June 2017

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

[3column][content]
 (မေးခွန်း-၁) 

ဂျမာအသ်နဲ့ဖတ်တာ ရကအသ်တချို့ လွတ်သွားတဲ့သူဟာ အိမာမ်ရဲ့နောက်ဆုံးရကအသ်မှာ ဒရူးဒ်တို့ ဒိုအာမာဆူရာတို့ကို ဖတ်ဖို့လိုပါသလား?

အောင်အောင် (ဇီးကုန်း)


 (အဖြေ-၁) 

  • ရကအသ်လွတ်တဲ့သူဟာ အိမာမ်ရဲ့ နောက်ဆုံးရကအသ်မှာ သရှဟ်ဟွဒ်ပြီးရင် ဖတ်ရတဲ့ ဒရူဒ်တို့ ဒုအာမအ်ဆူရဟ်တို့ ဖတ်ဖို့ အရေးမကြီးပါဘူး။

[/content][content]
 (မေးခွန်း-၂) 
ကျမက ဟာဂျီမဟုတ်ပါဘူး။ ဟဂ်ျသွားဖို့လောက်ထိ ငွေလဲမရှိသေးပါဘူး။ အသက်ကြီးပြီဆိုတော့ မသေခင် အရမ်းလဲ သွားချင်ပါတယ်။ အဲ့ဒါကြောင့် စုထားတဲ့ ငွေနည်းနည်းနဲ့ အွမ္မရာသွားလို့ရပါသလား။ ဟာဂျီမဟုတ်ဘဲ အွမ္မရာသွားရင် မပိုင်ဘူးလို့ ကြားဖူးလို့ပါ။
ဒေါ်မိုင်မူ (မုံရွာ)

 (အဖြေ-၂) 
  • အွမ်ရဟ်ကို ဟာဂျီဖြစ်ပြီးသူရော၊ ဟာဂျီမဖြစ်သေးသူပါ ပြုလုပ်နိုင်ပါတယ်။ အွမ်ရဟ်လုပ်ပြီးရင် ဟဂ်ျကိုတတ်နိုင်နိုင် မတတ်နိုင်နိုင် လုပ်ရမယ်လို့ ကောလာဟလ ထုတ်လွှင့်ကြပါတယ်။ ဒီစကားဟာမှားယွင်းပါတယ်။
[/content][content]
 (မေးခွန်း-၃) 
ကလေးမွေးပြီးရင် အကီကာလုပ်ဖို့က ဘယ်လောက်အရေးကြီးပါသလဲ? သမီးတို့က မချမ်းသာပါဘူး။ အကီကာလုပ်ဖို့လောက်ထိ ငွေမရှိလို့ မေးကြည့်တာပါ။ သမီးတူလေးအတွက် မေးကြည့်တာပါ။
အာရေဖာ (ပဲနွယ်ကုန်း)
 (အဖြေ-၃) 
  • ကလေးအတွက် အကီကဟ်လုပ်ခြင်းဟာ ဝါဂျိဗ် မဟုတ်ပါဘူး။ ဒါကြောင့် တတ်စွမ်းနိုင်ရင် သားယောက်ျားလေးအတွက် ဆိတ်နှစ်ကောင်၊ သမီးမိန်းကလေးအတွက် ဆိတ်တစ်ကောင် လုပ်ပါ။ လုပ်ကိုလုပ်ရမယ်လို့ မသတ်မှတ်ထားတဲ့အတွက် လုပ်နိုင်မှ လုပ်ပါ။ အလ္လာဟ်အရှင်မြတ်သခင် စွမ်းအားပေးတော်မူပါစေ။
[/content][/3column]


ယီမင်နိုင်ငံအတွင်း ဝမ်းရောဂါကပ်ဆိုက်မှုကြောင့် ၂ လအတွင်း လူပေါင်း ၁၅၀၀ နီးပါး သေဆုံးခဲ့ပြီး ကူးစက်လူနာပေါင်း ၂ သိန်းကျော်အထိရှိလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါကပ်ဆိုးကြောင့် နေ့စဉ်ပျမ်းမျှ လူပေါင်း ၅၀၀၀ လောက် ကူးစက်ခံနေရပြီး ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးသော ကပ်ဆိုက်မှုတစ်ခုဖြစ်နေတယ်လို့ WHO ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ယခုနှစ် ဧပြီလကတည်းက ပေါ်ပေါက်ခဲ့တဲ့ အဆိုပါကပ်ရောဂါဟာ ယီမင်နိုင်ငံရဲ့မြို့တော် ဆွမ်န်အာအပါအဝင် ရှီအာဟူသီသူပုန်တွေ သိမ်းပိုက်ထားတဲ့ နိုင်ငံမြောက်ပိုင်းဒေသများတွင် လျင်မြန်စွာပျံ့နှံ့နေပြီး ၎င်းနေရာများတွင် လူပေါင်း ၈ သန်းနီးပါးလောက် နေထိုင်ကြတယ်လို့ သိရပါတယ်။

ဟူသီသူပုန်တွေ သိမ်းပိုက်ထားရာဒေသများအတွင်းမှ ပြည်သူများအနေဖြင့် စစ်ဘေးဒဏ်ကြောင့် အလုပ်အကိုင်များပျက်၍ အစာအာဟာရ လုံလောက်စွာ မရရှိကြဘဲ ကာလရှည်ကြာစွာ အာဟာရချို့တဲ့နေမှုကြောင့် ရောဂါကူးစက်ခံရဖို့ လွယ်ကူစေတာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

Inews-17/6/17 © အလင်းမျက်ဝန်း | ကိုးကား » G-News

အိန္ဒိယနိုင်ငံတွင်းမှ အုပ်စုဖွဲ့ အကြမ်းဖက်သတ်ဖြတ်မှု (ဓာတ်ပုံ-အင်တာနက်)

အိန္ဒိယနိုင်ငံမှာ မွတ်စ်လင်မ်တွေအပါအဝင် လူနည်းစုတွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေဟာ ယခုလအတွင်း ခပ်စိတ်စိတ် ပေါ်ပေါက်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆယ်ကျော်သက်အရွယ် မွတ်စ်လင်မ်လူငယ်လေးတစ်ဦးကို အမဲသားစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဟိန္ဒူဘာသာဝင်တွေများပြားစွာပါဝင်တဲ့ မဟာလူအုပ်ကြီးက ဝိုင်းဝန်းတိုက်ခိုက် သတ်ဖြတ်မှု ဖြစ်ပွါးခဲ့ပါတယ်။

ဒါ့အပြင် မွတ်စ်လင်မ် လယ်သမားတစ်ဦးရဲ့ အိမ်ရှေ့မှာ နွားသေတစ်ကောင် တွေရှိမှုကြောင့် ဟိန္ဒူဘာသာဝင်တွေက အုပ်စုဖွဲ့ကာ ၎င်းမိသားစုကိုပါ အကြမ်းဖက်တိုက်ခိုက်ခဲ့ကြတဲ့အပြင် အိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်တစ်ခုဟာလည်း ယခုနောက်ဆုံးပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အလားတူပင် ဇာတ်နိမ့်အဖြစ် ခွဲခြားသတ်မှတ်ခံထားရသူတွေရဲ့ အခွင့်အရေးတောင်းဆိုမှုတွေကြောင့် အုပ်စုဖွဲ့တိုက်ခိုက်မှုတွေလည်း ယခုလအတွင်း အများအပြား ပေါ်ပေါက်ခဲ့ပါသေးတယ်။

အဆိုပါလုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ အိန္ဒိယနိုင်ငံရဲ့ ထင်ရှားတဲ့မြို့ကြီး တော်တော်များများမှာ လူတန်းစားပေါင်းစုံရဲ့ ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့ပါတယ်။

Inews-16/6/17 © အလင်းမျက်ဝန်း | ကိုးကား » G-News

[2column][content]
 (မေးခွန်း-၁) 
တဏှာစိတ်နဲ့ လိင်ထဲကနေ အရည်ကြည်ထွက်လာခဲ့ပေမယ့် သုတ်ရည်မထွက်ဘူးဆိုရင်ရော ရေချိုးဖို့ ထိုက်ပါသလား?
ဘေတာကြီး (တန့်ဆည်)
 (အဖြေ-၁) 
  • မနီ (ခေါ်) သုက်ရည်ဆိုတာ တဏှာရာဂနဲ့ ခုန်ပေါက်ပြီးထွက်လာတဲ့ အဖြူရောင်အရည်ကိုခေါ်ဆိုပြီး သုက်ရည်ထွက်သွားရင် ရာဂလည်း ပျောက်သွားပါတယ်။ အဲဒီလိုဖြစ်ရင်တော့ ရေချိုးထိုက်ပါတယ်။
 (မေးခွန်း-၂) 
ဝတ္ထုစာပေဟာ တရားတော်နဲ့ လျော်ညီပါသလား။ ဝတ္ထုတွေမှာ ဖြစ်ရပ်မှန်ဆိုရင်တောင် ရေးတဲ့သူဟာ မြင်ရလို့ရေးတာမဟုတ်ဘဲ သတင်းကိုအခြေခံပြီး ရေးသားလေ့ရှိကြပါတယ်။ ကျမက အလင်းမျက်ဝန်းရဲ့ အင်္ဂလိပ် ဘာသာပြန်သတင်းတစ်ချို့ ရေးသားပေးနေသူပါ။ အလင်းမျက်ဝန်းမှာ ဆရာခေဋီဈက်ဥိုအပါအဝင် ဝတ္ထုစာပေရေးသားပေးနေသူတွေကို လေးစားပါတယ်။
မေသွေး (အလင်းမျက်ဝန်း)
 (အဖြေ-၂) 
  • ဝတ္ထုစာပေဟာ တရားတော်နဲ့ မဆန့်ကျင်ပါဘူး။ ဒါပေမဲ့ အချစ်ဝတ္ထုတို့၊ သိုင်းဝတ္ထုတို့ကတော့ အချိန်ကုန်ပြီး စာရိတ္တပိုင်းဆိုင်ရာ မတိုးတက်နိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။
  • ရသဝတ္ထုတိုတွေကတော့ လူတစ်ဦးကို စာရိတ္တဖွံ့ဖြိုးနိုင်တာရယ်၊ စာပေတိုးတက်နိုင်တာရယ်ကြောင့် ဦးစားပေးဖတ်သင့်ပါတယ်။
[/content][content]
 (မေးခွန်း-၃) 

ဗလီတွေထဲမှာ နမားဇ်ဖတ်ထိုင်ခံဆိုပြီး ကျကျနနလုပ်ကာ တန်းစီပြီး ချထားတာတွေ မြင်ရပါတယ်။ ဟိုတုန်းက မတ်တတ်ရပ်မဖတ်နိုင်သူတွေဟာ သာမန် ခွေးခြေခုံလောက်နဲ့ ထိုင်ပြီး ဖတ်ကြပါတယ်။

အခုဟာက ဗလီထဲမှာ အတန်းလိုက်ကြီး အပိုင်ဝယ်ထားသလို နေရာအရမ်းယူလာပြီး လူတစ်ချို့ဆို အောက်မှာထိုင်နေတဲ့ အာလင်မ်ရော၊ ဟာဖီးဇ်ရော၊ ရှိနေတဲ့ ကျမ်းစာအုပ်တွေရော မသိတော့ဘူး ပလ္လင်လိုဘာလိုလိုမျိုးလုပ်ပြီး မိန့်မိန့်ကြီးထိုင်နေတာ မြင်ရပါတယ်။

ရပ်မဖတ်နိုင်သူတွေအတွက် ဘယ်လိုနည်းလမ်းနဲ့ ဖတ်သင့်ပါသလဲဆိုတာ ရှင်းပြပေးပါဆရာ။ အမှားပါရင် ပြင်ဆင်ပြီး ဖော်ပြပေးပါဆရာ။
အာလမ်း (ကျွန်းကုန်း)

 (အဖြေ-၃) 
  • ထိုင်ခုံပေါ် ထိုင်ပြီး စွလာသ်ဝတ်ပြုခြင်းဆိုင်ရာ မဆ်အလဟ်ကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြပေးသွားပါ့မယ်။
  • လောလောဆယ် လေ့လာလိုတယ်ဆိုရင် အလ်ဟာဂ်ျ မောင်ဝ်လာနာ ဟာဖစ်ဇ် အစ္စမာအီလ် (တိုက်တန်းဗလီရှေ့ဆောင်ဆရာ) တင်ပြထားပြီး အလ်အက္ကစွာ ဘာသာပြန်အဖွဲ့က ကူညီဖြန့်ချိထားတဲ့ စာအုပ်ရှိပါတယ်။
  • ان شاء الله ﺗﻌﺎﻟﯽٰ ဒီအကြောင်းကို အလင်းမျက်ဝန်းကနေ အသေးစိတ် ရှင်းပြပေးပါ့မယ်။ အနည်းငယ် သည်းခံပြီး စောင့်စိုင်းပေးဖို့ မေတ္တာရပ်ခံပါတယ်။
[/content][/2column]

“ ရင်ဖွင့်လွှာ ” အစီအစဉ်သစ်ကို (၁-၇-၂၀၁၇) နေ့မှစ၍ တင်ဆက်သွားမည်

မိမိရဲ့ ကိုယ်ပိုင်အတွေးအမြင်တွေကို လူအများသိအောင် ပြောပြနိုင်ဖို့အတွက် “ရင်ဖွင့်လွှာ” အစီအစဉ်က သင့်ကို စောင့်မျှော်နေပါပြီ။

အများအတွက် အကျိုးရှိစေမယ့် သင့်ရဲ့တန်ဘိုးကြီးမားတဲ့ အတွေးအခေါ်တွေ၊ အတွေ့အကြုံကောင်းတွေ၊ အယူအဆတွေကို “ရင်ဖွင့်လွှာ” အစီအစဉ်သို့ ပေးပို့လိုက်ပါ။

၁-၇-၂၀၁၇ (စနေ) နေ့မှစ၍ အပတ်စဉ် စနေနှင့်တနင်္ဂနွေနေ့များမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

  • “ရင်ဖွင့်လွှာ” အစီအစဉ်သို့ သင်ရေးသားတဲ့ အကောင်းဆုံးစာတွေနဲ့အတူ ဓာတ်ပုံနဲ့ဗွီဒီယိုတွေကိုလည်း ပူးတွဲပြီး ပေးပို့နိုင်ပါတယ်။
  • သင်ပေးပို့လာတဲ့ ရေးသားဖော်ပြချက်တွေဟာ သင့်ရဲ့ကိုယ်ပိုင်ရေးသားချက်တွေဖြစ်တဲ့အကြောင်းကိုတော့ တစ်ပါတည်း ဖော်ပြပေးရပါမယ်။
  • ပူးတွဲပေးပို့လာတဲ့ မာလ်တီမီဒီယာဖိုင်တွေဟာ သင့်ကိုယ်ပိုင်ဖြစ်ပါက ရိုက်ကူးထားတဲ့ကာလနဲ့ သင့်ရိုက်ကူးမှုဖြစ်ကြောင်းကို ပေးပို့စဉ် တစ်ပါတည်း ဖော်ပြပေးရမှာဖြစ်ပြီး၊ သင့်ကိုယ်ပိုင်မဟုတ်ခဲ့ဘူးဆိုရင်တော့ မူလပိုင်ရှင်ရဲ့အမည်ကိုပါ ထည့်သွင်းပြီး ဖော်ပြပေးရမှာ ဖြစ်ပါတယ်။

ရေးသားဖော်ပြမှုတွေဟာ အောက်ပါအချက်တွေနဲ့ ငြိစွန်းနေမယ်ဆိုရင်တော့ ဖော်ပြပေးမှာ မဟုတ်ပါဘူး။
  1. အစ္စလာမ်သာသနာတော်ဖြင့် ယတိပြတ်ဆန့်ကျင်နေခြင်း
  2. အဲ့ဟ်လေ့စွန္နသ်အပေါ် ဝေဖန်ထိုးနှက်ရေးသားမှုသပ်သပ်သာ ဖြစ်နေခြင်း
  3. လူမျိုးရေး/ဘာသာရေးအား အပျက်သဘောဆောင်၍ စော်ကားတိုက်ခိုက်မှုဖြစ်နေခြင်း
  4. အထောက်အထား ခိုင်မာမှုမရှိဘဲ ဝေဖန်ရေးသားလှုံ့ဆော်ခြင်း
  5. အများအတွက် အကျိုးမရှိစေဘဲ ပုဂ္ဂိုလ်ရေး/ဝါဒရေးရာ စွပ်စွဲအပုပ်ချတိုက်ခိုက်မှုသပ်သပ်သာ ဖြစ်နေခြင်း

အလင်းမျက်ဝန်းရဲ့ “ရင်ဖွင့်လွှာ” အစီအစဉ်ကို စာရေးသားပေးပို့လိုပါက...
» အလင်းမျက်ဝန်းရဲ့ Facebook စာမျက်နှာ www.facebook.com/alinmyetwyun ရှိ Chatbox သို့ “ရင်ဖွင့်လွှာ” ဟူ၍ ခေါင်းစဉ်တပ်ကာ ပေးပို့နိုင်ပါသည်။
» Email ဖြင့် ပေးပို့လိုပါက alinmyetwyun@gmail.com သို့ Subject နေရာတွင် “ရင်ဖွင့်လွှာ” လို့ ဖော်ပြ၍လည်း ပေးပို့နိုင်ပါသည်။

မှတ်ချက်။ ပေးပို့ရာ၌ ကလောင်အမည်ဖြင့်လည်း ပေးပို့နိုင်ပါသည်။


မြန်မာနိုင်ငံ၏ အီဒွလ်ဖစ်သ်ရ် “ဝါကျွတ်အီးဒ်” ရက်မင်္ဂလာသည် နက်ဖန် (၂၆-၆-၂၀၁၇) တနင်္လာနေ့တွင် ကျရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါသတင်းထုတ်ပြန်ချက်ကို အိုလမာအဖွဲ့ချုပ်၏ ဓမ္မသတ်မှူးချုပ်ဖြစ်သူ ဆရာသခင်ကြီး မောင်ဝ်လာနာ ရှမ်စွတ်ဒိုဟာမှ လက်မှတ်ရေးထိုးပြီး စာအမှတ် (အ.ဖ/၀၆၇/၂၀၁၇) ဖြင့် ယနေ့ (၂၅-၆-၂၀၁၇) တွင် သတင်းထုတ်ပြန်ကြေငြာပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအတွင်းရှိ မွတ်စ်လင်မ်အမျိုးသားများအနေဖြင့် နက်ဖန် (၂၆-၆-၂၀၁၇) တနင်္လာနေ့ နံနက်ပိုင်းတွင် အီးဒ်နမားဇ်ကို စုပေါင်းဝတ်ပြုကြပြီးနောက် အီဒွလ်ဖစ်သ်ရ် (ဝါကျွတ်) အီးဒ်ပွဲတော်ကို မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ ရောင်းရင်းများနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြတော့မှာ ဖြစ်ပါတယ်။

Mnews-01/6/17 © အလင်းမျက်ဝန်း



ဒီတစ်ပါတ် သုခုမမျက်ဝန်းဆိုတဲ့ အလင်းမျက်ဝန်းရဲ့ ဖျော်ဖြေရေးအစီအစဉ်မှာတော့ အီးဒ်မိုဘာရက်အဖြစ် ကူဝိတ်နိုင်ငံမှ တော်ဝင်ဗလီအေမာမ်ဆပ် ကာရီ အလ်အဖါဆီ အဗ္ဗဒွရ် ရာရှီးဒ် မေရှာရီ ၏ အီးဒ်နေ့ကို ဂုဏ်ပြုသီဆိုထားတဲ့ “ ပျော်ရွှင်စရာ အီးဒ်မင်္ဂလာ ” အမည်ရတဲ့ တူရိယာမဲ့အရဗီသံစဉ်လေးတစ်ပုဒ်ကို မြန်မာစာသားနဲ့တကွ တင်ဆက်ပေးလိုက်ပါတယ်။

အီးဒ်နေ့ဟာ မွတ်စ်လင်မ်တို့အတွက် အပူပင်ကင်းစွာနဲ့ ဖြတ်သန်းရတဲ့နေ့၊ ကလေးတွေ ပျော်ရွှင်ကြတဲ့နေ့၊ ကြင်ဖက်တွေ ကြည်နူးကြတဲ့နေ့၊ အဝေးရောက်သူတွေ အိမ်ပြန်လာပြီး ပြန်စုံကြတဲ့နေ့၊ လူတို့ရဲ့ပျော်ရွှင်နေတဲ့ အပြုံးတွေ သင်းရနံ့ထုံမွှမ်းတဲ့နေ့၊ ဧည့်ဝတ်ကျေပွန်တဲ့နေ့၊ မွတ်စ်လင်မ်တို့ရဲ့ ဂုဏ်ယူဖွယ် တန်ဖိုးကြီးမားတဲ့ နေ့ဖြစ်တယ်ဆိုတာကို သီကုံးရွတ်ဆိုထားတဲ့ ကဆွီဒါလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ENTM-05/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/q8VyfCe0u2g
[/error]

[bgallery]
[img src="https://1.bp.blogspot.com/-68RqbiTFhgw/WU576KxHjSI/AAAAAAAAOTY/GlW8yjV_oZYVtZpbc2Flj_wPMneKXK4WgCLcBGAs/s1600/img_f94308b0caa6ffae64707f19cae3cc81132146.jpg"][/img]
[img src="https://2.bp.blogspot.com/-WA3OZNGut0k/WU54u2GJPpI/AAAAAAAAOTI/X5MY-V3gfnot2VRMVwrs9nAIP1nehOOAgCLcBGAs/s1600/SaudiForces_1.jpg"][/img]
[img src="https://3.bp.blogspot.com/-PrxKOPF3r7c/WU54ud4Q1NI/AAAAAAAAOTE/maC3uUnp5-oBT3cJ18W-hWuwUPMCrxNOwCLcBGAs/s1600/SaudiForces_2.jpg"][/img]
[img src="https://2.bp.blogspot.com/-DyV2z0xhIvo/WU54u7hC9-I/AAAAAAAAOTM/7XPiogEHwoA0Q1mP_cm6SPUcPcVY1TojwCLcBGAs/s1600/SaudiForces_3.jpg"][/img]
[img src="https://3.bp.blogspot.com/-K3izJWoFp5c/WU58A302KVI/AAAAAAAAOTc/4FX0UrO2vzE-2u6a3icYaI77Pz5qdf9awCLcBGAs/s1600/mideast-saudi-arabia-medina-bomb-blast.jpg"][/img]
[/bgallery]
မနေ့က (၂၃-၆-၂၀၁၇) သောကြာနေ့မှာ ကအ်ဗာကျောင်းတော်ကြီးကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဒေသတွင်း လုံခြုံရေးအထူးတပ်ဖွဲ့မှ အချိန်မီ ဖြိုခွင်းလိုက်တယ်လို့ သိရပါတယ်။

အစွန်းရောက်အဖွဲ့အစည်း (၃) ခုဟာ မက္ကာဟ်မြို့တော်အတွင်း (၂) နေရာနဲ့ ဂျစ်ဒါမြို့တော်အတွင်း (၁) နေရာ၊ စုစုပေါင်း (၃) နေရာမှာ အကြမ်းဖက်မှုတွေပြုလုပ်ဖို့ စီစဉ်ခဲ့တယ်လို့ ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအကြမ်းဖက်သမားတွေဟာ ရမသွာန်လမြတ်ရဲ့ နောက်ဆုံးကာလအတွင်း ကအ်ဗာကျောင်းတော်ကိုရောက်ရှိနေကြတဲ့ လူဦးရေသန်းချီတဲ့ ကမ္ဘာအရပ်ရပ်မှ မွတ်စ်လင်မ်များကို ထိခိုက်နစ်နာအောင် ဦးတည်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မက္ကာဟ်မြို့တော်ရဲ့ အဓိကအချက်အချာကျတဲ့ လူစည်ကားရာ မြို့လယ်ခေါင်မှာ ဖောက်ခွဲမှုနှစ်ခုစလုံးကို ပြုလုပ်ဖို့ စီစဉ်နေတာကို လုံခြုံရေးအထူးတပ်ဖွဲ့က အချိန်မီ တာဆီးခဲ့ရပါတယ်။

မြို့လယ်ခေါင် သုံးထပ်အဆောက်အဦးတစ်ခုအတွင်း ပုန်းအောင်းနေတဲ့ အသေခံဗုံးခွဲသမားကို လုံခြုံရေးအထူးတပ်ဖွဲ့က ဝိုင်းရံပိတ်စို့ထားပြီး လက်ရဖမ်းဆီးဖို့ ပြင်ဆင်နေစဉ်မှာပဲ အသေခံဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဖောက်ခွဲယမ်းများရဲ့ ပြင်းအားကြောင့် အနီးတဝိုက်မှာ မြေကြီးများ တုန်ခါသွားပြီး ၎င်းအဆောက်အဦးတစ်ခုလုံးလည်း ပြိုကျသွားခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင် (၅) ဦးနဲ့ နိုင်ငံခြားသားဧည့်သည် (၆) ဦး ဒဏ်ရာရရှိခဲ့ကြတာကြောင့် ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ရပြီး အပျက်အစီးတွေကြားမှာတော့ အသေခံဗုံးခွဲတိုက်ခိုက်သူလို့ ယူဆရသူရဲ့ ခန္ဓာကိုယ်အပိုင်းအစတစ်ချို့ကလည်း မြင်တွေ့ရပါတယ်။

ယခုဖြစ်စဉ်နဲ့ပါတ်သက်ပြီး အမျိုးသမီးတစ်ဦးအပါအဝင် သံသယရှိသူ (၅) ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သံသယရှိသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်အသေးစိတ်ကိုတော့ လတ်တလော ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီးမန်ဆူးက ပြောပါတယ်။

Inews-15/6/17 © အလင်းမျက်ဝန်း | ကိုးကား » ဆော်ဒီဂေဇက်

[3column][content]
 (မေးခွန်း-၁) 
အာလင်မ်တွေ နောက်မှာရှိနေလျက်နဲ့ အာဝမ်တစ်ယောက်က မျက်နှာပွင့်အောင် ရှေ့မှာ နမားဇ်တက်ဖတ်တယ်။ အဲ့ဒါမျိုးက သင့်တော်ပါသလား။ ကျနော် ဂျမာအသ်သွားတုန်းက မြင်ရတာလေး ဖြစ်ပါတယ်။
ဂျိုနိုက် (ချပ်သင်း)
 (အဖြေ-၁) 
  • အိမာမသ်လုပ်ဖို့က အဦးဆုံး သာသနာ့အသိပညာ၊ စွလာသ်ရဲ့ ပဉာတ်တော်တွေကို အတတ်ကျွမ်းဆုံး၊ အသိဆုံးသူကို ဦးစားပေးရပါမယ်။
  • အဲဒီလို ပညာရှင်တွေမျိုး ဆင်တူတွေများ ရှိနေကြရင် ကုရ်အာန်အဖတ်ရွတ်တတ်ဆုံးသူကို ဦးစားပေးရပါမယ်။
  • အဲဒီလိုမျိုး ကုရ်အာန်ဖတ်ရွတ်တတ်သူတွေ ရှိနေကြရင်တော့ သက္ကဝါတရား အရှိဆုံးသူကို ဦးစားပေးရပါမယ်။
  • စသဖြင့် အဆင့်တွေ သတ်မှတ်ထားပါတယ်။ အဲဒီအတွက် အထက်ပါ တတ်ကျွမ်းသူတွေ ရှိနေခဲ့ရင် အဝါမ်ကို စွလာသ်ရှေ့ဆောင်အဖြစ် တင်ပြီး ဝတ်ပြုတာဟာ လုံးဝကို မလျော်ကန်တဲ့ ကိစ္စတစ်ရပ်ပါ။
[/content][content]
 (မေးခွန်း-၂) 

ဝတ်လစ်စလစ်နဲ့ လင်မယား သံဝါသပြုတာ မပိုင်ဘူးဆိုတာ ဟုတ်ပါသလား?

အောင်အောင်သင်း (မကွေး)



 (အဖြေ-၂) 

  • လင်မယားနှစ်ဦး သံဝါသပြုချိန် နှစ်ဦးစလုံး ဝတ်လစ်စလစ်နဲ့ နေခြင်းကို ရှရီအသ်မှာ တားမြစ်ချက် တစ်စုံတစ်ခုမလာထားတဲ့အတွက် ပိုင်ပါတယ်။

  • ဒါပေမဲ့ ဟဒီးဆ်တော်တချို့မှာတော့ ကောင်းကင်တမန်တော်တွေကို အရှက်ထားဖို့ မှာကြားထားတဲ့အတွက် မလိုအပ်ဘဲ ဝတ်လစ်စလစ် မနေသင့်ပါဘူး။



[/content][content]

 (မေးခွန်း-၃) 

ငါးငပိကို အိမ်မှာအသေအချာ သန့်သန့်ရှင်းရှင်း လုပ်ပြီးစားလို့ရပါသလား? လောက်လဲ မတက်အောင် အသေအချာ ဂရုစိုက်ပါတယ်။
မဝင်း (တောင်သာ)

 (အဖြေ-၃) 
  • “ ငါးပိနဲ့လောက် ရွှေနဲ့ကျောက် ” ဆိုတဲ့ မြန်မာဆိုရိုးအတိုင်း ငါးပိသိပ်တဲ့အခါ လောက်က မကင်းသလောက်ပါ။ အိမ်မှာသိပ်တယ်ဆိုတာတော့ ငါးပိသိပ်တဲ့သူ ပိုသိမှာပေါ့။

  • ရှရီအသ်က သန့်ပြန့်တဲ့အစားအစာတွေကို စားသောက်ဖို့ အမိန့်ပေးထားပြီး မသန့်တဲ့၊ ညစ်ညမ်းတဲ့ အစားအသောက်တွေက ရှောင်ကြဉ်ခိုင်းထားပါတယ်။

  • ဒါကြောင့် သန့်ပြန့်တဲ့အရာတွေကို ရွေးပြီး စားသောက်ပါလို့ အကြံပြုပါရစေ။
[/content][/3column]


လက်ရှိအချိန်တွင် ကမ္ဘာ့လူဦးရေမှာ သန်းပေါင်း (၇၆၀၀) လောက်ရှိနေပြီး လာမည့် သက္ကရာဇ် ၂၀၅ဝ ကာလတွင် သန်းပေါင်း (၉၈၀၀) အထိ ရှိလာမယ်လို့ မနေ့ကထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

နောင်လာမည့် (၇) နှစ်အတွင်း အိန္ဒိယနိုင်ငံ၏ လူဦးရေသည် တရုတ်နိုင်ငံ၏ လူဦးရေထက် ကျော်လွန်သွားနိုင်တယ်လို့ ၎င်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ဂျီရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့တတိယမြောက် လူဦးရေအများဆုံးနိုင်ငံတစ်ခု ဖြစ်လာမယ်လို့လည်း ပါရှိပါတယ်။

ကလေးမွေးဖွားနှုန်းဟာ ကမ္ဘာတစ်ဝန်း ဆက်လက်ကျဆင်းနေအုံးမယ်ဆိုပေမယ့် လက်ရှိလူဦးရေတိုးပွါးမှုအတိုင်း ဆက်သွားပါက (၂ဝ၃ဝ) ပြည့်နှစ်မှာ သန်းပေါင်း (၈၆၀၀)၊ (၂၀၅ဝ) ပြည့်နှစ်မှာ သန်းပေါင်း (၉၈၀၀)၊ (၂၁၀၀) ပြည့်နှစ်မှာတော့ သန်းပေါင်း (၁၁၂၀၀) အထိ တိုးပွါးလာနိုင်တယ်လို့ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာဌာနမှ ထုတ်ပြန်တဲ့ ၎င်းအစီရင်ခံစာပါ အချက်အလက်များအရ သိရပါတယ်။

Inews-14/6/17 © အလင်းမျက်ဝန်း | ကိုးကား » G-News


 (မေးခွန်း-၁) 
ဘဏ်မှာ မိမိ အတိုးစားဖို့ နီယသ်မပါဘဲ ငွေစုပါတယ်။ ဒါပေမယ့် အဲ့ဒီဘဏ်က အတိုးများလို့ ဆိုတာကြောင့် တမင်ကို သွားစုတာ ဖြစ်ပါတယ်။ ဗလီသွားတဲ့လမ်းကို ဘဏ်ကရလာတဲ့အတိုးနဲ့ ခင်းပေးချင်လို့ပါ။ အဲ့ဒါ ဖြစ်သင့်ပါသလားဆရာတို့ရယ်။ ဖသ်ဝါမေးတာမဟုတ်ပါ။ တကယ့်သိချင်လို့ပါ။ စာကို မပယ်လိုက်ပါနဲ့နော်။
ဟာဂျီမ ဇေဟာရဟ် (ပျော်ဘွယ်)
 (အဖြေ-၁) 
  • ဘဏ်မှာငွေစုလို့ရလာတဲ့ အတိုးငွေနဲ့ လမ်းခင်းပေးခြင်း ပိုင်ပါတယ်။
  • အတိုးကို စားဖို့ဖြစ်ဖြစ် တခြားရည်ရွယ်ချက်နဲ့ဖြစ်ဖြစ် အတတ်နိုင်ဆုံး ရှောင်ကြဉ်ရပါမယ်။
[2column][content]
 (မေးခွန်း-၂) 
အလင်းမျက်ဝန်းက တင်ပေးနေတဲ့ တီးလုံးမပါတဲ့ သီချင်းလေးတွေကို အရမ်းကြိုက်ပါတယ်။ သမီးက အနုပညာကို စိတ်ဝင်စားတဲ့ လူငယ်တစ်ဦးပါ။ ဒါပေမယ့် သာသနာပတော့ မနေထိုင်ချင်ပါဘူး။ သမီးသိချင်တာက သီချင်းတွေကို တီးလုံးမပါဘဲဆိုရင် ရပါသလား? အဆိုတော်တွေက သီချင်းတွေကို တီးလုံးနဲ့ ဆိုတာကို သဘောကျလို့ မှတ်မိနေတာကြောင့် ပါးစပ်က ပြန်ဆိုမိတာဟာ အပြစ်ရှိပါသလား?
ဟာဂျီယာ ကာရီအဟ် အာလေမာဟ်
မေမဒီလင်း (တောင်ကြီး)

 (အဖြေ-၂) 
  • ညီမက အာလိမဟ်ဆိုတော့ ဒီကိစ္စကို အထူးရှင်းပြနေစရာလိုမယ် မထင်ပါဘူး။
  • လမြတ်ရမဿွာန်စကတည်းက အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးလာခဲ့တဲ့ သုခုမမျက်ဝန်းအစီအစဉ်ကနေ လတ်တလော တင်ဆက်နေတာဟာ သီချင်းတွေ မဟုတ်ပါဘူး။ အရဗီ၊ အူရ်ဒူ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရရှားစတဲ့ ဘာသာစကားတွေနဲ့ သီဆိုထားတဲ့ လမြတ်ရမဿွာန် သံစဉ်ဖွဲ့ ကဗျာလင်္ကာတွေပဲ ဖြစ်ပါတယ်။ ပြန်လည် နားသောတပန်ဆင်ပါလို့ အကြံပြုပါရစေ။ အလင်းမျက်ဝန်းကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
  • သီချင်းတို့၊ တေးသွားတို့ သီဆိုခြင်းဟာ စိတ်နှလုံးအပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ကိုယ်တော်မြတ်ကြီး ﷺ က မိန့်ကြား တားမြစ်ထားတဲ့အတွက် လိုက်မဆိုသင့်ပါဘူး။ ဆိုရင် အပြစ်ထိုက်ပါမယ်။
[/content][content]
 (မေးခွန်း-၃) 
အိုးခွက်ပန်းကန်ကို မွှေရင် ညာဘက်ကနေ စမွှေတာ စွန္နသ်ဆိုတာ ဟုတ်ပါသလား? လူတချို့က စွန္နသ်တော်ဆိုပြီး လဘက်ရည်ကို ညာဘက်ကနေ မွှေပြီးသောက်နေကြတာ မြင်ရပါတယ်။ နောက်တစ်ခုက စားပြီးသားခွက်ပန်းကန်ထဲကို မဆေးဘဲ ရေထည့်ပြီးသောက်တာ စွန္နသ်လို့ပြောပြီး သောက်နေကြပါတယ်။ တကယ့်စွန္နသ်အစစ်တွေလားဆိုတာ သိချင်ပါတယ်။
သက်မှူးကို (မော်လမြိုင်)
 (အဖြေ-၃) 
  • တမန်တော်မြတ်ကြီး ﷺ ဟာ အရာရာတိုင်းမှာ လက်က်ျာကို ဦးစားပေး နှစ်ခြိုက်တော်မူပါတယ်။ ဖိနပ်စီးတဲ့အခါမှာ၊ ခေါင်းဖြီးတဲ့အခါမှာ၊ လမ်းလျှောက်တဲ့အခါမှာ စသဖြင့်ပါ။
  • ဒီအတွက် လက်ဖက်ရည်၊ ကော်ဖီ၊ ဟင်းအိုးစသဖြင့် မွှေတဲ့အခါမှာတောင် သတိထားပြီး ယာဘက်ကဝိုက်ပြီး မွှေတာဟာ ကိုယ်တော်မြတ် ﷺ ရဲ့ လက်ျာကို နှစ်ခြိုက်လို့ဆိုတာကို စံနမူနာယူရင် ပိုလို့တောင် ကောင်းပါတယ်။
  • ထမင်းစားပြီး ပန်ကန်းကို မဆေးရသေးခင် ရေထည့်သောက်တာဟာ တကယ်လို့ ကိုယ်တော်မြတ် ﷺ မိန့်ကြားတဲ့ “ ကျသွားတဲ့ထမင်းလုပ်ကို အမှိုက်သရိုက်ဖယ်ပြီး စားပါ၊ ရှိုင်သွာန်အတွက် ချန်မထားပါနဲ့။ ပန်းကန်ကိုလျက်ပါ၊ အသင်တို့ရဲ့ဘယ်အစားအစာမှာ ဗရကသ် ရှိနေတယ်ဆိုတာ မသိနိုင်ဘူး။ ” ဆိုတဲ့ ဟဒီးဆ်တော်ကို ကျင့်သုံးတဲ့အနေနဲ့ဆိုရင်တော့ စွန္နသ်ဖြစ်ပါတယ်။
  • ဟဒီးဆ်တော်ကို ကျင့်သုံးဖို့ကတော့ (စားလို့မြိန်တဲ့အခါမှာ ပန်းကန်ကိုတောင် ပြောင်အောင်လျက်စားလေ့ရှိကြသလိုမျိုး) ပြောင်အောင်လျက်စားလိုက်ရင်လည်း ရနေပါပြီ။
[/content][/2column]


ဆီးရီးယားဝေဟင်ပိုင်နက်အတွင်း လက်နက်တပ်ဆင်ထားသည့် အီရန်လုပ် မောင်းသူမဲ့လေယာဉ်တစ်စီးကို အမေရိကန်က ပစ်ချခဲ့တယ်လို့ သိရပါတယ်။

ပစ်ချလိုက်သော အဆိုပါမောင်းသူမဲ့လေယာဉ်သည့် ဆီးရီးယားနိုင်ငံ တောင်ပိုင်းတွင် ပျံသန်းနေပြီး အာဆတ်အစိုးရပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေသည့် ပြောက်ကျားတော်လှန်ရေးသမားများကို တိုက်ခိုက်ရန်အတွက် လက်နက်အပြည့်တပ်ဆင်ကာ ပျံသန်းလာခြင်းဖြစ်နိုင်တယ်လို့ အမေရိကန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အီရန်နိုင်ငံသည် ဆီးရီးယား အာဏာရှင် ဘာရှာအယ်လ်အာဆတ်ကို ထောက်ခံသည့် အဓိက မဟာမိတ်နိုင်ငံတစ်ခု ဖြစ်တာကြောင့် ဒေသတွင်း အာရဗ်မဟာမိတ်ညွှန့်ပေါင်းအဖွဲ့နှင့်လည်း ဆန့်ကျင်ဘက်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ယခု ပစ်ချခံရသည့် မောင်းသူမဲ့အီရန်လေယာဉ်မှာ Shahad-129 ဒရုန်းယာဉ်အမျိုးအစားဖြစ်ပါတယ်။

အီရန်စစ်တပ်မှ ၂၀၁၂ ခုနှစ်က ကမ္ဘာကို ထုတ်ဖော်ပြခဲ့သည့်ယာဉ်အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၂၀၀၀ (မိုင် ၁၂၀၀ ကျော်) အထိ ဗုံးသီးနှင့်ဒုံးကျည်များကို သယ်ဆောင်ကာ ဆက်တိုက် ပျံသန်းနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။

Inews-13/6/17 © အလင်းမျက်ဝန်း | ကိုးကား » G-News


ဆော်ဒီနိုင်ငံမှာ လက်ရှိဘုရင်ကြီးရဲ့ အရိုက်အရာကို ဆက်ခံရမယ့် အိမ်ရှေ့စံရာထူးကို အပြောင်းအလဲပြုလုပ်လိုက်တယ်လို့ သိရပါတယ်။

လက်ရှိ အိမ်ရှေ့မင်းသားကြီး မိုဟမ္မဒ် ဗင် နယက်ဖ် နေရာမှာ အရံအိမ်ရှေ့မင်းသားနဲ့ လက်ရှိဆော်ဒီနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ မိုဟမ္မဒ် ဗင် စလ်မာန်းကို အိမ်ရှေ့စံ ရာထူးသို့ ပြောင်းလဲခန့်အပ်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အိမ်ရှေ့စံဖြစ်လာတဲ့ အသက် (၃၁) နှစ်အရွယ် မင်းသား မိုဟမ္မဒ် ဗင် စလ်မာန်း အနေနဲ့ လက်ရှိ သူတာဝန်ယူထားရတဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်ကိုလည်း ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ဆော်ဒီနန်းတော်ရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြသွားပါတယ်။

ကမ္ဘာ့အသက်အငယ်ဆုံးသော ကာကွယ်ရေး ဝန်ကြီးအဖြစ် မှတ်တမ်းတွင်ခဲ့သည့် မင်းသားမိုဟမ္မဒ်သည် လက်ရှိဘုရင်ကြီးစလ်မာန်း၏ သားတော်တစ်ပါးဖြစ်ပြီး ဆော်ဒီနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်များကို ဦးဆောင်နေသော အရေးပါသည့် ဆော်ဒီခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားလာသူ ဖြစ်ပါတယ်။

မကြာသေးမီက ပေါ်ပေါက်ခဲ့သော ကာတာအရေးကိစ္စ၊ မက္ကာဟ်မြို့တော်နဲ့ မဒီနာမြို့တော်များအား ဒုံးလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက် ရန်မူလေ့ရှိတဲ့ ယီမင်နိုင်ငံမှ ဟူသီရှီအာသူပုန်များအား နှိမ်နင်းရေးစစ်ပွဲအပါအဝင် ဆော်ဒီနိုင်ငံရဲ့ ကာကွယ်ရေးကိစ္စတွေမှာ အဆိုပါ အိမ်ရှေ့စံသစ်က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိဘုရင်ကြီးစလ်မာန်း၏ တူတော်စပ်သော မင်းသားကြီး မိုဟမ္မဒ် ဗင် နယက်ဖ်မှာ အိမ်ရှေ့စံအရိုက်အရာအပြင် အစိုးရအဖွဲ့အတွင်း တာဝန်ယူထားသည့် ပြည်ထဲရေးဝန်ကြီးနှင့် လက်ထောက် ဝန်ကြီးချုပ် ရာထူးများကိုပါ စွန့်ခွာပေးလိုက်ရတာ ဖြစ်ပါတယ်။

Inews-12/6/17 © အလင်းမျက်ဝန်း | ကိုးကား » G-News



ဗလီတစ်လုံးအတွင်းမှ နမားဇ်ဝတ်ပြုပြီး ထွက်လာကြတဲ့သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတစ်ခု လန်ဒန်မြို့တော်မှာ ဖြစ်ပွားခဲ့ပါတယ်။

ယနေ့ (၁၉-၆-၂၀၁၇) တနင်္လာနေ့ နံနက်လင်းချိန်မှာ လန်ဒန်မြို့တော်မြောက်ဘက် Finsbury Park အရပ်မှာရှိတဲ့ ဗလီဝတ်ကျောင်းတော်ထဲမှ ဖဂျရ်နမားဇ်ဝတ်ပြုပြီးထွက်လာတဲ့ မွတ်စ်လင်မ်တွေဆီကို ဦးတည်ကာ ဗင်ကားတစီးက အရှိန်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လူတစ်ဦးပွဲချင်းပြီး သေဆုံးကာ (၈)ဦးကိုတော့ ဆေးရုံပို့ထားရတယ်လို့ သိရပါတယ်။

အသက် (၄၈) နှစ်အရွယ်ရှိတဲ့ ကားမောင်းသူကိုတော့ ရဲက ဖမ်းဆီးရမိခဲ့ပါတယ်။

ယခု တိုက်ခိုက်မှုကို သက်ဆိုင်ရာက အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။

Inews-11/6/17 © အလင်းမျက်ဝန်း | ကိုးကား » Global Internet
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/GFAQ7hq6TYc
[/error]



သီရိလင်္ကာနိုင်ငံမှာ ဘာသာရေးအကြမ်းဖက်မှုကျူးလွန်သူ (၄) ဦးကို မနေ့က (၁၈-၆-၂၀၁၇) တနင်္ဂနွေနေ့မှာ သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အဆိုပါ (၄) ဦးဟာ ကိုလံဘိုမြို့ပြင် ရပ်ကွက်တစ်ခုမှာရှိတဲ့ ဗလီတစ်လုံးအပါအဝင် မွတ်စ်လင်မ်ဆိုင်တစ်ချို့ကို အကြမ်းဖက် မီးရှို့ဖျက်ဆီး တိုက်ခိုက်ရာမှာ ဦးဆောင်ပါဝင်သူတွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်အရ သက်ဆိုင်ရာက အလိုရှိနေသူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း ကိုလံဘိုမြို့ပြင်ရပ်ကွက်တစ်ခုပေါ်က ဗလီနဲ့ မွတ်စ်လင်မ်ပိုင် စာအုပ်ဆိုင်တွေကို တာဝန်ကျ ရဲအရာရှိ (၁) ဦး၊ ဘုန်းကြီး (၁) ဦး နဲ့ အခြား (၂) ဦး၊ ပေါင်း (၄) ဦးတို့က ဦးဆောင်မီးရှို့ခဲ့တာကို လုံခြုံရေးကင်မရာတွေကနေ မြင်တွေ့ခဲ့ရတယ်လို့ ဖမ်းဆီးရေးအဖွဲ့မှာပါဝင်တဲ့ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

ဖမ်းဆီးလိုက်တဲ့ အကြမ်းဖက်သမား (၄) ဦးဟာ ဗလီဝတ်ကျောင်းတွေအပါအဝင် အစ္စလာမ်ဘာသာရေး သာသနိကအဆောက်အအုံတွေနဲ့ မွတ်စ်လင်မ်တွေ ပိုင်ဆိုင်တဲ့ စီးပွါးရေး လုပ်ငန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ တရားခံပြေးဘုန်းကြီး BBS ဂိုဏ်းချုပ် ဆရာတော် ဂန္တစာရ (Gnanasara) ရဲ့ နောက်လိုက်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

Inews-10/6/17 © အလင်းမျက်ဝန်း | ကိုးကား » Ineternet
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/GFAQ7hq6TYc
[/error]



အလင်းမျက်ဝန်းက အပတ်စဉ်တင်ဆက်ပေးနေတဲ့ သုခုမမျက်ဝန်း ဖျော်ဖြေရေးအစီအစဉ်မှာတော့ အဆိုတော် အွမ္မရ်အီစာ ရေးစပ်သီဆိုထားတဲ့ တူရိယာမဲ့သံစဉ်လေးတစ်ပုဒ်ကို မြန်မာစာသားနဲ့တကွ တင်ဆက်ပေးလိုက်ပါတယ်။

အစ္စလာမ့်မဏ္ဍိုင်တစ်ခုကို ထမ်းရွက်ရတဲ့လ၊ ကုရ်အာန်ကျမ်းတော်မြတ်ကို စတင်လက်ခံရရှိတဲ့လ၊ လိုင်လာသွလ်ကဒရ်ညဥ့်မြတ်ရှိနေတဲ့လ၊ မြင့်မြတ်မှုတွေ ပေါကြွယ်ဝတဲ့လ၊ ကိုယ့်ကိုယ်ကို ပြုပြင်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးရရှိတဲ့လ၊ ဒီလို ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြီးပြည့်စုံတဲ့ လမြတ်ရမသွာန်ကြီးကို ကုန်ဆုံးမသွားစေချင်ပေမယ့် အချိန်တန်တဲ့အခါမှာတော့ အလ္လာဟ်အရှင်မြတ်အလိုတော်အရ အဆုံးသတ်သွားတော့မယ့်အကြောင်းကို သီကုံးရွတ်ဆိုထားတဲ့ ကဆွီဒါလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ENTM-04/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/EmuexDvDeKk
[/error]

[3column][content]
 (မေးခွန်း-၁) 

ရိုဇာထားပြီး အင်တာနက်ကနေ ရည်းစားတွေနဲ့ မဖွယ်မရာတွေ ပြောကြဆိုကြတယ်။ ပုံတွေပြကြတယ်။ တဏှာရာဂဖြစ်စေတယ်။ ဒါမျိုးတွေဟာ ရိုဇာကို ဘယ်လောက် ထိခိုက်ပါသလဲ ရှင်းပြပေးပါ ဆရာ။

အလင်းမျက်ဝန်းက ကျနော့်ရဲ့မျက်ဝန်းပါပဲနော်။

စါဒန်ဟူစိန် (ကလော)


 (အဖြေ-၁) 

  • ကုရ်အာန်ကျမ်းတော်မှာ စွောင်မ် (ခေါ်) ရိုဇာကိုထားခိုင်းရတဲ့ ရည်ရွယ်ချက်ကိုက သက္ကဝါတရားရစေဖို့လို့ လာရှိထားပါတယ်။

  • စွောင်မ် ရိုဇာထားပြီး မဖွယ်မရာပြောတာ၊ တဏှာရာဂကို အားပေးစေတဲ့အရာတွေ ပြုလုပ်တာဟာ စွောင်မ်ရဲ့ အဓိကရည်ရွယ်ချက်ကြီးကို ထိခိုက်စေလို့ ရိုဇာကို ဘယ်လောက်ထိခိုက်သလဲဆိုတဲ့ အတိုင်းအတာကို မပြောပြနိုင်လောက်အောင်ကို များပါတယ်။

အလ္လာဟ်အရှင်၊ ကျွန်တော်တို့ကို ထိန်းသိမ်းတော်မူပါစေ။ (အာမီးန်)

[/content][content]
 (မေးခွန်း-၂) 
နမားဇ်ဖတ်တိုင်းလိုလို စိတ်တွေက အတွေးလွန်ပြီး လွင့်ပျံနေတတ်ပါတယ်။ အဲ့ဒါ နမားဇ်ပိုင်ပါသလား? လွတ်သွားတဲ့ နမားဇ်တွေကို ပြန်ဖြည့်ချင်ပါတယ်။ နည်းလမ်းမသိလို့ပါ။
ဟိုစနားဘီ (လွိုင်ကော်)
 (အဖြေ-၂) 
  • စွလာသ်မှာ ခုရှူအ် စိတ်ပါဝင်စားခြင်းဟာ အလွန်အင်မတန်မှ အရေးပါလှတဲ့ကိစ္စပါ။ စွလာသ်ဝတ်ပြုတဲ့အခါ အလိုလို ရောက်ရောက်လာတဲ့ အတွေးတွေကတော့ ရှိတတ်စမြဲပါ။ အဲဒါတွေကို ဖယ်ထုတ်ရင်း၊ စိတ်ကိုနှစ်မြှုပ်ရင်းနဲ့ စွလာသ်ကို ဆုံးခန်းတိုင်အောင် ဝတ်ပြုပါ။
  • ဒါပေမယ့်လည်း အတွေးကို မိမိဘက်က တမင်အတလိယူလာတယ်ဆိုရင်တော့ အလွန်မှကို ဆိုးရွားတဲ့ကိစ္စကြီး ဖြစ်သွားပါပြီ။ စွလာသ်အတွင်းမှာ အတွေးလွန်တာဟာ ရှိုင်သွာန်ဘက်ကလာတဲ့ကိစ္စမို့လို့ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။ ဒီကြားထဲ အတွေးတွေနဲ့ စစ်တိုက်ရင်း စွလာသ်ဝတ်ပြုပါ။ စွလာသ်ကို မလွှတ်လိုက်ပါနဲ့။ စွလာသ်ပိုင်ပါတယ်။
  • လွတ်ခဲ့တဲ့ စွလာသ်တွေကို မှတ်မိရင်တော့ ဘယ်စွလာသ်၊ ဘယ်စွလာသ်ဆိုပြီး ရည်စူးကာ ကဿွာဝတ်ပြုပါ။ မမှတ်မိတော့ရင် နောက်ဆုံးလွတ်ခဲ့တဲ့ ဘယ်စွလာသ်ကို ဝတ်ပြုပါ့မယ်။ ဒါမှမဟုတ် အရင်ဆုံး လွတ်ခဲ့တဲ့ ဘယ်စွလာသ်ကို ဝတ်ပြုပါ့မယ်လို့ ရည်စူးပြီး ဖြည့်စွက်ကဿွာ ဝတ်ပြုနိုင်ပါတယ်။
[/content][content]
 (မေးခွန်း-၃) 

ကျနော် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှာ အိမ်သာတက်ပြီးတော့ ရေပေးမထားလို့ တစ်ရှူးနဲ့သုတ်ပြီး နမားဇ်ဖတ်ခဲ့ဘူးပါတယ်။ အလေးသွားတာပါ။ မေးချင်တာက အလေးသွားပြီး ရေမရှိရင် တစ်ရှူးနဲ့သန့်ရှင်းလို့ ရပါသလား? ရေပြန်ဆေးဖို့ လိုအပ်ပါသလား?

ဦးမောင်ကို (မင်္ဂလာတောင်ညွန့်)


 (အဖြေ-၃) 

  • အလေးသွားပြီး သန့်ပြန့်တဲ့အရာတစ်ခုခုနဲ့ ပြောင်စင်အောင် သန့်စင်လိုက်ရင်လည်း ရပါတယ်။ ဥပမာ- မြေဆိုင်ခဲတို့၊ တစ်ရှူးတို့ စသဖြင့်ပေါ့။

  • ဒါပေမယ့် ရေနဲ့သန့်စင်တာဟာ အသန့်ရှင်းဆုံးနဲ့ အလ္လာဟ်အရှင် အနှစ်သက်တော်မူဆုံးဖြစ်လို့ ရေရတဲ့နေရာမှာ ချက်ချင်း ဆေးကြောလိုက်တာ အကောင်းဆုံးပါ။

  • တစ်ရှူးရော ရေရော သုံးနိုင်ရင်တော့ အကောင်းတကာ့ အကောင်းဆုံးပါ။

  • ကုရ်အာန်ကျမ်းတော်မြတ် (၉း၁၀၈) ကို လေ့လာဖို့ တိုက်တွန်းပါတယ်။


[/content][/3column]

[3column][content]
 (မေးခွန်း-၁) 
ဝဇူလုပ်ပြီးမှ လင်မယား တဏှာစိတ်နဲ့ပွေ့ဖက်တာဟာ ဝဇူပျက်ပါသလား။
ရိုဇာရှိတဲ့အချိန်မှာ လင်မယား မဆက်ဆံပေမယ့် တဏှာစိတ်နဲ့ လူကွယ်ရာ ပွေ့ဖက်ရင်ရော ရိုဇာပျက်ပါသလား။
စိုးစိုး (Singapore)
 (အဖြေ-၁) 
  • နိယာမလေးတစ်ခု မျှဝေချင်ပါတယ်။ ဝုဇူဟာ များသောအားဖြင့် ခန္ဓာကိုယ်ကနေ တစ်ခုခုထွက်လို့ ပျက်တာပါ။ ရိုဇာကျတော့ အများအားဖြင့် ခန္ဓာကိုယ်ထဲ တစ်နည်း ဝမ်းထဲကို တစ်ခုခုဝင်သွားလို့ ပျက်တာပါ။
  • ဝုဇူလုပ်ပြီး တဏှာရာဂစိတ်နဲ့ ဇနီးသည်ကို နမ်းရှုံ့တာ၊ ပွေ့ဖက်တာ ဝုဇူမပျက်စေပါဘူး။ မဇီ အရည်ကြည် ထွက်သွားရင်တော့ ဝုဇူပျက်ပါတယ်။
  • ရိုဇာထားနေစဉ်လည်း လင်နဲ့မယား ပွေ့ဖက်တာဟာ ရိုဇာမပျက်ပါဘူး။ ဒီနေရာမှာ အပေါ်က နိယာမထက် ကျော်လွန်တဲ့ အမိန့် ရှိနေပြန်ပါတယ်။ ဒါကတော့ အဲဒီလို လင်မယားပွေ့ဖက်နမ်းရှုံ့ရင်း သုက်ရည်ထွက်သွားရင်တော့ ရိုဇာပျက်သွားပါမယ်။
အရင်တစ်ပတ်က ဖြေကြားပေးခဲ့တဲ့ (၈-၆-၂၀၁၇) နေ့ အတွဲ-၉၊ အဖြေ-၂ နဲ့ (၉-၆-၂၀၁၇) နေ့ အတွဲ-၁၀၊ အဖြေ-၁ တို့ မှာလည်း လေ့လာနိုင်ပါတယ်။
[/content][content]
 (မေးခွန်း-၂) 


နမားဇ်ဖတ်နေရင်း (အထူးသဖြင့် ရိုကူအ်၊ စစ်ဂ်ျဒါမှာ) ဆီးစက်ကျသလို ခံစားလိုက်ရတာမျိုး ဖြစ်လာခဲ့ရင် ဝိုဇူနဲ့ နမားဇ်ပျက်ပါသလား?


အောင်မြတ်ဦး (တာမွေ)



 (အဖြေ-၂) 

  • ဆီးစက်ကျတာဟာ စွလာသ်အချိန်တစ်ချိန်ပြည့် ကျနေတဲ့သူဆိုရင်တော့ နမားဇ်ဝတ်ပြုနေရင်းနဲ့ ကျခဲ့ရင်လည်း ဆက်ဝတ်ပြုနေပါ။ တစ်ခါတလေ ကျသူဆိုရင်တော့ နမားဇ်ရော ဝုဇူရော ပျက်သွားပါလိမ့်မယ်။

(၄-၅-၂၀၁၇) ရက်နေ့ အတွဲ-၂၊ အဖြေ-၃ နဲ့ (၁-၆-၂၀၁၇) ရက်နေ့ အတွဲ-၇၊ အဖြေ-၁ တို့မှာလည်း လေ့လာနိုင်ပါတယ်။



[/content][content]
 (မေးခွန်း-၃) 

ရိုဇာထားပြီး အင်တာနက်ပေါ်က မကောင်းတဲ့ပုံတွေ၊ ရုပ်ရှင်တွေကြည့်ရင် ရိုဇာပျက်ပါသလား?

မကောင်းတာတွေ ကြည့်ရင်း၊ မကောင်းတာတွေ တွေးမိရင်း အလိုလို အေဒလံဖြစ်သွားရင်ရော ရိုဇာပျက်ပါသလား?

အိုဂါရှား (ဘားအံ)


 (အဖြေ-၃) 

  • မကောင်းတဲ့ပုံတွေ၊ ရုပ်ရှင်တွေကြည့်တာဟာ ရိုဇာထားနေစဉ်ရော၊ ရိုဇာမထားစဉ်မှာရောပါ မပြုပိုင်ပါဘူး။ အပြစ်ထိုက်ပါတယ်။ ရိုဇာတော့ မပျက်ပါဘူး။
  • ဒါပေမယ့် အဲဒီလိုကြည့်နေရင်း၊ မကောင်းတာတွေကို တွေးနေရင်း စိတ်မနိုင်လို့ သုက်ထွက်သွားရင်တော့ ရိုဇာပျက်သွားပါမယ်။
  • စိတ်နှလုံးအေးချမ်းဖို့ ရိုဇာနဲ့အချိန်မှာ ကုရ်အာန်ကျမ်းတော်ကို များများဖတ်ရွတ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

[/content][/3column]


မနေ့က (၁၄-၆-၂၀၁၇) အင်္ဂါနေ့မှာ မက္ကာဟ်မြို့တော်ရဲ့ အမီရ်နှင့် မြင့်မြတ်စင်ကြယ်သော ဗလီဝတ်ကျောင်းတော်ကြီးနှစ်ပါးရဲ့ အကြံပေးအကြီးအကဲဖြစ်သူ မင်းသားကြီး အဗ္ဗဒွလ်ခါလစ်က် အလ်ဖွိင်ဇဲလ်သည် ကအ်ဗာကျောင်းတော်ကြီး၏ လုံခြုံရေးဝန်ထမ်းများအပါအဝင် ဝန်ထမ်းများနဲ့အတူ စုပေါင်းဝါဖြေရန် ကအ်ဗာကျောင်းတော်ကို ရောက်ရှိလာခဲ့ပါတယ်။

“ မိမိတို့ ဆော်ဒီအာရေးဗီးယားနိုင်ငံအနေဖြင့် မြင့်မြတ်တဲ့ဗလီဝတ်ကျောင်းတော်ကြီးအတွင်း ဝတ်ပြုဆုတောင်းဖို့ ဝင်ရောက်လာတဲ့ မွတ်စ်လင်မ်တိုင်းကို ပိတ်ပင်တာမျိုး လုံးဝ မရှိခဲ့ပါဘူး ” လို့ တော်ဝင်မင်းသားကြီးက စုပေါင်းဝါဖြေခြင်းမတိုင်ခင် မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဆိုပါစုပေါင်းဝါဖြေတဲ့အစီအစဉ်ကို မြင့်မြတ်စင်ကြယ်သော ဗလီဝတ်ကျောင်းတော်ကြီးနှစ်ပါးရဲ့ ဥက္ကဋ္ဌကြီး ရှိုက်ခ် အဗ္ဗဒွရ် ရဟ်မာန်း အလ်ဆိုဒိုက်စ် အပါအဝင် မက္ကာဟ်မြို့တော်ရဲ့ လက်ထောက်အမီရ် မင်းသား အဗ္ဗဒွလ္လာဟ်ဗင်ဗန္ဒာနှင့် အခြားသော အရာရှိများလည်း တက်ရောက်ပါဝင်ခဲ့ကြပါတယ်။

Inews-09/6/17 © အလင်းမျက်ဝန်း | ကိုးကား » Saudi Gazette



ဆော်ဒီဦးဆောင်တဲ့ အာရဗ်မဟာမိတ်တွေရဲ့ ကာတာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ထားမှုဟာ တရားမမျှတဘူးလို့ ကာတာနိုင်ငံဘက်က တုန့်ပြန်လိုက်ပါတယ်။

ကာတာနိုင်ငံအနေနဲ့ အစွန်းရောက်အဖွဲ့အစည်းတွေကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးမှုကသာ အဖြေရရှိမှာဖြစ်တယ်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိုက်ခ် မိုဟမ္မဒ် ဘင် အဗ္ဗဒွရ် ရဟ်မာန်း က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်ကို ရောက်ရှိနေစဉ်အတွင်း သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

“ မိမိတို့ ကာတာနိုင်ငံအနေနဲ့ အာရဗ်ပင်လယ်ကွေ့ လုံခြုံရေးနဲ့ ပက်သက်လာရင် ဘယ်လိုခေါင်းစဉ်မျိုးကိုမဆို ဆွေးနွေးညှိနှိုင်း ဖြေရှင်းသွားချင်ပါတယ် ” လို့ ၎င်းက ဆက်လက်ပြောကြားသွားပါတယ်။

ကာတာနိုင်ငံဟာ အစွန်းရောက်အဖွဲ့အစည်းတွေကို ထောက်ပံ့နေသလို ရှီအာဝါဒလက်ကိုင်ထားတဲ့ အီရန်နိုင်ငံနဲ့လည်း ဆက်စပ်ပတ်သက်မှုတွေ ပြုလုပ်လာတာကြောင့် ဆော်ဒီဦးဆောင်တဲ့ အာရဗ်မဟာမိတ်နိုင်ငံတွေက အဆက်အသွယ်တွေအားလုံးကို ဖြတ်တောက်ထားခဲ့တာ ဖြစ်ပါတယ်။

ကာတာဘက်ကတော့ အဆိုပါစွပ်စွဲချက်တွေ အားလုံးကို ငြင်းဆန်ထားပါတယ်။

Inews-08/6/17 © အလင်းမျက်ဝန်း | ကိုးကား » AFP TV & You Tube

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/KGAcsUmJN7M
[/info]



စင်္ကာပူနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးဖြစ်သူ မစ္စတာတျိုချီဟန်း (Teo Chee Hean) သည် နိုင်ငံတွင်းရှိ ဗလီဝတ်ကျောင်းတော်တွေကိုသွားရောက်ပြီး ဒေသခံပြည်သူတွေနဲ့အတူ ဝါဖြေခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးနဲ့အဖွဲ့ဟာ ဇွန်လ (၁၀) ရက်နေ့မှာ စင်္ကာပူနိုင်ငံ အလ်မုဝဒ်ဒဟ် ဗလီဝတ်ကျောင်းတော်ကြီးလည်းကောင်း၊ ယနေ့ ဇွန်လ (၁၂) ရက်နေ့မှာလည်း ကျူလီယာဂျာမေဗလီကြီးကိုလည်းကောင်း အသီးသီးသွားရောက်ခဲ့ပြီး ဒေသခံတွေနဲ့အတူ ဝါဖြေခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဒုဝန်ကြီးနဲ့အဖွဲ့ဟာ မွတ်စ်လင်မ်လူငယ်ဖိုရမ် (Muslim Youth Forum - MYF) မှ ခေါင်းဆောင်လူငယ်များနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မိမိတို့ အာဏာရပါတီ (People's Action Party - PAP) ကိုယ်စား ဒေါ်လာ (၁၅၀၀၀) ကိုလည်း လှူဒါန်းခဲ့ပါ။

အဆိုပါလှူဒါန်းမှုဟာ ကောင်းမှုများကိုသာ ညွှန်းစေတဲ့ မွတ်စ်လင်မ်တို့ရဲ့ လမြတ်ရမသွာန်အတွင်း ၎င်းတို့ပါတီမှ ကိုယ်စားလှယ်များရဲ့ နှစ်စဉ်လှူဒါန်းမှုတစ်ခုပဲ ဖြစ်တယ်လို့ဆိုပါတယ်။

“ အားလုံးအတူတကွ ပူးပေါင်းပြီးတော့ လူမှုအသိုင်းအဝိုင်းအတွက် မတူညီမှုတွေ သဟဇာတဖြစ်တဲ့ အခြေခံကျသော လူသားမျိုးနွယ်စုကို ဖော်ဆောင်ကာ အစွန်းရောက်ဝါဒကို တွန်လှန်နိုင်ပါစေ ” လို့ ဒုဝန်ကြီးက မှတ်ချက်ပြုလိုက်ပါတယ်။

Inews-07/06/17 © အလင်းမျက်ဝန်း | ကိုးကား » Mr Teo Chee Hean FB & Internet

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/Pc38j7gHvYk
[/info]



မနေ့က (၁၀-၆-၂၀၁၇) စနေနေ့မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzō Abe) ဟာ နိုင်ငံ(၃၈)ခုမှ မွတ်စ်လင်မ် သံအမတ်တွေကို ဖိတ်ကြားပြီး ဝါဖြေညစာစားဧည့်ခံပွဲတစ်ရပ်ကို တိုကျိုမြို့တော်က ဝန်ကြီးချုပ်ရုံးအတွင်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဝါဖြေဧည့်ခံပွဲသို့ နိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ ဧည့်သည်တော်များနဲ့အတူ ဂျပန်အစိုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

“ မွတ်စ်လင်မ်တွေနဲ့ ဂျပန်တွေဟာ အကောင်းဆုံးသော အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးမှုမှာ ထပ်တူပါပဲ။ ရိုးရာအစဉ်အလာကို မြတ်နိုးတန်ဘိုးထား ထိန်းသိမ်းတတ်ကြပြီး အသိဉာဏ်ပညာ ကြွယ်ဝမှုအရာမှာ ထပ်တူကျတယ်ဆိုတာ ငြင်းကွယ်လို့မရပါဘူး ” လို့ ဝန်ကြီးချုပ် အာဘေးရဲ့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသွားပါတယ်။

ယခုလို ဝါဖြေဧည့်ခံပွဲကို ၂၀၀၅ ခုနှစ်ကတည်းက ဂျပန်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဂျူနီချီရို ကိုအီဇုမိ (Junichiro Koizumi) က စတင်ပြီးတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Inews-06/6/17 © အလင်းမျက်ဝန်း | ကိုးကား » Japan Today & Pan Orient News

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/xt4Z-7AEGqk
[/info]



ဒီတစ်ပါတ်ရဲ့ သုခုမမျက်ဝန်းအစီအစဉ်မှာတော့ အဆိုတော် မဟာရ်ဇီန်းရဲ့ တူရိယာမဲ့သံစဉ်လေးတစ်ပုဒ်ကို မြန်မာစာသားနဲ့တကွ တင်ဆက်ပေးလိုက်ပါတယ်။

အလ္လာဟ်အရှင်မြတ်သခင်သည် အရာရာကို စွမ်းဆောင်ဖြည့်ဆည်းပေးနိုင်တာကြောင့် ယုံပုံကိုးစားပါက “အင်ရှာအလ္လာဟ်” (အလ္လာဟ်အရှင်မြတ်အလိုဖြင့်) လမ်းဆုံးကို ရောက်ရစေမယ်ဆိုတဲ့ မွတ်စ်လင်မ်တွေအတွက် နှစ်သိမ့်ကဆွီဒါလေးပဲ ဖြစ်ပါတယ်။

ENTM-03/17 © အလင်းမျက်ဝန်း
[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/U-_SFl8_jek
[/info]

[2column][content]
 (မေးခွန်း-၁) 
ကျနော်က အလင်းမျက်ဝန်းရဲ့ ပရိသတ်ပါ။ အပြင်မှာ မေးခဲ့ဖူးပေမယ့် အဖြေကို ရှင်းရှင်းလင်းလင်း မသိရလို့ပါ။ ချစ်သူရည်းစားထားခွင့်မရှိတာ သိပါတယ်။ ဒါပေမယ့် သိချင်တာတစ်ခုရှိလို့ပါ။

ရိုဇာထားပြီး ရည်းစားနဲ့ချိန်းတွေ့မယ်။ မဖွယ်မရာကိစ္စမပါဘဲ သာမန်စကားပြောမယ်၊ လက်ကိုင်မယ်၊ ပါးနမ်းမယ်ဆိုရင် ရိုဇာပျက်စေပါသလား?

နူအ်မာန်း (ကျောက်ဆည်)

 (အဖြေ-၁) 
  • အလင်းမျက်ဝန်းရဲ့ ပရိသတ်ညီလေးပြောပြတဲ့အတိုင်း ရည်စားထားတာဟာ မပိုင်ပါဘူး။ ဟုတ်ပါတယ်။
  • အဲဒီတော့ ကျန်တဲ့ကဏ္ဍတွေဖြစ်တဲ့ ကြည့်တာ၊ စကားပြောတာ၊ လက်ကိုင်တာ၊ နမ်းတာတွေဟာလည်း ရိုဇာနဲ့ဖြစ်ဖြစ်၊ ရိုဇာမရှိတဲ့ကာလ၊ မထားတဲ့ကာလတွေမှာပဲဖြစ်ဖြစ် မပြုပိုင်တဲ့ ကိစ္စရပ်တွေပါ ညီလေး။
  • ရိုဇာထားနေစဉ် မိမိရည်စားနဲ့ စကားပြောလို့၊ လက်ကိုင်လို့၊ နမ်းလိုက်လို့တော့ ရိုဇာ မပျက်ပါဘူး။ မပြုပိုင်တာကို ကျူးလွန်တဲ့ အပြစ်ကတော့ ထိုက်ပါတယ်။
  • ဒါပေမယ့် စကားပြော၊ လက်ကိုင်၊ နမ်းတာတွေလုပ်ရင်းကနေ သုက်ထွက်သွားရင်တော့ ပျက်သွားပါလိမ့်မယ်။

[/content][content]
 (မေးခွန်း-၂) 
ပွင့်ပွင့်လင်းလင်း မေးမြန်းပါရစေ။ ကျနော်က နည်းနည်းလေး နွဲ့ပါတယ်။ ခေတ်စကားအရဆိုရင် အပုန်းပေါ့။ ယောက်ျားလေးတွေကိုပဲ သဘောကျပါတယ်။ ဒါပေမယ့် မကောင်းမှု ဇေနာမလုပ်ပါ။ ကိုယ့်ဗီဇအရသာ နွဲ့နေတာပါ။ ဗလီမှာ ဆွာဖ်လိုင်းတန်းရင် ဟိုးအနောက်မှာ နေရတယ်ဆိုတာ ဟုတ်ပါသလား?
မောင်မောင်လေး (ဘန်ကောက်)
 (အဖြေ-၂) 
  • စွလာသ်ဝတ်ပြုဖို့ တန်းစီရာမှာ ပထမအမျိုးသားတွေ၊ ပြီးတော့ ကလေးတွေ၊ ပြီးတော့ အမျိုးသားအင်္ဂါ/အမျိုးသမီးအင်္ဂါ နှစ်မျိုးစလုံးပါပြီး အမျိုးသားလား/ အမျိုးသမီးလားလို့ ခွဲခြားမရတဲ့သူတွေ (ခွန်စာမွတ်ရှ်ကင်လ်) တွေ၊ ပြီးတော့ အမျိုးသမီးတွေ တန်းစီရပါတယ်။
  • ကိုယ့်ညီလေးက အမျိုးသားစစ်စစ်ဖြစ်လို့ အမျိုးသားတွေရဲ့ လိုင်းတန်းမှာပဲ စီတန်းရပါမယ်။
 (မေးခွန်း-၃) 
ရိုဇာထားပြီး အီသာလန်ဖြစ်သွားရင် ရိုဇာပျက်ပါသလား?
ခင်မောင်ညွန့် (ကျောက်ဖြူ)
 (အဖြေ-၃) 
  • ရိုဇာထားပြီး အိပ်ပျော်နေစဉ် အိဟ်သိလာမ် အိပ်မက်သုက်လွှတ်မိသွားရင် ရိုဇာမပျက်ပါဘူး။
[/content][/2column]

[3column][content]
 (မေးခွန်း-၁) 

ထီပေါက်တဲ့ငွေကို မရှိဆင်းရဲတဲ့ မိဘမောင်နှမသားချင်းကိုရော ပေးလို့ရပါသလား?

မရှိဆင်းရဲသားဆိုတာမှာ အစ္စလာမ်ဘာသာဝင် ပါသလားဆိုတာကို သိချင်တာပါ။

Arasia (ရန်ကုန်)


 (အဖြေ-၁) 

  • (၂-၆-၂၀၁၇) ရက်နေ့က ဖော်ပြခဲ့တဲ့ အတွဲ (၀၀၈) ရဲ့ မေးခွန်းအမှတ် (၂) မှာ ဖြေကြားခဲ့သလိုပါပဲ ထီပေါက်တဲ့ငွေဟာ ဟရာမ်ပါ။ သုံးစွဲခွင့် မရှိပါဘူး။

  • ပေါက်လာတဲ့ငွေကို မရှိဆင်းရဲသားတွေနဲ့ လိုအပ်နေသူတွေအပေါ်မှာ သုံးစွဲလိုက်ရပါမယ်။

  • မရှိသူတွေအတွက်ကတော့ မရှိမဖြစ်သုံးစွဲနေတာဖြစ်လို့ မွတ်စ်လင်မ်ဖြစ်နေရင်လည်း ပေးကမ်းသင့်ပါတယ်။

(ဒီအဖြေအတွက် အလ္လာဟ်အရှင်မြတ်ထံမှာ ခိုလှုံပါတယ်။)


[/content][content]
 (မေးခွန်း-၂) 

လင်မယား သံဝါသကိစ္စဆိုတာ ဘယ်အခြေအနေကို ပြောလို့ရပါသလဲ။

ရိုဇာထားပြီး လင်မယား ဖက်လဲတကင်းနေတယ်။ ဆန္ဒပြီးမြောက်တဲ့သုက်ရည်တော့ မထွက်ပေမယ့် မဆက်ဆံခင်ထွက်လာတတ်တဲ့ အရည်ကြည်မျိုး ထွက်လာရင် ရိုဇာပိုင်ပါသလား။

ပြည့်ဖြိုး (ပြည်)


 (အဖြေ-၂) 

  • စွောင်မ်ရိုဇာထားနေစဉ် အမျိုးသမီးနဲ့ သံဝါသပြုတယ်ဆိုတာ ဖက်တာ၊ နမ်းတာ၊ ဘေးချင်းကပ်အိပ်တာတွေကို ပြောတာမဟုတ်ပါဘူး။
  • ဖက်လို့ နမ်းလို့ ထွက်လာတဲ့ အရည်ကြည် တစ်နည်း မဇီကြောင့် ရိုဇာ မပျက်သွားပါဘူး။
  • ဆက်ဆံပေါင်းသင်းတာမဟုတ်ဘဲ ဖက်ရင်း၊ နမ်းရင်း မနီသုတ် ထွက်သွားခဲ့ရင်တော့ ရိုဇာပျက်သွားပါတယ်။ ပြန်ပြီး ကဿွာတစ်ရက် စောင့်ထိန်းရပါမယ်။
  • တကယ်လို့ ရိုဇာစောင့်ထိန်းနေတဲ့ကာလအတွင်းမှာ တမင်သိလျက် ပေါင်းသင်းဆက်ဆံလိုက်ရင်တော့ ကဿွာတစ်ရက် စောင့်ထိန်းရမဲ့အပြင် ကဖ်ဖာရဟ် ရက် (၆၀) ပါ စောင့်ထိန်းဖို့ တာဝန်ဖြစ်သွားပါမယ်။

[/content][content]
 (မေးခွန်း-၃) 
ကလေးနေမကောင်းလို့ ဆွဒကာထုတ်တာကို ကလေးရဲ့ ညှပ်ပြီးသား လက်သည်းခြေသည်းဆံပင်တွေကို စုချိန်ပြီး ရတဲ့အလေးချိန်နဲ့အညီ ရွှေ၊ ငွေ တွေကို ဘာဘာကြီးဆီမှာ လှူရတယ်ဆိုတာ ဟုတ်ပါသလား။ တကယ်မသိလို့မေးမြန်းတာပါ။ အသိတစ်ယောက်က ကလေးခဏခဏ နေမကောင်းဖြစ်နေလို့ အဲ့ဒီလိုလုပ်ဖို့ ပြောနေလို့ပါ။
ဖရီဒါဘာနူး (မြစ်သား)
 (အဖြေ-၃) 
  • ဟဒီးဆ်တော်မှာ စွဒကဟ် အလှူဒါနဟာ ဘေးဗလာအခက်အခဲဒုက္ခကို ဝေးကွာစေတယ်လို့ လာရှိထားပါတယ်။ ကလေးအတွက် စွဒကဟ်ထုတ်လှူတာဟာ အလွန်အင်မတန်မှ ကောင်းမွန်တဲ့ ကိစ္စတစ်ရပ်ပါ။ မိမိအဆင်ပြေသလိုပုံစံနဲ့ လှူနိုင်ပါတယ်။
  • ဦးစွာပထမ ကလေးအတွက် အကီကဟ် မလုပ်ရသေးရင် လုပ်လိုက်ပါ။
  • နောက်ပြီး စွဒကဟ်အလှူဒါနဟာ မိမိရဲ့ဆွေမျိုးသားချင်းကို ပေးကမ်းရင် ကုသိုလ်အကျိုး နှစ်ဆရမယ်လို့လည်း ဟဒီးဆ်တော်မှာ လာရှိထားပါတယ်။ တစ်ဆကတော့ စွဒကဟ်ပေးကမ်းလို့၊ နောက်တစ်ဆကတော့ ဆွေမျိုးဆက်လို့။
  • အဲဒီတော့ ကိုယ့်ရဲ့ဆွေမျိုး အရင်းအချာထဲမှာ မရှိဆင်းရဲသားရှိနေရင် ကလေးကျန်းမာရေးကောင်းမွန်ဖို့ အဲဒီဆွေမျိုးကို အရင်ပေးကမ်းလှူဒါန်းသင့်ပါတယ်။ ဒါမှမဟုတ်လဲ ဘယ်မရှိဆင်းရဲသားမဆို ပေးကမ်းလှူဒါန်းလို့ရပါတယ်။
[/content][/3column]



မနေ့က (၆-၆-၂၀၁၇) အင်္ဂါနေ့မှာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့အဖွဲ့ဟာ အမိုကျို (Ang Mo Kio) ရပ်မှာရှိတဲ့ အလ်မုသကင်န် (Al-Muttaqin) ဗလီကိုသွားရောက်ပြီး မွတ်စ်လင်မ်များနဲ့အတူ စုပေါင်းဝါဖြေခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟာ ဗလီအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် ဗလီရဲ့ အဆင့်မြင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အပေါ် အလွန်အားရကျေနပ်ဝမ်းမြောက်တယ်လို့ ဆိုခဲ့ပါတယ်။

“ ယခုလောလောဆယ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မန်ချက်စတာ၊ လန်ဒန်နဲ့ ပြင်သစ်တို့ကိုကြည့်ပြီး ကျနော်တို့ရဲ့ ဘာသာလူမျိုးပေါင်းစုံ သဟဇာတဖြစ်စွာ နေထိုင်တဲ့ ဂုဏ်ယူဖွယ် ဒီလူ့အဖွဲ့အစည်းဟာ ယခင်ကထက်ပိုပြီး မရှိမဖြစ် အတူနီးကပ်စွာ၊ အချင်းချင်း နားလည်းနိုင်တဲ့စွမ်းအား ခွန်အားတွေနဲ့ ပိုမိုတည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတော်အဖြစ် ရှေ့ရှူ့ကြပါစို့၊ Al-Muttaqin ဗလီအပါအဝင် စင်္ကာပူတဝန်းလုံးရှိ ဗလီများမှာ ဒီလမြတ်အတွင်း ပြည်သူတွေ ဝဝလင်လင် စားသောက်နိုင်အောင် အစားအသောက်တွေ ရက်ရက်ရောရောနဲ့ စီစဉ်ဆောင်ရွက်ပေးနေတာကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ အားလုံးအတွက် မွန်မြတ်သန့်စင်ပြီး ငြိမ်ချမ်းသော ရမ္မဇာန်လမြတ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ” လို့ ဝန်ကြီးချုပ်လီဟာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

လာရောက် ဝါဖြေကြတဲ့အထဲမှာ တစ်နေ့လုံး မစားမသောက်ဘဲ ဇွဲလုံ့လရှိရှိနဲ့ ရိုဇာဥပုဒ်ယူထားတဲ့ အသက် (၆) နှစ်အရွယ် မူလတန်းကလေးငယ်လေးတွေကိုလည်း ဝန်ကြီးချုပ်က လေးလေးစားစားနဲ့ တွေ့ဆုံပြီး အားပေးစကားတွေ ပြောကြားခဲ့တာကိုလည်း တွေ့ရပါတယ်။

Inews-04/6/17 © အလင်းမျက်ဝန်း | ကိုးကား » Lee Hsien Loong FB, CNA

[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/-YWhNq0Zl-U
[/info]


လန်ဒန်တံတား အကြမ်းဖက်ခံရမှုမှာ သေဆုံးခဲ့ရသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို လန်ဒန်မြို့တော်ဝန် စွဒီးက်ခန်းက ဦးဆောင်ပြီး (၁) မိနစ် ငြိမ်သက်တဲ့ အမှတ်တရအစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

တက်ရောက်လာတဲ့ ဘာသာဝင်ပေါင်းစုံဟာလည်း သေဆုံးသူတွေအတွက် ရည်ရွယ်ကာ ဝတ်ပြုဆုတောင်းတာတွေပြုလုပ်ခဲ့ကြပြီး ကျန်းမာရေး၊ ရဲ၊ မီးသတ်ဝန်ထမ်းတွေနဲ့ လူထုဧည့်ပရိသတ်ဟာလည်း အမှတ်တရ ပန်းစည်းတွေ ချခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက လန်ဒန်မြို့တော်ဝန်ဟာ အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့ မကောင်းဆိုးရွားလုပ်ရပ်လို့ ပြောဆိုခဲ့တဲ့အပြင် သူယုံကြည်တဲ့ ဘာသာတရားရဲ့ နာမည်ကို အကြမ်းဖက်ခဲ့သူ ဓားသမား (၃) ယောက်က အသုံးချခဲ့တဲ့အတွက် ဒေါသဖြစ်မိကြောင်း ဆိုခဲ့ပါတယ်။

Inews-05/6/17 © အလင်းမျက်ဝန်း | ကိုးကား » BBC Burmese


မနေ့ တနင်္လာနေ့အစောပိုင်းမှာ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ အီဂျစ်နဲ့ ဘာရိန်းနိုင်ငံတို့ဟာ ကာတာနိုင်ငံကို ကုန်း၊ ရေ၊ လေ ဆက်သွယ်ရေးလမ်းကြောင်းများအား (၂၄) နာရီအတွင်း ဖြတ်တောက်ကြောင်း ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ဘုံရန်သူဖြစ်တဲ့ ISIS အစွန်းရောက်အဖွဲ့အား ကာတာနိုင်ငံဟာ ထောက်ခံအားပေးကူညီနေတဲ့အပြင် ဒေသတွင်းမတည်ငြိမ်မှုကို အစဉ်တစိုက် ဖန်တီးလာတဲ့ အီရန်နိုင်ငံနဲ့လည်း အတင့်ရဲစွာ ပိုမိုချဉ်းကပ်လာတာကြောင့် အခုလို ပြုလုပ်ရခြင်းဖြစ်ဆိုတာကို ဆော်ဒီဘက်က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဆော်ဒီနိုင်ငံရဲ့ ကြေငြာချက်မှာ ကာတာနိုင်ငံသားတွေအနေနဲ့ ဟဂ်ျနဲ့အွမ္မရာဟ်ခရီးစဉ်တွေအတွက် လာရောက်ခြင်းကိုတော့ ခွင့်ပြုတယ်လို့ ဖော်ပြခဲ့ပါတယ်။

အီရန်နဲ့ ဆက်ဆံရေးအရှိန်မြှင့်တင်ကာ ယီမင်နိုင်ငံက ရှီအာစစ်သွေးကြွ ဟူသီအကြမ်းဖက်သူပုန်တွေကို ထောက်ခံအားပေးတဲ့ရေးသားမှုတွေ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်သမားတွေရဲ့ အတွေးအခေါ်တွေကို လူသိအောင် ထုတ်ဖော်စည်းရုံးပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာတာအခြေစိုက် ကမ္ဘာကျော်သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ Al-Jazeera ရဲ့ ဆော်ဒီရုံးခွဲကိုလည်း ဆော်ဒီအစိုးရဘက်က ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ၎င်း(၄)နိုင်ငံနှင့်အတူ ယီမင်၊ လစ်ဗျား၊ မော်ရေးရှပ်နဲ့ မော်လဒိုက်နိုင်ငံတို့ကလည်း ဆက်လက် ပူးပေါင်းပါဝင်လိုက်ကြပြီ ဖြစ်ပါတယ်။

တူရ်ကီနိုင်ငံနဲ့ ကူဝိတ်နိုင်ငံတွေကတော့ ကြားနေပြီး ပြေလည်အောင်လုပ်ဆောင်မယ်လို့ သီးခြားစီ သတင်းထုတ်ပြန်ထားကြပါတယ်။

Inews-03/6/17 © အလင်းမျက်ဝန်း | ကိုးကား » G-News


ဗြိတိသျှ တော်ဝင်နန်းစောင့်မင်းသား ဟယ်ရီ ဟာ ကြိုတင်သတင်းထုတ်ပြန်ထားခဲ့တဲ့အတိုင်း စင်္ကာပူနိုင်ငံကို အလည်အပတ်လာရောက်ရှိလာခဲ့ပြီး ခရီးစဉ်ကို စင်္ကာပူပြည်တွင်းမှ မွတ်စ်လင်မ်တွေနဲ့အတူ ဝါဖြေခြင်းနဲ့ အစပြုလိုက်ပါတယ်။

မင်းသား ဟယ်ရီဟာ ဇွန်လ (၄) ရက် မနေ့က တနင်္ဂနွေနေ့မှာ စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့ပြီး Guillemard Crescent မှာ မွတ်စ်လင်မ်တွေနဲ့အတူ ဝါဖြေခဲ့ပါတယ်။

ဝါဖြေပွဲသို့ ရောက်ရှိလာတဲ့ မင်းသာဟယ်ရီကို မလေးရိုးရာပွဲတော်တွေမှာ ကြိုဆိုတဲ့အတိုင်း ရိုးရာဗုံတီးပြီး ကြိုဆိုခဲ့ကြပါတယ်။

ပြီးနောက်မှာတော့ Silat အားကစားရဲ့ ကမ္ဘာ့ချန်ပီယံဟောင်း အလ္လာဟူဒီးန် ယအ်ကူးဗ်မှ ဦးဆောင်ကာ သရုပ်ပြကြိုဆိုခဲ့ပါတယ်။

နေဝင်ချိန်ရောက်တဲ့အခါမှာတော့ မွတ်စ်လင်မ်လူငယ် (၈၀) နဲ့ အတူတကွ ဝါဖြေခဲ့ပါတယ်။

ဝါဖြေပြီးတဲ့နောက်မှာတော့ မင်းသားဟာ တက်ရောက်လာတဲ့ ဧည့်သည်တော်များနဲ့ ရင်းရင်းနှီးနှီးစကားစမြည် ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း » ကျော်ဇေယျ
Inews-02/6/17 @ အလင်းမျက်ဝန်း | ကိုးကား » CNA


ယနေ့ (၅-၆-၁၇) တနင်္လာနေ့ နံနက်အစောပိုင်းမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံဦးဆောင်တဲ့ အရဗ်(၄) နိုင်ငံဟာ ကာတာနိုင်ငံကို သံတမန်အဆက်အသွယ်တွေ ဖြတ်တောက်လိုက်ပါတယ်။

ဆော်ဒီအာရေးဗီးယား၊ ဘာရိန်း၊ အီဂျစ်နဲ့ အာရဗ်စော်ဘွားများပြည်ထောင်စု အစရှိတဲ့ အရဗ် (၄) နိုင်ငံဟာ ကာတာနိုင်ငံကို အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ရန်အတွက် အီရန်နိုင်ငံနှင့် အဆက်အသွယ်လုပ်မှုကြောင့် သံဆက်သွယ်မှု ဖြတ်တောက်တာအပြင် ရေကြောင်းဖြတ်သန်းမှုနဲ့ ဝေဟင်ပိုက်နက်ဖြတ်ပျံသန်းမှုတွေကိုပါ ကန့်သတ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ လက်ရှိ ယီမင်နိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေတဲ့ အရဗ်ညွန့်ပေါင်းတပ်မတော်ကနေလည်း ကာတာနိုင်ငံရဲ့ စစ်တပ်ကိုပါ ထုတ်ပယ်သည်အထိ အရေးယူသွားမယ်လို့ သိရပါတယ်။

၎င်းကာတာနိုင်ငံဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အပြင် လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိနေတဲ့ အရဗ်နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်တပ်ဖွဲ့ဝင် (၁) သောင်းကျော်လောက် တပ်စွဲထားတဲ့ အမေရိကန် စစ်စခန်းအခြေစိုက်ရာ နိုင်ငံလည်း ဖြစ်ပါတယ်။

ယခုလို သံအဆက်အသွယ်ဖြတ်တောက်ခံရမှုနဲ့ ပက်သတ်ပြီး ကာတာနိုင်ငံဘက်က တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုမှု မရှိသေးပေမယ့် ယခင်ကတော့ အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့မှုနဲ့ ဆက်နွယ်တဲ့ ကိစ္စရပ်များစွာကို ငြင်းဆန်ခဲ့ဖူးပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံဘက်ကတော့ လေယာဉ်ပျံသန်းမှုအပြင် ကုန်းလမ်းဆက်သွယ်မှုတွေကိုပါ ဖြတ်တောက် အရေးယူနိုင်ရေးအတွက် အာရေးဗျကျွန်းဆယ်နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်လာဖို့အထိ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

ဆော်ဒီဝေဟင်ပိုင်နက်ကို အသုံးပြု ပျံသန်းနေတဲ့ ကာတာလေကြောင်းလိုင်းကတော့ သက်ရောက်မှုကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့် အဘူဒါဘီအခြေစိုက် အီးဟဒ်လေကြောင်းလိုင်းကတော့ ကာတာခရီးစဉ် အားလုံးကို ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ကလည်း ယခုကိစ္စအပေါ် ချက်ချင်း မှတ်ချက်ပေးဖို့ ငြင်းဆန်ထားတာကြောင့် ၎င်းဆုံဖြတ်ချက်တွေဟာ အမေရိကန်စစ်စခန်းအပေါ် ထိခိုက်မှု ရှိမရှိကို အတိအကျ မသိရှိရသေးပါဘူး။

လက်ရှိ ပင်လယ်ကွေ့တင်းမာမှုကြောင့် ရေနံစိမ်းဈေးနှုန်းဟာလည်း ၁.၂၄ ရာခိုင်နှုန်းခန့် မြင့်တက်သွားပါတယ်။

ဆော်ဒီအာရေးဗီးယားမှာ ကျင်းပတဲ့ အရဗ်ခေါင်းဆောင်များညီလာခံသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တက်ရောက်ပြီးနောက်ပိုင်းမှာ ယခုလို ဒေသတွင်းမတည်ငြိမ်မှုတွေဟာ တိုးပွားလာတာ ဖြစ်ပါတယ်။

သတင်း » ကျော်ဇေယျ
Inews-01/6/17 © အလင်းမျက်ဝန်း | ကိုးကား » Yahoo Singapore



မြင့်မြတ်တဲ့ ရမ္မဿွာန်လမြတ်ကြီးအကြောင်းကို ဂုဏ်ပြုသီဆိုထားတဲ့ ကူဝိတ်နိုင်ငံမှ တော်ဝင်ဗလီအေမာမ်ဆပ် ကာရီ အလ်အဖါဆီ အဗ္ဗဒွရ် ရာရှီးဒ် မိရှာရီ ၏ ရမ္မဿွာန်သံစဉ်လေးကို အလင်းမျက်ဝန်းမှ မြန်မာစာသားနဲ့တကွ တင်ဆက်ပေးလိုက်ပါတယ်။

ENTM-02/17 © အလင်းမျက်ဝန်း
[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/mEWH6-32MRI
[/info]

[3column][content]
 (မေးခွန်း-၁) 
အတ်စ်လားမိုအလိုင်းကွန်
ဆရာ ကျနောတို့ အခု ရောက်နေတဲ့ နိုင်ငံက ဗလီတော်တော်များများမှာ အမျိုးသမီးတွေအတွက် နမားဇ်​ဝတ်ပြုဖို့နေရာ စီစဉ်ထားပေးတယ်။ အဲ့ဒီမှာ ကျနော်တို့ မြန်မာ မွတ်စ်လင်မ် အမျိုးသမီး အချို့လဲ ဂျွမ်အာ နမားဇ်​၊ အီးဒ် နမားဇ်​ တို့ သွားဖတ်ကြပါတယ်။ အဲ့ဒီလို ဗလီမှာ အမျိုးသမီးတွေ နမားဇ်​ သွားဝတ်ပြုခြင်းကို ကျနော်တို့ ဟန္နဖီ မဇ်ဟဗ်မှာ ဘယ်လို ပြထားလဲ ဆိုတာကို ရှင်းပြပေးပါရန်လေးစားစွာ မေတ္တာရပ်ခံပါတယ်။
မိုဟမ္မဒ်​ စအားဒ် (Austin Tx America)
 (အဖြေ-၁) 
အမျိုးသမီး ဗလီတက် စွလာသ်ဝတ်ပြုခြင်းဆိုင်ရာ ပုစ္ဆာကတော့ ရှည်လျားတဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ ဟဒီးဆ်တော်တွေမှာတော့ မြောက်မြားစွာ လာရှိထားပါတယ်။ အမျိုးသမီးရဲ့ အကောင်းဆုံးဝတ်ပြုရာနေရာဟာ သူမရဲ့ အိမ်တွင်းခန်းပဲလို့လည်း လာရှိထားပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ဦးအပေါ် ဂျုမုအဟ်ဝတ်ပြုဖို့ တာဝန်မရှိဘဲ ဇုဟိုရ်သာ ဝတ်ပြုရတယ်ဆိုပေမယ့်လည်း တကယ်လို့ ဗလီမှာသွားပြီး ဂျုမုအဟ်ဝတ်ပြုလိုက်ရင် အထမြောက်သွားပါတယ်။ ဂျုမုအဟ်ဝတ်ပြုတဲ့အမျိုးသမီးဟာ သီးသန့် ဇုဟိုရ်ပြန်ဝတ်ပြုနေစရာ မလိုတော့ပါဘူး။ ဟိဒါယဟ်ကျမ်းမှာ အဲ့ဒီအတိုင်း ဖော်ပြထားပါတယ်။ အီးဒ်နမားဇ်ဟာလည်း အမျိုးသမီးတွေအတွက် ဝါဂျစ်ဗ်တာဝန် မဟုတ်ပါဘူး။
[/content][content]
 (မေးခွန်း-၂) 

အခု အောင်ဘာလေ သိန်းတစ်သောင်းဆု ပေါ်လာပါတယ်။

ဒါကို မွတ်စ်လင်မ်တွေ ထိုးလို့ရပါသလား?

ပေါက်တဲ့ငွေကိုရော အသုံးချခွင့် ရှိပါသလား?

တကယ်မသိလို့ မေးတာပါ။

ဇိုဗိုက်ဒါ (မိုးကုတ်မြို့)

 (အဖြေ-၂) 

  • ထီထိုးခြင်းဟာ ပွင့်လင်းမြင်သာတဲ့ လောင်းကစားခြင်း တစ်မျိုးဖြစ်ကြောင်း ဖိကဟ်ပညာရှင်ကြီးများက မိန့်ထားတဲ့အတွက် ထိုးခွင့် မရှိပါဘူး။

  • ပေါက်လာတဲ့ငွေကိုလည်း သုံးစွဲခွင့်မရှိတဲ့အတွက် မရှိဆင်းရဲသားများနဲ့ လိုအပ်နေသူများ စတဲ့သူတွေကို အသုံးပြုလိုက်သင့်ပါတယ်။

[/content][content]
 (မေးခွန်း-၃) 

သောကြာနေ့မှာ ဂျုမုအဟ်မတိုင်မီ ရေမချိုးခင် ဝိုဇူလုပ်ပါတယ်။

အခန်းလုံတဲ့အတွက် ဝတ်လစ်စလစ်နဲ့ ရေချိုးပါတယ်။

ရေချိုးပြီးတဲ့အခါ ချက်ချင်းနမားဇ်ဖတ်လို့ ရပါသလား?

ဝိုဇူထပ်လုပ်ဖို့ လိုပါသလား?

အောင်အောင်ဦး (မြစ်ကျိုး)

 (အဖြေ-၃) 

ဝတ်လစ်စလစ် ရေချိုးလို့ ဝုဇူမပျက်သွားပါဘူး။

တချို့သူတွေက ဒူးပေါ်ရင် ဝုဇူပျက်သွားတယ်လို့ ထင်မှတ်နေကြပါတယ်။

တကယ်တော့ ဝုဇူပြုပြီး ဒူးပေါ်တာဖြစ်ဖြစ် တခြား တစ်စုံတစ်ခု ပေါ်တာဖြစ်ဖြစ် ဝုဇူမပျက်ပါဘူး။

ဒါကြောင့် ဝတ်လစ်စလစ်ရေချိုးပြီးတဲ့အခါ သီးသန့် ဝုဇူလုပ်နေစရာ မလိုတော့ပါဘူး။

[/content][/3column]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.