ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မေးမြန်းအဖြေရှာ (အတွဲ-၀၁၉)

[2column][content]
 (မေးခွန်း-၁) 

အတ်စ္စလားမုအလိုင်းကွန်းမ်။ အလင်းမျက်​ဝန်းရဲ့အား​ပေးသူတ​ယောက်​ပါ။
  1. စဲရီစားချိန်​ စဲရီထစားလိုက်​ပါတယ်။ စားပီး​တော့ ဖဂျရ်​သွားပါတယ်​။ ဖဂျရ်​ကပြန်​လာပီးတဲ့ထိ စဲရီနီယသ်​ဒိုအာ မဖတ်​ရ​သေးပါဘူး။ အိပ်​ယာထဲ ဟို​တွေးဒီ​တွေးနဲ့ မဇီ ထွက်​သွားပါတယ်​။ ပီး​တော့မှ စဲရီနီယသ်​ချီမိပါတယ်​။ ဒါဆို ရိုဇာ ပိုင်​မလား မပိုင်​ဘူးလား သိချင်​ပါတယ်​။ အကယ်​၍ အဲ့လိုမျိုး​ကြောင့်​ ပျက်​တဲ့ရိုဇာကို ဘယ်လို အစားပြန်​ဖြည့်​ရမလဲ သိချင်​ပါတယ်​။
  2. ဦးထုပ်​မပါဘဲ နမားဇ်​ဖတ်​ရင်​ ဘယ်လို ပဉာတ်​ချက်​​တွေ ရှိပါသလဲ သိချင်​ပါတယ်​။
ကိုအာကာ (ရန်ကုန်)

 (အဖြေ-၁) 

ဦးစွာ စလာမ်ပြန်လိုက်ပါတယ်။ အလင်းမျက်ဝန်းကို အားပေးတောသိရလို့ ကျေးဇူးတင် ဂုဏ်ယူပါတယ်။

ဦးစွာပထမ နိယသ်အကြောင်း ပြောပြပါရစေ။ နိယသ်ဆိုတာ ဒုအာ မဟုတ်ပါ။ ရည်စူးချက်၊ ရည်ရွယ်ချက်ကို ခေါ်တာ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုခုလုပ်ဖို့ စိတ်နှလုံးကနေ ရည်ရွယ်တာကို နိယသ်လို့ ခေါ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ ရမသွာန်လ ဝါပိတ်ချိန်၊ ဝါဖြေချိန် အချိန်ဇယားတွေမှာ နိယသ်ချည်ဖို့အတွက် အရဗီစာသားနဲ့ အသံထွက်ကို ထည့်ရေးထားကြပါတယ်။ အဲဒါကို လူတော်တော်များများက လွယ်လွယ်ကူကူ ဖတ်ရွတ်လိုက်ကြပါတယ်။ ဒါဟာ အလွန်မှကို လိုအပ်ပြီး မပြည့်စုံတဲ့ကိစ္စလို့ပြောရင် မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဘာလုပ်မယ်ဆိုတဲ့ အလုပ်ကို ရည်ရွယ်တဲ့အခါမှာ ကိုယ်ကိုယ်တိုင် နားမလည်တဲ့ ဘာသာစကားနဲ့ ပြောဆိုနေလို့ပါပဲ။ ဒါကြောင့် နောက်နောင် နိယသ်ချည်တဲ့အခါ အဲဒီအရဗီစာသားရဲ့ အဓိပ္ပာယ်ကို သိအောင်ကြိုးစားထားရပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်နားလည်တဲ့ မြန်မာစကားနဲ့ပဲ စိတ်နှလုံးထဲကနေ “ ကျွန်တော်မျိုး ဒီကနေ့ ရမသွာန်လရဲ့ စွောင်မ်ဥပုသ်တစ်ရက်ကို စောင့်ထိန်းပါမယ် ” လို့ ချည်လိုက်သင့်ပါတယ်။

မေးထားတဲ့မဆ်အလဟ်ဆီကို သွားကြရအောင်။

  1. ရိုဇာထားနေစဉ်မှာရော ရိုဇာမရှိနေချိန်မှာရော ဟိုတွေးဒီတွေး တွေးတာဟာ လုံးဝ မပြုပိုင်ကြောင်းကို (အတွဲ-၁၁၊ အဖြေ-၃ မှာ) ဖြေကြားခဲ့ဖူးပါတယ်။
  2. ဦးထုပ်မပါဘဲ စွလာသ်ဆောက်တည်တာဟာ ကုရ်အာန် (၇း၃၁) အရ မသင့်တော်ဘူးလို့ အာရှတိုက်ပညာရှင်တွေက ဆိုပါတယ်။
    • ဦးထုပ်နဲ့ စွလာသ်ဆောက်တည်ခြင်းကို စွန္နသ်အဖြစ် မှတ်ယူထားတဲ့ ပညာရှင်ကြီးတွေကတော့ ဦးထုပ်မပါဘဲဝတ်ပြုတာကို မက္ကရူးဟ်လို့ ဆိုကြပါတယ်။
    • ပညာရှင်အများစုကတော့ မွတ်စ်သဟဗ်လို့ သတ်မှတ်ထားတဲ့အတွက် မပါရင်လည်း စွလာသ်ကို မထိခိုက်ဘူး၊ မက္ကရူးဟ် မဖြစ်ပါဘူးလို့ မိန့်ကြားထားပါတယ်။



 (မေးခွန်း-၂) 

Assalamualikum

အလင်းမျက်ဝန်းကိုမေးချင်ပါတယ်။ စာကိုမပယ်ပါနဲ့နော်။

ကျွန်တော်က နိုင်ငံခြားမှာ အလုပ်လုပ်နေသူပါ။ တချို့ muslim တွေဟာ ဝက်သားကိုင်တွယ်ပြီး လုပ်စားနေကြပါတယ်။ မစားပေမယ့် ကိုင်ပါတယ်။ အဲဒါပိုင်ပါသလား သိချင်လို့ပါ။

Osman (ချီကာဂို-အမေရိကန်)

 (အဖြေ-၂) 

ဦးစွာ စလာမ်ပြန်ကြားလိုက်ပါတယ်။ အလင်းမျက်ဝန်းရဲ့ ပရိသတ်ကြီး မေးမြန်းလာတဲ့ စာတွေကို အတတ်နိုင်ဆုံး မပယ်ဘဲ ဖြေကြားပေးနေပါတယ်။

  • မိမိအလုပ်ပိုင်ရှင်ရဲ့ ဝက်သားကို ကိုင်တွယ်ခြင်း၊ ထုပ်ပိုးပေးခြင်း၊ ချိန်တွယ်ပေးခြင်း၊ ရောင်းချပေးခြင်း မပိုင်ပါ။ ဘာကြောင့်လဲဆိုတော့ အလ္လာဟ်အရှင်မြတ်က ဟရာမ်အဖြစ် သတ်မှတ်ထားတဲ့ အရာတစ်ခုခုရဲ့ အခကြေးငွေဟာလည်း ဟရာမ်ဖြစ်လို့ပါပဲ။
  • မပြုပိုင်တဲ့ ကိစ္စရပ်တိုင်းကို အားမပေးဖို့ ကုရ်အာန်ကျမ်းတော်မြတ် ( စူရဟ်-၅း အာယသ်-၂ ) မှာ ولا تعاونوا على الإثم والعدوان လို့ မိန့်ကြားထားပါတယ်။
  • မွတ်စ်လင်မ်ဟာ ဒီလိုမျိုး လုပ်ငန်းကနေ အလွန်ဝေးဝေး ရှောင်ကြဉ်သင့်ပါတယ်။

[/content][content]
 (မေးခွန်း-၃) 

အတ်စလာမ်မို့အလိုင်းကွမ်း
ကွမ်းယာရောင်းခြင်း၊ ကွမ်းယာစားခြင်းနဲ့ပက်သက်လို့ အမိန့်ပဉာက်ချက် ဘယ်လိုရှိသလဲဆိုတာလေး ရှင်းပြပေးပါခင်ဗျာ။
နေဇော်ထက် (ကန့်ဘလူ)
ဝေယံစိုး (ကန့်ဘလူ)
 (အဖြေ-၃) 

ဦးစွာ စလာမ်ပြန်ကြားလိုက်ပါတယ်။
  • ကွမ်းရွက်ကို စားတာ၊ ဆေးဖော်တာ စတဲ့ ကိစ္စပေါင်းမြောက်မြားစွာမှာ အသုံးပြုနေကြပါတယ်။ ဒီကနေ့ထိ အရဗ်ကမ္ဘာက ပညာရှင်တွေရော အရဗ်မဟုတ်တဲ့ တခြားကမ္ဘာက ပညာရှင်တွေပါ ကွမ်းရွက်ကို ဟရာမ်လို့ မပြောထားပါဘူး။ တကယ်လည်းပဲ ကွမ်းရွက်ဟာ ဟရာမ် မဟုတ်ပါဘူး။ အရဗ်ဒေသက ကမ္ဘာလှည့် သမိုင်းပညာရှင်ကြီး အိဗ်နုဗသူသွာကလည်း သူအိန္ဒိယတိုင်းပြည်ရောက်တဲ့အခါ အိန္ဒိယသားတို့ရဲ့ ကွမ်းဓလေ့ကို ဖော်ကျူးရေးသားထားပါတယ်။ မြန်မာ့ရိုးရာလို့လည်း မြန်မာပြည်သူတွေက ဆိုကြပြန်ပါတယ်။
  • ဒါပေမဲ့ ကွမ်းယာရောင်းတာ၊ ကွမ်းယာစားတာ စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ အမိန့်ပဉာတ်ချက်ကို မေးမြန်းလာတဲ့အပေါ် အများ သုံးသပ်တတ်အောင် ကွမ်းယာနဲ့ပတ်သက်တဲ့တချို့အသိပညာ ဗဟုသုတလေးတွေကို ပြန်လည်မျှဝေလိုက်ပါ့မယ်။ ကိုယ်တိုင်ဆုံးဖြတ်လို့ရအောင်ပါ။ မောင်ခြိမ့်ရေးသားတဲ့ ကျန်းမာရေးဆောင်းပါးကိုလည်း မှီငြမ်း ဖော်ပြပေးခြင်း ဖြစ်ပါတယ်။
ကျနော်ကွမ်းစားတဲ့အချိန်မှာ အိန္ဒိယကလာတဲ့ ဆစ်ဂနယ်လို့ခေါ်တဲ့ 350 ဆေး၊ ဟန်ဒရက်လို့ခေါ်တဲ့ 100 ဆေး၊ နိုင်တီတူးလို့ခေါ်တဲ့ 92 ဆေး စသည်တို့နဲ့ ရောနှောစားခဲ့တာ မဟုတ်ဘဲ ဗမာဆေးရွက်ကြီးနဲ့ စားခဲ့တာပါ။ ကွမ်းယာဆိုတာ ကွမ်းရွက်၊ ကွမ်းသီးနဲ့ ထုံး (၃) မျိုး ပေါင်းပြီး စားရင်တောင်မှ လူကိုတက်ကြွလန်းဆန်းစေတဲ့ဓာတ်သဘောမျိုး ဖြစ်စေပါတယ်။ Research လုပ်သူများရဲ့ အဆိုအရ ကွမ်းသီးမှာက ဆေးလိပ်လို စွဲလမ်းစေတဲ့ဓာတ်တစ်ခု ပါဝင်ပါတယ်။ အဲဒီဓာတ်သဘောတရားက ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ပန်ကရိယတို့ကို နှိုးဆွ အလုပ်လုပ်စေတတ်ပါတယ်။ ဒါ့အပြင် ကွမ်းသီးနဲ့ထုံးတို့ ဓာတ်ပြုပြီးထွက်လာတဲ့ oxidant ဟာ ပါးစပ်ကင်ဆာ ဖြစ်စေပါတယ်။ ဒါ့အပြင် အဲဒီကွမ်းယာထဲမှာပါတဲ့ ထုံးဟာ မလိုလားအပ်ဘဲ ဆဲလ်တွေကို ပွားများစေလို့ ကင်ဆာဖြစ်နိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။

အခုပြောပြခဲ့သလို ကွမ်းသီး၊ ကွမ်းရွက် နဲ့ ထုံး (၃) မျိုးတည်းသာ စားသုံးတဲ့လူမှာ ပါးစပ်ကင်ဆာ ဖြစ်နိုင်ချေ များနေချိန်မှာ ဒီထက်ပိုပြီး ဗမာဆေး၊ ဆစ်ဂနယ်၊ 92၊ 100 စတဲ့ ဆေးမျိုးစုံတွေထည့်ပြီး စားသုံးလိုက်တယ်ဆိုရင်တော့ ပိုပြီးတော့ ပါးစပ်ကင်ဆာ ဖြစ်ပေါ်လာဖို့ ပိုများလာတာပါပဲ။

ဒီထက်ပိုပြီး ဖြစ်တာကတော့ ကွမ်းယာထဲမှာ ထည့်သွင်းပြီးစားတဲ့ ဆေးတွေဟာ ဆေးလိပ် (စီးကရက်) ထဲမှာ ထည့်တဲ့ဆေးတွေကို အနံ့၊ အရသာတွေပြောင်းပြီး ထည့်သွင်းထားတာပါ။ ကွမ်းယာတစ်ယာမှာ အဲဒီဆေးတွေကို စီးကရက် တစ်လိပ် (သို့မဟုတ်) တစ်ဝက်ခန့် ထည့်သွင်းပြီး စားသုံးတယ်ဆိုရင်ပဲ တစ်နေ့ကို ကွမ်းယာပေါင်း (၂၀) ယာကနေ (၃၀) ယာအထိ စားသောက်သူဆိုတာ တစ်နေ့ကို စီးကရက်တစ်ဗူး (သို့မဟုတ်) တစ်ဗူးခွဲ သောက်သုံးနေသူလို့ ဆိုလို့ရပါတယ်။

ဆေးလိပ်ရဲ့ ဆိုကျိုးလိုပဲ ကွမ်းယာထဲဆေးထည့်စားတဲ့သူအတွက် ဆိုးကျိုးတွေကတော့...
(၁) ပုံမှန်လူတွေထက် (၂၂) ဆ ပိုပြီး ကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။
(၂) အသက် (၃၀) မှ အသက် (၅၀) အတွင်း နှလုံးရောဂါနဲ့ အသက်ဆုံးရှုံးဖို့ ပိုများပါတယ်။
(၃) ဒါ့အပြင် လေဖြတ်၊ သွေးတိုး စတဲ့ရောဂါတွေဖြစ်ဖို့ သာမန်လူထက် နှစ်ဆခန့် ပိုများပါတယ်။
(၄) အသက်ရှုလမ်းကြောင်းနဲ့ လည်ချောင်းကင်ဆာဖြစ်ပွားနိုင်ပါတယ်။

မသိသာတဲ့ ဆိုးကျိုးတွေကတော့...
(၁) ကွမ်းစားတဲ့သူများက ပါးစပ်မှာ အရောင်တွေ စွဲကျန်ရစ်ပြီး သွားများကိုလည်း ညစ်ထေးစေပါတယ်။
(၂) သွားဖုံးများကိုလည်း အလျင်အမြန် ပျက်စီးစေပြီး အသက်အရွယ်မရောက်ခင်မှာ သွားများကျိုးစေပါတယ်။
(၃) ကွမ်းစားသူများဟာ ချွေးထွက်များပြီး ခန္ဓာကိုယ်အနံ့ဆိုးကို ဖြစ်ပေါ်စေတယ်။
(၄) ကွမ်းထဲမှာ ပါဝင်တဲ့ထုံးဓာတ်က ကိုယ်ခန္ဓာထဲရောက်သွားပြီး ကျောက်ကပ်ကို ပျက်စီးစေပါတယ်။

လွန်ခဲ့တဲ့တစ်ရက်ကပဲ အွန်လိုင်းကြော်ငြာသတင်းတစ်ခုမှာ တွေ့လိုက်တာက ကွမ်းယာကို တစ်နေ့ (၁၅၀၀) ကျပ်ဖိုး (ကွမ်းယာဈေးက ဒေသအလိုက်ကွဲပြားတာမို့ အယာဘယ်လောက်မှန်းတော့ ကျွန်တော်မသိပါ) ခန့် နေ့စဉ်စားသုံးလို့ ပါးစပ်ကင်ဆာဖြစ်တယ်ဆိုတာ ကြည့်လိုက်ရပါတယ်။

မျက်စိထဲမြင်အောင် ပြောရရင် ပါးတစ်ခြမ်းကချိုင့်ဝင်နေတာဟာ အရိုးခေါင်းကိုလူရေခွံအုပ်ထားရုံလောက်ကို ချိုင့်ခွက်နေပါတယ်။ မျက်လုံးတစ်လုံးက အကြောလိုက်ပြီး ပိတ်နေပါတယ်။ တော်တော်လေးကို ဆိုးဝါးစွာ ဖြစ်နေတဲ့ မြန်မာလူမျိုးတစ်ယောက်ကို တွေ့လိုက်ရတာပါပဲ။

တစ်ခါတလေမှာ တန်ဆေးလွန်ဘေးဆိုတာ ရှိပါတယ်။ တစ်နေ့ ကွမ်း (၁၅၀၀) ကျပ်ဖိုး ကုန်အောင်စားသုံးနေတဲ့သူက သူရဲ့ပါးစပ်ထဲမှာ အဆက်မပြတ် ထည့်ထားပုံရပါတယ်။ ထိုကဲ့သို့ စွဲလမ်းမှုမျိုး ဖြစ်လာရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆေးပြတ်အောင် ကုသသင့်ပါတယ်။

အထက်ပါ တင်ပြချက်ကို ကြည့်ပြီး သုံးသပ်ပါလို့ ကျနော်တို့ အလင်းမျက်ဝန်းက ဖြေကြားပါရစေ။ ကွမ်းနဲ့ပတ်သက်ပြီး ဖြေကြားထားတဲ့ အိန္ဒိယနိုင်ငံက ဖသ်ဝါတစ်ခုကို ဖတ်ရပါတယ်။ ان شاء الله ﺗﻌﺎﻟﯽٰ ပြန်လည်ရှာဖွေပြီး ဖော်ပြပေးသွားပါ့မယ်။
[/content][/2column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat