April 2017

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


မဒ်ရစာ (ခေါ်) အစ္စလာမ် ဘာသာရေး စာသင်ကျောင်း (၄) ကျောင်းကို စာသင်ကျောင်းအဖြစ်သာမက ဗလီ ဝတ်ကျောင်းတော်အဖြစ် အသုံးပြုတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်ကွက်အတွင်းနေထိုင်သူ မဟုတ်သော သံဃာများ (မျိုးချစ်မြန်မာ ရဟန်းသမဂ္ဂ) ဆိုသူများက ဦးဆောင်ပြီး မျိုးချစ်အမည်ခံ လူတစ်စုမှ လူမိုက်ဆန်ဆန် ကား(၁၀)စီးခန့်နဲ့ ရပ်ကွက်ထဲ ဝင်ရောက်လာကာ အဲ့ဒီစာသင်ကျောင်းတွေကို ပိတ်ပေးဖို့ ဆူပူအုံကြွပြီး တောင်းဆိုကြပါတယ်။

ဒီကိစ္စအပေါ် အုပ်ချုပ်ရေးအာဏာစက်နဲ့ သံဃာ့နာယကဓမ္မစက်တို့ကပါ ကြားဝင်ခဲ့ကြပေမယ့် ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့အဆုံး အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတွေကို ချိတ်ပိတ်ပေးလိုက်ရတာပါ။

အွန်လိုင်းပေါ်မှာ တက်လာတဲ့ ဗီဒီယိုဖိုင်တွေကို လေ့လာကြည့်ရင် အုပ်ချုပ်ရေးပိုင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူလို့ရတဲ့ ဥပဒေမရှိဘူးလို့ ပြောဆိုနေတာကိုတောင် မျိုးချစ်သံဃာဆိုသူတွေဘက်က လူအင်အားသုံးပြီး အတင်းအကြပ် ဖိအားပေး တောင်းဆိုနေတဲ့အတွက် နောက်ဆုံးမှာ ပြဿနာ မတက်စေဖို့အတွက် ပိတ်ပေးလိုက်ရပါတယ်။

ဒီတော့ ကျမတို့နိုင်ငံမှာ လူတစ်စုတစ်ဖွဲ့က ဥပဒေဘောင်ကျော်ပြီး အဓမ္မဖိအားပေးတောင်းဆိုရုံနဲ့ အခြေခံဥပဒေပါ အခြားနိုင်ငံသားတို့ရဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ပိုင်ခွင့်ကို တရားဝင်ထိပါးနှောက်ယှက်လို့ ရနေပြီလားဆိုတာ မေးခွန်းထုတ်ရပါတော့မယ်။

ဖြစ်စဉ်ကို ပြန်ကြည့်ရင် အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွေကို ပိတ်ခိုင်းရတဲ့ မျိုးချစ်မြန်မာရဟန်းသမဂ္ဂရဲ့ အဓိကအကြောင်းပြချက်က စာသင်ကျောင်းမှာ ဝတ်ပြုလို့ ဖြစ်ပါတယ်။

(၁) ဘာလို့ စာသင်ကျောင်းမှာ ဝတ်ပြုရတာပါလဲ?

အဖြေကတော့ ရှင်းပါတယ်။ လက်ရှိ ရှိနေသော ဗလီ ဝတ်ကျောင်းတော် အရေအတွက်နဲ့ နှစ်ပေါင်း (၃၀) ဝန်းကျင်မှာ တိုးပွားလာသော လူဦးရေ အချိုးအစား မညီမျှလို့ပါပဲ။ မြို့သစ်တွေ တည်လာပေမယ့် လုံလောက်တဲ့ ဝတ်ပြုရာ အဆောက်အအုံ ရှိမနေပါဘူး။

လက်ရှိ ပြဿနာဖြစ်တဲ့ ရပ်ကွက်ရှိရာ သာကေတမြို့နယ်တစ်ခုလုံးမှာတောင် ဗလီဝတ်ပြုဆောင်ဆိုတာ တစ်ခုမှ ရှိမနေပါဘူး။ စာသင်ဆောင်တွေကိုသာ ဝတ်ပြုဆောင်အဖြစ် အသုံးပြုနေကြရတာပါ။

ကြုံလို့ ဥပမာအနေနဲ့ တစ်ခုပြောပြချင်ပါတယ်။ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်မှာတောင် အရွယ်ရောက်ပြီးသား လူဦးရေ (၂၀၀) ရှိရင် အစိုးရကို စာတင်ပြီး ဗလီတစ်လုံးဆောက်ခွင့်ပြုဖို့ ခွင့်တောင်းလို့ရပါတယ်။

ကျမတို့နိုင်ငံမှာတော့ ဒီမိုကရေစီသာ တွင်တွင်အော်နေပေမယ့် ခုချိန်ထိ ဒီမိုကရေစီရဲ့ အနှစ်သာရကို မသိတဲ့သူတွေ အလွန်များပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ အပိုဒ် (၃၆၃) မှာ “ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ၊ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည် ” လို့ ပြဌာန်းထားပါတယ်။ တကယ်ရော နိုင်ငံတော်က သူကတိပေးထားတဲ့အတိုင်း တည်ပါရဲ့လားဆိုတာ ကျမတို့ ပြန်ဆန်းစစ်သင့်နေပါပြီ။

(၂) ဒါဆိုရင် စာသင်ရုံမဟုတ်ဘဲ ဝတ်ပြုဆောင်အဖြစ် အသုံးပြုနေတဲ့ ကျောင်းတွေကို ခုလို ချိတ်ပိတ်ခွင့် ရှိသလား?

ဟုတ်ကဲ့။ ရှိပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက စုံစမ်းစစ်ဆေးမှု အဆင့်ဆင့်ပြုလုပ်ပြီးမှသာ တရားဝင် စာထုတ်ပြီး ပိတ်ရမှာပါ။

သံဃာတွေ အနေနဲ့လဲ သက်ဆိုင်ရာ သံဃာ့နာယကကို လျှောက်တင်ပြီးမှသာ လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်ရမှာပါ။

(၃) ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာရေးဆိုင်ရာ ဦးဆောင်အဖွဲ့ကြီး (၅) ဖွဲ့ အနေနဲ့ ဘာလုပ်သင့်ပါသလဲ?

ယခုလို ကိစ္စမျိုးဟာ အခုမှ ဖြစ်တာမဟုတ်ဘဲ ရှေ့လျှောက်လဲ ဆက်ကြုံလာနိုင်ဦးမယ့် အခြေအနေဖြစ်တဲ့အတွက် အဖွဲ့ကြီး (၅) ဖွဲ့ကနေ ဦးဆောင်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်အလိုက် တရားဝင်ရှိထားပြီးဖြစ်တဲ့ ဗလီဝတ်ပြုကျောင်းတွေ၊ စာသင်ကျောင်းတွေကို စာရင်းပြုစုဖို့ လိုအပ်ပါတယ်။

လူဦးရေအချိုးအစားနဲ့ ဗလီဝတ်ကျောင်းတော်ပမာဏ မညီမျှတဲ့ မြို့သစ်နေရာတွေအတွက်လဲ လုံလောက်တဲ့ ဝတ်ပြုကျောင်းဆောင်တွေ တရားဝင်ခွင့်ပြုပေးဖို့ လက်ရှိအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။

(၄) နိုင်ငံသား ပြည်သူတွေ ဘာလုပ်သင့်သလဲ?

လက်ရှိဖြစ်သွားတဲ့ အခြေအနေမှာတော့ အစ္စလာမ်ဘာသာဝင်မဟုတ်သော နိုင်ငံသားအချို့ရဲ့ နိုင်ငံသားအချင်းချင်း ဖေးမတဲ့ ရပ်တည်မှုကို မြင်ရတာ ကျေးဇူးလဲတင်၊ အားရကျေနပ်ပီတိလဲ ဖြစ်မိပါတယ်။

ဒါပေမယ့် ဒီနေရာမှာတင် ရပ်မသွားဘဲ နောက်ဆက်တွဲ ကိစ္စရပ်တွေမှာလဲ အမှန်တရားဘက်တော်သားများအဖြစ် နိုင်ငံသားအခွင့်အရေးပေါ် အခြေခံပြီး ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ပေးရင်း ကျမတို့ချစ်တဲ့ အမိနိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်အောင် ပူးပေါင်းလက်တွဲဖြေရှင်းကြဖို့ လိုအပ်ပါတယ်။

အချုပ်အားဖြင့် ပြောရရင် အစ္စလာမ်ဘာသာဝင်တွေအတွက် ဝတ်ပြုခြင်းဟာ အခြေခံ မဏ္ဍိုင် (၅) ရပ်မှာ တစ်ခု အပါအဝင်ဖြစ်လို့ အလွန်အရေးကြီးပါတယ်။ အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်နေ့ကို (၅) ကြိမ် မဖြစ်မနေ ဝတ်ပြုရပါတယ်။ ဒီလိုဝတ်ပြုရာမှာလဲ အဆောက်အဦး အဆောင်အယောင်ထက် စိတ်နှလုံး ယုံကြည်မှုကသာ အရေးကြီးတာဖြစ်လို့ လမ်းပေါ်မှာပဲ သန့်ရှင်းအောင် ပြုလုပ်ပြီး အကုန်လုံးထွက် ဝတ်ပြုကြရင်လဲ အဆင်ပြေပါတယ်။ (အဓိကဟာ ယုံကြည်မှုပါပဲ)။ ဝတ်ပြုရာ အဆောက်အဦးတွေကို ချိတ်ပိတ်လို့ရပေမယ့် ကျမတို့ နှလုံးသားထဲက ယုံကြည်မှုကိုတော့ ချိတ်ပိတ်လို့ မရနိုင်ပါဘူး။

သို့သော် ကျမတို့ နိုင်ငံသားအစ္စလာမ်ဘာသာဝင်တွေဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံ့တာဝန်ကို ကျေပွန်ခဲ့ကြပါတယ်။ တော်လှန်ရေးကာလမှာ တော်လှန်ရေးသမိုင်း၊ တည်ဆောက်ရေးကာလမှာ တည်ဆောက်ရေးသမိုင်း စသဖြင့် အသီးသီး ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

နောက်ဆုံး ၂၀၁၅ ရွေးကောက်ပွဲကာလမှာလဲ ကျမတို့တွေ လက်သန်းမင်စွန်းလို့ ပြည်သူ့အစိုးရကို အလုံးအရင်းနဲ့ တွန်းတင်ခဲ့ကြပါတယ်။ ပြောရရင် ကျမတို့အစ္စလာမ်ဘာသာဝင်တွေဘက်က နိုင်ငံသားတာဝန်ကို မကျေပွန်တာ မရှိခဲ့ကြပါဘူး။

ဒါကြောင့် ပြည်သူ့အစိုးရအနေနဲ့လဲ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ် ပီပီပြင်ပြင် ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို နိုင်ငံသားတစ်ယောက်အနေနဲ့ စိတ်အေးချမ်းစွာ ရရှိနိုင်ဖို့ အစိုးရအနေနဲ့ တာဝန်အရှိဆုံးဖြစ်တယ်လို့ ယုံကြည်ပါတယ်။

နိုင်ငံတကာမှာ လေဆိပ်လို၊ ဈေးဝယ်စင်တာလို နေရာမျိုးတွေမှာတောင် အစ္စလာမ်ဘာသာဝင်များအတွက် ဝတ်ပြုရာအခန်းငယ်များ/ဝတ်ပြုဆောင်များကို တစ်ခမ်းတစ်နားနဲ့ စီစဉ်ပေးထားချိန်မှာ ကျမတို့နိုင်ငံက အစ္စလာမ်ဘာသာဝင်ဖြစ်လို့ နိုင်ငံသားအခွင့်အရေးတောင် အပြည့်အဝမရဘဲ ခွဲခြားဆက်ဆံခံရတယ်ဆိုတာက ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်ပြီး တည်ဆောက်နေတဲ့ နိုင်ငံတစ်ခုအနေနဲ့ အလွန်အင်မတန် ရှက်စရာကောင်းတဲ့ကိစ္စတစ်ခုလို့ မြင်မိပါတယ်။

ကျမတို့တွေ နိုင်ငံတကာကို သွားရတဲ့အခါမှာ “ ငါတို့မြန်မာနိုင်ငံကလေ ” … ဆိုပြီး ကျမမွေးဖွားရာ ကျမချစ်တဲ့ အမိမြန်မာနိုင်ငံတော်ကြီးအတွက် ခေါင်းမော့ပြီး ဂုဏ်ယူချင်ပါတယ်။

လေးစားစွာဖြင့်
ဂျူးဂျူးသန်း

MMO-01 © အလင်းမျက်ဝန်း


အမေရိကန်အခြေစိုက် ကမ္ဘာကျော်သုတေသနလုပ်ငန်းတစ်ခုဖြစ်တဲ့ Pew Research Center ရဲ့ ထုတ်ပြန်ချက်အရ ဂျူးလူမျိုးများတွင် ဘာသာမဲ့ဦးရေဟာ ပုံမှန်တိုးပွားလျက်ရှိတယ်လို့ သိရပါတယ်။

လူဦးရေ ၈.၆၈ သန်းနေထိုင်တဲ့ အစ္စရေးနိုင်ငံမှာ ဂျူးဘာသာဝင် ၆.၄၈၄ သန်းလောက် ရှိပါတယ်။

ယင်းတို့အနက်မှ ၄၄ ရာခိုင်နှုန်းသောဂျူးများဟာ လက်ရှိအချိန်တွင် မည်သည့်ဘာသာကိုမျှ သက်ဝင်ယုံကြည်ခြင်း မရှိတော့ဘူးလို့ ၎င်းစစ်တမ်းမှာ ဖော်ပြထားပါတယ်။

သုတေသနပြုရာမှာ ဂျူးသုံးပုံတစ်ပုံခန့်ပမာဏဖြစ်တဲ့ (၃၂) ရာခိုင်နှုန်းဟာ ဘာသာတရားကိုင်းရှိုင်းကြောင်း ပြောဆိုကြပြီး (၂၄) ရာခိုင်နှုန်းကတော့ မိရိုးဖလာအရ ဂျူးဘာသာအဖြစ် ခံယူသူများဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဂျူးလူမျိုးမဟုတ်တဲ့ အခြားသော နိုင်ငံတွင်းနေထိုင်သူများရဲ့ (၂၁) ရာခိုင်နှုန်းသောပမာဏဟာလည်း ဘာသာမဲ့များဖြစ်နေကြတယ်လို့ အဆိုပါစစ်တမ်းက ဖြော်ပခဲ့ပါတယ်။

အဆိုပါစစ်တမ်းပါ အချက်အလက်များနည်းတူ အစ္စရေးဗဟိုစစ်တမ်းဌာန CBS (Central Bureau of Statistics) ကလည်း အစ္စရေးနိုင်ငံသား တစ်ဝက်နီးပါးခန့်ဟာ ဂျူးဘာသာကို စွန့်ခွါလာနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Inews-06/4/17 © အလင်းမျက်ဝန်း | ကိုးကား » Israelnationalnews

 (မေးခွန်း-၁) 
ကျနော်သိချင်တာလေးကို မေးမြန်းအဖြေရှာအစီအစဉ်ကတစ်ဆင့် မေးမြန်းလိုက်ပါတယ်။
(မေးမြန်းချက်) ယောက်ျားလေးများ ငါးကြိမ်နမားဇ်အပါအဝင် ဂျုမုအဟ်၊ အီးဒ်နှစ်အီးဒ်၊ သရာဝီဟ်နဲ့ ဂျနာဇာဟ်နမားဇ်အပြင် အခြားသော ဂျမာအသ်နဲ့ ဝတ်ပြုရတဲ့နမားဇ်တွေမှာ နောက်လိုက်တွေဟာ ရှေ့ဆောင်အိမာမ်ဆိုသမျှအားလုံးကို အတူလိုက်ဆိုရပါသလား? မဆိုဘဲ နားထောင်ရပါသလား?
နားမလည်လို့ မေးမြန်းလိုက်ခြင်းပါတယ်။ ဖြေကြားပေးမယ်လို့ မျှော်လင့်နေပါတယ်။
အလင်းမျက်ဝန်းကို အလ္လာဟ်အရှင်မြတ်သခင် ဒီ့ထက်ပိုပြီး လက်ခံတော်မူပါစေ။
အဖွဲ့သားတွေအားလုံးအပေါ် အလ္လာဟ်အရှင်မြတ် ရဟ်မသ်တော်များ ကျရောက်ပြီး ထာဝရ ကူညီစောင့်ရှောက်တော်မူပါစေ။
အောင်မောင်း (နေပြည်တော်)
 (အဖြေ-၁) 
  • စွလာသ်ငါးကြိမ်စလုံးမှာ အိမာမ်နောက်ကနေဝတ်ပြုကြတဲ့ နောက်လိုက်ဝတ်ပြုသူတွေဟာ အိမာမ်ရွတ်ဆိုတဲ့ ကိရာအသ်တွေကို လိုက်မဆိုရပါ။
  • “ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်သံကြားရင် နားစိုက်ထောင်ရမယ် ” ဆိုတဲ့ ကုရ်အာန် (စူရဟ်အအ်ရာဖ်-အာယသ်-၂၀၄) အမိန့်နဲ့ “ အိမာမ်ရဲ့ ကိရာအသ်ဟာ မုက္ကသဒီရဲ့ ကိရာအသ်ပါပဲ ” လို့ အမိန့်ရှိတဲ့ ဟဒီးဆ်တော်ကြောင့်ပါ။
  • ကျန်တဲ့ ရုကွန်အပြောင်းအလဲတွေမှာ သက္ကဗီးရ်တွေကို ဆိုချင်ရင်တော့ လိုက်ဆိုခွင့်ရှိပါတယ်။
ကိုအောင်မောင်း တောင်းပေးတဲ့ဒိုအာကို အလ္လာဟ်အရှင်မြတ်သခင် လက်ခံတော်မူပါစေလို့ အာမီးန်ဆိုလိုက်ပါတယ်။ ဒိုအာပြုပေးတဲ့သူကိုလည်း အစားပေးဖို့ ပြန်လည်ဆုမွန်ပြုပါတယ်။

 (မေးခွန်း-၂) 
တခုလောက်မေးချင်ပါတယ်။ ဇကားသ်နဲ့ပတ်သက်လို့ပေါ့။
လက်ထဲမှာ ငွေနဲ့ရွှေနဲ့ပေါင်းလိုက်ရင် မြန်မာငွေ ခြောက်ဆယ့်ငါးသိန်းဖိုးလောက် စုမိထားပါတယ်။ အဲ့တာကလွဲလို့ ဘာမှမရှိပါဘူး။ နေစရာအိမ်ပိုင်လည်း မရှိသေးပါဘူး။ ဒီမှာက ငှားနေရတာပါ။ မြန်မာပြည်ပြန်ရင် အစကနေ ပြန်စရမယ့်အခြေအနေပါ။
အဲ့ဒီအခြေအနေနဲ့ ဇကားသ်ထိုက်ပါသလား? အကယ်၍ ထိုက်တယ်ဆိုရင် ဘယ်လောက်ထုတ်ရမှာပါလဲ?
မထုတ်ချင်လို့မေးတာမဟုတ်ပါဘူး။ မထိုက်ဘဲလဲမထုတ်ချင်ပါဘူး။ ထိုက်ရင်တော့ ထုတ်ချင်ပါတယ်။
နားမလည်လို့ပါ။ ပြန်ဖြေပေးပါအုံးနော်။
ချစ်စု (မလေးရှား)
 (အဖြေ-၂) 
  • အဆိုပါပိုင်ဆိုင်မှုဟာ လက်ဝယ်မှာ နှစ်ပတ်လည်အောင် ပိုင်ဆိုင်ခဲ့တယ်ဆိုရင်တော့ တစ်နှစ်ပြည့်တဲ့အခါ သတ်မှတ်နိစွာဗ်အတိုင်း တွက်ချက်ပြီး ထုတ်ရပါမယ်။
  • မလေးရှားမှာနေလို့ မလေးရှားမှာပဲ ဇကားသ်ထုတ်မယ်ဆိုရင် အဲ့ဒီဒေသရဲ့ သတ်မှတ်တဲ့ နိစွာဗ်တန်ဖိုးနဲ့တွက်ပြီး ထုတ်ရပါမယ်။
  • မြန်မာနိုင်ငံကိုငွေပို့ပြီး ထုတ်မယ်ဆိုရင်တော့ မြန်မာ့နိစာဗ်သတ်မှတ်ချက်နဲ့အညီ ထုတ်ပေးရပါမယ်။
  • အနီးစပ်ဆုံးကတော့ ညီမဖော်ပြထားတဲ့ပမာဏအရဆိုရင် မြန်မာကျပ်ငွေ (၁၆၂၅၀၀ိ/-) လောက် ထုတ်ရပါလိမ့်မယ်။
နားလည်အောင် လို/တို/ရှင်းလေးပဲ ပြန်ဖြေပေးလိုက်ပါပြီနော်။ ကျေနပ်မယ်ထင်ပါတယ်။

 (မေးခွန်း-၃) 
အိပ်မက်ကြောင့် ကိုယ်မသန့်ဖြစ်သွားပါတယ်။ ဖြစ်ဖြစ်ချင်းနိုးတာကြောင့် မသန့်တာတွေ တခြားနေရာ မပေပါဘူး။ အဝတ်လဲလိုက်ရင် ရပါသလား...?
တစ်ကိုယ်တည်း အာသာဆန္ဒဖြေဖျောက်ပေမယ့် အဝတ်အစားကို မသန့်တာတွေ မပေပါဘူး။ အဲ့ဒါတွေက ရေမချိုးရင် ရလား ဖြေပေးပါခင်ဗျား။
အပြင်မှာ မမေးရဲလို့ပါ။ ကျေးဇူးတင်ပါတယ်။
ဖြိုးထိုက် (ထန်းတစ်ပင်)
 (အဖြေ-၃) 
  • အိပ်မက်မက်ရုံနဲ့တော့ ကိုယ်မသန့်မဖြစ်ပါ။ မနီ (သုတ်ရည်) ထွက်မှသာ ကိုယ်မသန့် ဖြစ်ပါမယ်။
  • အိပ်မက်မက်ပြီး ကိုယ်မသန့်ဖြစ်တယ်ထင်ရပေမယ့် ပေကျံတာကို မတွေ့ရရင်တော့ ရေချိုးစရာမလိုပါ။ ရေချိုးရင်တော့ ပိုကောင်းပါတယ်။
  • မနီဟာ အာသာဆန္ဒဖြေလို့ပဲထွက်ထွက်၊ တခြားဘယ်နည်းနဲ့ပဲ ထွက်ထွက် ရာဂစိတ်နဲ့ ထွက်ခဲ့ရင် ရေးချိုးဖို့ တာဝန်ထိုက်ပါတယ်။
  • ပေကျံတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ အဝတ်အစားတွေကိုလည်း သန့်ရှင်းအောင် ဆေးကြောရပါမယ်။
နောက်လဲ အပြင်မှာမမေးရဲလို့ သိချင်တာရှိနေရင် ရင်ထဲမြုံမထားဘဲ သတ္တိရှိရှိ မေးမြန်းဖို့ ဖိတ်ခေါ်ပါတယ် ကိုဖြိုးထိုက်ရေ။


အမေရိကန်နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ဂိုလမ်းနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ သံသယနဲ့ တူရ်ကီရဲအရာရှိ ၉၀၀၀ ကျော်ကို ရာထူးတာဝန်တွေ ဆိုင်းငံ့လိုက်ပါတယ်။

တူရ်ကီအစိုးရက ယခုလိုလုပ်ဆောင်မှုဟာ အမျိုးသားလုံခြုံရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အစောပိုင်းကလည်း ဂိုလမ်းအား ထောက်ခံသူများကို ဖြိုခွင်းတဲ့စစ်ဆင်ရေးမှာ တူရ်ကီအစိုးရဟာ လူပေါင်း ၁၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါသေးတယ်။

ယခုအရေးယူမှုဟာ တူရကီနိုင်ငံရဲ့ လပေါင်းများစွာအတွင်း နိုင်ငံတဝန်းလုံးကို လွှမ်းခြုံတဲ့ အကြီးမားဆုံး စစ်ဆင်ရေးတွေအနက်က တစ်ခုဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တူရ်ကီပြည်ထဲရေးဝန်ကြီးကလည်း ဒါဟာ မိမိတို့ရဲတပ်ဖွဲ့ထဲကို စိမ့်ဝင်နေတဲ့ ဂိုလမ်းရဲ့ကွန်ရက်ကို ထိထိမိမိဖြိုခွင်းလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

တူရ်ကီအစိုးရဟာ မနှစ်က ဇူလိုင် ၁၅ ရက် မအောင်မြင်တဲ့အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ လူပေါင်း ၄၀၀၀၀ ကို ဖမ်းဆီးခဲ့ပြီး၊ စစ်သား၊ ရဲနဲ့ ကျောင်းဆရာများအပါအဝင် ဝန်ထမ်းပေါင်း ၁၂၀၀၀၀ လောက်ကိုတော့ ရာထူးတွေကနေ ထုတ်ပယ်တာတွေ၊ ဆိုင်းငံ့တာတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Inews-05/4/17 © အလင်းမျက်ဝန်း | ကိုးကား » MI News


အစ္စရေးနိုင်ငံက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့တော်ဒမတ်စကတ်ရဲ့ နိုင်ငံတကာလေဆိပ်အနီးမှာရှိနေတဲ့ စစ်တပ်နယ်မြေတစ်ခုမှာ ကြီးကြီးမားမား ပေါက်ကွဲမှုတွေဖြစ်ပွားပြီး မီးလောင်ခဲ့တယ်လို့ ဆီးရီးယားအစိုးရမီဒီယာက သတင်းထုတ်ပြန်သွားပါတယ်။

လောင်စာဆီသိုလှောင်ကန်တစ်ခုနဲ့ ဂိုဒေါင်တွေ ပျက်စီးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းအေဂျင်စီတစ်ခုကလည်း အတည်ပြုပါတယ်။

အစ္စရေးတို့ဟာ ၎င်းတို့ကျူးကျော်သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသအတွင်း ၎င်းတို့ရဲ့ ကင်းလှည့်ပျံသန်းနေတဲ့ ဂျက်တိုက်လေယာဉ်တွေကနေ ဒုံးကျည်တွေနဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အာဆတ်လိုလားတဲ့ Al-Mayadeen TV က ဒေသတွင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြသွားပါတယ်။

ဆီးရီးယားလက်နက်ကိုင် တော်လှန်ရေးသမားတွေဘက်ကလာတဲ့ သတင်းရင်းမြစ်တွေဘက်က ပြောကြားရာမှာတော့ အာဆတ်ရဲ့မဟာမိတ်အနေနဲ့ ဆီးရီးယားမှာ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ပေးနေကြတဲ့ လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာသူပုန်အုပ်စုတွေ ကွပ်ကဲနေတဲ့ လက်နက်သိုလှောင်ရုံတစ်ခုကို ဒုံးကျည်တွေထိမှန်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဟစ်ဇ်ဘိုလာဦးဆောင်တဲ့ ဆီးရီးယားစစ်တပ်နဲ့ လက်တွဲတိုက်ခိုက်နေတဲ့ အီရန်ကျောထောက်နောက်ခံပြု ရှီအာစစ်သွေးကြွတွေ အသုံးပြုနေတဲ့ လျှို့ဝှက်စစ်တပ်နယ်မြေထဲက လက်နက်ဂိုဒေါင်တစ်ခုကို တိုက်ရိုက်ထိမှန်ပြီး ပေါက်ကွဲသွားခဲ့တယ်လို့ ဒမတ်စကတ်အခြေစိုက် တော်လှန်ရေးသမားတွေက ရိုက်တာသတင်းဌာနကို ပြောကြားသွားပါတယ်။

အီရန်ဟာ ဆီးရီးယားအာဏာရှင်စစ်တပ်ကိုကူညီနေတဲ့ ဟစ်ဇ်ဘိုလာအကြမ်းဖက်သမားတွေဆီကို နယ်စပ်ဖြတ်ကျော်ပြီး အဆင့်မြင့်လက်နက်တွေရောက်ရှိအောင် ခိုးကြောင်ခိုးဝှက် ဖြန့်ဝေနေတဲ့အပေါ် ကြားဖြတ်ဟန့်တားခြင်းဟာ အစ္စရေးရဲ့ပေါ်လစီတစ်ခုဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ထုတ်လွှင့်တဲ့ ရေဒီယိုမှာ ထောက်လှမ်းရေးဝန်ကြီးက အတည်ပြုတဲ့သဘောဆောင်ကာ ပြောကြားခဲ့ပါတယ်။

Inews-04/4/17 © အလင်းမျက်ဝန်း | ကိုးကား » BBC


ဟစ်ဂ်ျရီ ၁၄၃၈ ခုနှစ်၏ ယှအ်ဗန်လ (၁) ရက်နေ့သည် နက်ဖန် (၂၈-၄-၂၀၁၇) သောကြာနေ့ ဖြစ်ပြီး လာမည့် မေလ (၁၁) ရက် ကြာသပတေးညသည် ယှဗေ့ဗရာအသ် (ခေါ်) လိုင်လသွလ်ဗရာအသ်ညမြတ် ဖြစ်ကြောင်း အိုလမာ သာသနာ့ပညာရှင်များအဖွဲ့ချုပ်၏ ဗဟိုလကြည့်စိစစ်ရေးကော်မတီမှ သတင်းထုတ်ပြန်လိုက်ပါသည်။

သတင်းထုတ်ပြန်ချက်ကို အိုလမာအဖွဲ့ချုပ်၏ ဓမ္မသတ်မှူးချုပ်မှ လက်မှတ်ရေးထိုးပြီး စာအမှတ် (အ.ဖ/၁၃၅/၂၀၁၇) ဖြင့် ယနေ့ (၂၇-၄-၂၀၁၇) တွင် သတင်းထုတ်ပြန်ကြေငြာပေးခဲ့ခြင်း ဖြစ်ပါသည်။

Mnews-02/4/17 © အလင်းမျက်ဝန်း



တရုတ်ပြည်မှာ မွတ်စ်လင်မ်တစ်ယောက်ဖြစ်ရတာက သာမန်နဲ့မတူဘဲ ထူးခြားသလို ခံစားနေရပါတယ်။

လူအတော်များများဟာ ကျမကို နားလည်မှုလွဲကြပါတယ်။

တရုတ်ပြည်မှာ မွတ်စ်လင်မ်ဦးရေ (၂၃) သန်းလောက် ရှိပါတယ်။

မွတ်စ်လင်မ်မိဘနှစ်ပါးကနေ မွေးဖွားလာတဲ့သူမက ဟိဂျာဗ်ဝတ်ဖြစ်ပုံကို ပြောပြပါတယ်။

တရုတ်ပြည်မှာရှိတဲ့ မွတ်စ်လင်မ်အမျိုးသမီးတွေကို ကိုယ်စားပြုပြီး ဟိဂျာဗ်ဝတ်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်။

ကျောင်းတွေမှာက ဘာသာမဲ့အယူအဆကိုပဲ သင်ပေးတယ်။

တက္ကသိုလ်မတတ်ခင်က သူမဟာ ဟိဂျာဗ်ကို မဝတ်ဆင်ဖြစ်သေးပါဘူး။

ကောလိပ်မှာ အစ္စလာမ်ဘာသာနဲ့ယဉ်ကျေးမှုကို နက်နက်နဲ့ လေ့လာခွင့်ရရှိခဲ့တာကြောင့် ဟိဂျာဗ်ကို စဝတ်ဖြစ်ခဲ့တယ်။

အစတုန်းကတော့ လူတွေက ကျမကို နားမလည်နိုင်ကြလို့ စိတ်ရောဂါဆရာဝန်နဲ့တောင် ပြခိုင်းပါသေးတယ်။

အဲ့ဒါကြောင့် အလုပ်ရှာရတာလဲ ဒုက္ခရောက်ခဲ့တယ်။

၂၀၁၂ ခုနှစ်မှာတော့ ဘေဂျင်းကို ပြောင်းရွှေ့လာပြီး ဟိဂျာဗ်ဖက်ရှင်ဆိုင်လေး ဖွင့်ဖြစ်တယ်။

တရုတ်မွတ်စ်လင်မ်အမျိုးသမီးတွေကို ပိုလှပြီး ပိုကြည့်ကောင်းအောင် လုပ်ပေးချင်ပါတယ်။

မွတ်စ်လင်မ်အမျိုးသမီးတွေ ဟိဂျာဗ်ဝတ်ပြီး သွားရဲလာရဲကြမယ်။

ပြီးတော့ အလုပ်ခွင်မှာလည်း စိတ်အေးလက်အေးနဲ့ တင့်တင့်တယ်တယ် နေနိုင်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။

MML-01/4/17 © အလင်းမျက်ဝန်း
ကိုးကား » BBC Burmese

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/eUYciE0GoYA
[/info]

မပြောလိုဘူး
သူ့ကိုကြည့်ကာ၊ သူလုပ်ရာကို
သူ့သာသနာ၊ သူဘာသာဟု
ကြံကာစွဲဆို၊ မပြောလိုဘူး။...

နှစ်သစ်ကိုကူး၊ လတန်ခူးမှာ
ကျည်းတန်ရုပ်ဆိုး၊ အလုပ်မျိုးလို့
မှန်တာလည်းကိုယ်၊ မပြောလိုဘူး။...

မေတ္တာတရား၊ သူသိထားလည်း
မိစ္ဆာစိတ်ပူး၊ လုပ်ရပ်ကျူးလို့
သံဃာပဲကိုယ်၊ မပြောလိုဘူး။...

မိသားစုရေး၊ ဝမ်းစာကျွေးတာ
သူ့ထက်သာသည်၊ ကိုသာဂီလို့
ရန်သာနဲလို၊ မပြောလိုဘူး။...

ပြောလိုသည်ကား၊ ဤလူသားကို
သင့်ပြုသည့်ကံ၊ သင့်ဆီပြန်ဖို့
ကျွန်ုပ် မတောင်း၊ ကျိန်စာဟောင်းလည်း
သင့်အား လမ်းမှန်၊ ရစေရန်သာ
ကျွန်ုပ်ဆုကောင်း၊ တောင်းလိုက်သည်။...

စေတနာ အမှန်ဖြင့်
ဆရာထူး (ကေတုမတီ)

MMP-01/4/17 © အလင်းမျက်ဝန်း


“ အစ်ကိုကြီးရေ မင်္ဂလာပါဗျ။ ”

“ အေး မင်္ဂလာပါကွာ။ မင်းရောက်လာတာနဲ့ အတော်ပဲ။ အကြမ်းဖက်ဝါဒကိစ္စနဲ့ပတ်သက်ပြီး မင်းနဲ့အစ်ကို ဆွေးနွေးချင်နေတာ။ ”

“ ဟ ဟ အစ်ကိုကြီး ကျနော့်ကို အပြတ်တွယ်တော့မယ်ထင်တယ်။ ခေါင်းစဉ်ကို ကြားကတည်းက ထွက်ပြေးချင်နေပြီဗျာ။ အကြမ်းဖက်ဆို သားသားသိပ်ကြောက်ပဲ အစ်ကိုကြီးရေ။ ”

“ အေးကွာ။ အစ်ကိုကလဲ ဒီအကြောင်းကို မင်းနဲ့ ဆွေးနွေးဖို့ အားခဲထားတာကိုး။ ဘယ်တတ်နိုင်ပါ့မလဲ။ မင်းက စိတ်ရှည်လက်ရှည်နဲ့ နားလည်အောင် ရှင်းပြတတ်လို့လေ။ ”

“ ဟုတ်ကဲ့ပါ။ ရပါတယ်။ နောက်တာပါဗျာ။ အစ်ကို့လို စေ့စေ့ပေါက်ပေါက်မေးတဲ့သူနဲ့ ဆွေးနွေးရတာ အချိန်ကုန်ရကျိုး နပ်ပါတယ်။ အစ်ကိုနားလည်အောင် ရှင်းပြဖို့ အဆင်သင့်ပါပဲဗျာ။ ”

“ ဟုတ်ပါပြီ။ ပထမဆုံးအနေနဲ့ ညီလေးကိုပြောချင်တာက လူတစ်ချို့က ပြောတယ်ကွာ။ အစ္စလာမ်ဘာသာဝင်တိုင်း အကြမ်းဖက်မဟုတ်ပေမယ့် အကြမ်းဖက်သမားတိုင်းကတော့ အစ္စလာမ်ဘာသာဝင်တွေပဲ ဖြစ်နေကြတယ်လို့ ဆိုကြတယ်။ ဒါနဲ့ပတ်သက်ပြီး ညီလေးဘာပြောမလဲ သိချင်တယ်။ ”

“ ဟုတ်ကဲ့။ ဒါနဲ့ပတ်သက်ပြီး ကျနော့်အမြင်မဟုတ်ဘဲ တကယ့်အမှန်တရားကိုပဲ ပြောပြချင်ပါတယ်။ အစ်ကို ဆုံးအောင်လေးတော့ စိတ်ရှည်ရှည် နားထောင်ပေးပါ။ ”

“ အိုခေ။ ပြောစေဗျာ။ ”

“ လူတွေက အကြမ်းဖက်မှုကို အစ္စလာမ်နဲ့ချိတ်ဆက်ပြီး တစ်နည်းနည်းနဲ့ ခေါင်းစဉ်တပ်နေကြပေမယ့် အစ္စလာမ့်ဝါဒမဟုတ်ဘူးဆိုတာကို အရင်ဆုံး အခိုင်အမာပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်က သွန်သင်ချက်တစ်ခုလောက် ပြောကြည့်မယ်နော်။ ”
“ လူသားအကျိုးကို အများဆုံး သယ်ပိုးဆောင်ရွက်သူဟာ အကောင်းဆုံးသော သူမွန်သူမြတ်ဖြစ်တယ်ဆိုပြီး မွတ်စ်လင်မ်တွေကို အများအကျိုးသယ်ပိုးစေဖို့ အတိအလင်း သွန်သင်မိန့်ကြားထားပါတယ်။ ဒီလိုအများအကျိုးပြုဖို့ သွန်သင်နေတဲ့အစ္စလာမ်ဟာ အကြမ်းဖက်မှုနဲ့ လုံးဝကို ဆန့်ကျင်နေပါတယ်ဗျာ။ ”

“ ဒါဆို အိုင်အက်စ်တွေ ”

“ ဟုတ်ကဲ့အစ်ကို ကျနော်ပြောတာ မဆုံးသေးပါဘူး။ ဆက်နားထောင်ပေးပါ။ ”
“ ဒီတော့ဗျာ။ အကြမ်းဖက်မယ့်သူတွေဟာ အစ္စလာမ်သာသနာကို လာပြီး တွယ်ကပ်ကောင်း တွယ်ကပ်နိုင်ပါတယ်။ တွယ်ကပ်တာတွေလဲ ရှိပါတယ်။ ဒါပေမယ့် အစ္စလာမ်ကတော့ အကြမ်းဖက်လုပ်ရပ်ကို မတွယ်ကပ်ပါဘူး။ ရိုးရှင်းပြီး ငြိမ်းချမ်းတဲ့ သူ့ရဲ့လမ်းစဉ်အတိုင်းပဲ သူ့ဖာသာ ဆက်သွားနေပါတယ်။ ”

“ အစ်ကိုဖြတ်မေးအုံးမယ်ကွာ။ ဒါဆိုရင် အကြမ်းဖက်သူအများဆုံးဟာ အစ္စလာမ်ဘာသာဝင်တွေပဲ ဖြစ်နေတယ်ဆိုတာကရော...? ”

“ ဒါကတော့ဗျာ လူတစ်ယောက်က အကြမ်းဖက်မှုတွေပြုလုပ်ပြီးရင် ကျနော်အစ္စလာမ်ဘာသာဝင်ပါလို့ ပြောလိုက်ရုံနဲ့ အစ္စလာမ်ဘာသာဝင်အကြမ်းဖက်သမားဆိုတာကတော့ အလိုလိုဖြစ်သွားတာပေါ့။ ဒါဟာ သိပ်ရှင်းလင်းတဲ့ ပမာပေးလိုက်တာပါ။ ဆိုလိုတာက အကြမ်းဖက်မှုဆိုတာက လူသားကလုပ်တယ်။ ဒါကို ဘာသာတရားနဲ့ ချိတ်ဆက်မယ်ဆိုရင်တော့ဗျာ ကျနော်တို့နိုင်ငံရဲ့ လက်ရှိအကြမ်းဖက်မှုတွေကို ဘယ်လိုပြောကြမလဲ...? ”

“ အိုကေပါ။ ညီလေးဆိုလိုတာ သဘောပေါက်တယ်။ အစ်ကိုနားလည်တယ်။ မြန်မာပြည်မှာ အကြမ်းဖက်နေတာကိုတော့ ထည့်မပြောပါနဲ့။ လိုရင်းမရောက်ဘဲနေမယ်။ ”

“ ဟုတ်ကဲ့ပါ။ ဆက်စပ်သွားလို့ပါ။ ကျနော် ဆက်ပြောပါမယ်။ နောက်တစ်ချက်ပြောပြချင်တာက အကြမ်းဖက်မှုကို အစ္စလာမ်က လုံးဝ ပိတ်ပင်တားဆီးထားပါတယ်။ အဲဒီတော့ အကြမ်းဖက်မှုတွေလုပ်လာတယ်ဆိုရင် အဲဒီသူဟာ မွတ်စ်လင်မ်မဟုတ်ဘူးလို့တောင် ပြောလို့ရပါတယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်ဘာသာဝင်မှန်ရင် အစ္စလာမ့်သွန်သင်မှုကို လိုက်နာရမယ်လေ။ မလိုက်နာရင် အစ္စလာမ်ဘာသာဝင် ဖြစ်ပါတော့မလား...? ”

“ ဟုတ်ပြီ။ ညီလေးပြောတာ သဘောပေါက်ပြီ။ လူတွေဟာ အကြမ်းဖက်မှုကို ဘာသာတရားအရောင်မဆိုးဘဲ ဟိုဘက်ဒီဘက်မပုတ်ဘဲ အပြတ်ရှင်းဖို့တာဝန်ရှိတာကို အစ်ကိုလက်ခံပါပြီ။ ”

“ ဟုတ်ပါတယ်။ ဒါဟာ အစ္စလာ့မ်သွန်သင်မှုလဲ ဖြစ်ပါတယ်။ အစ္စလာမ်က အကြမ်းဖက်မှု ပပျောက်အောင် အကြမ်းဖက်မှုတိုက်ဖျက်ရေးကိုပဲ သွန်သင်ထားတာပါ။ ”

“ ဟုတ်ပါပြီ။ အစ်ကို့ဘက်က ထပ်မေးစရာလေးတွေ ရှိလာတယ်။ ညီလေးပြောခဲ့တယ်နော်။ အစ္စလာမ်က အကြမ်းဖက်မှုကို ပိတ်ပင်တားဆီးထားတယ်ဆိုတာ။ အဲ့ဒါဆိုရင် မင်းတို့အစ္စလာမ်သာသနာက ဂျေဟတ်ဆိုတာကို ဘာလို့ ပြဋ္ဌာန်းထားရတာလဲ။ ဂျေဟတ်ဆိုတာ ဘာသာမတူသူတွေကို တိုက်ဖို့၊ ခိုက်ဖို့၊ သတ်ဖို့ ပြောထားတာ မဟုတ်ဘူးလား...? အဲ့ဒါက အကြမ်းဖက်မှုပဲလေ။ ”

“ တိုက်ဖို့ခိုက်ဖို့သတ်ဖို့ဆိုတော့ တစ်နည်းအားဖြင့်ဆိုရင် စစ်ကိုဆိုလိုတာပေါ့နော်။ စစ်ဆိုတာ အယူဝါဒ အမြင်ကွဲသူ၊ တစ်နည်းအားဖြင့် ရန်သူကို တိုက်ခိုက်မယ်၊ သတ်ဖြတ်မယ်ပေါ့နော်။ အစ်ကိုဆိုလိုတာ အဲ့လိုပေါ့နော်။ ”

“ ဟုတ်တယ်။ ”

“ အမေရိကန်လို အင်အားရှိတဲ့နိုင်ငံကြီးကနေစပြီး ကြိုက်တဲ့နိုင်ငံကို အစ်ကိုလက်ညိုးထိုးကြည့်လိုက်ပါ။ စစ်သားတွေ သိန်း၊ သောင်းချီအောင် ခြွေရံထားတယ်။ စစ်သားမရှိတဲ့နိုင်ငံရယ်လို့ မရှိသလောက်ပါပဲ။ နိုင်ငံအသီးသီးဟာ သူတို့စစ်သားတွေကို အစ်ကိုပြောသလိုမျိုး တိုက်ခိုက်သတ်ဖြတ် အကြမ်းဖက်ဖို့ ပြဌာန်းရုံတင်မကဘူးနော်။ အကြမ်းဖက်တတ်အောင်၊ လက်ယဉ်အောင်အထိ လေ့ကျင့်မှုတွေကိုပါ လုပ်ပေးနေကြတယ်လို့ ကျနော်ပြောမယ်ဆိုရင် မှန်ပါ့မလား...? ”

“ ဟ ဒါက သူ့နိုင်ငံအတွက် ကာကွယ်ဖို့အတွက်ပဲလေ။ စစ်တပ်ဆိုတာ အကြမ်းဖက်တာမှ မဟုတ်တာပဲ။ ”

“ ဟုတ်ပါတယ်။ အမှန်တကယ်တော့ စစ်ဆိုတာဟာ ယဉ်ကျေးမှုနဲ့ဆန့်ကျင်နေတာမှ မဟုတ်တာ။ ဒါကြောင့်လဲ နိုင်ငံအသီးသီးဟာ စစ်တပ်တွေ မနည်းမနော ခြွေရံထားကြတာပေါ့။ စစ်တပ်တွေကို ခေတ်မီတိုးတက်အောင် ပိုမိုအားထုတ်နေကြတာပေါ့။ နိုင်ငံ့အတွက် မရှိမဖြစ်မို့ စစ်စရိတ်အတွက် ငွေတွေအများကြီး ကျခံသုံးစွဲကြတာပေါ့။ စစ်တပ်တွေရပ်တည်ဖို့အတွက် စစ်ဥပဒေကိုပြဌာန်းထားကြတိုင်းသာ အကြမ်းဖက်မှုကို လမ်းညွှန်နေတယ်လို့ သမုတ်မယ်ရင် အကြမ်းဖက်မှုနဲ့လွတ်ကင်းတယ်ဆိုတဲ့ နိုင်ငံရှိပါအုံးမလား...? ”

“ ဟုတ်တယ်လေ။ သူတို့က စစ်တပ်တွေ ခြွေရံထားတာလေ။ စစ်ဥပဒေပြဌာန်းထားကြတာပဲလေ။ သူများကို စစ်တိုက်ခိုင်းနေတာမှ မဟုတ်တာ။ ဂျေဟတ်ဆိုတာက စစ်တိုက်ခိုင်းတာ မဟုတ်ဘူးလား...? ”

“ အစ်ကိုရေ ဂျီဟားဒ်ဆိုတာ အစ္စလာမ်ကပြဌာန်းထားတဲ့ စစ်ဥပဒေပါ။ စစ်တိုက်ပါလို့ တိုက်တွန်းနေတာ မဟုတ်ဘူးလေ။ ”

“ အေးပါ။ အေးပါ။ အစ်ကို နားလည်ပါပြီ။ ဆက်လင်းပါအုံးကွာ။ ”

“ တစ်ခုပြောမယ်ဗျာ။ လူတွေအတော်များများ ရှုပ်ထွေးနေကြတာက အစ္စလာမ်ရဲ့ ဂျီဟားဒ် စစ် ဆိုတာဟာ သာသနာပြုဖို့အတွက် ပြဌာန်းထားတယ်လို့ ထင်နေကြတာပဲ။ ဒါက မှားယွင်းတဲ့ ယူဆချက်ပါ။ ”
“ ဂျီဟားဒ် စစ်က အစ္စလာမ်ဖြန့်ချိဖို့ ပြဌာန်းထားတာမဟုတ်ဘဲ မွတ်စ်လင်မ်တွေကို ထိန်းသိမ်းဖို့ပြဌာန်းထားတာပါ။ ဥပမာဗျာ ကျနော် ဒီနိုင်ငံမှာနေထိုင်တယ်။ ကိုယ့်ရဲ့အမိနိုင်ငံတော်ကို ချစ်ရမယ်လို့ အစ္စလာမ်က မှာထားတယ်။ ”
“ တိုင်းတစ်ပါးက အမိမြေကို ကျူးကျော်လာမယ်ဆိုရင် ကျူးကျော်သူဟာ အီရန်နိုင်ငံပဲဖြစ်နေတယ်ဆိုပါအုံးတော့။ ကျနော်တို့ မွတ်စ်လင်မ်တွေဟာ အမိနိုင်ငံတော်ကို ကာကွယ်ထိန်းသိမ်းဖို့ဆိုတာ သာသနာရဲ့အမိန့် ဖြစ်သွားပြီဗျ။ ကျူးကျော်လာတဲ့ရန်သူတွေကို တိုက်ခိုက်ချေမှုန်းဖို့ တာဝန်ရှိသွားပြီ။ ဒါဂျီဟားဒ်ပဲ။ နိုင်ငံတော်က တာဝန်ပေးပေး မပေးပေး အစ္စလာမ်သာသနာကတော့ အဲ့ဒီကျူးကျော်ရန်သူတွေကို ချေမှုန်းဖို့အတွက် မွတ်စ်လင်မ်တွေကို အလိုအလျောက် တာဝန်ပေးပြီးသား ဖြစ်သွားတယ်ဗျ။ ဒါကြောင့် ဂျီဟားဒ်ဆိုတဲ့ဥပဒေပြဌာန်းချက်ဟာ အဲ့ဒီလိုအချိန်မျိုးမှာ အသက်ဝင်သွားပါပြီ။ မွတ်စ်လင်မ်တွေအတွက် အမိနိုင်ငံတော်ကာကွယ်ရေးအတွက် ဂျီဟားဒ်တာဝန်ကျသွားပြီ။ ”

“ စိတ်ဝင်စားဖို့ တကယ်ကောင်းတယ်ကွာ။ ဆက်ရှင်းပါ။ အစ်ကို တော်တော်လေး စိတ်ဝင်စားတယ်။ ”

“ နောက်တစ်ခုပြောချင်တာက ဘယ်နိုင်ငံမဆို စစ်ဥပဒေပြဌာန်းထားတယ်ဆိုတာ သူ့နိုင်ငံသူကာကွယ်ထိန်းသိမ်းဖို့ပါပဲ။ ဘယ်နိုင်ငံကမှ သူများကို ကျူးကျော်ပါလို့ ဥပဒေပြဌာန်းမထားပါဘူး။ အဲဒီလိုပဲ အစ္စလာမ်ကလဲ ထိန်းသိမ်းဖို့အတွက်ပဲ ပြဌာန်းထားတာပါ။ ဒါကို အသေအချာ မတွေးဆဘဲ အစ္စလာမ့်စစ်ဥပဒေ (ဂျီဟားဒ်) တစ်ခုတည်းကိုပဲ မျက်စိစူးပြီး တစ်ကမ္ဘာလုံးက စစ်တပ်တွေကို မမြင်တတ်ဘူးဆိုရင်တော့ အဲ့ဒီလူကို ဆက်ပြီးရှင်းပြဖို့ မလွယ်လောက်တော့ဘူးထင်ပါတယ်။ ”

“ အိုကေပါဗျာ။ ညီလေးပြောသမျှကို အစ်ကိုက စိတ်ဝင်စားပြီး သေချာနားထောင်ခဲ့တယ်ကွာ။ အားလုံးကိုလည်း ရှင်းရှင်းလင်းလင်း သဘောပေါက်သွားလို့ ကျေနပ်ဝမ်းသာတယ်ကွာ။ ”

“ ဟုတ်ကဲ့။ ရပါတယ်။ ”

“ နေအုံးညီလေး။ အခုမှ မေးစရာတစ်ခုကျန်နေမှန်း သတိရတယ်။ ဒီလိုကွ။ အစ္စလာမ့်သမိုင်းကို လေ့လာကြည့်တော့လေ စစ်ပွဲတွေအများကြီးတိုက်ခဲ့တယ်ဆိုတာ တွေ့ရတယ်နော်။ အဲ့ဒါကရော...? ”

“ အော် ဒါကတော့ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်တယ်ဗျ။ သူ့ဖာသာ ကစားနေတဲ့ ဖြူစင်တဲ့ကလေးတစ်ယောက်ကို ဝိုင်းပြီး စကြနောက်ကြမယ်ဆိုရင် အဲဒီကလေးဟာ အနည်းနဲ့အများတော့ ပြန်ပြီးတုန့်ပြန်ပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ ကလေးကို ဒေါသကြီးတဲ့ ပုံစံ မြင်ရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီကလေးကိုပဲ မစနောက်တဲ့ အခြားပတ်ဝန်းကျင်တစ်ခုကို ပို့ကြည့်မယ်။ ဒါမှမဟုတ်လည်း သူ့ကို မစနောက်တဲ့အချိန်အခါမျိုးမှာ လေ့လာကြည့်မယ်ဆိုရင် သူ့ရဲ့အခြေအနေဟာ ပြောင်းလဲနေတာ မြင်ရပါလိမ့်မယ်။ အစ္စလာမ်ဟာလည်း ဒီလိုပါပဲ။ အဲ့ဒီအချိန်က အမှောင်ခေတ်ပါ။ သမီးမိန်းကလေးမွေးရင်တောင် အရှင်လတ်လတ် မြေမြှုပ်သတ်တဲ့ခေတ်ကြီးပါ။ တကယ့်အရိုင်းအစိုင်းတွေကြားထဲမှာ ယဉ်ကျေးမှုသန္ဓေတစ်ခု ဖြစ်တည်လာတော့ လွယ်လွယ်နဲ့ လက်မခံနိုင်ကြတဲ့အခြေအနေပေါ့။ အမျိုးမျိုး ထိုးနှက်ခံနေရတဲ့ အခြေအနေမျိုးပေါ့ဗျာ။ ”

“ ဟုတ်ပါပြီကွာ။ ဒီနေ့တော့ အစ်ကို့အတွက် တကယ်ကို အကျိုးရှိပါတယ်။ လက်ခံနိုင်လောက်အောင် ရှင်းပြပေးတာ အရမ်းကို ကျေးဇူးကမ္ဘာပဲကွာ။ လမ်းမှာ အကြာကြီးစကားရပ်ပြောနေတာပဲ။ တစ်ခုခု သွားစားရအောင်လာကွာ။ ”

“ နေပါစေအစ်ကိုကြီးရေ။ နောက်တစ်ခေါက်ကြုံအုံးမှာပေါ့။ ကျနော်လည်း ဗလီသွားရအုံးမှာလေ။ အဇာန်ဆိုနေပြီ ”

“ ဟုတ်သားပဲ။ အေးပါကွာ။ ဟုတ်ပါပြီ။ နောက်တစ်ခေါက် ဆုံကြတာပါ။ သွားမယ်နော်။ ”

“ ဟုတ်ကဲ့ပါဗျာ။ ”

အနီးစ် (မြစ်ကြီးနား)
@ အလင်းမျက်ဝန်း (© MMS-02)

“ မေးမြန်းအဖြေရှာ ” အစီအစဉ်သစ်ကို (၂၇-၄-၂၀၁၇) နေ့မှစ၍ တိုးချဲ့တင်ဆက်မည်

အစ္စလာမ်သာသနာသည် လူသားတို့အတွက် ပြီးပြည့်စုံအောင် လမ်းညွှန်ထားပြီး ဖြစ်ပါသည်။

ကျင့်ရန်/ကျဉ်ရန်၊ ဆောင်ရန်/ရှောင်ရန် လမ်းညွှန်ထားသည့် အစ္စလာမ့်ပဉာတ်တော်များအား မသိနားမလည်ခြင်း၊ ဇဝေဇဝါဖြစ်နေခြင်းများအပေါ် မိမိအနီးပတ်ဝန်းကျင်မှာ မေးမြန်းဖို့အတွက် အခက်အခဲ တစ်စုံတစ်ရာရှိနေတယ်ဆိုရင် အလင်းမျက်ဝန်းက သင့်ကို ကူညီပေးပါမယ်။

ان شاء الله ﺗﻌﺎﻟﯽٰ

“ မေးမြန်းအဖြေရှာ ” အစီအစဉ်သစ်ကို လာမည့် (၂၇-၄-၂၀၁၇) နေ့မှစ၍ အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ့များတွင် ပုံမှန်တင်ဆက်ပေးသွားပါမည်။

မိမိသိရှိလိုသည့် “မတ်စ်အလာအကြောင်းအရာ” ကို လိုတိုရှင်းရေးသားပြီး မေးမြန်းသူရဲ့ အမည်၊ နေထိုင်ရာဒေသနှင့်တကွ ပေးပို့၍ မေးမြန်းနိုင်ပါသည်။

မေးမြန်းသည့်အကြောင်းအရာများသည်...
  1. သာသနာနှင့်သက်ဆိုင်ခြင်းမရှိပါက ဖြေကြားပေးမည် မဟုတ်ပါ။
  2. ဖသ်ဝါဓမ္မသတ်နှင့်သက်ဆိုင်နေပါက ဖြေကြားပေးမည် မဟုတ်ပါ။
  3. လတ်တလောတွင် ဟနဖီလမ်းစဉ်ကို အခြေခံ၍သာ ဖြေကြားပေးမည် ဖြစ်ပါသည်။
  4. သင့်လွယ်ကူမှုအတွက် အထောက်အကူဖြစ်စေရန်သာ ဖြေကြားပေးမည် ဖြစ်ပါသည်။
  5. ကျမ်းကိုးတောင်းခြင်းနှင့် နောက်ဆက်တွဲ စောဒကများကို တာဝန်ယူ ဖြေကြားပေးမည် မဟုတ်ပါ။
အလင်းမျက်ဝန်းရဲ့ Facebook စာမျက်နှာ www.facebook.com/alinmyetwyun ရှိ Chatbox သို့ ပေးပို့၍ မေးမြန်းနိုင်ပါသည်။

Email ဖြင့် မေးမြန်းလိုပါက alinmyetwyun@gmail.com သို့ Subject နေရာတွင် “မေးမြန်းအဖြေရှာအစီအစဉ်” လို့ ဖော်ပြပြီး မေးမြန်းနိုင်ပါသည်။


အိန္ဒိယ ဒုဝန်ကြီးချုပ်ဟောင်းနဲ့ အပေါင်းအပါတစ်စုကို ဗလီဖြိုဖျက်ဖို့အတွက် သွေးထိုးလှုံ့ဆော်မှုနဲ့ အိန္ဒိယနိုင်ငံရဲ့ ဗဟိုအဆင့်မြင့်တရားရုံးက ခုံရုံးဖွဲ့စစ်ဆေးနေပါတယ်။

အိန္ဒိယနိုင်ငံ၊ အတ်တာပရာဒတ်ရှ်ပြည်နယ်၊ အယုတ်ဒယဒေသအတွင်း ၁၆ ရာစုနှစ်ကတည်းက တည်ရှိခဲ့တဲ့ အစ္စလာမ့်သမိုင်းဝင် ဗာဗရီဗလီဝတ်ကျောင်းတော်ကြီးကို အကြမ်းဖက်ဖျက်ဆီးဖို့ ဟိန္ဒူဘာသာဝင်များအား သွေးထိုးလှုံ့ဆော်သူများအတွင်း အဆိုပါ ဒုဝန်ကြီးချုပ်ဟောင်းလည်း ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။


အိန္ဒိယအာဏာရပါတီ BJP ဥက္ကဋ္ဌဟောင်းနဲ့ နိုင်ငံတော်ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ လားလ် ခရစ်ရှ်နာ အဒ်ဗာနီ (Lal Krishna Advani) နဲ့ အပေါင်းအပါသုံးဦးတို့ကို (၂) နှစ်ခန့်ကြာအောင် ရုံးတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။


၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့က ရန်လိုနေတဲ့ ဟိန္ဒူလူအုပ်ကြီးဟာ သမိုင်းဝင် ဗာဗရီဗလီဝတ်ကျောင်းတော်ကြီးအား အဓမ္မကျူးကျော်ဝင်ရောက်၍ ဖြိုချဖျက်ဆီးခဲ့မှုတွင် ဟိန္ဒူလူမျိုးများကို သွေးထိုးလှုံဆော်ခဲ့တယ်လို့ စွပ်စွဲခံထားရပေမယ့် ၎င်းတို့သုံးဦးကတော့ ငြင်းဆန်နေကြပါတယ်။

အဆိုပါ အုပ်စုဖွဲ့အကြမ်းဖက်မှုအတွင်း လူပေါင်း ၂၀၀၀ လောက် အသက်စတေးခဲ့ကြရပါတယ်။

Inews-03/4/17 © အလင်းမျက်ဝန်း | ကိုးကား » BBC


စင်္ကာပူနိုင်ငံကို စတင်တည်ထောင်တဲ့ အစိုးရအဖွဲ့ရဲ့ လူမှုဆက်ဆံရေးဝန်ကြီးတစ်ဦးဖြစ်သူ အသက် (၉၂) နှစ်အရွယ် Tuan Haji Othman bin Wok ဟာ (၁၇-၄-၂၀၁၇) မနေ့က ဒေသစံတော်ချိန် ည (၁၂:၂၁) နာရီအချိန်မှာ စင်္ကာပူနိုင်ငံ အထွေထွေရောဂါကုဆေးရုံကြီးမှာ လူကြီးရောဂါနဲ့ အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော်ခံခဲ့ပါတယ်။

၎င်းပုဂ္ဂိုလ်ဟာ သမ္မတ ယူစွတ်ဖ် အစ္စဟက် (Yusof Ishak)၊ ဝန်ကြီးချုပ် လီကွမ်ယု (Lee Kuan Yew) တို့နဲ့အတူ စင်္ကာပူနိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့အစိုးရအဖွဲ့အတွင်းမှာ လူမှုဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးသော လူမှုဆက်ဆံရေးဝန်ကြီး ဟာဂျီ အွတ်စ်မန်း ဟာ အရောင်အသွေးစုံပြီး ကမ္ဘာ့အလယ်ခေတ်မီတင့်တယ် ဂုဏ်သရေရှိတဲ့ စင်္ကာပူနိုင်ငံကြီးဖြစ်လာစေရေးဖို့ လူမျိုး၊ ဘာသာစုံသဟဇာတ ဖြစ်စေရေးကို ၎င်းတာဝန်ယူတဲ့ (၁၄) နှစ်တာကာလအတွင်း ကျေပွန်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။


သူ့ရဲ့ နိုင်ငံတော်အပေါ် စေတနာထားဆောင်ရွက်ခဲ့တာတွေနဲ့ ပက်သတ်ပြီး လက်ရှိဝန်ကြီးချုပ်လီရှန်လုံး က ဝမ်းနည်းကြေကွဲတဲ့အကြောင်း မိမိရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြပြီး ဂုဏ်ပြုတဲ့အပြင် ကျန်ရစ်သူ မိသားစုများကိုလည်း ၎င်းတို့ရဲ့အိမ်သို့ သွားရောက်ကာ အားပေးခဲ့ပါတယ်။

ယနေ့ ဧပြီ (၁၈) ရက်နေ့မှာ ကွယ်လွန်သူ ဝန်ကြီးဟောင်း ဟာဂျီ အွတ်စ်မန်း ရဲ့ ဂျနာဇာ (ဈာပန) ကို နိုင်ငံတော်အဆင့် ကျင်းပပေးခဲ့ပြီး လက်ရှိဝန်ကြီးချုပ်နဲ့တကွ အစိုးရအဖွဲ့ဝင်များ၊ ပါလီမန်လွှတ်တော်အမတ်များ တက်ရောက် ပါဝင်ခဲ့ကြပါတယ်။


စင်္ကာပူနိုင်ငံ စွလ်သွာန်ဗလီကြီးမှာ ဝန်ကြီးသက်ရှိထင်ရှားရှိစဉ် လက်ခံယုံကြည်ခဲ့တဲ့ စွန္နီအစ္စလာမ့်လမ်းစဉ်အတိုင်း ဂျနာဇာနမားဇ်ဖတ် (သရဏံဂုဏ်တင်) ပြီးနောက် နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က ဂျနာဇာ (ကြွင်းကျန်ရုပ်ကလပ်) ကို သယ်ဆောင်ပြီး ချောချူးကန်အရပ်က မွတ်စ်လင်မ်သုဿာန်တော်မှာ ဒဖန်လုပ် (မြှုပ်နှံသင်္ဂြိုလ်) ခဲ့ပါတယ်။

သတင်း » ကျော်ဇေယျ
Inews-02/4/17 © အလင်းမျက်ဝန်း



မြန်မာနိုင်ငံမှာ ကုသိုလ်ဖြစ်ဆေးရုံ ဆေးခန်းတွေ အများကြီးရှိတဲ့အထဲ ကိုလိုနီခေတ်ကတည်းက တည်ရှိလာခဲ့တဲ့ မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံဟာလည်း ယနေ့အချိန်ထိ လူမျိုးဘာသာမရွေး အခမဲ့ ဆေးဝါးကုသပေးနေဆဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ဘာလမ်းမှာတည်ရှိတဲ့ မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံဟာ လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုအပြင် မရှိဆင်းရဲသားတွေကိုလည်း ဆေးဝါးနဲ့အစားအသောက်ကအစ အခမဲ့ ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

နှစ်ပေါင်း (၈၀) လောက် ရပ်တည်လာခဲ့တဲ့ မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံအကြောင်းကို ဗွီအိုအေသတင်းဌာနရဲ့ မြန်မာတခွင်အစီအစဉ်ကနေ ထုတ်လွှင့်တင်ဆက်သွားတာကို အလင်းမျက်ဝန်း ပရိသတ်များအတွက် ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်။

တင်ဆက်သူ » ကိုကောင်းစံဟိန်း (VOA)
Originally published at » http://burmese.voanews.com/a/3801276.html

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/-JsszRWOkR8
[/info]


“ မြန်မာ မွတ်ဆလင် အမျိုးသမီးတဦးရဲ့ ဝတ်စားဆင်ယင်မှု အမြင် ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဧရာဝတီမီဒီယာကနေ ဆောင်းပါးတစ်ပုဒ် တက်လာပါတယ်။

ဒါဟာ ဆောင်းပါးရေးသူ အမျိုးသမီးရဲ့ ပုဂ္ဂလိကအမြင်ကို သူမရဲ့လွတ်လပ်ပိုင်ခွင့်အရ ရေးသားဖော်ပြခဲ့တယ်လို့ နားလည်ပါတယ်။

ဒါပေမယ့် သူမရဲ့ အမြင်တွေဟာ လူသားအခွင့်အရေး၊ လွတ်လပ်စွာသာသနာပြုခွင့်တွေနဲ့ ငြိစွန်းနေတာကြောင့် ထောက်ပြပြောဆိုစရာတွေကတော့ ရှိလာပါတယ်။

(၁) ဆောင်းပါးရဲ့ နိဒါန်းမှာ သူမဖခင်ရဲ့ပြောစကားကို ထည့်သွင်းဖေါ်ပြထားပါတယ်။ စာသားကတော့ [ စာရေးဆရာတဦးဖြစ်တဲ့ ကျမအဖေက အမြဲပြောခဲ့ဖူးတဲ့ စကားကို ဒီနေ့ထက်ထိ ကျမမှတ်မိနေပါတယ်။ “ မြန်မာပြည်မှာနေရင် မြန်မာ့ယဉ်ကျေးမှု အတိုင်း နေရမယ် ” တဲ့။ ]

ဒီအယူအဆဟာ သူမဖခင်ရဲ့ယူဆမှုသက်သက်သာ ဖြစ်ပါလိမ့်မယ်။ ဒီအယူအဆမျိုးကိုတော့ ကျနော့်အနေနဲ့ အမြင်ကျဉ်းတဲ့အယူအဆလို့ပဲ ကောက်ချက်ချပါတယ်။ ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကမှ “ သူတို့နိုင်ငံမှာနေရင် သူတို့ယဉ်ကျေးမှုအတိုင်းပဲ နေရမယ် ” ဆိုပြီး အတင်းအကြပ် သတ်မှတ်ပြဌာန်းထားတာမျိုး မရှိသလို ဒီအယူအဆမျိုးကိုလည်း လက်ခံကျင့်သုံးနေတဲ့ နိုင်ငံမဆိုထားနဲ့ မျိုးနွယ်စုတောင်မှ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ မရှိနိုင်တော့ပါဘူး။

လူသားတစ်ဦးဟာ မိမိနှစ်ခြိုက်တဲ့ယဉ်ကျေးမှုကို လွတ်လပ်စွာ ကျင့်ကြံနိုင်ပါတယ်။ ဒါဟာ ယဉ်ကျေးမှုသီးသန့်ပါ။ ဘယ်ယဉ်ကျေးမှုမဆို သက်ဆိုင်ရာနိုင်ငံ့ဥပဒေနဲ့ ဆန့်ကျင်ထိရှမှုမဖြစ်ရင် လက်ခံကျင့်ကြံခွင့်ရှိပါတယ်။ ဒါဟာ လူတိုင်းရဲ့ အခွင့်အရေးပါပဲ။

(၂) သူမရဲ့ဆောင်းပါးမှာ လက်ရှိမြန်မာမွတ်စ်လင်မ်အမျိုးသမီးတချို့ဟာ ခေါင်းမှီးခြုံမဲမဲဝတ်စုံကိုဝတ်ဆင်နေကြတဲ့အပေါ် ဆရာကြီးဦးရာဇတ်၊ ပျဉ်းမနား ဟာဂျီမကြီး ဒေါ်စိန်မပုနဲ့ ဆရာမကြီး ဒေါ်စောရွှေ (တမလွန်ဘဝမှာ သူတို့ ငြိမ်းချမ်းသာယာကြပါစေ) တို့ကို ပမာပေးပြီး မြန်မာဆန်ဆန်မနေထိုင်ကြတာကို ဝေဖန်ထားပါတယ်။

တကယ်တော့ အစ္စလာမ်ဘာသာဝင်တွေကို အစ္စလာမ်သာသနာက အရာရာတိုင်းမှာ ပြီးပြည့်စုံအောင် လမ်းညွှန်ချက်တွေ ချမှတ်ပေးထားပြီးသား ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ဝတ်စားဆင်ယဉ်မှုပိုင်းဆိုင်ရာ လမ်းညွန်ချက်တွေလည်း ပါရှိပြီးသားဖြစ်ပါတယ်။

(ကုရ်အာန်ကျမ်းတော်မြတ် အာယသ်တော်ကို ဖော်ပြထားတဲ့အတွက်) မွတ်စ်လင်မ်တစ်ဦးလို့ ယူဆရတဲ့ ဆောင်းပါးရှင်အပေါ် သူမရဲ့ဆောင်းပါးကိုအခြေပြုပြီး မေးခွန်းထုတ်လိုပါတယ်။

“ မွတ်စ်လင်မ်တွေအနေနဲ့ အစ္စလာ့မ်လမ်းညွှန်ချက်အတိုင်း ဝတ်စားဆင်ယဉ်မှာလား...? ”
(သို့မဟုတ်)
“ ဆရာကြီးဦးရာဇတ်၊ ဟာဂျီမကြီး ဒေါ်စိန်ပု၊ ဆရာမကြီး ဒေါ်စောရွှေတို့ရဲ့ဝတ်စားဆင်ယဉ်မှုအတိုင်း ဝတ်စားဆင်ယဉ်ကြမှာလား...? ” ဆိုတာပါပဲ။

“ ဦးရာဇတ်၊ ဒေါ်ပု၊ ဒေါ်စောရွှေတို့က မွတ်စ်လင်မ်ဖြစ်ပြီး ဟိဂျားဗ်အမိန့်ကို ဘာလို့လိုက်နာမှု မပြုခဲ့တာလဲ? ” ဆိုတဲ့စောဒကမျိုး ပေါ်လာနိုင်တာကိုလည်း ထပ်ဆင့်ဖြေရှင်းပေးလိုက်ပါတယ်။

အဲဒီခေတ် (သူတို့ရဲ့ခေတ်) က မွတ်စ်လင်မ်တွေမှ မဟုတ်ပါဘူး။ အခြားဘာသာတွေရဲ့ ယဉ်ကျေးမှုတွေကလည်း အခုခေတ်လို တိုးတက်မှုမရှိသေးပါဘူး။ သာသနာ့အလင်းရောင်တွေ ကောင်းမွန်စွာ တောက်ပခြင်း မရှိသေးပါဘူး။ တစ်နည်းဆိုရရင် သာသနာ့အမိန့်တွေကို အသေအချာ ညွှန်ကြားပြသပေးနိုင်မယ့်ပညာရှင်တွေ သိပ်ကို ရှားပါးသေးတဲ့အချိန်မျိုး ဖြစ်ခဲ့လို့ပါ။

(၃) မွတ်စ်လင်မ်အမျိုးသမီးတွေ လုံခြုံစွာဝတ်ဆင်နေထိုင်ကြဖို့ လမ်းညွန်ချက်အာယသ်တော်တွေ အများကြီးရှိနေတာကိုတောင် အာရဗ်ယဉ်ကျေးမှုလို့ သမုတ်ထားတဲ့ စာရေးသူမဟာ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အာယသ်တော်တစ်ပိုဒ်ကိုတော့ မြန်မာလိုဘာသာပြန်ပြီး ထည့်သွင်းဖော်ပြထားတဲ့အတွက် အံ့သြမိပါတယ်။

မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါးမှအပ ကျန်အစိတ်အပိုင်းတွေကို လုံခြုံစွာဖုံးအုပ်ဝတ်ဆင်ကြဖို့ ကုရ်အာန်ကျမ်းမြတ်မှာ လမ်းညွန်ပြီးသား ဖြစ်ပါတယ်။

အချို့ အစ္စလာ့မ်ပညာရှင်တွေက မျက်နှာကိုပါ ဖုံးအုပ်ထားရင် ပိုပြီးလုံခြုံစေတယ်လို့ ညွန်ကြားမှုတွေရှိကြလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ တချို့သောမွတ်စ်လင်မ်အမျိုးသမီးတွေဟာ သူတို့ရဲ့မျက်နှာကိုပါ ဖုံးအုပ်ကာကွယ်ကြတာ ဖြစ်ပါတယ်။ (ဒီလိုဝတ်ဆင်မှုမျိုးကို နိကားဗ်လို့ ခေါ်ဆိုပါတယ်)

တကယ်တော့ အစ္စလာ့မ်အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယဉ်မှုဆိုတာဟာ ယဉ်ကျေးမှုမဟုတ်ပါဘူး။ သာသနာ့အမိန့်တစ်ခုသာ ဖြစ်ပါတယ်။ ဒါကိုတော့ ကွဲပြားစွာသိဖို့ အရမ်းကို လိုအပ်ပါသေးတယ်။

(၄) ဆောင်းပါးထဲမှာ [ မြန်မာနိုင်ငံသား အခြားအစ္စလာမ် ဘာသာဝင်တွေလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေ နေထိုင်သွားနိုင်ရင် ဘာပဋိပက္ခမှမဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မယ်လို့ ယုံကြည်မျှော်လင့်နေမိပါတယ် ] ဆိုပြီး ရေးသားထားပါတယ်။

တကယ်ပဲ ယုံကြည်စွာ မျှော်လင့်နေတယ်ဆိုရင်တောင်မှ ဒါဟာ သူမရဲ့ စိတ်ကူးယဉ်ဆန်တဲ့ မျှော်လင့်ချက်သီးသန့်ပါ။ မြန်မာလူမျိုးထဲမှာ “ ငါ့ယဉ်ကျေးမှုနဲ့ မနေထိုင်ရင် မင်းတို့ကို ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခွင့်မပေးဘူး။ ပဋိပက္ခဖြစ်အောင်လုပ်မယ် ” ဆိုတဲ့ အစွန်းရောက်အတွေးအခေါ်ရှိတဲ့လူမျိုး မတွေ့ဖူးသေးပါဘူး။

ဖြစ်ခဲ့တဲ့ပဋိပက္ခတွေဟာ သူမ ပြောထားသလို မြန်မာ့ယဉ်ကျေးမှုနဲ့အညီ မနေထိုင်ကြလို့ ဖြစ်နေတယ်လို့ ကောက်ချက်ချရင်တော့ သူမဟာ တော်တော့်ကို ကလေးဆန်နေတယ်လို့ ပြောရပါလိမ့်မယ်။ တကယ့်အရှိတရားကတော့ မြန်မာနိုင်ငံမှာနေထိုင်တဲ့ ဘာသာဝင်တိုင်းလိုလိုက မိမိတို့နှစ်လိုတဲ့ ယဉ်ကျေးမှုနဲ့သာ နေထိုင်တတ်ကြတာပါ။

မြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေ မနေထိုင်လို့ ပဋိပက္ခဖြစ်ကြေးဆိုရင်တော့ ပဋိပက္ခပေါင်း သောင်းခြောက်ထောင်လောက်ပေါ်ပေါက်နေမှာဖြစ်ပြီး ထိန်းဖို့၊ သိမ်းဖို့တောင် လွယ်မယ်မထင်ပါဘူး။

မြန်မာနိုင်ငံလို ဘာသာရေးလွပ်လပ်ခွင့်ရှိတဲ့နိုင်ငံမှာ မွတ်စ်လင်မ်အမျိုးသမီးတွေဟာ မိမိတို့ယုံကြည်ချက်အရ လွတ်လပ်စွာ ဟိဂျားဗ်ဝတ်ဆင်ကြတဲ့အပေါ် ဒါဟာ ဘာသာခြားတွေနဲ့ ငြိမ်းချမ်းစွာမနေထိုင်နိုင်တဲ့ အကြောင်းအရင်းပုံစံတစ်ခုလို ထည့်သွင်းရေးသားဖော်ပြနေခြင်းဟာ သိပ်ကိုအတွေးအခေါ်နိမ့်ပါးပြီး အစွန်းရောက်အမြင်ရှိသူတွေကို ပဋိပက္ခတွေပြုလုပ်ပြီး အကြမ်းဖက်မှုတွေ ဖြစ်လာအောင်လို့ နှပ်ကြောင်းပေးကာ တမင်သက်သက် လှုံ့ဆော်နေသလားလို့ စွပ်စွဲစရာတောင် ဖြစ်နေပါတယ်။

ဟိဂျားဗ်ဆိုတာဟာ မွတ်စ်လင်မ်အမျိုးသမီးတို့အတွက် လုံခြုံမှုအရှိဆုံးသော ဝတ်စားဆင်ယဉ်မှုဖြစ်တယ်ဆိုတာကို သာမန်ဘာသာရေးအမြင်ရှိပြီး ဟိဂျာဗ်မဝတ်သေးတဲ့ မွတ်စ်လင်မ်အမျိုးသမီးမျိုးကတောင် လက်ခံယုံကြည်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့သမျှသော ဘာသာရေးအကြမ်းဖက်မှု ပဋိပက္ခတွေမှာ ဘယ်နှစ်ခုကများ အဲ့ဒီဟိဂျားဗ်ဝတ်တာကို အခြေပြုပြီး ဖြစ်ခဲ့လို့လဲဆိုတာ အသေအချာ အဖြေရှာကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

(၅) ဆောင်းပါးတစ်ပုဒ်လုံး ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ဆောင်းပါးရေးသားသူဟာ ယဉ်ကျေးမှုနဲ့ သာသနာ့အမိန့်ကို ကွဲကွဲပြားပြား မသိသေးဘူးလို့ သုံးသပ်လို့ရပါတယ်။

ယဉ်ကျေးမှုဆိုတာကို “ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့၊ ထုံးထမ်း စသည်။ ” လို့ မြန်မာအဘိဓာန်မှာ ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုဆိုတာဟာ လူတစ်စုက စတင်တီထွင်လုပ်ဆောင်ပြီး အချို့က ဒါကို အဆက်ဆက် ထိန်းသိမ်းသွားတယ်ဆိုရင် ယဉ်ကျေးမှုတစ်ခုဖြစ်ပါပြီ။

လိုက်နာရမယ့်အမိန့်တစ်ခုဖြစ်ဖို့ဆိုတာကတော့ ဒီလောက် မလွယ်ကူပါဘူး။ သာသနာ့အမိန့်ပဉာတ်ချက်ဆိုတာက ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ အစ္စလာမ်သာသနာရဲ့အမိန့်တစ်ခုဖြစ်ဖို့အတွက်ဆိုရင်...
(၁) ယုံကြည်ကိုးကွယ်တဲ့ အလ္လာဟ်အရှင်မြတ်သခင်ရဲ့ အမိန့်ညွန်ကြားချက်လိုအပ်ပါတယ်။
(၂) တမန်တော်မိုဟမ္မဒ် ﷺ ရဲ့ လမ်းညွှန်မိန့်မှာမှု လိုပါတယ်။

ဒါကြောင့် တင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း အစ္စလာ့မ်အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယဉ်မှုဆိုတာဟာ အစဉ်အလာအရ မဟုတ်ဘဲ သာသနာ့အမိန့်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကိုတော့ ကွဲကွဲပြားပြား သိစေချင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဆရာမ သွေး (စစ်ကိုင်း) ကို နီးစပ်ရာ ပန်းပေါင်းစုံဝေဝေဆာဆာနဲ့ ဖူးပွင့်လှပတဲ့ ပန်းဥယျာဉ်တစ်ခုဆီ သွားရောက်လည်ပတ်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။ ဥယျာဉ်ထဲမှာရှိတဲ့ပန်းတွေဟာ ပုံစံမတူ အရောင်မတူ အနံ့မတူကြတာကြောင့် ပန်းခြံရဲ့ အလှတရားကို ဆောင်ကြဉ်းနေပါတယ်။ တကယ်လို့သာ ပန်းပေါင်းစုံ ဝေဆာမှုမရှိဘဲ ပန်းတစ်မျိုးထဲသာရှိနေရင်တော့ ဥယျာဉ်ရဲ့အလှတရားလည်း မဲ့သွားပါလိမ့်မယ်။ တကယ်တော့ ကျနော်တို့ မြန်မာနိုင်ငံဟာလည်း လူမျိုး၊ ဘာသာပေါင်းစုံတဲ့ ပန်းခြံကြီးတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အလှတရားပါ။ အယူအဆတစ်ခုတည်း၊ အရောင်အဆင်းတစ်ရောင်တည်း၊ ယဉ်ကျေးမှုတစ်ခုတည်းပဲ ပုံစံခွက်ချပြီး နေထိုင်ရမယ်ဆိုတဲ့ အတွေးမျိုးက အမိမြန်မာပြည်ရဲ့ တကယ့်အလှတရားကို ပြုတ်ပြုတ်ပြုန်းအောင်များ ဖျက်ဆီးလေတော့မလားလို့ တွေးမိပါတယ်။

အနီးစ် (မြစ်ကြီးနား)
@ အလင်းမျက်ဝန်း (© MOL-02)

(ဝဲ) Ba'alwie ဗလီဆရာကြီး အေမာမ် Habib Hassan
(လယ်) ဝန်ကြီး K Shanmugam
(ယာ) ကျူလီယာဂျာမေဗလီဆရာ အေမာမ် Nalla Mohamed
စင်္ကာပူနိုင်ငံ ပြည်ထဲရေးနှင့် ဥပဒေရေးရာဝန်ကြီး K Shanmugam ဟာ ဗုဒ္ဓဟူးနေ့က ဗလီဆရာကြီး အေမာမ် Habib Hassan ရဲ့ ဖိတ်ကြားချက်အရ (နာရှ်သာ) နံနက်စာ စားသုံးဖို့ Ba'alwie ဗလီကြီးကို ရောက်ရှိလာခဲ့ပါတယ်။

အဲ့ဒီလို လာရောက်လည်ပတ်တဲ့ ဝန်ကြီး K Shanmugam ကို အိန္ဒိယမွတ်စ်လင်မ်များအသင်းနဲ့ ကျူလီယာဂျာမေဗလီအဖွဲ့ဝင်တွေကလည်း လာရောက်တွေ့ဆုံခဲ့ကြပါတယ်။

လာရောက်တွေ့ဆုံသူတွေထဲမှာ အေမာမ် Nalla Mohamed လည်း ပါဝင်ခဲ့ပါတယ်။

အေမာမ် Nalla ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၆) ရက်နဲ့ ဖေဖော်ဝါရီလ (၂၄) ရက် ဂျုမုအဟ်အစီအစဉ်များအတွင်း ဂျူးနဲ့ခရစ်ယာန်ဘာသာဝင်များအပေါ် စကားလုံးသုံးစွဲမှုကြမ်းတမ်းတာကြောင့် သက်ဆိုင်ရာက တရားစွဲဆိုခံခဲ့ရသူ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ အေမာမ် Nalla ကို တရားရုံးက ဒဏ်ငွေ စင်္ကာပူဒေါ်လာ (၄၀၀၀) နဲ့အတူ ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ပြစ်ဒဏ်များအထိ အမြင့်ဆုံးချမှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အေမာမ် Nalla ဟာ မိမိရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး တိုင်းသိပြည်သိ တောင်းပန်ခဲ့တာကြောင့် ပြည်နှင်ဒဏ်ကို ကင်းလွတ်ခွင့်ရခဲ့ပြီး ဒဏ်ငွေ စင်္ကာပူဒေါ်လာ (၄၀၀၀) ကိုသာ ပေးဆောင်ခဲ့ရပါတယ်။

သူ့လုပ်ရပ်အပေါ် စင်္ကာပူမွတ်စ်လင်မ်များအပါအဝင် ပြည်သူအချို့က ဒေါသထွက်ခဲ့ကြပေမယ့် သူရဲ့အမှားအပေါ် ဝန်မလေးဘဲ တောင်းပန်စကားဆိုခဲ့ခြင်းကြောင့် ပြည်သူတွေရဲ့ ဂုဏ်ပြုသြဘာပေးခြင်းကို ခံခဲ့ရပါတယ်။

အိန္ဒိယနွယ်ဖွား Nalla Mohamed ဟာ စင်္ကာပူနိုင်ငံ၊ တရုတ်တန်းရပ်ကွက်မှာရှိတဲ့ ကျူလီယာဂျာမေဗလီရဲ့ အိမာမ်(၃)ပါးထဲက တစ်ပါးဖြစ်ပြီး ဇုဟိုရ်နဲ့ အစွရ်နမားဇ် နှစ်ကြိမ်ကို ဦးဆောင်ဝတ်ပြုနေတဲ့ ရှေ့ဆောင်အေမာမ်တစ်ပါး ဖြစ်ပါတယ်။

Ba'alwie ဗလီကြီးက ဗလီဆရာကြီး အေမာမ် Habib Hassan တည်ခင်းဧည့်ခံတဲ့ နာရှ်သာကို အတူစားသောက်ကြစဉ်မှာလည်း အိန္ဒိယနွယ်ဖွား ဟိန္ဒူလူမျိုးဖြစ်တဲ့ ဝန်ကြီးရဲ့ဆုံးမသြဝါဒနှစ်သိမ့်စကားများကို အေမာမ် Nalla က အသေအချာ နားထောင်နာယူမှတ်သားနေတာကိုလည်း ဒေသတွင်းမီဒီယာတွေက တစ်ခမ်းတစ်နားနဲ့ ဖော်ပြခဲ့ကြပါတယ်။

Inews-01/4/17 © အလင်းမျက်ဝန်း | ကိုးကား » အင်တာနက်


ကျစ်လစ်သေးသွယ်ပါးလွှာတဲ့ မိုဘိုင်းစမတ်ဖုန်းတွေ ပေါ်ထွန်းဖို့အတွက် ဆယ်စုနှစ် (၄) ခုကျော် ခရီးရှည်ကြီးကို ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။

တစ်ချိန်က ထုထည်အရွယ်အစားကြီးမားပြီး အလွန်လေးလံတာကြောင့် သယ်ဆောင်ရခက်ခဲတဲ့ မိုဘိုင်းဖုန်းအဖြစ်ကနေ (၄၄) နှစ်တာကာလ ကြာညောင်းပြီးနောက်မှာတော့ ယနေ့ လူသားတွေရဲ့ နေ့စဉ်ဘဝအတွင်းမှာ အလွယ်တကူနဲ့ ဝင်ရောက်နေရာယူနေပြီ ဖြစ်ပါတယ်။

ဒီနေ့ခေတ်အခါသမယမှာတော့ ကမ္ဘာ့လူသားအတော်များများရဲ့ လက်ဝယ်မှာ စမတ်ဖုန်းတွေ ကိုယ်စီကိုင်ဆောင်နေကြပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အရင်တုန်းကသာ ယနေ့ခေတ်လို စမတ်ဖုန်းတစ်လုံးကို ကိုင်ဆောင်ခဲ့ကြမယ်ဆိုရင် အထူးအဆန်း ဖြစ်နေကြမှာ သေချာပါတယ်။

ခရစ်နှစ် ၁၉၇၃ ခုနှစ်မှာ Motorola ကုမ္ပဏီကြီးဟာ အလေးချိန် (၁) ကီလို (၁ပိဿာခွဲခန့်) ထက်ပိုတဲ့ လက်ကိုင်မိုဘိုင်းဖုန်းကို ပထမဦးဆုံးထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။

ယနေ့ခေတ် မိုဘိုင်းဖုန်းရဲ့အလေးချိန်ဟာ မြန်မာ့အလေးချိန်နဲ့ချိန်တွယ်ရင် (၁၀) ကျပ်သားတောင်မပြည့်တဲ့အပြင် မှတ်စုစာအုပ်အသေးစာပမာဏလောက်အထိ သေးငယ်ပြီး ဘက်စုံအသုံးပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

SPD-02/4/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


۩   မှတ်မှတ်ရရ (၁၅.၅.၁၉၉၀) နေ့ကပါ။

မော်လမြိုင် - ကျိုက်မရော ကားလမ်းမဘေးမှာ တည်ရှိတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ထိန်းဗျောကျေးရွာအုပ်စုရဲ့ ဘုရားကုန်းကျေးရွာမှာနေတဲ့ ဦးဘာဆာ + ဒေါ်နူရ်ဘီ တို့ဆီကို မကွေးမှာ သွားနေတဲ့ သူတို့သားမက် အရေးတကြီး ရောက်လာတယ်။

“ အပါနဲ့အမာရေ၊ အပါနဲ့အမာတို့သမီးက မွေးခါနီး ဖွားခါနီးမှ ဒီခြံက ထွက်တဲ့ ကြက်မောက်သီး စားချင်ပါတယ်လို့ ချင်ခြင်းတက်တာနဲ့ ကျနော် လာခဲ့ရတာပဲ ” လို့ အမောတကော ပြောတော့တာပဲ။

သူတို့သမီးဟာ အခုရောက်လာတဲ့ မုတ္တမဘက်က သူနဲ့ အိမ်ထောင်ကျတာပါပဲ။ ဒါပေမယ့် သမီးနဲ့ သားမက်က မွေးရပ်ဌာနေ ကျိုက်မရာမြေကို စွန့်ခွာပြီး မကွေးမြို့ကို ပြောင်းရွှေ့သွားရတယ်။ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူတဲ့အတိုင်း ဦးဘာဆာတို့ ဝမ်းနည်းရုံကလွဲပြီး ဘာမှမတတ်နိုင်ရှာဘူးပေါ့။ ဒီလိုနဲ့ လက်ငုတ်လက်ရင်းဖြစ်တဲ့ လယ်ယာခြံမြေ လုပ်ငန်းကို အစဉ်တစိုက် လုပ်ကိုင်လာလိုက်တာ မကွေးက သမီး အခု တတိယကိုယ်ဝန် ရတဲ့အထိပါပဲ။

သြော် သမီးဖြစ်သူခမျှာမှာလဲ သူ့တင်ပါးဆုံရိုးက ကျဉ်းရှာတဲ့အတွက် ဖွားရိုးဖွားစဉ် မီးမဖွားနိုင်ရှာဘဲ အရင်ကလေး နှစ်ယောက်ကို ဗိုက်ခွဲမွေးခဲ့ရတယ်။

ဦးဘာဆာ တို့ လင်မယား ဗျာများရပြီပေါ့။ သမီးကလေးကိုလဲ သွားပြီး အားပေးချင်။ ဒီမှာကလဲ မိုးဦးကျစ အသီးအပွင့်တွေ လှိုင်လှိုင်ပွင့်ချိန်၊ ထွက်လာမယ့် အသီးက ရာသီကုန်မို့ ဈေးအမီ ပို့ဖို့ အရေးကြီးတယ်။ ဒီအထဲ ရွာထိပ်က ဗလီမှာ (သဗ်လီးဂ်) ဂျမာအသ်အဖွဲ့သားများ ရောက်နေလို့ သွားရောက် နှုတ်ဆက်ချင်တာနဲ့ ဦးဘာဆာတို့ လင်မယား ဗျာများနေပုံကတော့ ပြောမဆုံးနိုင်စရာပါပဲ။

ဒီလိုနဲ့ ဦးဘာဆာတို့မိသားစု သားမက်နဲ့ တိုင်ပင် ဆွေးနွေးကြတယ်။ သားမက်ကို ကျိုက်မရောမှာ ခေတ္တခဏသာ နေစေပြီး မုတ္တမကိုပြန်၊ မုတ္တမကတစ်ဆင့် (၁၈-၅-၉၀) ရထားလက်မှတ်ဝယ်ပြီး အဲဒီနေ့မှာပဲ ရန်ကုန်ကနေ မကွေးကို ပြန်ဖို့ အစီအစဉ် လုပ်ကြတယ်။ ဦးဘာဆာတို့က သမီးစားဖို့အသီးကို ရွေးချယ် ခူးဆွတ်ပြီး မုတ္တမ ဘူတာအရောက် အချိန်မီလာပို့မယ်။ ရာသီကုန် ခြံထွက်သီးနှံတွေကို ဆွတ်ပြီးရောင်းပြီးတာနဲ့ ချက်ချင်း မကွေးကို ဦးဘာဆာလိုက်ခဲ့မယ်လို့ သဘောတူလိုက်ကြတယ်။

ဒီလိုနဲ့ ဦးဘာဆာလဲ စိတ်အနည်းငယ် သက်သာရာရပြီး အဆွာရ်စွလာသ် (ညနေပိုင်းဝတ်ပြုမှု) ဝတ်တက်ဖို့ ဗလီကို လျှောက်လာ၊ ဗလီထဲဝင်၊ ဝိုဇူပြု (ကိုယ်လက်သန့်စင်)၊ ဝတ်တက်ပြီးတော့ ဗလီထဲရောက်နေတဲ့ ဂျမာအသ် (နယ်လှည့် တရားအားထုတ်သူများ) အဖွဲ့က အမီးရ်ဆဗ်ရဲ့ ဖိတ်ခေါ်ချက်အရ သဗ်လီဂ် (တရားအားထုတ်မှု) ထိုင်ဝိုင်းမှာ ဝင်ပြီးထိုင်လိုက်တယ်။

ဦးဘာဆာဟာ အဆွာရ် (ညနေပိုင်းဝတ်ပြုမှု)၊ မဂ်ရစ်ဗ် (နေဝင်ချိန်ဝတ်ပြုမှု)၊ အေရှာ (ညဥ့်ဦးပိုင်းဝတ်ပြုမှု) အားလုံးကို ဂျမာအသ်အဖွဲ့သားများနဲ့အတူ ဝတ်ပြုပြီးတော့ သမီးလေးမွေးဖွားမယ့်ကိစ္စအတွက် အရှင့်ဘက်တော်က ကူညီစောင့်မမှုရရှိဖို့ ဆုတောင်းခဲ့တယ်။

ဒီအထဲ အမီးရ်ဆဗ် (တရားအားထုတ်အဖွဲ့ကို ဦးဆောင်သူ) ရဲ့ ဖိတ်ခေါ်ချက်အရ စိတ်နှလုံးအေးချမ်းစေဖို့ အနည်းဆုံး (၁၀) ရက်လောက်တော့ အလ္လာဟ့်လမ်းမှာ တရားအားထုတ်ကျင့်ကြံနေထိုင်လိုတယ်။ ဂျမာအသ် အဖွဲ့သားများကလဲ ဒီမှာ (၁၀) ရက် နေမှာဆိုတော့ အတော်ပဲပေါ့။ ခြံကိစ္စကတော့ ကလေးတွေကြည့်ပြီး စီမံလိမ့်မယ်။ သဗ်လီဂ် (တရားအားထုတ်မှု) အလုပ်ဆိုတာ အလွန်မွန်မြတ်တဲ့အလုပ်။ ဧည့်သည် ဂျမာအသ် အဖွဲ့သားများထဲ ရပ်ဝေးမှလာသူများမို့ ရွာခံတစ်ယောက်အနေနဲ့ စောင့်ရှောက်ရမယ့် တာဝန်ကရှိနေတော့ အမီရ်ဆဗ်ရဲ့ ဖိတ်ခေါ်ချက်ကို ကြည်ကြည်ဖြူဖြူ လက်ခံလိုက်တယ်။ ဒီတော့ ဦးဘာဆာ တစ်ယောက် အိမ်ပြန် အိပ်ရာလိပ်ယူ၊ စီမံစရာတွေစီမံပြီး ဗလီကိုညအိပ်နေဖို့ ပြန်လာလိုက်ရတာပေါ့။

ဖြစ်ချင်တော့ သားမက် မုတ္တမကနေ ရန်ကုန်မှတစ်ဆင့် မကွေးပြန်မယ့်နေ့မှာ သမီးစားဖို့ အသီးအနှံတွေကို လိုက်ပို့မယ့် ဇနီး ဒေါ်နူရ်ဘီ တစ်ယောက် ဗလီဘေးပေါက်ရောက်လာပြီး...

“ ဒီနေ့ အသီးတွေ အထွက်များလွန်းလို့ ဈေးကွက် အမီမပို့ရင် ပုပ်ကုန်လိမ့်မယ်။ ဖြစ်နိုင်ရင် ဦးဘာဆာ မုတ္တမသွားပြီး သမီးအတွက် အသီးအနှံတွေ ပို့ပေးလိုက်ပါ ”

...လို့ တိုးတိုးတိတ်တိတ်ပြောလာတော့ ဦးဘာဆာက မိမိ (၁၀) ရက် ဂျမာအသ် ဝင်နေကြောင်း လိုက်ပို့လို့ မဖြစ်ကြောင်း၊ ပျက်ကွက်မခံနိုင်ကြောင်းပြောနေတုန်း အမီရ်ဆာဗ် ရောက်လာပြီး အကျိုးအကြောင်းမေးတော့ ဒေါ်နူရ်ဘီ ခမျှာ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရှာတော့တယ်။

ဒီတော့ အမီးရ်ဆဗ်က ဦးဘာဆာကို ဖျောင့်ဖျပြောဆိုပြီး အလုပ်ကိစ္စအတွက် မုတ္တမကို သွားဖို့ တိုက်တွန်းကာ ခွင့်ပြုလိုက်တယ်။ ပြီးတော့ အမှာစကား တစ်ခုကိုလဲ မှာလိုက်တယ်။

(၁) အစ္စလာမ်မှာ အတင်းအကျပ် ဇွတ် အဓမ္မ လုပ်ခွင့်မရှိဘူး။

(၂) ရောက်လေရာ အရပ်မှာ အလ္လာဟ်ကို အားထားပြီး လမ်းမမြင် ကမ်းမမြင် အခြေအနေမျိုး တွေ့ဆုံနေခဲ့ရင် စူရာယာစီးန် (ကုရ်အာန်ကျမ်းထဲမှ ကဏ္ဍအမှတ်စဉ် ၃၆) တစ်ကြိမ်ဖတ်ပြီး အလ္လာဟ့်ထံ လမ်းညွှန်ပြရန် တောင်းဆိုပါက မုချ အလ္လာဟ့်ဘက်မှ إِنْشَاءاَللهُ အကူအညီ ရောက်လာပါလိမ့်မယ်။

ဦးဘာဆာလဲ ခွင့်ပြုချက် ရလျှင်ရချင်း အိမ်ပြန်၊ အသီးထည့်ထားတဲ့ တောင်းကိုဆွဲ၊ မော်လမြိုင်ဘက် ထွက်မယ့် ဒတ်ဆန်းအမြန်ယာဉ်ပေါ်တက်ပြီး လိုက်လာခဲ့တော့တယ်။ ဒေါ်နူရ်ဘီ က ထည့်ပေးလိုက်လို့သာ ခရီးသွားမှတ်ပုံတင်နဲ့ ခရီးစရိတ် သူ့အိတ်ထဲ ပါလာတာလေ။ ဒီကြားထဲ အမြန်လိုခါမှ အနှေးတွေ ဖြစ်ရပြန်လေရော။ ဂျက်လေယာဉ်ကတောင် အရှုံးပေးရမယ့် ဒတ်ဆန်းကား လမ်းမှာ ပျက်တော့တာပါပဲ။ စိတ်ပျက်စရာ ကောင်းလိုက်တာ၊ တစ်နာရီလောက် ကြာတော့မှ ကားစက်က နိုးတော့တယ်။

ကမန်းကတန်း ဦးဘာဆာ အချိန်ကြည့်လိုက်တော့ မွန်းလွဲတစ်နာရီ ထိုးခါနီးနေပြီ။ (၁း၄၀) ဆို ရထားက ထွက်တော့မှာ။ အိုအလ္လာဟ်အရှင်မြတ် ကူညီတော်မူပါ။

ကျိုက်မရောနဲ့ မုတ္တမကြား ရောက်သင့်တဲ့ အချိန်ထက် တစ်နာရီ နောက်ကျတယ်ဆိုရင်ပဲ ရန်ကုန်ရထား မီဖို့ ဆိုတာ မစဉ်းစားနဲ့တော့။

တော်ပါသေးရဲ့။ မုတ္တမ ဆိပ်ကမ်းကနေ သားမက်ရဲ့ မိဘနှစ်ပါးလုံးက ဦးဘာဆာကို စောင့်ကြိုနေလို့သာပေါ့။ အကျိုးအကြောင်းပြော။ ခမက်တော်တို့ နေထိုင်ရာ ကော့စိုင်ရွာ လိုက်သွားပြီး ဘယ်လိုလုပ်ကြမလဲ ဆိုတာ တိုင်ပင်ကြပြန်တယ်။

ကိုယ်ဝန်သည်သမီး စားရဖို့က အရေးကြီးတယ်။ ဟော အခု ရထားမမီဘူး။ အချိန်မီ မရောက်ရင် အသီးတွေ ပုပ်ကုန်တော့မယ်။ ပြီးတော့ ကိုယ်ဝန်သည်ခမျှာ မစားရလို့ ချင်ခြင်းမပြေရင် စိတ်အနှောင့်အယှက် ဖြစ်ရတော့မယ်။ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ရတော့မယ်။ ဦးဘာဆာ ရင်ထဲ မီးဟုန်းဟုန်း တောက်လေပြီ။

ဒီမှာတင် သားမက်ရဲ့ အဖေက...

“ ကဲ ကိုဘာဆာ။ ခင်ဗျားအိမ်က ထွက်လာပြီပဲ။ အိမ်ပြန်ဖို့တော့ မစဉ်းစားနဲ့တော့၊ စရိတ်စက က အကြောင်း မဟုတ်ဘူးဗျာ။ အရေးကြီးတာက သမီးအတွက်ဗျ။ ခင်ဗျားလဲ သမီး။ ကျနော်လဲ သမီးပါပဲ။ ကျနော်တို့ နှစ်ယောက် အတူတူသွားပြီး၊ ရန်ကုန်က ဟနစ် တို့ အိမ် ဝင်လိုက်ရင် ကျုပ်သားကို မီမှာပါ။ ဘာဖြစ်လို့တုန်းဆိုတော့ သားက ရန်ကုန်ဝင်ပြီး ဟနစ်တို့အိမ်မှာ တစ်ညအိပ်မှာ ဆိုတော့ မနက်ဖြန် (၁၉-၅-၉၀) မှာ မနက်စောစော ထွက်တဲ့ကားနဲ့ ရန်ကုန်သွားကြရင် မီနိုင်တာပေါ့။ စိတ်မပျက်ပါနဲ့ ”

သူ ဖျောင်းဖျတာနဲ့ (၁၀) ရက်နေ့ ည မှာ မုတ္တမက ကော့စိုင်ရွာလေးမှာပဲ နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ မိုးလင်းရတော့တယ်။

ဒါပေမယ့် မနက်မိုးလင်းလို့ ကားပေါ်တက်၊ ကားထွက်ခါနီးကျမှ ကိုရွှေခမက်တော်ကြီး ဘာစိတ်ကူးပေါက်တယ် မသိဘူး။ သူမလိုက်လိုတော့ကြောင်း ဦးဘာဆာပဲ သွားလိုက်ပါတော့လို့ အတန်တန် တောင်းပန်တာနဲ့ သမီးဇောကပ်နေတဲ့ ဦးဘာဆာဟာ ဘာမှ ခွန်းတုံ့ပြန် မနေတော့ဘဲ ရန်ကုန်ကို လိုက်လာခဲ့တယ်။ တစ်လမ်းလုံးလဲ စိုးရိမ်ကြောင့်ကြ ဗျာပါဒတွေ ဖြစ်လာခဲ့ရတာပေါ့။

ဒီလိုနဲ့ နောက်ဆုံး နေ့ခင်း (၃) နာရီလောက်မှာ ရန်ကုန်-ဆင်မလိုက် အဝေးပြေး ကားဂိတ်စခန်း ကို သူစီးတဲ့ကားလေး ဆိုက်ရောက်လို့ လာပါတော့တယ်။ စားရမှန်း သောက်ရမှန်းလဲ မသိတော့။ အို - ယုတ်စွ အဆုံး အပေါ့အပါးတောင် သွားရကောင်းမှန်း သတိမရတော့ပါဘူး။

ဟော... ငါ အခု ရန်ကုန် ကားဂိတ်ကိုတော့ ရောက်လာပြီ။ ဟနစ်တို့အိမ် သွားမယ်ဆိုပြီး အားရဝမ်းသာ ကားပေါ်က ဆင်းလိုက်တယ်။ သူ့ခြေဖဝါးနဲ့ ရန်ကုန်မြေ ထိတွေ့လိုက်ရတော့မှ သက်ပြင်းချပြီး အလ္လာဟ်အရှင်မြတ်ကို တသ မိလိုက်ပါတော့တယ်။

“ အို! အလ္လာဟ် အရှင်မြတ် ကယ်မတော်မူပါ။ ကျွန်တော်မျိုး တစ်သက်မှာ ဒီတစ်ခါသာ ရန်ကုန်ရောက်ဖူးတဲ့လူပါ။ အခု ဟနစ်ကိုသာ သိပါတယ်။ ဟနစ် လိပ်စာ မပါခဲ့ပါဘူး။ ခမက်ကလဲ မပြောလိုက်ပါဘူး၊ အို! အလ္လာဟ်၊ ဒီရန်ကုန်မြို့ကြီးမှာ ကျွန်တော်မျိုး ဘယ်ကိုသွားရပါ့မလဲ ”

ဦးဘာဆာ စီးလာတဲ့ ကားကလဲ ဂိတ်ဆုံးရောက်လို့ ခရီးသည်များ ချပြီး ထွက်သွားပြီ။ ခရီးသည်တွေလဲ အသီးသီး လိုရာသွားကုန်ကြပြီ။

မဟာရန်ကုန်လို မြို့ကြီးမှာ ငါ ဘယ်သူ့ဆီသွားပြီး အကူအညီ တောင်းရမလဲ။ အို! အလ္လာဟ်၊ ကျွန်တော်မျိုးအဖြစ်ကို ကြည့်ပါဦး။ မော်လမြိုင်က ဟနစ်လို့ ပြောရုံနဲ့ ဒီလူတွေ မဖြေနိုင်ပါဘူး။ မကူညီနိုင်ပါဘူး။ အိမ်နံပါတ်မသိ လမ်းနာမည်မသိနဲ့ ရိုးသားတဲ့ ဒီကျေးတောသား ရန်ကုန်မြို့မှာ ဟနစ်ကလွဲလို့ ဘယ်သူ့ကိုမှ မသိပါဘူး။ ဘယ်နေရာကမှ အကူအညီ တစ်စုံတစ်ရာ ရလမ်းမမြင်ရပါဘူး။ ကမ်းမမြင် လမ်းမမြင် ကျွန်တော်မျိုး ဘဝပါ အလ္လာဟ်။

ရင်ထဲက လှိုက်ဝေ ဆူပွက်လာတဲ့ အကြောက်တရားဟာ မျက်လုံးမှာ မျက်ရည်အဖြစ် ရောက်လာပြီး၊ အသက် (၆၀) ကျော် ကျေးတောသားကြီး ဦးဘာဆာ တစ်ယောက် ကလေးငယ်တစ်ဦး ပမာ ကြူကြူပါအောင် ငိုပွဲဆင်ရလေပြီ။

ဒီအချိန်မှာပဲ မိန်းမကြီးတစ်ယောက် သူ့အနား ရောက်လာပြီး...

“ ဒီမယ်... ရှင့် ဒီမယ်... ဘာဖြစ်လို့ ငိုနေတာတုံး ”

သူမက ညင်ညင်သာသာလေး မေးတော့မှ ဦးဘာဆာတစ်ယောက် ပတ်ဝန်းကျင်ကို ဂရုပြုမိတော့တယ်။ အို ရှက်လဲ ရှက်မိပါရဲ့။ ရှက်လဲ မရှက်နိုင်တော့ပါဘူး။ ဦးဘာဆာ ကျမျက်ရည်တွေကို သုတ်လိုက်ရင်း ရှက်စနိုး အမူအရာနှင့်...

“ အစ်မရာ ကျုပ်ဖြင့် ဘယ်ကိုမှ မသွားတတ်တော့ပါဘူး။ ဒီရန်ကုန်မှာ ကျုပ်ညီဝမ်းကွဲ ဟနစ် ရှိတယ်။ သူ့ဆီသွားမလို့ လာတာ၊ လိပ်စာမသိ၊ လမ်းမသိ။ ခရီးစရိတ်ကလဲ ပြတ်နေပြီ၊ ကျုပ်ဖြင့် ဘာမှမကြံတတ်တော့ပါဘူး၊ အစ်မရာ ”

...ပြန်ပြောရင်း မျက်ရည်က ပြန်ကျလာပြန်တယ်။

ဒီတော့ သတင်းမေးတဲ့ မိန်းမကြီးလဲ...
“ အေးပေါ့လေ... ရန်ကုန်မှာ သွားချင်တဲ့ဆီ မပြောနိုင်ရင် ဘယ်သူ လိုက်ပို့နိုင်မှာလဲ။ ဘုရားတရား အောက်မေ့ပါတော့ကွယ်။ လူတိုင်းကို မယုံနဲ့နော်။ ကဲ... ကျုပ်လဲသွားစရာရှိလို့ သွား လိုက်ဦးမယ် ”
...လို့ ပြောပြီး ဦးဘာဆာ ရှေ့က ထွက်သွားပါလေရော။

ဦးဘာဆာ ကျောက်ရုပ်လို မတ်တပ်ရပ်နေရာက သက်ဝင် လှုပ်ရှားလာပြီး၊ ပတ်ဝန်းကျင်ကို ကျီးကန်း တောင်းမှောက် လိုက်ကြည့်မိတယ်။ စောစောက မိန်းမကြီးပြောသွားတဲ့ အထဲက ဘုရားတရား ဆိုတဲ့ စကားလုံးကို သတိရလိုက်တယ်။

‘ အလို - ယာ အလ္လာဟ်။ ငါဟာ အစ္စလာမ် တစ်ယောက်ပါလား။ အစ္စလာမ်ဆိုတာ အလ္လာဟ်မှတစ်ပါး ဘယ်သူ့ကိုမှ အားမကိုးရဘူးလေ။ အလ္လာဟ်သည်သာ အားထားစရာ။ အလ္လာဟ်သည်သာ ညွှန်ပြနိုင်သူ။ အလ္လာဟ်သည်သာ ကယ်မနိုင်သူ။ ငါ့ကို ဂျမာအသ်က အမီးရ်ဆဗ်က သတိပေးလိုက်သားပဲ။ ကမ်းမမြင် လမ်းမမြင် အကျပ်အတည်း အခက်အခဲ ဘေးဒုက္ခ အန္တရာယ်တစ်စုံတစ်ရာ တွေ့ခဲ့ရင် စူရာယာစီန်း ကို ဖတ်၊ အလ္လာဟ့်ဘက်က အကွယ်ကနေ အကူအညီတွေပေးမယ်လို့ သင်ပေးလိုက်သားပဲ။ ’

‘ ငါဟာ အလ္လာဟ်နဲ့ အလ္လာဟ့် သာသနာကို ယုံကြည်တဲ့ အီမာန်ရှင် (ယုံကြည်သူ) မဟုတ်လား။ ဒီတော့ ငါ့အခု စူရာယာစီန်း ကို ဖတ်မှပဲ ’ လို့ အာရုံကို စုစည်းပြီး မျက်လုံး စုံမှိတ်လို့ ဦးဘာဆာ တစ်ယောက် တစ်သက်လုံးက အလွတ်ကျက် ဖတ်လေ့ရှိလာခဲ့တဲ့ စူရာ ယာစီန် ကို အအူသို ဗစ္စမစ်လ္လာဟ်နဲ့တကွ စတင်ဖတ်ရွတ်တော့တာပဲ။

အို - အံ့သြစရာကောင်းလိုက်တာ။ ကြည့်စမ်း။ သူ စူရာယာစီန်း ကို ဖတ်ပြီးလို့ မျက်လုံးဖွင့်လိုက်တယ် ဆိုရင်ပဲ ဂိတ်ထဲကို လေးဘီးတစ်စီး ဝင်လာပြီး ကားပေါ်က အသက်နှစ်ဆယ်အစိတ်အရွယ် မောင်ဝ်လဝီ (အစ္စလာမ်ဘာသာရေးပညာရှင်) လေး တစ်ပါးကို တွေ့လိုက်ရတော့တာပါပဲ။ အဲဒီ မောင်ဝ်လဝီဆဗ်ကလေးကလဲ ဦးဘာဆာကို ရှိတယ်လို့တောင်မှ မအောက်မေ့ဘဲ သူ့လိုရာ ကိစ္စကို လုပ်ဖို့ ထွက်သွားတယ်။

ဒီတော့ ဦးဘာဆာလဲ ဘာပဲဖြစ်ဖြစ် ဆရားလေးလာရင် ငါနုတ်ဆက်မှဖြစ်မယ်လို့ တွေးလိုက်ရင်း စောစောက သူစီးလာတဲ့ အဌားကားနားမှာ မယောင်မလည် သွားရပ်နေလိုက်တယ်။

ဆရာလေးလဲ သူ့ကိစ္စပြီးလို့ ကားပေါ်တက်မယ်အလုပ်...

“ မောင်ဝ်လဝီဆဗ်ကလေး၊ اَلسَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ وَبَرَكَاتُهُ (ငြိမ်းချမ်းမှုအပေါင်း ကျရောက်ပါစေ) ကျနော့်ကို တစ်ခုကူညီပါ။ ကျနော် တောကပါ။ ဟို ကျိုက်မရောကပါ။ ရန်ကုန်မှာ အသိဆိုလို့ ကျနော့်ညီ ဝမ်းကွဲ ဟနစ်ဆိုတာ တစ်ယောက်ပဲ ရှိတယ်။ သူ့ဆီကို လိုက်ပို့ပေးပါဗျာ၊ ကျနော် တောင်းပန်ပါတယ် ”

“ နေပါဦး၊ မာမူ (အဘ) ပြောတဲ့ ဟနစ်ဆိုတာက ဘယ်ကလဲ၊ ဘယ်မှာနေတာလဲ၊ လိပ်စာက ဘာလဲ ”

“ ဆရာလေးရယ်၊ မော်လမြိုင်က ဟနစ်ဆိုတာကလွဲရင် ကျနော် ဘာမှ မပြောတတ်ပါဘူးဗျာ ”

ဦးဘာဆာ  က ပြောလိုက်တယ်ဆိုရင်ပဲ၊ မောင်ဝ်လဝီဆဗ်ကလေးလဲ တအံ့တသြ ဖြစ်သွားတော့တာပါပဲ။

“ ဗျာ… ရန်ကုန်မှာ မော်လမြိုင်က ဟနစ်လို့ပြောရုံနဲ့ ဘယ်သိနိုင်ပါ့မလဲ မာမူကြီး (ဘကြီး) ရယ် ”

“ ဟုတ်ပါတယ်။ ကျနော်လဲ သားသမီးဇောနဲ့ ကမန်းကတန်း လိုက်လာတာ လိပ်စာယူရ ကောင်းမှန်းလဲ မသိ၊ ဟုတ်တိပတ်တိနဲ့ ရောက်လာရတာပါ ဆရာလေးရယ်။ အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အလ္လာဟ့်မျက်နှာတော်ကို ထောက်ထားပြီး ကူညီသင့်ပါတယ်။ ကျေးဇူးပြုပါဗျာ ”

ဇွတ်အတင်း အဓမ္မ တောင်းပန်နေတဲ့ ဦးဘာဆာရဲ့ မျက်နှာကို ကြည့်နေတဲ့ မောင်ဝ်လဝီဆဗ်ကလေးက...

“ ဒီမှာ မာမူကြီး၊ ကျနော် ၄၈ လမ်းကျောင်းက မောင်ဝ်လဝီဆဗ်ပါ။ ကန်တော်လေးမှာ ကျနော် စာသင်ပေးဖူးတဲ့ ကလေးတွေရဲ့အဖေ ဟနစ်ဘိုင်ဆိုတာ တစ်ယောက်ရှိတယ်။ သူ့ဆီ ခေါ်သွားမယ်။ အဲဒီ ဟနစ်ဘိုင်မှ မဟုတ်ရင်တော့ အနီးဆုံး ဘူတာကြီးမှာ မာမူကြီးကို ပို့ပေးခဲ့မယ်။ အဲဒီအခါ ကျနော့်ကို ဆက်အကူညီ မတောင်းနဲ့တော့နော်။ ကျနော့်မှာလဲ အရေးကြီးတဲ့ကိစ္စတွေ ရှိနေလို့ပါ။ အဲဒီဝန်ခံချက်ပေးရင် ဟောဒီကားပေါ်တက်ပြီး လိုက်ခဲ့ပေတော့ ”

ရိုးသားတဲ့ ကျေးတောသား ဦးဘာဆာတစ်ယောက် ဝမ်းသာနေလိုက်တဲ့ ဖြစ်ခြင်း။ အင်း ဒါဟာ အလ္လာဟ်အရှင်မြတ်က ငါ့ကို ကူညီဖို့ အကြောင်းခံနဲ့ လွှတ်လိုက်တဲ့ ဖရှစ်ရှ်သာ (ကောင်းကင်စေတမန်) ပဲ။ လူတော့မဖြစ်နိုင်ဘူးလို့ အထင်ရောက်ပြီး ဝမ်းမြောက်ဝမ်းသာ သမီးအတွက် ပါလာတဲ့ အသီးစုံခြင်းကိုဆွဲပြီး ကားပေါ်ဒရောသောပါး တက်လိုက်ပါတော့တယ်။

အဲ... နောက် ဒုတိယမ္မိ နှစ်ကြိမ်မြောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပြန်ပါပြီ။ ကောက်ရိုးပုံထဲကအပ် (သို့) သမုဒ္ဒရာထဲကမတ်စေ့ကို သူ ရှာတွေ့သွားပါပြီ။

ဦးဘာဆာတစ်ယောက် ကားပေါ်က ဆင်းလိုက်တာနဲ့ တပြိုင်နက် မော်လမြိုင်က ဟနစ် ဆိုတဲ့ ၄၈ လမ်းက ဆရာလေး စာသင်ပေးနေကျ အိမ်ရှေ့ကို ရောက်နေပြီး မော်လမြိုင်က ဟနစ်ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရှိရတော့တာပါပဲ။

အဲဒီ ဟနစ် ဟာ တစ်ခြားသူ မဟုတ်ပါရိုးလား။ သူ့ညီဝမ်းကွဲ ဟနစ်မှ ဟနစ် အစစ်ပါပဲဗျာ။

ဒီတော့ ဒီဇာတ်ကို ပေါင်းလိုက်တဲ့အခါ ဦးဘာဆာတစ်ယောက် ဂျမာအသ်က အမီးရ်ဆဗ်ရဲ့ သတိပေးချက်ကို အီမာန် လက်ခံ ယုံကြည်ထားတဲ့ မွတ်စ်လင်မ်ပီပီ အလ္လာဟ့်ထံတော်ပါးကိုသာ အကူအညီတောင်းခဲ့တဲ့အတွက် ကြီးမားကျယ်ဝန်းလှတဲ့ မဟာရန်ကုန်မြို့တော်ကြီးမှာ ကောက်ရိုးပုံကြီးထဲ ကျသွားတဲ့အပ်ကို တွေ့သလို မဟာသမုဒ္ဒရာထဲကျသွားတဲ့ မတ်စေ့ကို ရှာဖွေတွေ့သလို အမှတ်မသိ ဘာဆို ဘာမှမသိတဲ့ လူတစ်ယောက်ဟာ အလ္လာဟ်နဲ့ အလ္လာဟ့်အပေါ်ထားရှိတဲ့ ယုံကြည်ချက်က ပြင်းထန်းလွန်းတဲ့အတွက် ကန်တော်ကလေးမှာနေတဲ့ သူ့ညီဝမ်းကွဲ မောင်လမြိုင်က ဟနစ် ကို ရှာဖွေတွေ့ရှိခဲ့တာပဲ မဟုတ်ပါလား။

အထက်ပါ ဝတ္ထုကတော့ ၁၉၉၁ ခုနှစ်၊ ဇန္နဝါရီလ (၁၅) ရက်နေ့ထုတ် “ အစ္စလာမ့်မျက်ဝန်း ” စာစောင်၊ အတွဲ (၁)၊ အမှတ် (၁) တွင် ဖော်ပြထားသည့် တကယ့်ဖြစ်ရပ်မှန်၊ နေရာမှန်နှင့် ကာယကံရှင်နာမည်ကိုပါ အမှန်အတိုင်း ရေးသားတင်ပြထားတဲ့ “ မျိုးထက်အောင်-မင်္ဂလာတောင်ညွန့် ” ၏ “ ကောက်ရိုးပုံထဲက အပ် (သို့) သမုဒ္ဒရာထဲက မတ်စေ့ ” (ဝတ္ထုတို) ကို အလင်းမျက်ဝန်း၏ မူဝါဒများနှင့်အညီ ပြန်လည်တည်းဖြတ်၍ ခွင့်ပြုချက်တောင်းခံကာ ပြန်လည်ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

လူတွေဟာ မိမိယုံကြည်ချက်ကို အသက်နဲ့လဲပြီး ကာကွယ်တတ်ကြပါတယ်။ အထူးသဖြင့် အစ္စလာမ်ဆိုတာ မိမိယုံကြည်တဲ့ အီမာန် (ယုံကြည်ချက်) ကို အသက်ထက်ပို၍ တန်ဖိုးထားပြီး အမြတ်တနိုး လက်ခံထားကြပါတယ်။ အီမာန် (ယုံကြည်ချက်) ကို ရင်ထဲ အသည်းထဲက စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးသူအဖို့ ကြီးကျယ်မြင့်မြတ် မှန်ကန်တော်မူသော အလ္လာဟ်အရှင့်ဘက်တော်မှ ကူညီစောင်မပုံကို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ (အယ်ဒီတာ)

ဝတ္ထု » မျိုးထက်အောင် (မင်္ဂလာတောင်ညွန့်)
တင်ဆက်မှု » ချမ်းမြေ့စိမ်းလန်း | အလင်းမျက်ဝန်း
သရုပ်ဖော် » မမ | အလင်းမျက်ဝန်း
ဒီဇိုင်း » မွှမ်း | အလင်းမျက်ဝန်း
စီစဉ်သူ » ခေဋီဈက်အို | အလင်းမျက်ဝန်း


ကလေးငယ်များ၏ ဦးနှောက်အသိဉာဏ်ဆိုင်ရာနှောင့်နှေးမှု “ အထီးကျန်စိတ်ကျရောဂါဝေဒနာ ” နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အသိပေးနိုးကြားရေးနေ့အဖြစ် ဧပြီလ (၂) ရက်နေ့ကိုသတ်မှတ်ပြီး ကမ္ဘာတစ်ဝှန်းမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါနေ့ကို Autism Day လို့ခေါ်ဆိုပြီး ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ကလေးငယ်တွေရဲ့ အသိဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး နိုးကြားစေဖို့၊ ယင်းဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်နေတဲ့အဆိုပါရောဂါအကြောင်းကို အသိပေးဖို့ ဖြစ်ပါတယ်။

ဒီရောဂါဖြစ်ပွားသူတွေဟာ ကမ္ဘာအဝှန်း လူမျိုး၊ အသားအရောင်၊ လိင် အစရှိသည်တို့ ကွဲပြားနေရင်တောင် ရုပ်ရည်သွင်ပြင်ဟာ သိသာစွာဆင်တူနေတာကြောင့် ရောဂါဖြစ်ပွားတဲ့ ကလေးငယ်ရဲ့ ဘဝတစ်ခုလုံးကို အရိပ်မည်းကြီးအဖြစ် လွှမ်းမိုးခြင်းခံကြရပါတယ်။

ဒီလို Autism ရောဂါဖြစ်ပွားတဲ့ ကလေးငယ်တွေဟာ ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးမှုတွေ နှေးကွေးချို့ယွင်းသွားလေ့ရှိပါတယ်။

ရောဂါခံစားနေရသူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အတွေးကမ္ဘာထဲမှာ ကျင်လည်နိုင်ကြပေမယ့် သူတို့ရဲ့ခံစားမှုကိုတော့ အခြားသူသိအောင် အသေအချာ ရှင်းလင်းပြသနိုင်ခြင်းမရှိတဲ့အပြင် ပြောဆိုဆက်ဆံမှုမှာလည်း ဆွံ့အ နှေးကွေးသွားကြစေပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ပုံမှန်ကလေးငယ်တစ်ဦးဟာ သုံးနှစ်နောက်ပိုင်းအရွယ်မှာ မိမိရဲ့မိဘနှစ်ပါးအပါအဝင် ဆွေမျိုးသားချင်းအသိုင်းအဝန်းနဲ့ လူနေမှုစနစ်တစ်ခုကို ကောင်းမွန်စွာ ဆက်သွယ်တည်ဆောက်နိုင်ပါတယ်။

ဒီ Autism ရောဂါသည် ကလေးကတော့ အဲ့ဒီလို လုပ်ဆောင်နိုင်ခြင်း မရှိကြပါဘူး။ ကံမကောင်းစွာပဲ ဒီရောဂါကို ပျောက်ကင်းအောင်ကုသဖို့နည်းလမ်းကိုလည်း ယနေ့အချိန်ထိ ပညာရှင်တွေ ရှာဖွေမတွေ့ကြသေးပါဘူး။

ဒါပေမယ့်လည်း ဆရာတွေ၊ မိဘတွေနဲ့ တခြားသောဆွေမျိုးသားချင်း အသိုင်းအဝန်းတွေက ရောဂါခံစားနေရတဲ့ ကလေးငယ်ကို ဝိုင်းဝန်းဖေးမကူညီလို့ ရနိုင်ပါတယ်။ ဒီကိစ္စကို ဦးစားပေးပြီး လူ့ဘောင်အဖွဲ့အစည်းအတွင်းသို့ လက်တွဲခေါ်ယူကာ သူတို့ရဲ့စွမ်းဆောင်ရည်တွေကို မြင့်တင်ပေးလို့ ရပါတယ်။

SPD-02/4/17 © အလင်းမျက်ဝန်း | ကိုးကား » GEO TV


လူမှုကွန်ယက်ပေါ် အများအားဖြင့် တွေ့ရတဲ့အချက်တွေထဲမှာ တစ်ချို့ဘာသာခြားများဟာ နားမလည်၍ဖြစ်စေ၊ နားလည်သော်လည်း တိုက်ခိုက်လိုခြင်းကြောင့်ဖြစ်စေ၊ … ကုရ်အာန်ကျမ်းဟာ သတ်ဖြတ်မှုကို အားပေးအားမြှောက်လုပ်ထားတယ်ဆိုပြီး Photo တွေတင်ပြပြောဆိုမှုနဲ့တစ်မျိုး၊ Video တွေနဲ့တစ်ဖုံ ဖော်ပြနေကြပါတယ်။ ဒါဟာ Facebook ကို တွင်တွင်ကျယ်ကျယ် အသုံးပြုသူတိုင်း တွေ့ဖူးကြုံဖူးကြပါလိမ့်မယ်။

ကုရ်အာန်ကျမ်းဆိုတာ မနည်းမနောလှတဲ့ အစ္စလာမ့်သမိုင်းကြောင်းတွေ ခြယ်မှုန်းပါဝင်တဲ့ ကျမ်းတစ်ကျမ်းပါ။ အစ္စလာမ်ဦးစဟာ တစ်ဦးကနေ အစပြုခဲ့ပါတယ်။ တစ်ဦးကနေ နှစ်ဦး။ နှစ်ဦးကနေ သုံးဦး။ ဒီလိုနဲ့ လောကတစ်ခုလုံးဆီ ပြန့်နှံ့ခဲ့ခြင်းပါ။ အစ္စလာမ်ကို ယနေ့တိုင် ပြန်လည်ရှင်သန်စေတဲ့ခေတ်ရဲ့ အဦးပိုင်းကာလက မက္ကာဟ်မြို့မှာ တမန်တော် မိုဟမ္မဒ် ﷺ ကိုယ်တိုင်အပါအဝင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူ နောက်လိုက်တွေဟာ ဘာသာခြား မက္ကာဟ်သူ မက္ကာဟ်သားတွေရဲ့ အမျိုးမျိုးသော နှိပ်စက်မှုဒဏ်ကို ခါးသီးစွာ ရင်ဆိုင်ခံစားခဲ့ကြရပါတယ်။ အစ္စလာမ်သာသနာကို လက်ခံယုံကြည်မိသူတွေကို မီးရှို့တာ၊ ပူပြင်းတဲ့သဲသောင်ပြင်ပေါ်မှာ အပူတိုက်နှိပ်စက်တာ၊ ကျောက်တုံးတွေနဲ့ ဖိထားတာ၊ အမျိုးသမီးရဲ့ အရှက်အင်္ဂါကို လှံနဲ့ထိုးပြီး သတ်ဖြတ်ခဲ့တဲ့ သမိုင်းဒဏ်ရာမျိုးတွေ အစ္စလာမ်မှာ များစွာရှိခဲ့ပါတယ်။

ဒီလို ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို ခံစားနေရတာကြောင့် တမန်တော် မိုဟမ္မဒ် ﷺ ကို ဖန်ဆင်းရှင်က နေရပ်စွန့်ပြီး အခြားအရပ်မှာ ပြောင်းရွှေ့နေထိုင်ဖို့ မိန့်ခြွေခဲ့ပါတယ်။ အဲဒီအချိန်ဟာ တမန်တော်ရဲ့သက်တော် (၅၃) နှစ်အရွယ်ရှိနေပါပြီ။ (၅၃) နှစ်တာ ကာလတစ်ခုလုံးဟာ မက္ကာဟ်သူ/သားတို့ရဲ့ ဒုစရိုက်ဆိုးတွေကို သည်းခံမျိုသိပ်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ပြုပြင်ဖေးမပေးခဲ့ပါတယ်။ ဒါပေမယ့် နားမဝင်ကြဘဲ တဖြည်းဖြည်းနဲ့ပိုဆိုးကာ တမန်တော်ကိုပါ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်လာကြတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် မဖြစ်တော့တဲ့အဆုံး မွေးရပ်မြေကိုစွန့်ခွာပြီး မဒီနာမြို့တော်ကို ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။

မဒီနာမြို့သားတွေဟာ တမန်တော်ရဲ့ လှပဖြူစင်တဲ့စာရိတ္တကို နဂိုမူလကတည်းက နှစ်ခြိုက်နေကြပြီး တချို့တစ်ဝက်ဟာ အစ္စလာမ်သာသနာကို လက်ခံယုံကြည်ထားကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် တမန်တော်ရဲ့ မဒီနာမြို့တော်သို့ ဝင်ရောက်လာမှုကို နွေးထွေးတဲ့ကြိုဆိုမှုမျိုးနဲ့ အလှခြယ်ခဲ့ကြပါတယ်။ တမန်တော်ရောက်ရှိပြီးနောက်ပိုင်းမှာတော့ တစ်မြို့လုံးနီးပါး အစ္စလာမ်သာသနာကို သောင်ပြို၊ ကမ်းပြို လက်ခံလာခဲ့ကြပါတယ်။ ဒီတော့ မဒီနာဆိုတဲ့ မြို့သေးလေးဟာ လွတ်လပ်တဲ့ အစ္စလာ့မ်အစုအဝေးလေးတစ်ခုအဖြစ် ဖွံ့ဖြိုးစည်ပင်လာခဲ့ပါတယ်။

ဒါကို မက္ကာဟ်သားတွေဟာ မနာလို မရှုစိတ်နဲ့ ကြိတ်မနိုင် ခဲမရဖြစ်ခဲ့ကြပြီး နည်းလမ်းအမျိုးမျိုးနဲ့ လာရောက်တိုက်ခိုက်ဖို့ကို လမ်းစရှာ၊ ရန်စတာမျိုးတွေ ပြုလာကြပါတော့တယ်။ မက္ကာဟ်သားတွေဟာ လူကုန်ထံတွေ၊ ချမ်းသာကြွယ်ပြီး သြဇာကြီးမားသူတွေဖြစ်ကြတာကြောင့် မဒီနာသားတွေထက် လူအင်အား၊ အစီးအနင်းအင်အား၊ လက်နက်အင်အားဟာ အဆမတန်အောင် တောင့်တင်းများပြားနေတာကြောင့် လူနည်းစုမွတ်စ်လင်မ်တွေရယ်လို့ ဖြစ်တည်လာတဲ့ မဒီနာသားတွေကို တိုက်ခိုက်ချေမှုန်းဖို့အတွက် အချိန်တိုင်း ရန်လိုသွေးကြွနေခဲ့ကြပါတယ်။

တမန်တော်ရဲ့သက်တော် (၅၃) နှစ်ကျော်လာတဲ့ အဲဒီအချိန်အထိ အစ္စလာမ်သာသနာမှာ စစ်ပွဲတစ်ပွဲမှ မဖြစ်ခဲ့သေးပါဘူး။ စစ်မဖြစ်ဘူးတဲ့အပြင် စစ်ကိုလိုလားခြင်းမရှိတဲ့ မွတ်စ်လင်မ်တွေဟာ မက္ကာဟ်သားတွေနဲ့ ထိပ်တိုက်မတွေ့ရအောင် အမျိုးမျိုးရှောင်လွှဲနေတဲ့ကြားကပဲ နောက်ဆုံးမှာတော့ ၎င်းတို့ရဲ့ပရောဂကြောင့် စစ်ပွဲဆီကို ရှောင်လွှဲမရဘဲ ဦးတည်ခဲ့ကြရပါတယ်။ တကယ်တော့ မွတ်စ်လင်မ်တွေဟာ စစ်အတွက် ကြိုတင်ပြင်ဆင်မှုမရှိတဲ့ လူနည်းစုတွေသာ ဖြစ်ကြပါတယ်။ လူသူ၊ လက်နက်၊ အစီးအနင်းအင်အားသာမက အဝတ်အစားနဲ့ အစားအသောက်ရိက္ခာပင် လုံလောက်အောင် မရှိသလောက် အခြေအနေအချိန်အခါမျိုးမှာ မက္ကာဟ်သားတွေရဲ့ အင်အားသုံး ရန်ပြုတိုက်ခိုက်မှုကို ခံကြရပါတော့မယ်။

ညှာတာမှုကင်းတဲ့ မက္ကာဟ်သားတွေရဲ့ စစ်ကြေငြာခံထားရတဲ့ မဒီနာဟာ ဖေးမကူညီမယ့်သူ မရှိ၊ မဟာမိတ်လည်းမရှိ၊ လက်နက် လူသူလည်း လုံလောက်အောင်မရှိ၊ အဖက်ဖက်က ချည့်နဲ့နေတဲ့ မိမိတို့အခြေအနေကြောင့် စိုးရိမ်ကြောင့်ကြပူပန်ကာ စိတ်ဓာတ်ကျနေကြရပါတယ်။ ဘာမှမပြည့်စုံတဲ့ သူတို့ကို စိတ်ဓါတ်မြှင့်တင်ပေးဖို့က အထူးလိုအပ်နေတဲ့အချိန်အခါမျိုးလည်း ဖြစ်ပါတယ်။ တမန်တော်ကိုယ်တိုင်ပင် လူသားဖြစ်သည့်အလျောက် ရက်စက်တဲ့ မက္ကာဟ်သားတွေရဲ့ဘေးအန္တရာယ်ကို စိုးရိမ်ပူပန်နေမိတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဖန်ဆင်းရှင်ကိုယ်တိုင်က စစ်ပွဲဖြစ်တော့မယ့်အချိန်ရယ်၊ စစ်ပွဲဖြစ်နေတဲ့အခါရယ်မှာ ဝဟီလို့ခေါ်တဲ့ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ စာပိုဒ်တချို့ကို ချပေးပြီး မွတ်စ်လင်မ်တွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခဲ့ပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန်ထဲမှာ မက္ကာဟ်သူ မက္ကာဟ်သားတွေကို ကာဖရ် (အလ္လာဟ်အရှင်မြတ်အား လက်မခံသူ) / မုရှ်ရီးက် (တုဖက်နှိုင်းယှဉ်သူ) လို့ နာမ်စားသုံးခဲ့ပါတယ်။ မက္ကာဟ်သား ကာဖရ်/မုရှ်ရီးက်တွေဟာ တမန်တော်ကို စော်ကားခဲ့ကြောင်း၊ မွတ်စ်လင်မ်တွေကို နှိပ်စက်ခဲ့ကြောင်း၊ အစ္စလာမ်ကို နှိပ်ကွပ်ခဲ့ကြောင်း၊ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်သခင်ကို ဆန့်ကျင်ခြင်း၊ ဆဲဆိုခြင်း၊ လှောင်ပြောင်ခြင်း၊ ပုတ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ... အစရှိတဲ့ဖြစ်ရပ်များကို သတိပေးထားပြီး မရိုးဖြောင့်တဲ့၎င်းတို့နဲ့ စစ်တိုက်တိုက်စဉ်ကာလအတွင်း အယုံသွင်းပရိယာယ်သပ်လျှိုမှုတွေကြောင့် အလျှော့ပေးမိတာမျိုး မဖြစ်စေရအောင်၊ မွတ်စ်လင်မ်တို့အပေါ် ထိုးစစ်ဆင်နေမှုကို အင်တိုက်အားတိုက်ဖြင့် ပြန်လည်ခုခံ တွန်းလှန်ရင်ဆိုင် တိုက်ခိုက်ကြဖို့နဲ့ ၎င်းတို့ကို တိုက်ခိုက်ရင်း ကျဆုံးသွားသူတွေဟာ ဂျန္နသ်သုခဘုံမှာ စံမြန်းရမှာဖြစ်ကြောင်း အစရှိတဲ့အချက်တွေကို ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် မိန့်ခြွေချမှတ်ကာ အားပေးတော်မူခဲ့ပါတယ်။

အဲ့ဒီမိန့်ခြွေချက် အာယသ်တော်စာပိုဒ်တွေကို ကင်မရာရိုက်ပြီး လူမှုကွန်ယက်တွေပေါ်တင်ကာ “ ကုရ်အာန်ကျမ်းဟာ အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်တဲ့ကျမ်း၊ အစ္စလာမ်ဟာ အကြမ်းဖက်သာသနာ ” လို့ ဘာသာတစ်ခုနဲ့ ဘာသာတစ်ခုရဲ့အထွဋ်အမြတ်ထားရာ ကျမ်းတော်ကို ကဲ့ရဲ့အပုပ်ချသူတွေ ဒုနဲ့ဒေးပါ။ ဒါတွေဟာ တစ်ကယ်ပဲ အမှန်တရားလားဆိုတာ ဆင်ခြင်တုံတရားရှိသူတွေ နားလည်ရအောင် ဒီဆောင်းပါးရေးရခြင်းပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီအာယသ်တော်တွေဟာ တစ်ဖက်က အင်အားကြီးရန်သူတွေနဲ့ တိုက်ခိုက်နေရတဲ့အချိန်မှာ လူနည်းစုမွတ်စ်လင်မ်တွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးနေတဲ့ မိန်ခြွေချက်တွေသာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ တင်ပြရရင်တော့ နိုင်ငံတော်ကို ကာကွယ်နေတဲ့ စစ်သားတွေ၊ မိမိဒေသကို ကာကွယ်နေတဲ့ တော်လှန်ရေးသမားတွေကို သူတို့ရဲ့သက်ဆိုင်ရာက ဓိတ်ဓါတ်ပိုင်းဆိုင်ရာမြှင့်တင်တဲ့ အစီအစဉ်တွေကို လေ့လာကြည့်လို့ရပါတယ်။ “ ဘယ်လိုတိုက်ခိုက်ကြဖို့။ သေမှာကို မကြောက်ကြဖို့။ ကျဆုံးသွားရင် သင်တို့ဟာ ဘယ်လို မြင့်မြတ်ကြတယ်။ ” အစရှိသဖြင့် အားပေးအားမြှောက်မှုမျိုးတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်တတ်ကြပါတယ်။ တစ်နည်းပြောရရင် သူတို့ကို စိတ်ဓာတ်တတ်ကြွစေခြင်း ဖြစ်ပါတယ်။ အဲ့ဒီအချက်အလက်ဆောင်ပုဒ်တွေကို လိုရာစွဲ စုဆောင်းပြီး “ ဒါဟာ အတိုက်အခိုက်တွေကို အားပေးအားမြှောက်လုပ်နေတဲ့ အကြမ်းဖက်ဝါဒီတွေ ဖြစ်တယ် ” လို့ စွဲချက်တင်လို့မရဘူးဆိုတာ ကလေးတောင် သိနိုင်ပါတယ်။

ဘာသာခြားနားခြင်းကို အကြောင်းခံကာ လူအချင်းချင်းကို မတော်မတရားကျင့်ကြံ ရန်လိုအမုန်းထားပြီး သတ်လို၊ ဖြတ်လို၊ အကြမ်းဖက်လိုတဲ့ သမိုင်းဟောင်းက မက္ကာဟ်သားတွေနဲ့ အခြားသော ထိုနည်းလည်းကောင်း ရန်သွေးဆာ၊ စစ်သွေးကြွနေတဲ့ သတ္တဝါတွေကို တိုက်ခိုက်ချေမှုန်းတဲ့ အချိန်အခါမျိုးအတွက်သာ အဲ့ဒီမိန့်ခြွေချက်တွေက ရည်ညွှန်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကာဖရ်တိုင်း ဘာသားခြားတိုင်းကို တိုက်ခိုက်ဖို့ ကုရ်အာန်ကျမ်းတော်မြတ်မှာ တစ်နေရာမှ မိန့်ဆိုထားတာ လုံးဝ လုံးဝ မပါရှိပါဘူး။ အခိုင်အမာ ပြောနိုင်ပါတယ်။ ဒါကို ပညာရှိသူတိုင်း၊ အတွေးအခေါ်ရှိသူတိုင်းလည်း သုံးသပ်နိုင်ပါတယ်။

ဘာသာခြားနားတိုင်းသာ တိုက်ဖို့ခိုက်ဖို့ စေခိုင်းထားမယ်ဆိုရင်...
  • ဒီနေ့မွတ်စ်လင်မ်တွေအတွက် နေထိုင်ဖို့နေရာဒေသလဲ ကမ္ဘာမြေပေါ်မှာ ရှိမှာမဟုတ်တော့ပါဘူး။
  • ဒီနေ့ လောကမှာ လူအများအပြား မိမိဆန္ဒအလျောက် လက်ခံယုံကြည်နေတဲ့ သာသနာဟာလဲ အစ္စလာမ်သာသနာဖြစ်လာမှာ မဟုတ်ပါဘူး။
  • ကုရ်အာန်ကျမ်းတော်မြတ်ဟာလဲ ကမ္ဘာမှာ လူဖတ်အများဆုံးကျမ်းတစ်ဆူဖြစ်လာမှာ မဟုတ်ပါဘူး။

“ လူသားတို့အနက် အကောင်းဆုံးသောသူသည် လူအများကို အကျိုးပြုဆုံးသူသာ ဖြစ်သည်။ ” လို့ အစ္စလာမ်သာသနာက လမ်းညွှန်ထားပါတယ်။ အဲဒီသင်ကြားချက်ဟာ ဘာသာခြားနားသည်ဖြစ်စေ၊ မခြားနားသည်ဖြစ်စေ လူသားအားလုံးကို ရည်ညွှန်းထားခြင်းသာ ဖြစ်ပါတယ်။

ဒီလိုသင်ကြားပေးနေတဲ့သာသနာနဲ့ အဲသည်သာသနာရဲ့ အထွဋ်အမြတ်ထားရာကျမ်းဟာ ဘယ်တော့မှ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုလုပ်ဖို့ဆိုတာ သေချာပေါက် (၁၀၀%) မဖြစ်လာနိုင်တာ အမှန်ပါ။ ဒါတင်မကသေးပါဘူး။ အစ္စလာမ်ဟာ အကြမ်းဖက်မှုတွေကို တန်ပြန်နှိမ်နင်းဖို့ကိုပါ ညွှန်ကြားပြသထားပါသေးတယ်။

ဒါကြောင့်... ဖိနှိပ်အကြမ်းဖက် စော်ကားနေတဲ့ ရန်သူကာဖရ်တွေကို ချေမှုန်းရာမှာ ပါဝင်သူတွေအတွက် စိတ်ဓာတ်မြှင့်တင်ပေးထားတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ထဲက စာသားတွေကို လိုရာဆွဲထုတ်ပြပြီး ကုရ်အာန်ကျမ်းတော်မြတ်ဟာ အကြမ်းဖက်မူဝါဒတွေပါလို့ ကြွေးကြော်နေအုံးမယ်ဆိုရင်တော့ ဆင်ခြင်တုံတရားရှိသူ တစ်နည်းအားဖြင့် ဦးနှောက်အသိဉာဏ်ပြည့်ဝသူတွေရဲ့ အရှေ့မှာ မိမိရဲ့တုံးအ,မှုကို မိမိကိုယ်တိုင် ကြွေးကြော်နေသလိုသာ ဖြစ်နေပါလိမ့်မယ်။

အနီးစ် (မြစ်ကြီးနား)
@ အလင်းမျက်ဝန်း (© MOL-01)

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.