Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မေးမြန်းအဖြေရှာ (အတွဲ-၀၂၁)

[3column][content]
 (မေးခွန်း-၁) 
ညဘက် လက်သည်းညှပ်ရင် မကောင်းဘူးလို့ လူကြီးတချို့က ပြောကြပါတယ်။ ကျွန်တော်ကြားဖူးတာက ကြာသာပတေးညနဲ့ သောကြာမနက် ညှပ်မယ်ဆိုရင်ပိုကောင်းတယ် ကြားဖူးလို့ပါ။ အဲလိုပဲ မဂ်ရိဗ်အချိန် တံမြက်စီးလှဲတာ၊ တံခါးဝကို ကန့်လန့်လှဲလျောင်းတာ အဲဒါတွေလည်း မကောင်းဘူးလို့ ပြောပါတယ်။ ဟုတ်ပါသလား။ အမှားပါရင် မားဖ်လုပ်ပါ။
မိုဟမ္မဒ် အနက်စ် (ရန်ကုန်)
 (အဖြေ-၁) 

ကျနော်တို့ရဲ့ မွန်မြတ်ထူးကဲသန့်စင်လှတဲ့ အစ္စလာမ်သာသနာတော်ကြီးမှာ တချို့သော အပြုအမူ၊ လုပ်ဆောင်ချက်ကလေးများကို မွတ်စ်လင်မ်တိုင်း တစ်ပြေးညီပြုလုပ်ဖို့ သတ်မှတ်ထားပါတယ်။ အဲဒီလိုအမူအကျင့်၊ လုပ်ဆောင်ချက်တွေထဲမှာ လက်သည်း၊ ခြေသည်း ညှပ်ခြင်းလည်း ပါဝင်ပါတယ်။

ဗုခါရီနဲ့မွတ်စ်လင်မ်ကျမ်း နှစ်စောင်မှာ သာဝကကြီးအဗူဟုရိုင်ရဟ် رضي الله عنه ရဲ့ ဆင့်ပြန်ချက်လာရှိပါတယ်။ တမန်တော်မြတ် ﷺ မိန့်မြွက်တော်မူပါတယ်။ ငါးခုသောအရာဟာ သဘာဝတရားကြီးဖြစ်တဲ့ အစ္စလာမ်ထဲကဖြစ်တယ်။ (၁) ခသ်နာ (အရေပြားသန့်စင်မင်္ဂလာ)၊ (၂) ချက်အောက်မွေးသန့်စင်ခြင်း၊ (၃) လက်သည်းခြေသည်းညှပ်ခြင်း၊ (၄)ချိုင်းမွေးနှုတ်ခြင်းနဲ့ (၅) နှုတ်ခမ်းမွေးညှပ်ခြင်းတို့ ဖြစ်ပါတယ်။
  • မေးမြန်းချက်ကို ဖြေကြားရရင်တော့ ကျနော်တို့ကိုယ်တိုင် သာသနာ့အထောက်အထားတစ်ရပ်ရပ်မှာ လက်သည်းခြေသည်း ဘယ်အချိန်ညှပ်ရမယ်လို့ သီးသန့်သတ်မှတ်ထားချိန်မျိုး ရှာမတွေ့ထားပါဘူး။ တစ်နည်း လက်သည်းခြေသည်းညှပ်ချိန် သတ်မှတ်မထားပါဘူး။ အဆင်ပြေတဲ့အချိန် ညှပ်ခွင့်ရှိပါတယ်။ ညဥ့်အချိန် ညှပ်တာက ခိုက်တတ်တယ်၊ အပြစ်ဖြစ်တယ် စသဖြင့် ပြောတဲ့စကားတွေဟာ မှားပါတယ်။ မကောင်းနိမိတ်ကောက်ယူခွင့် မရှိပါဘူး။ သာသနာ့ပညာရှိ သုခမိန်ကြီးများကတော့ အထောက်အထားများတင်ပြပြီး ကြာသပတေးနေ့နဲ့ သောကြာနေ့နှစ်ရက်မှာ လက်သည်းခြေသည်း ညှပ်တာကို မွတ်စ်သဟဗ်လို့ သတ်မှတ်ထားကြပါတယ်။ တချို့ပညာရှင်တွေက ကြာသပတေးနေ့နဲ့ သောကြာနေ့ မွန်းမလွဲမီလို့ ပိုတိုးပြီး ဖော်ပြကြပါတယ်။ ရိအာယဟ်ကျမ်းမှာတော့ ကြာသပတေးနေ့ လက်သည်းခြေသည်းညှပ်ခြင်းဟာ တမန်တော်မြတ် ﷺ လုပ်တော်မူပြီး သာဝကကြီးအလီ رضي الله عنه ကိုလည်း အဲဒီနေ့ လက်သည်းခြေသည်းညှပ်ဖို့ အမိန့်ပေးတော်မူခဲ့တဲ့အတွက် မွတ်စ်သဟဗ်လို့ ဆိုပါတယ်။
  • အဲဒီလိုပါပဲ မဂ်ရိဗ်အချိန် တံမြက်စည်းလှဲတာကလည်း တားမြစ်ချက်တစ်စုံတစ်ခု လာရှိမထားပါဘူး။ နိုင်ငံတော်တော်များများမှာ မြူနီစပယ်/မြို့တော်စည်ပင်တွေဟာ အဲဒီမဂ်ရိဗ်အချိန်ကစလို့ တစ်ညလုံး တံမြက်စည်းလှဲ အမှိုက်သိမ်း စသဖြင့် လုပ်နေကြတာကိုတွေ့ရပါလိမ့်မယ်။
  • တံခါးဝ ကန့်လန့်အိပ်ခြင်းကတော့ လူအသွားအလာ ခက်ခဲစေလို့ မအိပ်သင့်ပါဘူး။ အလွန်အရေးကြီးလှတဲ့ စွလာသ် တာဝန်ကြီးကိုတောင် လူသွားရာလမ်းကိုပိတ်ပြီး ဝတ်ပြုရင် မက္ကရူဟ်ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် တံခါးဝကိုပိတ်ပြီး မအိပ်သင့်ပါဘူး။ ဒါပေမယ့် တံခါးဝပိတ်အိပ်လို့ ဟိုလိုဖြစ်တယ်၊ ဒီလိုဖြစ်တယ်ဆိုတဲ့ မကောင်းနိမိတ်ကတော့ လုံးဝကောက်ယူခွင့် မရှိပါဘူး။ ကောက်ယူနေတာတွေကလည်း အခြေအမြစ် မရှိပါဘူး။
[/content][content]
 (မေးခွန်း-၂) 

မိမိဘာသာ သတ်​​သေတဲ့သူအတွက်​ ဂျနာဇာနမားဇ်​ ဖတ်​​ပေးခြင်း ရပါသလား ​ပြောပြ​ပေးပါ။ ဂျမာအသ်​နဲ့ ဖတ်​​ပေးလို့ရလား ​မေးတာပါ။

ကို​လေး (တာချီလိတ်​)



 (အဖြေ-၂) 
  • မနုဿလူသားဟာ ကျန်သတ္တဝါတွေအားလုံးမှာ အသိဉာဏ်အကြီးမားဆုံး သတ္တဝါပါ။ ဘယ်သတ္တဝါမှ လူသားလောက် အသိဉာဏ်ကြီးမားစွာရှိနေတဲ့သတ္တဝါ မရှိပါဘူး။ ဒါကြောင့် လူကို အမွန်မြတ်ဆုံးလူသားလို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ထူးခြားအံ့အားသင့်ဖွယ်ရာက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သတ္တဝါဆိုလို့ လူတစ်မျိုးကိုပဲ တွေ့ရပါလိမ့်မယ်။ ကျန်တဲ့ အသိဉာဏ်မရှိပါဘူးဆိုတဲ့ သတ္တဝါတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ တွေ့ရမှာ မဟုတ်ပါဘူး။
  • ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဆိုတာ အလွန်ကြီးလေးတဲ့ ပြစ်မှုကြီးပါ။ မွတ်စ်လင်မ်ကျမ်းမှာ တမန်တော်မြတ် ﷺ ရဲ့ထံတော်ပါး မိမိကိုယ်ကို မြှားကိုင်းနဲ့ သတ်သေတဲ့ လူတစ်ဦးကို ခေါ်ယူလာခဲ့တဲ့အခါမှာ ကိုယ်တော်မြတ် ﷺ ဟာ ၄င်းသူကို ဂျနာဇဟ် ဝတ်ပြုမပေးခဲ့ပါဘူး။
  • အိမာမ် နဝ၀ီက ဒီဟဒီးဆ်တော်ကို ရှင်းလင်းတင်ပြရင်း မိန့်ကြားပါတယ်။ ဒီဟဒီးဆ်တော်မှာ လူတစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေရင် သူ့ကို ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ ဂျနာဇဟ်စွလာသ် ဝတ်ပြုမပေးဖို့ အထောက်အထားပါရှိပါတယ်။ တကယ်တော့ ဒါဟာ အုမရ်ဗင်န် အဗ်ဒွလ်အဇီးဇ်နဲ့ အိမာမ် အောင်ဇာအီတို့ရဲ့ လမ်းစဉ်ပါ။
  • အိမာမ်ကြီးလေးပါးဖြစ်တဲ့ အိမာမ်အဗူဟနီဖဟ်၊ အိမာမ်ရှာဖိအီ၊ အိမာမ်မာလိက်နဲ့ အိမာမ်အဟ်မဒ် အပါအဝင် ဟစန်ဗစွရီတို့၊ အိမာမ်နခအီတို့ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သူကို ဂျနာဇဟ် ဝတ်ပြုခွင့်ရှိကြောင်း ပြဌာန်းကြပါတယ်။ အထက်ပါ ဟဒီးဆ်တော်မှာ ကိုယ်တော်မြတ် ﷺ က လူတွေကို သတိသံဝေဂတရားရဖို့နဲ့ နောက်နောင် ဒီလိုလုပ်ရပ်မျိုးကို မလုပ်ဖြစ်ရလေအောင် မိမိကိုယ်တိုင် ဂျနာဇဟ် စွလာသ်ဝတ်ပြု မပေးခဲ့ခြင်းဖြစ်ကြောင်းနဲ့ စွဟာဗဟ် သာဝကကြီးများက ၄င်းသူကို ဝတ်ပြုပေးခဲ့ကြကြောင်း ရှင်းလင်းဖော်ပြပေးကြပါတယ်။
  • ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသူအပေါ် ဂျနာဇဟ်စွလာသ်ဝတ်ပြုခွင့် ရှိပါတယ်။ ဒါပေမယ့် နောက်လူတွေကို ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ကြောက်ရွံ့စိတ်၊ ရွံရှာစိတ်ဖြစ်ပေါ်ရအောင် အထင်ကရ ပုဂ္ဂိုလ်ကြီးများ၊ အိမာမ်အကြီးအကဲများနဲ့ မြို့တော်ဝန်၊ တရားသူကြီးစတဲ့ ပုဂ္ဂိုလ်ကြီးများအနေနဲ့ ကိုယ်တိုင် ဂျနာဇဟ် ဝတ်ပြုမပေးဘဲ တခြားသူတွေက ဂျနာဇဟ်ဝတ်ပြုပေးလိုက်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသူဟာ အပြစ်ကြီးကို ကျူးလွန်လိုက်သူဖြစ်ပေမယ့် ကာဖိရ် မဟုတ်ပါဘူး။ ကာဖိရ်ဖြစ်မသွားပါဘူး။ ဒါကြောင့် ကဖန်၊ ဒဖန်လုပ် ရေချိုးခြင်း၊ မြှုပ်နှံခြင်း စတာတွေကို လုပ်ပေးရပါမယ်။ မွတ်စ်လင်မ် သင်္ချိုင်းမှာပဲ မြှုပ်နှံပေးရပါမယ်။
အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်တို့တစ်တွေကိုရော သားစဉ်မြေးဆက်ကိုပါ ဒီလိုအဖြစ်မျိုးမှ ထိန်းသိမ်းတော်မူပါ။ အာမီးန်။


[/content][content]
 (မေးခွန်း-၃) 

အိမ်​​ထောင်​တစ်ခုမှာ တစ်ဖက်​နဲ့တစ်ဖက်​ ဘယ်​လိုမှ အဆင်​​ပြေ​အောင်​​ ပြောလိုမရ​တော့လို ​​ယောက်​ကျားဖြစ်​တဲ့သူက မိန်းမက​လေးမိဘ​တွေ​တောင်းတဲ့ ငါသမီးကို သွလာက်​​ပေးဆိုလို့ ​ယောက်​ကျား​လေက မ​ပေးချင်းပေမယ့် ပြဿနာ​တွေ ခန​အေးသွားပါ​စေဆိုပြီး စာချုပ်​ရဲ့ လက်​မှက်​ထိုးရမယ်​​နေရာမှာ insharallah ဆိုပြီး ထိုး​ပေးလိုက်​တယ်။

အဲတာ သွလာက်​ အထ​မြောက်​လားလို့ ​မေးတာပါ။ ​ကျေးဇူးပြုပြီး​ဖြေ​ပေးပါ။

ယောက်ျားက လုံးဝ ​ပေးချင်​တဲ့ဆန္ဒ မရှိခဲ့ဘူး။ ဆရာတ​ယောက်​ရဲ့ အကြံပြုမူ​ကြောင့် လုပ်ဖြစ်ခဲ့ပါတယ်။

ဒီကိစ္စကို ကျနော်အသိဆုံးဖြစ်​ပါတယ်။ အလ္လာအရှင်​မြတ်​ သက်​​သေရှိပါတယ်။

မောင်​​ကျော်​ဦး (တာ​မွေမြို့နယ်​)



 (အဖြေ-၃) 

  • မေးခွန်းအရ ဆရာတစ်ယောက်ရဲ့ အကြံပေးမှုနဲ့ အကြင်လင်မယား ကွာရှင်းပြတ်စဲခြင်းစာချုပ်မှာ လက်မှတ်ရေးထိုးတဲ့အခါ “ အင်န်ရှာအလ္လာဟ် ” ဆိုတာကို ရေးပြီး လက်မှတ်ရေးထိုးခဲ့လိုက်တဲ့အပေါ် သွလာက် အထမမြောက်ပါဘူး။ တစ်နည်း သွလာက်မကျပါဘူး။

  • လူတစ်ယောက်ဟာ မိမိဇနီးသည်ကို “ အင်န်ရှာအလ္လာဟ်၊ နင့်ကို သွလာက် ” လို့ ပြောပြော၊ “ နင့်ကို သွလာက်၊ အင်န်ရှာအလ္လာဟ် ” လို့ ပြောပြော တစ်ဆက်တည်း “ အင်န်ရှာအလ္လာဟ် ” ပြောတဲ့အပေါ် သွလာက်မကျပါဘူး။ ဒီလိုပဲတစ်ခါတည်း “ အင်န်ရှာအလ္လာဟ် ” လို့ ထည့်ရေးတဲ့အပေါ် သွလာက်မကျပါဘူး။

  • ဟဒီးဆ်တော်မှာ အကြင်မည်သူမဆို သွလာက်ပေးရင်း (သို့မဟုတ်) ကျွန်ကိုသူကောင်းပြုရင်း တစ်ဆက်တည်း “ အင်န်ရှာအလ္လာဟ် ” လို့ ဆိုခဲ့ရင် သူ့ရဲ့ သွလာက် (သို့မဟုတ်) ကျွန်သူကောင်းလုပ်ခြင်းဟာ အထမမြောက်ပါဘူးလို့ လာရှိထားပါတယ်။

  • အလ္လာဟ်အရှင်မြတ် အရွံ့မုန်းဆုံးသော ဟလာလ်ဟာ သွလာက်လို့ ဟဒီးဆ်တော်မှာ လာရှိထားတဲ့အတွက် အတတ်နိုင်ဆုံး လင်ခန်းမယားခန်း ကွာရှင်းပြတ်စဲမှုတွေကို မဖြစ်ရအောင် နှစ်ဖက်မိဘတွေအနေနဲ့ ဆောင်ရွက်သင့်ပါတယ်။

  • ယနေ့အချိန်ကာလမှာ ဇေနာတွေ များလာနေပါတယ်။ ဒါကြောင့် နိကာဟ်တွေ ပေါများလာဖို့နဲ့ ဖြစ်ပြီးသားနိကာဟ်တွေကို ပြီးစလွယ် မဖြစ်ရလေအောင် လူကြီးမိဘတွေကိုယ်တိုင် ဆောင်ရွက်သင့်ကြောင်း ကျနော်တို့ အလင်းမျက်ဝန်းက အကြံပြုလိုက်ပါတယ်။

[/content][/3column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat