှစ၍ ကျွန်ုပ်တို့၏ တမန်တော်မုဟမ္မဒ် ﷺ သခင် ကိုယ်တော်မြတ်တိုင်အောင် ပွင့်တော်မှုခဲ့သော တမန်တော် အပေါင်းတို့သည် အစ္စလာမ်ဘာသာကို ကမ္ဘာအား ဖြန့်ဖြူးကြသော သာသနာပြုပုဂ္ဂိုလ်၊ ကမ္ဘာသူ ကမ္ဘာသားတို့အား ယဉ်ကျေးမှုနှင့် အလင်းရောင်ပေးသော ပုဂ္ဂိုလ်မြတ်ကြီးများ ဖြစ်ကြောင်း ထင်ရှားပေသည်။

ယခု ယဉ်ကျေးမှုများသည်လည်း အာဒမ် (عليه سلم) သခင် လက်ထက်တော်မှ စတင်၍ အမွေအနှစ်ရခဲ့သော ယဉ်ကျေးမှုများပင် မဟုတ်ပါလော...?

ထို့ကြောင့် အစ္စလာမ်ဘာသာသည် ကမ္ဘာဦးဘာသာ - ကမ္ဘာဦးဘာသာသည် အစ္စလာမ်ဘာသာပင်ဖြစ်ကြောင်း လေးလေးနက်နက် ယုံကြည်သင့်ပေသည်။

ရွှေဆည်မောင်
(ကမ္ဘာ့အလင်းမှကူးယူခြင်းဖြစ်ပါသည်)
GKM-03/3/17 © အလင်းမျက်ဝန်း


ကမ္ဘာတစ်ဝှန်း အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှု အဆုံးသတ်ရေးနေ့အဖြစ် (၂၁-၃-၂၀၁၇) နေ့မှာ ကျင်းပခဲ့ကြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးက ကြီးမှူးပြီး အဆိုပါ အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှု အဆုံးသတ်ရေးနေ့အဖြစ် ကျင်းပရတာဟာ လူ့အခွင့်အရေးတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့နဲ့ လူ့ဘောင်အဖွဲ့အစည်းကြီးအတွင်းမှာ ခွဲခြားမှုကင်းတဲ့ ခံစားချက်ကိုယ်စီနဲ့ တာဝန်ယူတတ်စေဖို့ကို ဦးစားပေးခြင်း ဖြစ်ပါတယ်။

အဆိုပါနေ့ကို ၁၉၆၀ ခုနှစ်၊ မတ်လ (၂၁) ရက်မှ စတင်ပြီး တောင်အဖရိကမှာ လူမျိုးရေးခွဲခြားမှု ဥပဒေများကို ဆန့်ကျင်တော်လှန်ရင်း ပုလိပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရရှာတဲ့ လူပေါင်း (၆၉) ဦးကို သတိရအောက်မေ့ဖွယ်အဖြစ် စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

ပထမဦးဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားမှု အဆုံးသတ်ရေးနေ့ကို ၁၉၆၆ ခုနှစ် စတင်ကျင်းပခဲ့ကြပါတယ်။

၎င်းနေ့အခါသမယမှာ ကမ္ဘာတစ်ဝှန်းက လူမျိုးရေးခွဲခြားနေမှုကို ဆန့်ကျင်တဲ့ ခံစားချက်တွေကို နှိုးဆော်ဖို့အတွက် အခမ်းအနားများ စီစဉ်ကျင်းပလာခဲ့ကြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိစာချုပ်ကြီးအောက်မှာ ရှိနေသမျှသော လူသားမျိုးနွယ်အားလုံး တန်းတူပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ယနေ့အချိန်ထိ လူမျိုးရေးခွဲခြားမှုကိစ္စကြီးကို ပြည့်ပြည့်ဝဝ အဆုံးမသတ်နိုင်ကြသေးဘူး။

ဒီနေ့ထိလည်း တချို့နေရာဒေသတွေမှာ လူမျိုးရေးခွဲခြားမှု ဖြစ်အင်တွေဟာ ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

SPD-01/3/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


နိုင်ငံတကာလက်ဝှေ့အဖွဲ့အစည်း (IBF) ရဲ့ ဟဲဗီးဝိတ်ချန်ပီယံ Anthony Joshua ဟာ မွတ်စ်လင်မ်တို့ရဲ့ ဝတ်ပြုဆုတောင်းမှုတစ်ခုမှာ ပါဝင်နေတဲ့ သူ့ဓာတ်ပုံကို Twitter စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။

UAE နိုင်ငံက ဗလီတစ်လုံးထဲမှာ ဝတ်ပြုဆုတောင်းနေတဲ့ပုံကို သူ့ရဲ့ ကိုယ်ပိုင် Twitter စာမျက်နှာပေါ်မှာ ဖြန့်ဝေခဲ့လို့ အစွန်းရောက် (လက်ယာအစွန်းရောက်) တွေရဲ့ ဒေါသထွက် ရန်လိုမုန်းတီးမှုကို ခံနေရပါတယ်။

အင်္ဂါနေ့က တင်ခဲ့တဲ့ အဆိုပါပုံကို ပြန်လည်ဝေမျှသူပေါင်း နှစ်သောင်းကျော်အထိ ရှိခဲ့ပြီး ဓာတ်ပုံထဲမှာတော့ သူနဲ့သူ့သူငယ်ချင်းတွေ ဝတ်ပြုနေပုံကို မြင်ရပါတယ်။

၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပွဲတော်မှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ Joshua က “ ကြိုးစားအားထုတ်မှု၊ ကံကြမ္မာ၊ ကိုယ်ပိုင်အရည်အချင်းတွေအပြင် ဝတ်ပြုဆုတောင်းမှုတွေက ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေပါ ” လို့ စာသားနဲ့အတူ အဆိုပါပုံကို ဝေမျှခဲ့တာဖြစ်ပါတယ်။

မနှစ်က ဗြိတိသျှအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Press Association နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ သူဟာ ခရစ်ယာန်တစ်ယောက်အဖြစ် ကြီးပြင်းခဲ့ရပေမယ့် လက်ရှိမှာတော့ မည်သည့်ဘာသာနောက်ကိုမှ လိုက်မနေဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာနဲ့ ပတ်သက်မိလို့ဆိုပြီး Twitter ပေါ်မှာတော့ ပွဲဆူနေပါပြီ။

“ သူဟာ ထူးချွန်တဲ့ တိုက်ခိုက်ရေးသမားပါ။ ဒါပေမယ့် အဲ့ဘာသာ (အစ္စလာမ်ဘာသာ) ကို ထောက်ခံတဲ့ သူ့အပြုအမူတွေအတွက် အံ့အားသင့်မိသလို စိတ်ပျက်မိပါတယ် ” လို့ RightWingRoy (လက်ယာစွန်းကောင်လေး) အမည်နဲ့ ရေးသားထားပါတယ်။

နောက်တစ်ဦးကတော့ “ မင်းရဲ့ပရိသတ်တစ်ယောက် လျော့သွားပြီ။ klitscho (sic) က မင်းကို သွားတွေကျွတ်အောင် ထိုးတာကို ငါမျှော်နေမယ် ” လို့ ရေးသားထားပါတယ်။

klitscho (sic) ဆိုတာကတော့ Joshua ရဲ့ ယူကရိန်းနိုင်ငံသား ပြိုင်ဘက်လက်ဝှေ့ကျော်တစ်ဦးပဲ ဖြစ်ပါတယ်။

မလိုလားတဲ့ တိုက်ခိုက်မှုတွေရှိနေပေမယ့်လည်း နာမည်ကျော်လက်ဝှေ့သမားရဲ့ အမာခံပရိသတ်တွေကတော့ သူ့ကို ဝိုင်းဝန်းထောက်ခံနေကြဆဲဖြစ်ပါတယ်။

နူးရ်ခါန်း @ အလင်းမျက်ဝန်း © MSP-01/3/17 | ကိုးကား » Al Jazeera

ရုပ်ရှင်မင်းသားစလ်မားန်ခါးန်မှ မွဖ်သီဆပ်ကြီးများ တွေဝေသွားစေသော မေးခွန်းမေးခဲ့တယ်ဆိုတဲ့ အကြောင်းအရာ Facebook လူမှုကွန်ယက်ပေါ်တက်လာတာ သတိထားကောင်း ထားမိကြပါလိမ့်မယ်။ အငြင်းအခုံတွေလဲ များစွာဖြစ်ခဲ့ကြပါတယ်။

အကြောင်းအရာကတော့ ရုပ်ရှင်ရိုက်တာ ပိုင်သယောင်ယောင် ရေးထားတဲ့ အကြောင်းအရာပါ။ ကျနော် အတွေးမှီသလောက် သုံးသပ်ပြပါမယ်။ မသုံးသပ်ခင် အဖြစ်တရားကို အရင်ရေးပါမယ်။

  1. အဲဒီလို အထိအလျှလွယ်ပြီး မွတ်စ်လင်မ်ထု အငြင်းပွားစေမယ့် Topic ကို လူမှုကွန်ယက်ပေါ်ယူလာတဲ့ Original Poster က Peace Time မဂ္ဂဇင်းကို credit ပေးထားပါတယ်။ တစ်ဖန် အဲဒီ ဆောင်းပါးမှာပဲ အလ်ဗလားဂ် စာဆောင်မှ ကောက်နုတ်ဖေါ်ပြတယ်လို့ ဆိုထားပါတယ်။ အလ်ဗလားဂ် စာဆောင်မှာ ပါသလား၊ မပါဘူးလားဆိုတာတော့ ဆောင်းပါးရဲ့ Writer နဲ့ Editor ကိုယ်တိုင် သိပါလိမ့်မယ်။
  2. သက်ဆိုင်ရာ Peace Time က ရေးသားထားတဲ့ Topic ထဲမှာ ရုပ်ရှင်ရိုက်ပြီး ရှာဖွေထားတဲ့ပိုက်ဆံက ဟရာမ်ဖြစ်ကြောင်းကို ကျောင်းအုပ်ကြီးမွဖ်သီတစ်ပါးက ပြောဆိုပါတယ်။ အဲဒီပြောဆိုချက်ကို ရုပ်ရှင်မင်းသားစလ်မားန်ခါးန်က အချေအတင် ပြန်ပြောတယ်။ ပြောတာကတော့ ရုပ်ရှင်ရိုက်တာ ပိုင်သယောင်ယောင်၊ ရုပ်ရှင်ရိုက်ပြီးရှာတဲ့ပိုက်ဆံ ဟရာမ်မဖြစ်သယောင်ယောင် ပြောထားပါတယ်။ နောက်တစ်ချက်က မောင်ဝ်လဝီကျောင်းတွေမှာ အိလင်မ်သင်ယူနေတဲ့ အာလင်မ်လောင်းလေးတွေဟာ တမန်တော်ရဲ့အမွေစားအမွေခံဖြစ်တဲ့အလျှောက် ဇကားသ်မစားထိုက်ဘူး။ ဘာလို့ (မဒရ်စာ) ကျောင်းတွေက ဇကားသ်ကို လက်ခံနေသလဲလို့ မေးခွန်းထုတ်ပါတယ်။
  3. ဒီအဖြစ်အပျက် မှန်ကန်သလားဆိုတာ အတည်ပြုဖို့ သက်ဆိုင်ရာ Peace Time မဂ္ဂဇင်းရဲ့ အယ်ဒီတာလို့ယူဆရသူကို Facebook ကနေ direct ဆက်သွယ်မေးမြန်းသော်လဲ မိမိကိုယ်တိုင် အယ်ဒီတာဖြစ်ကြောင်းကိုပင် ထုတ်ဖေါ်မပြောပါဘူး။ စာရေးသူက ထုတ်ပြောတော့မှ မိမိအယ်ဒီတာဖြစ်ကြောင်း ဝန်ခံတဲ့ Reply မျိုး လုပ်လာပါတယ်။ မဂ္ဂဇင်းတိုက်ကို ph ဆက်ပြီး မေးမြန်းပါဆိုပြီး ခေါင်းရှောင်ပါတယ်။ ဆက်ပြီး အလ်ဗလားဂ်စာဆောင်မှာပါလာတဲ့ စလ်မားန်ခါးန်ရဲ့ကိစ္စကို အထောက်ထားအဖြစ် တောင်းဆိုတော့ ကျနော့်ကို block သွားတယ်လို့ ယူဆပါတယ်။ အယ်ဒီတာဆိုသူရဲ့အမည်ကိုတော့ မဖေါ်ပြလိုတော့ပါ။ ဒီအကြောင်းအရာကို မှန်ကန်တိကျစွာရေးသားခဲ့တာဆိုလျှင် သက်ဆိုင်ရာ အယ်ဒီတာဖြစ်သူမှ တာဝန်ယူ ရှင်းပြနိုင်ရပါမယ်။ သို့သော် အဲဒီလို တာဝန်ယူ ရှင်းပြခဲ့တာ မရှိပါဘူး။ စာရှုသူများ အကြောင်းအရာရဲ့ အခြေအမြစ်ကို ကြိုတင်နားလည်နိုင်အောင် ရှင်းပြခြင်းသက်သက်ပါ။

ဒါကတော့ ဖြစ်ပျက်သွားတဲ့ အဖြစ်တရားတွေ သက်သက်ပါ။ ကျနော်ရဲ့ သုံးသပ်ချက် မပါသေးပါဘူး။ အခုစပြီး သုံးသပ်ပါမယ်။

ပထမဆုံးအနေနဲ့...
ကမ္ဘာပေါ်မှာ ဘယ်အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်ရဲ့ ပညာရှင်တစ်ပါးကမှ ရုပ်ရှင်ရိုက်ခြင်းကို ဟလာလ်ပြုပိုင်ကြာင်း ဖသဝါမပေးထားသလို ရုပ်ရှင်ရိုက်ပြီး ရှာဖွေတဲ့ပိုက်ဆံကိုလဲ ဟလာလ်သုံးပိုင်တယ်လို့ မသတ်မှတ်ထားပါဘူး။ ဒါလက်မခံလို့မရတဲ့ အရှိတရားပါ။ ဒီထက်ပိုပြီး ဘယ်ရုပ်ရှင်ရိုက်သူ အဟ်လေ့စွန္နသ် ဝလ်ဂျမာအသ်ဝင်ကမှ ရုပ်ရှင်ရိုက်တာ ပိုင်တယ်လို့ သတ်မှတ်ပြီး ရုပ်ရှင်ရိုက်လို့ရလာတဲ့ပိုက်ဆံကို ဟလာလ်ဖြစ်တယ်လို့ ပြောကြားတာ မရှိပါဘူး။
ဥပမာ- အမီးရ်ခါးန်၊ ဆေ့ဖ်အလီခါးန် နောက်ထပ်လဲ မွတ်စ်လင် ရုပ်ရှင်မင်းသားတွေ အများကြီးပါ။ ဘယ်သူမှ သာသနာ့အမိန့်ကို အတင့်ရဲပြီး မိမိလုပ်ရပ်နဲ့ အံဝင်ခွင်ကျ ပြောင်းလဲပြောဆိုတာမျိုး မရှိပါဘူး။

အခု စလ်မားန်ခါးန်က ဒီလိုပြောသည်ပဲ ဖြစ်စေအုံးတော့… ရုပ်ရှင်ရိုက်တာ ပြုပိုင်သွားရောလား? သာသနာ့အမိန့်က ပြောင်းသွားရောလား? ကမ္ဘာဦးစကနေ အခုချိန်ထိလဲ ဟရာမ်ပါပဲ။ ကမ္ဘာပျက်မယ့်နေ့ထိလဲ ဟရာမ်ဖြစ်နေပါဦးမယ်။ ဘာလို့လဲဆိုတော့ ဒါဟာ Law by Quran ပါ။ Message of Allah နဲ့ အတည်ဖြစ်ထားတဲ့ ကိစ္စပါ။ Message of Allah ဆိုတာ ကေယာမသ် (ကမ္ဘာပျက်မည့်) နေ့အထိ ပြောင်းလဲရိုးထုံးစံမရှိပါဘူး။ ဒါဟာ မွတ်စ်လင်မ်တိုင်း လက်ခံယုံကြည်ထားတဲ့ ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။ စလ်မားန်ခါးန်ဆိုသူကတော့ အဝေးကြီးပါ။ အလ္လာဟ်အရှင် ဟရာမ်လို့သတ်မှတ်လိုက်တဲ့အရာတစ်ခုကို နဗီကိုယ်တိုင်တောင် ဟလာလ် အဖြစ် ပြုလို့မရပါဘူး။ ဒါကုရ်အာန်ကျမ်းတော်မြတ်မှာ direct မိန်ခြွေချက်တွေ ရှိပြီးသားပါ။

ရုပ်ရှင်ရိုက်ခြင်းနဲ့ပတ်သက်ပြီးတော့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ ရှုထောင့်က ဘယ်လိုဟရာမ်ဖြစ်သလဲလို့ ကျနော့်ကို မေးခွန်းထုတ်ကောင်း ထုတ်ချင်နေပါလိမ့်မယ်။

စူရဟ်လွက်မားန်ရဲ့ အာယသ်တော် အမှတ် (၆) မှာ ဖန်ဆင်းရှင်ရဲ့ Message ကို တစ်ချက်လေ့လာသုံသပ်ကြည့်ရအောင်…
ﻭَﻣِﻦَ ﺍﻟﻨَّﺎﺱِ ﻣَﻦْ ﻳَﺸْﺘَﺮِﻱ ﻟَﻬْﻮَ ﺍﻟْﺤَﺪِﻳﺚِ ﻟِﻴُﻀِﻞَّ ﻋَﻦْ ﺳَﺒِﻴﻞِ ﺍﻟﻠَّﻪِ ﺑِﻐَﻴْﺮِ ﻋِﻠْﻢٍ ﻭَﻳَﺘَّﺨِﺬَﻫَﺎ ﻫُﺰُﻭﺍً ﺃُﻭﻟَﺌِﻚَ ﻟَﻬُﻢْ ﻋَﺬَﺍﺏٌ ﻣُﻬِﻴﻦٌ
စင်စစ် လူတို့အနက် အသိပညာ သက်သေအထောက်အထားမရှိဘဲ အလ္လာဟ်ရှင်မြတ်၏ လမ်းတော်မှ ချွတ်ချော်စေအံသောငှာလည်းကောင်း၊ ယင်းလမ်းတော်ကို ပျက်ရယ်ပြောင်လှောင်ဖွယ်ရာ ပြုလုပ်အံ့သောငှာလည်းကောင်း၊ အချည်းအနှီး အကျိုးမဲ့သော စကားကို ဝယ်ယူသောသူလည်းရှိ၏။ ယင်းကဲ့သို့သောသူတို့၌ ဂုဏ်အသရေပျက်စေသောပြစ်ဒဏ်ရှိချေမည်။
(ကုရ်အာန် ၃၁း၆)

" အချည်းအနှီးအကျိုးမဲ့စကား " ဆိုတဲ့ စာလုံးကနေ အလ္လာဟ်အရှင့်ရဲ့ တောင်းဆိုချက်ကို ကျနော်တို့ ဒီအတိုင်း သဘောမပေါက်နိုင်ပါဘူး။ ဆွဟာဗဟ်၊ သာဗေအီန်များရဲ့ ရှင်းပြမှုကို လေ့လာမှ ရပါမယ်။

ဟဇရသ် ဟစန်းဗဆွရီး (رحمة الله عليه) အမိန့်ရှိပါတယ်။ " အာယသ်တော်၏ အကျိုးမဲ့စကားဆိုသည်မှာ အလ္လာဟ်ရှင်မြတ်၏ ဇိကိရ် သတိရမှု မေ့ပျောက်သွားစေသော Music နှင့် ထိုနည်းတူ အချိန်ကုန် အကျိုးမရှိသည့် လုပ်ရပ်များ ဖြစ်ပေသည်။ " ( ကြည့် ရူဟွလ်မအာနီကျမ်း အတွဲ ၂၁၊ စာ ၂၇ )

ဟဇရသ် အိဗ်နေ့အဗ္ဗားစ် (رضي الله ﺗﻌﺎﻟﯽٰ عنه) အမိန့်ရှိပါတယ်။ " အာယသ်တော်၌ပါရှိသော အကျိုးမဲ့စကားဟူသည် အတီးအမှုတ် (Music) ဖြစ်ပေသည်။ " ( ကြည့် နိုင်လွလ်အောင်သွားရ်ကျမ်း အတွဲ ၈၊ စာ ၁၀၀ )

ရုပ်ရှင်ရိုက်တယ်ဆိုတာ လုံးလုံးလုပ်ဇာတ်ကြီးပါ။ ဒါကိုထိုင်ပြီး အဟုတ်စိတ်ကူးယဉ်ပြီးကြည့်တယ်။
(၁) အချက်က အချိန်မနည်းမနော ကုန်စေပါတယ်။
(၂) အချက်က ဖန်ဆင်းရှင်ကို သတိရခြင်းကနေ လုံးဝ မေ့လျှော့စေပါတယ်။ တစ်ဖန် အတီးအမှုတ်တွေ ပါလာတာ ရှိသေးတယ်။ တစ်ဖန် အဖေါ်အချွတ်တွေ ပါလာတာ ရှိပါတယ်။ ပြစ်မှုပေါင်းစုံကိုချုပ်ပြီး ရော့ယူပါလို့ အတုံးလိုက်အတစ်လိုက် ရောင်းပေးနေသလိုပါပဲ။ ဒါကိုဝယ်သူဟာ အထက်ဖေါ်ပြပါ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ "အချည်းအနှီးအကျိုးမဲ့စကား " ဝယ်သူမြောက်ပါတယ်။ ထိုသူ့အဖို့ ဂုဏ်အသရေပျက်စေသော ပြစ်ဒဏ်ရှိမယ်လို့ အတိအလင်းကြေငြာပြီးသားပါ။

ကျမ်းတော်မြတ် ကုရ်အာန်ရဲ့နောက်တစ်နေရာမှာ ဖန်ဆင်းရှင်အမိန့်ရှိထားပါတယ်။
..... ﻭَﺍﻟَّﺬِﻳﻦَ ﻟَﺎ ﻳَﺸْﻬَﺪُﻭﻥَ ﺍﻟﺰُّﻭﺭَ
(အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်ပီသသူများသည်) အချည်းအနှီးကိစ္စများတွင် ပါဝင်ကြခြင်း မရှိပေ။
(ကုရ်အာန် ၂၅း၇၂)

ဒါတွေဟာ (Message of Allah) ဖန်ဆင်းရှင်ရဲ့ လမ်းညွှန်မှုတွေပါ။ စလ်မားန်ခါးန်ရဲ့ စကားတစ်လုံးနဲ့ ဖန်ဆင်းရှင်ရဲ့ ဒီမိန့်ခြွေချက်တွေကို အလဲအထပ်ရိုက်လို့မရသလို စလ်မားန်ခါးန်ရဲ့ စကားတစ်လုံးကြောင့် ကုရ်အာန်ကျမ်းတော်မြတ်ဟာလဲ ပြောင်းလဲမသွားပါဘူး။

စောဓကအတော်တက်ကြတဲ့အချက်လေးကို တစ်ချက်ရှင်းပြချင်ပါတယ်။ ရုပ်ရှင်ကြည့်တာ သံဝေဂရတယ်။ ပညာရတယ်။ အကျိုးရှိတယ်လို့ဆိုကြပါတယ်။

တစ်ချက်ပြန်စဉ်းစားကြည့်ရင်…
အရက်သောက်ခြင်းဟာ အရဗ်တွေအဖို့ အင်အားတောင့်တင်းစေပါတယ်။ အကျိုးရှိပါတယ်။ ဒါပေမယ့် ကျမ်းတော်မြတ်ကုရ်အာန်မှာ တားမြစ်လိုက်ပါတယ်။ အကျိုးရှိခြင်းနဲ့အတူ အကျိုးမဲ့ခြင်းတွေ အများကြီးရှိနေလို့ပါ။
ဥပမာ- အရက်မူးလာသူဟာ အရှက်သိက္ခာမဲ့သွားခြင်း၊ အလ္လာဟ်အရှင်မြတ်ကို မေ့လျော့သွားစေခြင်း၊ စိတ်ကြွပြီး အမေအမမိသားစုကိုတောင် အရှက်သိက္ခာမဲ့စွာဆက်ဆံခြင်း အစရှိတာတွေကြောင့် ပိတ်ပင်ထားခြင်းပါ။
အားအင်ရှိစေမယ့် အခြားအရာတွေ အများကြီးသုံးဆောင်လို့ရပါတယ်။ ထိုနည်း၎င်းပါပဲ သံဝေဂရစေမယ့် အခြားနည်းလမ်းတွေ အများကြီးပါ။ ကုရ်အာန်တစ်အုပ်လုံးဟာ သံဝေဂရစေမယ့်၊ အသိပညာရစေမယ့် အကြောင်းအရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဝမ်းနည်းစရာကောင်းတာက ဒီနေ့ကုရ်အာန်ကျမ်းတော်မြတ်ကို နားလည်ပြီး ဖတ်ရွတ်နိုင်သူ မွတ်လင်မ်အယောက် ၁၀၀ မှာ ၅ ယောက် မပြည့်ပါဘူး။

စလ်မားန်ခါးန်ပြောထားတဲ့ ဇကားသ်ကိစ္စကို အထူးအထွေ ပြောစရာမလိုပါဘူး။ အကြောင်းက လူတိုင်းသိပြီးသားပါ။ ဆိုင်ယဒ်မျိုးနွယ်ဖြစ်သူတွေဟာ ဇကားသ်မစားထိုက်ဘူး။ လူတိုင်းက အိလင်မ်သင်ယူနေတဲ့ ကျောင်းသားတိုင်းက ဆိုင်ယဒ်မျိုးနွယ် မဟုတ်ပါဘူး။ စောတကတက်သူရဲ့ မသိမိုက်မဲမှုပေါ် အခြေခံတဲ့ မေးခွန်းမျိုးပါ။ အမွေစားအမွေခံတွေဖြစ်တယ်ဆိုတာဟာ အာလင်မ်လောင်းလေးတွေကို ဂုဏ်ပင့်ပြီး မိန့်ခြွေထားတဲ့ မိန့်ခြွေချက်ပါ။ အဲဒီလို မိန့်ခြွေလိုက်ခြင်းက အာလင်မ်လောင်းလေးတွေအားလုံးကို ဆိုက်ယဒ်မျိုးနွယ်ဖြစ်စေလိုက်တယ်လို့ ဘယ်သူမှ ကောက်ချက် မချပါဘူး။
ဥပမာ- စာတော်တဲ့တပည့်ကို ဆရာက ချီးမြှောက်ပြီး ငါ့သားလို့ခေါ်လိုက်ခြင်း။ တစ်ကယ်ပဲ သားအဖဖြစ်မသွားဘူးဆိုတာ ရေးတတ်ဖတ်တတ်သူတိုင်းနားလည်နိုင်တဲ့ အချက်ပါ။

အချုပ်အနေနဲ့ပြောရရင် စလ်မားန်ခါးန်ရဲ့ ပြောဆိုချက်က တစ်ကယ်ပဲ သူပြောခဲ့တာဆိုရင်လဲ အမှန်တရားတွေနဲ့ ကုရ်အာန်ဟဒီးဆ်နဲ့ တိမ်းစောင်းချွတ်ချော်နေတဲ့အတွက် လက်ခံစရာအကြောင်းမရှိသလို အငြင်းပွားစရာအကြောင်းလည်း မရှိပါဘူး။

တင်ပြသူ » အနီးစ် (မြစ်ကြီးနား)
MOL-01/3/17 © အလင်းမျက်ဝန်း
[alert title="မှတ်ချက်" icon="info-circle"] ဤသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။ [/alert]


လူမှုကွန်ယက်စာမျက်နှာနဲ့ တချို့သော သတင်းမီဒီယာတွေအပေါ်မှာ တမန်တော်မြတ် ﷺ ကို စော်ကားနေခြင်းအား ပြင်းထန်စွာဆန့်ကျင်ကြောင်းအဆိုကို ပါကစ္စတန်နိုင်ငံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအတွင်း မဲခွဲဆုံးဖြတ်ရာမှာ တစ်ညီတညွတ်တည်း ကန့်ကွက်သူမရှိ အဆိုကို အတည်ပြုနိုင်ခဲ့ပါတယ်။

၎င်းအဆိုပြုချက်ကို ပါကစ္စတန်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးစွဖ်ဒရ်က တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းအဆိုပြုချက်နဲ့ ဆင်တူတဲ့ အဆိုတစ်ရပ်ကိုလည်း အစိုးရအဖွဲ့ဝင် အခြားတစ်ဦးကလည်း တင်သွင်းခဲ့သေးတယ်လို့ သိရပါတယ်။

“ ဗိုလ်ချုပ်ကြီး စွဖ်ဒရ် တင်သွင်းတာဟာ ကျနော်တင်ပြချင်တာထက်ကို ပိုမိုပြည့်စုံပြီး ထိရောက်မှုရှိပါတယ်။ ကျနော့်ရဲ့ အဆိုပြုချက်ပဲမို့ အပြည့်အဝကို ထောက်ခံပါတယ်။” လို့ ၎င်းတင်သွင်းသူက ပြောပါတယ်။

ယခုလို အတည်ပြုဆုံးဖြတ်ချက်အရ ဆိုရှယ်လူမှုကွန်ယက်တွေနဲ့ အချို့သော မီဒီယာတွေအပေါ်မှာ မြတ်နဗီကို စော်ကားခြင်းများအား ထိရောက်စွာ အရေးယူသွားတော့မှာ ဖြစ်ပါတယ်။

ယခုဆုံးဖြတ်ချက်ကြောင့် ပါကစ္စတန်အစိုးရဟာ ဆိုက်ဗာအထူးတပ်ဖွဲ့များကို အမြန်ဆုံးဖွဲ့စည်းပြီး အမိုက်သားများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးကာ ချက်ချင်းအရေးယူတုန့်ပြန်ဖို့ ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

ယင်းအဆိုပြုလွှာအပေါ် ပါကစ္စတန်နိုင်ငံအတွင်းက အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းအားလုံးကလည်း သဘောတူထောက်ခံကြောင်းနဲ့ လှိုက်လှဲစွာကြိုဆိုကြောင်းကို အသီးသီး လက်မှတ်ရေးထိုးပြီး သဘောထားများ ထုတ်ပြန်ခဲ့ကြပါတယ်။

Inews-017/3/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


မွတ်စ်လင်မ်တွေရဲ့ ဝတ်ပြုမှုအတိုင်း စနစ်တကျဖြင့် ပြည့်ပြည့်ဝဝ တစ်နေ့ငါးကြိမ် ပုံမှန်ပြုလုပ်ပေးပါက ခါးနဲ့ ခါးအောက်ပိုင်း နာကျင်မှုဝေဒနာတွေကို လျော့ပါးသက်သာပျောက်ကင်းစေတယ်လို့ သိပ္ပံလေ့လာတွေ့ရှိချက်အသစ်တစ်ရပ်က ထုတ်ဖော်လိုက်ပါတယ်။

The Independent သတင်းစာက ထုတ်ပြန်ခဲ့တဲ့ အဆိုပါလေ့လာတွေ့ရှိချက်သစ်အရ စွလာသ်ဆောက်တည်စဉ်အတွင်း ကျင့်ဆောင်ရသော လှုပ်ရှားမှုတွေကို စနစ်တကျ လုပ်ဆောင်ခြင်းဟာ ကိုယ်ခန္ဓာပင်ပန်းနွမ်းနွယ်မှုကို ဖယ်ရှားပေးနိုင်ရုံမက ဒူးနဲ့ခါးအောက်ပိုင်း နာကျင်မှုဝေဒနာတွေကို ကာကွယ်ပေးရာမှာလည်း လွန်စွာ အထောက်အကူ ဖြစ်စေတယ်လို့ သိရပါတယ်။

ဒီသုတေသနပြုမှုကို အကဲဖြတ်သူတစ်ဦးဖြစ်၊ အစ္စလာမ်ဘာသာဝင်တစ်ဦးလည်းဖြစ်တဲ့ ဘင်ဟမ်တန်တက္ကသိုလ်မှ ပါမောက္ခကြီး မုဟမ္မဒ်ခစွာဝီနဟ်က စွလာသ်အတွင်းမှ လှုပ်ရှားမှုပုံစံတွေကို ယောဂလေ့ကျင်ခန်းနဲ့ ဥပမာပေး နိုင်းယှဉ်ဖော်ပြခဲ့ပြီး ခါးနာမှုဝေဒနာကို ကာကွယ်ဖို့အတွက် စွလာသ်ဝတ်ပြုမှုအတွင်းပိုင်းက လှုပ်ရှားမှုတွေကို စိတ်ရောကိုယ်ပါ စနစ်တကျ သေချာကျနစွာ လုပ်ဆောင်သင့်တယ်လို့ ပြောကြားသွားပါတယ်။

ဒီသုတေသနပြု ထုတ်ပြန်ချက်ကို ဖြန့်ချိခဲ့တဲ့ International Journal of Industrial Engineering and Systems ကုမ္ပဏီဟာ လေ့လာသုတေသနပြုဖို့အတွက် ကမ္ဘာ့ဒေသအသီးသီးက ကျန်းမာရေးကောင်းမွန်ပြီး အသက်ရှည်ကြတဲ့ လူမျိုး/ဘာသာ/ဓလေ့စရိုက်အစုံက အမျိုးသား၊ အမျိုးသမီးတွေရဲ့ နေ့စဉ်ရှင်သန်နေထိုင်မှုပုံစံတွေကို အချိန်ယူကာ အသေအချာ မှတ်တမ်းပြုစုခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စဂ်ျဒဟ်ဦးချမှုဟာလည်း ကိုယ်ခန္ဓာရဲ့ အဆစ်အမြစ်ဆက်သွယ်မှုတွေကို မြဲမြံအောင် ဆန့်နိုင်၊ ကျုံ့နိုင်တဲ့ စွမ်းဆောင်မှုတွေဖြစ်လာစေဖို့ ထူးခြားစွာ ပံ့ပိုးပေးတယ်လို့ ၎င်းသုတေသနမှာ ဖော်ပြထားပါတယ်။

HMM-02/3/17 © အလင်းမျက်ဝန်း | ကိုးကား » قناة الجزيرة مباشر


ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ ကြာသပတေးနေ့က ရိုးရာဓလေ့ ခြေထောက်ရေဆေးသန့်စင်ပွဲတော်ကို ရောမမြို့တော်မှာ ကိုယ်တိုင်ပါဝင်ကျင်းပခဲ့ပါတယ်။

အဆိုပါရိုးရာဓလေ့ပွဲတော်ရဲ့ အစဉ်အလာအရ ပုံမှန်အားဖြင့် ကက်သလစ်ဘာသာဝင် အမျိုးသား ၁၂ ဦးကိုသာ ပြုလုပ်ပေးလေ့ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ မွတ်စလင်မ်များအပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် (၁၂) ဦးတို့ရဲ့ ခြေထောက်တွေကို တယုတယနဲ့ ပွတ်တိုက်ဆေးကြောသန့်စင်ပေးပြီးနောက် ပုဝါဖြင့်သုတ်၍ ၎င်းခြေထောက်များကို နမ်းရှုံ့ခဲ့ပါတယ်။

အဆိုပါပွဲတော်အတွင်း ပုပ်ရဟန်းမင်းကြီးက အခုလို မိန့်ကြားခဲ့ပါတယ်။

“ မွတ်စ်လင်မ်တွေနဲ့ ကျွန်ုပ်တို့ ကက်သလစ်ဘာသာဝင်တွေဟာ တစ်ပါးတည်းသော ထာဝရဘုရားသခင် (အလ္လာဟ်အရှင်မြတ်) ကို လက်ခံကိုးကွယ်ယုံကြည်မှုမှာ တူညီကြတဲ့ သွေးချင်းညီအစ်ကိုမောင်နှမတွေပဲ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားချင်ကြတဲ့ လူတွေချည်းပဲ ဖြစ်ကြပါတယ်။ ”

အခုလို ရေဆေးကြောသန့်စင်ပေးခြင်းခံရတဲ့ ပုဂ္ဂိုလ် (၁၂) ဦးထဲမှာ အမျိုးသမီး (၄) ဦးလည်း ပါဝင်ခဲ့ပါတယ်။

မနှစ်ကလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရိုးရာဓလေ့အစဉ်အလာကနေ ခွဲထွက်ပြီး အကျဉ်းသား (၁၂) ဦးတို့ရဲ့ ခြေထောက်တွေကို ဆေးကြောသန့်စင်ပေးခဲ့ပါသေးတယ်။

လူတစ်ချို့ရဲ့ ဘာသာတရားတွေအပေါ် ရန်လိုမုန်းတီးလှုံ့ဆော်နေတဲ့ လုပ်ရပ်တွေကိုလည်း ဆန့်ကျင်ရှုတ်ချသွားခဲ့ပါတယ်။

Inews-015/3/17 © အလင်းမျက်ဝန်း | ကိုးကား » Euro News

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/0o-xxXPfQxw
[/info]


ကုရ်အာန်ကျမ်းတော်မြတ်နဲ့ အစ္စလာမ့်သင်ကြားမှုတွေမှာပါရှိတဲ့ “ သေခြင်းဟာ လူသားအတွက် နိဂုံးချုပ် ပြီးဆုံးသွားစေတဲ့အရာ မဟုတ်ဘူး ” ဆိုတဲ့ မိန့်မှာချက်ကို ကနေဒါနိုင်ငံမှ သိပ္ပံပညာရှင်များရဲ့ အောင်မြင်သွားတဲ့ သုတေသနပြု လေ့လာစူးစမ်းဖော်ထုတ်တွေ့ရှိချက်က လေးနက်စေခဲ့ပါပြီ။

ကနေဒါနိုင်ငံရှိ ဂရဗ်အွန်သာရီယို တက္ကသိုလ်မှ ဆေးသိပ္ပံပညာရှင်တွေဟာ လူသားတစ်ဦးသေဆုံးပြီးနောက်မှာ နောက်ထပ်ဘဝတစ်ခုရှိတယ်ဆိုတာကို သိပ္ပံအထောက်အထားနဲ့ တွေ့ရှိခဲ့ကြတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီအထောက်အထားဟာ သိပ္ပံပညာရပ်ရဲ့သမိုင်းမှာ သက်ရှိလူသားဘဝအလွန်ကာလ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ ပထမဦးဆုံးသော ရှာဖွေတွေ့ရှိတဲ့ အထောက်အထားတစ်ခု ဖြစ်စေခဲ့ပါတယ်။

နှလုံးလှုပ်ရှားမှုမရှိတော့တဲ့၊ တစ်နည်းအားဖြင့် သေဆုံးပြီလို့ အတည်ပြုနိုင်တဲ့ လူသေတစ်ဦးရဲ့ ဦးနှောက်ထဲက ထုတ်လွှင့်နေတဲ့ လျှပ်စစ်လှိုင်းတွေကို စောင့်ကြည့်ခဲ့ကြတဲ့ ဆေးသိပ္ပံပညာရှင်တွေဟာ ထူးခြားတဲ့ အောင်မြင်မှုကို ရရှိခဲ့ကြပါတယ်။

အဲဒီလှိုင်းတွေရဲ့အဓိပ္ပါယ်ကိုတော့ သူတို့ နားမလည်နိုင်ကြသေးပေမဲ့ ၎င်းလှိုင်းတွေဟာ လူတစ်ယောက် အိပ်စက်အနားယူနေတဲ့အခါမှာ ဦးနှောက်က ထုတ်လွှင့်တဲ့ လှိုင်းတွေနဲ့ ခပ်ဆင်ဆင် တူညီနေပါတယ်။

အဆိုပါ သေသူဟာ သူ့အနားက လူတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားတယ်ဆိုပေမဲ့ အခြားသော ခပ်ဆင်ဆင်တူညီတဲ့ ဘဝသစ်တစ်ခုထဲကို အပြီးအပိုင်ရောက်ရှိသွားခဲ့တဲ့ လှုပ်ရှားမှုအာရုံလှိုင်းတွေကို ဖမ်းယူရရှိခဲ့တယ်လို့ ပညာရှင်တွေရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ကနေဒါရဲ့ ဆေးရုံတစ်ခုက ဆရာဝန်သိပ္ပံပညာရှင်တွေဟာ လူတစ်ယောက်ဟာ လုံးလုံးလျားလျား သေဆုံးပြီးနောက် သူ့ရဲ့ဦးနှောက်ဟာ (၁၀)မိနစ်လောက်အထိ လန်းဆန်းသွက်လက်လှုပ်ရှားနေတုန်းပဲ ဆိုတာကို စောင့်ကြည့်ပြီး မှတ်တမ်းတင်နိုင်ခဲ့ကြတယ်လို့ ဗြိတိန်သတင်းစာ ဒေလီမေးလ်က ဖော်ပြခဲ့ပါတယ်။

အလားတူ အရဗီသတင်းစာတစ်စောင်ဖြစ်တဲ့ عربي٢١ ကလည်း အခုလို ရေးသားဖော်ပြပြီး အတည်ပြုခဲ့ပါတယ်။

“ ဒါဟာ တမလွန်ဘဝရှိတယ်ဆိုတဲ့အပေါ်မှာ ထောက်ခံအတည်ပြုတဲ့ ပထမဆုံးသော သိပ္ပံ အထောက်အထားတစ်ခု ဖြစ်လာပါတယ်။ လူသားဟာ သေဆုံးရုံနဲ့ ပြီးမသွားဘူးဆိုတာကိုလည်း မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။ ”

ယခုဖြစ်စဉ်ဟာ ရှင်းပြလို့မရနိုင်တဲ့ သဘာဝလွန် အခြေအနေ ဖြစ်ကြောင်း၊ ပြီးပြည့်စုံအောင် နားမလည်နိုင်ကြသေးကြောင်းနဲ့ သေပြီးတဲ့နောက်မှာ နောက်ထပ်ရှိနေတဲ့ဘဝဟာ ဘယ်လိုပုံစံမျိုးလဲဆိုတဲ့ ယတိပြတ် အထောက်အထားကိုတော့ အချိန်ယူပြီး စောင့်ကြည့်လေ့လာရအုံးမှာဖြစ်ကြောင်းတို့ကို အဆိုပါသိပ္ပံပညာရှင်တွေက ထုတ်ပြန်ပြောကြားခဲ့ကြပါတယ်။

အစ္စလာမ်ဘာသာနဲ့အတူ ကောင်းကင်ကျသာသနာတွေဟာ လူသားတစ်ဦးသေဆုံးပြီးနောက် တစ်ဖက်မှာ လက်ရှိဘဝနဲ့ မတူညီတဲ့ နောက်ထပ်တမလွန်ဘဝတစ်ခု ရှိနေတယ်ဆိုတဲ့ အချက်ကို အလေးအနက်ပြု လက်ခံထားကြတာပါတယ်။

GKM-02/3/17 © အလင်းမျက်ဝန်း | ကိုးကား » عربي٢١


အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို အစွန်အဖျားပိုင်းတစ်နေရာမှာ ရှေးဟောင်းအီဂျစ်နိုင်ငံတော် ဖာရိုဘုရင်မင်းဆက်ရဲ့  ဒုတိယမြောက် ဘုရင်ကြီးရိမ်စိစ်ရဲ့ ဧယာမ ရုပ်တုကြီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ရှေးဟောင်းအမွေအနှစ် ရှာဖွေတူးဖော်တဲ့ သုတေသီတွေကတော့ ဒီတွေ့ရှိချက်ကို အလွန်အရေးပါလှတဲ့ တွေ့ရှိချက်အဖြစ် သတ်မှတ်ထားကြပါတယ်။

အရှည်(၈)မီတာရှိတဲ့ ဒီရုပ်တုကြီးကို ရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့ အောင်န် (သို့မဟုတ်) ဟီလီပိုစ်မှာတည်ရှိတဲ့ ဒုတိယရိမ်စိစ်ဘုရင်ကြီးရဲ့ ဘုရားကျောင်းအနီးမှာ ရေပိုက်လိုင်းတူးရင်းနဲ့ အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရှေးဟောင်းသုတေသီတွေကတော့ ဒီရုပ်တုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀၀) အရင်က အီဂျစ်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဒုတိယမြောက် နန်းမွေဆက်ခံသူ ရိမ်စိစ်ဘုရင်ကြီးရဲ့ ရုပ်တုလို့ အခိုင်အမာ ပြောဆိုကြပါတယ်။
ဒုတိယရိမ်စိစ်ဘုရင်ကြီးဟာ ခရစ်တော်မတိုင်မီ နှစ်ပေါင်း ၁၂၁၃ နဲ့ ၁၂၈၉ ခုနှစ် ကြားကာလမှာ အီဂျစ်နိုင်ငံတော်ကို အုပ်ချုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Inews-013/3/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


အားကစားဝတ်စုံတွေ ဖန်တီးထုတ်လုပ်တဲ့ ကမ္ဘာကျော် NIKE ကုမ္ပဏီကြီးဟာ မွတ်စ်လင်မ် အားကစားမယ်တို့အတွက် လုံခြုံစွာဝတ်ဆင်နိုင်မယ့် အားကစားသုံး ဟိဂျာဗ်ဝတ်စုံကို မကြာမီမှာ ထုတ်လုပ်ပေးသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၎င်းကုမ္ပဏီကြီးရဲ့ တာဝန်ရှိသူတစ်ဦးက မီဒီယာများကို အခုလို ပြောကြားသွားပါတယ်။

“ ဟိဂျာဗ်ဝတ်စုံရဲ့ အရေးပါမှုနဲ့ စိတ်ဝင်တစား အသုံးများလာမှုကို ရှေးရှုပြီးတော့ NIKE ကုမ္ပဏီအနေနဲ့ အားကစားဟိဂျာဗ်ဝတ်စုံကို မိတ်ဆက်ပေးဖို့ စီစဉ်နေပါတယ်။ ဒီဝတ်စုံကို ဈေးကွက်မှာ ချပြနိုင်ဖို့ကတော့ တစ်နှစ်လောက် ကြာအုံးမယ် ထင်ပါတယ်။ မွတ်စ်လင်မ် အားကစားမယ်တွေ လုံလုံခြုံခြုံနဲ့ဝတ်ဆင်ပြီး ကစားနိုင်ဖို့ ဒီ အားကစားဟိဂျာဗ်ဝတ်စုံကို လာမယ့် ၂၀၁၈ ခုနှစ် ပွင့်လင်းရာသီအမီ ဈေးကွက်ထဲ အရောက်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ”

Inews-012/3/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


ဒုတိယကမ္ဘာစစ်ကာလမှာ သတ်ဖြတ်ခံရတော့မယ့် ဂျူးတွေကို အသက်နဲ့ရင်းပြီး ကယ်တင်ပေးခဲ့ကြတဲ့ မွတ်စ်လင်မ်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မကြာမီကျင်းပမယ့် နယူးယောက်မြို့တော်က ပြပွဲငယ်တစ်ခုမှာ ထုတ်ဖော်ပြသသွားမယ်လို့ သိရပါတယ်။

တိုင်းမ်မဂ္ဂဇင်းက သတင်းမှတ်တမ်းတစ်ခုကို ဖြန့်ဝေခဲ့ပြီး ယင်းမှတ်တမ်းမှာ ဟစ်တလာခေတ်က ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ဂျူးတွေကို အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ မွတ်စလင်မ်တို့ရဲ့ အကြောင်းတွေကို ဖော်ပြထားပါတယ်။

အဲဒီမှတ်တမ်းရဲ့ ဖော်ပြထားချက်တွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ထိုခေတ်ကာလမျိုးမှာတောင် မကြောက်မရွံ့နဲ့ မိမိအသက်ကို ပဓာနမထားခဲ့ကြတဲ့ သူရဲကောင်းတွေ ရှိခဲ့တယ်ဆိုတာ ယနေ့ခေတ် လူသားတွေ တွေးထင်မိမှာတောင် မဟုတ်လောက်ပါဘူးလို့ တိုင်းမ်းမဂ္ဂဇင်းကြီးက ညွှန်းဆိုခဲ့ပါတယ်။

နာဇီခေတ်မှာတောင် မွတ်စ်လင်မ် သူရဲကောင်းတွေဟာ ဂျူးဘာသာနဲ့ အစ္စလာမ်ဘာသာကြားမှာ အလွန်ကြီးမားတဲ့ ကွဲလွဲမှုတွေကို ပဓာနမထားခဲ့ကြဘဲ မိမိတို့အသက်ကိုစတေးပြီး ဂျူးတွေကို ကယ်တင်ကာကွယ်ပေးခဲ့ကြတာကို အဆိုပါ နယူးယောက်ပြပွဲငယ်လေးက ထုတ်ဖော်ပြသထားပါတယ်။

သတင်းအမှောင်ချခံထားရမှုကြောင့် လူတွေသိပ်မသိကြတဲ့ အဲ့ဒီမွတ်စလင်မ် သူရဲကောင်းတွေကတော့...

၁။ တူနီးရှားနိုင်ငံသား ခါလိဒ်အဗ်ဒွလ်ဝဟာဗ် ဖြစ်ပါတယ်။ သူဟာ ဂျူးအယောက်ပေါင်း (၂၀) ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပါတယ်။

၂။ အဗ်ဒွလ်အလီ ဟူစိုင်စရ်ဒါရီဆိုသူ ဖြစ်ပါတယ်။ သူဟာ အဲ့ဒီကာလက အီရန်သံအမတ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူဟာ ဂျူးထောင်ပေါင်းများစွာကို ပတ်စ်ပို့တွေ ထုတ်ပေးခဲ့ပြီး နာဇီစစ်တပ်ရဲ့ အန္တရာယ်ကနေ ထွက်ပြေးလွတ်မြောက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

၃။ အလ်ဘေးနီးယားနိုင်ငံက မွတ်စ်လင်မ် မိသားစု တစ်စု ဖြစ်ပါတယ်။ အဲ့ဒီမိသားစုလေးဟာ ဂျဝါနာ နယူမန်လို့ခေါ်တဲ့ မိန်းကလေးနဲ့ သူ့မိခင်တို့ကို သူတို့အိမ်မှာ လက်ခံခေါ်ယူထားပေးခဲ့ပြီး ရပ်ကွက်သူရပ်ကွက်သားတွေက လာမေးတဲ့အခါ အဲ့ဒီသားအမိဟာ ဂျာမဏီကနေ အလည်လာတဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေပါလို့ ယုံသွားအောင် ပြောပြပေးလေ့ရှိခဲ့တယ်။ အခု အသက် (၈၆) နှစ် အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ ထိုစဉ်က မိန်းကလေးငယ် ဂျဝါနာနယူမန်က အခုလို ပြောပါတယ်။ ဒီမိသားစုလေးဟာ ကျမတို့ကိုလည်း ကယ်တင်ဖို့အတွက် သူတို့ရဲ့ အသက်တွေကို မီးပုံပေါ်မှာ တင်ထားခဲ့ကြသူတွေ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က ကျမတို့သားအမိဟာ ဂျူးတွေပါဆိုတာ ဂျာမန်တွေသာ သိသွားခဲ့ရင် တစ်မိသားစုလုံးကို သတ်ပစ်ကြမှာ မလွဲဧကန်ပါပဲ။

ဒီပြပွဲလေးကို ခင်းကျင်းပြသတဲ့ တာဝန်ရှိသူတွေက အခုလိုပြောပါတယ်။ ဒါမျိုးအကြောင်းအရာမျိုး (၁၅) ခုထက်မကအောင်ရှိပါတယ်။

ဒီအကြောင်းအရာလေးတွေက မွတ်စ်လင်မ်တွေဟာ ဘယ်လောက်ကြမ်းတမ်းခက်ခဲတဲ့ အခြေအနေမျိုးမှာဖြစ်ပါစေ ဘယ်လိုဘဲ စစ်မီးတွေ ဟုန်းဟုန်းတောက်လောင်နေပါစေ လူသားတွေအပေါ် ဘယ်လိုကာကွယ်စောင့်ရှောက်ပေးရတယ်ဆိုတာကို မီးမောင်းထိုးပြပေးနေသလို ဖြစ်ပါတယ်။

မန်ဟန်တန်ကောလိပ်ရဲ့ ဆရာလည်းဖြစ်၊ ဟော်လိုကော့စ်အကြောင်း အထူးလေ့လာနေသူတစ်ဦးလည်းဖြစ်တဲ့ မဟ်နာဇ်အာဖရီဒီက အခုလိုပြောပါတယ်။

ဟောလိုကော့စ်လိုအချိန်မျိုးမှာတောင် မွတ်စ်လင်မ်တွေရဲ့မေတ္တာတရားတွေကြောင့် အသက်ရှင်ဖို့ မျှော်လင့်ချက်တွေရှိစေခဲ့တာကို ဒီအကြောင်းအရာလေးတွေက သက်သေပြနေပါတယ်။

Inews-011/3/17 © အလင်းမျက်ဝန်း | ကိုးကား » الأيام


မုန်လာဥနီစားခြင်းဟာ မျက်စိအားကောင်းစေတယ်ဆိုတဲ့ အယူအဆဟာ လူတွေကြားထဲမှာ တော်တော်လေးကို ပျံ့နှံ့ပါတယ်။

ကျနော်တို့ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက အမြဲတမ်း ကြားနေရတဲ့ ဒီအယူအဆဟာ ဘယ်လောက်ထိ မှန်ကန်မှုရှိပါသလဲ?

ဂျာမနီနိုင်ငံထုတ် Brigitte မဂ္ဂဇင်းကတော့ ဒီအယူအဆဟာ ဆေးပညာရှုထောင့်ကကြည့်ရင်လည်း လုံးဝမှန်ကန်ကြောင်း ထောက်ခံလိုက်ပါတယ်။

အဆိုပါ မဂ္ဂဇင်းက အခုလို ရှင်းပြပါတယ်။

“ မုန်လာဥနီမှာ မျက်စိအားကောင်းစေဖို့ အဓိကအရေးပါတဲ့ ဗီတာမင်အေကို ဖြစ်ပေါ်စေတဲ့ Beta-Carotene ဓာတ် အလွန်ပေါ်ကြွယ်ဝလှပါတယ်။ ”

ဒါ့အပြင် အဆိုပါ မဂ္ဂဇင်းက သူ့ရဲ့အင်တာနက်ဝဘ်ဆိုဒ်မှာ အခုလို ရေးသားဖော်ပြထားပါသေးတယ်။

“ အလင်းရောင် ရရှိခံစားနိုင်ဖို့အတွက် မျက်စိအာရုံလွှာဟာ ဗီတာမင်အေဓာတ်ကို အထူးပဲ လိုအပ်ပါတယ်။ အဲဒီ ဗီတာမင်အေဓာတ်ကို မုန်လာဥနီက အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ”

ဒါ့ကြောင့် ဂျာမနီနိုင်ငံအခြေစိုက် ကျန်းမာရေးမဂ္ဂဇင်းဖြစ်တဲ့ Brigitte ဟာ မိဘတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်လေးတွေ မျက်စိအားကောင်းစေဖို့အတွက် မုန်လာဥနီကို ငယ်ငယ်ကတည်းက စနစ်တကျ ကျွေးဖို့လည်း တိုက်တွန်းနှိုးဆော်ထားတာကို တွေ့ရပါတယ်။

HMM-01/3/17 © အလင်းမျက်ဝန်း | ကိုးကား » الأيام

(ပုံနှင့်စာသား သက်ဆိုင်မှုမရှိပါ)

ဒေါက်တာရရှာဗင်န်သိဖဟဒ်ဟာ ဟာဗတ်တက္ကသိုလ်မှာ ဆေးဝါးသုတေသီဒေါက်တာဘွဲ့ကို ပထဦးဆုံးရယူမယ့် ဆော်ဒီနိုင်ငံသူတစ်ဦး ဖြစ်လာပါတယ်။

သူမ အလျင်က ဒီဘွဲ့ကို ရရှိခဲ့သူတစ်ဦးမှ မရှိခဲ့သေးပါဘူး။

နယူးယောက်မြို့တော်က အမျိုးသားခန်းမကြီးမှာ ဒေါက်တာရရှာနဲ့အတူ အခြားအမျိုးသမီး (၁၈) ဦးတို့ကို သက်ဆိုင်ရာက ဘွဲ့နှင်းသဘင်အခမ်းအနားနဲ့တကွ ဘွဲ့များ အသီးသီး ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

Inews-009/3/17 © အလင်းမျက်ဝန်း | ကိုးကား » الأيام


ဗြိတိန်နိုင်ငံမြောက်ပိုင်းမှာ အသက်အရွယ်ကြီးသူတစ်ဦးရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ သတင်းစာသည် အလီအခ်သရ်ကို သူရဲကောင်းအဖြစ် ဂုဏ်ပြုချီးမွမ်းခြင်းကို ခံခဲ့ရပါတယ်။

အလီ့ဆိုင်မှာ နေ့စဉ် သတင်းစာ လာဝယ်လေ့ရှိတဲ့ အသက် (၈၆) နှစ်အရွယ် အဖွားအိုဟာ အဲ့ဒီနေ့က ရောက်မလာတဲ့အတွက် စိုးရိမ်ပူပန်ပြီး သူမအိမ်ကို သွားရောက်ကြည့်ရှုခဲ့ရာမှာတော့ အဖွားအိုဟာ နှလုံးအမောဖောက်ပြီး ကြမ်းပြင်ပေါ်မှာ လဲကျနေတာကို တွေ့မြင်လိုက်ရပါတယ်။

လဲကျနေတဲ့ အဖွားအိုကို ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် သူမရဲ့အသက်ကို အချိန်မီ ကယ်တင်နိုင်ခဲ့ပါတယ်။

အလီအခ်သရ်က အခုလို ပြောပြပါတယ်။

“ အာရီးန်အမည်ရှိတဲ့ အသက်(၈၆)နှစ်အရွယ် အမေကြီးဟာ မနက်ကိုးနာရီထိုးရင် ကျနော့်ဆိုင်ကို သတင်းစာ လာယူနေကျပါ။ အဲ့ဒီနေ့က ကိုးနာရီကျော်ပြီး တော်တော်လေးကြာတဲ့အချိန်ထိတောင် သူမ ရောက်မလာတာကြောင့် ကျနော် အရမ်းကို စိုးရိမ်ပူပန်သွားခဲ့တာပါ။ ဒါကြောင့် အရေးပေါ်ရဲတွေကို အကူအညီတောင်း လှမ်းခေါ်ပြီး သူတို့နဲ့အတူ အမေကြီးရဲ့အိမ်ကို လိုက်သွားပြီး ကြည့်ရှုခဲ့တာပါ။ ရောက်တော့ သူမကို မြေပြင်ပေါ်မှာ လဲကျနေတာကို မြင်တွေ့လိုက်ရတာပါ။ အမေကြီးဟာ အိမ်မှာ တစ်ယောက်တည်းနေထိုင်တာလေ။ သူ့ခမျှာ အချိန်တော်တော် ကြာကြာလောက်ကတည်းက နှလုံးအမောဖောက်ပြီး လဲကျနေတာဖြစ်လိမ့်မယ်။ ကျွန်တော်တို့လည်း သူမကို ချက်ချင်းပဲ ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ ”

ရပ်ကွက်သူ၊ ရက်ကွက်သားတွေဟာ အလီအခ်သရ်ရဲ့ အထက်ပါကူညီမှုအပေါ် အလွန်ပဲ ဂုဏ်တင်ချီးမွမ်းခဲ့ကြပါတယ်။

Inews-008/3/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


သတို့သမီးတစ်ဦးဟာ သူ့ရဲ့သတို့သားကို သံကြိုးနဲ့တုပ်နှောင်ပြီး မင်္ဂလာခန်းမဆီကို ဆွဲခေါ်လာတဲ့ ဗီဒီယိုရုပ်သံဖိုင်ကို ဗြိတိန်နိုင်ငံထုတ် Mirror သတင်းဌာနက ပြသသွားပါတယ်။

