Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

နှာချေခြင်း၏ အကြောင်းတရားနှင့်အကျိုးတရား


မိတ်ဆွေများအား သိကောင်းစရာ၊ တန်ဖိုးထားတတ်စရာအနေဖြင့် ဤအကြောင်းအရာလေးကို အလင်းမျက်ဝန်းမှတစ်ဆင့် တင်ပြလိုက်ပါသည်။

မိတ်ဆွေတို့...

နှာချေခြင်းသည် ကျနော်တို့ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စရပ်တခုဖြစ်သည်။ ကျနော်တို့ အနည်းနှင့်အများ နေ့စဉ်ဆိုသလိုကြုံတွေ့နေရသောကြောင့် သတိမမူမိသလို အမှတ်တမဲ့ဟုသာ ထင်မြင်၍ လွှတ်ထားပေးနေကြပေသည်။

အမှန်စဉ်စစ်သော်ကား နှာချေခြင်းသည် ကျနုပ်တို့အတွက် နေ့အ်မသ်တစ်ခုပင်ဖြစ်ပေသည်။ သာသနာရေးရှုထောင့်ကကြည့်လျှင် စဝါဗ်ရနိုင်မည့်အကြောင်းဖြစ်ပြီး၊ ကျန်းမာရေးအရကြည့်လျှင် အလွန်အကျိုးရှိသော ဝိသေသတစ်ခုဖြစ်ပေသည်။

မွတ်စ်လင်မ်တစ်ဦး နှာချေမိပါက အလ်ဟမ်ဒုလိလ္လာဟ် (اَلْحَمْدُ لِلّٰهِ) ဆိုပြီး စဝါးဗ်ရယူနိုင်သလို၊ ကြားသူကလည်း တဖန်ပြန်၍ ယရ်ဟမုကလ္လာဟ် (يَرْحَمُكَ اللّٰهُ) ဟု တုံ့ပြန်ဆိုခြင်းဖြင့် အကျိုးစဝါးဗ် ရယူဖို့ရာ ဝါဂျိဗ်တာဝန်တရပ် မဟုတ်ပါလား။

ထိုနှာချေခြင်းတွင် အတ္တဟိတအကျိုး (privately merit)၊ ပရဟိတအကျိုး (public merit) နှစ်မျိုးစလုံးကို အသင်တွေ့မြင်ရပေမည်။

ကိုယ်တော်မြတ်ကြီး ﷺ သခင် မွေးဖွားပြီးပြီးခြင်း စတင်နှာချေခဲ့သောအသံသည် အလ်ဟမ်ဒုလိလ္လာဟ် (اَلْحَمْدُ لِلّٰهِ) ဟူသောအသံ ထွက်ပေါ်ခဲ့သည်ဟု တချို့ပညာရှင်များက တင်ပြပေသည်။ ကိုယ်တော်သည် မွေးကင်းစအရွယ် စကားမပြောနိုင်သော်ငြားလည်း ကိုယ်တော်၏ နှာချေသံထွက်ရာတွင် အလ်ဟမ်ဒုလိလ္လာဟ် (اَلْحَمْدُ لِلّٰهِ) ဟူ၍ ကြားရခြင်းမှာ ကိုယ်တော်သည် မွေးကင်းစ အရွယ်မှစ၍ မိမိအရှင်သခင်အား ထောပနာမြွက်ဆိုခြင်းဖြစ်သူဟု လျှောက်လဲချက် ပေးကြပေသည်။ ထို့ကြောင့် သည်အရာအား ကိုယ်တော်၏ မွေးရာပါမြတ်သောဓလေ့တော်ဟု အသင်မှတ်ယူလိုက်ပါလေ။

သို့ပင်မက နှာချေပြီးသောအခါ၌ ဟမ်ဒ် (حَمْدُ) ဆိုခြင်းနှင့် တဖန်ရဟ်မသ်တော်ပို့၍ တုန့်ပြန်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ဓလေ့တော်ဖြစ်ကြောင်းကို ဟဒီးဆ်တော်တချို့က ထောက်ပြနေသေးပေသည်။ အလ္လာဟ်အရှင်မြတ်သခင်၏ တန်ခိုး အာဏုဘော်ဖြင့် အာဒမ် (عليه سلم) သခင်အား ဝိညာဉ်တော်မှုတ်သွင်းရာ နှာခေါင်းဖျားသို့ရောက်သော် အာဒမ်သခင်သည် နှာချေ၍ အသက်ဝင်လာပေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သခင်က အာဒမ်သခင်အား အမိန့်တော်ရှိလေသည်။ အိုး! အာဒမ် အသင် အလ်ဟမ်ဒုလိလ္လာဟိရဗ္ဗိလ်အာလမီးန် (ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَٰلَمِينَ) ဟု ရွတ်ဆိုပါလေ။ ထိုအခါ အာဒမ်သခင်က အလ်ဟမ်ဒုလိလ္လာဟ် (اَلْحَمْدُ لِلّٰهِ) ဟု ရွတ်ဆိုလေသည်။ အာဒမ်သခင်၏ ရွတ်ဆိုမှုပြီးသည့်နောက်တွင် အလ္လာဟ်အရှင်မြတ်သခင်က ယရ်ဟမုကလ္လာဟ် (يَرْحَمُكَ اللّٰهُ) ဟု အဖြေပြန်ကြားပေးတော်မူလေသည်။

 နှာချေရခြင်း၏ အကြောင်းတရားများ 

နှာချေရခြင်း၏ အကြောင်းတရားနှင့် အကျိုးတရားသည် ဒွန်တွဲလျက်ရှိနေပေသည်။ ထို့ကြောင့် သီးခြားမဖော်ပြလိုပါ။
  1. နှာချေလိုက်ခြင်းကြောင့် ဦးနှောက်အတွင်းရှိနေတတ်သော အညစ်အကြေးများ သန့်စင်သွားပေသည်။
  2. သာမန်နှာချေခြင်းသည် ဦးနှောက်မှတ်ဉာဏ်အား ကောင်းမွန်စေသည်။
  3. နှာချေခြင်းသည် အာရုံကြောအားနည်းမှုကို ကာကွယ်ပေးသည်။
  4. ဦးနှောက်အား ပေါ့ပါးသွက်လက်စေသည်။
  5. နှာချေပြီးနောက် လန်းဆန်းမှုကို ပေါ်ပေါက်စေသည်။
ထို့ကြောင့် ကျနုပ်တို့သည် နှာချေပြီးနောက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်သည့်အနေဖြင့် ယရ်ဟမုကလ္လာဟ် (يَرْحَمُكَ اللّٰهُ) ဟု ရွတ်ဆိုကြရခြင်း ဖြစ်ပါသည်။

အထက်ဖော်ပြပါ အချက်(၅)ချက်သည် ကျနော်စာရေးသူအနေဖြင့် လေ့လာရသလောက်၊ ဉာဏ်မှီသလောက် တင်ပြလိုက်သော နှာချေခြင်း၏ အကြောင်းတရားနှင့်အကျိုးတရားများသာ ဖြစ်ပေသည်။

 စာရေးသူဖက်မှ ပီယဝါစာ လက်ဆောင်မွန် 

ကျနော်၏ ဆရာသခင်ကြီးဖြစ်သော ဟဇရသ်မောင်ဝ်လာနာ မွဖ်သီ ယူစွဖ် (သောဝ်လဝီ) ဆပ်အား ကျနော်တို့ကျောင်းသားများအနေဖြင့် မေးမြန်းဖူးသည်မှာ “ ဆရာကြီး ကျနော်တို့ နှာချေလျှင် ဘာလို့ ယရ်ဟမုကလ္လာဟ် ဖတ်ရတာလဲ ” ဆိုတော့ ဆရာကြီးက ဖြေကြားသည်မှာ “ ကျောင်းသားတို့ နှာချေကြတဲ့အချိန်မှာ အသင်တို့မျက်နှာ အရမ်းလှသွားသလား၊ ဆိုးသွားသလား ” လို့ ပြန်မေးလေသည်။ ထိုအခါ ကျနော်တို့က “ နှာချေတဲ့အချိန်မှာ နဂိုရှိနေတဲ့မျက်နှာက ရှုံ့တွပြီး ရုပ်ဆိုးသွားပါတယ် ” လို့ ဖြေတော့ ဆရာကြီးက “ အေး နှာချေပြီးသွားရင်ကော မျက်နှာပုံက ဆိုးနေသေးလား၊ ပြန်ကောင်းသွားလား ” လို့ ပြန်မေးတာ့ ကျနော်တို့က “ ပြန်ကောင်းသွားပါတယ် ” လို့ ပြန်ဖြေလိုက်ကြတာပေါ့။ အဲတော့မှ ဆရာကြီးက “ အေးး နှာချေတဲ့အခါ ရုပ်ဆိုးနေပြီး၊ နှာချေပြီးသွားတော့ မင်းတို့မျက်နှာ လှလှလေးတွေကို ပြန်လည်ပိုင်ဆိုင်ရမှုအပေါ် မင်းတို့ အလ္လာဟ်ကို ကျေးဇူးမတင်သင့်ဘူးလား ” လို့ မေးတော့မှ ကျနော်တို့အားလုံး ပါးစပ်အဟောင်းသားနဲ့ နားလည်သွားကြပါတော့တယ်။

မိတ်ဆွေတို့...
ဘာမှတိုက်ဆိုင်မှုမရှိဘဲ တင်ပြလိုက်ရသော ဒီအကြောင်းအရာလေးဟာ မိတ်ဆွေများအတွက် လောကီ၊ လောကုတ္တရာ နှစ်ခုစလုံးရဲ့ စဝါးဗ်အပိုင်းအစလေး တစ်ခုတော့ ဖြစ်လောက်မယ် ထင်ပါရဲ့။

ပန်းပျိုးလက်

MOL-004 © အလင်းမျက်ဝန်း
[info title="ရင်ဖွင့်လွှာ" icon="info-circle"]» ဤအစီအစဉ်ပါ အကြောင်းအရာများသည် ပြင်ပကလောင်ရှင်များ၏ ပေးပို့ချက်အား ဖော်ပြခြင်းဖြစ်ပြီး အလင်းမျက်ဝန်း၏ မူဝါဒအာဘော်မဟုတ်ပါ။
» ဤ “ရင်ဖွင့်လွှာ” အစီအစဉ်သို့ စာရေးသားပေးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
» စာရေးသားပေးပို့နိုင်ရန် အောက်ပါ Link တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။
http://www.alinmyetwyun.com/2017/06/MOL.html[/info]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat