စင်္ကာပူနိုင်ငံရဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဟလီမာယအ်ကူးဗ်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ (၁၃-၉-၂၀၁၇) မှာ စင်္ကာပူနိုင်ငံရဲ့ (၈)ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
သူမဟာ မိခင်ပါတီဖြစ်တဲ့ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) ကနေ နှုတ်ထွက်ပြီးနောက်မှာ စင်္ကာပူသမ္မတနေရာကို ဝင်ရောက်ရွေးချယ်ခံခဲ့တာပါ။
အခြားပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ မုဟမ္မဒ်စွာလေ့ဟ် မာရီကန် နဲ့ ဖာရက်ဒ်ခန်းတို့ဟာ အရည်အချင်းပြည့်မီမှုမရှိလို့ စင်္ကာပူနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်က ဖြုတ်ချခဲ့တာကြောင့် သူမတစ်ဦးတည်းသာ ဝင်ရောက်အရွေးချယ်ခံပြီး တက်လာခဲ့တာ ဖြစ်ပါတယ်။
အသက် (၆၂) နှစ်အရွယ် သားသမီးငါးယောက်ရဲ့မိခင် ဥပဒေပညာရှင်တစ်ဦးလည်းဖြစ်တဲ့ ဟလီမာယအ်ကူးဗ်ဟာ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးသော မွတ်စ်လင်မ်အမျိုးသမီး လွှတ်တော်ဥက္ကဋ္ဌတစ်ဦးဖြစ်ခဲ့တဲ့အပြင် နိုင်ငံရဲ့အရေးပါတဲ့ ဝန်ကြီးနေရာ(၃)ခုမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
“ စင်ကာပူပြည်သူတွေအတွက် အကောင်းဆုံး တာဝန်ထမ်းဆောင်သွားပါမယ်လို့ ကျမ ကတိပြုပါတယ်။ ဒါဟာ သမ္မတရယ်လို့ တာဝန်ယူမှ မဟုတ်ပါဘူး။ နိုင်ငံရဲ့ ဘယ်တာဝန်ကိုပဲ ပေးအပ်ပါစေ နိုင်ငံနဲ့ပြည်သူတွေအတွက် လုပ်နိုင်သမျှကို ကျမ လုပ်ဆောင်သွားပါမယ်။ ” လို့ ဟလီမာယအ်ကူးဗ်က သူမရဲ့မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဟလီမာယအ်ကူးဗ်ဟာ စင်္ကာပူနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံးသော မွတ်စ်လင်မ်အမျိုးသမီး သမ္မတကြီးဖြစ်လာတဲ့အပြင် အရှေ့တောင်အာရှဒေသတွင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံမှ မေခဝတီဆူကာနိုပူထရီ (၂၀၀၁-၂၀၁၄) ပြီးနောက် ဒုတိယမြောက် ပေါ်ထွန်းလာတဲ့ မွတ်စ်လင်မ်အမျိုးသမီးသမ္မတကြီးတစ်ဦးလည်း ဖြစ်လို့နေပါတယ်။
Inews-01/9/17 © အလင်းမျက်ဝန်း
[error title="ကြည့်ရှုမှု အဆင်မပြေပါက" icon="exclamation-circle"] အလင်းမျက်ဝန်း You Tube Channel တွင်လည်း ကြည့်ရှုနိုင်ပါသည်။ » https://youtu.be/mQg23gdOZWY
[/error]
Post a Comment
» ရိုင်းစိုင်းသော အသုံးအနှုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» ဘာသာရေး/လူမျိုးရေး စော်ကားသော စကားလုံးများ ပါရှိပါက ပယ်ဖျက်သွားပါမည်။
» အများအတွက် အကျိုးမရှိ/ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်ထိခိုက်စေသော အသုံးအနှုံးများကို ပယ်ဖျက်သွားပါမည်။
» အခါအားလျော်စွာ ချမှတ်ထားသည့် အလင်းမျက်ဝန်း၏ မူဝါဒနှင့်ဆန့်ကျင်နေပါက ပယ်ဖျက်သွားပါမည်။