ဗြိတိသျှ တော်ဝင်နန်းစောင့်မင်းသား ဟယ်ရီ ဟာ ကြိုတင်သတင်းထုတ်ပြန်ထားခဲ့တဲ့အတိုင်း စင်္ကာပူနိုင်ငံကို အလည်အပတ်လာရောက်ရှိလာခဲ့ပြီး ခရီးစဉ်ကို စင်္ကာပူပြည်တွင်းမှ မွတ်စ်လင်မ်တွေနဲ့အတူ ဝါဖြေခြင်းနဲ့ အစပြုလိုက်ပါတယ်။
မင်းသား ဟယ်ရီဟာ ဇွန်လ (၄) ရက် မနေ့က တနင်္ဂနွေနေ့မှာ စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့ပြီး Guillemard Crescent မှာ မွတ်စ်လင်မ်တွေနဲ့အတူ ဝါဖြေခဲ့ပါတယ်။
ဝါဖြေပွဲသို့ ရောက်ရှိလာတဲ့ မင်းသာဟယ်ရီကို မလေးရိုးရာပွဲတော်တွေမှာ ကြိုဆိုတဲ့အတိုင်း ရိုးရာဗုံတီးပြီး ကြိုဆိုခဲ့ကြပါတယ်။
ပြီးနောက်မှာတော့ Silat အားကစားရဲ့ ကမ္ဘာ့ချန်ပီယံဟောင်း အလ္လာဟူဒီးန် ယအ်ကူးဗ်မှ ဦးဆောင်ကာ သရုပ်ပြကြိုဆိုခဲ့ပါတယ်။
နေဝင်ချိန်ရောက်တဲ့အခါမှာတော့ မွတ်စ်လင်မ်လူငယ် (၈၀) နဲ့ အတူတကွ ဝါဖြေခဲ့ပါတယ်။
ဝါဖြေပြီးတဲ့နောက်မှာတော့ မင်းသားဟာ တက်ရောက်လာတဲ့ ဧည့်သည်တော်များနဲ့ ရင်းရင်းနှီးနှီးစကားစမြည် ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း » ကျော်ဇေယျ
Inews-02/6/17 @ အလင်းမျက်ဝန်း | ကိုးကား » CNA
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။