မနေ့က (၆-၆-၂၀၁၇) အင်္ဂါနေ့မှာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့အဖွဲ့ဟာ အမိုကျို (Ang Mo Kio) ရပ်မှာရှိတဲ့ အလ်မုသကင်န် (Al-Muttaqin) ဗလီကိုသွားရောက်ပြီး မွတ်စ်လင်မ်များနဲ့အတူ စုပေါင်းဝါဖြေခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ ဗလီအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် ဗလီရဲ့ အဆင့်မြင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အပေါ် အလွန်အားရကျေနပ်ဝမ်းမြောက်တယ်လို့ ဆိုခဲ့ပါတယ်။
“ ယခုလောလောဆယ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မန်ချက်စတာ၊ လန်ဒန်နဲ့ ပြင်သစ်တို့ကိုကြည့်ပြီး ကျနော်တို့ရဲ့ ဘာသာလူမျိုးပေါင်းစုံ သဟဇာတဖြစ်စွာ နေထိုင်တဲ့ ဂုဏ်ယူဖွယ် ဒီလူ့အဖွဲ့အစည်းဟာ ယခင်ကထက်ပိုပြီး မရှိမဖြစ် အတူနီးကပ်စွာ၊ အချင်းချင်း နားလည်းနိုင်တဲ့စွမ်းအား ခွန်အားတွေနဲ့ ပိုမိုတည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတော်အဖြစ် ရှေ့ရှူ့ကြပါစို့၊ Al-Muttaqin ဗလီအပါအဝင် စင်္ကာပူတဝန်းလုံးရှိ ဗလီများမှာ ဒီလမြတ်အတွင်း ပြည်သူတွေ ဝဝလင်လင် စားသောက်နိုင်အောင် အစားအသောက်တွေ ရက်ရက်ရောရောနဲ့ စီစဉ်ဆောင်ရွက်ပေးနေတာကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ အားလုံးအတွက် မွန်မြတ်သန့်စင်ပြီး ငြိမ်ချမ်းသော ရမ္မဇာန်လမြတ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ” လို့ ဝန်ကြီးချုပ်လီဟာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
လာရောက် ဝါဖြေကြတဲ့အထဲမှာ တစ်နေ့လုံး မစားမသောက်ဘဲ ဇွဲလုံ့လရှိရှိနဲ့ ရိုဇာဥပုဒ်ယူထားတဲ့ အသက် (၆) နှစ်အရွယ် မူလတန်းကလေးငယ်လေးတွေကိုလည်း ဝန်ကြီးချုပ်က လေးလေးစားစားနဲ့ တွေ့ဆုံပြီး အားပေးစကားတွေ ပြောကြားခဲ့တာကိုလည်း တွေ့ရပါတယ်။
Inews-04/6/17 © အလင်းမျက်ဝန်း | ကိုးကား » Lee Hsien Loong FB, CNA
[info title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/-YWhNq0Zl-U
[/info]
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။