ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

ကျမချစ်တဲ့ အမိမြန်မာနိုင်ငံတော်ကြီးအတွက် ခေါင်းမော့ပြီး ဂုဏ်ယူနိုင်ဖို့


မဒ်ရစာ (ခေါ်) အစ္စလာမ် ဘာသာရေး စာသင်ကျောင်း (၄) ကျောင်းကို စာသင်ကျောင်းအဖြစ်သာမက ဗလီ ဝတ်ကျောင်းတော်အဖြစ် အသုံးပြုတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်ကွက်အတွင်းနေထိုင်သူ မဟုတ်သော သံဃာများ (မျိုးချစ်မြန်မာ ရဟန်းသမဂ္ဂ) ဆိုသူများက ဦးဆောင်ပြီး မျိုးချစ်အမည်ခံ လူတစ်စုမှ လူမိုက်ဆန်ဆန် ကား(၁၀)စီးခန့်နဲ့ ရပ်ကွက်ထဲ ဝင်ရောက်လာကာ အဲ့ဒီစာသင်ကျောင်းတွေကို ပိတ်ပေးဖို့ ဆူပူအုံကြွပြီး တောင်းဆိုကြပါတယ်။

ဒီကိစ္စအပေါ် အုပ်ချုပ်ရေးအာဏာစက်နဲ့ သံဃာ့နာယကဓမ္မစက်တို့ကပါ ကြားဝင်ခဲ့ကြပေမယ့် ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့အဆုံး အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတွေကို ချိတ်ပိတ်ပေးလိုက်ရတာပါ။

အွန်လိုင်းပေါ်မှာ တက်လာတဲ့ ဗီဒီယိုဖိုင်တွေကို လေ့လာကြည့်ရင် အုပ်ချုပ်ရေးပိုင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူလို့ရတဲ့ ဥပဒေမရှိဘူးလို့ ပြောဆိုနေတာကိုတောင် မျိုးချစ်သံဃာဆိုသူတွေဘက်က လူအင်အားသုံးပြီး အတင်းအကြပ် ဖိအားပေး တောင်းဆိုနေတဲ့အတွက် နောက်ဆုံးမှာ ပြဿနာ မတက်စေဖို့အတွက် ပိတ်ပေးလိုက်ရပါတယ်။

ဒီတော့ ကျမတို့နိုင်ငံမှာ လူတစ်စုတစ်ဖွဲ့က ဥပဒေဘောင်ကျော်ပြီး အဓမ္မဖိအားပေးတောင်းဆိုရုံနဲ့ အခြေခံဥပဒေပါ အခြားနိုင်ငံသားတို့ရဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ပိုင်ခွင့်ကို တရားဝင်ထိပါးနှောက်ယှက်လို့ ရနေပြီလားဆိုတာ မေးခွန်းထုတ်ရပါတော့မယ်။

ဖြစ်စဉ်ကို ပြန်ကြည့်ရင် အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွေကို ပိတ်ခိုင်းရတဲ့ မျိုးချစ်မြန်မာရဟန်းသမဂ္ဂရဲ့ အဓိကအကြောင်းပြချက်က စာသင်ကျောင်းမှာ ဝတ်ပြုလို့ ဖြစ်ပါတယ်။

(၁) ဘာလို့ စာသင်ကျောင်းမှာ ဝတ်ပြုရတာပါလဲ?

အဖြေကတော့ ရှင်းပါတယ်။ လက်ရှိ ရှိနေသော ဗလီ ဝတ်ကျောင်းတော် အရေအတွက်နဲ့ နှစ်ပေါင်း (၃၀) ဝန်းကျင်မှာ တိုးပွားလာသော လူဦးရေ အချိုးအစား မညီမျှလို့ပါပဲ။ မြို့သစ်တွေ တည်လာပေမယ့် လုံလောက်တဲ့ ဝတ်ပြုရာ အဆောက်အအုံ ရှိမနေပါဘူး။

လက်ရှိ ပြဿနာဖြစ်တဲ့ ရပ်ကွက်ရှိရာ သာကေတမြို့နယ်တစ်ခုလုံးမှာတောင် ဗလီဝတ်ပြုဆောင်ဆိုတာ တစ်ခုမှ ရှိမနေပါဘူး။ စာသင်ဆောင်တွေကိုသာ ဝတ်ပြုဆောင်အဖြစ် အသုံးပြုနေကြရတာပါ။

ကြုံလို့ ဥပမာအနေနဲ့ တစ်ခုပြောပြချင်ပါတယ်။ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ တရုတ်ပြည်မှာတောင် အရွယ်ရောက်ပြီးသား လူဦးရေ (၂၀၀) ရှိရင် အစိုးရကို စာတင်ပြီး ဗလီတစ်လုံးဆောက်ခွင့်ပြုဖို့ ခွင့်တောင်းလို့ရပါတယ်။

ကျမတို့နိုင်ငံမှာတော့ ဒီမိုကရေစီသာ တွင်တွင်အော်နေပေမယ့် ခုချိန်ထိ ဒီမိုကရေစီရဲ့ အနှစ်သာရကို မသိတဲ့သူတွေ အလွန်များပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ အပိုဒ် (၃၆၃) မှာ “ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ၊ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည် ” လို့ ပြဌာန်းထားပါတယ်။ တကယ်ရော နိုင်ငံတော်က သူကတိပေးထားတဲ့အတိုင်း တည်ပါရဲ့လားဆိုတာ ကျမတို့ ပြန်ဆန်းစစ်သင့်နေပါပြီ။

(၂) ဒါဆိုရင် စာသင်ရုံမဟုတ်ဘဲ ဝတ်ပြုဆောင်အဖြစ် အသုံးပြုနေတဲ့ ကျောင်းတွေကို ခုလို ချိတ်ပိတ်ခွင့် ရှိသလား?

ဟုတ်ကဲ့။ ရှိပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက စုံစမ်းစစ်ဆေးမှု အဆင့်ဆင့်ပြုလုပ်ပြီးမှသာ တရားဝင် စာထုတ်ပြီး ပိတ်ရမှာပါ။

သံဃာတွေ အနေနဲ့လဲ သက်ဆိုင်ရာ သံဃာ့နာယကကို လျှောက်တင်ပြီးမှသာ လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်ရမှာပါ။

(၃) ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာရေးဆိုင်ရာ ဦးဆောင်အဖွဲ့ကြီး (၅) ဖွဲ့ အနေနဲ့ ဘာလုပ်သင့်ပါသလဲ?

ယခုလို ကိစ္စမျိုးဟာ အခုမှ ဖြစ်တာမဟုတ်ဘဲ ရှေ့လျှောက်လဲ ဆက်ကြုံလာနိုင်ဦးမယ့် အခြေအနေဖြစ်တဲ့အတွက် အဖွဲ့ကြီး (၅) ဖွဲ့ကနေ ဦးဆောင်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်အလိုက် တရားဝင်ရှိထားပြီးဖြစ်တဲ့ ဗလီဝတ်ပြုကျောင်းတွေ၊ စာသင်ကျောင်းတွေကို စာရင်းပြုစုဖို့ လိုအပ်ပါတယ်။

လူဦးရေအချိုးအစားနဲ့ ဗလီဝတ်ကျောင်းတော်ပမာဏ မညီမျှတဲ့ မြို့သစ်နေရာတွေအတွက်လဲ လုံလောက်တဲ့ ဝတ်ပြုကျောင်းဆောင်တွေ တရားဝင်ခွင့်ပြုပေးဖို့ လက်ရှိအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။

(၄) နိုင်ငံသား ပြည်သူတွေ ဘာလုပ်သင့်သလဲ?

လက်ရှိဖြစ်သွားတဲ့ အခြေအနေမှာတော့ အစ္စလာမ်ဘာသာဝင်မဟုတ်သော နိုင်ငံသားအချို့ရဲ့ နိုင်ငံသားအချင်းချင်း ဖေးမတဲ့ ရပ်တည်မှုကို မြင်ရတာ ကျေးဇူးလဲတင်၊ အားရကျေနပ်ပီတိလဲ ဖြစ်မိပါတယ်။

ဒါပေမယ့် ဒီနေရာမှာတင် ရပ်မသွားဘဲ နောက်ဆက်တွဲ ကိစ္စရပ်တွေမှာလဲ အမှန်တရားဘက်တော်သားများအဖြစ် နိုင်ငံသားအခွင့်အရေးပေါ် အခြေခံပြီး ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ပေးရင်း ကျမတို့ချစ်တဲ့ အမိနိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်အောင် ပူးပေါင်းလက်တွဲဖြေရှင်းကြဖို့ လိုအပ်ပါတယ်။

အချုပ်အားဖြင့် ပြောရရင် အစ္စလာမ်ဘာသာဝင်တွေအတွက် ဝတ်ပြုခြင်းဟာ အခြေခံ မဏ္ဍိုင် (၅) ရပ်မှာ တစ်ခု အပါအဝင်ဖြစ်လို့ အလွန်အရေးကြီးပါတယ်။ အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်နေ့ကို (၅) ကြိမ် မဖြစ်မနေ ဝတ်ပြုရပါတယ်။ ဒီလိုဝတ်ပြုရာမှာလဲ အဆောက်အဦး အဆောင်အယောင်ထက် စိတ်နှလုံး ယုံကြည်မှုကသာ အရေးကြီးတာဖြစ်လို့ လမ်းပေါ်မှာပဲ သန့်ရှင်းအောင် ပြုလုပ်ပြီး အကုန်လုံးထွက် ဝတ်ပြုကြရင်လဲ အဆင်ပြေပါတယ်။ (အဓိကဟာ ယုံကြည်မှုပါပဲ)။ ဝတ်ပြုရာ အဆောက်အဦးတွေကို ချိတ်ပိတ်လို့ရပေမယ့် ကျမတို့ နှလုံးသားထဲက ယုံကြည်မှုကိုတော့ ချိတ်ပိတ်လို့ မရနိုင်ပါဘူး။

သို့သော် ကျမတို့ နိုင်ငံသားအစ္စလာမ်ဘာသာဝင်တွေဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံ့တာဝန်ကို ကျေပွန်ခဲ့ကြပါတယ်။ တော်လှန်ရေးကာလမှာ တော်လှန်ရေးသမိုင်း၊ တည်ဆောက်ရေးကာလမှာ တည်ဆောက်ရေးသမိုင်း စသဖြင့် အသီးသီး ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

နောက်ဆုံး ၂၀၁၅ ရွေးကောက်ပွဲကာလမှာလဲ ကျမတို့တွေ လက်သန်းမင်စွန်းလို့ ပြည်သူ့အစိုးရကို အလုံးအရင်းနဲ့ တွန်းတင်ခဲ့ကြပါတယ်။ ပြောရရင် ကျမတို့အစ္စလာမ်ဘာသာဝင်တွေဘက်က နိုင်ငံသားတာဝန်ကို မကျေပွန်တာ မရှိခဲ့ကြပါဘူး။

ဒါကြောင့် ပြည်သူ့အစိုးရအနေနဲ့လဲ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ် ပီပီပြင်ပြင် ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို နိုင်ငံသားတစ်ယောက်အနေနဲ့ စိတ်အေးချမ်းစွာ ရရှိနိုင်ဖို့ အစိုးရအနေနဲ့ တာဝန်အရှိဆုံးဖြစ်တယ်လို့ ယုံကြည်ပါတယ်။

နိုင်ငံတကာမှာ လေဆိပ်လို၊ ဈေးဝယ်စင်တာလို နေရာမျိုးတွေမှာတောင် အစ္စလာမ်ဘာသာဝင်များအတွက် ဝတ်ပြုရာအခန်းငယ်များ/ဝတ်ပြုဆောင်များကို တစ်ခမ်းတစ်နားနဲ့ စီစဉ်ပေးထားချိန်မှာ ကျမတို့နိုင်ငံက အစ္စလာမ်ဘာသာဝင်ဖြစ်လို့ နိုင်ငံသားအခွင့်အရေးတောင် အပြည့်အဝမရဘဲ ခွဲခြားဆက်ဆံခံရတယ်ဆိုတာက ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်ပြီး တည်ဆောက်နေတဲ့ နိုင်ငံတစ်ခုအနေနဲ့ အလွန်အင်မတန် ရှက်စရာကောင်းတဲ့ကိစ္စတစ်ခုလို့ မြင်မိပါတယ်။

ကျမတို့တွေ နိုင်ငံတကာကို သွားရတဲ့အခါမှာ “ ငါတို့မြန်မာနိုင်ငံကလေ ” … ဆိုပြီး ကျမမွေးဖွားရာ ကျမချစ်တဲ့ အမိမြန်မာနိုင်ငံတော်ကြီးအတွက် ခေါင်းမော့ပြီး ဂုဏ်ယူချင်ပါတယ်။

လေးစားစွာဖြင့်
ဂျူးဂျူးသန်း

MMO-01 © အလင်းမျက်ဝန်း

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat