August 2017

ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

[2column][content]

 (မေးခွန်း-၁) 

အမျိုးသားတစ်ဦးရဲ့ စွန္နသ်နည်းလမ်းကျတဲ့ ဝတ်စုံပုံစံကို ရှင်းပြပေးပါဆရာများခင်ဗျား။ ဂျွဗ္ဗာတွေ၊ ကုရ်သာတွေ၊ ရှပ်ကုရ်သာတွေဟာ စွန္နသ်ဝတ်စုံနဲ့ ကိုက်ညီမှုရှိပါသလား။

ကျော်ကျော် (လယ်ဝေး)

 (အဖြေ-၁) 

အမျိုးသား အဝတ်အစား ဝတ်ဆင်ပုံနဲ့ပတ်သက်ပြီး လွယ်လွယ်ကူကူနဲ့ အတိုချုပ်ဖြေကြားလိုက်ပါမယ်။

အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ လုံလောက်ဖို့ အကျိုးရှိဖို့ တောင်းခံအပ်ပါတယ်။
  1. ဥပဒေတစ်ရပ်က အမျိုးသားတစ်ဦး ဝတ်ဆင်မယ့်အဝတ်အစားတိုင်းဟာ တရားတော်က ဟရာမ်သတ်မှတ်ထားတာကလွဲလို့ အားလုံးဝတ်ဆင်ပိုင်ပါတယ်။ ဥပမာ- ပိုးထည်အဝတ်အစား။ (အိဗ်နုမာဂျဟ်ကျမ်း-နံပါတ်၃၆၄၀)
  2. အရှက်မလုံတဲ့ ပါးလွှာတဲ့အဝတ်အစား ဝတ်ဆင်ခွင့် မရှိပါဘူး။
  3. ဘာသာခြားတို့သာ သီးသန့်ဝတ်ဆင်ကြတဲ့ အဝတ်အစား၊ ဘာသာခြားတို့နဲ့ဆင်တူဖြစ်စေတဲ့ အဝတ်အစားမျိုးလည်း ဝတ်ဆင်ခွင့် မရှိပါဘူး။ (မွတ်စ်လင်မ်ကျမ်း-နံပါတ်၂၀၇၇)
  4. အဝတ်အစားဝတ်ရာမှာ အမျိုးသားဟာ အမျိုးသမီးနဲ့ဆင်တူတဲ့ အဝတ်အစားမျိုး မဝတ်ပိုင်ပါဘူး။ (ဗုခါရီကျမ်း-နံပါတ်၅၅၄၆)
  5. မွတ်စ်လင်မ်ဟာ အဝတ်အစားကို လက်ယာဘက်ကနေ စတင်ဝတ်ပြီး လက်ဝဲဘက်မှချွတ်ခြင်းဟာ စွန္နသ်ဖြစ်ပါတယ်။ (အဗူဒါဝူဒ်ကျမ်း-နံပါတ်၄၁၄၂)
  6. အဝတ်အစား အသစ်ဝတ်ဆင်တဲ့သူဟာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးဥပကာယ တင်ရှိခြင်းနဲ့ ဆုတောင်းခြင်းဟာလည်း စွန္နသ်ဖြစ်ပါတယ်။ (သိရ်မိဇီကျမ်း-နံပါတ်၁၇၆၇၊ အဗူဒါဝူဒ်ကျမ်း-နံပါတ်၄၀၂၀)
  7. သန့်ပြန့်ပြီး မာန်မာနကင်းတဲ့ အဝတ်အစားဝတ်ဆင်ခြင်းဟာလည်း စွန္နသ်ဖြစ်ပါတယ်။ (မွတ်စ်လင်မ်ကျမ်း- နံပါတ်၉၁)
  8. အဝတ်အဖြူ ဝတ်ဆင်ခြင်းဟာ အလွန်ကောင်းမွန်ပါတယ်။ တမန်တော်မြတ် ﷺ က “ အသင်တို့ရဲ့ အဝတ်အစားတွေထဲက အဖြူရောင်အဝတ်ကို ဝတ်ဆင်ကြပါ။ ဘာကြောင့်လဲဆိုတော့ အဖြူရောင်အဝတ်ဟာ အသင်တို့ရဲ့ အဝတ်အစားတွေထဲက အကောင်းဆုံးပဲဖြစ်တယ်။ နောက်ပြီး အသင်တို့အထဲက ကွယ်လွန်သေဆုံးသူတွေကိုလည်း အဖြူရောင်အဝတ်မှာပဲ ကဖန်ထုပ်ပေးကြပါ။ ” (သိရ်မိဇီကျမ်း-နံပါတ်၉၉၄၊ အဗူဒါဝူဒ်ကျမ်း-နံပါတ်၄၀၆၁၊ အိဗ်နုမာဂျဟ်ကျမ်း-နံပါတ်၁၄၇၂)
  9. မွတ်စ်လင်မ်အမျိုးသားဝတ်သမျှသော အဝတ်အစားတိုင်းမှာ ခြေမျက်စိဖုံးခြင်းဟာ ဟရာမ်ပါ။ (ဗုခါရီကျမ်း-နံပါတ်၅၄၅၀၊ မွတ်စ်လင်မ်ကျမ်း-နံပါတ်၁၀၆)
  10. ထင်ပေါ်ကျော်ကြားစေတဲ့ အဝတ်အစားမျိုး ဝတ်ဆင်ခြင်းဟာလည်း ဟရာမ်ဖြစ်ပါတယ်။ (အဗူဒါဝူဒ်ကျမ်း-နံပါတ်၄၀၂၉၊ အိဗ်နုမာဂျဟ်ကျမ်း-နံပါတ်၃၆၀၇၊ ၃၆၀၆)
ဒီတော့ အထက်မှာဖော်ပြထားတဲ့ ပုံစံတွေအတိုင်းဖြစ်ရင် စွန္နသ်တော်နဲ့ ကိုက်ညီတဲ့အဝတ်အစား ဝတ်ဆင်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအဝတ်အစားဟာ နာမည်အားဖြင့် ကုရ်သာဖြစ်စေ၊ ရှပ်အင်္ကျီဖြစ်စေ၊ ရှပ်ကုရ်သာဖြစ်စေ၊ ဂျွဗ္ဗာဖြစ်စေ၊ တိုက်ပုံဖြစ်စေ အားလုံး အတူတူပါပဲ။


 (မေးခွန်း-၂) 

မိမိခန္ဓာကိုယ်ပြင်ပကထွက်လာတဲ့ အမွှေးအမျှင်လိုအရာတွေကို ရောင်းပိုင်ခွင့်ရှိပါသလား။

ဒေါ်ဘာနူး (ကျောက်ဆည်)

 (အဖြေ-၂) 
  • လူတစ်ဦးရဲ့ ဆံပင်/အမွေးအမျှင်တွေကို ရောင်းခွင့်/ပြန်လည်အသုံးပြုခွင့် မရှိပါဘူး။ လူဟာ ထွတ်မြတ်မှု ပြုထားခံရတဲ့ သတ္တဝါပါ။ (ကုရ်အာန် ၁၇း၇၀) မှာ လာရှိပါတယ်။ ဒါကြောင့် မိမိခန္ဓာကိုယ်ကနေ ထွက်လာတဲ့ အထူးအားဖြင့် ဆံပင်တွေကို ရောင်းခွင့် မရှိပါဘူး။
  • အဲဒီလိုပဲ ကိုယ့်ရဲ့ တိုနေတဲ့ ဆံပင်ကို တခြားဆံပင်နဲ့ ရှည်အောင် ဆက်ခွင့် မရှိပါဘူး။ ဟဒီးဆ်တော်မှာ ဆံပင်ဆက်ပေးတဲ့ အမျိုးသမီးတွေ၊ ဆံပင်ဆက်ဖို့ တောင်းဆိုတဲ့ အမျိုးသမီးတွေကို အရှင့်ကရုဏာတော်ကနေ ကင်းဝေးပါစေလို့ မိန့်ကြားထားတော်မူပါတယ်။ (မွတ်စ်လင်မ်ကျမ်း-နံပါတ်၂၁၂)

[/content][content]
 (မေးခွန်း-၃) 

အာလင်မ် သာသနာ့ပညာရှင်တစ်ဦးဆိုတာကို ဘယ်လိုစံနှုန်းနဲ့ သတ်မှတ်လို့ရပါသလဲ? ဆိုလိုတာက ဟာဖီးဇ်ပညာရှင်ဆိုရင် ဂျွဇ်(၃၀) အာဂုံဆောင်နိုင်သူလို့ ပြောလို့ရပါတယ်။ အာလင်မ်တွေကျတော့ သင်တဲ့စာရော၊ သင်ယူတဲ့နှစ်ရော မတူတာတွေ မြင်ရလို့ပါ။ တချို့ဆို ဟိုကျောင်းမှာ ၅ တန်းလောက်ဖတ်ပြီး နောက်တစ်ကျောင်းမှာ ၈ တန်းဝင်ဖတ်တာမျိုး ဟိုခုန်ဒီကူးနဲ့ မောင်ဝ်လဝီ ပြီးလာကြတာတွေ မြင်နေရလို့ပါ။ ကျနော့်သားလေးကို တကယ့်အာလင်မ်အစစ်အမှန်ဖြစ်စေချင်လို့ မေးမြန်းရခြင်းပါ။ ဘယ်သူ့ကိုမှ ရည်ရွယ်တာ မဟုတ်ပါဘူးလို့ ဝန်ခံပါတယ်ခင်ဗျား။

စွဒီးက်ဘိုင် (ဟိုပုန်းမြို့)

 (အဖြေ-၃) 

လူကြီးမင်းရဲ့ မေးခွန်းဟာ  မြန်မာနိုင်ငံရှိ အရဗီကျောင်းတွေရဲ့ ပညာရေး သင်ရိုးညွှန်းတမ်းကို အခြေခံတဲ့ မေးခွန်းပါ။ လူတို့ကြား ရေးပန်းစားနေတဲ့ အာလင်မ်သာသနာ့ ပညာရှင်တစ်ဦးဆိုတာ လက်ရှိသင်ရိုးကို စလယ်ဆုံး သင်ကြားပြီးရင် ယေဘုယျ အာလင်မ်လို့ ကင်ပွန်းတပ်လိုက်ကြတာပါ။ တကယ်တော့ အရဗီကျောင်းတွေရဲ့ သင်ရိုးကို စလယ်ဆုံး သင်ယူတတ်မြောက်ဘွဲ့ရသွားသူကို မောင်ဝ်လဝီဆပ်တစ်ဦးလို့ ခေါ်သင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်မှန်တဲ့ အာလင်မ်သာသနာ့ပညာရှင်တစ်ဦးဖြစ်ဖို့ များစွာသော အရည်အချင်းတွေ ရှိနေရပါမယ်။

ဒါကြောင့်မို့ပဲ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ရှိ ဒါရုလ်အုလူးမ်တက္ကသိုလ်ကြီးမှာ အထက်တန်းပြဆရာကြီး တစ်ပါးဖြစ်တဲ့ ဟဇရသ်မော်လာနာ မဟ်မူးဒ်အရှ်ရဖ်ဆပ် دامت بركاتهم က ၂၀၀၃၊ စက်တင်ဘာလထုတ် အလ်ဗလာဂ်စာစောင်ကနေပြီး ငါးလ ခြောက်လ ဆက်တိုက် “ အာလင်မ်ဗန်နာ အာစားန်နဟီး ” (အာလင်မ်ဖြစ်ဖို့မလွယ်ကူဘူး) ဆိုတဲ့ ခေါင်းစဉ်နဲ့ အခန်းဆက်ရေးသားခဲ့ပါတယ်။ အူရ်ဒူဘာသာစာပေနဲ့ပါ။ လေ့လာနိုင်ပါတယ်။

အရည်အချင်းပြည့်ဝတဲ့ မောင်ဝ်လဝီဆပ်တစ်ဦးဖြစ်ဖို့ဆိုတာ ဘယ်ကျောင်းမှာဖြစ်ဖြစ်၊ ဘယ်ဆရာဆီမှာဖြစ်ဖြစ် သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းကို နားလည်မှု၊ ပြီးမြောက်မှုတို့နဲ့ ဖတ်မှတ်သင်ယူရပါလိမ့်မယ်။ ပြည့်ပြည့်ဝဝ သင်ယူတတ်မြောက်ဖို့အတွက် ကျောင်းမှာပဲ နေမှရမှာလို့ မပြောလိုပေမဲ့လည်း ကျောင်းမှာနေပြီး သင်ယူသူတွေက ပြင်ပမှာ လေ့လာဖတ်ရှုတဲ့သူတွေထက် ပိုပြီးပြီးမြောက်နိုင်တာ တွေ့ရပါတယ်။ ပျက်ကွက်မှုလည်း နည်းသွားပါတယ်။ ကျောင်းတွင်းမှာ သူ့အချိန်နဲ့သူ သတ်မှတ်ထားတဲ့အတိုင်း ဖတ်မှတ်လေ့လာရတဲ့အတွက် လျော့နည်းမှုက မိမိဘက်ကနေပဲ ဖြစ်နိုင်ပါတော့တယ်။ တချို့လည်း ကျောင်းတွေမှာ ပြည့်ပြည့်ဝဝ ချမှတ်သင်ကြားပေးပေမဲ့လည်း မိမိဘက်မှ ပေါ့လျော့တဲ့အပေါ် အရည်အချင်းပြည့်ဝတဲ့သူတစ်ဦး ဖြစ်မလာနိုင်ခဲ့ပါဘူး။ ဒီတော့ အရည်အချင်းပြည့်ဝတဲ့ ပညာရှင်တစ်ဦးဖြစ်ဖို့ဆိုတာ ကျောင်းတွေနဲ့ သက်ဆိုင်နေသလို မိမိဘက်က ကြိုးစားအားထုတ်မှုနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါကတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆွေးနွေးရမဲ့ ပုစ္ဆာတစ်ပုဒ်ပါ။

အတန်းကျော်တက်ပြီး ဟိုကျောင်းရောက် တစ်တန်းကျော် ဒီကျောင်းရောက် တစ်တန်းကျော်နဲ့ သင်ယူ ပြီးမြောက်အောင်လုပ်ထားတဲ့သူကိုလည်း ကျနော်တို့အသိုင်းအဝိုင်းတွေက မော်လဝီလို့ပဲ ခေါ်လိုက်ကြပါတယ်။ သူ့ကို ဘွဲ့ပေးလိုက်တဲ့ကျောင်းက ရှိနေတာကိုး။ ဒီတော့ ပညာရေးကဏ္ဍကို ဦးစီးပြီး ကိုင်တွယ်ဖြေရှင်းမဲ့ (အာဏာရဘာသာရေး) အဖွဲ့အစည်းတစ်ရပ် လိုအပ်တယ်ဆိုတဲ့သဘောပါ။ ကျောင်းတစ်ကျောင်းက မိမိကျောင်းသားကို ဘွဲ့ပေးတယ်၊ ဘယ်သူမှလည်း အရည်အချင်းစစ်တာ မရှိသလို ဒီကျောင်းက ဘွဲ့ပေးလို့ လက်မခံဘူးဆိုတာလည်း မရှိပါဘူး။ နောက်ကွယ် အတင်းအဖျင်းပြောတာလောက်နဲ့ပဲ တင်းတိမ်နေကြပါတယ်။ ဒီလိုနဲ့ ကျောင်းတစ်ကျောင်းဟာ အရည်အချင်းမရှိလို့ဆိုပြီး နောက်တစ်ကျောင်း၊ နောက်တစ်ကျောင်း တိုးလာတာပဲ ရှိနေပါတယ်။ အရည်အချင်း သတ်မှတ်ချက်ကိုတော့ အဝါမ် (လူသာမန်) တွေကပဲ ပြုလုပ်နေကြပါတယ်။ ဆိုလိုတာက ဘယ်ကျောင်းကပဲ မောင်ဝ်လဝီပြီးပြီး၊ ဘယ်ကျောင်းကပဲ အောင်အောင် သူနဲ့ သဟဇာတရှိတဲ့ နေရာ၊ အဆင်ပြေမဲ့ လူ့ပတ်ဝန်းကျင်မှာ သူကို လက်ခံလိုက်ကြတာချည်းပါပဲ။

ဒီတော့ အရည်အချင်းပြည့်ပြည့်ဝဝနဲ့ ပြီးမြောက်အောင်မြင်တဲ့ ပညာရှင်တစ်ပါးအဖြစ် မိမိသားလေးကို မြင်ချင်ရင် မြန်မာနိုင်ငံမှာတော့ မိမိအနှစ်သက်ဆုံးကျောင်းတစ်ကျောင်းကို ရွေးချယ်လိုက်ပါ။ ပြီးရင် အဲဒီကျောင်းရဲ့ သင်ရိုးညွှန်းတမ်းကို စလယ်ဆုံး နားလည်မှုနဲ့တကွ မိမိသားလေးကို ဖတ်စေပါ။ ဘယ်ကျောင်းက သင်ရိုးညွှန်းတမ်းမဆို ပြည့်ပြည့်ဝဝ နားလည်မှုနဲ့သာ ဖတ်ဖြစ်ရင် လူကြီးမင်းသတ်မှတ်လိုတဲ့ စံနှုန်း၊ လူကြီးမင်းလိုချင်တဲ့ စစ်မှန်တဲ့ပညာရှင်တစ်ဦး ဖြစ်နိုင်ပါပြီ။ ဝမ်းနည်းဖွယ်ကောင်းတာက ကျောင်းတွေမှာ သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းအတိုင်းကို သေသေချာချာ မဖတ်ဖြစ်လို့ပါ။ အလ္လာဟ်အရှင် ထိန်းသိမ်းတော်မူပါစေ။ အာမီန်။

အာလင်သာသနာ့ပညာရှင်ဆိုတာ -
  1. နဗီတမန်တော်တွေရဲ့ အမွေစားအမွေခံတွေပါ။ နဗီတမန်တော်တွေက ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေ အမွေပေးခဲ့တာ မဟုတ်ဘူး။ ပညာအမွေပေးခဲ့တာပါ။ သာသနာပြုဖို့၊ ဒအ်ဝသ်လုပ်ဖို့ဆိုတာ ပညာရှိမှ ဖြစ်နိုင်ပါတယ်။ ဒီတော့ ပညာရှင်တွေဆိုတာ ဒါအီ (သာသနာပြုသူ) တွေပါပဲ။
  2. ကမ္ဘာမြေပထဝီရှိ ကျန်အဖန်ဆင်းခံတွေအတွက် အထောက်အထားတွေပါ။ အထောက်အထားပေးဖို့ဆိုတာ သာသနာ့အသိပညာနဲ့ ရှေ့ဆောင်ဦးစီးအရည်အချင်း ရှိသူတွေမှာသာ ဖြစ်နိုင်ပါတယ်။
  3. အွမ္မသ်ထုအတွင်းမှာ ခက်ခဲနက်နဲတဲ့ ပုစ္ဆာတွေကို ဖြေရှင်းပေးတဲ့သူတွေပါ။ အဲဒီလိုပညာရှင်ကြီးတွေရဲ့ အမိန့်ကို နာခံဖို့ ကုရ်အာန်ကျမ်းတော်မှာလည်း တိုက်တွန်းထားပါတယ်။ (ကုရ်အာန် ၄း၅၉)
  4. အွမ္မသ်ရဲ့ ဘာသာရေး၊ သာသနာရေး၊ လောကီရေး၊ ငြိမ်းချမ်းရေး စတဲ့ အွမ္မသ်အတွက် ကြီးမားတဲ့ အကျိုးတွေကို ထမ်းရွက်ပေးရာမှာ သစ္စာခံထားသူတွေပါ။
  5. အွမ္မသ်ရဲ့ လောကီ၊ လောကုတ္တရာအရေးကိစ္စတစ်ခုခု ကြုံတိုင်း သူတို့ဆီကို သွားရောက် အကြံဉာဏ် တောင်းခံ၊ ဖြေရှင်းပေးကြရတဲ့သူတွေပါ။ တစ်နည်း ကုရ်အာန်ကပြောတဲ့ ရှူရာအဖွဲ့ဝင်တွေပါ။
  6. ရှေ့ဆောင်ဦးစီးတဲ့သူတွေပါ။ သာသနာရေးကိစ္စမှာ ဦးစီးဦးဆောင်လုပ်ခြင်းဟာ အလွန်မှ ထွတ်မြတ်လှပါတယ်။ ပမာအားဖြင့် (ကုရ်အာန် ၃၂း၂၄) မှာ မိန့်ကြားထားပါတယ်။
  7. အဟ်လွဇ်ဇိက်ရ်တွေပါ။ သာသနာရေးကိစ္စတွေကို မေးမြန်းခံနိုင်တဲ့ သူတွေလို့ ပြောရင် မမှားပါဘူး။ လူသာမန်တွေ မသိတာတွေကို သိနေကြတဲ့သူတွေပါ။ (ကုရ်အာန် ၁၆း၄၃) မှာ လာရှိပါတယ်။
  8. လူခပ်သိမ်းမှာ အမွန်မြတ်ဆုံးသူတွေပါ။ (ကုရ်အာန် ၅၈း၁၁) မှာ လာရှိပါတယ်။
  9. လူခပ်သိမ်းမှာ အသန့်စင်ဆုံးသူတွေနဲ့ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေဆုံးသူတွေပါ။ ပမာအားဖြင့် (ကုရ်အာန် ၃၅း၂၈) မှာ ဖော်ပြထားပါတယ်။
  10. ပညာနဲ့ ဉာဏ်အမြော်အမြင်တို့နဲ့ ကောင်းရာညွှန်ကြား၊ မကောင်းမှုမြစ်တားတဲ့သူတွေပါ။
  11. သာသနာ့ပညာရှင်တွေဆိုတာ အလ္လာဟ်အရှင်မြတ်ရဲ့ သက်သေခံပေးတဲ့သူတွေပါ။ (ကုရ်အာန် ၃း၁၈)
ဒီအဖြေကို လူကြီးမင်း ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

[/content][/2column]

[bgallery]
[img src="https://2.bp.blogspot.com/-zcpYT1IXFew/WaLdInhs7SI/AAAAAAAAOiU/ouuNhFjYjokasJKrMax5hLs2RNmhO531gCLcBGAs/s1600/21106530_1462478757174303_7332501705666899110_n.jpg"][/img]
[img src="https://3.bp.blogspot.com/-Psc_21bzXSk/WaLdIEzbibI/AAAAAAAAOiQ/4uSH7rh-8xoLlmyuEJWYz5gHmA4BpAZugCLcBGAs/s1600/21105807_1462478663840979_4147042354352147074_n.jpg"][/img]
[img src="https://3.bp.blogspot.com/-y1RjUpH31nA/WaLdHqSMLoI/AAAAAAAAOiI/7RwWEhTXoUIafa1eugYo8QBYC9QdbKcFwCLcBGAs/s1600/21078651_1462478660507646_1520878900695191903_n.jpg"][/img]
[img src="https://1.bp.blogspot.com/-8_jtjWVH3m8/WaLdFWGEDsI/AAAAAAAAOiE/4ajwikC8_k417xTDipJl0NWGcImlWpG6QCLcBGAs/s1600/21077377_1462478667174312_8309062928123071936_n.jpg"][/img]
[img src="https://2.bp.blogspot.com/-92udIDSlXWc/WaLdHhPgNEI/AAAAAAAAOiM/-sgPwlN3iwMXbsef3TzHQJAb8iC1gvx-QCLcBGAs/s1600/21034547_1462478813840964_1227818150176400017_n.jpg"][/img]
[/bgallery]

အသက် (၁၀၄) နှစ်ရှိပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံသူ ဘွားဘွား မာရီယဟ် မာဂဟန္နီ မိုဟမ္မဒ် တစ်ယောက် ဟဂ်ျဝတ်ပြုဖို့ ဆော်ဒီနိုင်ငံဆီကို ဆိုက်ရောက်လာခဲ့ပါပြီ။

အသက်ရာကျော်ဆိုပေမယ့် ဘွားဘွား မာရီယဟ်ရဲ့မျက်နှာဟာ နူရ်အပြည့်နဲ့ နုပျိုလန်းဆန်းပြီး ချစ်စဖွယ်ကောင်းနေပါတယ်။

Inews-004/8/17
ကိုးကား » Saudi Gazette Facebook Page

ပြီးခဲ့တဲ့ သြဂုတ်လ (၂၂) ရက်နေ့က သာကေတမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ ထုတ်ပြန်စာသတင်းဓာတ်ပုံကို အလင်းမျက်ဝန်းဆီ ပရိတ်သတ်အစ်မတစ်ဦးက ဆက်သွယ်ပေးပို့လာပါတယ်။

အကြောင်းအရာအနှစ်ချုပ်ကတော့ သာကေတမြို့နယ်မှာ အစ္စလာမ်ဘာသာဝင်တွေ ခွင့်ပြုချက်မရှိဘဲ ကျောင်းတွေ၊ အိမ်တွေနဲ့ အခြားနေရာတွေမှာ စုပေါင်းဝတ်ပြုတာတွေ မလုပ်ကြဖို့၊ ဘာသာရေးစာသင်ကျောင်းတွေကလွဲပြီး အိမ်နဲ့ အခြားနေရာတွေမှာ ဘာသာရေးစာသင်ကြားတာတွေမလုပ်ဖို့၊ ဘာသာရေးအဆောက်အဦး ဆောက်လုပ်တာတွေမလုပ်ဖို့ တားမြစ်တာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျမကို သတင်းလိုက်ဖို့ တာဝန်ပေးအပ်တဲ့အတွက် လိုအပ်တာတွေ စုံစမ်းတဲ့အခါ သာကေတမြို့နယ်မှာသာမက ဒဂုံမြို့နယ်နဲ့ ဒေါပုံမြို့နယ်တွေမှာပါ ဒီလိုပုံစံတူကြေငြာချက်တွေ ထုတ်ပြန်ထားတာကို သိရပါတယ်။ သတင်းဖြစ်စဉ်အရလည်း ဒီကိစ္စအပေါ် ရှုထောင့်စုံက ခံစားချက်အစုံ ရှိနေကြတာကိုလည်း မြင်မိရလို့ ဒါကို သတင်းအဖြစ်ပဲတင်ပြလိုက်ရင် ဒီခံစားချက်တွေကို တစ်အုံနွေးနွေး လောင်မြိုက်ပြီး ရင်ထဲမှာ မရှင်းမရှင်း ဖြစ်နေမှာစိုးလို့ သတင်းမရေးဖြစ်တော့ဘဲ ဆောင်းပါးရေးပြီး ရှင်းပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သဘောတရားအရ ဒီသတင်းနဲ့ပတ်သက်ပြီး ဆက်စပ်မှုဟာ အုပ်စုသုံးခုဖြစ်နေတာကို မြင်ရပါတယ်။ တိုက်ရိုက်ဆက်စပ်မှုကတော့ သက်ဆိုင်ရာအာဏာပိုင်နဲ့ ဒေသခံမွတ်စ်လင်မ်တွေပဲ ဖြစ်ပါတယ်။ သွယ်ဝိုက်ဆက်စပ်မှုကတော့ အခြားသူတွေပဲ ဖြစ်ပါတယ်။

မွတ်စ်လင်မ်တွေရဲ့အမြင်အရတော့ ဒါဟာ ဘာသာရေးဖိနှိပ်မှုပါ။ အာဏာပိုင်တွေဟာ မွတ်စ်လင်မ်တွေကိုပဲ တစ်ဖက်သတ် ဖိနှိပ်ဖို့ကြိုးစားတယ်။ မွတ်စ်လင်မ်တွေဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ဝတ်ပြုခွင့်မရှိဘူးလို့ မြင်ကြတယ်။ ဘာသာရေးစာသင်တာကိုတောင် နယ်မြေကန့်သတ်ခံရတယ်လို့ ခံစားချက်တွေ ဖြစ်စေပါတယ်။

အာဏာပိုင်အုပ်စုကတော့ သူတို့ရည်ရွယ်ချက်ကို ထုတ်ပြန်စာမှာ ထည့်သွင်းဖော်ပြထားတာကို မြင်ရပါတယ်။ မိမိတို့မြို့နယ်ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်ပေါက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် အခုလို ကန့်သတ်ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ သွယ်ဝိုက်ဆက်စပ်မှုသာရှိပေမယ့် တကယ့်တကယ်တမ်း အာဏာပိုင်တွေဘက်က လိုလားတဲ့၊ ဖြစ်စေချင်တဲ့ အခြေအနေတွေကို ဆန့်ကျင်ဘက်ဖြစ်အောင် အချိန်မရွေး ဖန်တီးနိုင်တဲ့ အုပ်စုကတော့ အခြားသူဆိုတဲ့ တတိယအုပ်စုပါ။

ဒီအုပ်စုကတော့ ကျယ်ပြန့်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်။ ရပ်ရွာတွင်းကပြည်သူအချင်းချင်း နားလည်မှုရှိရှိ နေထိုင်ကြရင်တောင် အခြားဘေးပရောဂအဖြစ် ဝင်ရောက်ပြီး ပြဿနာကို အမျိုးမျိုးပုံဖော်လာနိုင်ပါတယ်။

အခုလိုအမိန့်ထုတ်ပြန်ခံရတဲ့ နေရာဒေသတွေဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြားဒေသတွေထက် ဒုစရိုက်မှု ပိုမိုထူပြောတဲ့နေရာတွေဖြစ်ပြီး ဘာသာရေးနဲ့ပတ်သက်ပြီးလည်း ပြဿနာကြီးငယ်လေးတွေ နှစ်စဉ်လိုလို ပေါ်ပေါက်ခဲ့ဖူးပါတယ်။

လက်ရှိနိုင်ငံတော်ကို ဦးဆောင်နေတဲ့ ပြည်သူ့အစိုးရကို အစဉ်တစိုက် အသရေဖျက် ပုတ်ခတ်လာတဲ့ သူတွေဟာ နိုင်ငံတစ်ဝန်းမှာ ပြဿနာအမျိုးမျိုးကို အစဉ်တစိုက် ဖန်တီးလာတာ အားလုံးအသိဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ဖျက်ဆီးစေချင်သူတွေဟာ အစ္စလာမ်ဘာသာဝင်တွေကို အကြောင်းပြပြီး ပြဿနာကို မဖြစ်ဖြစ်အောင် ဖန်တီးဖို့က အခြားအရာထက် ပိုပြီးလွယ်ကူတယ်ဆိုတာ သူတို့ကောင်းကောင်းသိကြပါတယ်။

ဒါကြောင့် မွတ်စ်လင်မ်တွေရဲ့နေ့စဉ်လှုပ်ရှားမှုတိုင်းကို အသေးစိတ် စောင့်ကြည့်တယ်။ သူတို့စိတ်ထဲ မနာလိုတာ၊ ဘဝင်မကျဖြစ်တာ၊ သံသယရှိတာ၊ ကောလဟလကြားလာတာတွေဆိုရင် ဟိုရုံးဝင်၊ ဒီရုံးထွက်နဲ့ ရုတ်ရုတ်သဲသဲလုပ်ပြီး လူအုပ်စုနဲ့ အာဏာပိုင်ကို ဖိအားပေး တောင်းဆိုတတ်ကြပါတယ်။

အာဏာပိုင်ဟာ သူတို့တိုင်တာ မမှန်ကန်လို့ မျှတတဲ့သဘောနဲ့ ကိုင်တွယ်တဲ့အခါ စကားလုံးအမျိုးမျိုးသုံးပြီး ပြဿနာကို ကြီးထွားအောင်လှုံ့ဆော်တတ်ကြပါတယ်။ အာဏာပိုင်တွေက မွတ်စ်လင်မ်ကိုကြောက်နေလို့ သူတို့ကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်ရတယ်ဆိုပြီး ခေါင်းစဉ်တပ်တဲ့ ပုံသေနည်းတစ်ခုတည်းကိုသုံးပြီး အကြိမ်ကြိမ် ဝါဒဖြန့်ခဲ့တယ်ဆိုတာလည်း လူတိုင်းကြားဖူးနေကြပါ။

နောက်ဆက်တွဲကတော့ နစ်နာသူဟာ ကျမတို့ မွတ်စ်လင်မ်တွေပါပဲ။ ကျမတို့ မွတ်စ်လင်မ်တွေကလည်း ဒီကိစ္စတွေအပေါ် ခံစားချက်တွေနဲ့ ပြန်ပြီးမေးခွန်းတွေ ထုတ်လာစရာရှိတယ်ဆိုတာ နားလည်ပါတယ်။ ဒီကိစ္စတွေကို ပြတ်ပြတ်သားသား အစကတည်းက ဘာလို့ အစိုးရဘက်က အရေးမယူခဲ့ရသလဲပေါ့။

ဒါပေမယ့် ကျမတို့မွတ်စ်လင်မ်တွေအနေနဲ့ ခံစားချက်ကိုရှေ့တန်းမတင်ဘဲ ပြဿနာတွေကို လက်တွေ့ကျကျ အမြင်ကျယ်ကျယ်နဲ့ အသေအချာ စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ မွတ်စ်လင်မ်တွေကို ဥပဒေမဲ့လုပ်ရပ်တွေနဲ့ အနိုင်ကျင့်မခံရအောင် ကြိုတင်ကာကွယ်ခြင်းဆိုတဲ့အသိနဲ့ ပြဿနာကို မုဒိတာပွါးပြီး ချဉ်းကပ်သင့်တယ်လို့ မြင်ပါတယ်။

ဒီအမိန့်ထုတ်ပြန်စာတွေဟာ မတရားဘူးဆိုတာ လက်ခံပါတယ်။ ဒေသတွင်းက မွတ်စ်လင်မ်တွေအတွက် ကိုယ်ချင်းစာမိပါတယ်။ ဒါပေမယ့် ဒီကိစ္စကို သက်ဆိုင်ရာကလည်း ပုံသေကားချပ်ကြီး ကိုင်စွဲတာမျိုးမဟုတ်ဘဲ ခေတ္တပြေလည်အောင် ဆေးမြီးတိုနည်းနဲ့ ကြပ်ထုပ်ထိုး လက်ပူတိုက် ဖြေရှင်းတယ်လို့ပဲ မျှော်လင့်ပြီး စိတ်ရှည်ရှည်နဲ့ အသာစောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။

ရာစုနှစ်ဝက်ကျော် (မျိုးဆက်တစ်ဆက်စာ) လောက် အာဏာရှင်အစိုးရရဲ့ ညံ့ဖျင်းမှုကြောင့် အဖက်ဖက်က ယိုယွင်းခဲ့တဲ့အခြေအနေကို လက်ရှိ ပြည်သူ့အစိုးရက တာဝန်ယူပြီး ပြင်ဆင်နေရတာဟာ အချိန်အားဖြင့် တစ်နှစ်ကျော်လောက်သာ ရှိသေးတာမို့ ဖြစ်ချင်တဲ့အရာတွေ ဖြစ်မလာတဲ့အပေါ် ဆန္ဒစောပြီး ဒေါသထွက်နေမယ့်အစား ကျမတို့မွတ်စ်လင်မ်တွေအနေနဲ့ နားလည်မှုတစ်ခုထားပြီး အချိန်ပေးစောင့်ကြည့်သင့်ပါတယ်ဆိုတာကို တိုက်တွန်းလိုက်ရပါတယ်။

မေသွေး

MOL-006 © အလင်းမျက်ဝန်း
[info title="ရင်ဖွင့်လွှာ" icon="info-circle"]» ဤအစီအစဉ်ပါ အကြောင်းအရာများသည် ပြင်ပကလောင်ရှင်များ၏ ပေးပို့ချက်အား ဖော်ပြခြင်းဖြစ်ပြီး အလင်းမျက်ဝန်း၏ မူဝါဒအာဘော်မဟုတ်ပါ။
» ဤ “ရင်ဖွင့်လွှာ” အစီအစဉ်သို့ စာရေးသားပေးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
» စာရေးသားပေးပို့နိုင်ရန် အောက်ပါ Link တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။

[2column][content]
 (မေးခွန်း-၁) 

အတ်စလားမုအလိုင်ကွန်းမ်
ကျနော် အလုပ်ရုံတစ်ခုမှာ အလုပ်လုပ်ပါတယ်။ နမားဇ်​အချိန် နမားဇ်​ဖတ်ဖို့ ဝူဇူလုပ်ရတာ အများသုံးအိမ်သာမှာ ဝူဇူလုပ်ရတာဆိုတော့ ခြေထောက်ဆေးတဲ့အချိန် လူအများက လက်ဆေး ပါးစပ်ဆေးတဲ့နေရာမှာ ခြေထောက်တင်ပြီး ဆေးတာရယ်၊ နောက်တစ်ခုက အလုပ်စီးဖိနပ်နဲ့ ခြေစွပ်ကို ချွှတ်ပြီးမှ ခြေထောက်ဆေးရတာ နည်းနည်းအခက်အခဲရှိတာရယ်၊ နောက်တစ်ခုက ဘာသာခြားတွေလဲ ရှိနေတော့ သူတို့အတွက် အမြင်မတော်ဖြစ်မှာလဲဆိုးရတာရယ်ကြောင့် ခြေစွပ်မချွှတ်ဘဲ မစဟ်လုပ်လို့ရတယ်ကြားဖူးလို့ ကျနော်ပြောတဲ့ အချက်တွေနဲ့ မစဟ်ပြုခွင့်ရှိမရှိ သို့မဟုတ် မစဟ်ပြု့ခွင့်ရှိတယ်ဆိုလဲ ခြေစွပ်ပေါ် မစဟ်လုပ်နည်းလေး လမ်းညွန်ပေးပါလို့ လေးစားစွာ တောင်းဆိုပါတယ်။

မိုဟမ္မဒ်​ စအားဒ် (austin tx America)

 (အဖြေ-၁) 

وعليكم السلام ورحمة الله وبركاته

အစ္စလာမ်ဟာ အလွန်လွယ်ကူလှတဲ့ သာသနာတော်ပါ။ ခက်ခဲတဲ့ သာသနာမဟုတ်ပါဘူး။ အစ္စလာမ့်ပညတ်တွေအကုန်လုံးဟာ လူတွေရဲ့အခြေအနေ၊ အချိန်အခါ၊ ကာလံ၊ ဒေသံ၊ အဂံ္ဃ၊ ဓနံကို အလွန်ဂရုစိုက်ပေးပါတယ်။ အလ္လာဟ်အရှင်မြတ်ဟာ မိမိရဲ့ကျွန်လူသားတွေအပေါ် ခဝပ်ဆည်းကပ်မှုတချို့ကို စေခိုင်းထားတော်မူပြီး အဲဒီဆည်းကပ်မှုကိုဆောက်တည်ဖို့၊ တာဝန်ချဖို့ မစွမ်းဆောင်နိုင်သူ၊ အခက်အခဲရှိသူတွေအပေါ်မှာ တချို့သောအခွင့်အရေးတွေကိုလည်း ဖန်တီးပေးထားတော်မူပါတယ်။ الحمد لله

“ အလ္လာဟ်အရှင်မြတ်ဟာ မပြုမနေရ တာဝန်တွေ ကျေပွန်တာကို နှစ်သက်သကဲ့သို့ အခွင့်အလမ်းပေးထားတာတွေ ဆောင်ရွက်တာကိုလည်း နှစ်သက်တော်မူတယ် ” လို့ တမန်တော်မြတ် ﷺ က မိန့်မှာတော်မူထားပါတယ်။

ခြေစွပ်အပေါ် မစဟ်လုပ်ခြင်း

မစဟ်လုပ်ခြင်းဆိုတာ စွတ်စိုတဲ့လက်နဲ့ အရာတစ်ခုအပေါ် ပွတ်သပ်ခြင်းပါ။ သာသနာ့ပညတ်မှုမှာ ဖော်ပြတာက သတ်မှတ်ထားတဲ့ ခြေစွပ်ကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်း သတ်မှတ်ထားတဲ့နည်းလမ်းအတိုင်း စွတ်စိုအောင်လုပ်ခြင်းကို မစဟ်လုပ်တယ်လို့ ခေါ်ပါတယ်။
ခရီးသည်ဖြစ်ဖြစ်၊ ခရီးသည်မဟုတ်ဘဲ ဒေသနေထိုင်သူဖြစ်ဖြစ် ခြေစွပ်အပေါ် မစဟ်လုပ်ပိုင်ကြောင်း မဇ်ဟဗ်ကြီးလေးခုလုံးက ညီညွတ်ကြပါတယ်။ ဒါပေမဲ့ စည်းကမ်းချက်တချို့တော့ ရှိပါတယ်။

ဟနဖီမဇ်ဟဗ်မှာ -
  1. ခြေစွပ်က သားရေခြေစွပ် ဖြစ်နေရပါမယ်။ သားရေမဟုတ်ခဲ့ရင်တောင် ရေမရောက်နိုင်အောင် ထူထည်းနေတဲ့ ခြေစွပ်မျိုး ဖြစ်နေရပါမယ်။
  2. ရေချိုးထိုက်ချိန်မျိုးမှာ မစဟ်လုပ်ပိုင်ခွင့် မရှိပါဘူး။
  3. ခြေစွပ်နှစ်ဖက်စလုံးကလည်း သန့်ပြန့်နေရပါမယ်။
  4. ခြေစွပ်နှစ်ဖက်စလုံးဟာ ခြေမျက်စိကို ဖုံးအုပ်ထားရပါမယ်။ တစ်နည်း ဝုဿူလုပ်ရာမှာ ဆေးကြောဖို့ အရေးကြီးခြေအစိတ်အပိုင်းအကုန်လုံး ဖုံးနေရပါမယ်။
  5. အဆိုပါ ခြေစွပ်ချည်းနဲ့လည်း လမ်းလျှောက်နိုင်ရပါမယ်။ ဖိနပ်ပါမှ လမ်းလျှောက်နိုင်တဲ့ ခြေစွပ်မျိုး မဖြစ်ရပါဘူး။
မစဟ်လုပ်ပုံကတော့ ရေနဲ့ လက်ကိုသီးသန့် စွတ်စိုအောင်လုပ်ပြီး လက်သုံးချောင်းနဲ့ ခြေစွပ်အပေါ် တစ်ကြိမ် ပွတ်သပ်လိုက်ခြင်းပါ။

ခရီးသည်ဆိုရင် သုံးရက်နဲ့ သုံးညတိုင်တိုင် ခြေစွပ်ကိုမချွတ်ဘဲ မစဟ်လုပ်ခွင့်ရှိပြီး ခရီးသည်မဟုတ်ရင်တော့ တစ်ရက်နဲ့တစ်ည မစဟ်ပြုလုပ်ခွင့် ရှိပါတယ်။

ဝုဿူပျက်စေတဲ့အရာတွေနဲ့ သတ်မှတ်ချိန် ကုန်ဆုံးသွားတာရယ်၊ ခြေစွပ်ချွတ်လိုက်တာရယ်တို့ကြောင့် မစဟ်ပျက်ပါတယ်။

မေးခွန်းအရ အလုပ်ရုံမှာ မစဟ်လုပ်ဖို့ အထက်ပါ အခြေအနေမျိုးတွေကို ချိန်ထိုးပြီး ခြေစွပ်အပေါ် မစဟ်ပြုလုပ်ခွင့်ရှိကြောင်း ဖြေကြားလိုက်ပါတယ်။

[/content][content]
 (မေးခွန်း-၂) 

ဟဂ်ျလုပ်တဲ့သူတစ်ယောက်ကို တမန်တော်မြတ်ကြီးဆီ ဆီစလာမ်ပို့ခိုင်းတာ ဗိဒ်အသ်လို့ ပြောနေကြပါတယ်။ ဟုတ်လားဆရာ။

မိုဟမ္မဒ် ဂျိုနိုက်ဒ် (သိုးခြံ၊ မန္တလေး)

 (အဖြေ-၂) 

မဒီနဟ်ကို ရောက်မယ့်သူတစ်ဦးဦးနဲ့ တမန်တော်မြတ်ကြီး ﷺ ထံတော်ပါးကို စလာမ်လူကြုံပါးခြင်းကိစ္စဟာ အရဗ်ပညာရှင်တွေနဲ့ အိန္ဒိယတိုက်ပညာရှင်များအကြား ကွဲလွဲမှုရှိနေပါတယ်။ အိန္ဒိယတိုက် ပညာရှင်ကြီးတွေက ကိုယ်တော်မြတ်ကြီး ﷺ ထံ စလာမ်လူကြုံပါးပြီး ပေးပို့ခိုင်းခြင်းကို ပြုပိုင်တယ်လို့ ဆိုကြပေမယ့် အရဗ်ပညာရှင်ကြီးတွေက စွဟာဗဟ်သာဝကကြီးတွေ ဘယ်သူမှ မပြုလုပ်ခဲ့ကြတဲ့အတွက် ဒီလို စလာမ်လူကြုံပါးခြင်းကို ဗိဒ်အသ်လို့ ဆိုကြပါတယ်။

အလင်းမျက်ဝန်းကနေ အကြံပြုလိုတာကတော့ -

အလ္လာဟ်အရှင်မြတ်က ကိုယ်တိုင်လည်းလုပ်တော်မူပြီး အသင်တို့လည်းလုပ်ကြလို့ စေခိုင်းထားတဲ့ တစ်ခုတည်းသောအမလ်ဟာ ကိုယ်တော့်အပေါ် စွလဝါသ်စလာမ်ပို့သခြင်းပါ။ ဒါကြောင့် ဒီအမလ်ကို အသေအချာဆုံးဖြစ်တဲ့ ကိုယ်တိုင်ပဲလုပ်သင့်ပါတယ်။ ကိုယ်မှာလိုက်တဲ့သူက မေ့သွားချင် မေ့သွားနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ်တော်မြတ်ကြီး ﷺ ကိုယ်တော်တိုင်က မိန့်ကြားထားပါတယ်။ “ တကယ်ပဲအလ္လာဟ်အရှင့်ထံတော်ပါးမှာ ကမ္ဘာမြေပထဝီအပေါ် လှည့်ပတ် သွားလာနေတဲ့ ကောင်းကင်တမန်တော်ကြီးတွေ ရှိနေပါတယ်။ သူတို့ဟာ ငါကိုယ်တော့်အွမ္မသ်သားတွေရဲ့ စလာမ်ကို ငါကိုယ်တော့်ဆီ အရောက်ပို့ဆောင်ပေးကြပါတယ်။ ”

နောက် သြဝါဒတစ်ရပ်မှာ “ အသင်တို့ရဲ့ နေ့ရက်တွေအထဲက ဂျုမုအဟ် (သောကြာ) နေ့ဟာ အကောင်းဆုံး နေ့ရက်ပါ။ ဒါကြောင့် အဲဒီနေ့မှာ ငါကိုယ်တော့်အပေါ် မြားမြောင်စွာ စွလဝါသ်စလာမ် ပို့သကြပါ။ ဘာဖြစ်လို့လဲဆိုတော့ အသင်တို့ ပို့သလိုက်တဲ့ စွလဝါသ် စလာမ်တွေဟာ အသင်တို့ ဘယ်နေရာမှာပဲရှိရှိ ငါကိုယ်တော့်ဆီကို ရောက်ရှိလာပါတယ်။ ”

ဒါကြောင့် အခုဒီအဖြေကို ဖတ်နေရင်း တမန်တော်မြတ်ကြီး ﷺ အပေါ် စွလဝါသ်စလာမ် ပို့သလိုက်ပါ။
اللهم صل على سيدنا محمد النبي الأمي وعلى آله وسلم تسليما ကောင်ကင်တမန်တော်ကြီးတွေ သယ်ဆောင်သွားကြပါပြီ။ နောက်ပြီး စွလာသ်ထဲမှာလည်း السلام عليك أيها النبي ورحمة الله وبكاته လို့ ရွတ်ဆိုဖြစ်ကြပါတယ်။ အဲဒီစလာမ်တွေလည်း ရောက်ပါတယ်။ အဖြေကို ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။

 (မေးခွန်း-၃) 

အတ်စလားမုအလိုင်ကွန်းမ်
အိရှာနမားဇ်​ဘယ်​အချိန်​ ကုန်​ဆုံးလဲ။ ည (၁၂) နာရီလား? ​နောက်​​နေ့မနက်​ ဖဂျရ်အာဇန်​မ​ပေးခင်​အထိလား?
ဖာရူးက် (ရန်ကုန်)

 (အဖြေ-၃) 

وعليكم السلام ورحمة الله وبركاته

အိရှာအ်စွလာသ်ချိန်ကုန်ဆုံးတာဟာ ဖဂျရ်ချိန် ဝင်ရောက်သွားခြင်းပါ။ မေးခွန်းပါအတိုင်းပြောရရင် နောက်နေ့မနက် ဖဂျရ်အဇာန်ပေးတဲ့အထိ၊ ဖဂျရ်ချိန်ဝင်ရောက်တဲ့အထိပါ။ ဒီအချိန်နဲ့ ပတ်သက်ပြီး မဇ်ဟဗ်(၄)ခုစလုံး ညီညွတ်ပါတယ်။ အကောင်းဆုံးကတော့ အိရှာအ်စွလာသ်ကို ညဥ့်ရဲ့သုံးပုံတစ်ပုံထက်ကို နောက်မဆိုင်းသင့်ပါဘူး။ ညဥ့်ဝက်ထိ နောက်ချရင်လည်း ပိုင်ပါတယ်။ ညဥ့်ဝက်ကျော်လွန်ပြီးနောက်မှာတော့ လိုအပ်ချိန်လို့ သတ်မှတ်ထားသင့်ပါတယ်။ ဥပမာ-အစွရ်အချိန်မှာ အစွရ်စွလာသ်နဲ့ ပတ်သက်ပြီး ထားသလိုမျိုးပါ။ ညဥ့်သုံးပုံခွဲပြီး ပထမဦးတစ်ပုံမှာ အိရှာအ်စွလာသ်ဝတ်ပြုခြင်းဟာ အကောင်းဆုံး၊ အထွတ်မြတ်ဆုံး၊ သူ့နောက် ညဥ့်ဝက်အထိ အချိန်မှာ ဝတ်ပြုခြင်းဟာ ပထမအချိန်ထက် အကျိုးကုသိုလ် နည်းသွားပါပြီ။ ဟုတ်ကဲ့၊ ညဥ့်ဝက်ထက် နောက်ကျရင်တော့ ပထမနှစ်ချိန်ထက် အကျိုးပိုလျော့သွားပါပြီ။

[/content][/2column]

[3column][content]
 (မေးခွန်း-၁) 

သွေးလှူတာကို လူတွေက မလိုအပ်ဘဲ လှူလို့ရပါသလား။ လိုအပ်လို့ လှူတာကတော့ တစ်မျိုးပေါ့။ အရေးပေါ် သွေးလိုလို့ လှူနေသူတွေကိုတော့ အားပေးပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းခေတ်မှာ မွတ်စ်လင်မ်တွေဟာ စုပေါင်းသွေးလှူပွဲမျိုးတွေ လုပ်လာကြတာ မြင်ရလို့ပါ။
မိုးမြင့် (စစ်ကိုင်း)

 (အဖြေ-၁) 

ဒီမေးခွန်းနဲ့ပတ်သက်တဲ့ အဓိကသုံးခုကို ရှင်းပြပါ့မယ်။
  • ပထမက သွေးလိုအပ်သူ
  • ဒုတိယက သွေးလှူသူနဲ့
  • တတိယက သွေးလိုအပ်ကြောင်းပြောတဲ့သူ (တစ်နည်းဆရာဝန်) (သူ့စကားအပေါ် လူနာက သွေးလိုအပ်၊ မလိုအပ်ဆိုတာ အတည်ပြုဆုံးဖြတ်ရတယ်)
ပထမဖြစ်တဲ့ သွေးလိုအပ်သူဆိုတာ နာမကျန်းလို့ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် သူ့ရဲ့ရှင်သန်မှုဘဝက သွေးသွင်းဖို့ လိုအပ်နေသူပါ။ ဒီကိစ္စနဲ့ပတ်သက်တဲ့အာယသ်တော်တွေ လာရှိထားပါတယ်။ (ကုရ်အာန်-၂း၁၇၃၊ ၅း၃၊ ၆း၁၁၉) တို့မှာ လေ့လာကြည့်ပါ။ ဒီအာယသ်တော်တွေနဲ့ အထောက်အထားပြရခြင်းမှာ နာမကျန်းသူ (သို့မဟုတ်) ဒဏ်ရာရထားသူ လူနာတစ်ဦးရဲ့ ကျန်းမာပျောက်ကင်းမှု၊ ဘဝကယ်တင်မှုဟာ တစ်ခြားတစ်ယောက်ဆီကနေ သွေးသွင်းမှကိုရတော့မယ့် အခြေအနေမျိုးဖြစ်နေရင် ဆိုလိုတာက အစာအာဟာရ၊ ဆေးဝါး စသဖြင့်တို့နဲ့ ကုသလို့ မရနိုင်တော့ဘူး။ သွေးသွင်းဖို့ကို လိုအပ်နေပြီဆိုရင် သူ့ကိုသွေးလှူခြင်း ပိုင်ပါတယ်။ ဓမ္မစစ်မှာ ဒီသွေးလှူခြင်းက အစားအစာပေးကမ်းခြင်း အမျိုးအစားထဲကဖြစ်ပြီး ဆေးဝါးကုသခြင်း အမျိုးအစားထဲက မဟုတ်ပါဘူး။ ဟရာမ်အစားအစာတစ်ခုဟာ လိုအပ်ချိန်မှာ အသုံးပြုခွင့် ရှိပါတယ်။ ပမာအားဖြင့် မလွှဲသာ မရှောင်သာ အကျပ်အတည်းမှာရောက်နေတဲ့ လူတစ်ဦးအတွက် အသေသားစားပိုင်သကဲ့သို့ ဖြစ်ပါတယ်။

ဒုတိယက သွေးလှူသူပါ။ သူကသွေးလှူလိုက်လို့ တအားဒုက္ခရောက် ချည့်နှဲ့သွားတာမျိုးမဟုတ်ရင် လှူခွင့်ရှိပါတယ်။ ဒါကြောင့် သွေးပေါင်ချိန် ဘယ်လောက်ရှိရမယ်၊ ကိုယ်အပူချိန်ဒီဂရီ ဘယ်လောက်ရှိရမယ်၊ နှလုံးခုန်နှုန်း ဘယ်လောက်ဖြစ်နေရမယ် စသဖြင့်သတ်မှတ်ထားတာတွေကို တိတိကျကျ ဆောင်ရွက်သင့်တယ်။
တမန်တော်မြတ် ﷺ က မိန့်ကြားတော်မူပါတယ်။ ကိုယ့်ကိုယ်ကိုယ် နစ်နာအောင် မလုပ်ရဘူး။ သူတစ်ပါးကိုလည်း နစ်နာအောင် မလုပ်ရဘူး။

တတိယက သွေးတကယ်လိုအပ်ကြောင်း ပြောကြားတဲ့ ဆရာဝန်ပါ။ ဆေးဝါးကုသမှုမှာ အတွေ့အကြုံရင့်ကျက်နေသူ၊ လူအများလက်ခံထားသူ ဖြစ်ရမယ်။

အချုပ်ပြောရရင် - မိမိကိုယ့်ကို ဒုက္ခမရောက်စေဘဲ တစ်ပါးသူ ကျန်းမာရေးကုသမှု လိုအပ်ချက်အတွက် သွေးလှူခွင့် ရှိပါတယ်။ နောက်ပြီး အစ္စလာမ့်သွေးဘဏ် တည်ထောင်ခွင့် ရှိပါတယ်။ ဒါပေမယ့် လူနာတွေ၊ လူနာရှင်တွေဆီကနေ သွေးလှူလို့ အခကြေးငွေတစ်စုံတစ်ခု ယူပိုင်ခွင့် မရှိပါဘူး။ လူသားတွေလိုအပ်ချက်ကို ပရအနေနဲ့ တည်ထောင်ရပါမယ်။ စီးပွားရှာဖွေတဲ့ ဌာနတစ်ခုအဖြစ် မရပ်တည်သင့်ပါဘူး။ ဒါကြောင့် သွေးကို အရေးပေါ်လိုအပ်ချိန်မှာ လှူခွင့်ရှိသလို ကြိုတင်ပြီးတော့လည်း လှူခွင့်ရှိပါတယ်။

[/content][content]
 (မေးခွန်း-၂) 

လူက သန့်နေပါတယ်။ မသန့်ဖြစ်ထားတဲ့ အဝတ်အထည်ကို ဝတ်မိတယ်ဆိုရင် ရေချိုးရပါမည်လား။ ဗလီတွေမှာ အတွင်းခံတွေကို မသန့်လို့ ချွတ်ပြီး နမားဇ်ဝတ်ပြုကြတယ်။ ပြီးမှ ပြန်ဝတ်ကြတယ်။ အဲ့ဒါကြောင့် မေးစရာဖြစ်လာတာပါ။ မသန့်တာဝတ်ရင် မသန့်ဖြစ်သွားပါသလား။
A ဂနီ (ပျဉ်းမနား)

 (အဖြေ-၂) 

မသန့်တစ်စုံတစ်ခု လူးပေနေတဲ့အဝတ်ကို ဝတ်လိုက်ရုံနဲ့ ရေချိုးစရာ မလိုပါဘူး။

တကယ်လို့ အဲဒီအဝတ်မှာရှိနေတဲ့မသန့်က ကိုယ်ခန္ဓာကို ပေကျံသွားရင်တော့ ဆေးကြောလိုက်ရပါမယ်။

ကျင်ငယ်တို့၊ သုက်ရည်တို့၊ မဇီအရေကြည်တို့ ပေကျံနေတဲ့အတွင်းခံဘောင်းဘီကို ချွတ်ပြီးသွားရင် အဆိုပါအညစ်အကြေးတွေ ထိပေနေတဲ့နေရာကို ဆေးကြောလိုက်ပါ။ သန့်သွားပါပြီ။ ဘောင်းဘီပါ သန့်ချင်ရင်တော့ ရေနဲ့ အနည်းဆုံးသုံးကြိမ် ဆေးကြောလျှော်ဖွပ်၊ ညှစ်ရပါလိမ့်မယ်။

ဒီနေရာမှာ ရေချိုးဖို့အရေးကြီးတဲ့ အကြောင်းချင်းရာတွေကို ဖော်ပြပေးလိုက်ပါ့မယ်။
  1. အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ်၊ နိုးနေချိန်မှာဖြစ်ဖြစ်၊ အိပ်ပျော်နေချိန်မှာဖြစ်ဖြစ် မနီသုက်ရည်ထွက်သွားရင် ရေချိုးဖို့ အရေးကြီးပါတယ်။ အကျယ်တဝင့်ကိုတော့ ကျမ်းစာအုပ်တွေမှာ လေ့လာနိုင်ပါတယ်။


  2. ကိုယ်လက်နှီးနှောခြင်း၊ အကြင်လင်မယားပေါင်းသင်းဆက်ဆံခြင်း။ သုက်ထွက်တာဖြစ်ဖြစ်၊ မထွက်တာဖြစ်ဖြစ် အမျိုးသားရဲ့ အရှက်အင်္ဂါက အမျိုးသမီးရဲ့အရှက်အင်္ဂါအတွင်းရောက်တာနဲ့ ရေချိုးဖို့ အရေးကြီးပါတယ်။


  3. အမျိုးသမီးက လစဉ်ဟိုင်ဿးွ် ဓမ္မတာသွေးဆင်းပြီးနဲ့ ကလေးမီးဖွားပြီး နိဖာစ်မီးယပ်သွေး ပြီးဆုံးချိန်တို့မှာ ရေချိုးဖို့ အရေးကြီးပါတယ်။


  4. ကွယ်လွန်သေဆုံးသွားသူ မိုင်ယိသ်ကိုလည်း ရေချိုးပေးဖို့ အရေးကြီးပါတယ်။


  5. တချို့ပညာရှင်တွေထံမှာ အစ္စလာမ်လက်ခံလာတဲ့ ကာဖိရ်ဟာလည်း ရေချိုးဖို့ လိုအပ်ကြောင်း ဖော်ပြကြပါတယ်။

[/content][content]
 (မေးခွန်း-၃) 

မောင်ဝ်လဝီများ၊ ဟာဖီးဇ်များအတွက် ဘာသာရေးစာသင်ကျောင်းများမှာ သတ်မှတ်ထားတဲ့နှစ် ကုန်ဆုံးသွားရင် စနဒ်အောင်လက်မှတ်တွေ ပေးကြပါတယ်။ စနဒ်ပေးရတဲ့အကြောင်းရင်းနဲ့ စနဒ်ပေးတဲ့အစီစဉ်ကို စတင်တီထွင် သတ်မှတ်ခဲ့ကြသူများအကြောင်းကို သိချင်လို့ပါ။

အလင်းမျက်ဝန်းမှ ပညာရှင်များ အားလေးစားစွာဖြင့် -
ခင်မောင်မြင့်
(အမေရိကန်ပြည်ထောင်စု)

 (အဖြေ-၃) 

မောင်ဝ်လ၀ီဘွဲ့တို့၊ ဟာဖိဇ်ွဘွဲ့တို့ကို ဘွဲ့လက်မှတ်အနေနဲ့ ဘယ်တုန်းက၊ ဘယ်သူကစပြီးပေးခဲ့တယ် ဆိုတာကိုတော့ အတိအကျ မသိထားပါဘူး။ ဒါပေမယ့် ကမ္ဘာမှာ ပထမဦးဆုံးတက္ကသိုလ် အကယ်ဒမီကြီး စတင်တည်ထောင်သူမှာ မော်ရိုကိုနိုင်ငံမှ ဖာသွိမဟ်မုဟမ္မဒ် အလ်ဖဲဟ်ရီ ဖြစ်ပါတယ်။ အဆိုပါ ပညာရှင်အမျိုးသမီးဟာ ဟိဂ်ျရီ 245 (ခရစ် 859) မှာ ကမ္ဘာ့ပထမဦးဆုံးအနေနဲ့ ဒီဂရီဘွဲ့လက်မှတ်ပေးတဲ့ တက္ကသိုလ်ကြီးကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအချိန်ကတည်းက ဘွဲ့လက်မှတ်တွေ ပေးနေပြီလို့ ပြောလို့ရပါတယ်။ သူမရဲ့ ဖခင်က အောင်မြင်တဲ့ ကုန်သည်ကြီး ဖြစ်ပါတယ်။ မော်ရိုကိုနိုင်ငံ၊ ဖားစ်မြို့မှာ ကရ်ဝီယီးန်တက္ကသိုလ်နာမည်နဲ့ ကျော်ကြားခဲ့ပါတယ်။ ယနေ့တိုင်လည်း တည်ရှိနေပါသေးတယ်။ ဒီတက္ကသိုလ်ကြီးကနေ ထင်ရှားကျော်ကြားတဲ့ ဒေါက်တာ၊ ဒဿနပညာရှင်ကြီး မူစာဗင်န် မိုင်မူးန်၊ မာလိကီ ဖိကဟ်ဓမ္မသတ်ပညာရှင်ကြီး အဗူအင်မ်ရာန် အလ်ဖာစီနဲ့ သမိုင်းသုတေသီ၊ လူမှုသိပ္ပံပညာကို စတင်တည်ထောင်သူ အိဗ်နုခလ်ဒူန်တို့က အဆိုပါ ကရ်ဝီယီးန်တက္ကသိုလ်ကြီးမှာ ပညာသင်ယူ ဆည်းပူးခဲ့ကြပါတယ်။

နောက်ပြီး အာရှတိုက်မှာ မောင်ဝ်လဝီ၊ ဟာဖိဇွ် ပညာသင်ကျောင်းတွေ ပေါ်ပေါက်လာတာတော့ ကြာခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့ သာသနာ့ပညာရေးစနစ်တစ်ခုလုံးက ကျောင်းတိုင်းမှာ အိန္ဒိယကျောင်းကြီးတွေရဲ့ ပညာရေးစနစ်ကိုယူပြီး ပညာရေးခရီး လျှောက်လှမ်းခဲ့ကြပါတယ်။ ကျောင်းသင်ရိုးညွှန်းတမ်းကအစ အိန္ဒိယနိုင်ငံကကျောင်းကြီးတွေရဲ့ သင်ရိုးကို ယူကြပါတယ်။ နိဇွာမီသင်ရိုးလို့ မည်တွင်ပါတယ်။ ဆရာကြီးမွလ္လာနိဇွာမွဒ္ဒီးန် စဟာလဝီ (ဟိဂ်ျရီ 1161/ ခရစ် 1810 ကွယ်လွန်) ကို ဆက်နွယ်ပြီး မှည့်ခေါ်တဲ့ နာမည်ပါ။ ဆရာကြီးက အိန္ဒိယနိုင်ငံ၊ လခ်နောင်မြို့၊ ဖရန်ဂီးမဟလ် ဆိုတဲ့နေရာမှာ ဘုရင်အောင်ရန်ဇေးဗ်ရဲ့ မြှောက်စားချီးမြှင့်မှုအရ ပထမဦးဆုံးကျောင်းကို ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ ကျောင်းတော်မှာ အခြေခံသဒ္ဒါပညာရပ်၊ အရဗီစကားလုံးများ ပြောင်းလဲထားသိုတဲ့ ပညာရပ်၊ ယုတ္တဗေဒ၊ တက္ကဗေဒ၊ ဒဿနိကဗေဒ၊ သင်္ချာပညာရပ်၊ စကားပြောနည်း အတတ်ပညာ၊ ဖိကဟ်ဓမ္မသတ်၊ ဖိကဟ်ဥပဒေပညာ၊ ယုံကြည်ချက်ပိုင်းဆိုင်ရာများနှင့် ကုရ်အာန်သဖ်စီးရ်အပါအဝင် ဟဒီးဆ် ပညာရပ်တွေကို သင်ကြားပေးပါတယ်။

အခုအခါမှာတော့ အဲဒီလိုပညာရပ်တွေကို သင်ယူဆည်းပူးပြီးတဲ့ ကျောင်းသားတွေကို ဘွဲ့လက်မှတ် ချီးမြှင့်ခြင်း ဖြစ်ပါတယ်။ ဟိုတစ်ချိန်တုန်းက ဘွဲ့စနဒ်လို့ မည်တွင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ စာသင်တဲ့ ကျောင်းသားနဲ့ သင်ကြားပေးတဲ့ ဆရာရဲ့ ကြားမှာ အဆက်အနွယ်ဖော်ပြရင်း ဆရာကမိမိရဲ့ ဆရာ့ဆရာကြီးတွေနဲ့ ဆက်နွယ် ပြခဲ့ပါတယ်။ နောက်ဆုံး တမန်တော်မြတ် ﷺ ထိတိုင်အောင် ဆက်နွယ်ပြပါတယ်။ ဒါကြောင့် ဘွဲ့စနဒ်လို့ ခေါ်ခြင်းပါ။ ယခုအခါမှာတော့ ဘွဲ့စနဒ်ရော ရှဟာဒဟ် မောင်ဝ်လဝီ၊ ဟာဖွိဇ်ွဖြစ်ကြောင်း ထောက်ခံချက်ပါ ပေးကြပါတယ်။ အများအားဖြင့်တော့ ရှဟာဒဟ်ဘွဲ့လက်မှတ်ကို ချီးမြှင့်ကြတာ များပါတယ်။ မေးမြန်းသူလည်း စိတ်ကျေနပ်မယ်လို့ ယုံကြည်ပါတယ်။

[/content][/3column]

နက်ဖန် (၂၄-၈-၂၀၁၇) ကြာသပတေးနေ့သည် ဟစ်ဂ်ျရီ (၁၄၃၈) ခုနှစ်၊ ဇွလ်ဟဂ်ျဂျဟ်လ (၁) ရက်နေ့ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၏ ဗဟိုလကြည့်စိစစ်ရေးကော်မတီမှ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

ကြေငြာချက်အပိုဒ်(၂)မှာတော့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂) ရက် (စနေနေ့) သည် အစ္စလာမ်ဘာသာဝင်များ၏ အီဒွလ်အဿွ်ဟာ (အီဒ်ကြီး/ဘက္ကရီအီးဒ်) နေ့ရက်ဖြစ်ကြောင်းကိုလည်း ဆက်လက်ဖော်ပြပါရှိပါတယ်။

အဆုံးပါဆုံးဖြတ်ချက်ကို စာအမှတ် (အ.ဖ/၀၉၀/၂၀၁၇) ဖြင့် ဓမ္မသတ်မှူးချုပ် မောင်ဝ်လာနာ ရှမ်စွတ်ဒိုဟာ (ခ) ဆရာကြီး ဦးဘသိန်း မှ ယနေ့တွင် ထုတ်ပြန်ကြေငြာလိုက်တာ ဖြစ်ပါတယ်။

၎င်းဆုံးဖြတ်ချက်အတိုင်း နိုင်ငံတော်ပြန်တမ်းဝင်ရုံးပိတ်ရက်အဖြစ် ကြေငြာနိုင်ရန်အတွက် သက်ဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီးထံကိုလည်း အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကြောင်းကြားစာ ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။

Mnews-03/8/17 © အလင်းမျက်ဝန်း


ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ ဘုရင်မင်းမြတ်ကြီး စလ်မားန် ဗင် အဗ္ဗဒွလ်အဇီးဇ် ရဲ့ သီးသန့်ဖိတ်ကြားမှု ဟဂ်ျဗီဇာဖြင့် မြန်မာနိုင်ငံသား (၁၀) ဦးဟာ လာမယ့် သြဂုတ်လ (၂၄) နေ့မှာ စတင်ထွက်ခွါကြမယ်လို့ သိရပါတယ်။

Royal Visa လို့ လူသိများတဲ့ အဆိုပါသီးသန့်ဟဂ်ျဗီဇာရရှိသူ (၁၀) ဦးအနက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးလည်း ဟဂ်ျသွားရောက်ဝတ်ပြုဖို့ ပါဝင်ပါတယ်။

၎င်းဟာဂျီလောင်း (၁၀) ပါးကို မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေးဗီးယားနိုင်ငံ သံအမတ်ကြီး H.E. Sahal Bin Moustafa Bin Ahmed Ergesous မှ နှုတ်ဆက်ပွဲကျင်းပပြီး လက်ဆောင်ပစ္စည်းအချို့ ပေးအပ်၍ ဂုဏ်ပြုနှုတ်ဆက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၁၈) ရက်နေ့ကလည်း ဆော်ဒီသံအမတ်ကြီးဟာ မင်္ဂလာဒုံလေဆိပ်သို့သွားရောက်ပြီး မြန်မာနိုင်ငံမှ ပထမဆုံးထွက်ခွါကြမယ့် အစိုးရမဲဟာဂျီတွေကိုလည်း လက်ဆောင်ပစ္စည်းအချို့ ပေးအပ်ကာ ဂုဏ်ပြုနှုတ်ဆက်ခဲ့ပါသေးတယ်။

Mnews-02/8/17 © အလင်းမျက်ဝန်း



အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ အနိုင်မရသေးဘဲ အရှည်ကြာဆုံးတိုက်နေရတဲ့ စစ်ပွဲကို အဆုံးသတ်မယ်ဆိုတဲ့ ကတိကဝတ်ကို ပယ်ချလိုက်ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံကို ဆက်လက်ကျူးကျော် သိမ်းပိုက်ထားရဦးမယ်လို့ ထုတ်ပြန်လိုက်တဲ့ ဝါရှင်တန်ရဲ့ ကြေညာချက်အပြီးမှာတော့ မိမိတို့ အာဖဂန်နစ္စတန်နိုင်ငံဟာ အမေရိကန်တို့အတွက် စစ်သင်္ချိုင်းဒေသ ဖြစ်သွားလိမ့်မယ်လို့ တာလီဘန်အဖွဲ့ကလည်း တုန့်ပြန်ပြောကြားလိုက်ပါတယ်။

“ အမေရိကန်တပ်တွေကို အာဖဂန်နစ္စတန်ကနေ ဖယ်ရှားမပေးဘူးဆိုရင်တော့ အာဖဂန်နစ္စတန်ဟာ အဲ့ဒီစူပါပါဝါဆိုသူတွေအတွက် စစ်သင်္ချိုင်းမြေနေရာအဖြစ် ထပ်ပြီးမှတ်ယူရပါလိမ့်မယ် ” လို့ တာလီဘန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဇွဗီအွလ္လာဟ်မုဂျာဟစ်ဒ်က အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်တစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ ကျနော်တို့ရဲ့အမိမြေပေါ်မှာ အမေရိကန် ကျူးကျော်စစ်သားတစ်ဦး ကျန်နေသေးသရွေ့၊ ကျနော်တို့ကို စစ်ပြုနေသေးသရွေ့ သွာလီဘန်တွေကတော့ ဆက်လက်ပြီး တော်လှန်ရေးဆင်နွှဲနေကြအုံးမှာပါ ” လို့ ဇွဗီအွလ္လာဟ်က ပြောကြားလိုက်ပါတယ်။

အာဖဂန်မှာစစ်ခင်းပြီး မုဂျာဟစ်ဒ်တို့နဲ့ လာရောက်စီးချင်းထိုးနေမယ့်အစား အမေရိကန်အနေနဲ့ ကိုယ့်နိုင်ငံကိုယ်ပြန်ထွက်ခွာရေးဗျူဟာကိုသာ စဉ်းစားသင့်တာပါလို့လည်း ၎င်းကတိုက်တွန်းလိုက်ပါတယ်။

Inews-003/8/17 © အလင်းမျက်ဝန်း | ကိုးကား » Press TV

ရေလမ်းခရီးဖြင့် ဆော်ဒီနိုင်ငံသို့ ယခုလအတွင်း ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံမှ ဟာဂျီလောင်းများ (ဓာတ်ပုံ»အင်တာနက်)

ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ ဆိပ်ကမ်းမြို့ဝင်ပေါက်များမှတစ်ဆင့် ဟဂ်ျလာရောက်ဝတ်ပြုသူ (၁) သန်းကျော်ကို ကျန်းမာရေးထိန်းချုပ်မှု စင်တာများမှ ကာကွယ်ဆေးများ အသီးသီးထိုးပေးနှံပေးခဲ့တယ်လို့ သိရပါတယ်။

ဆော်ဒီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဟာ ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေးနဲ့ Yellow Fever ကာကွယ်ဆေးတွေကို ဟာဂျီလောင်းဦးရေ (၁.၁) သန်းကျော်ကို အခမဲ့ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။

ယခုလို ကာကွယ်ဆေးများ ထိုးနှံပေးတဲ့ အစီအစဉ်ဟာ ဆော်ဒီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကူးစက်ရောဂါနှင့် ကပ်ရောဂါများ ကာကွယ်ရေး လှုပ်ရှားမှုလုပ်ငန်းစဉ် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ လာရောက်ကြမယ့် ဟာဂျီ (၂) သန်းကျော်အား ကပ်ရောဂါနှင့် ကူးစက်ရောဂါများမှ ကာကွယ်မှုပြုရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Inews-002/8/17 © အလင်းမျက်ဝန်း | ကိုးကား » G-News

[ ဇွလ်ဟဂ်ျဂျဟ်လ (၁) ရက်နေ့ မှ (၁၅) ရက်နေ့ အတွင်းသာ ]

၂၀၁၇ ဟဂ်ျအထူးအစီအစဉ်

ဟဂ်ျခရီးစဉ်သို့ ရောက်ရှိနေသည့် ဟာဂျီ/ဟာဂျီမတို့၏ ဟဂ်ျဝတ်ပြုခြင်းဆိုင်ရာ မတ်စ်အလာအခက်အခဲများကို အလင်းမျက်ဝန်း မှ တိုက်ရိုက်ဖြေကြားပေးသွားပါမည်။

ဟာဂျီ/ဟာဂျီမတို့အနေဖြင့် ဟဂ်ျခရီးစဉ်အတွင်း ကြုံတွေ့ရသည့် မတ်စ်အလာအခက်အခဲများကို သိရှိလိုပါက WhatsApp နံပါတ် 09450022857 သို့ အသံဖြင့်ဖြစ်စေ/စာရိုက်၍ဖြစ်စေ ပေးပို့ကာ မေးမြန်းနိုင်ပါသည်။

ဟနဖီမဇ်ဟဗ်ရဲ့ ဖိကာဟ်ကို အခြေပြု၍ မြန်မာဘာသာဖြင့် အမြန်ဆုံး ပြန်လည်ဖြေကြားပြီး မေးမြန်းလာတဲ့ ဖုန်းနံပါတ်ဆီကိုသာ ပေးပို့သွားမှာ ဖြစ်ပါတယ်။

ဟာဂျီဆပ်တွေကို အကူအညီပေးနိုင်ဖို့ အလင်းမျက်ဝန်းမှ အသင့်ပြင်ဆင်ထားပါတယ်။

ဟာဂျီ/ဟာဂျီမတို့ရဲ့ ဟဂ်ျဝတ်ပြုမှုကို အလ္လာဟ်အရှင်မြတ် လက်ခံကဗူလ်ပြုတော်မူပါစေ! (အာမီးန်)



အချို့သော လူမှုကွန်ယက်တွေမှာ လူသားတွေရဲ့ ဆွလာသ်ဝတ်ပြုမှုအတွင်း လူသားမဟုတ်တဲ့ ဂျင်န်တစ်ပါး လာရောက်၍ ပါဝင်ဝတ်ပြုခဲ့ရာက ကုရ်အာန်ကျမ်းတော်မြတ် ဖတ်ရွတ်မှုကို မခံနိုင်ဘဲ ချုံ့ပွဲချ ငိုကြွေးနေတယ်ဆိုတဲ့ ရုပ်သံဗွီဒီယိုတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။

၎င်းရုပ်သံအတွင်း ဝတ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ အေမာမ်တစ်ပါး (ကာရီ နာစွင်ရ် အလ်ကိသွာမီ) ရဲ့ ဦးဆောင်ဝတ်ပြုမှုနောက်မှာ အများနဲ့အတူ ပါဝင်နေတာကို မြင်ရပါတယ်။

ဆွလာသ်ဝတ်ပြုမှုအတွင်း မတ်တပ်ရပ်၍ ကိရာအသ် ဖတ်ရွတ်နေစဉ်မှာ ၎င်းပုဂ္ဂိုလ်ဟာ တဖြည်းဖြည်းနဲ့ ငိုကြွေးနေရင်းက အရှိန်ရလာပြီး အခြေအနေကို မထိန်းနိုင်တော့ဘဲ အသံနက်ကြီးနဲ့အော်ဟစ်ကာ စဂ်ျဒါ (မြေခဦးချမှု) အနေအထားသို့ ရောက်ရှိသွားပါတယ်။

၎င်းပုဂ္ဂိုလ်ရဲ့ ငိုကြွေးမှုကြောင့် ဦးဆောင်ဝတ်ပြုသူ အေမာမ်ရဲ့ ဖတ်ရွတ်မှုတောင် ရုတ်တရက် ရပ်တန့်သွားပြီး ဆက်လက်ဖတ်ရွတ်တဲ့အခါမှာတော့ နားကိုပိတ်ကာ အော်ဟစ်နေတာကို မြင်ရပါတယ်။

ပြီးနောက်မှာတော့ ၎င်းပုဂ္ဂိုလ်ဟာ ဆောင်းထားတဲ့ခေါင်းပေါင်းပုဝါကိုချွတ်ပြီး ထွက်ပြေးဖို့ ကြိုစားခဲ့ဟန်ရှိပါတယ်။

လူမှုကွန်ယက်တွေမှာတော့ ဒီဗွီဒီယိုရုပ်သံကို ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအဖြစ် ရေးသားဖော်ပြပြီး ဝေမျှနေကြသလို အချို့ကလည်း ဒါဟာ သာမန်လူသားတစ်ဦးရဲ့ အကြောင်းအကျိုးတစ်ခုခု ပေါ်ပေါက်မှုကို ပုံမှားရိုက်ပြီး ဖွနေကြတယ်လို့လည်း ဝေဖန်နေကြတာကို မြင်ရပါတယ်။

GKM-04/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/uMitKCjoGsw
[/error]



ဒီတစ်ပါတ် သုခုမမျက်ဝန်းဆိုတဲ့ အလင်းမျက်ဝန်းရဲ့ ဖျော်ဖြေရေးအစီအစဉ်မှာတော့ “ ကရုဏာကျေးဇူးကြီးမားတဲ့အရှင်မြတ်သခင် ” လို့ အမည်ရတဲ့ အရဗီ+ရရှား ဘာသာစကားနှစ်မျိုးဖြင့် သီဆိုထားတဲ့ ကဆွီဒါလေးကို ရွေးချယ်တင်ဆက်လိုက်ပါတယ်။

ဒီကဆွီဒါလေးဟာ ကူဝိတ်နိုင်ငံ တော်ဝင်ဗလီအေမာမ်ဆပ် ကာရီ အလ်အဖါဆီ အဗ္ဗဒွရ် ရာရှီးဒ် မေရှာရီ နဲ့အတူ ရရှားနိုင်ငံမှ ချေချင်းညာတိုင်းရင်းသူ ဟာဖီဇွာဟ်မလေးက အားဖြည့်ပူးပေါင်းသီဆိုထားတဲ့ ကမ္ဘာကျော်ကဆွီဒါလေးတစ်ပုဒ်ဖြစ်ပါတယ်။

ကုရ်အာန်ကျမ်းတော်မြတ်နဲ့ပတ်သက်ပြီး မြတ်နိုးမှုတွေကို ဖော်ကျူးရင်း အကောင်းဆုံး သီကုံးရွတ်ဆိုကာ ဒိုအာဆုမွန်စာသားတွေနဲ့ အဆုံးသတ်ထားတဲ့ တူရိယာမဲ့သံစဉ် ကဆွီဒါလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ENTM-07/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/e43vtL_Vqow
[/error]


မနေ့က သြဂုတ်လ (၁၆) ရက် ဗုဒ္ဓဟူးနေ့မှာ ဆော်ဒီဘုရင်ကြီး စလ်မာန်း ဘင် အဗ္ဗဒွလ် အဇီးဇ် ဟာ ကာတာမှ လာရောက်ကြမယ့် ဟာဂျီဆပ်တွေကို မိမိတို့ဆော်ဒီနိုင်ငံအတွင်းသို့ လွယ်ကူစွာဝင်ရောက်နိုင်အောင် ဆောင်ရွက်ပေးဖို့ အစိုးရအား တိုက်ရိုက်အမိန့်ပေး ညွှန်ကြားလိုက်ပါတယ်။

ကုန်းကြောင်းဖြင့် နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် ဝင်ရောက်ကြမယ့် ကာတာဟာဂျီတွေကို အီလက်ထရောနစ်ပါမစ် မလိုအပ်ဘဲ ဝင်ရောက်ခွင့်ပြုဖို့ ဘုရင်ကြီးက သက်ဆိုင်ရာဝန်ကြီးဌာနကို တိုက်ရိုက်အမိန့်ပေး ညွှန်ကြားလိုက်ပါတယ်။

ဒါ့အပြင် ဘုရင်ကြီးစလ်မာန်း ဟာ ကာတာဟာဂျီများ အချိန်မီ ဟဂ်ျဝတ်ပြုနိုင်ဖို့ ဆော်ဒီအစိုးရပိုင် စင်းလုံးငှားလေယာဉ်ကြီးတွေနဲ့ ကာတာနိုင်ငံအထိ သွားရောက်ခေါ်ဆောင်ပေးဖို့နဲ့ ကုန်ကျစရိတ်ကို အစိုးရရံပုံငွေဖြင့်မဟုတ်ဘဲ မိမိဘက်မှ ပေးဆောင်မယ်လို့လည်း ညွှန်ကြားချက်မှာ ပါဝင်ပါတယ်။

အီရန်နိုင်ငံနှင့်ဆက်သွယ်၍ အကြမ်းဖက်မှုကို အားပေးထောက်ခံမှုကြောင့် ကာတာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဂိတ်ပေါက်များ၊ လေပိုင်နက်အသုံးပြုခြင်းများနှင့် ကုန်သွယ်မှုများအားလုံးကို ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်နိုင်ငံတွေဟာ ယခုနှစ်ဇွန်လအတွင်းက ပိတ်ပင်ဖြတ်တောက်ခဲ့ကြပါတယ်။

အဆိုပါပိတ်ဆို့မှုများအတွင်း ချွင်းချက်အနေဖြင့် ဟဂ်ျခရီးစဉ်လာရောက်ခြင်းကို ခွင့်ပြုတယ်လို့ ကြေငြာခဲ့တဲ့အပြင် လာရောက်မှုလွယ်ကူစေရန်အတွက်ပါ ယခုလို ဆောင်ရွက်ပေးလိုက်တာ ဖြစ်ပါတယ်။

Inews-001/8/17 © အလင်းမျက်ဝန်း | ကိုးကား » G-News



အစ္စလာမ်သာသနာတော်ရဲ့ မဏ္ဍိုင်ကြီး(၅)ပါးအနက်မှ ပဉ္စမမြောက်မဏ္ဍိုင်အဖြစ် အလွန်အရေးကြီးလှသော မပြုမနေရခဝပ်ဆည်းကပ်တာဝန်ကြီးတစ်ရပ်ဖြစ်တဲ့ ဟဂ်ျကျင့်ဆောင်မှုရဲ့ ချိန်ခါသမယသို့ ချဉ်းကပ်လာပြီ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှ သန်းပေါင်းများစွာသော အစ္စလာမ့်သားကောင်းတွေဟာ အဆိုပါ အရေးကြီးလှတဲ့ တာဝန်ကြီးကို မပျက်မကွက် ထမ်းရွက်ဖို့အတွက် ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကဟ်ရွှေမြို့တော်ဆီသို့ မကြာမီအတောအတွင်း ဆိုက်ရောက်လာကြမှာ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ ကမ္ဘာတစ်ဝန်းကနေ ကြွမြန်းလာမယ့် သန်းချီသောဟာဂျီတွေကို ဧည့်ဝတ်ပြုဖို့အတွက် အလွန်ခမ်းနားထည်ဝါပြီး လွယ်ကူရိုးစင်းခေတ်မီလှတဲ့ အစီအစဉ်တွေ၊ လုပ်ဆောင်ချက်တွေကို တစ်နှစ်ထက်တစ်နှစ် အကောင်းဆုံးဖြစ်ရအောင် အသင့်စီမံဆောင်ရွက်ပေးထားလေ့ရှိပါတယ်။

ဟဂ်ျကာလဟာ ကမ္ဘာ့နေရာအသီးသီးမှ သန်းပေါင်းများစွာသောလူတွေ တစ်နေရာတည်း၊ တစ်ချိန်တည်းမှာ စုရုံးရောက်ရှိလေ့ရှိကြတဲ့အတွက် ပြိုင်ဘက်မရှိတဲ့ ကမ္ဘာ့မဟာခရီးသွားပွဲတော်ကြီးအဖြစ် ကမ္ဘာက အသိအမှတ်ပြုထားရပါတယ်။

တစ်ချိန်တုန်းက ယနေ့ကာလလို ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတာကြောင့် အနယ်နယ်အရပ်ရပ်ကနေ မက္ကဟ်ရွှေမြို့တော်ကြီးဆီကို ဟဂ်ျဝတ်ပြုဖို့အတွက် ခက်ခက်ခဲခဲနဲ့ လာရောက်ကြရပုံကို NGC သတင်းဌာနကြီးက ထုတ်ပြန်လိုက်တဲ့ သက္ကရာဇ် ၁၉၅၃ ခုနှစ်အတောအတွင်းက ဟဂ်ျဝတ်ပြုမှုပုံရိပ်တွေမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အစ္စလာမ့်သားကောင်းတွေဟာ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းကြီးဖြစ်နေကြပါစေ ဖန်ဆင်းရှင်အပေါ်ချစ်တဲ့စိတ်၊ ဘာသာသာသနာအပေါ် ယုံကြည်စိတ်၊ မြတ်နိုးစိတ်၊ လေးစားတန်ဖိုးထားစိတ်တွေကြောင့် ဒီတာဝန်ကြီးကို ထမ်းရွက်ကြဖို့အတွက် အရောက်လှမ်းခဲ့ကြတယ်ဆိုတာကို အဆိုပါ အတိတ်ပုံရိပ်တွေအား ကြည့်ရှုပြီးနောက်မှာ လေးစားအားကျဂုဏ်ယူဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

GKM-03/17 © အလင်းမျက်ဝန်း | ဓာတ်ပုံကိုးကား » အင်တာနက်
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/78GeGnniJfE
[/error]



ရှီအာနိုင်ငံတစ်ခုဖြစ်တဲ့ အီရန်နိုင်ငံရဲ့ တပ်မတော်(ကျည်း)မှ မွတ်စ်လင်မ်စစ်ဗိုလ်ကြီးတစ်ဦးဟာ တပ်မတော်အခမ်းအနားတစ်ခုမှာ ကုရ်အာန်ကျမ်းတော်မြတ်ကို ကာရီတစ်ဦးကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ ဖတ်ရွတ်ပြခဲ့ပါတယ်။

လေးပွင့်ရာထူးအဆင့်ရှိတဲ့ စစ်ဗိုလ်ကြီးရဲ့ ဖတ်ရွတ်မှုကို နားထောင်ကြသူတိုင်းဟာ ရုပ်မမြင်ဘဲ အသံသာကြားရမည်ဆိုပါက အဆင့်မြင့် ကိရာအသ်ပညာရှင်တစ်ဦးရဲ့ ဖတ်ရွတ်မှုလို့တောင် မှတ်ယူကြစေမှာ ဖြစ်ပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ (၉) ပုဒ်မြောက် စူရာဟ်သောင်ဗဟ်ရဲ့ နောက်ဆုံးပိုင်းမှာရှိတဲ့ အာယသ်တော် (၁၁၁) နဲ့ (၁၁၂) နှစ်ပိုဒ်နဲ့ ကုရ်အာန်ရဲ့ အတိုဆုံးသောစူရာဟ်ဖြစ်တဲ့ အမှတ်စဉ် (၁၀၈) စူရာဟ်ကောင်စရ်တို့ကို ဖတ်ရွတ်ပြခဲ့ပါတယ်။

အီရန်နိုင်ငံသားဖြစ်လင့်ကစား စစ်ဗိုလ်ကြီးဟာ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်မှုမတိုင်မီ ရှေးဦးစွာ ကိုယ်တော်မြတ် ﷺ အား ဒရူးဒ်စလာမ်ပိုသခဲ့သလို ဖတ်ရွတ်မှုအပြီးမှာလည်း ကုရ်အာန်ကျမ်းတော်မြတ်အား ရိုသေစွာနဲ့ နမ်းရှုံ့နေပါသေးတယ်။

အခမ်းအနားအတွင်းမှာ စစ်ဗိုလ်ကြီးရဲ့ ကိရာအသ်ကို နားထောင်ကြတဲ့ပရိတ်သတ်တွေရဲ့ အားပေးသြဘာသံဟာ ခမ်းမဆောင်ကြီးအတွင်း မြိုင်ဆိုင်နေပါတယ်။

GKM-001/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/r0kxj6WGDds
[/error]

တစ်ချိန်တစ်ခါက...

ပျော်ဘွယ် အရဗီတက္ကသိုလ်က စာချဆရာသခင်ကြီးတစ်ပါးဖြစ်တဲ့ မောင်ဝ်လနာ ဟိုစိုင်န်း (မဒီနီ) ဟာ ပျော်ဘွယ်မြို့ စာတိုက်ကနေ စာသွားပို့ပါတယ်။

စာလက်ခံသူ ဝန်ထမ်းစာရေးမက ပေးပို့သူနေရာမှာ ရေးသားဖော်ပြထားတဲ့ ဆရာသခင်ကြီးရဲ့အမည်ကို သေချာရဲ့လားဆိုတာ အတည်ပြု မေးမြန်းပါတယ်။

ပြီးနောက် စာလွှာလက်ခံ မှတ်ပုံတင်ပြေစာ စာရွက်ပေါ်က ပေးပို့သူနေရာမှာ “ ဦးလဝီဟိုစိုင်န်း ” လို့ ရေးပြီး ပြေစာလေး ဖဲ့ပေးလိုက်ပါတယ်။

ဆရာသခင်ကြီးက စစ်ဆေးပြီးနောက်မှာ သမီးရေ ဘဘအမည်က မှားနေလားလို့နော်လို့ ပြောလိုက်တဲ့အခါ စာရေးမက အခုလို ပြန်ရှင်းပြပါတယ်။

“ ဘဘရေးထားတဲ့ မောင်လဝီဟိုစိုင်န်း ဆိုတာက ဘဘအရွယ်နဲ့ မတင့်တယ်လို့ မောင်အစားထိုးပြီး ဦးဆိုတာကို ပြင်ပေးလိုက်တာကြောင့် ဦးလဝီဟိုစိုင်န်း ဖြစ်သွားတာပါ ” ဆိုပြီး ရှင်းပြသတဲ့။

ကျနော့်ကိုယ်တွေ့ဖြစ်ရပ်လည်း တစ်ခုရှိပြန်ပါသေးတယ်။ တရားရုံးမှာ ကျမ်းကျိန်တဲ့အခါ ကျနော့်အဖေအမည်ရှေ့မှာလည်း အာလင်မ်ဖြစ်တဲ့အတွက် မောင် လို့သုံးစွဲထားတာကို တရားသူကြီးက ကျမ်းကျိန်လွှာမှာ မောင် ကို ခြစ်ချပြီး ဦး လို့ပြင်ဖို့ လက်နှိပ်စက်စာရေးကို ပြောနေပါတယ်။

စာရေးက မောင် ဆိုတာ အမှန်ပဲပြောတော့ မျက်မှန်ကြီးအောက်ချကြည့်ပြီး ဒီအရွယ်ကို မောင် လို့ သုံးရသလားဆိုပြီး လက်နှိပ်စက်စာရေးကို ငေါက်ပါလေရော။

နောက်တော်တော်ကြား ဝိုင်းရှင်းပြတော့မှ တရားသူကြီးလည်း အဲ့လိုလားဆိုပြီး ခေါင်းတညိမ့်ညိမ့်နဲ့ ကျမ်းကျိန်လွှာကို လက်မှတ်ထိုးပေးလိုက်ပါတယ်။

ပြောချင်တာက...

တကယ်တော့ ကျနော်တို့ မြန်မာမွတ်စ်လင်မ်တွေဟာ သာသနာ့ပညာရှင်တွေကို “ မောင်လဝီ (مولوى) / မောင်လာနာ (مولانا) ” လို့ အရဗီစကားလုံးကနေ ဖလှယ်ပြီး မြန်မာလို ရေးသားကြပါတယ်။

အရဗီလို مو ဆိုတဲ့စကားလုံးကို မြန်မာလိုရေးသားရာမှာ မောင် ဆိုပြီး ရေးသားလိုက်တာကြောင့် ရှိရင်းစွဲမြန်မာစကားလုံးနဲ့ တိုက်ရိုက်ငြိစွန်းသွားလို့ ဘာသာခြားတွေအတွက် မှတ်ယူကောက်ချက်ချမှုမှာ လွဲမှားသွားစေတာ ဖြစ်ပါတယ်။

ဒါကြောင့် သာသနာ့ပညာရှင်တွေကို မြန်မာလိုအမည်ရေးသားဖော်ပြရာမှာ အရဗီအသံကို မြန်မာမှုပြုရေးတဲ့အခါ မူလရှိရင်းစွဲစကားလုံးနဲ့ ငြိစွန်းမသွားရအောင် သတိပြုသင့်ပါတယ်။

ပိုဆိုးတာက တချို့အရိုအသေတန်မဲ့သူတွေဟာ ခသ်နာလုပ်ထားတဲ့ကလေးတွေကို “မောင်လနာ” လို့ ပြောင်လှောင်ခေါ်ဝေါ်ကြတာတွေကို ကျနော့်ကိုယ်တွေ့ မြင်ရဖူးပါတယ်။

ဒီလိုအကြောင်းမျိုးလေးတွေ တိုက်ဆိုင်တဲ့အတွက် တချို့ကလည်း မောင် လို့မသုံးတော့ဘဲ မော် လို့ ပြောင်းလဲသုံးကြပြန်ပေမယ့် မြန်မာအမည်တွေမှာလည်း မော်ဆိုတာ ရှိနေပြန်တော့ ထည်ဝါမှုကို ယုတ်လျော့စေပါတယ်။ တစ်ဖန် အသံထွက်ဖလှယ်ရာမှာလည်း မှားယွင်းတယ်လို့ ပြောနိုင်ပါတယ်။
ဒါကြောင့် အသံထွက် တကယ့်အစစ်အမှန်ထွက်ပေါ်လာအောင် “မောင်ဝ် ” လို့ ပြင်ဆင်ပြီး သုံးစွဲကြဖို့ အလင်းမျက်ဝန်းကနေ မြန်မာမွတ်စ်လင်မ်လူထုကြီးကို အကြံပြုတင်ပြလိုက်ရပါတယ်။
ဒီလိုဆိုရင် မောင်ဝ်လဝီ..... လို့ ဖြစ်သွားပါလိမ့်မယ်။ မောင်ဝ်လာနာ..... လို့ ဖြစ်သွားပါလိမ့်မယ်။

ဒီလိုစနစ်တကျလေးသုံးစွဲတာဟာလည်း သာသနာ့ပညာရှင်တွေကို ဂုဏ်ပေးလေးစားခြင်းတစ်မျိုးပဲလို့ စိတ်ကရည်စူးလိုက်ရင် (ان شاء الله ﺗﻌﺎﻟﯽٰ) အကျိုးကုသိုလ်တစ်ခုလည်း ဖြစ်သွားစေပြီး ကျနော်တို့လူမျိုးရဲ့စာပေအသုံးအနှုံးကိုလည်း မြှင့်တင်ရာရောက်စေပါတယ်။

သားကိုကို

MOL-005 © အလင်းမျက်ဝန်း
[info title="ရင်ဖွင့်လွှာ" icon="info-circle"]» ဤအစီအစဉ်ပါ အကြောင်းအရာများသည် ပြင်ပကလောင်ရှင်များ၏ ပေးပို့ချက်အား ဖော်ပြခြင်းဖြစ်ပြီး အလင်းမျက်ဝန်း၏ မူဝါဒအာဘော်မဟုတ်ပါ။
» ဤ “ရင်ဖွင့်လွှာ” အစီအစဉ်သို့ စာရေးသားပေးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
» စာရေးသားပေးပို့နိုင်ရန် အောက်ပါ Link တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။
http://www.alinmyetwyun.com/2017/06/MOL.html[/info]

[2column][content]
 (မေးခွန်း-၁) 

ဂျွမ္မာစွန္နသ်ဖတ်နေတုန်း ခွသ်ဗာဖတ်ရင် ဘယ်လိုလုပ်ရပါမလဲ။ ဖျက်ရပါမည်လား။ ဆက်ဖတ်ရပါမည်လား။

ယာစင် (ဦးကျေး၊ ပျဉ်းမနား)

 (အဖြေ-၁) 

ဂျုမုအဟ်အချိန် စွန္နသ်ဝတ်ပြုနေတုန်း အိမာမ်က ခွသ်ဗဟ်ပေးလိုက်ရင် စွလာသ်ကို မဖျက်ပစ်ရပါဘူး။ အဆုံးထိ ဝတ်ပြုရပါမယ်။

ဒါပေမယ့် အောက်ပါအချက် (၂) ချက်ကို ဆုံးဖြတ်ရပါမယ်။
(၁) နှစ်ရကအသ်နမားဇ်တစ်ခုခုကို ဝတ်ပြုနေတာလား။
(၂) လေးရကအသ်ဝတ်ပြုနေတာလား။

  1. နှစ်ရကအသ်ပဲ ဝတ်ပြုနေတာဆိုရင်တော့ ရှင်းပါတယ်။ ဆုံးခန်းတိုင်အောင် ဝတ်ပြုပြီး စလာမ် လှည့်လိုက်ရပါမယ်။ နောက်ဆုံးကအ်ဒဟ်မှာ မဖတ်မနေရဖြစ်တဲ့ သရှဟ်ဟွဒ်ဖတ်ပြီး စလာမ်ဖြင့် နမားဇ်ကို အဆုံးသတ်ရမယ်။

    ဝါဂျိဗ်တာဝန်ဖြစ်တဲ့ ခွသ်ွဗဟ်နားထောင်ခြင်းကို ပြုလုပ်ရမှာမို့လို့ ဒရူးဒ်တို့၊ ဒုအာတို့ကို ရွတ်ဆိုမနေတော့ဘဲ စလာမ်လှည့်လိုက်ရပါမယ်။
  2. စွန္နသ်လေးရကအသ်ဝတ်ပြုနေတာဖြစ်ရင် ကိုယ်ဘယ်နှစ်ရကအသ်ရောက်ပြီလဲ ကြည့်ရမယ်။ တတိယနဲ့ စတုတ္ထရကအသ်ကို ရောက်နေပြီဆိုရင်တော့ စတုတ္ထရကအသ်ထိ ဝတ်ပြုပါ။ ပြီးရင် အထက်ပါအတိုင်း စလာမ်လှည့်ပါ။ ပြည့်စုံသွားပါပြီ။

    တကယ်လို့ အခုမှ စဝတ်ပြုတုန်း၊ ပထမရကအသ်မှာပဲ ရှိသေးတယ် (သို့မဟုတ်) ဒုတိယ ရကအသ်မှာပဲ ရှိဦးမယ်ဆိုရင် အဲဒီဒုတိယရကအသ်မှာပဲ ကအ်ဒါထိုင်ပြီး နမားဇ်ကို နှစ်ရကအသ်နဲ့ပဲ စလာမ်လှည့် အဆုံးသတ်ရပါမယ်။

    ဒါပေမယ့် မိမိဟာ လေးရကအသ်ဝတ်ပြုမယ်လို့ ရည်ရွယ်ခဲ့တဲ့အတွက်ဆိုရင်တော့ ဂျုမုအဟ်ဖရဿွ် စွလာသ်ဝတ်ပြုပြီးမှာ အဲဒီလေးရကအသ်ကို ပြန်လည်ဝတ်ပြုရမှာ ဖြစ်ပါတယ်။





 (မေးခွန်း-၂) 

ဇေယာရသ်ဖွာသေဟာတွေက ကျွေးတဲ့အစားအစာဟာ နှလုံးသားကို မဲညစ်စေတယ်လို့ ကြားဖူးပါတယ်။

ခသမ်မဖတ်ဘဲ ဒီအတိုင်း ကွယ်လွန်သူကိုရည်စူးပြီး ဇေယာရသ်ဖွာသေဟာကျွေးတာရော အဲ့လိုမဲညစ်စေတာပဲလား။

တူးတူး (ဇီးကုန်း)


 (အဖြေ-၂) 

  • ဖာသိဟဟ်ဖတ်တယ်ဆိုတာ မြန်မာမွတ်စ်လင်မ်တွေ နေ့စဉ်သုံးစွဲနေတဲ့ စကားတွေအထဲ ပါနေတဲ့ ယဉ်ပါးနေတဲ့ စကားတစ်ခွန်းပါ။ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အစဦးဆုံး စူရဟ်၊ စွလာသ်တိုင်းမှာ မပါမဖြစ်တဲ့စူရဟ်၊ စူရဟ်ဖာသိဟဟ် - အဖွင့်စူရဟ်ကို ဖတ်ရွတ်ခြင်းကနေ ဖာသိဟဟ်ဖတ်တယ်လို့ ကျော်ကြား သွားခြင်းပါ။ ဓလေ့တစ်ခုအနေနဲ့ ပြုလုပ်နေကြပါတယ်။


  • ဒီလို ဖာသိဟဟ်ဖတ်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး ဖတ်ခွင့် ရှိမရှိဆိုတဲ့ အဆင့်ထိပါ ကွဲလွဲမှုတွေ ရှိနေပါတယ်။ တချို့ပညာရှင်တွေထံမှာ အထောက် အထားခိုင်ခိုင်မာမာ မရှိလို့ ဒီဖာသိဟဟ်ဖတ်ခြင်းကို မပြုပိုင်ဘူးလို့ ဓမ္မသတ်ထုတ်ပြန်ကြပါတယ်။


  • အစားအသောက်တွေကို ရှေ့မှာချပြီး ဖာသိဟဟ်ဖတ်တဲ့ ဓလေ့ဟာ အခြေအမြစ် မရှိပါဘူး။ ဒါပေမယ့်လည်း အဲဒီလို ဖာသိဟဟ်ဖတ်တဲ့အတွက် အစားအသောက်ကတော့ ဟရာမ်ဖြစ်မသွားပါဘူးလို့ ဒါရုလ် အုလူးမ်၊ ဒေယိုဗန်ဒ်ရဲ့ ဖသ်ဝါဌာနက ဖြေကြားထားပါတယ်။ ဒီဖသ်ဝါကို အခြေခံပြီး သုံးသပ်ပါလို့ပဲ အကြံပြု ပါရစေ။



[/content][content]
 (မေးခွန်း-၃) 
ဒညင်းသီးစားခြင်းအပေါ် သာသနာ့အမြင်လေး ပြောပြပေးပါ။ ကြက်သွန်နီစားပြီး ဗလီလာတာကို တမန်တော် မနှစ်မြို့ဘူးလို့ ကြားဖူးပါတယ်။ ဒညင်းသီးဟာ ကြက်သွန်နီလိုတောင် ကောင်းကျိုးမရှိတာကို တချို့ဆရာသခင်တွေ စားသောက်ပြီး အေမာမ်တက်လုပ်တာတွေ မြင်ဖူးလို့ပါ။
ဟေရှားမ် (မန္တလေး)
 (အဖြေ-၃) 
တညင်းသီးစားပြီး စွလာသ်ဝတ်ပြုခြင်းဆိုင်ရာ မဆ်အလဟ်ကို မဖော်ပြမီ ဦးစွာ တညင်းသီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတစ်ခုကို ပြန်လည်မျှဝေလိုပါတယ်။ ဆေးပညာအနေနဲ့ဆိုရင် ဒီအသီးကို မစားသင့်ဘူးဆိုတာ ကျနော် စာအုပ်ထဲမှာ ဖတ်မိပြီး သိခဲ့ရပါတယ်။ ဒါကြောင့် ကျနော် ဖတ်ခဲ့ဖူးတဲ့ ဒီအသီးအကြောင်းရေးထားတာကို ပြန်ပြီးမျှဝေ လိုက်ပါတယ်။

တညင်းသီး
အားလုံးသိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ့လူလည်း တော်တော်များမယ်ထင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။ တညင်းသီးကို English လို Djenkol Bean လို့ခေါ်ပြီး၊ သူ့ရဲ့ Scientific name ကတော့ Pithecolobiumlobatum လို့ ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ့မှာ ပါဝင်တာကတော့ လူကို ဒုက္ခပေးနိုင်တဲ့ အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ့ အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိ ပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင့်တတ်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင့်တာကို Djenkilism လို့ ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင်နဲ့ သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင့်မှု အများဆုံး တွေ့ရပါတယ်။ သူ့ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင့်မှုကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင့် အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင် သေဆုံးဖို့လမ်း ပိုများတယ်လို့ ဆိုပါတယ်။

အဆိပ်သင့်ခြင်း
တညင်းသီးအဆိပ်ရဲ့ ဖွဲ့စည်းပုံမော်လီကျုးကတော့ အပ်ချောင်းပုံလေးတွေကို ပုတီးသီသလို သီထားတဲ့ပုံ ဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ့တစ်ခု အလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို့ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင် အသည်းက ပျက်ပြယ်အောင်လုပ်ပေးပါတယ်။ ကျောက်ကပ်ကတော့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင် ပါဝင်တဲ့ အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ့အခါ အသည်းကို ရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုယ်ထဲကို ရောက်လာတဲ့အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ ကြိုးစားရပါတယ်။ ဒါပေမယ့် တညင်းသီးအဆိပ်မော်လီကျုးရဲ့ တည်ဆောက်ပုံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ်မော်လီကျူးတွေက ထိုးလို့ သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ့အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီး လုံးဝသွားလို့မရ ဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Urea နဲ့ အဆိပ်အတောက်တွေများလာပြီး ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင် အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute renal failure) လို့ ခေါ်ပါတယ်။ ကျောက်ကပ်သန့်စင်စက် (Renal dialysis) နဲ့ အချိန်မီ ကုသနိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။  တညင်းသီးစားမယ်ဆိုရင် တညင်းသီးမှာပါတဲ့ အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ့ အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည့်ဝသွားတဲ့အတွက် အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင့် ရေနဲ့ပြုတ်တဲ့အခါ တစ်ကြိမ်တည်းနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ့ ပြုတ်ရမှာ ဖြစ်ပါတယ်။ ပြုတ်ပြီးတဲ့ ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ့ ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော့ အန္တရာယ်တော်တော်လျော့သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင့် ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို့များ မီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော့ 100% ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီး စာရင်တော့ အဆိပ်တွေတော်တော်လေး လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။ အနံ့ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း တညင်းသီးစားပြီးတဲ့အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ့ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ဝင်နေပြီလို့ ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ့ ပတ်သက်ပြီး WHO (1970), South East Journal of Tropical Medicine (1978) စသဖြင့် ထုတ်ပြန်ရေးသားထားတာတွေလည်း ရှိပါတယ်လို့ ဆိုတယ်။ ဒါကြောင့် စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ့ဆိုးပေးတဲ့ ဒီလို အသီးကို အားလုံး တတ်နိုင်သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။

ဒေါက်တာ ခင်မောင်လွင်-FAME ရဲ့ ကျန်းမာသုတအစီအစဉ်မှ သိသမျှ ထပ်ဆင့်မျှဝေဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
  • ကဲ၊ မဆ်အလဟ်ဆီကို သွားကြရအောင်။ ဟဒီဆ်တော်မှာ ကြက်သွန်နီတို့၊ ကြက်သွန်ဖြူတို့၊ ကြက်သွန်မိတ်တို့ကို စားပြီးရင် တို့ရဲ့ ဗလီနားကို မကပ်ကြနဲ့လို့ မိန့်ထားတာ တော်တော်များများ သိကြပါတယ်။ မေးမြန်းသူကိုယ်တိုင်လည်း မေးခွန်းမှာ ဖော်ပြထားပါတယ်။ ဟဒီဆ်တော်ရဲ့ ဒုတိယ တစ်ပုဒ်ရှိပါသေးတယ်။ အဲဒါကတော့ (ဘာဖြစ်လို့လဲဆိုရင် မနုဿလူသားတို့ကို ဒုက္ခဖြစ်စေတဲ့အရာတွေဟာ ကောင်းကင်တမန်တွေကိုလည်း ဒုက္ခဖြစ်စေလို့ပါ) တဲ့။ ဒီတော့ တညင်းသီးစားပြီး စွလာသ် ဆောက်တည်ခြင်း၊ ရှေ့ဆောင်အိမာမ်ဝတ်ပြုခြင်း မလုပ်အပ်ပါဘူး။ အထူးရှောင်ကြဉ်သင့်ပါတယ်။

[/content][/2column]

[3column][content]
 (မေးခွန်း-၁) 
အတ်စ်လားမ်မိုအလိုင်းကွန်
(၁) ကျနော် ကြားဖူးတာလေးတစ်ခု ဟုတ်/မဟုတ်မေးချင်လို့။ အဝတ်အစားအသစ်ဝယ်ပြီးရင် မလျှော်ဘဲဝတ်ပြီး နမားဇ်ဖတ်မရဘူးဆိုပြီး ကြားဖူးလို့။ အသစ်ဆိုတော့ ဆေးတွေရှိမယ်။ နောက်တစ်ခုက ချူပ်တဲ့အချိန်မှာ ခြေထောက်နဲ့ နင်းမိတာတွေရှိလို့ မလျှော်ဘဲ နမားဇ်မဖတ်ရဘူးဆိုပြီးကြားဖူးလို့။
(၂) ဇေနာအမှုကို ကျူးလွန်မိတဲ့ အမျိုးသမီး/အမျိုးသားရဲ့ ချက်တာစားရင် နှလုံးသားမည်းတယ်။ မစားသင့်ဘူးလို့ ကြားဖူးလို့။ တကယ်ဘဲ မစားသင့်ဘူးဆိုရင် အဲ့ဒီအပြစ်ကို ကျူးလွန်မိတဲ့ အမျိုးသမီးရဲ့ အရွယ်ရောက်တဲ့ သားသမီးတွေနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ရမလဲ။
မိုဟမ္မဒ်​ စအားဒ် (austin tx America)
 (အဖြေ-၁) 
وعليكم السلام ورحمة الله
  1. အဝတ်အစားအသစ် ဝယ်ပြီး မလျှော်ဘဲ ဝတ်ကာ စွလာသ်ဝတ်ပြုခွင့်ရှိပါတယ်။ ချုပ်တဲ့အချိန် အပ်ချုပ်သမားက ခြေထောက်နဲ့ နင်းမယ်တို့၊ ကော်တွေ၊ ဆေးတွေရှိမယ်တို့ စသဖြင့်ကိစ္စတွေဟာ (ဝပ်စ်ဝစဟ်) စိတ်စနိုးစနောက်ဖြစ်တဲ့ကိစ္စ၊ စိတ်ထင့်တဲ့ကိစ္စ၊ သံသယစိတ်တွေပါပဲ။ အတတ်နိုင်ဆုံး အဲဒီဝပ်စ်ဝစဟ်ကို လက်မခံဖြစ်အောင် ကြိုးစားရပါလိမ့်မယ်။
  2. ဇေနာအမှုကို ကျူးလွန်မိတဲ့သူရဲ့ ချက်ပြုတ်ထားတာကိုစားရင် နှလုံးသားမည်းတယ်၊ မစားသင့်ဘူးဆိုတာကိုတော့ မကြားဖူးပါဘူး။ ဇေနာဆိုတာ ကဗီရဟ် ကြီးလေးတဲ့ ပြစ်မှုကြီးပါ။ ကြီးလေးတဲ့ ပြစ်မှုကြီးတွေဟာ မြောက်မြားစွာ ရှိနေပါတယ်။ ပမာအားဖြင့် အလ္လာဟ်အရှင်မြတ်နဲ့ တုဖက်နှိုင်းယှဉ် ကိုးကွယ်တာ၊ စုန်းပယောဂလုပ် ပြုစားတာ၊ အောက်လမ်းနည်းသုံးတာ၊ ဖရဿ်ွစွလာသ် လွှတ်တာ၊ ဇကာသ်မပေးဘဲ နေတာ၊ လမြတ်ရမဿွာန်ရဲ့ စွောင်မ်ဥပုသ်ကို မစောင့်ထိန်းဘဲနေတာ၊ တတ်စွမ်းနိုင်ပါလျက်နဲ့ ဗိုင်သွလ္လာဟ်ကို ဟဂ်ျမပြုဘဲ နေတာ၊ မိဘစကားနားမထောင်တာ၊ ဆွေမျိုးအဆက်ဖြတ်တာ၊ အတိုးပေး၊ အတိုးယူတာ၊ လိင်တူဆက်ဆံတာ၊ အရက်/ဘီယာသောက်စားတာ စသဖြင့် အများကြီးပဲ ရှိပါတယ်။ ဒါတွေအားလုံးဟာ ဇေနာအမှုလိုပဲ ပြစ်မှုကြီးတွေပါ။ ဒါတွေကို ရှရီအသ်က ဆောင်ရွက်ဖို့ ပြဌာန်းထားပါလျက်နဲ့ သို့မဟုတ် တားမြစ်ထားပါလျက်နဲ့ ကျူးလွန်နေသူ၊ မနာခံသူဟာလည်း ပြစ်မှုကြီး ကျူးလွန်သူပါပဲ။ ဒါပေမဲ့လည်း သူတို့ရဲ့ ချက်ပြုတ်ထားတာကို မစားရဘူး၊ စားရင် နှလုံးသားမည်းတယ်လို့ မိန့်ထားတာ မတွေ့ဖူးပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံး ပြစ်မှုကြီးတွေမမြောက်အောင် ကြိုးစားရပါလိမ့်မယ်။ သူတို့ကို ပြုပြင်နိုင်အောင် ကြိုးစားရပါလိမ့်မယ်။ ဒီမေးခွန်းနဲ့ ဆက်စပ်နေတဲ့ အဖြေတစ်ခုကို (အတွဲ-၀၂၂၊ အဖြေ-၁) မှာ လေ့လာပါ။
[/content][content]
 (မေးခွန်း-၂) 

အမျိုးသမီးတစ်ယောက်အတွက် အစ္စလာမ်က သတ်မှတ်ထားတဲ့ ဝတ်စားဆင်ယဉ်မှု သတ်မှတ်ပြဌာန်းချက်ကို ကုရ်အာန်၊ ဟဒီးဆ်၊ ဖွီကာဟ်အရ ဘယ်လို သတ်မှတ်ထားလဲဆိုတာ တိတိကျကျ သိချင်ပါတယ်။

ခင်မောင်မြင့် (United State Of America)


 (အဖြေ-၂) 

အမျိုးသမီးတစ်ယောက်အတွက် ရှရီအသ်က သတ်မှတ်ပြဌာန်းထားတဲ့ ဝတ်စားဆင်ယင်မှုကို တိုတိုနဲ့ ဖော်ပြရရင်-
  1. ခန္ဓာကိုယ်တစ်ခုလုံး လုံလုံခြုံခြုံ ရှိရမယ်။

  2. အဝတ်အောက်မပေါ်လွင်အောင် ထူထူဝတ်ရမယ်။

  3. ကပ်ကပ် ကျပ်ကျပ် မဖြစ်ရဘူး၊ ချောင်ချောင်ချိချိ ဖြစ်နေရမယ်။

  4. အမျိုးသားယောက်ျားတွေရဲ့ မျက်လွှာအရှုကို ဖိတ်ခေါ်နေတဲ့ ခြယ်သဆင်ယင်ထားတာမျိုး မဖြစ်ရဘူး။

  5. အမွှေးအကြိုင် သုတ်လိမ်းထားတာ မဖြစ်ရဘူး။

  6. ထင်ပေါ်ကျော်ကြားတဲ့ အဝတ်အစားမျိုး မဖြစ်ရဘူး။

  7. အမျိုးသားတွေရဲ့ အဝတ်အစားနဲ့ တူဆင်မနေရဘူး။

  8. (ကာဖိရ်) ဘာသာခြားအမျိုးသမီးတွေရဲ့ ဓလေ့စရိုက်အဝတ်အစားနဲ့ တူဆင်မနေရဘူး။

  9. လက်ဝါးကပ်တိုင်တို့၊ သက်ရှိသတ္တဝါတို့ရဲ့ ရုပ်ပုံတွေ မပါရဘူး။

  • တမန်တော်မြတ် ﷺ မိန့်ကြားတော်မူတယ်။ အပါယ်ငရဲ လားရမယ့် မိန်းမတွေကတော့ ဝတ်ဆင်ထားလျက်နဲ့ ချွတ်ထားတဲ့သူတွေ၊ သူစိမ်းအမျိုးသားတွေဘက် ယိမ်းညွတ်တဲ့သူတွေ၊ ယိမ်းညွှတ်အောင်လုပ်တဲ့သူတွေဖြစ်တယ်။ သူတို့ဟာ သုခဘုံကို မဝင်ရောက်ရမည့်သူများ ဖြစ်ပြီး သုခဘုံရဲ့ အနံ့တောင်ရကြမှာ မဟုတ်ဘူး။



[/content][content]
 (မေးခွန်း-၃) 

အိမ်ထောင်တစ်ခုမှာ မိန်းကလေးက အခြားသူနဲ့ ဖောက်ပြန်လိုက်ရင် အလိုလို သွလ္လားက်မြောက်သွားတယ်ဆိုတာ ဟုတ်ပါသလား?

အာဗစ် (ရေတာရှည်)


 (အဖြေ-၃) 

  • အကြင်လင်မယား နှစ်ဦးမှာ သွလာက်ပိုင်ရှင်က အမျိုးသားပါ။ သွလာက်အကြောင်းကတော့ ကျယ်ပြန့်ပါတယ်။

  • ဇနီးမယားက တစ်ယောက်ယောက်နဲ့ ဖောက်ပြန်မိလို့ အလိုလို သွလာက်မြောက်သွားတယ်ဆိုတာ မဟုတ်ပါဘူး။

  • ဖောက်ပြန်တယ်ဆိုတာ ဇေနာမှုပါ။ အလွန်ကြီးလေးတဲ့ ပြစ်မှုကြီးပါ။ ဒီလိုမျိုးကိစ္စဟာ အမျိုးသားလင်ယောက်ျားဘက်ကဖြစ်ဖြစ် အမျိုးသမီးဘက်ကဖြစ်ဖြစ် အလွန်ကို ရုပ်ဆိုး အကျည်းတန်တဲ့ ရှက်ဖွယ်ကိစ္စဖြစ်ပါတယ်။

  • ကျူးလွန်မိသူဟာ စစ်မှန်တဲ့ သောင်ဗဟ်ပြုလုပ်ရပါမယ်။

  • ဘယ်သူ့ကိုမှ အသိမပေးဘဲ ဖုံးကွယ်ထားရမယ်။

  • အမျိုးသားကို မှာကြားလိုတာက မိမိဇနီးသည် ဖြူစင်နေအောင် အကြောင်းခံတွေ ဖန်တီးပေးထားရမယ်။

    ဥပမာ- ရက်ရှည်လများ ခရီးထွက်တာမျိုး၊ အမျိုးသမီးနဲ့ သံဝါသမပြုဘဲ အချိန်ကြာကြာ နေတာမျိုးတွေကို ရှောင်ကြဉ်ရမယ်။

  • လူပျို၊ အပျိုက ဇေနာမှုကျူးလွန်မိရင် ခံရမယ့် အပြစ်ထက် အိမ်ထောင်ရှင်တွေ ဇေနာမှုကျူးလွန်ရင် ပိုမိုခံရပါလိမ့်မယ်။

  • လောကမှာရော နောင်တမလွန်မှာရော တော်တော်ကို ကြီးလေးတဲ့ ပြစ်ဒဏ်ခံရပါလိမ့်မယ်။


[/content][/3column]

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်သည့်စာတစ်စောင် (သရုပ်ဖော်ပုံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအား ဖွဲ့စည်းပုံ၊ စည်းမျဉ်း၊ လုပ်ငန်းတာဝန်တွေကို စနစ်တကျရေးဆွဲဖို့ သာသနာရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အဆိုပါညွှန်ကြားချက်အတွင်း အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကို ဖွဲ့စည်းပုံ စနစ်တကျ ရေးဆွဲရေးကိစ္စအပါအဝင် အဖွဲ့ကြီး၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ငန်းတာဝန်ဝတ္တရားတွေကိုလည်း ပီပီပြင်ပြင် ရေးဆွဲဖို့အချက်တွေ ပါဝင်ပါတယ်။

၎င်းလုပ်ငန်းစဉ်တွေကို လာမယ့် ၂၀၁၇ ခုနှစ်၊ သြဂုလမကုန်ခင် အပြီးသတ်ဆောင်ရွက်ပြီး ပြန်လည်အစီရင်ခံရမှာလည်း ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကို နအဖအစိုးရလက်ထက် ၂၀၀၇ ခုနှစ်၊ မေလ (၇) ရက်နေ့မှာ အစ္စလာမ်ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း (၅) ခုနဲ့ ပူးပေါင်းဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

၎င်းအဖွဲ့များကတော့ (၁) အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့၊ (၂) အစ္စလာမ်သာသနာရေးရာကောင်စီ၊ (၃) မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်၊ (၄) မြန်မာမွတ်စ်လင်မ်လူငယ်များ (ဘာသာရေး) အဖွဲ့၊ (၅) မြန်မာမွတ်စ်လင်မ် အမျိုးသားရေးရာအဖွဲ့ အစရှိတဲ့ ငါးဖွဲ့ဖြစ်ပါတယ်။

Inews-01/8/17 © အလင်းမျက်ဝန်း

မှန် (ကာတွန်း » Saudi Gazette)
CMM-04/17
[alert title="မျက်ဝန်းကာတွန်း" icon="info-circle"]ဤကာတွန်းအစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပေးနေပါသည်။
မိမိကိုယ်ပိုင်ရေးဆွဲထားသည့် ကာတွန်းများကိုလည်း ပေးပို့နိုင်ပါသည်။
မိမိရေးဆွဲထားသည့် ကာတွန်းများကို ပေးပို့လိုပါက alinmyetwyun@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
[/alert]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.