July 2017

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား


ကမ္ဘာ့မွတ်စ်လင်မ်များရဲ့ အထွတ်အမြတ်ထားရာ မြို့တော်နှစ်ခုဖြစ်တဲ့ မက္ကာဟ်နဲ့ မဒီနာရွှေမြို့တော်နှစ်ခုကို နိုင်ငံတကာရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိပေးဖို့ဆိုတဲ့ ကာတာနိုင်ငံရဲ့ တောင်းဆိုမှုဟာ စစ်ကြေငြာခြင်းဖြစ်တယ်လို့ ဆော်ဒီအာရေးဗီးယား နိုင်ငံခြားရေးဝန်ကြီးက တုန့်ပြန်လိုက်ပါတယ်။

“ မြင့်မြတ်တဲ့မြို့တော်နှစ်ခုကို နိုင်ငံတကာပိုင်ပြုလုပ်ဖို့ဆိုတဲ့ ကာတာရဲ့တောင်းဆိုချက်ဟာ ကျူးကျော်စော်ကား ရန်စလိုက်တာဖြစ်ပြီး ဘုရင့်နိုင်ငံတော်ကို စစ်ကြေညာတဲ့ သဘောသက်ရောက်နေပါတယ် ” လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အာဒိလ်ဂျုဗိုင်ရ်က ပြောကြားသွားပါတယ်။

ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိုက်ခ်မိုဟမ္မဒ် ဘင်န် အဗ္ဗဒွရ် ရဟ်မာန်း ကတော့ မိမိတို့ကာတာအနေနဲ့ ထိုကဲ့သို့ မပြောကြားခဲ့ရပါဘူးလို့ ငြင်းဆန်တဲ့အကြောင်း ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဆော်ဒီနိုင်ငံဘက်ကတော့ ယခုလိုမျိုးပြောကြားတဲ့မည်သူ့ကိုမဆို နည်းလမ်းမျိုးစုံနဲ့ တုန့်ပြန်မယ့်အကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တယ်လို့ ဆော်ဒီနိုင်ငံအခြေစိုက် အလ်အရဗီယဟ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

“ ကျနော်တို့ရဲ့ မြင့်မြတ်တဲ့မြို့တော်တွေကို နိုင်ငံတကာပိုင်ပြုလုပ်ဖို့ ကြိုးစားချင်နေတဲ့ ဘယ်သူ့ကိုမဆို ကျနော်တို့ဘက်က အပြည့်အဝ တုန့်ပြန်ဖို့ အခွင့်အရေးရှိပါတယ် ” လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဂျုဗိုင်ရ်က ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

ဆော်ဒီဟာ ဟဂ်ျကိစ္စကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချနေတယ်လို့ ကာတာဘက်က စွပ်စွဲခဲ့ပြီး ယခုနှစ်ဟဂ်ျမှာ မိမိတို့ကာတာနိုင်ငံသားတွေအတွက် အတားအဆီးတွေနဲ့ ရင်ဆိုင်ရမှာကို ပူပန်တဲ့အကြောင်း ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်ကို တင်ပြခဲ့ပါတယ်။

ဆော်ဒီနိုင်ငံဘက်ကတော့ မိမိတို့နိုင်ငံကို ဟဂ်ျလာရောက်ဝတ်ပြုကြဖို့ ကာတာနိုင်ငံသားတွေသာမက ရန်သူတော် အီရန်နိုင်ငံတွင်းက မွတ်စ်လင်မ်များကို လမ်းဖွင့်ပေးထားတဲ့အကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ဆော်ဒီအာရေဗီးယားအပါအဝင် အစ္စလာမ့်နိုင်ငံ (၈) ခုဟာ ရန်လိုနေတဲ့ ပင်လယ်ကွေ့ရန်သူကြီး အီရန်နဲ့ ဆက်ဆံရေးတိုးမြှင့်မှုအပါအဝင် အချက်(၁၃)ချက်ကြောင့် ကာတာနိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လ (၅) ရက်နေ့ကစပြီး သံတမန်အဆက်အသွယ်တွေကို ဖြတ်တောက်ကာ အရေးယူပိတ်စို့မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Inews-14/7/17 © အလင်းမျက်ဝန်း | ကိုးကား » G-News


အီရန်နိုင်ငံရဲ့ ကြိုးကိုင်မှုအောက်မှာရှိနေတဲ့ အဖွဲ့တစ်ခုကို ကူဝိတ်တရားရုံးက အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ပြီးနောက်မှာ အီရန်သံတမန် (၁၅) ဦးကိုလည်း နိုင်ငံအတွင်းမှ နှင်ထုတ်လိုက်ပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ စစ်ရေး၊ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းစဉ်တွေကိုလည်း ပိတ်သိမ်းလိုက်တယ်လို့ သတင်းများက ဆိုပါတယ်။

ကူဝိတ်တရားရုံးချုပ်ဟာ ပြီးခဲ့တဲ့လအတွင်းက ကူဝိတ်နိုင်ငံအတွင်း တိုက်ခိုက်မှုများပြုလုပ်ဖို့ ကြံစည်နေတဲ့ အီရန်နဲ့ လက်ဘနွန်နိုင်ငံတို့ရဲ့ ထောက်ပံ့ခံ ဟဇ်ဘိုလာအကြမ်းဖက်အဖွဲ့ကို အဓိကကြိုးကိုင်နေသူတစ်ဦးအား ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပါအဝင် အခြားသူ အယောက် ၂၀ ကိုလည်း ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

အကြမ်းဖက်မှုနဲ့ ပတ်သက်နေတဲ့အတွက် ကူဝိတ်နိုင်ငံအနေနဲ့ သံတမန်ကျင့်ဝတ်အရရော ဂျီနီဗာကွန်ဗန်းရှင်းသဘောတူညီမှုအရရော အီရန်အပေါ် သံတမန်ရေးအရ အရေးယူမှုတွေကို မဆိုင်းမတွပြုလုပ်ခဲ့တယ်လို့ အစိုးရအဖွဲ့ရုံးဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီး (ယာယီ) တာဝန်ယူထားသည့် ရှိုက်ခ်မိုဟမ္မဒ် ဆာဘတ်ရှ်က သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ကူဝိတ်နိုင်ငံဟာ မကြာသေးမီက ပေါ်ပေါက်ခဲ့တဲ့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ကာတာနိုင်ငံပြဿနာအတွင်း ကြားနေခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပြီး အာရပ်ဗ်ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ အီရန်ရဲ့သြဇာလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ပင်လယ်ကွေ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။

Inews-13/07/17 © အလင်းမျက်ဝန်း | ကိုးကား » G-News


လက်ရှိ စင်္ကာပူနိုင်ငံရဲ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံထားရတဲ့ ဟလီမာယအ်ကူးဗ်ဟာ လာမည့် စက်တင်ဘာလအတွင်းပြုလုပ်မယ့် စင်္ကာပူနိုင်ငံရဲ့ သမ္မတနေရာမှာ ဝင်ရောက်ရွေးချယ်ခံမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

၎င်းသတင်းများ ထွက်ပေါ်နေမှုကို အခြေပြုပြီး မီဒီယာများက မေးမြန်းရာမှာတော့ နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်ခံဖို့အတွက် မိမိအနေဖြင့် အလေးအနက်ထား စဉ်းစားနေဆဲသာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

Yahoo Singapore ရဲ့ ဖော်ပြချက်အရတော့ သူမဟာ မိခင်ပါတီဖြစ်တဲ့ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) ခေါင်းဆောင်ပိုင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လာမယ့်သမ္မတရွေးကောက်ပွဲအတွင်း ဝင်ရောက်ရွေးချယ်ခံမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

ကလေးငါးဦးရဲ့မိခင် ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်တဲ့ ဟလီမာယအ်ကူးဗ်ဟာ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးသော မွတ်စ်လင်မ်အမျိုးသမီး လွှတ်တော်ဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့အပြင် အရေးပါတဲ့ ဝန်ကြီးနေရာ(၃)ခုမှာလည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလမှာ ပြုလုပ်မယ့် စင်္ကာပူနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ ဟလီမာယအ်ကူးဗ်တစ်ယောက် သမ္မတအဖြစ်ရွေးချယ်ခံရပါက စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးသော မွတ်စ်လင်မ်အမျိုးသမီး သမ္မတကြီးတစ်ဦးအဖြစ်လည်းကောင်း၊ အရှေ့တောင်အာရှဒေသတွင်းမှာ အင်ဒိုနီးရှားနိုင်ငံမှ မေခဝတီ ဆူကာနိုပူထရီ (၂၀၀၁-၂၀၁၄) ပြီးနောက် ဒုတိယမြောက် ပေါ်ထွက်လာမယ့် မွတ်စ်လင်မ်အမျိုးသမီးသမ္မတကြီးတစ်ဦး ဖြစ်လာမှာပါ။

Inews-12/7/17 © အလင်းမျက်ဝန်း
ကိုးကား » Yahoo Singapore


မိတ်ဆွေများအား သိကောင်းစရာ၊ တန်ဖိုးထားတတ်စရာအနေဖြင့် ဤအကြောင်းအရာလေးကို အလင်းမျက်ဝန်းမှတစ်ဆင့် တင်ပြလိုက်ပါသည်။

မိတ်ဆွေတို့...

နှာချေခြင်းသည် ကျနော်တို့ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စရပ်တခုဖြစ်သည်။ ကျနော်တို့ အနည်းနှင့်အများ နေ့စဉ်ဆိုသလိုကြုံတွေ့နေရသောကြောင့် သတိမမူမိသလို အမှတ်တမဲ့ဟုသာ ထင်မြင်၍ လွှတ်ထားပေးနေကြပေသည်။

အမှန်စဉ်စစ်သော်ကား နှာချေခြင်းသည် ကျနုပ်တို့အတွက် နေ့အ်မသ်တစ်ခုပင်ဖြစ်ပေသည်။ သာသနာရေးရှုထောင့်ကကြည့်လျှင် စဝါဗ်ရနိုင်မည့်အကြောင်းဖြစ်ပြီး၊ ကျန်းမာရေးအရကြည့်လျှင် အလွန်အကျိုးရှိသော ဝိသေသတစ်ခုဖြစ်ပေသည်။

မွတ်စ်လင်မ်တစ်ဦး နှာချေမိပါက အလ်ဟမ်ဒုလိလ္လာဟ် (اَلْحَمْدُ لِلّٰهِ) ဆိုပြီး စဝါးဗ်ရယူနိုင်သလို၊ ကြားသူကလည်း တဖန်ပြန်၍ ယရ်ဟမုကလ္လာဟ် (يَرْحَمُكَ اللّٰهُ) ဟု တုံ့ပြန်ဆိုခြင်းဖြင့် အကျိုးစဝါးဗ် ရယူဖို့ရာ ဝါဂျိဗ်တာဝန်တရပ် မဟုတ်ပါလား။

ထိုနှာချေခြင်းတွင် အတ္တဟိတအကျိုး (privately merit)၊ ပရဟိတအကျိုး (public merit) နှစ်မျိုးစလုံးကို အသင်တွေ့မြင်ရပေမည်။

ကိုယ်တော်မြတ်ကြီး ﷺ သခင် မွေးဖွားပြီးပြီးခြင်း စတင်နှာချေခဲ့သောအသံသည် အလ်ဟမ်ဒုလိလ္လာဟ် (اَلْحَمْدُ لِلّٰهِ) ဟူသောအသံ ထွက်ပေါ်ခဲ့သည်ဟု တချို့ပညာရှင်များက တင်ပြပေသည်။ ကိုယ်တော်သည် မွေးကင်းစအရွယ် စကားမပြောနိုင်သော်ငြားလည်း ကိုယ်တော်၏ နှာချေသံထွက်ရာတွင် အလ်ဟမ်ဒုလိလ္လာဟ် (اَلْحَمْدُ لِلّٰهِ) ဟူ၍ ကြားရခြင်းမှာ ကိုယ်တော်သည် မွေးကင်းစ အရွယ်မှစ၍ မိမိအရှင်သခင်အား ထောပနာမြွက်ဆိုခြင်းဖြစ်သူဟု လျှောက်လဲချက် ပေးကြပေသည်။ ထို့ကြောင့် သည်အရာအား ကိုယ်တော်၏ မွေးရာပါမြတ်သောဓလေ့တော်ဟု အသင်မှတ်ယူလိုက်ပါလေ။

သို့ပင်မက နှာချေပြီးသောအခါ၌ ဟမ်ဒ် (حَمْدُ) ဆိုခြင်းနှင့် တဖန်ရဟ်မသ်တော်ပို့၍ တုန့်ပြန်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ဓလေ့တော်ဖြစ်ကြောင်းကို ဟဒီးဆ်တော်တချို့က ထောက်ပြနေသေးပေသည်။ အလ္လာဟ်အရှင်မြတ်သခင်၏ တန်ခိုး အာဏုဘော်ဖြင့် အာဒမ် (عليه سلم) သခင်အား ဝိညာဉ်တော်မှုတ်သွင်းရာ နှာခေါင်းဖျားသို့ရောက်သော် အာဒမ်သခင်သည် နှာချေ၍ အသက်ဝင်လာပေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သခင်က အာဒမ်သခင်အား အမိန့်တော်ရှိလေသည်။ အိုး! အာဒမ် အသင် အလ်ဟမ်ဒုလိလ္လာဟိရဗ္ဗိလ်အာလမီးန် (ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَٰلَمِينَ) ဟု ရွတ်ဆိုပါလေ။ ထိုအခါ အာဒမ်သခင်က အလ်ဟမ်ဒုလိလ္လာဟ် (اَلْحَمْدُ لِلّٰهِ) ဟု ရွတ်ဆိုလေသည်။ အာဒမ်သခင်၏ ရွတ်ဆိုမှုပြီးသည့်နောက်တွင် အလ္လာဟ်အရှင်မြတ်သခင်က ယရ်ဟမုကလ္လာဟ် (يَرْحَمُكَ اللّٰهُ) ဟု အဖြေပြန်ကြားပေးတော်မူလေသည်။

 နှာချေရခြင်း၏ အကြောင်းတရားများ 

နှာချေရခြင်း၏ အကြောင်းတရားနှင့် အကျိုးတရားသည် ဒွန်တွဲလျက်ရှိနေပေသည်။ ထို့ကြောင့် သီးခြားမဖော်ပြလိုပါ။
  1. နှာချေလိုက်ခြင်းကြောင့် ဦးနှောက်အတွင်းရှိနေတတ်သော အညစ်အကြေးများ သန့်စင်သွားပေသည်။
  2. သာမန်နှာချေခြင်းသည် ဦးနှောက်မှတ်ဉာဏ်အား ကောင်းမွန်စေသည်။
  3. နှာချေခြင်းသည် အာရုံကြောအားနည်းမှုကို ကာကွယ်ပေးသည်။
  4. ဦးနှောက်အား ပေါ့ပါးသွက်လက်စေသည်။
  5. နှာချေပြီးနောက် လန်းဆန်းမှုကို ပေါ်ပေါက်စေသည်။
ထို့ကြောင့် ကျနုပ်တို့သည် နှာချေပြီးနောက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်သည့်အနေဖြင့် ယရ်ဟမုကလ္လာဟ် (يَرْحَمُكَ اللّٰهُ) ဟု ရွတ်ဆိုကြရခြင်း ဖြစ်ပါသည်။

အထက်ဖော်ပြပါ အချက်(၅)ချက်သည် ကျနော်စာရေးသူအနေဖြင့် လေ့လာရသလောက်၊ ဉာဏ်မှီသလောက် တင်ပြလိုက်သော နှာချေခြင်း၏ အကြောင်းတရားနှင့်အကျိုးတရားများသာ ဖြစ်ပေသည်။

 စာရေးသူဖက်မှ ပီယဝါစာ လက်ဆောင်မွန် 

ကျနော်၏ ဆရာသခင်ကြီးဖြစ်သော ဟဇရသ်မောင်ဝ်လာနာ မွဖ်သီ ယူစွဖ် (သောဝ်လဝီ) ဆပ်အား ကျနော်တို့ကျောင်းသားများအနေဖြင့် မေးမြန်းဖူးသည်မှာ “ ဆရာကြီး ကျနော်တို့ နှာချေလျှင် ဘာလို့ ယရ်ဟမုကလ္လာဟ် ဖတ်ရတာလဲ ” ဆိုတော့ ဆရာကြီးက ဖြေကြားသည်မှာ “ ကျောင်းသားတို့ နှာချေကြတဲ့အချိန်မှာ အသင်တို့မျက်နှာ အရမ်းလှသွားသလား၊ ဆိုးသွားသလား ” လို့ ပြန်မေးလေသည်။ ထိုအခါ ကျနော်တို့က “ နှာချေတဲ့အချိန်မှာ နဂိုရှိနေတဲ့မျက်နှာက ရှုံ့တွပြီး ရုပ်ဆိုးသွားပါတယ် ” လို့ ဖြေတော့ ဆရာကြီးက “ အေး နှာချေပြီးသွားရင်ကော မျက်နှာပုံက ဆိုးနေသေးလား၊ ပြန်ကောင်းသွားလား ” လို့ ပြန်မေးတာ့ ကျနော်တို့က “ ပြန်ကောင်းသွားပါတယ် ” လို့ ပြန်ဖြေလိုက်ကြတာပေါ့။ အဲတော့မှ ဆရာကြီးက “ အေးး နှာချေတဲ့အခါ ရုပ်ဆိုးနေပြီး၊ နှာချေပြီးသွားတော့ မင်းတို့မျက်နှာ လှလှလေးတွေကို ပြန်လည်ပိုင်ဆိုင်ရမှုအပေါ် မင်းတို့ အလ္လာဟ်ကို ကျေးဇူးမတင်သင့်ဘူးလား ” လို့ မေးတော့မှ ကျနော်တို့အားလုံး ပါးစပ်အဟောင်းသားနဲ့ နားလည်သွားကြပါတော့တယ်။

မိတ်ဆွေတို့...
ဘာမှတိုက်ဆိုင်မှုမရှိဘဲ တင်ပြလိုက်ရသော ဒီအကြောင်းအရာလေးဟာ မိတ်ဆွေများအတွက် လောကီ၊ လောကုတ္တရာ နှစ်ခုစလုံးရဲ့ စဝါးဗ်အပိုင်းအစလေး တစ်ခုတော့ ဖြစ်လောက်မယ် ထင်ပါရဲ့။

ပန်းပျိုးလက်

MOL-004 © အလင်းမျက်ဝန်း
[info title="ရင်ဖွင့်လွှာ" icon="info-circle"]» ဤအစီအစဉ်ပါ အကြောင်းအရာများသည် ပြင်ပကလောင်ရှင်များ၏ ပေးပို့ချက်အား ဖော်ပြခြင်းဖြစ်ပြီး အလင်းမျက်ဝန်း၏ မူဝါဒအာဘော်မဟုတ်ပါ။
» ဤ “ရင်ဖွင့်လွှာ” အစီအစဉ်သို့ စာရေးသားပေးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
» စာရေးသားပေးပို့နိုင်ရန် အောက်ပါ Link တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။
http://www.alinmyetwyun.com/2017/06/MOL.html[/info]


အီဂျစ်နိုင်ငံရဲ့ ၆၅ နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို မနေ့က (၂၇-၇-၂၀၁၇) ကြာသပတေးနေ့ ညနေပိုင်း (၆း၃၀) အချိန်ကစတင်ပြီး ည (၈း၃၀) အချိန်အထိ ရန်ကုန်မြို့ Meliã Yangon Hotel မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုး မှ တက်ရောက်ချီးမြှင့် အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံရှိ နိုင်ငံတကာသံရုံးများမှ သံအမတ်များ၊ ကောင်စစ်ဝန်များ၊ အစ္စလာမ်ဘာသာရေးအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလ်အဇ်ဟရ်တက္ကသိုလ်ကျောင်းသားဟောင်းများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့်တကွ အခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော်များလည်း အသီးသီး တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီး Mr. Khaled Mohamed Abdel Rahman Abdel Salam က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပါတယ်။

သံအမတ်ကြီးရဲ့ အမှာစကားပြောကြားမှုအတွင်း မိမိတို့ အီဂျစ်နိုင်ငံရှိ အလ်အဇ်ဟရ်တက္ကသိုလ် ကျောင်းတော်ကြီးမှ နှစ်စဉ် ပညာတော်သင်ဆုတွေ ပေးအပ်နေပါကြောင်းနဲ့ တက်ရောက်လာတဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ကြီးကို မိမိတို့အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ် လေ့လာကြဖို့ ဖိတ်ခေါ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြီးနောက်မှာတော့ အခမ်းအနားသို့ တက်ရောက်လာတဲ့ ဧည့်သည်တော်များကို သံအမတ်ကြီးက ညစာနဲ့တည်ခင်းဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

အောင်ဆွေထွန်း
Mnews-08/7/17 © အလင်းမျက်ဝန်း

[3column][content]
 (မေးခွန်း-၁) 

ဇေနာနဲ့မွေးတဲ့ သားအမိအပေါ် ဇကားသ်ပေးလို့ ပိုင်ပါသလား?

ကျေးဇူးပြု၍ ဖြေကြားပေးပါ လူကြီးမင်းများရှင့်။

ကလေးအမေက အရင်တုန်းက စိတ်ရောဂါဝေဒနာရှင် တစ်ဦးပါ။

သီတာအေး (မူဆယ်မြို့)


 (အဖြေ-၁) 

  • ပညာရှိသုခမိန်ကြီးတွေထံမှာ လင်ယောက်ျားမပေါ်တဲ့ကလေးဟာ သူ့မိဘနှစ်ပါးကျူးလွန်တာကြောင့် သူ့မှာ ဘာအပြစ်မှ မရှိပါဘူး။ ကုရ်အာန် (၆း၁၆၄) မှာ ဘယ်သယ်ပိုးသူတစ်ဦးတစ်ယောက်ကမှ သူတစ်ပါးရဲ့ ဝန်ထုပ်ကို သယ်ပိုးထမ်းရွက်ရမှာ မဟုတ်ဘူးလို့ ဆိုထားတဲ့ အတွက်ပါ။ ဒါကြောင့် အဲဒီ ကလေးမျိုးကို မျက်နှာလွှဲဥပေက္ခာပြုတာ၊ ဒုက္ခပေးတာ မပြုပိုင်ပါဘူး။
  • သူ့ကို ဇကာသ်ပေးဖို့ကတော့ သူဟာ ဇကာသ်ပေးထိုက်တဲ့ အုပ်စုရှစ်စုမှာရှိတဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီနေရင် ဇကာသ်ပေးခွင့် ရှိပါတယ်။ တစ်နည်း ဇေနာနဲ့ ရတဲ့ကလေး (ဖခင်မပေါ်တဲ့ကလေး) ကို ဇကာသ်ပေးရင် သူဇကာသ်စားထိုက်သူဖြစ်ရင် ဇကာသ်အထမြောက်ပါတယ်။ ဇေနာနဲ့ရလို့ဆိုပြီး မလေးမစားလုပ်တာ၊ နှိမ်ချိုးတာ မပြုပိုင်ပါဘူး။ ဇကာသ်ပေးရမယ့် အုပ်စုရှစ်စုကို ကုရ်အာန်မှာ ဖော်ပြထားပါတယ်။ (ကုရ်အာန်-၉း၆၀) လေ့လာနိုင်ပါတယ်။
  • အဲဒီလိုပဲ ဒီကလေးရဲ့မိခင် (တစ်နည်း - ဇေနာမှုကျူးလွန်မိသော အမျိုးသမီး) ကိုလည်း ဇကာသ်စားထိုက်သူ၊ ဆင်းရဲပြီး သုံးစွဲစရာမရှိတဲ့သူဖြစ်နေမယ်ဆိုရင် ဇကာသ်ပေးခြင်းမှာ ဘာပြဿနာမှ မရှိပါဘူး။ သူလည်းပဲ ဇေနာအမှုကျူးလွန်လို့ ဇကာသ်မပေးရဘူးဆိုပြီး တားမြစ်ထားခြင်း မရှိပါဘူး။
  • ဒီထက်ပိုပြီးဖြေရရင်တော့ ဇကာသ် ပေးလိုက်ရင်တောင် မကောင်းတဲ့လုပ်ရပ်ကနေ ရပ်တန့်သွားနိုင်ပါသေးတယ်။ ပမာအားဖြင့် ဗုခါရီကျမ်းလာ ဟဒီဆ်တော်မှာ လာရှိထားပါတယ်။ နောက်ပြီး နဂိုက စိတ်ဝေဒနာရှင်ဖြစ်ဖြစ်၊ ယခု စိတ်ဝေဒနာရှင်ဖြစ်ဖြစ် ဇကာသ်ပေးခွင့် ရှိပါတယ်။ ရူးနေသူကို ဇကာသ်ပေးပိုင်တဲ့အတွက်ပါ။ ရူးနေသူဟာ ဇကာသ်ငွေကို မသုံးစွဲတတ်ရင်သာ တာဝန်ရှိသူ၊ အုပ်ထိန်းသူက တာဝန်ခံ သုံးစွဲပေးရပါမယ်။

[/content][content]
 (မေးခွန်း-၂) 

မနီပေတဲ့ အတွင်းခံဘောင်းဘီကို ဆပ်ပြာနဲ့ဘရပ်စ်နဲ့ အပြန်အလှန် တစ်ထည်လုံးကို ပွတ်တိုက်ဆေးကြောလိုက်တယ်။ အာ့ဆို အတွင်းခံဟာ သန့်သွားလား။ ဖြေကြားပေးပါ ဆရာ။

အိုကာရှား (သထုံ)



 (အဖြေ-၂) 

  • မနီပေနေတဲ့ ဘောင်းဘီကို ရေသုံးပြီး လက်နှစ်ဖက်နဲ့ ပွတ်တိုက်ကာ သုံးကြိမ်သုံးခါ ဆေးကြောလိုက်ရင်တောင် အဲဒီဘောင်းဘီဟာ သန့်သွားပါပြီ။

  • မေးခွန်းပါပြောပြချက်အရ ဆပ်ပြာနဲ့ရော၊ ဘရပ်ရှ်နဲ့ရော အပြန်ပြန် အလှန်လှန် တစ်ထည်လုံး ပွတ်တိုက်ဆေးကြောလိုက်ပြီဆိုတော့ ပိုလို့တောင် သန့်စင်သွားပါပြီ။

  • ခဲခြောက်နေတဲ့ မနီဆိုရင် ခြစ်ထုတ်လိုက်လို့တောင် ရတယ်၊ သန့်သွားတယ်လို့ အိမာမ်အအ်ဇွမ် အဗူဟနီဖဟ် رحمة الله عليه က ဆိုပါတယ်။

  • ရေနဲ့ ဆေးကြောတာကတော့ အကောင်းဆုံးပါ။

  • ဒီနေရာမှာ ဗဟုသုတလေးတစ်ခု မျှဝေချင်ပါတယ်။ အဲဒါကတော့ လူတော်တော်များများဟာ ဗလီကို ရောက်လာကြတဲ့အခါ အတွင်းခံဘောင်းဘီကို တစ်နေရာမှာချွတ်ပြီး ဝတ်ပြုကြပါတယ်။ အစဉ် အလာတစ်ခုလိုလို ဖြစ်နေပါပြီ။

  • အဲဒီအပေါ် လူတွေက အတွင်းခံဘောင်းဘီဝတ်ပြီး စွလာသ်ဝတ်ပြုခွင့် မရှိလောက်ဘူးလို့ ထင်မှတ်လာကြပါတယ်။ ဒီထင်မြင်ချက်ဟာ မှားယွင်းပါတယ်။

  • ဘောင်းဘီရှည်အောက်က ဖြစ်ဖြစ်၊ လုံချည်၊ ပုဆိုးအောက်က ဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေးဖြစ်ဖြစ် အတွင်းခံ ဘောင်းဘီနဲ့ စွလာသ်ဝတ်ပြုတဲ့အခါ အတွင်းခံဘောင်းဘီဟာ သန့်ပြန့်နေခဲ့ရင် စွလာသ်ဝတ်ပြုပိုင်ပါတယ်။ တကူးတက ချွတ်နေစရာ မလိုပါဘူး။

[/content][content]
 (မေးခွန်း-၃) 
အတ်စ္စလားမုအလိုင်းကွန်း
ဆရာများ ခင်ဗျား...
ရှေ့ဆောင် အေမာမ်နောက်က နမားဇ်ဝတ်ပြုရာမှာ ကျနော်တို့ဟာ အကြောင်းကြောင်းကြောင့် နောက်ကျတတ်ကြပါတယ်။ မိမိ လွတ်သွားတဲ့ ရကအသ်ကို ပြန်ဖြည့်ဝတ်ပြုကြရာမှာလည်း မတူညီကြပါဘူး။ ကျနော် မေးမြန်းလိုသည်မှာ နောက်ကျသူသည် ရှေ့ဆောင်အေမာမ်၏ နမားဇ်အတွင်း မည်သည့်အခြေအနေအရ (၁)/(၂)/(၃) ရကသ် လွတ်သွားသည်ကို ပိုင်းဖြတ်ရပါသလဲ။ ကျနော်၏ စာအရေးသား ညံ့ဖျင်းခြင်းကို ခွင့်လွတ်ပေးပါရန်။
မိုဟမ္မဒ်ဆွာလေ (ရန်ကုန်)
 (အဖြေ-၃) 
وعليم السلام ورحمة الله وبركاته
  • ရှေ့ဆောင်အိမာမ်က ဦးဆောင်ပြီး စွလာသ်ဝတ်ပြုနေချိန်မှ ရောက်လာသူဟာ အိမာမ်ရောက်နေတဲ့ နမားဇ်နေရာကနေ ဝင်ရောက်ပြီး နောက်လိုက် ဝတ်ပြုရပါမယ်။ အိမာမ်က ရုကူအ်ဆို ရောက်လာသူကလည်း ရုကူအ်ပြုလိုက်ပါ၊ စဂ်ျဒဟ်မှာဆို စဂ်ျဒဟ်ပြုပါ။ ကအ်ဒအ်မှာဆို ကအ်ဒဟ်ထိုင်ပါ။ တချို့မတ်တတ်ရပ်ပြီး စောင့်နေကြပါတယ်။ ဒါဟာ စွန္နသ်တော်နဲ့ ဆန့်ကျင်ပါတယ်။ ဟဒီဆ်တော်မှာ အသင်တို့ စွလာသ်ဝတ်ပြုဖို့ လာရောက်ကြတဲ့အခါ ငါတို့က စဂ်ျဒဟ်ဦးချနေရင် အသင်တို့လည်း လိုက်ပြီး ဦးချကြပါလို့ လာရှိထားပါတယ်။ အဗူဒါဝူးဒ်ကျမ်းမှာ ပါရှိတဲ့ ဟဒီဆ်တော်ပါ။
  • မဆ်အလဟ်ကတော့ နောက်လိုက်မွတ်က်သဒီ ရောက်လာတဲ့အခါ အိမာမ်ဟာ ပထမရကအသ်ရဲ့ ရုကူအ်မှာ ရှိနေမယ်။ တကယ်လို့ မွတ်က်သဒီဟာ အဲဒီရုကူအ်ကနေ မထခင် စွဗ်ဟာနရဗ်ဗိယလ်အဇွီးမ် သတ်စ်ဗီဟ် တစ်ကြိမ်ဖတ်ရွတ်တဲ့ အချိန်အတိုင်းအတာမျှ လိုက်မီခဲ့ရင်တော့ အဲဒီရကအသ်ကို မီတယ်လို့ သတ်မှတ်ပါတယ်။ အိမာမ်စလာမ်လှည့်ပြီးတဲ့အခါ ပြန်ဖြည့်စရာ မလိုပါဘူး။ ရုကူအ်မှာ ဖတ်ရတဲ့ သတ်စ်ဗီဟ်ဖြစ်တဲ့ စွဗ်ဟာန ရဗ်ဗိယလ်အဇွီးမ်ကို စွန္နသ်တော်အရ အနည်းဆုံး သုံးကြိမ်ဖတ်ကြရပါတယ်။ ရုကူအ်တို့ စဂ်ျဒဟ်တို့မှာ သတ်စ်ဗီဟ်ဖတ်ရွတ်ဖြစ်ဖြစ်၊ မဖတ်ရွတ်ဖြစ်ဖြစ် သတ်စ်ဗီဟ်တစ်ကြိမ်ဖတ်ရွတ်ချိန်မျှ ရှိနေခြင်းဟာ မပြုမနေရ တာဝန်ပါ။
  • တကယ်လို့ ရကအသ်တစ်ခုရဲ့ ရကူအ်မှာ သတ်စ်ဗီဟ်တစ်ကြိမ်စာလောက် အချိန်ကိုတောင် အိမာမ်နောက်က လိုက်မမီတော့ဘူးဆိုရင် အဲဒီရကအသ်ကို လွတ်တယ်လို့ သတ်မှတ်ပါတယ်။ အိမာမ်စလာမ်လှည့်ပြီးရင် အဲဒီ ပထမရကအသ်ကို ပြန်ဖြည့်ဝတ်ပြုရပါမယ်။ ရကအသ်တိုင်းကို လိုက်မီ/ မမီဆိုတာကို ဒီပုံစံနဲ့ တိုင်းတာရပါမယ်။
လွတ်သွားတဲ့ ရကအသ်တွေကို ပြန်ဖြည့်ရမယ့် နည်းလမ်းကို သိချင်ရင်တော့ ဗလီတိုင်းမှာလိုလို ချိတ်ဆွဲထားတဲ့ လွတ်သွားတဲ့ စွလာသ်ရကအသ်တွေကို ပြန်ဖြည့်နည်းဆိုတဲ့ ဗီနိုင်းမှာ လေ့လာနိုင်ပါတယ်။ အလင်းမျက်ဝန်းကလည်း အခါအခွင့်သင့်ရင် ၎င်းရကအသ်ဖြည့်ဖတ်နည်းကို တင်ပြပေးပါ့မယ်။ ان شاء الله ﺗﻌﺎﻟﯽٰ
[/content][/3column]


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ သာယာအေးရပ်ကွက်အတွင်းမှ စည်ပင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦးတစ်လုံးအား ဗလီဟုထင်ယောင်ထင်မှားဖြစ်ကာ ဆူပူလာသည့်လူအုပ်စု၏ တောင်းဆိုမှုကြောင့် ဒေသအာဏာပိုင်တွေက ညတွင်းချင်း ယန္တရားစက်တွေနဲ့ ဖြိုဖျက်လိုက်ပါတယ်။

၎င်းအဆောက်အဦးဟာ ခွင့်ပြုချက်မဲ့ဆောက်လုပ်ထားတဲ့ အလုံအပိတ်အဆောက်အဦးတစ်ခုဖြစ်ပြီး ကျောက်ပန်းတောင်းမြို့သား ဗုဒ္ဓဘာသာဝင်တစ်ဦးပိုင်ဆိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်  မဲဆန္ဒနယ်မြေအမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးအေးခိုင်က အဆိုပါဒေသအတွင်း အစ္စလာမ်ဘာသာဝင်တွေ မရှိကြောင်း၊ ဗလီဆောက်လုပ်ခြင်းလည်း မဟုတ်ကြောင်း၊ အိမ်ပိုင်ရှင်ဆိုသူဟာလည်း ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်းကို Friday Times သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ဗလီဆောက်လုပ်ထားတယ်ဆိုတဲ့ တစ်ဆင့်သတင်းများဖြင့် ၎င်းအဆောက်အဦးအနီး ရာနဲ့ချီတဲ့လူအုပ်ကြီးက ဝိုင်းထားပြီးနောက် ဖျက်ပေးဖို့ အော်ဟစ်တောင်းဆိုခဲ့ကြတဲ့အတွက် သက်ဆိုင်ရာက ညှိနှိုင်းပြီးနောက်မှာ ယာဉ်ယန္တရားတွေအသုံးပြုပြီး ဒေသခံများရှေ့မှာပဲ ဖြိုဖျက်လိုက်ပါတယ်။

အဆောက်အဦးပိုင်ရှင်ဟာ အလုံပိတ် ဂိုဒေါင်ပုံစံအဆောက်အဦးကို သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ ဆောက်လုပ်ခွင့် တောင်းခံခြင်းမပြုဘဲ ဆောက်လုပ်ခဲ့လို့ တားမြစ်ခံထားရတာကို ဆက်လက်ဆောက်လုပ်ခဲ့တဲ့အတွက် ဗလီဆောက်လုပ်တယ်လို့ ဒေသခံများက ထင်ယောင်ထင်မှားဖြစ်ခဲ့ကြတာပါ။

“ စည်ပင်ကို အဆောက်အဦးဆောက်ခွင့် မတင်မထားဘူး။ စည်ပင်က တားတယ်။ တားတာကို ထပ်ဆောက်တယ်။ အဲ့ဒီအချက်ကို သူဖျက်ထားတယ်။ နောက်တစ်ချက်က လူတွေကများလာပြီ။ ဆူပူအုံကြွမှုက ပိုပြီးဆိုးလာပြီ။ ဆိုးလာတော့ ကျနော်တို့က မြို့အတွက် အေးချမ်းသာယာအောင် ဆူပူအုံကြွမှုမဖြစ်အောင် မဖျက်မခြင်း မပြန်ဘူးဆိုတော့ အားလုံး ကျွန်တော်တို့ အဲ့ဒီနှစ်ချက်နဲ့ ဖျက်လိုက်ရတယ်။ အခုတော့ ဖျက်နေပြီ။ အဓိကကတော့ စည်ပင်ဥပဒေနဲ့ မညီညွတ်တာ။ အဆောက်အဦးဆောက်တာလည်း မပြောဘူး။ စည်ပင်တားတဲ့အချိန်လည်း ထပ်ဆောက်တယ်။ နောက်ပြီး အလုံပိတ်ကြီး ဆောက်ထားတယ်ဆိုတော့ အရပ်က တစ်မျိုးမြင်တာပေါ့။ လူထုကိုလည်း ဖျက်မခိုင်းဘူး။ ကျွန်တော်တို့ ဒီက ကော်မတီတွေ တာဝန်ရှိသူတွေ အစည်းအဝေးထိုင်တယ်။ အစည်းအဝေးထိုင်ပြီး ကျွန်တော်တို့က ပြည်သူလူထုက မဖျက်ရင် မပြန်ဘူးဆိုတော့ ကျွန်တော်တို့ ဖျက်လိုက်ရပါတယ် ” လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က The Ladies News ကို ပြောကြားသွားပါတယ်။

ယခင် နအဖအစိုးရလက်ထက်က ကျောက်ပန်းတောင်းမြို့နယ်မှာ နေထိုင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေကို အဓမ္မဖိအားပေး ရွှေ့ပြောင်းစေခိုင်းခဲ့မှုကြောင့် ၎င်းမြို့နယ်အတွင်း မွတ်စ်လင်မ်များ နေထိုင်မှုမရှိခဲ့တာဟာ ဆယ်စုနှစ်နှစ်ခုနီးပါးရှိနေပြီ ဖြစ်ပါတယ်။

Mnews-07/7/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/Q9lf8H8ITSk
[/error]

[3column][content]
 (မေးခွန်း-၁) 
ညဘက် လက်သည်းညှပ်ရင် မကောင်းဘူးလို့ လူကြီးတချို့က ပြောကြပါတယ်။ ကျွန်တော်ကြားဖူးတာက ကြာသာပတေးညနဲ့ သောကြာမနက် ညှပ်မယ်ဆိုရင်ပိုကောင်းတယ် ကြားဖူးလို့ပါ။ အဲလိုပဲ မဂ်ရိဗ်အချိန် တံမြက်စီးလှဲတာ၊ တံခါးဝကို ကန့်လန့်လှဲလျောင်းတာ အဲဒါတွေလည်း မကောင်းဘူးလို့ ပြောပါတယ်။ ဟုတ်ပါသလား။ အမှားပါရင် မားဖ်လုပ်ပါ။
မိုဟမ္မဒ် အနက်စ် (ရန်ကုန်)
 (အဖြေ-၁) 

ကျနော်တို့ရဲ့ မွန်မြတ်ထူးကဲသန့်စင်လှတဲ့ အစ္စလာမ်သာသနာတော်ကြီးမှာ တချို့သော အပြုအမူ၊ လုပ်ဆောင်ချက်ကလေးများကို မွတ်စ်လင်မ်တိုင်း တစ်ပြေးညီပြုလုပ်ဖို့ သတ်မှတ်ထားပါတယ်။ အဲဒီလိုအမူအကျင့်၊ လုပ်ဆောင်ချက်တွေထဲမှာ လက်သည်း၊ ခြေသည်း ညှပ်ခြင်းလည်း ပါဝင်ပါတယ်။

ဗုခါရီနဲ့မွတ်စ်လင်မ်ကျမ်း နှစ်စောင်မှာ သာဝကကြီးအဗူဟုရိုင်ရဟ် رضي الله عنه ရဲ့ ဆင့်ပြန်ချက်လာရှိပါတယ်။ တမန်တော်မြတ် ﷺ မိန့်မြွက်တော်မူပါတယ်။ ငါးခုသောအရာဟာ သဘာဝတရားကြီးဖြစ်တဲ့ အစ္စလာမ်ထဲကဖြစ်တယ်။ (၁) ခသ်နာ (အရေပြားသန့်စင်မင်္ဂလာ)၊ (၂) ချက်အောက်မွေးသန့်စင်ခြင်း၊ (၃) လက်သည်းခြေသည်းညှပ်ခြင်း၊ (၄)ချိုင်းမွေးနှုတ်ခြင်းနဲ့ (၅) နှုတ်ခမ်းမွေးညှပ်ခြင်းတို့ ဖြစ်ပါတယ်။
  • မေးမြန်းချက်ကို ဖြေကြားရရင်တော့ ကျနော်တို့ကိုယ်တိုင် သာသနာ့အထောက်အထားတစ်ရပ်ရပ်မှာ လက်သည်းခြေသည်း ဘယ်အချိန်ညှပ်ရမယ်လို့ သီးသန့်သတ်မှတ်ထားချိန်မျိုး ရှာမတွေ့ထားပါဘူး။ တစ်နည်း လက်သည်းခြေသည်းညှပ်ချိန် သတ်မှတ်မထားပါဘူး။ အဆင်ပြေတဲ့အချိန် ညှပ်ခွင့်ရှိပါတယ်။ ညဥ့်အချိန် ညှပ်တာက ခိုက်တတ်တယ်၊ အပြစ်ဖြစ်တယ် စသဖြင့် ပြောတဲ့စကားတွေဟာ မှားပါတယ်။ မကောင်းနိမိတ်ကောက်ယူခွင့် မရှိပါဘူး။ သာသနာ့ပညာရှိ သုခမိန်ကြီးများကတော့ အထောက်အထားများတင်ပြပြီး ကြာသပတေးနေ့နဲ့ သောကြာနေ့နှစ်ရက်မှာ လက်သည်းခြေသည်း ညှပ်တာကို မွတ်စ်သဟဗ်လို့ သတ်မှတ်ထားကြပါတယ်။ တချို့ပညာရှင်တွေက ကြာသပတေးနေ့နဲ့ သောကြာနေ့ မွန်းမလွဲမီလို့ ပိုတိုးပြီး ဖော်ပြကြပါတယ်။ ရိအာယဟ်ကျမ်းမှာတော့ ကြာသပတေးနေ့ လက်သည်းခြေသည်းညှပ်ခြင်းဟာ တမန်တော်မြတ် ﷺ လုပ်တော်မူပြီး သာဝကကြီးအလီ رضي الله عنه ကိုလည်း အဲဒီနေ့ လက်သည်းခြေသည်းညှပ်ဖို့ အမိန့်ပေးတော်မူခဲ့တဲ့အတွက် မွတ်စ်သဟဗ်လို့ ဆိုပါတယ်။
  • အဲဒီလိုပါပဲ မဂ်ရိဗ်အချိန် တံမြက်စည်းလှဲတာကလည်း တားမြစ်ချက်တစ်စုံတစ်ခု လာရှိမထားပါဘူး။ နိုင်ငံတော်တော်များများမှာ မြူနီစပယ်/မြို့တော်စည်ပင်တွေဟာ အဲဒီမဂ်ရိဗ်အချိန်ကစလို့ တစ်ညလုံး တံမြက်စည်းလှဲ အမှိုက်သိမ်း စသဖြင့် လုပ်နေကြတာကိုတွေ့ရပါလိမ့်မယ်။
  • တံခါးဝ ကန့်လန့်အိပ်ခြင်းကတော့ လူအသွားအလာ ခက်ခဲစေလို့ မအိပ်သင့်ပါဘူး။ အလွန်အရေးကြီးလှတဲ့ စွလာသ် တာဝန်ကြီးကိုတောင် လူသွားရာလမ်းကိုပိတ်ပြီး ဝတ်ပြုရင် မက္ကရူဟ်ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် တံခါးဝကိုပိတ်ပြီး မအိပ်သင့်ပါဘူး။ ဒါပေမယ့် တံခါးဝပိတ်အိပ်လို့ ဟိုလိုဖြစ်တယ်၊ ဒီလိုဖြစ်တယ်ဆိုတဲ့ မကောင်းနိမိတ်ကတော့ လုံးဝကောက်ယူခွင့် မရှိပါဘူး။ ကောက်ယူနေတာတွေကလည်း အခြေအမြစ် မရှိပါဘူး။
[/content][content]
 (မေးခွန်း-၂) 

မိမိဘာသာ သတ်​​သေတဲ့သူအတွက်​ ဂျနာဇာနမားဇ်​ ဖတ်​​ပေးခြင်း ရပါသလား ​ပြောပြ​ပေးပါ။ ဂျမာအသ်​နဲ့ ဖတ်​​ပေးလို့ရလား ​မေးတာပါ။

ကို​လေး (တာချီလိတ်​)



 (အဖြေ-၂) 
  • မနုဿလူသားဟာ ကျန်သတ္တဝါတွေအားလုံးမှာ အသိဉာဏ်အကြီးမားဆုံး သတ္တဝါပါ။ ဘယ်သတ္တဝါမှ လူသားလောက် အသိဉာဏ်ကြီးမားစွာရှိနေတဲ့သတ္တဝါ မရှိပါဘူး။ ဒါကြောင့် လူကို အမွန်မြတ်ဆုံးလူသားလို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ထူးခြားအံ့အားသင့်ဖွယ်ရာက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သတ္တဝါဆိုလို့ လူတစ်မျိုးကိုပဲ တွေ့ရပါလိမ့်မယ်။ ကျန်တဲ့ အသိဉာဏ်မရှိပါဘူးဆိုတဲ့ သတ္တဝါတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ တွေ့ရမှာ မဟုတ်ပါဘူး။
  • ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဆိုတာ အလွန်ကြီးလေးတဲ့ ပြစ်မှုကြီးပါ။ မွတ်စ်လင်မ်ကျမ်းမှာ တမန်တော်မြတ် ﷺ ရဲ့ထံတော်ပါး မိမိကိုယ်ကို မြှားကိုင်းနဲ့ သတ်သေတဲ့ လူတစ်ဦးကို ခေါ်ယူလာခဲ့တဲ့အခါမှာ ကိုယ်တော်မြတ် ﷺ ဟာ ၄င်းသူကို ဂျနာဇဟ် ဝတ်ပြုမပေးခဲ့ပါဘူး။
  • အိမာမ် နဝ၀ီက ဒီဟဒီးဆ်တော်ကို ရှင်းလင်းတင်ပြရင်း မိန့်ကြားပါတယ်။ ဒီဟဒီးဆ်တော်မှာ လူတစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေရင် သူ့ကို ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ ဂျနာဇဟ်စွလာသ် ဝတ်ပြုမပေးဖို့ အထောက်အထားပါရှိပါတယ်။ တကယ်တော့ ဒါဟာ အုမရ်ဗင်န် အဗ်ဒွလ်အဇီးဇ်နဲ့ အိမာမ် အောင်ဇာအီတို့ရဲ့ လမ်းစဉ်ပါ။
  • အိမာမ်ကြီးလေးပါးဖြစ်တဲ့ အိမာမ်အဗူဟနီဖဟ်၊ အိမာမ်ရှာဖိအီ၊ အိမာမ်မာလိက်နဲ့ အိမာမ်အဟ်မဒ် အပါအဝင် ဟစန်ဗစွရီတို့၊ အိမာမ်နခအီတို့ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သူကို ဂျနာဇဟ် ဝတ်ပြုခွင့်ရှိကြောင်း ပြဌာန်းကြပါတယ်။ အထက်ပါ ဟဒီးဆ်တော်မှာ ကိုယ်တော်မြတ် ﷺ က လူတွေကို သတိသံဝေဂတရားရဖို့နဲ့ နောက်နောင် ဒီလိုလုပ်ရပ်မျိုးကို မလုပ်ဖြစ်ရလေအောင် မိမိကိုယ်တိုင် ဂျနာဇဟ် စွလာသ်ဝတ်ပြု မပေးခဲ့ခြင်းဖြစ်ကြောင်းနဲ့ စွဟာဗဟ် သာဝကကြီးများက ၄င်းသူကို ဝတ်ပြုပေးခဲ့ကြကြောင်း ရှင်းလင်းဖော်ပြပေးကြပါတယ်။
  • ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသူအပေါ် ဂျနာဇဟ်စွလာသ်ဝတ်ပြုခွင့် ရှိပါတယ်။ ဒါပေမယ့် နောက်လူတွေကို ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ကြောက်ရွံ့စိတ်၊ ရွံရှာစိတ်ဖြစ်ပေါ်ရအောင် အထင်ကရ ပုဂ္ဂိုလ်ကြီးများ၊ အိမာမ်အကြီးအကဲများနဲ့ မြို့တော်ဝန်၊ တရားသူကြီးစတဲ့ ပုဂ္ဂိုလ်ကြီးများအနေနဲ့ ကိုယ်တိုင် ဂျနာဇဟ် ဝတ်ပြုမပေးဘဲ တခြားသူတွေက ဂျနာဇဟ်ဝတ်ပြုပေးလိုက်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသူဟာ အပြစ်ကြီးကို ကျူးလွန်လိုက်သူဖြစ်ပေမယ့် ကာဖိရ် မဟုတ်ပါဘူး။ ကာဖိရ်ဖြစ်မသွားပါဘူး။ ဒါကြောင့် ကဖန်၊ ဒဖန်လုပ် ရေချိုးခြင်း၊ မြှုပ်နှံခြင်း စတာတွေကို လုပ်ပေးရပါမယ်။ မွတ်စ်လင်မ် သင်္ချိုင်းမှာပဲ မြှုပ်နှံပေးရပါမယ်။
အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်တို့တစ်တွေကိုရော သားစဉ်မြေးဆက်ကိုပါ ဒီလိုအဖြစ်မျိုးမှ ထိန်းသိမ်းတော်မူပါ။ အာမီးန်။


[/content][content]
 (မေးခွန်း-၃) 

အိမ်​​ထောင်​တစ်ခုမှာ တစ်ဖက်​နဲ့တစ်ဖက်​ ဘယ်​လိုမှ အဆင်​​ပြေ​အောင်​​ ပြောလိုမရ​တော့လို ​​ယောက်​ကျားဖြစ်​တဲ့သူက မိန်းမက​လေးမိဘ​တွေ​တောင်းတဲ့ ငါသမီးကို သွလာက်​​ပေးဆိုလို့ ​ယောက်​ကျား​လေက မ​ပေးချင်းပေမယ့် ပြဿနာ​တွေ ခန​အေးသွားပါ​စေဆိုပြီး စာချုပ်​ရဲ့ လက်​မှက်​ထိုးရမယ်​​နေရာမှာ insharallah ဆိုပြီး ထိုး​ပေးလိုက်​တယ်။

အဲတာ သွလာက်​ အထ​မြောက်​လားလို့ ​မေးတာပါ။ ​ကျေးဇူးပြုပြီး​ဖြေ​ပေးပါ။

ယောက်ျားက လုံးဝ ​ပေးချင်​တဲ့ဆန္ဒ မရှိခဲ့ဘူး။ ဆရာတ​ယောက်​ရဲ့ အကြံပြုမူ​ကြောင့် လုပ်ဖြစ်ခဲ့ပါတယ်။

ဒီကိစ္စကို ကျနော်အသိဆုံးဖြစ်​ပါတယ်။ အလ္လာအရှင်​မြတ်​ သက်​​သေရှိပါတယ်။

မောင်​​ကျော်​ဦး (တာ​မွေမြို့နယ်​)



 (အဖြေ-၃) 

  • မေးခွန်းအရ ဆရာတစ်ယောက်ရဲ့ အကြံပေးမှုနဲ့ အကြင်လင်မယား ကွာရှင်းပြတ်စဲခြင်းစာချုပ်မှာ လက်မှတ်ရေးထိုးတဲ့အခါ “ အင်န်ရှာအလ္လာဟ် ” ဆိုတာကို ရေးပြီး လက်မှတ်ရေးထိုးခဲ့လိုက်တဲ့အပေါ် သွလာက် အထမမြောက်ပါဘူး။ တစ်နည်း သွလာက်မကျပါဘူး။

  • လူတစ်ယောက်ဟာ မိမိဇနီးသည်ကို “ အင်န်ရှာအလ္လာဟ်၊ နင့်ကို သွလာက် ” လို့ ပြောပြော၊ “ နင့်ကို သွလာက်၊ အင်န်ရှာအလ္လာဟ် ” လို့ ပြောပြော တစ်ဆက်တည်း “ အင်န်ရှာအလ္လာဟ် ” ပြောတဲ့အပေါ် သွလာက်မကျပါဘူး။ ဒီလိုပဲတစ်ခါတည်း “ အင်န်ရှာအလ္လာဟ် ” လို့ ထည့်ရေးတဲ့အပေါ် သွလာက်မကျပါဘူး။

  • ဟဒီးဆ်တော်မှာ အကြင်မည်သူမဆို သွလာက်ပေးရင်း (သို့မဟုတ်) ကျွန်ကိုသူကောင်းပြုရင်း တစ်ဆက်တည်း “ အင်န်ရှာအလ္လာဟ် ” လို့ ဆိုခဲ့ရင် သူ့ရဲ့ သွလာက် (သို့မဟုတ်) ကျွန်သူကောင်းလုပ်ခြင်းဟာ အထမမြောက်ပါဘူးလို့ လာရှိထားပါတယ်။

  • အလ္လာဟ်အရှင်မြတ် အရွံ့မုန်းဆုံးသော ဟလာလ်ဟာ သွလာက်လို့ ဟဒီးဆ်တော်မှာ လာရှိထားတဲ့အတွက် အတတ်နိုင်ဆုံး လင်ခန်းမယားခန်း ကွာရှင်းပြတ်စဲမှုတွေကို မဖြစ်ရအောင် နှစ်ဖက်မိဘတွေအနေနဲ့ ဆောင်ရွက်သင့်ပါတယ်။

  • ယနေ့အချိန်ကာလမှာ ဇေနာတွေ များလာနေပါတယ်။ ဒါကြောင့် နိကာဟ်တွေ ပေါများလာဖို့နဲ့ ဖြစ်ပြီးသားနိကာဟ်တွေကို ပြီးစလွယ် မဖြစ်ရလေအောင် လူကြီးမိဘတွေကိုယ်တိုင် ဆောင်ရွက်သင့်ကြောင်း ကျနော်တို့ အလင်းမျက်ဝန်းက အကြံပြုလိုက်ပါတယ်။

[/content][/3column]

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် သေဆုံးခဲ့သူရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာစဉ် ဓာတ်ပုံ - RFA Burmese)

ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့က ဒါးပိုင်ကယ်ဆယ်ရေး စခန်းကလာတဲ့ မွတ်စ်လင်မ် ၇ ဦးကို ခဲနဲ့ ဝိုင်းပစ်ပေါက်တာကြောင့် ၁ ဦး သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး ရွာကြီးမြောက်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး လူအများအပြားကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနောင် က ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့က စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေ ရွာကြီးမြောက်ရပ်ကွက် ရောင်နီဦးဆိပ်ကမ်းကို မော်တော်ဘုတ်ဝယ်ယူဖို့လာရောက်တဲ့ မွတ်စ်လင်မ်တွေဟာ အုပ်စုလိုက် ခဲနဲ့ဝိုင်းဝန်းပစ်ပေါက်တာကို ခံခဲ့ရတာကြောင့် ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွတ်စ်လင်မ်တွေကို ဒါးပိုင်ကယ်ဆယ်ရေးစခန်းကနေ စစ်တွေမြို့ပေါ်ကို ခေါ်ဆောင်လာတဲ့ ရဲအရာရှိနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးကို အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင်က ပြောထားပါတယ်။

Mnews-06/7/17
သတင်း » RFA Burmese


အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှာရှိတဲ့ ကမ္ဘာကျော် အလ်အဇ်ဟရ် တက္ကသိုလ်ကျောင်းတော်ကြီးမှာ ပညာသင်ကြားရေးအတွက် ပညာသင်ဆုတွေကို ခေါ်ယူထားပြီ ဖြစ်ပါတယ်။

ယခင်နှစ်တွေတုန်းကတော့ အဆိုပါတက္ကသိုလ်ကြီးမှာ တက်ရောက်ခွင့်ရရှိရေးအတွက် ဝင်ခွင့်လျှောက်လွှာတွေကို ရန်ကုန်မြို့ရှိ အီဂျစ်နိုင်ငံသံရုံးမှာ သွားရောက်တောင်းခံ လျှောက်ထားရတာဖြစ်ပေမယ့် ယခုနှစ်မှာတော့ မိမိကိုယ်တိုင် အွန်လိုင်းကနေလည်း လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ကျောင်းသား/ကျောင်းသူများနဲ့ အာလင်မ်/အာလေမဟ်များအနေနဲ့ ပညာသင်ဆုများကို လျှောက်ထားသင့်ပြီး တက်ရောက်ခွင့် ရရှိပါက အခကြေးငွေကုန်ကျမှုမရှိဘဲ ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခုမှာ အဆင့်မြင့်ပညာရပ်တွေကို ဆုံးခန်းတိုင် သင်ယူဆည်းပူးခွင့်ရရှိမှာဖြစ်လို့ ကြီးမားတဲ့အခွင့်အလမ်းတစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ယခင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ခြင်းမရှိသူများ၊ သာသနာ့ပညာ ပြီးဆုံးခြင်းမရှိသေးသူများအနေနဲ့လည်း ဝင်ရောက်လျှောက်ထားနိုင်ပြီး သတ်မှတ်အရည်အချင်း ပြည့်မီပါက အထက်ပါအတိုင်း သင်ကြားခွင့်ရရှိမှာ ဖြစ်ပါတယ်။

ယခုလို နိုင်ငံခြားသားကျောင်းသားများအား ပညာတော်သင်ဆုများ ပေးအပ်တဲ့အစီအစဉ်ကို ၁၉၆၅ ခုနှစ်ကတည်းက အီဂျစ်အစိုးရမှ အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး တက်ရောက်ခွင့်ရရှိသူများကို လေယာဉ်လတ်မှတ်၊ ပညာသင်ခွင့်ဗီဇာ၊ နေထိုင်ရေးအတွက်အဆောင်၊ စားသောက်ရေးနဲ့ သုံးစွဲဖို့ လစာငွေကို ကျောင်းတက်ကာလတလျှောက် ပေးအပ်မှာဖြစ်တဲ့အပြင် ကျောင်းလခကိုလည်း အခမဲ့ဖြင့် တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ အင်္ဂလိပ်ဘာသာစကား (သို့မဟုတ်) အရဗီဘာသာစကားကို အနည်းအကျဉ်း ပြောဆိုတတ်အောင် လေ့ကျင့်ထားဖို့လိုအပ်ပြီး တက်ရောက်ခွင့်ရရှိပါက ဘာသာစကားတွေကို (၂) နှစ်ခန့် ဦးစွာသင်ယူပြီးနောက်မှသာ ကောလိပ်အဆင့်ပညာရေးကို ဆက်လက် သင်ကြားရမှာ ဖြစ်ပါတယ်။

ဘာသာစကားသင်ယူပြီး နောက်ပိုင်းမှာတော့ သက်ဆိုင်ရာ သိပ္ပံ (B.Sc) နဲ့ ဝိဇ္ဇာ (B.A) ဘွဲ့တွေနဲ့ သာသနာဆိုင်ရာ သဖ်ဆီရ်၊ ဟဒီးဆ်နဲ့ ဓမ္မသတ် (မွတ်ဖ်သီ) ဘွဲ့များကို ရရှိစေမယ့် အဆင့်မြင့်ပညာရပ်တွေကို ဘာသာရပ်အလိုက် စိတ်ကြိုက် ရွေးချယ်ကာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

ယခုနှစ်အတွက် ခေါ်ယူနေတဲ့ လျှောက်လွှာတွေကိုတော့ လာမယ့် (၈) လပိုင်း (၁၅) ရက်နေ့ မတိုင်ခင် https://wafeden.gov.eg/ နဲ့ http://www.mohe-casm.edu.eg/ တွေမှာ ဝင်ရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။

ပိုမိုသိရှိလိုပါက အီဂျစ်နိုင်ငံသံရုံးဖုန်းနံပါတ် ၀၁-၂၂၂၈၈၆ နဲ့ ၂၂၂၈၈၇ များသို့ ဆက်သွယ်၍ဖြစ်စေ ဆရာအောင်ဆွေထွန်း ၀၉၄၃၀၉၇၅၃၈ ထံသို့ ဆက်သွယ်၍ဖြစ်စေ အကူအညီတောင်းခံနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးတင်ပြလိုက်ပါတယ်။

မွတ်စ်လင်မ်လူငယ်များ မြင့်မားသောပညာရေးဖြင့် အနာဂတ်ကို လှပစွာ ပုံဖော်နိုင်ကြပါစေ။ သာသနာ့အကျိုး၊ နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကို စွမ်းစွမ်းတမံဖြင့် ကိုယ်ကျိုးမဖက် ပုံဖော်နိုင်ကြပါစေ။ (အာမီန်း)

ဤအစီအစဉ်အတွက် အကူအညီပေးတဲ့ ဆရာအောင်ဆွေထွန်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။ သူနဲ့သူ့မိသားစုအပေါ် ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းနိုင်ပါစေ။ (အာမီန်း)

EDU-01/17 © အလင်းမျက်ဝန်း


မွတ်စ်လင်မ်အိမ်အများစုမှာ သာလင်မ် စာအုပ်ရှိတယ်။ အများစု ဖတ်ကြတယ်။ ဘာကြောင့်လို့ မိတ်ဆွေတို့ ထင်ပါလဲ?

အဖြေက ရှင်းပါတယ်။ သာလင်မ်စာအုပ် ဖတ်ဖို့ တိုက်တွန်းတဲ့သူရှိလို့၊ သာလင်မ်စာအုပ် ဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ပြောပြမယ့်သူ ရှိလို့ပါ။

ဒါဆို တခြားဘာသာရေးစာအုပ် ဖတ်သူဟာ ဘာလို့များ အလွန်နည်းနေရတာလဲ?

အဖြေက ရှင်းသွားပါပြီ။ ဖတ်ဖို့ တိုက်တွန်းသူ မရှိလို့ပါ။ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ပြောပြမယ့်သူ မရှိလို့ပါ။

စာဖတ် ပရိသတ် နည်းတော့ စာအုပ်ထုတ်သူ နည်းလာတယ်။ စာရေးသူ နည်းလာတယ်။ စာမဖတ်တော့ အမြင်မကျယ်ကြဘူးပေါ့။

“ မြစ်ရေကျဉ်းတော့ ရေစီးသန်တယ်။ အမြင်ကျဉ်းတော့ အငြင်းသန်တယ် ” ဆိုသလိုပေါ့။

အမြင်ကျဉ်းလာတော့ လူတွေဟာ ကိုယ်ကလွဲရင် တခြားသူ ဘာလုပ်လုပ် မကောင်းမြင်လာတယ်။ ကိုယ်တိုင်က ဘာမှမဟုတ်ပေမယ့် သူတစ်ပါးကိုတော့ ဘေးထိုင်ဘုပြောနေတဲ့သူက ပိုပိုပြီးများလာတယ်။

ဘယ်သူ့ကိုမှ သိက္ခာမချဘဲ အဖြစ်မှန်ကို ပြောပြရရင်တော့...
  • ဒီနေ့ခေတ် ရှေ့ဆောင်အေမာမ် (ဗလီဆရာ) အများစု ကိုယ်တိုင်စာမဖတ်ကြသလို ပရိသတ်ကိုလည်း စာဖတ်ဖို့ မတိုက်တွန်းကြဘူး။ သူတို့ကိုယ်တိုင် စာအုပ်တွေ လက်လှမ်းမမီဘူး။ အဲ့တော့ မေးမြန်းလာရင် ဝါးတားတားရယ်။ ဟက်/ဗာသွင်လ် (အမှား/အမှန်)၊ ဟလာလ်/ဟရာမ် ဆိုတာကို သူတို့ကိုယ်တိုင် မကွဲပြားသူက များလာတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ပါပဲ။
  • အများစုဟာ Facebook လို လူမှုကွန်ယက်ပေါ်မှာ စာတွေဖတ်သယောင် နာမည်မျိုးစုံနဲ့ တိုးကြိတ်နေကြတယ်။ တကယ်တော့ စာဖတ်တယ်လို့ လိမ်နေကြတာက များနေပါတယ်။ စာတကယ်ဖတ်တဲ့သူဆိုတာ အလွန်နည်းလှပါတယ်။ မယုံရင် ရှည်တဲ့ Post တွေကို ကြည့်လိုက်ပါ။ လူဘယ်လောက် ဖတ်တယ်ဆိုတာ သိရပါလိမ့်မယ်။
ဒါကြောင့် အခုချိန်ကစလို့ အများပြည်သူ စာဖတ်လာအောင် ဗလီဆရာတွေ၊ အာလင်မ်သာသနာ့ပညာရှင်တွေ၊ လူထုကြားမှာ နေရာရထားတဲ့ အကြီးအကဲတွေအနေနဲ့ ပထမအရာထားပြီး တိုက်တွန်းသင့်ပါတယ်လို့ အကြံပြုပါရစေ။

ဂျမာအသ်လုပ်ငန်းလုပ်နေသူတွေအနေနဲ့လည်း အထူးတလည်ကို စာများများဖတ်ဖို့လိုသလို အခြားသူကိုလည်း စာဖတ်ကြဖို့ များများတိုက်တွန်း ဒအ်ဝသ်ပေးသင့်ပါတယ်။ ဘာလို့ဆိုတော့ ဂျမာအသ်သား တာဝန်ခံမိတ်ဆွေတို့ဟာ လူအများကြီးကို ဟောပြောရတဲ့သူတွေဖြစ်နေလို့ပါ။ ဟောပြောချင်သူကိုယ်တိုင်ဟာ အမြင်ကျယ်၊ ပညာကျယ်ဖို့ အရမ်းအရေးကြီးလှပါတယ်။

စာဖတ်ခြင်း၊ လေ့လာခြင်း ရဲ့ အကျိုးစဝါဗ်တစ်ခုအကြောင်း ကျနော့ဆရာ ပြောပြတာလေး ပြောပြပါမယ်။ အေလင်မ် သင်ရင်း သေဆုံးခဲ့ရင် ရှဟီဒီမောက်သ်ရရှိတယ်ဆိုပြီး သာသနာက မိန့်ထားပါတယ်။

ဒါကြောင့် လူတစ်ယောက်ဟာ မိမိကိုယ် မိမိ သာသနာ့ပညာ သင်ယူနေခြင်းလို့ သတ်မှတ်လိုက်ပါ။ ခေါင်းအုံးအောက်မှာ စာအုပ်တစ်အုပ်လောက် အရံသင့်ထားရှိပြီး နေ့စဉ် အနည်းဆုံး တစ်မျက်နှာလောက်စီဖတ်သွားမယ်ဆိုရင် သူဟာ နေ့စဉ် အေလင်မ် သင်ယူလေ့လာနေတဲ့သူဖြစ်သွားတာကြောင့် အဲ့လိုနေထိုင်တဲ့ ကာလအတွင်း သူသေဆုံးခဲ့ရင် ان شاء الله ﺗﻌﺎﻟﯽٰ ရှဟီဒီရဲ့ မောသ်ကို ရရှိပါလိမ့်မယ်။

ဤမျှကြီးကျယ်တဲ့ အဆင့်ရဖို့ သင်ယူချင်တဲ့နိယသ်နဲ့ ဖတ်ချင်စိတ်လေးပဲ ကျနော်တို့မှာ လိုအပ်ပါတယ်။

ဒါကြောင့် အခုကစလို့ မိတ်ဆွေများအားလုံး စာဖတ်ကြပါ။ စာဖတ်ဖို့လည်း တိုက်တွန်းကြပါ။ မိမိကိုယ်တိုင်လည်း အချိန်ထုတ်ပြီး စာဖတ်ပါ။ မိမိတို့ရဲ့ သားသမီးတွေကိုလည်း စာဖတ်ဖို့အတွက် ကူညီလမ်းပြပေးကြပါ။ မိမိတပည့်တပန်း၊ လက်အောက်ငယ်သား၊ ပရိသတ်တွေကိုလည်း စာဖတ်ဖို့ ကူညီပေးကြပါ။

အမြင်ကျယ်ပြီး အဆင့်မြင့်မားတဲ့ မြန်မာမွတ်စ်လင်မ် အသိုင်းအဝန်းကြီးတစ်ခုကို တည်ဆောက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ဆရာကျော်နိုင်

MOL-003 © အလင်းမျက်ဝန်း | ဓာတ်ပုံ » အင်တာနက်
[info title="ရင်ဖွင့်လွှာ" icon="info-circle"]» ဤအစီအစဉ်ပါ အကြောင်းအရာများသည် ပြင်ပကလောင်ရှင်များ၏ ပေးပို့ချက်အား ဖော်ပြခြင်းဖြစ်ပြီး အလင်းမျက်ဝန်း၏ မူဝါဒအာဘော်မဟုတ်ပါ။
» ဤ “ရင်ဖွင့်လွှာ” အစီအစဉ်သို့ စာရေးသားပေးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
» စာရေးသားပေးပို့နိုင်ရန် အောက်ပါ Link တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။
http://www.alinmyetwyun.com/2017/06/MOL.html[/info]


တူရ်ကီနိုင်ငံမှာ ရစ်ခ်ျတာစကေး ၆.၇ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။

ယနေ့ (၂၁-၇-၂၀၁၇) သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၁း၃၁ အချိန်ခန့်မှာ တူရ်ကီနိုင်ငံရဲ့ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ မာမာအစ်မြို့ (Marmaris) ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

၎င်းငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးပြိုကျမှုတွေ အများအပြားဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိမှုတွေလဲ ဒါဇင်ပေါင်းများစွာ ရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

လတ်တလောမှာတော့ သေဆုံးမှုအခြေအနေ၊ ပျက်ဆီးမှုပမာဏနဲ့ သက်ရောက်မှုအတိုင်းအတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဖော်ပြထားတာကတော့ HABER TURK စာမျက်နှာက ထုတ်ပြန်ထားတဲ့ ငလျင်လှုပ်ခတ်နေစဉ် စတိုးဆိုင်တစ်ဆိုင်ရဲ့ CCTV မှတ်တမ်းကနေရိုက်ကူးမှုတစ်ခု ဖြစ်ပါတယ်။

Inews-11/7/17 © အလင်းမျက်ဝန်း
ကိုးကား » MUNA & HABER TURK

[3column][content]
 (မေးခွန်း-၁) 

ဒီတ​ဇောင်းခါးသီးက မစားရဘူးလို့ ​ပြော​နေကြပါတယ်​။ ဂျဟနမ်းက အပင်​လို့​ ပြော​နေကြလို့ပါ။ စား​ကောင်းလာဆိုတာ သိချင်​လို့ပါ။ ​ကျေးဇူးပြု၍​ ပြန်​​ဖြေ​ပေးပါဆရာ။

ချယ်ရီလေး (ပြင်ဦးလွင်)
 (အဖြေ-၁) 
  • တဇောင်းခါးသီးဟာ ဟင်းသီးဟင်းရွက်အဖြစ် စားသောက်တဲ့ အစားအစာလား? ဆေးဖက်ဝင် အပင်မျိုးလားဆိုတာ တိတိကျကျ မသိသေးပါဘူး။ လေ့လာနေဆဲပါ။
  • မေးမြန်းသူရဲ့ မေးခွန်းအရ လူတချို့က မစားရဘူးလို့ ပြောနေကြောင်းနဲ့ ဂျဟန္နမ်က အပင်ဖြစ်လို့ဆိုတဲ့အကြောင်းတွေ ပါရှိပါတယ်။
  • ဒီနေရာမှာ ပထမဦးဆုံး ပြောပြလိုတာကတော့ ဂျဟန္နမ်မှာ ပေါက်တဲ့အပင်ဟာ ဇက္ကူးမ်ဆိုတဲ့ အပင်ပါ။ မြန်မာလို ရှားစောင်းကြီးပင်လို့ ပြန်ဆိုကြပါတယ်။ အပြစ်ကျူးလွန်သူတွေရဲ့ အစားအစာဖြစ်ပါတယ်။ စွယ်စုံဆိုးဝါးတဲ့ အပင်တစ်မျိုးပါ။ ဒီအပင်ကို ဖန်ဆင်းရခြင်းကိုက လူဆိုးလူသွမ်းတွေကို စားခိုင်းပြီး အပြစ်ဒဏ်ခတ်ဖို့ပဲ ဖြစ်ပါတယ်။ ကုရ်အာန် (၄၄း၄၃)၊ (၄၄း၄၄)၊ (၄၄း၄၅)၊ (၄၄း၄၆) နဲ့ (၅၆း၅၁)၊ (၅၆း၅၂)၊ (၅၆း၅၃)၊ (၅၆း၅၄)၊ (၅၆း၅၅)၊ (၅၆း၅၆) တို့မှာ လေ့လာနိုင်ပါတယ်။ အဲဒီ ကုရ်အာန်ကျမ်းတော်လာ ဇက္ကူးမ်အပင်ဟာ တဇောင်းခါးသီး အပင်မဟုတ်ဘူးဆိုတာကတော့ အသေအချာပါ။ ဒါကြောင့် တဇောင်းခါးသီးဟာ ဂျဟန္နမ်အပါယ်ငရဲက အပင်မဟုတ်ပါ။
  • ဒုတိယအနေနဲ့ ပြောပြရရင် ဘယ်အစားအစာမဆို လူကို အန္တရာယ်ဖြစ်ပေါ်စေမယ်၊ ပုပ်သိုးနေမယ်၊ ညစ်ညမ်းနေမယ်စတဲ့ မသန့်ပြန့်ခြင်း။ လူကို အဆိပ်သင့် ဘေးဥပါဌ် ဖြစ်စေခြင်းမျိုးနဲ့ ကြုံကြိုက်စေမယ်ဆိုရင်တော့ ဒီအပင်မှ မဟုတ်ပါဘူး။ ဘယ်လို အစားအစာမျိုးမဆို စားသောက်ခွင့် မရှိပါဘူး။
  • မေးမြန်းသူရဲ့ ဗဟုသုတအရ ဒီတဇောင်းခါးသီးအပင်ကို ဘယ်လို အသုံးဝင်သလဲဆိုတာကို ချင့်ချိန်ပြီး သုံးစွဲစားသောက်သင့်ပါတယ်။ အလ္လာဟ်အရှင်မြတ် အသိတော်မူဆုံး ဖြစ်ပါတယ်။
[/content][content]
 (မေးခွန်း-၂) 

လာဘ်ပေးခြင်း၊ လာဘ်ယူခြင်းဟာ သာသနာ့ရှုထောင့်အရ ပြုပိုင်ပါသလား?

ဒေါက်တာ သန့်စိုးဦး

(တိမွေးကု-နေပြည်တော်)


 (အဖြေ-၂) 
  • အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့တစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေ။

  • မွန်မြတ်သန့်စင်လှတဲ့ အစ္စလာမ့် ရှရီအဟ် ပညတ်ချက်မှာ လာဘ်ပေး/လာဘ်ယူခြင်းကို အလွန်ကြီးလေးတဲ့ပြစ်မှုကြီးတစ်ခုလို့ သတ်မှတ်ထားပါတယ်။ ကုရ်အာန် (၅း၄၁) နဲ့ (၂း၁၈၈) တို့မှာ ဖော်ပြထားပါတယ်။

  • သာဝကကြီး အဗ်ဒွလ္လာဟ်ဗင်န်အုမရ် رضي الله عنه ရဲ့ ဆင့်ပြန်ချက်မှာ တမန်တော်မြတ် صلى الله عليه وسلم ဟာ လာဘ်ပေးသူနဲ့ လာဘ်ယူသူနှစ်ဦးစလုံးကို အလ္လာဟ်အရှင်မြတ်ရဲ့ ကရုဏာတော်ကနေ ကင်းဝေးပါစေသားလို့ မိန့်ခြွေတော်မူခဲ့ပါတယ်။ ဒီအကြောင်းကို သိရ်မိဇီကျမ်းမှာ ဖော်ပြထားပါတယ်။

  • သို့သော် မိမိရပိုင်ခွင့်တစ်ခုကို ပြန်လည်ရယူဖို့၊ မတရားမှုတစ်ခုကို တွန်းလှန်ဖို့၊ နစ်နာဆုံးရှုံးမှုကြီးကို ကယ်တင်ပေးဖို့ လာဘ်ပေးခဲ့ရတာဆိုရင်တော့ လာဘ်ပေးလိုက်ရသူမှာ အပြစ်မထိုက်ဘဲ လာဘ်ယူသူသာ အပြစ်ထိုက်မယ်လို့ ခြွင်းချက်အနေနဲ့ ဖော်ပြကြပါတယ်။

[/content][content]
 (မေးခွန်း-၃) 

သာသနာအတိုင်း နေကာဟ်တော့ ဖတ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ဘာသာအတိုင်း မင်္ဂလာဆွမ်းလဲ ကျွေးပါတယ်။ ပေါင်းသင်းကြတဲ့အခါမှာလည်း သူက သူဘာသာတရားနဲ့သူနေပြီး ကိုယ်ကလည်း ကိုယ့်ဘာသာတရားနဲ့ကိုယ် နေလို့ ရပါသလား။
တုန်တုန် (ရမည်းသင်း)
 (အဖြေ-၃) 
  • နိကာဟ် လက်ထပ်ထိမ်းမြားခြင်းဆိုတာ ဒီဘဝမှာ လူနှစ်ဦးရဲ့ကြား ခိုင်မာတဲ့ နှောင်ကြိုးကို ချည်နှောင်လိုက်ခြင်းပါ။ ရုပ်ခန္ဓာပေါင်းစည်းခြင်းမှ နာမ်ပိုင်း၊ ဝိဉာဉ်ပိုင်း ပေါင်းစည်းမှုဆီသို့တိုင် ပို့ဆောင်ပေးပါတယ်။ နိကာဟ်ရဲ့ ဗရကသ်နဲ့ အကြင်လင်မယားနှစ်ဦးကြား ချစ်ခင်မှု၊ ကြင်နာမှု၊ ယုယမှု၊ ညှာတာမှု၊ အေးအတူပူအမျှဖြစ်မှု စတဲ့ ချစ်စဖွယ်စာရိတ္တများ၊ ကောင်းမြတ်တဲ့ ကျင့်မူယာများ ဖြစ်ပေါ်လာပါတယ်။ တခြား ကိစ္စတစ်ခုခုနဲ့ မရနိုင်တဲ့ နီးစပ်မှုမျိုးဟာ နိကာဟ်ကြောင့် ရရှိနိုင်ပါတယ်။ လင်နဲ့မယား အပြန်ပြန် အလှန်လှန် ဝတ္တရားတွေ ပေးဆပ်ဖြစ်ကြတော့တယ်။
  • ဒါကြောင့်မို့ပဲ ကုရ်အာန်ကျမ်းတော်က ဒီဆက်နွယ်မှုကို အနုစိတ်သော၊ အမြင့်မားဆုံးသော ပုံဖော်မှုနဲ့ ပုံဖော်ပြထားပါတယ်။ အဲဒါကတော့ တည်ငြိမ်မှု၊ ခိုလှုံရာလို့ ကင်ပွန်းတပ် မိန့်ကြားထားခြင်းပါ။ ကုရ်အာန် (၃၀း၂၁) မှာ လေ့လာနိုင်ပါတယ်။
  • ဒါကြောင့် အလွန်မှ မွန်မြတ်ထူးကဲတဲ့ ကဏ္ဍကြီးတစ်ရပ်ကို အကောင်အထည် ဖော်ဖို့ဆိုတာ ဘာသာအယူဝါဒ မတူသူ နှစ်ဦးကြား တော်တော်မှကို ခဲယဉ်းတဲ့ ကိစ္စတစ်ရပ်ပါ။ အချစ်တစ်ခုတည်းနဲ့လည်း ဘဝကို ပုံဖော်လို့ မရနိုင်ပါ။
  • အစ္စလာမ့်ဓမ္မအတိုင်း ဖြေကြားရရင်…..
    • မွတ်စ်လင်မ် အမျိုးသမီးတစ်ဦးဟာ တခြားဘယ်သာသနာဝင်ဖြစ်ဖြစ် မွတ်စ်လင်မ်မဟုတ်သူ တစ်ဦးနဲ့ လက်ထပ်ထိမ်းမြားခွင့် လုံးဝ မရှိပါဘူး။ ကုရ်အာန် (၇း၂၂၁) အရပါ။ နောက်ပြီး ဘာသာခြားတစ်ဦးရဲ့ လွမ်းမိုးမှုဟာ မွတ်စ်လင်မ်မိန်းကလေးအပေါ် လုံးဝ မဖြစ်သင့်ရုံမက (ကုရ်အာန် ၄း၁၄၁) တစ်ခါတရံ သာသနာကို စွန့်ခွာသွားရတဲ့ အဖြစ်မျိုး၊ ပေါ့ပေါ့ပျက်ပျက် မှတ်ယူကျင့်သုံးရတဲ့ အဖြစ်မျိုးနဲ့ ကြုံကြိုက်ရပါတယ်။ ကုရ်အာန် (၂း၂၂၁)
    • ဒါကြောင့် နိကာဟ်လည်းဖတ်တယ်၊ ဆွမ်းလည်းကျွေးတယ်ဆိုတာမျိုးကို ဖြစ်မလာတော့ပါ။ အလ္လာဟ်အရှင် မလုပ်ပါစေနဲ့။ ဒီလို လက်ထပ်ခြင်းမျိုး ဖြစ်လာခဲ့ရင်လည်း အဲဒီလိုလက်ထပ်ခြင်းကို အစ္စလာမ်က အတည်ပြုလက်ခံခြင်း မရှိပါ။ ဒီလိုအဖြစ်မျိုးမှ အလ္လာဟ်အရှင် ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေ။
[/content][/3column]

[2column][content]
 (မေးခွန်း-၁) 

အတ်စ္စလားမုအလိုင်းကွန်းမ်။ အလင်းမျက်​ဝန်းရဲ့အား​ပေးသူတ​ယောက်​ပါ။
  1. စဲရီစားချိန်​ စဲရီထစားလိုက်​ပါတယ်။ စားပီး​တော့ ဖဂျရ်​သွားပါတယ်​။ ဖဂျရ်​ကပြန်​လာပီးတဲ့ထိ စဲရီနီယသ်​ဒိုအာ မဖတ်​ရ​သေးပါဘူး။ အိပ်​ယာထဲ ဟို​တွေးဒီ​တွေးနဲ့ မဇီ ထွက်​သွားပါတယ်​။ ပီး​တော့မှ စဲရီနီယသ်​ချီမိပါတယ်​။ ဒါဆို ရိုဇာ ပိုင်​မလား မပိုင်​ဘူးလား သိချင်​ပါတယ်​။ အကယ်​၍ အဲ့လိုမျိုး​ကြောင့်​ ပျက်​တဲ့ရိုဇာကို ဘယ်လို အစားပြန်​ဖြည့်​ရမလဲ သိချင်​ပါတယ်​။
  2. ဦးထုပ်​မပါဘဲ နမားဇ်​ဖတ်​ရင်​ ဘယ်လို ပဉာတ်​ချက်​​တွေ ရှိပါသလဲ သိချင်​ပါတယ်​။
ကိုအာကာ (ရန်ကုန်)

 (အဖြေ-၁) 

ဦးစွာ စလာမ်ပြန်လိုက်ပါတယ်။ အလင်းမျက်ဝန်းကို အားပေးတောသိရလို့ ကျေးဇူးတင် ဂုဏ်ယူပါတယ်။

ဦးစွာပထမ နိယသ်အကြောင်း ပြောပြပါရစေ။ နိယသ်ဆိုတာ ဒုအာ မဟုတ်ပါ။ ရည်စူးချက်၊ ရည်ရွယ်ချက်ကို ခေါ်တာ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုခုလုပ်ဖို့ စိတ်နှလုံးကနေ ရည်ရွယ်တာကို နိယသ်လို့ ခေါ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ ရမသွာန်လ ဝါပိတ်ချိန်၊ ဝါဖြေချိန် အချိန်ဇယားတွေမှာ နိယသ်ချည်ဖို့အတွက် အရဗီစာသားနဲ့ အသံထွက်ကို ထည့်ရေးထားကြပါတယ်။ အဲဒါကို လူတော်တော်များများက လွယ်လွယ်ကူကူ ဖတ်ရွတ်လိုက်ကြပါတယ်။ ဒါဟာ အလွန်မှကို လိုအပ်ပြီး မပြည့်စုံတဲ့ကိစ္စလို့ပြောရင် မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဘာလုပ်မယ်ဆိုတဲ့ အလုပ်ကို ရည်ရွယ်တဲ့အခါမှာ ကိုယ်ကိုယ်တိုင် နားမလည်တဲ့ ဘာသာစကားနဲ့ ပြောဆိုနေလို့ပါပဲ။ ဒါကြောင့် နောက်နောင် နိယသ်ချည်တဲ့အခါ အဲဒီအရဗီစာသားရဲ့ အဓိပ္ပာယ်ကို သိအောင်ကြိုးစားထားရပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်နားလည်တဲ့ မြန်မာစကားနဲ့ပဲ စိတ်နှလုံးထဲကနေ “ ကျွန်တော်မျိုး ဒီကနေ့ ရမသွာန်လရဲ့ စွောင်မ်ဥပုသ်တစ်ရက်ကို စောင့်ထိန်းပါမယ် ” လို့ ချည်လိုက်သင့်ပါတယ်။

မေးထားတဲ့မဆ်အလဟ်ဆီကို သွားကြရအောင်။

  1. ရိုဇာထားနေစဉ်မှာရော ရိုဇာမရှိနေချိန်မှာရော ဟိုတွေးဒီတွေး တွေးတာဟာ လုံးဝ မပြုပိုင်ကြောင်းကို (အတွဲ-၁၁၊ အဖြေ-၃ မှာ) ဖြေကြားခဲ့ဖူးပါတယ်။
  2. ဦးထုပ်မပါဘဲ စွလာသ်ဆောက်တည်တာဟာ ကုရ်အာန် (၇း၃၁) အရ မသင့်တော်ဘူးလို့ အာရှတိုက်ပညာရှင်တွေက ဆိုပါတယ်။
    • ဦးထုပ်နဲ့ စွလာသ်ဆောက်တည်ခြင်းကို စွန္နသ်အဖြစ် မှတ်ယူထားတဲ့ ပညာရှင်ကြီးတွေကတော့ ဦးထုပ်မပါဘဲဝတ်ပြုတာကို မက္ကရူးဟ်လို့ ဆိုကြပါတယ်။
    • ပညာရှင်အများစုကတော့ မွတ်စ်သဟဗ်လို့ သတ်မှတ်ထားတဲ့အတွက် မပါရင်လည်း စွလာသ်ကို မထိခိုက်ဘူး၊ မက္ကရူးဟ် မဖြစ်ပါဘူးလို့ မိန့်ကြားထားပါတယ်။



 (မေးခွန်း-၂) 

Assalamualikum

အလင်းမျက်ဝန်းကိုမေးချင်ပါတယ်။ စာကိုမပယ်ပါနဲ့နော်။

ကျွန်တော်က နိုင်ငံခြားမှာ အလုပ်လုပ်နေသူပါ။ တချို့ muslim တွေဟာ ဝက်သားကိုင်တွယ်ပြီး လုပ်စားနေကြပါတယ်။ မစားပေမယ့် ကိုင်ပါတယ်။ အဲဒါပိုင်ပါသလား သိချင်လို့ပါ။

Osman (ချီကာဂို-အမေရိကန်)

 (အဖြေ-၂) 

ဦးစွာ စလာမ်ပြန်ကြားလိုက်ပါတယ်။ အလင်းမျက်ဝန်းရဲ့ ပရိသတ်ကြီး မေးမြန်းလာတဲ့ စာတွေကို အတတ်နိုင်ဆုံး မပယ်ဘဲ ဖြေကြားပေးနေပါတယ်။

  • မိမိအလုပ်ပိုင်ရှင်ရဲ့ ဝက်သားကို ကိုင်တွယ်ခြင်း၊ ထုပ်ပိုးပေးခြင်း၊ ချိန်တွယ်ပေးခြင်း၊ ရောင်းချပေးခြင်း မပိုင်ပါ။ ဘာကြောင့်လဲဆိုတော့ အလ္လာဟ်အရှင်မြတ်က ဟရာမ်အဖြစ် သတ်မှတ်ထားတဲ့ အရာတစ်ခုခုရဲ့ အခကြေးငွေဟာလည်း ဟရာမ်ဖြစ်လို့ပါပဲ။
  • မပြုပိုင်တဲ့ ကိစ္စရပ်တိုင်းကို အားမပေးဖို့ ကုရ်အာန်ကျမ်းတော်မြတ် ( စူရဟ်-၅း အာယသ်-၂ ) မှာ ولا تعاونوا على الإثم والعدوان လို့ မိန့်ကြားထားပါတယ်။
  • မွတ်စ်လင်မ်ဟာ ဒီလိုမျိုး လုပ်ငန်းကနေ အလွန်ဝေးဝေး ရှောင်ကြဉ်သင့်ပါတယ်။

[/content][content]
 (မေးခွန်း-၃) 

အတ်စလာမ်မို့အလိုင်းကွမ်း
ကွမ်းယာရောင်းခြင်း၊ ကွမ်းယာစားခြင်းနဲ့ပက်သက်လို့ အမိန့်ပဉာက်ချက် ဘယ်လိုရှိသလဲဆိုတာလေး ရှင်းပြပေးပါခင်ဗျာ။
နေဇော်ထက် (ကန့်ဘလူ)
ဝေယံစိုး (ကန့်ဘလူ)
 (အဖြေ-၃) 

ဦးစွာ စလာမ်ပြန်ကြားလိုက်ပါတယ်။
  • ကွမ်းရွက်ကို စားတာ၊ ဆေးဖော်တာ စတဲ့ ကိစ္စပေါင်းမြောက်မြားစွာမှာ အသုံးပြုနေကြပါတယ်။ ဒီကနေ့ထိ အရဗ်ကမ္ဘာက ပညာရှင်တွေရော အရဗ်မဟုတ်တဲ့ တခြားကမ္ဘာက ပညာရှင်တွေပါ ကွမ်းရွက်ကို ဟရာမ်လို့ မပြောထားပါဘူး။ တကယ်လည်းပဲ ကွမ်းရွက်ဟာ ဟရာမ် မဟုတ်ပါဘူး။ အရဗ်ဒေသက ကမ္ဘာလှည့် သမိုင်းပညာရှင်ကြီး အိဗ်နုဗသူသွာကလည်း သူအိန္ဒိယတိုင်းပြည်ရောက်တဲ့အခါ အိန္ဒိယသားတို့ရဲ့ ကွမ်းဓလေ့ကို ဖော်ကျူးရေးသားထားပါတယ်။ မြန်မာ့ရိုးရာလို့လည်း မြန်မာပြည်သူတွေက ဆိုကြပြန်ပါတယ်။
  • ဒါပေမဲ့ ကွမ်းယာရောင်းတာ၊ ကွမ်းယာစားတာ စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ အမိန့်ပဉာတ်ချက်ကို မေးမြန်းလာတဲ့အပေါ် အများ သုံးသပ်တတ်အောင် ကွမ်းယာနဲ့ပတ်သက်တဲ့တချို့အသိပညာ ဗဟုသုတလေးတွေကို ပြန်လည်မျှဝေလိုက်ပါ့မယ်။ ကိုယ်တိုင်ဆုံးဖြတ်လို့ရအောင်ပါ။ မောင်ခြိမ့်ရေးသားတဲ့ ကျန်းမာရေးဆောင်းပါးကိုလည်း မှီငြမ်း ဖော်ပြပေးခြင်း ဖြစ်ပါတယ်။
ကျနော်ကွမ်းစားတဲ့အချိန်မှာ အိန္ဒိယကလာတဲ့ ဆစ်ဂနယ်လို့ခေါ်တဲ့ 350 ဆေး၊ ဟန်ဒရက်လို့ခေါ်တဲ့ 100 ဆေး၊ နိုင်တီတူးလို့ခေါ်တဲ့ 92 ဆေး စသည်တို့နဲ့ ရောနှောစားခဲ့တာ မဟုတ်ဘဲ ဗမာဆေးရွက်ကြီးနဲ့ စားခဲ့တာပါ။ ကွမ်းယာဆိုတာ ကွမ်းရွက်၊ ကွမ်းသီးနဲ့ ထုံး (၃) မျိုး ပေါင်းပြီး စားရင်တောင်မှ လူကိုတက်ကြွလန်းဆန်းစေတဲ့ဓာတ်သဘောမျိုး ဖြစ်စေပါတယ်။ Research လုပ်သူများရဲ့ အဆိုအရ ကွမ်းသီးမှာက ဆေးလိပ်လို စွဲလမ်းစေတဲ့ဓာတ်တစ်ခု ပါဝင်ပါတယ်။ အဲဒီဓာတ်သဘောတရားက ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ပန်ကရိယတို့ကို နှိုးဆွ အလုပ်လုပ်စေတတ်ပါတယ်။ ဒါ့အပြင် ကွမ်းသီးနဲ့ထုံးတို့ ဓာတ်ပြုပြီးထွက်လာတဲ့ oxidant ဟာ ပါးစပ်ကင်ဆာ ဖြစ်စေပါတယ်။ ဒါ့အပြင် အဲဒီကွမ်းယာထဲမှာပါတဲ့ ထုံးဟာ မလိုလားအပ်ဘဲ ဆဲလ်တွေကို ပွားများစေလို့ ကင်ဆာဖြစ်နိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။

အခုပြောပြခဲ့သလို ကွမ်းသီး၊ ကွမ်းရွက် နဲ့ ထုံး (၃) မျိုးတည်းသာ စားသုံးတဲ့လူမှာ ပါးစပ်ကင်ဆာ ဖြစ်နိုင်ချေ များနေချိန်မှာ ဒီထက်ပိုပြီး ဗမာဆေး၊ ဆစ်ဂနယ်၊ 92၊ 100 စတဲ့ ဆေးမျိုးစုံတွေထည့်ပြီး စားသုံးလိုက်တယ်ဆိုရင်တော့ ပိုပြီးတော့ ပါးစပ်ကင်ဆာ ဖြစ်ပေါ်လာဖို့ ပိုများလာတာပါပဲ။

ဒီထက်ပိုပြီး ဖြစ်တာကတော့ ကွမ်းယာထဲမှာ ထည့်သွင်းပြီးစားတဲ့ ဆေးတွေဟာ ဆေးလိပ် (စီးကရက်) ထဲမှာ ထည့်တဲ့ဆေးတွေကို အနံ့၊ အရသာတွေပြောင်းပြီး ထည့်သွင်းထားတာပါ။ ကွမ်းယာတစ်ယာမှာ အဲဒီဆေးတွေကို စီးကရက် တစ်လိပ် (သို့မဟုတ်) တစ်ဝက်ခန့် ထည့်သွင်းပြီး စားသုံးတယ်ဆိုရင်ပဲ တစ်နေ့ကို ကွမ်းယာပေါင်း (၂၀) ယာကနေ (၃၀) ယာအထိ စားသောက်သူဆိုတာ တစ်နေ့ကို စီးကရက်တစ်ဗူး (သို့မဟုတ်) တစ်ဗူးခွဲ သောက်သုံးနေသူလို့ ဆိုလို့ရပါတယ်။

ဆေးလိပ်ရဲ့ ဆိုကျိုးလိုပဲ ကွမ်းယာထဲဆေးထည့်စားတဲ့သူအတွက် ဆိုးကျိုးတွေကတော့...
(၁) ပုံမှန်လူတွေထက် (၂၂) ဆ ပိုပြီး ကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။
(၂) အသက် (၃၀) မှ အသက် (၅၀) အတွင်း နှလုံးရောဂါနဲ့ အသက်ဆုံးရှုံးဖို့ ပိုများပါတယ်။
(၃) ဒါ့အပြင် လေဖြတ်၊ သွေးတိုး စတဲ့ရောဂါတွေဖြစ်ဖို့ သာမန်လူထက် နှစ်ဆခန့် ပိုများပါတယ်။
(၄) အသက်ရှုလမ်းကြောင်းနဲ့ လည်ချောင်းကင်ဆာဖြစ်ပွားနိုင်ပါတယ်။

မသိသာတဲ့ ဆိုးကျိုးတွေကတော့...
(၁) ကွမ်းစားတဲ့သူများက ပါးစပ်မှာ အရောင်တွေ စွဲကျန်ရစ်ပြီး သွားများကိုလည်း ညစ်ထေးစေပါတယ်။
(၂) သွားဖုံးများကိုလည်း အလျင်အမြန် ပျက်စီးစေပြီး အသက်အရွယ်မရောက်ခင်မှာ သွားများကျိုးစေပါတယ်။
(၃) ကွမ်းစားသူများဟာ ချွေးထွက်များပြီး ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်ပေါ်စေတယ်။
(၄) ကွမ်းထဲမှာ ပါဝင်တဲ့ထုံးဓာတ်က ကိုယ်ခန္ဓာထဲရောက်သွားပြီး ကျောက်ကပ်ကို ပျက်စီးစေပါတယ်။

လွန်ခဲ့တဲ့တစ်ရက်ကပဲ အွန်လိုင်းကြော်ငြာသတင်းတစ်ခုမှာ တွေ့လိုက်တာက ကွမ်းယာကို တစ်နေ့ (၁၅၀၀) ကျပ်ဖိုး (ကွမ်းယာဈေးက ဒေသအလိုက်ကွဲပြားတာမို့ အယာဘယ်လောက်မှန်းတော့ ကျွန်တော်မသိပါ) ခန့် နေ့စဉ်စားသုံးလို့ ပါးစပ်ကင်ဆာဖြစ်တယ်ဆိုတာ ကြည့်လိုက်ရပါတယ်။

မျက်စိထဲမြင်အောင် ပြောရရင် ပါးတစ်ခြမ်းကချိုင့်ဝင်နေတာဟာ အရိုးခေါင်းကိုလူရေခွံအုပ်ထားရုံလောက်ကို ချိုင့်ခွက်နေပါတယ်။ မျက်လုံးတစ်လုံးက အကြောလိုက်ပြီး ပိတ်နေပါတယ်။ တော်တော်လေးကို ဆိုးဝါးစွာ ဖြစ်နေတဲ့ မြန်မာလူမျိုးတစ်ယောက်ကို တွေ့လိုက်ရတာပါပဲ။

တစ်ခါတလေမှာ တန်ဆေးလွန်ဘေးဆိုတာ ရှိပါတယ်။ တစ်နေ့ ကွမ်း (၁၅၀၀) ကျပ်ဖိုး ကုန်အောင်စားသုံးနေတဲ့သူက သူရဲ့ပါးစပ်ထဲမှာ အဆက်မပြတ် ထည့်ထားပုံရပါတယ်။ ထိုကဲ့သို့ စွဲလမ်းမှုမျိုး ဖြစ်လာရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆေးပြတ်အောင် ကုသသင့်ပါတယ်။

အထက်ပါ တင်ပြချက်ကို ကြည့်ပြီး သုံးသပ်ပါလို့ ကျနော်တို့ အလင်းမျက်ဝန်းက ဖြေကြားပါရစေ။ ကွမ်းနဲ့ပတ်သက်ပြီး ဖြေကြားထားတဲ့ အိန္ဒိယနိုင်ငံက ဖသ်ဝါတစ်ခုကို ဖတ်ရပါတယ်။ ان شاء الله ﺗﻌﺎﻟﯽٰ ပြန်လည်ရှာဖွေပြီး ဖော်ပြပေးသွားပါ့မယ်။
[/content][/2column]

အငူမော်ဆိပ်ကမ်းတွင် တွေ့ရသည့် မောင်တောဒေသမှ ဟာဂျီလောင်းများ ( ဓာတ်ပုံ © Narinjara News )

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှ ဟဂ်ျဝတ်ပြုမည့် ဟာဂျီလောင်း (၂၃) ဦးအဖွဲ့ဟာ မနေ့က (၁၇-၇-၂၀၁၇) တနင်္လာနေ့မှာ လုံခြုံရေးအစောင့်နဲ့တကွ စတင်ထွက်ခွါသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

၎င်းဟာဂျီလောင်းများဟာ မောင်တောမြို့ပေါ်မှ ကားများဖြင့် ထွက်ခွါခဲ့ကြပြီး အငူမော်ဆိပ်ကမ်းမှတစ်ဆင့် စစ်တွေမြို့ကို သွားရောက်ကြမှာ ဖြစ်ပါတယ်။

အဲ့ဒီကမှတစ်ဆင့် ဌာနဆိုင်ရာအချက်အလက် အထောက်အထားတွေရယူပြီးတဲ့အခါမှာတော့ ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွါသွားကြမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေကို ကိုးကားပြီးတော့ နိရဉ္စရာသတင်းဌာနက ဖော်ပြထားပါတယ်။

ဟဂ်ျသွားရောက်ဝတ်ပြုကြမယ့် ဟာဂျီလောင်းများဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာဟ်မြို့တော်နဲ့ မဒီနာမြို့တော်များကို မိမိတို့စရိတ်နဲ့ သွားရောက်ကြရတာဖြစ်ပြီး မြန်မာငွေ သိန်း (၃၀) ဝန်းကျင်ခန့် အနိမ့်ဆုံး ကျသင့်မှာ ဖြစ်ပါတယ်။

Mnews-05/7/17 © အလင်းမျက်ဝန်း | ကိုးကား » နိရဉ္စရာ


ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး ဟာ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ မွတ်စ်လင်မ် လူနည်းစုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ်ဖို့အတွက် မနေ့က ဇူလိုင် (၁၇) ရက်နေ့မှာ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

တစ်နှစ်သက်တမ်းသာ ရှိသေးတဲ့ သူ့ရဲ့ အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်လာတဲ့ တောင်ပိုင်းမာရာဝီမြို့အား သိမ်းပိုက်ခံထားရခြင်းကို ဖြေရှင်းဖို့အတွက် ထွက်ပေါက်တစ်ခုအဖြစ် ယခုအစီအစဉ်ကို ဆောင်ရွက်တာဖြစ်နိုင်တယ်လို့ ကမ္ဘာ့မီဒီယာတွေက ထင်ကြေးပေးကြပါတယ်။

မနေ့က တနင်္လာနေ့မှာ ဖိလစ်ပိုင်နိုင်ငံရဲ့အကြီးမားဆုံးသော တော်လှန်ရေးအင်အားစုဖြစ်တဲ့ မိုရိုလွတ်မြောက်ရေးတပ်ဦး (MILF) နဲ့ အစိုးရအရာရှိတွေ ပူးပေါင်းရေးသားပြီး တင်သွင်းလာတဲ့ မိုရိုကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေရဲ့ အခြေခံဥပဒေ (Bangsamoro Basic Law) ကို သမ္မတ ဒူတာတေးကိုယ်တိုင် ကွန်ဂရက်ကို ဦးဆောင်ပြီး တင်သွင်းသွားမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မိုရိုကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ အခြေခံဥပဒေကို ပေးအပ်/လက်ခံ
“ သန်းချီတဲ့ ဖိလစ်ပိုင်လူမျိုးပေါင်းစုံရဲ့ အသက်တွေ စတေးခဲ့ရတဲ့ ရာစုနှစ်ချီကြာနေပြီဖြစ်တဲ့ သံသယတွေ၊ အမုန်းတွေနဲ့ တရားမျှတမှုဆိတ်သုန်းနေတာတွေကို အဆုံးသတ်လိုတဲ့ ကျနော်တို့အားလုံးရဲ့ ဆန္ဒကြောင့်သာ ဒီနေ့အခါသမယလို အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ကို အစပြုနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ” လို့ သမ္မတ ဒူတာတေးက ၎င်းရဲ့မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကက်သလစ်ဘာသာဝင်တွေ ကြီးစိုးတဲ့နိုင်ငံအတွင်းမှာ လူနည်းစုအဖြစ် ရပ်တည်လာကြတဲ့ ဌာနေ မွတ်စ်လင်မ်တွေဟာ နှစ်ပေါင်းများစွာတိုင်အောင် ဆင်းရဲကြပ်တည်းစွာနေခဲ့လာခဲ့ရတာကြောင့် ယခုလို မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကြမ္မာမိမိဖန်တီးခွင့်ရရှိစေခြင်းဟာ အစွန်းရောက်ဝါဒကို ဟန့်တားရပ်တန့်စေတယ်လို့ နှစ်ဖက်စလုံးက နားလည်လက်ခံထားကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုဒေသအတွင်း ၁၉၇၀ ခုနှစ်ဝန်းကျင်ကတည်းက မွတ်စ်လင်မ်တွေဟာ ဆယ်စုနှစ်ချီအောင် လက်နက်ကိုင် တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲနေခဲ့ကြရတာဖြစ်ပြီး ယခုအချိန်ထိ လူပေါင်း (၁) သိန်းကျော်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ယခုလို မွတ်စ်လင်မ်တွေဘက်က အစဉ်တစိုက် တောင်းဆိုလာခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သမ္မတအနေနဲ့ ပေးအပ်ဖို့ ကတိကဝတ်ပြုခဲ့ခြင်းဟာ ဖိလစ်ပိုင် မွတ်စ်လင်မ်တွေကို အကြမ်းဖက်မှု တန်ပြန်ဆန့်ကျင်ရေးအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာစေလိမ့်မယ်လို့ သမ္မတ ဒူတာတေး က မျှော်လင့်ထားပါတယ်။

လက်ရှိမှာတော့ နိုင်ငံတောင်ပိုင်း မာရာဝီ မြို့ရဲ့ အစိတ်အပိုင်းအတော်များများဟာ အစိုးရထိန်းချုပ်မှုအောက်မှာ မရှိတော့ဘဲ သိမ်းပိုက်ခံထားရတာ နှစ်လခန့်ရှိလာပြီ ဖြစ်ပါတယ်။

Inews-09/7/17 © အလင်းမျက်ဝန်း | ကိုးကား » AFP



မွတ်စ်လင်မ်ကမ္ဘာရဲ့ လေးစားဂုဏ်ပြုခြင်းခံရတဲ့ တူရ်ကီသမ္မတကြီး ရဂျဗ် သွိုင်ယိဗ် အာဒိုဂန်ဟာ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်ရာမှာ ဖတ်နည်း၊ ဖတ်ဟန် မှန်ကန်ပီသစွာ ဖတ်ရွတ်နိုင်တယ်ဆိုတာကို ယခုဗွီဒီယိုကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

သမ္မတကြီးဟာ အုပ်ချုပ်ရေးမှာသာမကဘဲ ဘာသာရေးရာမှာလည်း ကျွမ်းကျင်သူဖြစ်တယ်ဆိုတာကို သူ့ရဲ့ သာယာတဲ့အသံနဲ့ ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်နေမှုကို နားဆင်ရုံနဲ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံရေးလောကမှာရှိနေတဲ့ မွတ်စ်လင်မ်ခေါင်းဆောင်တွေထဲမှာ ထူးခြားစွာပဲ ယခုလို ပုဂ္ဂိုလ်မွန်တစ်ဦးကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

GKM-001/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/7uc5IHKUBRA
[/error]


အမေရိကန်နိုင်ငံမှာ ဒီကနေ့ (၁၆-၇-၂၀၁၇) တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညနေ (၅) နာရီခွဲမှာ စတင်ဖွင့်လှစ်မယ့် နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အာဖဂန်ကျောင်းသူအသင်းဟာ အမေရိကန်နိုင်ငံကို ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။

၎င်းတို့အဖွဲ့ကို မူလက ပြည်ဝင်ခွင့်ဗီဇာ ပယ်ချခံခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ခွင့်ပြုပေးဖို့ တိုက်တွန်းခဲ့တာလို့ AP သတင်းက ဆိုပါတယ်။

နက်ဖန် တနင်္လာနေ့မှာတော့ ပြိုင်ပွဲဝင်အသင်းများက အလှည့်ကျ ယှဉ်ပြိုင်ကြပြီး အင်္ဂါနေ့ညနေပိုင်းမှာတော့ ပွဲစဉ်တွေ အဆုံးသတ်ပြီး ဆုပေးပွဲအခမ်းအနားနဲ့ ပိတ်ပွဲတွေကို ကျင်းပမယ်လို့ သိရပါတယ်။

First Global အဖွဲ့အစည်းက ကြီးမှူးကျင်းပတဲ့ ၎င်းစက်ရုပ်ပြိုင်ပွဲမှာ နိုင်ငံတကာအသင်းပေါင်း ၁၆၀ ကျော်လောက် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မြန်မာပြည်မှ အသင်းတစ်သင်းဟာလည်း USAID ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဗွီအိုအေမြန်မာပိုင်းသတင်းအရ သိရပါတယ်။

Inews-08/7/17 © အလင်းမျက်ဝန်း | ကိုးကား » VOA Burmese & AP

ကရှ်မီးယားဒေသခံတစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့များ ဖမ်းဆီးနေပုံ ( ဓာတ်ပုံ » အင်တာနက် )

အိန္ဒိယနိုင်ငံဟာ နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အကြိမ်ပေါင်း ၅၄၂ ကြိမ်အထိ ချိုးဖောက်ခဲ့တဲ့အပြင် ကက်ရှ်မီးယား ဒေသအနီးတဝိုက်မှာလည်း ပြဿနာ အကြိမ်ကြိမ် ပြုလုပ်နေတယ်လို့ ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟမ္မဒ်ဇက္ကရီယာ က ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံအနေဖြင့် မိမိတို့ ပါကစ္စတန်နိုင်ငံအတွင်းရှိ လူနေထူထပ်သည့် ကျေးရွာများကို ကျူးကျော်ရန်စတိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်ရွက်ခဲ့တဲ့အပြင် ရည်ရွယ်ချက်ရှိရှိနဲ့ ပြဿနာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ၎င်းက ဆိုပါတယ်။

ဒီလို နှစ်နိုင်ငံ တင်းမာမှုအခြေအနေကို အိန္ဒိယနိုင်ငံဘက်က ပိုမိုကြီးထွားလာအောင် ပြုလုပ်ခဲ့တာဟာ ကက်ရှမီးယားဒေသအတွင်းမှာ သူတို့ရဲ့ ကြမ်းတမ်းစွာ ဆောင်ရွက်ခဲ့မှုတွေအတွက် ဖုံးကွယ်ဖို့ ကြိုးစားခြင်းသာဖြစ်တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် မိုဟမ္မဒ် ဇက္ကရီယာက ဇူလိုင်လ ၁၃ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

မိမိတို့ ပါကစ္စတန်နိုင်ငံဘက်ကတော့ ငြိမ်းချမ်းရေးကိုရှေးရှုပြီး နှစ်နိုင်ငံကြား တင်းမာမှုလျော့ပါးစေလိုတဲ့အတွက် အိန္ဒိယဘက်က ပြုလုပ်နေတာတွေကို သည်းခံမှုကြီးမားစွာနဲ့ ချုပ်တည်းထိန်းသိမ်းခဲ့တယ်လို့လည်း ၎င်းကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၈) ရက်နေ့ကလည်း အိန္ဒိယနိုင်ငံဟာ ကက်ရှ်မီးယားဒေသ တစ်ဘက်ခြမ်းမှာရှိတဲ့ ပါကစ္စတန်နိုင်ငံဘက်ကို လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပါကစ္စတန် အရပ်သား (၅) ဦး သေဆုံးခဲ့ရတာကြောင့် ပြန်လည် တုန့်ပြန်ပစ်ခတ်ခဲ့ရတယ်လို့ ပါကစ္စတန်မီဒီယာတွေက ဖော်ပြကြပါတယ်။

Inews-07/7/17 © အလင်းမျက်ဝန်း | ကိုးကား » ဆင်ဟွာ


အင်္ဂလန်နိုင်ငံသား မွတ်စ်လင်မ် (၈) ဦးဟာ ၎င်းတို့ဒေသကနေ မိုင်ပေါင်း ၂၀၀၀ လောက် ဝေးကွာတဲ့ မက္ကာဟ်မြို့တော်ကို စက်ဘီးနင်း၍ ဟဂ်ျသွားရောက် ဝတ်ပြုဖို့ စတင်ခရီးနှင်လိုက်ကြပါပြီ။

လန်ဒန်မြို့တော် အရှေ့ပိုင်းဗလီကြီးကနေ စတင်လိုက်တဲ့ တစ်လခွဲလောက်ကြာမြင့်မယ့် ဒီခရီးစဉ်အတွင်း ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အီတလီနဲ့ ဂရိနိုင်ငံတွေကို ဖြတ်သန်းသွားကြမှာ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ ၎င်းတို့ရဲ့ ခရီးစဉ်လမ်းကြောင်းအတွင်း တူရ်ကီ၊ ဆီရီးယားနဲ့ ဂျော်ဒန်နိုင်ငံတွေကို ဖြတ်သန်းသွားဖို့ စီစဉ်ခဲ့ပေမယ့် လုံခြုံရေးအကြံပြုချက်တွေအရ ဂရိနိုင်ငံဘက်ကနေ အီဂျစ်နိုင်ငံဘက်ကို သင်္ဘောနဲ့ဖြတ်သန်းပြီး ဆော်ဒီနိုင်ငံဆီကို အရောက်သွားကြမှာပါ။

Hajj Ride လို့ အမည်ပေးထားတဲ့ ၎င်းတို့ (၈) ဦးပါအဖွဲ့ဟာ ယခုလို မိုင်ထောင်ချီဝေးကွာတဲ့ ခရီးရှည်ကို တစ်ရက် မိုင် (၇၀) နှုန်းနဲ့ စက်ဘီးစီးပြီး ဟဂ်ျဝတ်ပြုဖို့အတွက် (၁၁) နှစ်လောက်အရင်ကတည်းက ကြိုတင်စီစဉ်ခဲ့ကြရတယ်လို့ သိရပါတယ်။

၎င်းတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆီရီးယားဒုက္ခသည်တွေအတွက် အလှူငွေ စတာလင်ပေါင်သန်းချီပြီးရရှိအောင် ရှာဖွေမယ့် ပရဟိတခရီးစဉ်ဖြစ်တယ်လို့ ခရီးစဉ်ကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မောင်ဝ်လာနာ အဗ္ဗဒွလ် မုကီးသ်ဆပ်က မီဒီယာတွေကို ပြောပါတယ်။

လာမယ့်သြဂုတ်လလယ်လောက်မှာ မဒီနာကို စတင်ရောက်ရှိနိုင်မယ်လို့ မျှော်လင့်ထားပြီး ခရီးစဉ်ကို အဆင်ပြေချောမွေ့စေဖို့ ဒိုအာလုပ်ကြဖို့လည်း ၎င်းက မေတ္တာရပ်ခံလိုက်ပါတယ်။

Inews-06/7/17 © အလင်းမျက်ဝန်း | ကိုးကား » Hajj Ride
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/JUURL7UnPfg
[/error]

[2column][content]
 (မေးခွန်း-၁) 
အမျိုးသားများ ရွှေဝတ်ဆင်ခြင်း၊ ရွှေဝတ်ဆင်ပြီး နမားဇ်ဝတ်ပြုခြင်းနှင့် ပတ်သက်ပြီး ရရှိလာမယ့် အကျိုးဆက်ကို ကျေးဇူးပြု၍ ဖော်ပြပေးပါ။
နူရ်ရွရ်လ္လာဟ် (စဥ့်ကူး)
 (အဖြေ-၁) 
  • အမျိုးသားများ ရွှေဝတ်ဆင်ခြင်း မပိုင်ပါ။
  • ရွှေဝတ်ဆင်လျက် စွလာသ်ဆောက်တည်လျှင်တော့ စွလာသ်ပိုင်ပါတယ်။ ပြန်ဝတ်ပြုစရာမလိုပါ။ ရွှေဝတ်တဲ့ ပြစ်ဒဏ်ပဲ ထိုက်ပါလိမ့်မယ်။
  • အမျိုးသားများ ရွှေဝတ်ဆင်ခြင်းကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။
 (မေးခွန်း-၂) 
အမျိုးသားက အမျိုးသမီးကို မင်းနဲ့ငါ့ရဲ့ ဇာတ်လမ်းပြီးပြီလို့ ပြောပြီးထွက်သွားတာ သုံးနှစ်ကြာသောအခါ ဆက်သွယ်မရ၊ စရိတ်မရပါ။
၁။ အမျိုးသမီးက နောက်အိမ်ထောင်ပြုလိုလျှင် အမျိုးသားရဲ့ သွလာက် ကျပါသလား။
၂။ ခြောက်လတစ်ကြိမ် သွလာက်တစ်ကြိမ်မြောက်တယ်ဆိုတာ ဟုတ်ပါသလား။
အီလီယတ်စ် (မန္တလေး)
 (အဖြေ-၂) 
  • သွလာက်စကားလုံးမှာ ပွင့်လင်းထင်ရှားတဲ့ စကားလုံးရှိသလို သွယ်ဝိုက်သုံးနှုန်းတဲ့ စကားလုံးတွေလည်း ရှိနေပါတယ်။ သွလာက်ပေးရာမှာပဲ အသုံးပြုလေ့ရှိတဲ့ စကားလုံးမျိုးသုံးပြီး ပြောခဲ့ရင်တော့ ပြောတဲ့အမျိုးသားရဲ့ ရင်တွင်းဖြစ်ဆန္ဒ ဘယ်လိုရှိနေသလဲဆိုတာ မေးစရာမလိုဘဲ သွလာက်ကျသွားပါမယ်။
  • သွယ်ဝိုက်သုံးနှုန်းတဲ့ စကားလုံးတွေမှာတော့ သူ့ရည်ရွယ်ချက်ကို မေးမြန်းဖို့ လိုအပ်ပါလိမ့်မယ်။ လင်နဲ့မယား တစ်ဦးနဲ့တစ်ဦး စကားများရန်ဖြစ်နေချိန်မျိုး၊ ဒေါသထွက်နေချိန်မျိုး၊ အမျိုးသမီးက သွလာက်တောင်းခံနေချိန်မျိုးတွေမှာတော့ ရည်ရွယ်ချက်ပေါ်လွင်သွားတဲ့အတွက် သွလာက်ကျသွားပါလိမ့်မယ်။
  • မေးခွန်းပါ စကားဖြစ်တဲ့ မင်းနဲ့ငါ ဇာတ်လမ်းပြီးပြီဆိုတာ အထက်ပါ ဥပဒေနဲ့ ချိန်ထိုးကြည့်ပါ။
  • နောက်တစ်ခုက နိကာဟ်စာချုပ်တချို့မှာ အမျိုးသားလင်ယောက်ျားအနေနဲ့ မိမိဇနီးမိန်းမကို ခြောက်လတိုင် စရိတ်စက မထောက်ပံ့ရင် သွလာက်ကျ၏ဟူ၍ ရေးသားထားပါတယ်။ ဒါကို အမျိုးသားတွေက အဲဒီနိကာဟ်စာချုပ်ကို လက်ခံသဘောတူ လက်မှတ်ရေးထိုးကြပါတယ်။ ဒီစာချုပ်တွေအတိုင်း မြန်မာနိုင်ငံမှာ လက်ခံကျင့်သုံးနေကြတယ်လို့လည်း ကြားသိထားပါတယ်။ အခုလို ပုံသဏ္ဌာန်မျိုးမှာ အမျိုးသားဟာ မိမိကတိအတိုင်းပဲ ခြောက်လစရိတ် မပေးဖြစ်ခဲ့ရင် အလိုအလျောက် သွလာက်ကျသွားပါလိမ့်မယ်။
  • လင်ခန်းမယားခန်းကဏ္ဍကို ဖြစ်ပျက်အပြည့်အစုံရေးသားပြီး မြန်မာပြည်က ယုံကြည်ရတဲ့ ဖသ်ဝါဌာနတစ်ခုခုကနေ မေးမြန်းကျင့်သုံးပါလို့လည်း ကျနော်တို့ အလင်းမျက်ဝန်းဘက်က အကြံပြုပါရစေ။
[/content][content]
 (မေးခွန်း-၃) 

  1. အဖေမပေါ်ဘဲရတဲ့ လူတစ်ယောက်ဟာ ဗလီအကျိုးဆောင်နှင့် ရှရီအသ်တရားတော်အရ သက်သေထွက်ဆိုခြင်း ပိုင်၊ မပိုင် သိလိုပါသည်။

  2. နှစ်ချီ၍ ဂျုမုအဟ် နမားဇ်မဖတ်သူကို ရှရီအသ်တရားတော်က မည်သို့သတ်မှတ်သည်ကို သိလိုပါသည်။

မိုဟမ္မဒ် အီစာ (ကမမောင်းမြို့)

 (အဖြေ-၃) 

  • ဖခင်မပေါ်ဘဲရတဲ့ ကလေးတိုင်းမှာ ဘာမှ အပြစ်မရှိပါ။ အပြစ်က သူ့မိဘတွေအပေါ်မှာသာ ရှိပါတယ်။

  • အဲဒီလိုမျိုး ဖခင်မပေါ်ဘဲ မွေးလာတဲ့ လူတစ်ယောက်ဟာ သူပင်ကိုယ်အပြစ် ဘာမှမရှိပေမဲ့ ဖခင်ရဲ့ ပြုစုစောင့်ရှောက်မှု မရရှိတဲ့အပေါ် လူ့ပတ်ဝန်ကျင်းမှာ လူတချို့ရဲ့ ငြိုငြင်မှုကို ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဒီလိုလူတစ်ဦးဟာ ရှေ့ဆောင်အိမာမသ်လုပ်တာတို့၊ ဗလီအကျိုးဆောင်မျိုးလုပ်တာတို့ စတဲ့ ကိစ္စတွေမှာ သူ့လိုမျိုး နောက်လူတစ်ဦး မရှိရင် ဘာမှ ပြဿနာ မရှိဘဲ ဆောင်ရွက်ခွင့် ပြုထားပါတယ်။ တကယ်လို့ သူ့လိုမျိုး သို့မဟုတ် သူ့ထက်သာတဲ့ နောက်လူတစ်ဦး ရှိနေခဲ့ရင် အဲဒီနောက်လူကို ဦးစားပေးရပါမယ်။

  • ဖခင်မပေါ်ဘဲရတဲ့ ကလေးရဲ့ သက်သေထွက်ဆိုချက်ကိုတော့ ရှရီအသ်က လက်ခံပါတယ်။ သက်သေထွက်ဆိုခြင်းကိစ္စမှာ အဒါလသ် ဆိုတဲ့ မဇ္စျိမ ပဋိပဋာ - မျှတအလယ်အလတ်ရှိသူ၊ ပြစ်မှုကြီးတွေကနေ အစဉ်အမြဲရှောင်ကြဉ်သူ၊ မနာလိုကင်း ဝန်တိုရှင်းသူ၊ စစ်မှန်တဲ့ ယုံကြည်ချက်ကို ပိုင်ဆိုင်ထားသူ စတာတွေရှိရင် ရပါပြီ။

  • ဟဒီးဆ်တော်မှာ “ လူတစ်ဦးဟာ ဂျုမုအဟ်စွလာသ်ကို သုံးကြိမ်တိုင် အကြောင်းမဲ့ လွှတ်ခဲ့ရင် အလ္လာဟ်အရှင်မြတ်က သူ့စိတ်နှလုံးအပေါ် (ခက်ထန်မာကျောမှု၊ အယောင်ဆောင်မှုတို့ကို) တံဆိပ်ခတ်နှိပ်လိုက်တော်မူတယ် ” လို့ မိန့်ကြားထားပါတယ်။ အဗူဒါဝူဒ်ကျမ်း (၁၀၅၂)၊ သိရ်မိဇီကျမ်း (၅၀၀)၊ နစာအီကျမ်း (၁၃၆၉) နဲ့ အိဗ်နုမာဂျဟ်ကျမ်း (၁၁၂၆) တို့မှာ လေ့လာနိုင်ပါတယ်။

  • တချို့ဟဒီးဆ်တော်တွေမှာ ဆက်တိုက်လွှတ်ခြင်းလို့လည်း လာရှိထားပါတယ်။ ဒါဟာ ပြင်းပြင်းထန်ထန် မိန့်ကြားချက်မျိုး ဖြစ်ပါတယ်။ ဂျုမုအဟ်စွလာသ်ကို လုံးဝ မလွှတ်သင့်ပါဘူး။ အကြောင်းတစ်ခုခုကြောင့် လွတ်သွားခဲ့ရင် ဇုဟိုရ်နမားဇ်အဖြစ် အစားပြန်ဖတ်ရပါလိမ့်မယ်။

  • တချို့က အဲဒီလို ဂျုမုအဟ်ကို ဆက်တိုက်သုံးကြိမ်လွှတ်ရင် ကာဖိရ်လို့ ပြောဆိုကြပါတယ်။ ဒါဟာ လုံးဝမှားယွင်းတဲ့ စကားရပ်သာ ဖြစ်ပါတယ်။

[/content][/2column]

[3column][content]
 (မေးခွန်း-၁) 
အဖြူရောင်အရည်မထွက်ဘဲ အရည်ကြည်လေးပဲ နည်းနည်းစို့ထွက်ရင်ရော ရေချိုးဖို့ လိုအပ်ပါသလား? ကျေးဇူးပြုပြီး ဖြေကြားပေးပါ။
(ဇွန်လ ၂၉) အတွဲ-၁၅၊ မေးခွန်း(၁) က အဖြေကို သိပ်မရှင်းလို့ ပြန်မေးကြည့်တာပါ။
အဟ်မဒ်ဘိုင် (မလေးရှား)
 (အဖြေ-၁) 
  • မဇီ၊ မနီ၊ ဝဒီ ဆိုပြီး အရည်သုံးမျိုး ထွက်တတ်ပါတယ်။
  • မဇီဆိုတာက မေးခွန်းမေးမြန်းသူရဲ့ မေးခွန်းမှာ ပါသလို အရည်ကြည်ပါ။ မဇီဟာ ရာဂစိတ်ဖြစ်ပေါ်တဲ့အခါ ထွက်လေ့ရှိပြီး သူထွက်တဲ့အခါ ရာဂစိတ်ဟာ ပိုပြီး ပြင်းထန်လေ့ ရှိပါတယ်။ တကယ်လို့ မဇီပဲ ထွက်ရင်တော့ ရေချိုးစရာ မလိုပါဘူး။ ပေကျံတဲ့နေရာကို ဆေးကြောလိုက်ရင် ရပါတယ်။
  • မနီဆိုတဲ့ သုက်ရည်ထွက်ခဲ့ရင်တော့ ရေချိုးဖို့ တာဝန်ဖြစ်သွားပါပြီ။ မနီဆိုတာကတော့ ခန္ဓာကိုယ်ကနေ ရာဂစိတ်ပြင်းထန်ပြီး တိုးထွက်လာတဲ့ အဖြူရောင်အရည်ပြစ်များကို ခေါ်ဆိုပြီး သူထွက်သွားတဲ့အခါ ရာဂစိတ်ကလည်း လုံးဝ ပျောက်ကွယ်သွားပါတယ်။ အဲဒီဟာကို မနီ (သုက်ရည်) လို့ ခေါ်ခြင်းပါ။
  • ဝဒီဆိုတာကတော့ ပင်ပန်းတာကြောင့် ဒါမှမဟုတ် ရောဂါခံကြောင့် စသဖြင့် ရာဂစိတ်မရှိဘဲနဲ့ အလိုလို အဖြူရောင်အရည်ကြည်များ ထွက်လာခြင်းကို ခေါ်ဆိုပါတယ်။ အဲဒီဝဒီထွက်ခဲ့ရင်တော့ ရေချိုးဖို့ မလိုပါဘူး။ မဇီအတိုင်းပဲ ဆေးကြောလိုက်ရင် ရပါပြီ။
[/content][content]
 (မေးခွန်း-၂) 

ဆရာ ပထမ အဖြေပေးထားတဲ့ အတိုးငွေနဲ့ ဗလီကိုသွားတဲ့လမ်းဆောက်ခြင်း ပိုင်ပါသည်ဟု ပြောထားပါသ
ည်။

ကျွန်တော် သိထားသည်မှာ အတိုးငွေနှင့် ဗလီအိမ်သာဆောက်ခြင်းပင် မပိုင်ဟု သိရှိထားပါသည်။

ဤအတွက်ကြောင့် အတိုးငွေနှင့် ဗလီလမ်းကို ပြုပြင်ခြင်း၊ တည်ဆောက်ခြင်း ပိုင်ပါသလား? ကျေးဇူးပြု၍ ပြန်လည်ဖြေကြားပေးစေလိုပါသည်။

ရည်ညွှန်း » ဇွန်လ ၂၂၊ အတွဲ-၁၃၊ မေးခွန်း(၁)


ဗန်ဒဟ် မိုဟမ္မဒ် ဟိုဇိုင်ဖာဟ် (မန္တလေး)



 (အဖြေ-၂) 

  • အတိုးငွေနဲ့ ဗလီသွားရာလမ်းကို ခင်းကျင်းတာ ပိုင်ကြောင်း ဖသ်ဝါအမြောက်အမြား လာရှိထားပါတယ်။
  • ဒုတိယအကြိမ်လည်း ပြန်လည်ပြီး အတည်ပြု ဖြေကြားလိုက်ပါတယ်။ အတိုးငွေနဲ့ ဗလီသွားရာလမ်းကို ပြုပြင်ခြင်း၊ တည်ဆောက်ခြင်း ပိုင်ပါတယ်။

[/content][content]
 (မေးခွန်း-၃) 

ကိုယ့်ရဲ့တပည့်တွေက ကန်တော့ (ဦးချရင်) အပြစ်ဖြစ်ပါသလားခင်ဗျား။

စိုးဦး (နေပြည်တော်)



 (အဖြေ-၃) 

  • မိမိတပည့်တွေကို မင်းတို့ ငါ့ကို ဦးချရမယ်လို့ ကိုယ်တိုင်မပြောဘူး။ တစ်ခါ ကိုယ့်တပည့်က သူ့ဘာသာတရားအရ ဒီလိုဦးချတာကိုမှ အရိုအသေပေးရာကျမယ်လို့သတ်မှတ်ပြီး အတင်းဇွတ်ဦးချတာ စသဖြင့် ရှောင်လွဲလို့မရဘဲ ဦးချခံလိုက်ရရင် အပြစ် မဖြစ်ပါဘူး။
  • ဒါပေမဲ့ ကိုယ့်တပည့်ကို အစ္စလာမ့်ဒအ်ဝသ်ဆိုင်ရာ စကားတွေ ပြောပြပေးနိုင်ရင် ပိုကောင်းပါတယ်။ ဥပမာ- လူသားချင်း ကိုးကွယ်ခြင်း၊ လူလူချင်း ဦးချခြင်း စသဖြင့် ကိစ္စရပ်တွေဟာ အစ္စလာမ်ဘာသာမှာ တားမြစ်ထားကြောင်း၊ တစ်ပါးတည်းသောအရှင်ကိုသာ ဦးချရမှာဖြစ်ကြောင်း၊ အမှန်တကယ် ဦးချဖို့ စေခိုင်းကို ခိုင်းရတော့မယ်ဆိုရင်တောင် ဇနီးမယားက လင်ယောက်ျားကို ဦးချရမှာဖြစ်ကြောင်း စတာတွေပြောပြပြီး ဒအ်ဝသ်လုပ်သင့်ပါတယ်။

[/content][/3column]



“မက္ကာဟ်ထီး” လို့ခေါ်ဆိုတဲ့ စမတ်ထီးတစ်မျိုးကို ဆော်ဒီနိုင်ငံမှာ ထုတ်လုပ်ဖြန့်ချိမယ်လို့ ဆော်ဒီဂေဇက်သတင်းဌာနက ဖော်ပြသွားပါတယ်။

၎င်းထီဟာ အပူချိန် ဒီဂရီ (၄၀) ကျော်လောက်ရှိတတ်တဲ့ ဟရားမ်နယ်မြေရဲ့ နေရောင်ခြည်နဲ့ အပူဒဏ်တို့ကို ထီးဆောင်းထားသူအတွက် အတော်အတန် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ထီးရဲ့ထိပ်ပိုင်းမှာ လည်ပတ်အားကောင်းတဲ့ ပန်ကာတပ်ဆင်ထားပြီး ဆိုလာအားဖြည့်စနစ်၊ ဘတ္ထရီလဲလှယ်သုံးစနစ်၊ လျှပ်စစ်အားသွင်းစနစ်တွေကနေ စွမ်းအင်ရယူသုံးစွဲမှာဖြစ်ပေမယ့် ထီးရဲ့အလေးချိန်ကတော့ တစ်ပေါင်ကျော်လောက်သာရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သေးငယ်ပြီး အေးမြတဲ့ ရေမှုန်ရေပေါက်လေးတွေ ထုတ်လုပ်ပေးမယ့် အသေးစား ရေပန်းခေါင်းတစ်ခုကိုလည်း ပန်ကာအနီးမှာ တပ်ဆင်ထားတာကြောင့် ရေဘူး/ရေအိတ်တွေနဲ့ ထီးကိုချိတ်ဆက်ပြီး ပိုမိုအေးမြအောင် အသုံးပြုနိုင်မယ်လို့ တီထွင်တဲ့ အင်ဂျင်နီယာက ဆိုပါတယ်။

ထီးလက်ကိုင်ပေါ်မှာတော့ ပန်ကာကို လိုသလို ချိန်ညှိနိုင်တဲ့ ခလုတ်တွေအပြင် USB အားသွင်းပေါက်နဲ့ အားထုတ်ပေါက် (၃) ပေါက်လည်း ပါရှိတာကြောင့် မိမိမိုဘိုင်းဖုန်းကို အရေးပေါ် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

ထီးရဲ့လက်ကိုင်အရင်းဘက်ကိုတော့ ဓာတ်မီးအဖြစ် အသုံးပြုလို့ရနိုင်တဲ့အပြင် ဂြိုဟ်တုနဲ့ချိတ်ဆက်ထားတဲ့အတွက် မိမိရောက်ရှိရာနေရာကို ညွှန်ပြပေးနိုင်တဲ့ GPS စနစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

Inews-05/7/17 © အလင်းမျက်ဝန်း | ကိုးကား » G-News
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/qahQOPbGesI
[/error]


ထိုင်းနိုင်ငံတောင်းပိုင်း ကရာဘီ (Krabi) ဒေသအတွင်း စစ်တပ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ လက်နက်ကိုင်သေနတ်သမားတစ်စုဟာ ကလေးသုံးဦးအပါအဝင် လူ (၉) ဦးပါဝင်တဲ့ မိသားစုတစ်ခုကို အိမ်တွင်းဝင်ရောက်ပြီး ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု မနေ့က (၁၀-၇-၂၀၁၇) တနင်္လာနေ့မှာ ဖြစ်ပွါးခဲ့ပါတယ်။

ထိုင်းစစ်တပ်သုံး ပြောက်ကျားဝတ်စုံတွေ အသီးသီး ဝတ်ဆင်ထားတဲ့ လူခြောက်ဦးထက်မနည်းတဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုဟာ မနေ့က ဒေသစံတော်ချိန် ညနေ (၄) နာရီဝန်းကျင်အချိန်လောက်မှာ ဒေသတွင်း မွတ်စ်လင်မ် မိသားတစ်စုရဲ့ နေအိမ်ကို တာဝန်အရ စစ်ဆေးဖို့ဟူ၍ ပြောဆိုကာ ဝင်ရောက်စီးနင်းခဲ့ကြပြီး ကလေးများအပါအဝင် မိသားစုဝင် (၈) ကို ဖမ်းဆီးကာ အိမ်ထောင်ဦးစီး ပြန်လာတဲ့အထိ စောင့်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အိမ်ထောင်ဦးစီးရောက်လာပြီးမှာတော့ ၎င်းတို့ဟာ အိမ်တွင်းရှိ ဖမ်းဆီးထားတဲ့ ကလေးများအပါအဝင် မိသားစုဝင်တွေကို လက်ပြန်ကြိုးတုပ်ကာ မျက်နှာကိုဖုံးအုပ်ပြီး ပစ်ခတ်ခဲ့ကြတယ်လို့ အိုလူးခ်ဒေသရဲ့ အကြီးအကဲ ချိုင်ဝတ်ဘွာသောန်က ပြောပါတယ်။

ကလေး(၂)ဦး၊ အမျိုးသမီး(၂)ဦးနဲ့ အမျိုးသား(၂)ဦး ပေါင်း (၆) ဦးဟာ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ကြပါတယ်။

ကလေးတစ်ဦးအပါအဝင် ကျန် (၃) ဦးကိုတော့ အိုလခ်ဆေးရုံကို တင်ပို့ထားပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပါတယ်။

သေနတ်သမားတွေဟာ လုပ်ကြံပစ်ခတ်ခဲ့ပြီးနောက် ထွက်ပြေးပျောက်ကွယ်သွားခဲ့ကြတာကြောင့် ၎င်းတို့ကို အမြန်ဆုံး လက်ရဖမ်းဆီးနိုင်အောင် ကြိုးစားဆောင်ရွက်သွားမယ်လို့ ထိုင်းတာဝန်ရှိသူတွေက ဆိုပါတယ်။

Inews-04/7/17 © အလင်းမျက်ဝန်း | ကိုးကား » G-News


လက်ရှိဖြစ်ပေါ်နေတဲ့ ကာတာနဲ့ ပင်လယ်ကွေ့နိုင်ငံများရဲ့ ပြဿနာအရှုပ်အထွေး ပေါ်ပေါက်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ၂၀၁၃ ခုနှစ်က လျှို့ဝှက်ချုပ်ဆိုခဲ့ကြတဲ့ စာချုပ်ကြောင့်ဖြစ်တယ်လို့ CNN သတင်းဌာနက ထုတ်ဖော်လိုက်ပါတယ်။

၎င်းလျှို့ဝှက်စာချုပ်ဟာ အရဗ်ခေါင်းဆောင်များရဲ့ သီးသန့်သဘောတူညီချက်တွေဖြစ်ပြီး အချိန်အတန်ကြာအောင် ယခုလို အထူးလျှို့ဝှက်ထားတဲ့ ကိစ္စရပ်အဖြစ် ထိန်းသိမ်းခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရေးမူနဲ့ ရေးသားထားတဲ့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်စွဲပါ ၎င်းကတိပြုမှတ်တမ်းစာချုပ်ပေါ်မှာ ဆော်ဒီအာရေးဗီးယားဘုရင်၊ ကာတာစော်ဘွားနဲ့ ကူဝိတ်စော်ဘွားတို့က လက်မှတ်ထားကြပါတယ်။

အဆိုပါစာချုပ်အတွင်း သက်ဆိုင်ရာ အစိုးရတွေကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေါင်းသင်းခြင်း မပြုလုပ်ဖို့ အပြန်အလှန် သဘောတူညီမှုဟာ အဓိအချက် ဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ၎င်းသဘောတူညီမှုကို ဖောက်ဖျက်ပြီး ဆော်ဒီအစိုးရအပေါ် အငြှိုးကြီးရန်လိုနေတဲ့ အီရန်နိုင်ငံနဲ့ အဆက်အသွယ် ပြုလုပ်ခဲ့တဲ့အတွက် ယခုလို ပင်လယ်ကွေ့နိုင်ငံများက ဝိုင်းဝန်းပိတ်စို့တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

Inews-03/7/17 © အလင်းမျက်ဝန်း | ကိုးကား » CNN

၂၀၁၂ ခုနှစ်က မိတ္ထီလာအကြမ်းဖက်မှု မြင်ကွင်း (ဓာတ်ပုံ © ဧရာဝတီ)

မနေ့က (၁၀-၇-၂၀၁၇) အင်္ဂါနေ့ ည (၁) နာရီဝန်းကျင်အချိန်ခန့်မှာ မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုအား အမျိုးသားရေးဝါဒီ ဒါဇင်များစွာက ဝိုင်းထားပြီးနောက် လူအချို့ဟာ အိမ်တွင်းသို့ ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။

မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်အတွင်းရှိ ဦးအာလူးဆိုသူရဲ့ နေအိမ်ခြံဝန်းအား တားမြစ်တဲ့ကြားက အစ္စလာမ်ဘာသာဝင်တွေကို ခွဲခြမ်းရောင်းချခဲ့တာကြောင့် အမျိုးသားရေးဝါဒီ (၅၀) နီးပါးခန့်က ညဘက်မှာ လာရောက်ဝိုင်းထားခဲ့ပြီး (၁၀) ဦးထက်မနည်းတဲ့လူအုပ်စုကတော့ အိမ်တွင်းသို့ဝင်ရောက်ကာ တုတ်၊ ဓါးတွေနဲ့ အုပ်စုဖွဲ့တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်အတွင်း ဗုဒ္ဓဘာသာ သင်္ဃန်းဝတ်ဘုန်းကြီးအချို့လည်း ပါဝင်ခဲ့တယ်လို့ မိတ္ထီလာနယ်မှ အမျိုးသားရေးဝါဒီတစ်ဦးဖြစ်တဲ့ တောင်သာလေးဆရာတော်အမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွက်လူမှုကွန်ယက်ပေါ်က ရေးသားချက်အရ သိရပါတယ်။

၎င်းဖြစ်စဉ်ကြောင့် ဦးအာလူရဲ့ သားမက်ဖြစ်တဲ့ ခြံဝန်းအား ခွဲခြမ်းရောင်းချသူ ဦးလှအောင်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားပါတယ်။

လက်ရှိမှာတော့ မိတ္ထီလာမြို့ရဲ့အခြေအနေဟာ ပုံမှန်အတိုင်းရှိနေပြီး အခင်းဖြစ်ပွားခဲ့တဲ့ ရပ်ကွက်ကိုတော့ လုံခြုံရေးချထားတယ်လို့ လုံခြုံရေးတာဝန်ရှိသူ ရဲမှူးမိုးညိုက ပြောဆိုပါတယ်။

အမှုအမှတ် (ပ၁၃၃/၂၀၁၇) ရာဇသတ်ကြီးပုဒ်မ ၅၄၁၊ ၃၂၆၊ ၁၁၄ တို့နဲ့ အမှုဖွင့်ထားပြီး မိတ္ထီလာရဲတပ်ဖွဲ့မှ အကြမ်းဖက်သူတွေကို ဖမ်းဆီးဖို့ကြိုးစားနေတယ်လို့ မန္တလေးအခြေစိုက် Friday Times သတင်းက ဖော်ပြသွားပါတယ်။

Mnews-04/7/17 © အလင်းမျက်ဝန်း | ကိုးကား » Friday Times



ဒီတစ်ပါတ် သုခုမမျက်ဝန်းဆိုတဲ့ အလင်းမျက်ဝန်းရဲ့ ဖျော်ဖြေရေးအစီအစဉ်မှာတော့ ထူးထူးခြားခြားလေးဖြစ်ရအောင် ဘင်္ဂါလီကဆွီဒါလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီအဆိုတော် အစ်က်ဘလ် ဟိုစိုင်န် ဂျီဘွန်း သီဆိုထားတဲ့ “ ပြီးပြည့်စုံလုံလောက်တော်မူသော အလ္လာဟ်အရှင်မြတ်သခင် ” လို့ အမည်ရတဲ့ တူရိယာမဲ့ ဘင်္ဂါလီသံစဉ်လေးတစ်ပုဒ်ကို မြန်မာစာသားနဲ့တကွ တင်ဆက်ပေးထားပါတယ်။

အလ္လာဟ်အရှင်မြတ်သခင်ဟာ ဘဝတစ်ခုလုံးအတွက် လုံလောက်စေတယ်။ ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေကို အလ္လာဟ်အရှင်မြတ်သခင်ရဲ့ နာမတော်ကိုတသပြီး အလ္လာဟ့်စိတ်နဲ့ပဲဘဝကို ရှင်သန်နေထိုင်သွားဖို့အတွက် ရည်ညွှန်းပြီး သီကုံးရွတ်ဆိုထားတဲ့ ဇစ်ကစ်ရ်ကဆွီဒါလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ENTM-06/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/ek3Ljg2446o
[/error]


နျူကလီးယားထိပ်ဖူးတပ်ဆင်အသုံးပြုနိုင်တဲ့ နစ်ွရ် (NASR) တာတိုပစ်ဒုံးကျည်တစ်မျိုးကို မနေ့က (၆-၇-၂၀၁၇) ဗုဒ္ဓဟူးနေ့မှာ ပါကစ္စတန်နိုင်ငံက အောင်မြင်စွာ ပစ်ခတ်စမ်းသပ်လိုက်ပါတယ်။

အဆိုပါ နစ်ွရ်ဒုံးကျည်ဟာ (၄၃) မိုင်ကျော် (ကီလိုမီတာ-၇၀) လောက် အကွာအဝေးမှ ပစ်မှတ်ကို တိကျစွာထိမှန်အောင် ပစ်ခတ်နိုင်တဲ့အပြင် လိုအပ်တဲ့အခါမှာလည်း အလျင်မြန်ဆုံး ဖြန့်ကျက်နေရာယူနိုင်တဲ့ ပါကစ္စတန်ရဲ့ နောက်ဆုံးပေါ် နည်းပညာစမ်းသပ်မှုတစ်ခု ဖြစ်ပါတယ်။

ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ် ကမာရ် ဂျအ်ဖရ် ဘဂ်ျဝါး ကိုယ်တိုင် နစ်ွရ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို တက်ရောက်ကြည့်ရှုခဲ့ပြီး “ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ပါကစ္စတန်နိုင်ငံဟာ အမြဲတမ်း နိုးနိုးကြားကြားနဲ့ အသင့်ရှိနေပါတယ် ” လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

Inews-02/7/17 © အလင်းမျက်ဝန်း | ကိုးကား » The News

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် သေဆုံးခဲ့သူရဲ့ရုပ်အလောင်းကို သယ်ဆောင်လာစဉ် © RFA

မနေ့က (၄-၇-၂၀၁၇) အင်္ဂါနေ့ နေ့လယ် (၁း၃၀) နာရီခန့်အချိန်က စစ်တွေမြို့တစ်နေရာမှာ ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခအား သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းပြီး တရားခံများ ဖမ်းဆီးရမိရေးနဲ့ ပျံ့နှံ့မှုမရှိအောင် ထိန်းချုပ်ရေးများ လုပ်ဆောင်ထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါးပိုင်ကယ်ဆယ်ရေးစခန်းမှ ဦးမူနူး (ခ) မောင်နီရာမောက် ပါ (၇) ဦးအဖွဲ့ဟာ ရောင်နီဦးဆိပ်ကမ်းသို့ မော်တော်ဘုတ်ဝယ်ယူရန် ကြိုတင်ချိန်းဆိုမှုအရ ရောက်ရှိလာစဉ်မှာပဲ ရခိုင်လူမျိုးအချို့က အုပ်စုဖွဲ့တိုက်ခိုက်ခဲ့တာကြောင့် ဦးမူနူး (အသက် ၆၀ ခန့်) သေဆုံးခဲ့ပြီး ကျန် (၆) ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့ကြပါတယ်။

ဒဏ်ရာရသူ (၆) ဦးထဲမှ (၂) ဦးဟာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပြီး ကျန် (၄) ဦးကိုတော့ ဒါးပိုင်ကယ်ဆယ်ရေးစခန်းကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

၎င်း (၇) ဦးအဖွဲ့ဟာ စစ်တွေ အမှတ်(၂) ရဲစခန်းကနေတစ်ဆင့် ရဲတပ်သားတစ်ဦးရဲ့ လုံခြုံရေးအကူအညီနဲ့ ရောင်နီဦးဆိပ်ကမ်းကို သွားရောက်စဉ်မှာ အခုလို တိုက်ခိုက်ခံရတာဖြစ်ပြီး မွတ်စ်လင်မ် (၁၀) ဦး စီးနင်းလာတဲ့ Super Custom မော်တော်ယာဉ်ဟာလည်း ပျက်စီးသွားတယ်လို့ RFA Burmese သတင်းက ဆိုပါတယ်။

ဒါ့အပြင် ဒါးပိုင် ဒုက္ခသည်စခန်းကနေ ၎င်းတို့နှင့်အတူ ထွက်ခွါခဲ့ပြီး တရားရုံးသို့ သက်သေထွက်ဆိုဖို့ ရဲတပ်ဖွဲ့လုံခြုံရေးနဲ့အတူ သွားရောက်ခဲ့တဲ့ မွတ်စ်လင်မ်ဒုက္ခသည်အချို့ကိုလည်း ဝိုင်းဝန်းတိုက်ခိုက်တာကြောင့် အသက်လုပြီး ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတစ်ဦးရဲ့ပြောကြားမှုကို ကိုးကားပြီး Myanmar Now သတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။

အဆိုပါ ပဋိပက္ခအကြမ်းဖက်မှုအတွင်း ပါဝင်ကျူးလွန်ခဲ့ကြသူများကို ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေပြီး၊ ပဋိပက္ခကို အခြားနေရာများသို့ ပျံ့နှံ့မသွားရအောင် စစ်တွေမြို့အတွင်း လုံခြုံရေးအင်အား တိုးချဲ့ကာ စောင့်ကြည့် ထိန်းသိမ်းလျက်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

Mnews-03/6/17 © အလင်းမျက်ဝန်း

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.