(မေးခွန်း-၁)
ဝဇူလုပ်ပြီးမှ လင်မယား တဏှာစိတ်နဲ့ပွေ့ဖက်တာဟာ ဝဇူပျက်ပါသလား။
ရိုဇာရှိတဲ့အချိန်မှာ လင်မယား မဆက်ဆံပေမယ့် တဏှာစိတ်နဲ့ လူကွယ်ရာ ပွေ့ဖက်ရင်ရော ရိုဇာပျက်ပါသလား။
စိုးစိုး (Singapore)
(အဖြေ-၁) - နိယာမလေးတစ်ခု မျှဝေချင်ပါတယ်။ ဝုဇူဟာ များသောအားဖြင့် ခန္ဓာကိုယ်ကနေ တစ်ခုခုထွက်လို့ ပျက်တာပါ။ ရိုဇာကျတော့ အများအားဖြင့် ခန္ဓာကိုယ်ထဲ တစ်နည်း ဝမ်းထဲကို တစ်ခုခုဝင်သွားလို့ ပျက်တာပါ။
- ဝုဇူလုပ်ပြီး တဏှာရာဂစိတ်နဲ့ ဇနီးသည်ကို နမ်းရှုံ့တာ၊ ပွေ့ဖက်တာ ဝုဇူမပျက်စေပါဘူး။ မဇီ အရည်ကြည် ထွက်သွားရင်တော့ ဝုဇူပျက်ပါတယ်။
- ရိုဇာထားနေစဉ်လည်း လင်နဲ့မယား ပွေ့ဖက်တာဟာ ရိုဇာမပျက်ပါဘူး။ ဒီနေရာမှာ အပေါ်က နိယာမထက် ကျော်လွန်တဲ့ အမိန့် ရှိနေပြန်ပါတယ်။ ဒါကတော့ အဲဒီလို လင်မယားပွေ့ဖက်နမ်းရှုံ့ရင်း သုက်ရည်ထွက်သွားရင်တော့ ရိုဇာပျက်သွားပါမယ်။
[/content][content]
(မေးခွန်း-၂)
နမားဇ်ဖတ်နေရင်း (အထူးသဖြင့် ရိုကူအ်၊ စစ်ဂ်ျဒါမှာ) ဆီးစက်ကျသလို ခံစားလိုက်ရတာမျိုး ဖြစ်လာခဲ့ရင် ဝိုဇူနဲ့ နမားဇ်ပျက်ပါသလား?
အောင်မြတ်ဦး (တာမွေ)
- ဆီးစက်ကျတာဟာ စွလာသ်အချိန်တစ်ချိန်ပြည့် ကျနေတဲ့သူဆိုရင်တော့ နမားဇ်ဝတ်ပြုနေရင်းနဲ့ ကျခဲ့ရင်လည်း ဆက်ဝတ်ပြုနေပါ။ တစ်ခါတလေ ကျသူဆိုရင်တော့ နမားဇ်ရော ဝုဇူရော ပျက်သွားပါလိမ့်မယ်။
(၄-၅-၂၀၁၇) ရက်နေ့ အတွဲ-၂၊ အဖြေ-၃ နဲ့ (၁-၆-၂၀၁၇) ရက်နေ့ အတွဲ-၇၊ အဖြေ-၁ တို့မှာလည်း လေ့လာနိုင်ပါတယ်။
[/content][content]
(မေးခွန်း-၃)
ရိုဇာထားပြီး အင်တာနက်ပေါ်က မကောင်းတဲ့ပုံတွေ၊ ရုပ်ရှင်တွေကြည့်ရင် ရိုဇာပျက်ပါသလား?
မကောင်းတာတွေ ကြည့်ရင်း၊ မကောင်းတာတွေ တွေးမိရင်း အလိုလို အေဒလံဖြစ်သွားရင်ရော ရိုဇာပျက်ပါသလား?
အိုဂါရှား (ဘားအံ)
(အဖြေ-၃) - မကောင်းတဲ့ပုံတွေ၊ ရုပ်ရှင်တွေကြည့်တာဟာ ရိုဇာထားနေစဉ်ရော၊ ရိုဇာမထားစဉ်မှာရောပါ မပြုပိုင်ပါဘူး။ အပြစ်ထိုက်ပါတယ်။ ရိုဇာတော့ မပျက်ပါဘူး။
- ဒါပေမယ့် အဲဒီလိုကြည့်နေရင်း၊ မကောင်းတာတွေကို တွေးနေရင်း စိတ်မနိုင်လို့ သုက်ထွက်သွားရင်တော့ ရိုဇာပျက်သွားပါမယ်။
- စိတ်နှလုံးအေးချမ်းဖို့ ရိုဇာနဲ့အချိန်မှာ ကုရ်အာန်ကျမ်းတော်ကို များများဖတ်ရွတ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
[/content][/3column]
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။