ဝမ်းနည်းမှတ်တမ်း Aboalimosa Afghanistan Al-Afasy Austria Bahrain Bangladesh Canada Chad China Cuba Egypt Eid France Germany Google Greece Hollywood HRW IDU India Indonesia Iqbal Hossain Jibon Iran Iraq IS Israel Italy Japan Jordan Kuwait Lebanon Libya Lindsay Lohan Maher Zain Malaysia Maldives Mauritius Mexico Myanmar Nigeria OIC Oman Omar Esa Oscar Pakistan Palestine PEW Philippines Portugal Qatar Russia Saudi Arabia Scotland Senegal Singapore Somalia South Africa Spain Sri Lanka Sudan Sweden Switzerland Syria Thailand Tunisia Turkey UN United Arab Emirates United Kingdom United States of America Venezuela Video Vietnam Yemen ကဗျာ ကမ္ဘာ့သတင်း ကာတွန်း ကုရ်အာန် ကုလသမဂ္ဂ ကလေးသူငယ် ကျန်းမာရေး ငလျင် စပိန် စာပေမျက်ဝန်း စီးပွားရေး တူနီးရှား တူရ်ကီ ဒန်း ဒီနီယသ် ဓာတ်ပုံသတင်း နည်းပညာ နယ်သာလန် နာရေးအသိပေး ပညာရေး ပါကစ္စတန် ပါလက်စတိုင်း ပျဉ်းမနား ပျိုမေမွတ်စ်လင်မ် သြစတေးလျ ဗိုလ်အောင်ကျော်လမ်းဗလီ မက္ကဆီကို မင်္ဂလာတောင်ညွန့် မွတ်စလင်မ်သတင်း မိတ္ထီလာ မိန့်ခွန်း မန္တလေး ယူနက်စ်ကို ပြင်သစ် ပြည်တွင်း မြန်မာ့သတင်း ရခိုင် ရင်ဖွင့်လွှာ ရန်ကုန် ရမသွာန် ရရှား ရသအလင်း ရိုမေးနီးယား လစ်ဗျား လသတင်း ဝတ္ထု ဝမ်းနည်းမှတ်တမ်း သတင်း သတင်းတို သဘာဝပတ်ဝန်းကျင် သိပ္ပံ သိပ္ပံ/ပညာ သုခဘုံလမ်းညွှန် သုခုမမျက်ဝန်း သုတမျက်ဝန်း သုတအထွေထွေ ဟဂ်ျ ဟဒီးဆ်မျက်ဝန်း ဟလာလ်စားသောက်ဖွယ် အင်္ဂလန် အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး အစ္စလာမ်နှင့်မီဒီယာ အစ္စရေး အထိမ်းအမှတ်နေ့ အထူးအစီအစဉ် အမျိုးသမီး အယ်ဒီတာ့မျက်ဝန်း အရဗီဘာသာစကားနေ့ အားကစား အာဖဂန် အာဖရိက အာဘော် အိုမန် အိုလမာ အိန္ဒိယ အီဂျစ် အီရတ် အီရန် အူရ်ဒူ အတွေးအမြင် အမေရိကန် အမေးအဖြေ အရှေ့အလယ်ပိုင်း အနုပညာ ဥရောပ ဆောင်းပါး ဆော်ဒီ တောင်တွင်းကြီးမြို့ နေပြည်တော် ပျော်ဘွယ် ဖျော်ဖြေရေး ကြေငြာချက် ကြော်ငြာ မေးမြန်းအဖြေရှာ နိုင်ငံတကာ နိုင်ငံခြား

မေးမြန်းအဖြေရှာ (အတွဲ-၀၂၄)

[2column][content]
 (မေးခွန်း-၁) 

ဂျွမ္မာစွန္နသ်ဖတ်နေတုန်း ခွသ်ဗာဖတ်ရင် ဘယ်လိုလုပ်ရပါမလဲ။ ဖျက်ရပါမည်လား။ ဆက်ဖတ်ရပါမည်လား။

ယာစင် (ဦးကျေး၊ ပျဉ်းမနား)

 (အဖြေ-၁) 

ဂျုမုအဟ်အချိန် စွန္နသ်ဝတ်ပြုနေတုန်း အိမာမ်က ခွသ်ဗဟ်ပေးလိုက်ရင် စွလာသ်ကို မဖျက်ပစ်ရပါဘူး။ အဆုံးထိ ဝတ်ပြုရပါမယ်။

ဒါပေမယ့် အောက်ပါအချက် (၂) ချက်ကို ဆုံးဖြတ်ရပါမယ်။
(၁) နှစ်ရကအသ်နမားဇ်တစ်ခုခုကို ဝတ်ပြုနေတာလား။
(၂) လေးရကအသ်ဝတ်ပြုနေတာလား။

  1. နှစ်ရကအသ်ပဲ ဝတ်ပြုနေတာဆိုရင်တော့ ရှင်းပါတယ်။ ဆုံးခန်းတိုင်အောင် ဝတ်ပြုပြီး စလာမ် လှည့်လိုက်ရပါမယ်။ နောက်ဆုံးကအ်ဒဟ်မှာ မဖတ်မနေရဖြစ်တဲ့ သရှဟ်ဟွဒ်ဖတ်ပြီး စလာမ်ဖြင့် နမားဇ်ကို အဆုံးသတ်ရမယ်။

    ဝါဂျိဗ်တာဝန်ဖြစ်တဲ့ ခွသ်ွဗဟ်နားထောင်ခြင်းကို ပြုလုပ်ရမှာမို့လို့ ဒရူးဒ်တို့၊ ဒုအာတို့ကို ရွတ်ဆိုမနေတော့ဘဲ စလာမ်လှည့်လိုက်ရပါမယ်။
  2. စွန္နသ်လေးရကအသ်ဝတ်ပြုနေတာဖြစ်ရင် ကိုယ်ဘယ်နှစ်ရကအသ်ရောက်ပြီလဲ ကြည့်ရမယ်။ တတိယနဲ့ စတုတ္ထရကအသ်ကို ရောက်နေပြီဆိုရင်တော့ စတုတ္ထရကအသ်ထိ ဝတ်ပြုပါ။ ပြီးရင် အထက်ပါအတိုင်း စလာမ်လှည့်ပါ။ ပြည့်စုံသွားပါပြီ။

    တကယ်လို့ အခုမှ စဝတ်ပြုတုန်း၊ ပထမရကအသ်မှာပဲ ရှိသေးတယ် (သို့မဟုတ်) ဒုတိယ ရကအသ်မှာပဲ ရှိဦးမယ်ဆိုရင် အဲဒီဒုတိယရကအသ်မှာပဲ ကအ်ဒါထိုင်ပြီး နမားဇ်ကို နှစ်ရကအသ်နဲ့ပဲ စလာမ်လှည့် အဆုံးသတ်ရပါမယ်။

    ဒါပေမယ့် မိမိဟာ လေးရကအသ်ဝတ်ပြုမယ်လို့ ရည်ရွယ်ခဲ့တဲ့အတွက်ဆိုရင်တော့ ဂျုမုအဟ်ဖရဿွ် စွလာသ်ဝတ်ပြုပြီးမှာ အဲဒီလေးရကအသ်ကို ပြန်လည်ဝတ်ပြုရမှာ ဖြစ်ပါတယ်။





 (မေးခွန်း-၂) 

ဇေယာရသ်ဖွာသေဟာတွေက ကျွေးတဲ့အစားအစာဟာ နှလုံးသားကို မဲညစ်စေတယ်လို့ ကြားဖူးပါတယ်။

ခသမ်မဖတ်ဘဲ ဒီအတိုင်း ကွယ်လွန်သူကိုရည်စူးပြီး ဇေယာရသ်ဖွာသေဟာကျွေးတာရော အဲ့လိုမဲညစ်စေတာပဲလား။

တူးတူး (ဇီးကုန်း)


 (အဖြေ-၂) 

  • ဖာသိဟဟ်ဖတ်တယ်ဆိုတာ မြန်မာမွတ်စ်လင်မ်တွေ နေ့စဉ်သုံးစွဲနေတဲ့ စကားတွေအထဲ ပါနေတဲ့ ယဉ်ပါးနေတဲ့ စကားတစ်ခွန်းပါ။ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အစဦးဆုံး စူရဟ်၊ စွလာသ်တိုင်းမှာ မပါမဖြစ်တဲ့စူရဟ်၊ စူရဟ်ဖာသိဟဟ် - အဖွင့်စူရဟ်ကို ဖတ်ရွတ်ခြင်းကနေ ဖာသိဟဟ်ဖတ်တယ်လို့ ကျော်ကြား သွားခြင်းပါ။ ဓလေ့တစ်ခုအနေနဲ့ ပြုလုပ်နေကြပါတယ်။


  • ဒီလို ဖာသိဟဟ်ဖတ်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး ဖတ်ခွင့် ရှိမရှိဆိုတဲ့ အဆင့်ထိပါ ကွဲလွဲမှုတွေ ရှိနေပါတယ်။ တချို့ပညာရှင်တွေထံမှာ အထောက် အထားခိုင်ခိုင်မာမာ မရှိလို့ ဒီဖာသိဟဟ်ဖတ်ခြင်းကို မပြုပိုင်ဘူးလို့ ဓမ္မသတ်ထုတ်ပြန်ကြပါတယ်။


  • အစားအသောက်တွေကို ရှေ့မှာချပြီး ဖာသိဟဟ်ဖတ်တဲ့ ဓလေ့ဟာ အခြေအမြစ် မရှိပါဘူး။ ဒါပေမယ့်လည်း အဲဒီလို ဖာသိဟဟ်ဖတ်တဲ့အတွက် အစားအသောက်ကတော့ ဟရာမ်ဖြစ်မသွားပါဘူးလို့ ဒါရုလ် အုလူးမ်၊ ဒေယိုဗန်ဒ်ရဲ့ ဖသ်ဝါဌာနက ဖြေကြားထားပါတယ်။ ဒီဖသ်ဝါကို အခြေခံပြီး သုံးသပ်ပါလို့ပဲ အကြံပြု ပါရစေ။



[/content][content]
 (မေးခွန်း-၃) 
ဒညင်းသီးစားခြင်းအပေါ် သာသနာ့အမြင်လေး ပြောပြပေးပါ။ ကြက်သွန်နီစားပြီး ဗလီလာတာကို တမန်တော် မနှစ်မြို့ဘူးလို့ ကြားဖူးပါတယ်။ ဒညင်းသီးဟာ ကြက်သွန်နီလိုတောင် ကောင်းကျိုးမရှိတာကို တချို့ဆရာသခင်တွေ စားသောက်ပြီး အေမာမ်တက်လုပ်တာတွေ မြင်ဖူးလို့ပါ။
ဟေရှားမ် (မန္တလေး)
 (အဖြေ-၃) 
တညင်းသီးစားပြီး စွလာသ်ဝတ်ပြုခြင်းဆိုင်ရာ မဆ်အလဟ်ကို မဖော်ပြမီ ဦးစွာ တညင်းသီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတစ်ခုကို ပြန်လည်မျှဝေလိုပါတယ်။ ဆေးပညာအနေနဲ့ဆိုရင် ဒီအသီးကို မစားသင့်ဘူးဆိုတာ ကျနော် စာအုပ်ထဲမှာ ဖတ်မိပြီး သိခဲ့ရပါတယ်။ ဒါကြောင့် ကျနော် ဖတ်ခဲ့ဖူးတဲ့ ဒီအသီးအကြောင်းရေးထားတာကို ပြန်ပြီးမျှဝေ လိုက်ပါတယ်။

တညင်းသီး
အားလုံးသိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ့လူလည်း တော်တော်များမယ်ထင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။ တညင်းသီးကို English လို Djenkol Bean လို့ခေါ်ပြီး၊ သူ့ရဲ့ Scientific name ကတော့ Pithecolobiumlobatum လို့ ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ့မှာ ပါဝင်တာကတော့ လူကို ဒုက္ခပေးနိုင်တဲ့ အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ့ အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိ ပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင့်တတ်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင့်တာကို Djenkilism လို့ ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွှေကျင်နဲ့ သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင့်မှု အများဆုံး တွေ့ရပါတယ်။ သူ့ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင့်မှုကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင့် အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင် သေဆုံးဖို့လမ်း ပိုများတယ်လို့ ဆိုပါတယ်။

အဆိပ်သင့်ခြင်း
တညင်းသီးအဆိပ်ရဲ့ ဖွဲ့စည်းပုံမော်လီကျုးကတော့ အပ်ချောင်းပုံလေးတွေကို ပုတီးသီသလို သီထားတဲ့ပုံ ဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ့တစ်ခု အလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို့ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင် အသည်းက ပျက်ပြယ်အောင်လုပ်ပေးပါတယ်။ ကျောက်ကပ်ကတော့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင် ပါဝင်တဲ့ အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ့အခါ အသည်းကို ရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုယ်ထဲကို ရောက်လာတဲ့အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ ကြိုးစားရပါတယ်။ ဒါပေမယ့် တညင်းသီးအဆိပ်မော်လီကျုးရဲ့ တည်ဆောက်ပုံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ်မော်လီကျူးတွေက ထိုးလို့ သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ့အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီး လုံးဝသွားလို့မရ ဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Urea နဲ့ အဆိပ်အတောက်တွေများလာပြီး ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင် အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute renal failure) လို့ ခေါ်ပါတယ်။ ကျောက်ကပ်သန့်စင်စက် (Renal dialysis) နဲ့ အချိန်မီ ကုသနိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။  တညင်းသီးစားမယ်ဆိုရင် တညင်းသီးမှာပါတဲ့ အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ့ အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည့်ဝသွားတဲ့အတွက် အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင့် ရေနဲ့ပြုတ်တဲ့အခါ တစ်ကြိမ်တည်းနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ့ ပြုတ်ရမှာ ဖြစ်ပါတယ်။ ပြုတ်ပြီးတဲ့ ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ့ ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော့ အန္တရာယ်တော်တော်လျော့သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင့် ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို့များ မီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော့ 100% ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီး စာရင်တော့ အဆိပ်တွေတော်တော်လေး လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။ အနံ့ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း တညင်းသီးစားပြီးတဲ့အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ့ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ဝင်နေပြီလို့ ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ့ ပတ်သက်ပြီး WHO (1970), South East Journal of Tropical Medicine (1978) စသဖြင့် ထုတ်ပြန်ရေးသားထားတာတွေလည်း ရှိပါတယ်လို့ ဆိုတယ်။ ဒါကြောင့် စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ့ဆိုးပေးတဲ့ ဒီလို အသီးကို အားလုံး တတ်နိုင်သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။

ဒေါက်တာ ခင်မောင်လွင်-FAME ရဲ့ ကျန်းမာသုတအစီအစဉ်မှ သိသမျှ ထပ်ဆင့်မျှဝေဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
  • ကဲ၊ မဆ်အလဟ်ဆီကို သွားကြရအောင်။ ဟဒီဆ်တော်မှာ ကြက်သွန်နီတို့၊ ကြက်သွန်ဖြူတို့၊ ကြက်သွန်မိတ်တို့ကို စားပြီးရင် တို့ရဲ့ ဗလီနားကို မကပ်ကြနဲ့လို့ မိန့်ထားတာ တော်တော်များများ သိကြပါတယ်။ မေးမြန်းသူကိုယ်တိုင်လည်း မေးခွန်းမှာ ဖော်ပြထားပါတယ်။ ဟဒီဆ်တော်ရဲ့ ဒုတိယ တစ်ပုဒ်ရှိပါသေးတယ်။ အဲဒါကတော့ (ဘာဖြစ်လို့လဲဆိုရင် မနုဿလူသားတို့ကို ဒုက္ခဖြစ်စေတဲ့အရာတွေဟာ ကောင်းကင်တမန်တွေကိုလည်း ဒုက္ခဖြစ်စေလို့ပါ) တဲ့။ ဒီတော့ တညင်းသီးစားပြီး စွလာသ် ဆောက်တည်ခြင်း၊ ရှေ့ဆောင်အိမာမ်ဝတ်ပြုခြင်း မလုပ်အပ်ပါဘူး။ အထူးရှောင်ကြဉ်သင့်ပါတယ်။

[/content][/2column]

Post a Comment

» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။

[blogger][facebook]

Admin

{picture#https://goo.gl/photos/zxoVbFAUQnCZAJmv6} သတင်းတင်ပြသူသည် အလင်းမျက်ဝန်းမှ ဖြစ်ပါသည်။ {facebook#https://www.facebook.com/alinmyetwyun/} {twitter#htttps://www.twitter.com} {google#https://www.google.com} {pinterest#https://www.pinterest.com} {youtube#htttps://www.youtube.com} {instagram#https://www.instagram.com}

Contact Form

Name


Email *

Message *

Powered by Blogger.

Pust Notification

Live Chat