သတို့သားဟာ မင်္ဂလာဆောင်ခါနီးမှ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် သတို့သမီးက အခုလို ပြုလုပ်ရခြင်း ဖြစ်တယ်လို့လည်း အဆိုပါ သတင်းဌာနက ဖော်ပြသွားပါတယ်။

ဗီဒီယိုဖိုင်ထဲမှာတော့ သတို့သမီးဝတ်ဆုံကို ဆင်မြန်းထားတဲ့ သတို့သမီးဟာ သူ့ရဲ့သတို့သားကို မင်္ဂလာဆောင်ဖို့ အော်ဟစ်ပြောဆိုနေတာကို မြင့်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သတို့သားကတော့ “ ငါ့ကို လွှတ်ပေး၊ နင့်ကို ငါ လုံးဝ မင်္ဂလာမဆောင်နိုင်ဘူး၊ ငါ့ကို သွားခွင့်ပေးပါ ” လို့ အဆက်မပြတ် ပြန်လည်အော်ဟစ်ပြောဆိုနေပါတယ်။

ဒီမင်္ဂလာထိမ်းမြားခြင်းဟာ တကယ်ပဲ ပြီးမြောက်အောင်မြင်သွားခဲ့သလား? ဒါမှမဟုတ် ပျက်ပြားသွားခဲ့လား? ဆိုတာကိုတော့ အတိအကျ မသိရဘူးလို့လည်း အဆိုပါ သတင်းစာက ဆိုပါတယ်။

GKM-01/3/17 © အလင်းမျက်ဝန်း | ကိုးကား » الأيام

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/0y9jIBhorY8
[/info]


ဆော်ဒီနိုင်ငံရဲ့ဘုရင်ကြီး စလ်မားန်နဲ့ အင်ဒိုနီးရှားနိုင်ငံသမ္မတကြီး ဂျိုကိုဝီဒိုဒိုတို့ဟာ ဘာသာပေါင်းစုံညီညွတ်ရေးနဲ့ သဟဇာတဖြစ်ရေး အရှိန်တိုးမြှင့်လုပ်ဆောင်ဖို့အတွက် ဘာသာပေါင်းစုံက ဘာသာရေးအကြီးအကဲတွေနဲ့ ဂျကာတာမြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဆော်ဒီဘုရင်ကြီး စလ်မားန်က အဆိုပါတွေ့ဆုံပွဲမှာ အခုလို ပြောကြားသွားခဲ့ပါတယ်။

“ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေအနေနဲ့ ဘာသာပေါင်းစုံကြားမှာ အပြန်အလှန် နားလည်မှုရှိရေး၊ သဟဇာတဖြစ်စေရေးကို အရှိန်တိုးမြှင့်လုပ်ဆောင်ဖို့ အရမ်းကို လိုအပ်နေပါတယ်။ ”

အင်ဒိုနီးရှားနိုင်ငံမှာ သုံးရက်တာ အလည်အပတ်ရောက်ရှိနေတဲ့ ဆော်ဒီဘုရင်ကြီးစလ်မားန်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ဘာသာပေါင်းစုံသဟဇတရှိမှု၊ အပြန်အလှန် ချစ်ခင်လေးစားမှုနဲ့ လူများစုနိုင်ငံသား မွတ်စ်လင်မ်များက ဘာသာခြားများအပေါ် ငဲ့ညှာစောင့်ရှောက်မှုတို့ကို ချီးကျူးလိုက်ပြီး မွတ်စ်လင်မ်တွေနဲ့ မွတ်စ်လင်မ်မဟုတ်သူတွေဟာ ဒီ့ထက်ပိုပြီး အချင်းချင်း ချစ်ခင်ရင်းနှီးကြဖို့နဲ့ အချင်းချင်းလေးစားတန်ဖိုးထားဖို့ လိုအပ်ကြောင်းကိုလည်း တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံသမ္မတကလည်း အခုလို ပြောကြားခဲ့ပါတယ်။

“ ဒီကနေ့ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ အစွန်းရောက်မှုတွေ၊ ဘာသာရေးကိုတလွဲအသုံးချပြီး လုပ်ဆောင်နေတဲ့အကြမ်းဖက်မှုတွေကို အမြစ်ဖျက် ခြေမှုန်းနိုင်ဖို့အတွက် ဘာသာတစ်ခုနဲ့တစ်ခုကြားမှာ နားလည်မှုရှိခြင်း၊ သဟဇတရှိခြင်းနဲ့ အချင်းချင်းလေးစား တန်ဖိုးထားခြင်းတို့ဟာ အရမ်းကို အရေးပါလှပါတယ်။ ”

Inews-006/3/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV

[3column][content]
စတုတ္ထတန်း၊ ပြည်သူ့နီတိ၊ စာမျက်နှာ (၂၇) [/content][content]
စတုတ္ထတန်း၊ ပြည်သူ့နီတိ၊ စာအုပ်အဖုံး [/content][content]
စတုတ္ထတန်း၊ ပြည်သူ့နီတိ၊ စာမျက်နှာ (၂၈) [/content][/3column]

လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်​နှစ်​အတွင်း အ​ခြေခံပညာ မူလတန်းအဆင့်​ သင်ရိုးသစ်မှာပါဝင်မယ့် “ ပြည်သူ့နီတိ ” ဘာသာရပ်ထဲက ဘာသာတရားများရဲ့ အခြေခံသဘောတရားနဲ့ အဆုံးအမ သင်ခန်းစာတချို့ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာပါတယ်။

အဆိုပါ ပျံ့နှံ့နေတဲ့ သင်ခန်းစာများအတွင်း ကမ္ဘာ့အဓိကဘာသာကြီး (၄) ပါးအကြောင်းကို “ ဘာသာတရားများ မိတ်ဆက် ” ခေါင်းစဉ်နဲ့ ထည့်သွင်းထားတာကို မြင်တွေ့ရပါတယ်။

“ တတိယတန်း ပြည့်သူ့နီတိမှာ ဗုဒ္ဓဘာသာ (ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးဘာသာ) နဲ့ ဟိန္ဒူဘာသာ (ကမ္ဘာ့တတိယလူဦးရေအများဆုံးဘာသာ) ကိုသင်ပေးပြီး စတုတ္ထတန်းမှာ ခရစ်ယာန်ဘာသာ (ကမ္ဘာ့လူဦးရေအများဆုံးဘာသာ) နဲ့ အစ္စလာမ်ဘာသာ (ကမ္ဘာ့ဒုတိယလူဦးရေအများဆုံးဘာသာ) ကို သင်ကြားပေး ” လို့ စင်္ကာပူနိုင်ငံမှာနေထိုင်တဲ့ ကွန်ပျူတာပညာရှင် ကိုကျော်ဇော်ယျရဲ့ အကောင့်မှာ ရေးသားဖော်ပြထားပါတယ်။

ပျံ့နှံ့နေတဲ့ ဓာတ်ပုံများပါအချက်အလက်များအရ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာအကြောင်းကို (၄) မျက်နှာစီပါဝင်ပြီး ခရစ်ယာန်ဘာသာကိုတော့ (၃) မျက်နှာနဲ့ အစ္စလာမ်ဘာသာကိုတော့ (၂) မျက်နှာစီ ဖော်ပြပါဝင်တာကို တွေ့ရပါတယ်။

အစ္စလာမ်ဘာသာနဲ့ပတ်သက်တဲ့အကြောင်းအရာမှာတော့ စာမျက်နှာ (၂၇) မှာ အစ္စလာမ်ကို အဓိပ္ပါယ်ဖွင့်ဆိုပုံ၊ အခြေခံယုံကြည်ချက်အနှစ်ချုပ်နဲ့ အခြေမြစ်တရား (၅)ပါးတို့ကို ကလေးများ နားလည်လွယ်အောင် ဖော်ပြထားတာကို တွေ့ရပါတယ်။

စာမျက်နှာ (၂၈) မှာတော့ “ အစ္စလာမ်ဘာသာ အဆုံးအမ ကောက်နုတ်ချက်များ ” ဟူ၍ ခေါင်းစဉ်ကြီးအောက်မှာ ကုရ်အာန်ကျမ်းတော်မြတ် (၂၄) ပါရာဟ်မှ စူရာဟ်အမှတ်စဉ် (၄၁) (စူရာဟ် ဟာမီးမ် စဂ်ျဒဟ်) ၏ အာယသ်တော်အမှတ် (၃၄) နှင့် အဗူဒါဝူးဒ်ကျမ်းမှ ဟဒီးဆ်တော်တစ်ပုဒ်တို့ကို ဖော်ပြထားပါတယ်။

ယခုလိုဖော်ပြမှုအပေါ် အကောင်းမြင်ပြီး ကြိုဆိုသူအများအပြားရှိနေပါတယ်။ ဘရူနိုမိုင်းလ်အမည်နဲ့ အကောင့်က ရေးသားဖော်ပြထားတာကိုလည်း အခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

“ အစ္စလာမ်ဘာသာနဲ့ ပတ်သတ်ပြီး မဟုတ်တမ်းတရားတွေကို တချို့လူတွေ ဝါဒဖြန့်နေကြတယ်။ အခုတော့ ကလေးတွေ အစ္စလာမ်ဘာသာနဲ့ပါတ်​သက်​တဲ့ အရှိတရားတွေ၊ အမှန်တရားတွေကို သိခွင့်ရကြတော့မယ်။ ဒီလို ဘာသာတရားတွေရဲ့ အဆုံးအမတွေ သင်ခန်းစာမှာ ထည့်သွင်းတာ အရမ်းသဘောကျပါတယ်။ အလယ်တန်း၊ အထက်တန်းတွေမှာလည်း ထည့်သွင်းသင်ကြားသင့်ပါတယ်။ ဒါမှလည်း ဘာသာတစ်ခုနဲ့တစ်ခု နားလည်မှုတွေရှိလာမှာပါ။ ”

Mnews-02/3/17 © အလင်းမျက်ဝန်း

[2column][content]
စတုတ္ထတန်း၊ ပြည်သူ့နီတိ၊ မာတိကာ [/content][content]
တတိယတန်း၊ ပြည်သူ့နီတိ၊ မာတိကာ [/content][/2column]


တူရ်ကီနိုင်ငံရဲ့ ကရာမုရ်စလ်မြို့တော်ဝန်ဟာ ရေနစ်နေတဲ့အမျိုးသမီးတစ်ဦးကို ချက်ချင်း ရေထဲဆင်းပြီး ကယ်ဆယ်လိုက်တဲ့အတွက် ပြည်သူတွေရဲ့စိတ်နုလုံးကို သိမ်းပိုက်သွားနိုင်ခဲ့ရုံမက သူရဲကောင်းတစ်ဦးအဖြစ် မှတ်ကျောက်တင်ခဲ့ရပါတယ်။

တူရ်ကီနိုင်ငံအနောက်ပိုင်းမှာ သင်္ဘောနစ်မြုပ်ပြီး သေးဆုံးသွားခဲ့တဲ့ခရီးသည် (၂၇၂) ဦး အတွက် ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို တူရ်ကီအစိုးရက ကျင်းပပေးခဲ့ပါတယ်။

အခမ်းအနားကျင်းပနေစဉ်မှာ ရေငုတ်သမားနှစ်ဦးကို ပင်လယ်ထဲမှာ သရုပ်ပြဖို့အတွက် အသင့်ထားရှိခဲ့ပါတယ်။

အဆိုပါရေငုတ်သမားနှစ်ဦးအနက်က တစ်ဦးဟာ ရုပ်တရက်ကြွက်တက်ပြီး ရေနစ်သွားခဲ့ပါတယ်။

အခမ်းအနားမှာ ရောက်ရှိနေတဲ့ မြို့တော်ဝန် မိုဟမ္မဒ် အစ္စမာအီလ်ဟာ ချက်ချင်းဆိုသလို မိမိရဲ့အင်္ကျီအဝတ်အစားတွေကို ချွတ်ပစ်လိုက်ပြီးနောက် ရေထဲကို ခုန်ဆင်း၍ ရေကူးကာ အဆိုပါအမျိုးသမီကို သွားရောက်ကယ်တင်ခဲ့ပါတယ်။

အလွန်အေးတဲ့ရာသီဥတုရှိတဲ့ တူရ်ကီနိုင်ငံရဲ့ အဆိုပါအခမ်းအနားမှာ ရောက်ရှိနေတဲ့ပရိသတ်တွေကို ဒီမြင်ကွင်းက အလွန်ပဲအံ့ သြမှင်တက်သွားစေခဲ့ပါတယ်။

အားလုံးဟာ လက်ခုတ်သြဘာတီးပြီး မြို့တော်ဝန်ကို ချီးကျူးအားပေးခဲ့ကြပါတယ်။

Inews-005/3/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


မိဘနှစ်ပါးဟာ ဈေးဝယ်သွားစဉ် အမွှာကလေးနှစ်ဦးကို အိမ်မှာထားသွားခဲ့လို့ နှစ်ဦးစလုံး ရေနစ်သေဆုံးသွားခဲ့ရတဲ့ ရင်နင့်ဖွယ်အဖြစ်အပျက်တစ်ခု အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားသွားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံထုတ် အင်ဒီပန်ဒန့်သတင်းစာရဲ့အဆိုအရ အမွှာကလေးနှစ်ဦးဟာ မိဘနှစ်ပါးစလုံး အလုပ်ကိစ္စကြောင့် အိမ်ပြင်ထွက်သွားကြစဉ် အဝတ်လျှော်စက်ထဲမှာ ရေနစ်ပြီး သေးဆုံးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး အသက်သေဆုံးသွားခဲ့တဲ့ ကလေးငယ်နှစ်ဦးဟာ သုံးနှစ်သားအရွယ်တွေသာ ရှိကြပါသေးတယ်။ တစ်ဦးရဲ့နာမည်က နီရှာန်သ်ဖြစ်ပြီး နောက်တစ်ဦးနာမည်က နက်ရှိယာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူဟာ အဝတ်လျှော်ဖို့ အဝတ်လျှော်စက်ထဲမှာ ရေဖြည့်ပြီးတဲ့နောက် ဆပ်ပြာမှုန့်ကုန်နေတာကြောင့် ဆပ်ပြာမှုန့်ဝယ်ဖို့အတွက် အိမ်နားက ကုန်စုံဆိုင်တစ်ဆိုင်ကို ထွက်သွားပါတယ်။

သူမဟာ အဝတ်လျှော်စက်ရဲ့ အဖုံးကို မပိတ်ဘဲ ထားသွားခဲ့တာပါ။ သူမ အိမ်ကထွက်သွားတာဟာ ခြောက်မိနစ်လောက်ပဲ ကြာခဲ့ပါတယ်။

သူမရဲ့ အမွှာကလေးတွေ ဆော့ကစားနေကြတဲ့အတွက် ဒီအတိုင်းပဲ အမှုမဲ့အမှတ်မဲ့ ထားခဲ့လိုက်ပါတယ်။

သူမ အိမ်ပြန်ရောက်တော့ ကလေးတွေကို ရှာမတွေ့တော့လို့ ရဲ့ကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

ဖခင်ဖြစ်သူဟာလည်း ချက်ချင်း အလုပ်ကနေ အိမ်ကို အပြေးအလွှား ပြန်လာခဲ့ပါတယ်။

ဒါပေမဲ့ နောက်ဆုံး သူတို့ရဲ့ အမွှာကလေးတွေကို အဝတ်လျှော်စက်ထဲမှာ ရေနစ်သေနေတာကို ရင်နင့်ကြေကွဲဖွယ် မြင်တွေ့ခဲ့ကြရပါတယ်။

ကလေးငယ်နှစ်ဦးဟာ အဝတ်လျှော်စက်ဘေးနားက အဝတ်ပုံပေါ်ကနေတဆင့် လျှော်စက်ကို တက်ကြည့်ကြရာကနေ အဖုံးပွင့်နေတဲ့အတွက် အဝတ်လျှော်စက်ထဲ ပြုတ်ကျသွားတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆခဲ့ကြပါတယ်။

Inews-003/3/17 © အလင်းမျက်ဝန်း | ကိုးကား » سكاي نيوز عربية


အစ္စလာမ်သာသနာဟာ ကမ္ဘာပေါ်မှာ စိတ်ဝင်စားမှုအခံရဆုံးနှင့် ပြန့်နှံ့မှုအမြန်ဆုံးသော သာသနာဖြစ်ပြီး လာမယ့် ၂၀၅၀ မှာ ယုံကြည်သက်ဝင်ကူးပြောင်းမှု အများဆုံးသောသာသနာအဖြစ် လက်ရှိခရစ်ယာန်သာသနာရဲ့နေရာကို အစားထိုးဝင်ရောက်သွားနိုင်တယ်လို့ အမေရိကန်သုတေသနအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

Pew Research Center ရဲ့ စစ်တမ်းအရ လာမယ့် (၃၃) နှစ်အတွင်း ဥရောပနိုင်ငံတွေမှာ မွတ်စ်လင်မ်ဦးရေ (၁၀) ရာခိုင်းနှုန်းအထိ တိုးမြင့်သွားမှာဖြစ်ပီး အိန္ဒိယနိုင်ငံမှာ မွတ်စ်လင်မ်ဦးရေ သန်း (၃၀၀) အထိ စံချိန်တင် တိုးမြင့်လာနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါသုတေသနအဖွဲ့ရဲ့ စစ်တမ်းအရ ၂၀၁၀ ခုနှစ်မှာ မွတ်စ်လင်မ်ဦးရေ သန်းပေါင်း (၁၆၀၀) နဲ့ ခရစ်ယာန်ဘာသာဝင် သန်းပေါင်း (၂၂၀၀) ရှိတယ်လို့ ညွှန်းဆိုထားပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ လာမယ့် ၂၀၅၀ နှစ်မှာ မွတ်စ်လင်မ်ဦးရေဟာ သန်း (၃၀၀) ကျော်သွားမှာဖြစ်ပီး တစ်နိုင်ငံလုံးရဲ့ ၁၈ ရာခိုင်နှုန်းအထိ တိုးတက်သွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အစ္စလာမ်သာသနာဟာ ကမ္ဘာပေါ်မှာ စိတ်ဝင်စားမှုအခံရဆုံးသော သာသနာဖြစ်နေတာကြောင့် နောက်ဆက်တွဲအဖြစ် မိမိဆန္ဒအလျောက် ယုံကြည်သက်ဝင်ကူးပြောင်းမှု အများဆုံးသောသာသနာလည်း ဖြစ်လာနေပါတယ်။

Inews-004/3/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


ပါကစ္စတန်၊ အိန္ဒိယကြားက လွတ်လပ်တဲ့ ကစ်ရှ်မီးရ်ဒေသဆိုင်ရာ ဗဟိုတရားရုံးချုပ်ရဲ့ တရားသူကြီးချုပ်သစ် ကျောက်သရီးမုဟမ္မဒ်အိဗ်ရာဟီးမ် ဿွိယာက အစိုးရဝန်ထမ်းများရဲ့ ရာထူးတိုးတက်မှုနဲ့ လစာတိုးမှုတို့အတွက် မပျက်မကွက် စွလာသ်ဆောက်တည်ခြင်းကိုလည်း စံသတ်မှတ်မှုတစ်ခုအနေနဲ့ ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။

“ အစိုးရရုံးဝန်ထမ်း မွတ်စ်လင်မ်အမျိုးသားအားလုံးဟာ ဂျမာအသ်နဲ့တကွ စွလာသ်ဝတ်ပြုတာကို တစိုက်မတ်မတ်နဲ့ မပျက်မကွက် သတ်မှတ်ထားတဲ့အချိန်မှာ ပြည့်ပြည့်ဝဝ ဆောင်ရွက်ပါက ရာထူးတိုးခြင်းနဲ့ လစာတိုးခြင်းတို့ဟာ စွလာသ်ကို မပျက်မကွက် ဆောင်ရွက်ခြင်းနဲ့ ဆက်နွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ” လို့ တရားသူကြီးချုပ်က ၎င်းရဲ့မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသွားပါတယ်။

မီဒီယာတွေရဲ့ အစီရင်ခံစာအရ တရားသူကြီးချုပ်ဟာ စွလာသ်ကို ဂရုမစိုက်တာမှန်သမျှနဲ့ သစ္စာမဲ့ခြင်း၊ အစိုးရပိုင်ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်းတွေကို နည်းနည်းလေးမှ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူးလို့ အခုလို ပြတ်ပြတ်သားသား ပြောဆိုသွားပါတယ်။

“ အစိုးရဝန်ထမ်းတွေဟာ မိမိတို့ရဲ့ တာဝန်တွေကို ပြည့်ပြည့်ဝဝကြိုးစားအားထုတ်မှု၊ သစ္စာသမာဓိရှိမှု၊ စိတ်စေတနာဖြူစင်မှု၊ စိတ်ဝင်စားမှုတွေနဲ့ ပြုလုပ်ဆောင်ရွက်ရမယ်။ ဒေသစွဲ၊ ဘာသာစကားစွဲ၊ အုပ်စုဂိုဏ်းဂဃစွဲ အကျင့်တွေကို စွန့်ပယ်ပြီး အစ္စလာမ့်အုပ်စုအဖြစ်နဲ့ မိမိတို့ရဲ့ တာဝန်တွေကို ကျေပွန်ကြရမယ်။ ”

အဆိုပါ တရားသူကြီးချုပ်သစ် ကျောက်သရီးမုဟမ္မဒ်အိဗ်ရာဟီးမ် ဿွိယာဟာ ပြီးခဲ့တဲ့အပတ်ထဲမှာ လွတ်လပ်တဲ့ ကစ်ရှ်မီးရ်ဒေသရဲ့ (၁၂) ယောက်မြောက်သော တရားသူကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။

Inews-002/3/17 © အလင်းမျက်ဝန်း | ကိုးကား » DUNYA TV


နေပြည်တော် ပျဉ်းမနားမြို့နယ် အစ္စလာမ့်အခြေခံပညာရေး (ဒီနီယသ်) မြို့နယ်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်တဲ့ ပညာရည်ချွန်ဆုပေးပွဲနှင့် မြတ်ဆရာဂုဏ်ပြုပွဲကို မနေ့က (၂၈-၂-၂၀၁၇) ရက်နေ့က ပျဉ်းမနားမြို့မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါတယ်။

အခမ်းအနားကို ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်ရှိ မင်္ဂလာဂျာမေဗလီ၏ အလင်းရောင် အစ္စလာမ့်အခြေခံ (ဒီနီယသ်) စာသင်ကျောင်းဝင်းအတွင်း ညနေ (၆) နာရီ (မဂ်ရိဗ်နမားဇ်အပြီး) မှစတင်ကျင်းပခဲ့ရာ ည (၁၀) နာရီကျော်အချိန်မှာတော့ အောင်မြင်စွာနဲ့ ပြီးစီးခဲ့ပါတယ်။

အခမ်းအနားအတွင်း မြို့နယ်အတွင်းမှ အသက် (၆၀) ကျော် သာသနာ့ပညာရှင်ကြီး (၈) ပါးနှင့် သင်တန်းအသီးသီးမှ သင်တန်းဆရာ၊ ဆရာမ စုစုပေါင်း (၃၉) ပါးတို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်း၊ ပထမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်မှုစွမ်းရည်ပြိုင်ပွဲ မိုဆာဗာကာမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်းနဲ့ (၄၃/၄၄/၄၅) ကြိမ်မြောက် အစ္စလာမ့်အခြေခံပညာရေး (ဒီနီယသ်) ဗဟို/မြို့နယ် ဆုရှင်ပေါင်း (၁၀၀) ကျော်တို့အား ပညာရည်ချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

အခမ်းအနားကို ဧည့်ပရိသတ်ပေါင်း တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပြီး မြို့နယ်တွင်းမှ စုပေါင်းကောက်ခံရရှိငွေ သိန်းလေးဆယ်ကျော်၊ သီးခြားအလှူရှင်များ၏ လှူဒါန်းငွေ (၂၅) သိန်းနီးပါးအကုန်အကျခံ၍ သိုက်သိုက်ဝန်းဝန်းဖြင့် အောင်မြင်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အလင်းမျက်ဝန်းမှလည်း ၎င်းအစီအစဉ်တချို့ကို တိုက်ရိုက်ထုတ်လွှင့်ပြသပေးခဲ့ပါတယ်။ အဆိုပါထုတ်လွှင့်ပြသမှုရဲ့အောက်မှာလည်း သဘောထားမှတ်ချက်အချို့ကို ယခုလို တွေ့ရှိရပါတယ်။

“ ဆုနှင်းသဘင်တစ်ခုဖြစ်ဖို့ ခက်ခဲမှန်းသိလာလို့၊ အလ္လာဟ်ရဟ်မသ်ကိုလဲ ပိုတွေးမိလာလို့ ပရိတ်သတ်တွေ ပွဲစပွဲဆုံး ခုံလွတ်မကျန် ပြည့်နေလို့၊ မက်တပ်ရပ် အားပေးခဲ့တာ.... ” လို့ Nhin Myittar Sanlay အကောင့်ပိုင်ရှင်က ရေးသားထားပါတယ်။

“ မတ်တပ်ရပ်ခဲ့တာတွေကလဲ စဝါးဗ် ပိုရမှာပါ။ ဒိုအာပြီးအထိ လူအပြည့်ပဲနော်... ငါတို့တွေ ဒီလိုအခမ်းအနားမျိုးတွေနဲ့ ဝေးကွာနေတာ ဘယ်လောက်ကြာသွားပြီလဲ... တန်ဖိုးသိတော့... အားလုံးဝမ်းသာကြည်နူးနေကြတာပေါ့နော် ” လို့ MyintHmo LinnLatt အကောင့်ပိုင်ရှင်ကလည်း ရေးသားထားပါတယ်။

“ အလ္လာဟ်အသျှင်မြတ်ကို အကြိမ်ကြိမ် ကျေးဇူးတင်မိတာပါ။ ပွဲမပြီးဘဲ မပြန်နိုင်ကြတာ တစ်မြို့လုံးပဲလေနော်.... ” လို့ Nhin Myittar Sanlay အကောင့်ပိုင်ရှင်က ဆက်လက်ရေးသားထားပါတယ်။

အခမ်းအနားကို ပျော်ဘွယ်အရဗီတက္ကသိုလ်မှ အသက် (၈၀) နီးပါးရှိပြီဖြစ်တဲ့ ကျောင်းအုပ် ဆရာသခင်ကြီး အလ်ဟဂ်ျ မောင်ဝ်လာနာ မိုဟမ္မဒ် ဟာမီးမ် နဲ့ အရေးပေါ်ဆေးကုသမှုခံယူပြီးနောက် ဆေးရုံဆင်းပြီး (၃) ရက်သာရှိသေးတဲ့ ဒုကျောင်းအုပ် ဆရာသခင်ကြီး အလ်ဟဂ်ျ မောင်ဝ်လာနာ မိုဟမ္မဒ် ဂျမာလွတ်ဒီးန် (လင်းဝင်းသူ) တို့လည်း အခမ်းအနားကို အစမှအဆုံးထိ တက်ရောက်ချီးမြှင့်ပေးခဲ့ကြပါတယ်။

“ ၁၉၆၄ ခုနှစ်ကစခဲ့တဲ့ အစ္စလာမ့်အခြေခံပညာရေး (ဒီနီယသ်) ဟာ ၂၀၀၉ ခုနှစ်လောက်အထိ တစ်နှစ်ပြီး တစ်နှစ် ကျင်းပလာရင်း... ၂၀၁၀ ကနေ နွေသင်တန်း/ဆုပေးပွဲ အစီအစဉ်တွေ အခြေအနေ အချိန်အခါအရ မလုပ်ဖြစ်တော့ရာက... အလ္လာဟ်အရှင်မြတ်ရဲ့ကျေးဇူးတော်နဲ့ ယခု ၂၀၁၇ မှာ ပြန်လည်ကျင်းပခွင့်ရရှိခဲ့တဲ့အပေါ် တစ်မြို့လုံး စည်ကားသိုက်မြိုက်စွာနဲ့ ဝမ်းမြောက်ပျော်ရွှင်ကြရပါတယ်။ ဆုပေးပွဲအခမ်းအနားကို ဟိုးအရင်နှစ်တွေကအတိုင်းလို... ပျော်ဘွယ်အရဗီတက္ကသိုလ် ကျောင်းအုပ်ဆရာသခင်ကြီးနဲ့ ဒုကျောင်းအုပ်ဆရာကြီးလည်း တက်ရောက်ချီးမြှင့်ခြင်းက ပိုပြီးဝမ်းမြောက်ပျော်ရွှင်မိတယ်... (ဆရာသခင် ၂ပါးစလုံးရဲ့ ကျန်းမာရေးနဲ့သက်တမ်းကို အရှင်ဘရ်ကသ်ပေးတော်မူပါစေ) ” လို့ MyintHmo LinnLatt အကောင့်ပိုင်ရှင်က ရေးသားဖော်ပြထားတာာကိုလည်း တွေ့ရပါတယ်။

အလင်းမျက်ဝန်းမှ အစီအစဉ်တစ်ခုလုံးကို ထုတ်လွှင့်မပေးနိုင်ခဲ့ခြင်းနဲ့ ထုတ်လွှင့်မှုကို ကြိုတင်ကြေငြာခြင်းမပြုနိုင်ခဲ့တဲ့အပေါ်မှာတော့ တည်ထောင်သူနှင့် CEO က အခုလို ပြောပြပါတယ်။

“ တချို့နေရာတွေမှာ မွတ်စ်လင်မ်တွေလုပ်နေတဲ့ ပွဲတွေကို အဖျက်သမားတွေက အဓမ္မဝင်ရောက် နှောက်ယှက်ဖျက်ဆီးတာတွေ ရှိနေပါတယ်။ ဒါကြောင့် ဘယ်နေ့ဘယ်ရက်မှာ ဘာပွဲရှိပါတယ်လို့ ကြိုပြီးကြေငြာခဲ့ရင် အခမ်းအနားကို အနှောက်အယှက်လာပေးတာတွေ၊ ပျက်စီးအောင်လာလုပ်တာမျိုးတွေ ဖြစ်မလာစေချင်လို့ အခုလို ရှောင်တခင်အနေနဲ့ပဲ ထုတ်လွှင့်ပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အလင်းမျက်ဝန်းက အခုလိုကာလမှာ ပြည်တွင်းက ဘာသာရေးအခမ်းအနားသတင်းတွေကို ပြီးဆုံးကြောင်းသတင်းတွေကိုပဲ စောင့်စိုင်းပြီး တင်ပြပေးနေရတာ ဖြစ်ပါတယ်။ အခု ထုတ်လွှင့်မှုမှာလည်း မပီမမြင်ဖြစ်နေတာတွေနဲ့ လိုအပ်ချက်တွေ အများကြီးရှိခဲ့တာကို တောင်းပန်ပါတယ်။ ဆက်လက်ကြိုးစားပါမယ်။ အလင်းမျက်ဝန်းကို အားပေးခဲ့ကြသူတိုင်းကို ကျေးဇူးအရမ်းတင်ပါတယ်။ ”

ဒါ့အပြင် မိမိတို့ဒေသများအတွင်း ဘာသာရေးအစီအစဉ်များ ပြုလုပ်ပါကလည်း အလင်းမျက်ဝန်းကို ဆက်သွယ်ပြီး သတင်းပေးပို့နိုင်ကြောင်းနဲ့ လိုအပ်ပါကလည်း ညှိနှိုင်းဆွေးနွေးပြီး တိုက်ရိုက်ထုတ်လွှင့်မှုများကို ပြုလုပ်ပေးနေပါကြောင်းကိုလည်း ဆက်လက်ပြောကြားသွားပါတယ်။

ည (၁၀) နာရီကျော်အချိန်မှာတော့ ဆရာသခင်ကြီး မောင်ဝ်လာနာ မိုဟမ္မဒ် ဟာမီးမ် က မြန်မာနိုင်ငံအတွက်၊ နိုင်ငံ့အကြီးအကဲခေါင်းဆောင်များအတွက်၊ ပြည်သူ၊ ပြည်သားများအတွက်၊ မြန်မာမွတ်စ်လင်မ်များအတွက်၊ သာသနာ့အဆောက်အဦးတွေအတွက် အလ္လာဟ်အရှင်မြတ်သခင် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့အပါအဝင် မိနစ်(၂၀)ကျော်ကြာအောင် ဒိုအာဆုမွန်များတောင်းဆိုပြီး အခမ်းအနားကို အဆုံးသတ်ခဲ့ပါတယ်။

Mnews-01/3/17 © အလင်းမျက်ဝန်း


အမေရိကန်ရုပ်ရှင်သရုပ်ဆောင် မာဟိရ်ရှာလာအလီ (Aahershala Ali) ဟာ အော်စကာဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဦးဆုံးသော မွတ်စ်လင်မ်အဖြစ် သမိုင်းတွင်နိုင်ခဲ့ပါပြီ။

သူဟာ ဒရာမာရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ (Moon Light) မှာ အကောင်းဆုံးသော ဇာတ်ပို့ဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဇာတ်ကားမှာ အလီဟာ မူးယစ်ဆေးဝါးကုန်သည်တစ်ဦး အခန်းကနေ သရုပ်ဆောင်ခဲ့ပါတယ်။

ဒီဆုဟာ အသက်(၄၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလီ့အတွက် ပထမဦးဆုံးရရှိတဲ့ အော်စကာဆု ဖြစ်ပါတယ်။

အော်စကာဆုရရှိပြီးတဲ့နောက်မှာ အလီဟာ နောက်ထပ်ဆုပေါင်းများစွာကို ဆက်လက်ပြီး ဆွတ်ခူးနိုင်ဖွယ်ရှိသေးတဲ့ ကျယ်ပြန့်စွာမျှော်လင့်ရတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တယ်လို့ လောစ်အင်ဂျလီစ်တိုင်းမ်က ဆိုပါတယ်။

Moon Light  ဇာတ်ကားမှာ အလီဟာ မူးယစ်ကုန်သည်တစ်ဦးအဖြစ်နဲ့ သရုပ်ဆောင်ရပြီး မိမိရဲ့ အရက်စွဲနေတဲ့မိခင်နဲ့အတူ လူမည်းကလေးငယ်တစ်ဦးကို ပြုစုစောင့်ရှောက်ရပါတယ်။

စင်ပေါ်မှာ အော်စကာဆုကို တက်ရောက်ရယူစဉ် အလီဟာ သူ့ရဲ့ဆရာတွေအားလုံးကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

အလီဟာ ယခုနှစ်အတွက် အကောင်းဆုံးသော ရုပ်ရှင်ဇာတ်ကားအဖြစ် အဆိုတင်သွင်းခံထားရတဲ့ Hidden Figures ဆိုတဲ့ဇာတ်ကားမှာလည်း အလီဟာ ဗိုလ်မှူးကြီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ဒါ့အပြင် အီရန်နိုင်ငံသား မွတ်စ်လင်မ် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ အဆ်ွဂရ် ဖရ်ဟဒီ (Asghar Farhadi) ရိုက်ကူးတဲ့ The Salesman ရုပ်ရှင်ဇာတ်ကားဟာလည်း အကောင်းဆုံးသော နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဇာတ်ကားဆုကိုရရှိခဲ့ပြီး၊ ဆီးရီးယားမှ မွတ်စ်လင်မ်ဒါရိုက်တာ ရအီဒွလ်ဆွာလေဟ် (Raed Al-Saleh) ရဲ့ The White Helmets ဇာတ်ကားဟာလည်း အကောင်းဆုံး အော်စကာမှတ်တမ်းရုပ်ရှင်ဆုတို့ကို အသီးသီး ရရှိခဲ့ကြပါသေးတယ်။

Inews-001/3/17 © အလင်းမျက်ဝန်း | ကိုးကား » العربية

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.