Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မေးမြန်းအဖြေရှာ (အတွဲ-၀၂၀)

[3column][content]
 (မေးခွန်း-၁) 

ဒီတ​ဇောင်းခါးသီးက မစားရဘူးလို့ ​ပြော​နေကြပါတယ်​။ ဂျဟနမ်းက အပင်​လို့​ ပြော​နေကြလို့ပါ။ စား​ကောင်းလာဆိုတာ သိချင်​လို့ပါ။ ​ကျေးဇူးပြု၍​ ပြန်​​ဖြေ​ပေးပါဆရာ။

ချယ်ရီလေး (ပြင်ဦးလွင်)
 (အဖြေ-၁) 
  • တဇောင်းခါးသီးဟာ ဟင်းသီးဟင်းရွက်အဖြစ် စားသောက်တဲ့ အစားအစာလား? ဆေးဖက်ဝင် အပင်မျိုးလားဆိုတာ တိတိကျကျ မသိသေးပါဘူး။ လေ့လာနေဆဲပါ။
  • မေးမြန်းသူရဲ့ မေးခွန်းအရ လူတချို့က မစားရဘူးလို့ ပြောနေကြောင်းနဲ့ ဂျဟန္နမ်က အပင်ဖြစ်လို့ဆိုတဲ့အကြောင်းတွေ ပါရှိပါတယ်။
  • ဒီနေရာမှာ ပထမဦးဆုံး ပြောပြလိုတာကတော့ ဂျဟန္နမ်မှာ ပေါက်တဲ့အပင်ဟာ ဇက္ကူးမ်ဆိုတဲ့ အပင်ပါ။ မြန်မာလို ရှားစောင်းကြီးပင်လို့ ပြန်ဆိုကြပါတယ်။ အပြစ်ကျူးလွန်သူတွေရဲ့ အစားအစာဖြစ်ပါတယ်။ စွယ်စုံဆိုးဝါးတဲ့ အပင်တစ်မျိုးပါ။ ဒီအပင်ကို ဖန်ဆင်းရခြင်းကိုက လူဆိုးလူသွမ်းတွေကို စားခိုင်းပြီး အပြစ်ဒဏ်ခတ်ဖို့ပဲ ဖြစ်ပါတယ်။ ကုရ်အာန် (၄၄း၄၃)၊ (၄၄း၄၄)၊ (၄၄း၄၅)၊ (၄၄း၄၆) နဲ့ (၅၆း၅၁)၊ (၅၆း၅၂)၊ (၅၆း၅၃)၊ (၅၆း၅၄)၊ (၅၆း၅၅)၊ (၅၆း၅၆) တို့မှာ လေ့လာနိုင်ပါတယ်။ အဲဒီ ကုရ်အာန်ကျမ်းတော်လာ ဇက္ကူးမ်အပင်ဟာ တဇောင်းခါးသီး အပင်မဟုတ်ဘူးဆိုတာကတော့ အသေအချာပါ။ ဒါကြောင့် တဇောင်းခါးသီးဟာ ဂျဟန္နမ်အပါယ်ငရဲက အပင်မဟုတ်ပါ။
  • ဒုတိယအနေနဲ့ ပြောပြရရင် ဘယ်အစားအစာမဆို လူကို အန္တရာယ်ဖြစ်ပေါ်စေမယ်၊ ပုပ်သိုးနေမယ်၊ ညစ်ညမ်းနေမယ်စတဲ့ မသန့်ပြန့်ခြင်း။ လူကို အဆိပ်သင့် ဘေးဥပါဌ် ဖြစ်စေခြင်းမျိုးနဲ့ ကြုံကြိုက်စေမယ်ဆိုရင်တော့ ဒီအပင်မှ မဟုတ်ပါဘူး။ ဘယ်လို အစားအစာမျိုးမဆို စားသောက်ခွင့် မရှိပါဘူး။
  • မေးမြန်းသူရဲ့ ဗဟုသုတအရ ဒီတဇောင်းခါးသီးအပင်ကို ဘယ်လို အသုံးဝင်သလဲဆိုတာကို ချင့်ချိန်ပြီး သုံးစွဲစားသောက်သင့်ပါတယ်။ အလ္လာဟ်အရှင်မြတ် အသိတော်မူဆုံး ဖြစ်ပါတယ်။
[/content][content]
 (မေးခွန်း-၂) 

လာဘ်ပေးခြင်း၊ လာဘ်ယူခြင်းဟာ သာသနာ့ရှုထောင့်အရ ပြုပိုင်ပါသလား?

ဒေါက်တာ သန့်စိုးဦး

(တိမွေးကု-နေပြည်တော်)


 (အဖြေ-၂) 
  • အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့တစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေ။

  • မွန်မြတ်သန့်စင်လှတဲ့ အစ္စလာမ့် ရှရီအဟ် ပညတ်ချက်မှာ လာဘ်ပေး/လာဘ်ယူခြင်းကို အလွန်ကြီးလေးတဲ့ပြစ်မှုကြီးတစ်ခုလို့ သတ်မှတ်ထားပါတယ်။ ကုရ်အာန် (၅း၄၁) နဲ့ (၂း၁၈၈) တို့မှာ ဖော်ပြထားပါတယ်။

  • သာဝကကြီး အဗ်ဒွလ္လာဟ်ဗင်န်အုမရ် رضي الله عنه ရဲ့ ဆင့်ပြန်ချက်မှာ တမန်တော်မြတ် صلى الله عليه وسلم ဟာ လာဘ်ပေးသူနဲ့ လာဘ်ယူသူနှစ်ဦးစလုံးကို အလ္လာဟ်အရှင်မြတ်ရဲ့ ကရုဏာတော်ကနေ ကင်းဝေးပါစေသားလို့ မိန့်ခြွေတော်မူခဲ့ပါတယ်။ ဒီအကြောင်းကို သိရ်မိဇီကျမ်းမှာ ဖော်ပြထားပါတယ်။

  • သို့သော် မိမိရပိုင်ခွင့်တစ်ခုကို ပြန်လည်ရယူဖို့၊ မတရားမှုတစ်ခုကို တွန်းလှန်ဖို့၊ နစ်နာဆုံးရှုံးမှုကြီးကို ကယ်တင်ပေးဖို့ လာဘ်ပေးခဲ့ရတာဆိုရင်တော့ လာဘ်ပေးလိုက်ရသူမှာ အပြစ်မထိုက်ဘဲ လာဘ်ယူသူသာ အပြစ်ထိုက်မယ်လို့ ခြွင်းချက်အနေနဲ့ ဖော်ပြကြပါတယ်။

[/content][content]
 (မေးခွန်း-၃) 

သာသနာအတိုင်း နေကာဟ်တော့ ဖတ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ဘာသာအတိုင်း မင်္ဂလာဆွမ်းလဲ ကျွေးပါတယ်။ ပေါင်းသင်းကြတဲ့အခါမှာလည်း သူက သူဘာသာတရားနဲ့သူနေပြီး ကိုယ်ကလည်း ကိုယ့်ဘာသာတရားနဲ့ကိုယ် နေလို့ ရပါသလား။
တုန်တုန် (ရမည်းသင်း)
 (အဖြေ-၃) 
  • နိကာဟ် လက်ထပ်ထိမ်းမြားခြင်းဆိုတာ ဒီဘဝမှာ လူနှစ်ဦးရဲ့ကြား ခိုင်မာတဲ့ နှောင်ကြိုးကို ချည်နှောင်လိုက်ခြင်းပါ။ ရုပ်ခန္ဓာပေါင်းစည်းခြင်းမှ နာမ်ပိုင်း၊ ဝိဉာဉ်ပိုင်း ပေါင်းစည်းမှုဆီသို့တိုင် ပို့ဆောင်ပေးပါတယ်။ နိကာဟ်ရဲ့ ဗရကသ်နဲ့ အကြင်လင်မယားနှစ်ဦးကြား ချစ်ခင်မှု၊ ကြင်နာမှု၊ ယုယမှု၊ ညှာတာမှု၊ အေးအတူပူအမျှဖြစ်မှု စတဲ့ ချစ်စဖွယ်စာရိတ္တများ၊ ကောင်းမြတ်တဲ့ ကျင့်မူယာများ ဖြစ်ပေါ်လာပါတယ်။ တခြား ကိစ္စတစ်ခုခုနဲ့ မရနိုင်တဲ့ နီးစပ်မှုမျိုးဟာ နိကာဟ်ကြောင့် ရရှိနိုင်ပါတယ်။ လင်နဲ့မယား အပြန်ပြန် အလှန်လှန် ဝတ္တရားတွေ ပေးဆပ်ဖြစ်ကြတော့တယ်။
  • ဒါကြောင့်မို့ပဲ ကုရ်အာန်ကျမ်းတော်က ဒီဆက်နွယ်မှုကို အနုစိတ်သော၊ အမြင့်မားဆုံးသော ပုံဖော်မှုနဲ့ ပုံဖော်ပြထားပါတယ်။ အဲဒါကတော့ တည်ငြိမ်မှု၊ ခိုလှုံရာလို့ ကင်ပွန်းတပ် မိန့်ကြားထားခြင်းပါ။ ကုရ်အာန် (၃၀း၂၁) မှာ လေ့လာနိုင်ပါတယ်။
  • ဒါကြောင့် အလွန်မှ မွန်မြတ်ထူးကဲတဲ့ ကဏ္ဍကြီးတစ်ရပ်ကို အကောင်အထည် ဖော်ဖို့ဆိုတာ ဘာသာအယူဝါဒ မတူသူ နှစ်ဦးကြား တော်တော်မှကို ခဲယဉ်းတဲ့ ကိစ္စတစ်ရပ်ပါ။ အချစ်တစ်ခုတည်းနဲ့လည်း ဘဝကို ပုံဖော်လို့ မရနိုင်ပါ။
  • အစ္စလာမ့်ဓမ္မအတိုင်း ဖြေကြားရရင်…..
    • မွတ်စ်လင်မ် အမျိုးသမီးတစ်ဦးဟာ တခြားဘယ်သာသနာဝင်ဖြစ်ဖြစ် မွတ်စ်လင်မ်မဟုတ်သူ တစ်ဦးနဲ့ လက်ထပ်ထိမ်းမြားခွင့် လုံးဝ မရှိပါဘူး။ ကုရ်အာန် (၇း၂၂၁) အရပါ။ နောက်ပြီး ဘာသာခြားတစ်ဦးရဲ့ လွမ်းမိုးမှုဟာ မွတ်စ်လင်မ်မိန်းကလေးအပေါ် လုံးဝ မဖြစ်သင့်ရုံမက (ကုရ်အာန် ၄း၁၄၁) တစ်ခါတရံ သာသနာကို စွန့်ခွာသွားရတဲ့ အဖြစ်မျိုး၊ ပေါ့ပေါ့ပျက်ပျက် မှတ်ယူကျင့်သုံးရတဲ့ အဖြစ်မျိုးနဲ့ ကြုံကြိုက်ရပါတယ်။ ကုရ်အာန် (၂း၂၂၁)
    • ဒါကြောင့် နိကာဟ်လည်းဖတ်တယ်၊ ဆွမ်းလည်းကျွေးတယ်ဆိုတာမျိုးကို ဖြစ်မလာတော့ပါ။ အလ္လာဟ်အရှင် မလုပ်ပါစေနဲ့။ ဒီလို လက်ထပ်ခြင်းမျိုး ဖြစ်လာခဲ့ရင်လည်း အဲဒီလိုလက်ထပ်ခြင်းကို အစ္စလာမ်က အတည်ပြုလက်ခံခြင်း မရှိပါ။ ဒီလိုအဖြစ်မျိုးမှ အလ္လာဟ်အရှင် ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေ။
[/content][/3column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat